Вірші
                Всі
            
            ...
        
        အမြင့်ကြောက်တဲ့ငါ
မြတ်မြတ်နိုးနိုးခုန်ချခဲ့တဲ့
ချောက်ကမ်းပါးဟာ
မင်းဖြစ်တယ်။
ချစ်တယ်... မင်းကိုချစ်တယ်...
ဒီထက်ပိုပြီး ပေးနိုင်တာ
ဘာမှမရှိဘူး။
လောဘလည်းမရှိဘူး။
ငါ့မှာ မင်းကိုချစ်နေရရုံ
 ပြီးပြည့်စုံခဲ့တယ် .... ။
        4
            0
            457
        ...
        
        မိုးပြေးလေးက စိုစွတ်မှုကို
ချန်ရစ်ခဲ့တယ်ဆိုရင်
သူ့ရဲ့စူးရှရှမျက်ဝန်းညိုတွေက
ရင်ခုန်ခြင်းတွေ ကျန်ရစ်စေတယ်။
အချစ်က ဘာအရောင်လဲမေးရင်
ခုချိန် ကျွန်တော်ဖြေဖြစ်မှာက 
အညိုရောင်လေး ဟုပင်။
မိုးရွာပြီးစ ကောင်းကင်ပြာ၌
သက်တံ ဖြစ်ထွန်းနေချိန်တွင်
ကျွန်တော့်ရင်ဘတ်မှာတော့
မသေချာခြင်းနဲ့အတူ
အချစ်တစ်ခု ဖြစ်ပေါ်တယ်။
ကျွန်တော့်အချစ်ဦးဟာ
မိုးပြေးနဲ့အတူ အလည်လာပြီး
စိုစွတ်မှုနဲ့တူသည့် ရင်ခုန်သံတွေကို
ထားကာ ပြန်ထွက်သွားလေတယ်။
ခုချိန်ထိ ကျွန်တော့်မှာ 
ရင်ခွင်ပျောက်နေဆဲ...။
        2
            0
            433
        