အကို
စမ်းချောင်းလေးတွေမရှိတော့တဲ့အခါ
အကို့အေးချမ်းမှုလေးနဲ့ကျွန်တော့ကိုကယ်တင်ပါ။
ပန်းခင်းကြီးတွေနွမ်းကြွေကုန်တဲ့အခါ
အကြည်ဓာတ်လေးအကိုကခေတ္တမျှကျွန်တော့ကိုငဲ့ကြည့်ပါ။
နေခြည်နွေးနွေးကွယ်ပျောက်သွားတဲ့အခါ
အကို့အပြုံးရေးရေးတွေနဲ့ကျွန်တော့ကိုဖေးမပါ။
ကြယ်ပွင့်လေးတွေကြွေလွင့်ကုန်တဲ့အခါ
အကို့မျက်ဝန်းတစ်စုံနဲ့သာ ကျွန်တော့ကောင်းကင်ယံမှာတောက်ပပေးလှည့်ပါ။
ကျွန်တော်ရှင်သန်ဖို့သဘာဝအလှတရား
တွေမလိုဘူး။ အကိုရှိနေရုံလေးနဲ့
ကျွန်တော့ရဲ့စင်္ကြာဝဠာကြီးက
အမှားအယွင်းမရှိလည်ပတ်နိုင်စွမ်းတယ်လေ။
2020-10-31 17:25:51
3
1