Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_1
Unicode

"မင်းတခြား‌ေနရာမှာမလုပ်ဘဲ ဘာလို့ဒီအလုပ်မှာဝင်လုပ်ရတာလဲ"

အလုပ်နားချိန် ဖုန်တွေ၊သဲတွေပေရေနေပြီး နံရံကိုမှီကာထိုင်နေသောကောင်လေးကိုဘေးရှိအမျိုးသားတစ်ယောက်မှမေးလိုက်သည်။

"လုပ်ချင်လို့တော့ဘယ်ဟုတ်ပါ့မလဲဗျာ အသက်ရှင်ဖို့အတွက် ရွေးချယ်စရာမှမရှိတာဦးလေးရယ်"

နေလယ်ခင်း ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် လူအယောက်နှစ်ဆယ်လောက် ဘိလပ်မြေထုပ်တွေပခုံးပေါ်တင်ကာထမ်းရင်း မရပ်မနားအလုပ်လုပ်နေကြသည်။

14 ထပ်ပါအထပ်မြင့်အဆောက်အအုံဆောက်ရန် နေ့စားအလုပ်သမားများချွေးသံတရဲရဲနှင့် အပူဒဏ်ကိုအံတုကာ ငွေရေးကြေးရေးအတွက်တိုက်ပွဲဝင်နေကြရသည်။ထိုလူတွေအထဲမှာ‌ေတာ့သူအပါအဝင်ပေါ့။

နားချိန်အတွင်းစား‌ေသာက်ရန်လည်း ထမင်းချိုင့်မရှိသောကြောင့် ဆာလောင်နေသောဒဏ်ကိုမေ့ဖျောက်ကာ အလုပ်ဆက်လုပ်ရန် ထိုင်နေရာမှထသွားသည်။ဘေးရှိ ထိုအမျိုးသားကတော့ ကောင်လေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေသည်။

ညနေစောင်းလောက်ရောက်မှသာ အလုပ်ဆင်းရသည်။တစ်နေ့လုပ်‌တစ်နေ့စားဆိုတော့ ရတဲ့ငွေကလေးအိတ်ထဲမှာထည့်ပြီး စလွယ်သိုင်းကာအိမ်ပြန်လာခဲ့သည်။

"သား ပြန်လာပြီလား ဒီနေ့ရေဖိုးတွေ ၊ မီတာဖိုးတွေရောက်လာတယ်"

မောမောပန်းပန်းနှင့် အလုပ်လုပ်ကာအိမ်ပေါ်ရောက်ရောက်ချင်း အမေပေးသောထိုစာရွက်အပိုင်းအစများကြောင့် အမောစို့သွားခဲ့ရသည်။စိတ်ဆင်းရဲရသော်လည်းပဲ မျက်နှာတွင်တော့ မည်သည့်အရိပ်အယောင်မျှမပြခဲ့ပါ။တစ်ယောက်တည်းရှိ‌ေသာအမေ့ကိုတော့ သူပျော်စေချင်ခဲ့သည်လေ။

"မနက်ဖြန် သားသွားဆောင်လိုက်မယ် အမေကောထမင်းစားပြီးပြီလား သားဘာချက်ပေးရမလဲ"

"ရပါတယ် အမေကစားပြီးပြီ သားစားချင်တာသာကိုယ့်ဘာကိုယ်ချက်စား"

"ဒါဆို သားရေမိုးချိုးပြီးမှပဲ ချက်လိုက်တော့မယ်"

"အင်းအင်း"

တစ်နေ့လုံး ဘိလပ်မြေအိတ်တွေထမ်းထားရသဖြင့် ပခုံးတို့မှာညောင်းညာနေသည်။စေးကပ်ကပ်ချွေးများရွဲနစ်နေသော တီရှပ်လက်တိုကို ခေါင်းကနေဆွဲချွတ်လိုက်သည်။

