Cranesbill 25
@eaindray_oo
Everything has their own value..So, U never underestimate them..........
Вірші
My existence ....
မပြည့်မစုံနေရမှာထက် မင်းနဲ့ဝေးရမှာကိုပိုကြောက်တယ်.... ကဲ့ရဲ့သံ​တွေထက် မင်းရဲ့စကားသံတွေ တိတ်ဆိတ်သွားမှာပိုကြောက်တယ်.... လှောင်ရယ်မှုတွေထက် မင်းအပြုံးတွေပျောက်ကွယ်သွားမှာ ပိုကြောက်တယ်.... ငါရင်ကိုဓါးစိုက်လာမှာထက် မင်းလက်ကလေးဆူးစူးမှာကိုပိုကြောက်တယ်..... ယုံကြည်ပေးပါ ငါ့ရဲ့ဖြစ်တည်မှုက မင်းဆိုတာ................ မင်းသာ နေမင်းကြီးဖြစ်ခဲ့မယ်ဆိုရင် ငါကနေကြာပန်းလေးပဲ​ဖြစ်ချင်တာ.... အဲ့တာမှ မင်းဆိုတဲ့နေမင်းကြီးရှိရာအရပ်ကို အမြဲမျက်နှာမူပြီးငေးကြည့်ခွင့်ရနေမှာ..... နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ 💜
2
0
399
Love Weather.....
ဒီနေ့...ကိုယ့်နှလုံးသားမြို့အနီးတစ်ဝိုက်မှာ... သာယာပါမယ်တဲ့...... အလွမ်းတိမ်တွေကင်းစင်မှာမို့.....အဆွေးမျက်ရည်တွေလဲ မရွာသွန်းနိုင်ပါဘူးတဲ့.... ဘာလို့ဆို့.... ချစ်ခြင်းရောင်ခြည်လေး.... ကိုယ့်နှလုံးသားဆီ...ဖြာလင်းတော့မှာမို့ပါတဲ့လေ........ နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ💜
8
0
464
အလိုအပ်ဆုံး.......
ဒီချစ်ခြင်းဆိုတဲ့သစ်ပင်လေးကို မင်းကြောင့်ပဲ စိုက်ပျိုးခဲ့တာ...ငယ်....... အခုတော့ ငါ့နှလုံးသားရဲ့..ဟိုး..အတွင်းဆုံးအထိ တိုးဝင်အမြစ်တွယ်နေလို့ ဆွဲနုတ်လို့မရတော့ဘူး...ငယ်.......... ရှင်သန်နေအုံးမှာပါ.....ငါနှလုံးသွေးတွေကိုသောက်သုံးစေမှာမို့လေ...ငယ်........ ဆုတစ်ခုအနေနဲ့ အပြုံးလေးတော့ နေတိုင်း ပေးသနားပါလား...ငယ်........ ငါနှလုံးသားလေး ဆက်ပြီးခုန်နေနိုင်ဖို့ နင့်အပြုံးက oxygenမို့ပါ...ငယ်........ နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်းသည်းခံပါ💜
5
0
357
Influence of the heart...
မပိုင်ဆိုင်ရပေမယ့်.... ငေးကြည့်နေမိတုန်းပဲ... ပြန်မချစ်နိုင်ရင်တောင် ချစ်နေခွင့်တော့ ပေးတယ်မှတ်လား......... မေမပစ်ခိုင်းပါနဲ့ ငါအသည်းကွဲရတာကိုတောင် မက်မောနေမိလို့......... ဘာကြောင့်လဲဆို...... လက်တွေ့ဘဝမှာ နင်မရှိနေပေမယ့် ငါ့အတွေးထဲမှာတော့ ရှိနေနိုင်တယ်လေ...... ငါနှလုံးသားလေး အေးခဲမသွားဖို့ အလွမ်းလေးတော့ ငါပိုင်ဆိုင်ပါရစေ..... တကယ်တော့လေ........... ငါဆိုတာ နင့်အတွက် အရံခုံမှာထိုင်တဲ့....... အရံလူတစ်ယောက် ဖြစ်ခွင့်ရဖို့တောင် ဆုတောင်းမပြည့်ခဲ့သူပါ...... ဘယ်လိုပဲဖြစ်ဖြစ် ငေးကြည့်နေမိတုန်းပါပဲ....... နှလုံးသားဖြင့်ဖန်တီးသည်💜 ကူးယူခြင်း သည်းခံပါ💜
7
0
341
Missing...
10
0
465
Coffee lover...
မနက်ခင်းတစ်ခုအစပြုချိန်... မင်းရနံံ့လေး ရလိုက်တာနဲ့ ပြည်စုံသွားတာမျိုး.... မင်းနဲ့အတူဖြတ်သန်းရတဲ့ နေ့တွေက ပိုပြီးလန်းဆန်းတတ်ကြွနေတာမျိုး.... အတွေးတွေဆန်းသစ်နေဖို့... ဖန်တီးမှုတွေ လှပနေဖို့... မင်းရှိနေမှဖြစ်မှာ............... ငါ့ကိုယ်ငါ သေချာစမ်းစစ်ကြည့်တော့... အိုမို😱.... ငါမင်းကို တော်တော်​လေးစွဲလမ်းနေတာပဲ... နှလုံးသားဖြင့်ဖန်တီးသည် ကူးယူခြင်းသည်းခံပါ 💜💜💜💜💜 မနက်ခင်းတစ်ခုအစပြုချိန်... မင်းရနံ့လေး ရလိုက်တာနဲ့ ပြည်စုံသွားတာမျိုး.... မင်းနဲ့အတူဖြတ်သန်းရတဲ့ နေ့တွေက ပိုပြီးလန်းဆန်းတတ်ကြွနေတာမျိုး.... အတွေးတွေဆန်းသစ်နေဖို့... ဖန်တီးမှုတွေ လှပနေဖို့... မင်းရှိနေမှဖြစ်မှာ............... ငါ့ကိုယ်ငါ သေချာစမ်းစစ်ကြည့်တော့... အိုမို😱.... ငါမင်းကို တော်တော်​လေးစွဲလမ်းနေတာပဲ... နှလုံးသားဖြင့်ဖန်တီးသည် ကူးယူခြင်းသည်းခံပါ
8
2
568
အဖြူရောင် မြတ်နိုးမှု...
