ညမိုးစက်
မိုးတွေရွာနေပြန်ပြီ....အချစ်ရေ
ကျဆင်းလာတဲ့အေးစက်တဲ့ညမိုးစက်တွေကြား
ငါ့နှလုံးသားကွဲကြေခဲ့ရတာကို
မမေ့နိုင်တဲ့ မှတ်ဉာဏ်တခုလိုမျိုးငါမှတ်မိနေတုန်းပဲ
ငါ့နှလုံးသားကိုလမ်းခင်းပြီး
တစ်ပါးသူရင်ခွင်ထဲသွားခဲ့တဲ့မင်းရော
မင်းရဲ့ချစ်သူ့ရင်ခွင်မှာပျော်နေသေးရဲ့လား..
မင်းရဲ့မိုးစက်တွေလိုအေးစက်တဲ့ မင်းရဲ့စကားတွေ
ငါခံနိုင်ရည်မရှိခဲ့ဘူး....
💧အခု💧
ငါပျော်နေပါတယ်...ငါဟာငိုလည်းငိုနေခဲ့တယ်
မိုးစက်တွေနဲ့အတူပဲ....
ညမိုးစက်တွေနဲ့ အတူပါပဲအချစ်....
Sandi (라나)
2020-10-19 16:57:19
2
0