ထိုချွေးတို့ကြောင့် ကိုယ့်အနံ့ကိုပင်မခံချင်လောက်အောင် မသတီစရာကောင်းလှသည်။‌‌ရေချိုးခန်းထဲဝင်ပြီး အုတ်ကန်မှအေးစက်နေသောရေတစ်ခွက်ခပ်ကာ ပါးစပ်ထဲတွင်တစ်ငုံငံုလိုက်ပြီးကာမှ ခြေဖမိုးထက်က‌ေနရေလောင်းချလိုက်သည်။

နေပူကျဲတဲမှ လာရသည်မို့ ခေါင်းကနေရေလောင်းချမည်ဆိုလျှင် ဦးနှောက်သွေးကြောပြတ်သွားနိုင်သဖြင့် သတိထားကာ ရေချိုးခံနီးတိုင်း အပူမငုပ်အောင်ထိုသို့လုပ်လေ့ရှိသည်။

သူ့နာမည်က တိမ်စိုင်၊ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပေမယ့်လို့ ယခုခေတ်ကြီးမှာ ဘွဲ့လက်မှတ်ကအလုပ်တစ်ခုရဖို့သိပ်အသုံးမဝင်ခဲ့ပေ။ တိမ်စိုင့်အမေမှာ အစာအိမ်ရောဂါရှိသည်။ပြောရလျှင်တော့ ‌ကင်ဆာတောင်ဖြစ်နေပါပြီ။

ဆေးကုဖို့အတွက်ကလည်း ပိုင်ဆိုင်တာဆိုလို့ အိမ်တစ်လုံးအပြင်သူ့မှာအပိုမရှိဘူး။ထိုအိမ်ကြီးရောင်းလိုက်ပြန်ရင်လည်း နေစရာထိုင်စရာမရှိဘဲ လမ်းဘေးမှာနေရမည့်ဘဝသို့ရောက်ရန် လက်တစ်ကမ်းအလို‌ေလာက်ဖြစ်‌ေနသည်။

တိမ်စိုင်မွေးခင်းစအရွယ်လောက်ကတည်းက ဖခင်မရှိတော့သည်ကို အမေပြောပြလို့သူသိထားရသည်။အ‌ေဖလောကကြီးကနေ စောစောစီးစီးထွက်သွားခဲ့တာ‌ေကြာင့် အမေတစ်ခုသားတစ်ခု နေထိုင်ခဲ့ကြရတာ။

ဆေးဖိုးဝါးခတင်ပဲ တစ်လလျှင် နှစ်သိန်းနီးနီးကုန်တယ်။အ‌ေမ‌ေရာဂါမဖြစ်ခင်တုန်းက‌ေတာ့ အမေရှာကျွေးတဲ့ငွေနဲ့အဆင်ပြေ‌ေနခဲ့တယ်။ဒါ‌ေပမယ့် အခုတော့ အခြေအနေတွေကပြောင်းပြန်လှန်ပစ်လိုက်သလို လက်ထဲမှာကိုင်စရာငွေကြေးက ကားခအပြင်အပိုအလျှံမရှိခဲ့‌ဘူး။

တိမ်စိုင်မလုပ်ခဲ့‌ဖူးသော အလုပ်ဆိုသည်မှာခပ်ရှားရှား။မနက်ခင်း သတင်းစာပို့၊နေ့လယ်ဆိုလျှင် ရေပုံးထမ်းကာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပို့ခဲ့ဖူးသည်။

ဈေးထဲတွင်လည်း ကုန်တင်ကုန်ချ အထမ်းသည်ဖြစ်ခဲ့ဖူးသည်။အရင်ကပဲလုပ်ခဲ့တာမဟုတ် အခုလည်းဘိလပ်မြေမထမ်းရတဲ့နေ့တွေဆိုရင် ရပ်ကွက်ပတ်ပြီး ရှိသမျှအလုပ်အကုန်သိမ်းကျုံးလုပ်ရှာသည်။

ဘယ်အလုပ်ကမကောင်းဘူး၊ဘယ်အလုပ်ကကောင်းတယ်ဆိုပြီး ရွေးနေလို့မရဘူး‌ေလ ဒါကြောင့် အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ ကြုံရာကျပန်းဝင်လုပ်သည်။