4
0
740
ပုံပြင်ဟောင်း...
🥀 အတိတ်ဆိုတာကို ကျောခိုင်းထားလိုက်လို့ ပြီးခဲ့တဲ့စက္ကန့်တိုင်းကို မေ့ပစ်နိုင်ခဲ့မယ်ဆိုရင်... မလှပတော့တဲ့ အိပ်မက်တစ်ခုအတွက် ငါ ရင်မခုန်တော့ပါဘူးချစ်သူ..... 🥀ချန်ထားရစ်ခဲ့သူကိုမှ မေ့မရတဲ့ငါ့အဖြစ်က သီချင်းတစ်ပုဒ်ကို repeatလုပ်ထားမိသလို အဆုံးသတ်သွားပြီထင်ရပေမယ့် အစကိုပဲပြန်ပြန်ရောက်နေတာမျိုး...... 🥀 နင်သိရဲ့လား ချစ်သူရေ..... ငါကအချစ်ကို မြတ်နိုးတန်ဖိုးထားသူ နင်ကငါ့အချစ်ကို မေ့ထားရက်သူ နင်နဲ့နင့်ဥပက္ခာအတွက်ဆို အမှတ်မရှိတဲ့ငါ့နှလုံးသားကို တစ်ခါတစ်လေ စိတ်နာတယ်.. 🥀 ဒါပေမယ့် ချစ်သူရယ်... နင်နဲ့ပတ်သက်လာရင် အလွမ်းတွေကိုတောင် မက်မက်မောမော ဖက်တွယ်မိနေတဲ့ငါက မင်းကိုလွမ်းရင်း ကျေနပ်နေမိတာမျိုး.... 🥀နင်နဲ့ငါရဲ့အတိတ်က ဝတ္ထုဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပေမယ့်..တန်ဖိုးဖြတ်လို့မရပါဘူးချစ်သူရယ်.... ငါ့ရဲ့အချစ်တွေက... အဲ့လောက်အထိစျေးမပေါဘူးလေ.... 🥀ငါ့အတွက်တော့....ဘယ်သူ့ကိုမှပေးနားမထောင်မယ့်....ငါတစ်ယောက်ထဲအတွက်... ကိုယ်ပိုင်ပုံပြင်ဟောင်းလေးပါချစ်သူ........ 💜 နှလုံးသားဖြင့်ဖန်တီးသည်    💜 ကူးယူခြင်းသည်းခံပါ      💜💜💜💜💜 🥀 အတိတ္ဆိုတာကို ကျောခိုင်းထားလိုက်လို့ ပြီးခဲ့တဲ့စက္ကန့်တိုင်းကို မေ့ပစ်နိုင်ခဲ့မယ်ဆိုရင်... မလှပတော့တဲ့ အိပ်မက်တစ်ခုအတွက် ငါ ရင်မခုန်တော့ပါဘူးချစ်သူ..... 🥀ချန်ထားရစ်ခဲ့သူကိုမှ မေ့မရတဲ့ငါ့အဖြစ်က သီချင်းတစ်ပုဒ်ကို repeatလုပ်ထားမိသလို အဆုံးသတ်သွားပြီထင်ရပေမယ့် အစကိုပဲပြန်ပြန်ရောက်နေတာမျိုး...... 🥀 နင်သိရဲ့လား ချစ်သူရေ..... ငါကအချစ်ကို မြတ်နိုးတန်ဖိုးထားသူ နင်ကငါ့အချစ်ကို မေ့ထားရက်သူ နင်နဲ့နင့်ဥပက္ခာအတွက်ဆို အမှတ်မရှိတဲ့ငါ့နှလုံးသားကို တစ်ခါတစ်လေ စိတ်နာတယ်.. 🥀 ဒါပေမယ့် ချစ်သူရယ်... နင်နဲ့ပတ်သက်လာရင် အလွမ်းတွေကိုတောင် မက်မက်မောမော ဖက်တွယ်မိနေတဲ့ငါက မင်းကိုလွမ်းရင်း ကျေနပ်နေမိတာမျိုး.... 🥀နင်နဲ့ငါရဲ့အတိတ်က ဝတ္ထုဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပေမယ့်..တန်ဖိုးဖြတ်လို့မရပါဘူးချစ်သူရယ်.... ငါ့ရဲ့အချစ်တွေက... အဲ့လောက်အထိဈေးမပေါဘူးလေ.... 🥀ငါ့အတွက်တော့....ဘယ်သူ့ကိုမှပေးနားမထောင်မယ့်....ငါတစ်ယောက်ထဲအတွက်... ကိုယ်ပိုင်ပုံပြင်ဟောင်းလေးပါချစ်သူ........ 💜 နှလုံးသားဖြင့်ဖန်တီးသည်    💜 ကူးယူခြင်းသည်းခံပါ                                                     
5
0
762