Nge Lay
@nge_lay_yhs4
Вірші
အချစ်
သူ့ကိုပဲ ငေးကြည့်နေမိတာ တခြားဘာမှမမြင်ရတော့ဘူး......
1
0
371
နင်သိစေဖို့
မဆုံနိုင်တဲ့မျဥ်းနှစ်ကြောင်းကို ဆက်မဆွဲချင်တော့ပါဘူး..... မဖြစ်နိုင်တဲ့နင့်ဆီကမျှော်လင့်ချက်တွေကိုလဲ တောင်းတမနေတော့ပါဘူး..... မင်းပြည့်စုံဖို့အတွက်ပဲ ငါ့နှလုံးသားတစ်ခုလုံးကို အဖြည့်ခံဘဝသမားအဖြစ် စတေးလိုက်တော့မယ်.....ချစ်သူရယ်💔
2
4
407
စိုးရိမ်ချစ်
မင်းဘက်ကတော့ဘာရယ်မဟုတ်ဘဲ ပြောလိုက်ပေမယ့် ကိုယ်ကတော့ဦးနှောက်ထဲမှာအတွေးပေါင်းမြောက်မြားစွာနဲ့ ရင်ဘတ်ထဲကနှလုံးသားကလဲ ပုံမှန်မဟုတ်ဘဲစီးချက်မကျစွာနဲ့ ခုန်နေပီကောင်မလေးရေ ထားရှိတဲ့အဖြူရောင်စည်းကို ကိုယ့်ဘက်ကအရင်စဖောက်မိမှာစိုးပါရဲ့ ခင်မင်မှု့သံယောဇဥ်တွေပျက်ပျယ်ပြီး မင်းနှုတ်ခမ်းကကိုယ့်ကိုမုန်းတယ်လို့ပြောမှာလဲ ဟောဒီကမင်းခေါ်နေကျလူကြမ်းကြီးက သေအောင်ကြောက်တယ်ဆိုတာ မင်းလေးသိပါလေစ...
1
0
173
သာဓုခေါ်ပေးပါ
ပဏာမအနေနဲ့ မာနပြလိုက်တဲ့ ဇာတ်လမ်းသရုပ်က မှတ်တမ်းထုတ်ထားတဲ့ ပြယုဒ်အဖြစ်နဲ့ တစ်ခန်းရပ်ခဲ့ပြီလေ ကောင်မလေးရေ.... ဒီနေ့ မိုးစက်မခြွေဘူး နှင်းပွင့်မဝေဘူး နေမပူဘူး လေမတိုက်ဘူး အရာခပ်သိမ်း ငြိမ်းငြိမ်းအေးအေးပါပဲ မငြိမ်းသေးတာကရင်ထဲကအပူ ယူမယ့်သူ ရှိခဲ့ရင် တစ်ခါတည်းရေစက်ချ အမျှသာ ဝေလိုက်ချင်ရဲ့ အလွမ်းနဲ့ အက်စစ်ဓာတ် ရောစက်ကာထားတဲ့ ငါ့မျက်ရည်စက်ကို ဘယ်သူကမှသာဓုမခေါ်ခဲ့ဘူး....
4
0
298
မိမိကိုယ့်ကိုနှိမ့်ချနေတာပါ
တိတ်တိတ်လေး နေတတ်လို့လဲ "အဆိပ်" မရှိဘူးလို့ မထင်ပါနဲ့ အရှုံးပေးတတ်လို့လဲ လူညံ့တစ်ယောက်လို့ မထင်လိုက်ပါနဲ့ အလျှော့ပေးတတ်လို့လဲ မာန်မာနမရှိဘူးလို့ မထင်လိုက်ပါနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးနေရတာ ဘာမှမပေးရဘဲ အေးချမ်းမှု့ရလို့ပါ😇😇😇
3
0
104
#တစ်ခွန်းသောစကား#
တုန့်ပြန်မည့်အချစ်ကို ငါမမျှော်လင့်ခဲ့ပါဘူး နင့်ကိုငါချစ်နေရုံနဲ့ ကျေနပ်နေတဲ့သူပါ နင့်လက်တွဲဖော် ငါမဟုတ်ပေမယ့် ပက်သတ်ဖူးခဲ့တဲ့ သံယောဇဥ်ကလေးတွက် နာကျင်စေတဲ့ စကားတွေမပြောပါနဲ့ ငါတို့ အကြောင်းတွေက အိပ်မက်မှမဟုတ်ဘဲ အလွယ်တကူမမေ့ပါရစေနဲ့😞 နောက်ဆုံးစကားတခွန်းပြောခဲ့ပါဆိုရင် နင့်ကို ငါ ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းပဲဖြစ်မှာပါ😞😞😞
5
0
321
စိတ်ဓာတ်အပိုင်းစလေးများ
လိုရင်ခေါ်ပါရတယ် ကျေးဇူးတော့မမေ့ပါနဲ့... မလိုရင်ပစ်ထားပါ ရတယ် နောက်ထပ်ဘယ်တော့မှထပ်မခေါ်ပါနဲ့... မကြိုက်ရင်ပြောပါ ရတယ် နောက်ကွယ်မှာတော့အတင်းမပြောပါနဲ့... စိတ်ကြိုက်ဝေဖန်ပါ ရတယ် ဂဃနဏမသိရင်တော့ အပြစ်မပြောပါနဲ့.... မှားရင်ပြောပါပြန်ပြင်ပေးမယ် ကိုယ်ချည်းပဲမှန်နေတယ်လို့တော့မထင်ပါနဲ့.... ပြောချင်ရာပြောပါ ရတယ့် အောက်တန်းတော့မကျပါနဲ့....
6
0
451