Hmone ShweYi
@_HmoneShweYi_
Вірші
ငယ်ကဆိုးပါတယ်
. . . . . .ကျွန်တော်ရူးသွားခဲ့ရင် တာဝန်ဖြစ်မယူနိုင်ပဲ ဒါမျိုးတွေလုပ်ပြီးသူ့စိတ်နဲ့ရူးအောင်ညှင်းဆဲတယ်၊ တစ်ကယ်ပဲ...ဝမ်ရီပေါ်ကဆိုးပါတယ်။
4
3
430
အကို
စမ်းချောင်းလေးတွေမရှိတော့တဲ့အခါ အကို့အေးချမ်းမှုလေးနဲ့ကျွန်တော့ကိုကယ်တင်ပါ။ ပန်းခင်းကြီးတွေနွမ်းကြွေကုန်တဲ့အခါ အကြည်ဓာတ်လေးအကိုကခေတ္တမျှကျွန်တော့ကိုငဲ့ကြည့်ပါ။ နေခြည်နွေးနွေးကွယ်ပျောက်သွားတဲ့အခါ အကို့အပြုံးရေးရေးတွေနဲ့ကျွန်တော့ကိုဖေးမပါ။ ကြယ်ပွင့်လေးတွေကြွေလွင့်ကုန်တဲ့အခါ အကို့မျက်ဝန်းတစ်စုံနဲ့သာ ကျွန်တော့ကောင်းကင်ယံမှာတောက်ပပေးလှည့်ပါ။ ကျွန်တော်ရှင်သန်ဖို့သဘာဝအလှတရား တွေမလိုဘူး။ အကိုရှိနေရုံလေးနဲ့ ကျွန်တော့ရဲ့စင်္ကြာဝဠာကြီးက အမှားအယွင်းမရှိလည်ပတ်နိုင်စွမ်းတယ်လေ။
3
1
204
မြတ်နိုးရာ
နွေဦးရဲ့လေရူးတစ်ဝှေ့မှာမြတ်နိုးရာလေးကိုရှာတွေ့ခဲ့တယ်။ ဝတ်ရုံဖြူအောက်မှာ ခမ်းခမ်းနားနား ထူးခြားပြည့်စုံနေတဲ့မင်းက ဒီအတိုင်းလေးငါ့ရှေ့ရောက်လာခဲ့ပေမဲ့ အစွဲကြီးတဲ့ငါ့မှာတော့မင်းမှမင်းဖြစ်ခဲ့ပါရဲ့။ ဒီလိုနဲ့... ဘယ်လိုကဘယ်လိုကျရှုံးသွားမှန်းမသိ မင်းကျောပြင်လေးနောက် တစ်ကောက်ကောက်လျှောက်လိုက်ရင်း အမှတ်တမဲ့နောက်လှည့်ကြည့်မိတော့.... ငါ့နှလုံးသားလေးရယ်လေ မင်းရဲ့မျက်ပေတူးလေး၊နှာဖျားလုံးလေးနဲ့ တင်းတင်းစေ့ထားတတ်တဲ့နှုတ်ခမ်းတစ်စုံအောက်မှာ ပြိုကျကျန်နေခဲ့တာများ အတုန်းအရုန်းကိုပဲကွယ်...။
0
0
183