သို့..
ချစ်ရသူ...
တချို့အရာတွေက မဖြစ်နိုင်မှန်းသိပေမယ့်
ပိုင်ဆိုင်ချင်နေမိတုန်းပဲလေ
ပြောရရင် မင်းလိုပေါ့
ချစ်ရသူရယ်...
တဖက်သက်အချစ်ဆိုတာ
နာကျင်ရစမြဲမို့...
မင်းကိုချစ်မိတဲ့ ငါ့နှလုံးသားလည်းနာကျင်ရပြီးသားပါ
ချစ်ရသူ....
သူနဲ့မှမင်းအပြုံးတွေတောက်ပနိုင်မယ်ဆို
ငါပျော်ရွှင်စွာ လက်ခုပ်တီး ဂုဏ်ပြုပေးလိုက်မယ်
မင်းပျော်နိုင်ပါစေ
ချစ်ရသူ...
ငါမင်းကိုစွန့်လွှတ်ခဲ့တာ မချစ်လို့မဟုတ်ပါဘူး
ငါ့အပျော်ထက် ငါ့ဘဝထက် ငါ့ရဲ့အရာအားလုံးထက်ကို
မင်းကိုချစ်ခဲ့တာကြောင့်ပါ
ချစ်ရသူ...
Sandi ( 라나 )
2020-10-18 15:31:49
2
0