Вірші
Всі
ခေါင်းစဥ်ကင်းမဲ့ခြင်း...
တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတာ ကိုယ်နဲ့ နေသားမကျသေးပေမယ့် မင်းအတွက် ကိုယ်အကျင့်လုပ်ပေးမယ်...📎
1
0
390
You
လပေါင်းကြာပြီးတာတောင်
မင်းရဲ့အကြည့်တွေက
သူ့ကိုကြည့်သလို နူးညံ့နေတုန်းပဲ
ကိုယ်ကတော့ မင်းကို ခိုးကြည့်တဲ့အဆင့်လေးမှာပဲ ရပ်တန့်နေမယ်
မင်းရဲ့ လှုပ်ရှားမှုတစ်ခုချင်းစီကို မှတ်မယ်
အဓိက မင်းရဲ့မျက်လုံးတွေ
မင်းကိုယ့်ကို မချစ်နိုင်ဘူးလို့
မပြောခင်တစ်ည
မင်းရဲ့ အကြည့်တွေကို နောက်ဆုံးအချိန်အဖြစ် ရင်ခုန်မိခဲ့တယ်
မင်းကော ကိုယ့်ကို မမုန်းခင် ချစ်မိခဲ့သေးတယ်မလား...📎
1
0
281