သူဆိုက်ကားလည်းနင်းခဲ့ဖူးတယ် ဒါပေမယ့် တစ်နေကုန်ပတ်နင်းမှ ငွေလေးနည်းနည်းရတာဆိုတော့ တွက်ခြေမကိုက်ဘူး။ အခုဆိုက်ထဲတွင်လုပ်ရတဲ့အလုပ်ကတော့ လက်တွေပေါက်ပြဲပြီး ခန္ဓာကိုယ်ကိုက်ခဲ‌ေပမယ့်လည်း အလုပ်ရှင်ကစိတ်ထားကောင်းတာ‌ေကြာင့် သူလုပ်ရပျော်သည်။လုပ်အားခကလည်း ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက်ရသဖြင့် အဆင်ပြေနေသည်။

သားအမိနှစ်ယောက်တည်း အကြွေးပင်လယ်ထဲတွင်လက်ပစ်ကူး‌ေနရသည်မှာ ထင်သလောက်တော့မလွယ်ကူပေ။အကြွေးမှာဆယ်ဂဏန်းတောင်မဟုတ်ပါ။သိန်း သုံးရာနားကပ်နေသည်။

ထိုအကြွေးတွေတင်ခဲ့သည်မှာ တစ်လတစ်လပေးရတဲ့ အခွန်အဖိုးအခတွေ၊အမေသောက်ဖို့ဝယ်ရတဲ့ဆေးဖိုးတွေကို ဟိုလူဒီလူဆီက လှည့်ချေးရင်း အတိုးမသတ်နိုင်ဘဲ အတိုးပေါ်အတိုးဆင့်ကာ အကြွေးတောထဲနစ်မြုပ်သွားခဲ့ရသည်။

တိမ်စိုင်ရဲ့အဖြစ်က မိုးရာသီနှင့်ဆင်တူသည်။တစ်ခါတစ်ရံ နေရောင်တွေဖြာသလို၊ တစ်ခါတစ်ရံလည်း မိုးကြိုးတွေပစ်ပြီး မုန်တိုင်းတွေတိုက်လိုတိုက်နဲ့။

အဲ့ဒီ့မိုးရာသီတွေအစား မိုးရွာပြီးတဲ့အခါ တိမ်တိုက်တွေကင်းစင်သွားရင် ပေါ်ထွက်လာတတ်တဲ့ သက်တံ့လေးတစ်စင်းလို သူအရောင်အသွေးစုံလင်ချင်မိတယ်။

ယခင်ကတော့ သူကသက်တံ့တစ်စင်းလိုပါပဲ အရောင်အသွေးစုံလင်ပြီး ငွေကိုအေးအေးလူလူသုံးစွဲနိုင်ခဲ့တယ်။ဒါပေမယ့်လည်း ခုကတော့တခြားစီ တစ်ရက်သုံးဖို့ငွေကိုတောင် နဖူးကချွေးခြေမ,ကျတဲ့အထိ ကုန်းရုန်းကာလုပ်နေရသည်။

တိမ်စိုင့်မှာကောင်းတဲ့အကျင့်လေးတစ်ခုရှိတယ် အဲ့တာက သူငွေအသုံးအဖြုန်းမကြမ်းဘူး ပြီးတော့ သူထမင်းစားရင်လည်း သူ့အတွက်ကအသားတစ်တုံးဆိုလုံလောက်ပြီ။ဟင်းများ‌ေနရင်သူမစားတတ်‌ေပမယ့် ၊ ဟင်းနည်းရင်တော့သူအဆင်ပြေအောင်စားတတ်သည်။

နေရတဲ့အိမ်က တိုက်တစ်ဝက်၊ပျဉ်တစ်ဝက် အိမ်ပုလေးတစ်လုံး အ‌ကောင်းကြီးလည်းမဟုတ်သလို ဆိုးရွားတယ်လို့လည်းဆိုလို့မရပြန်ဘူး။အဖေထားရစ်ခဲ့တဲ့တစ်ခုတည်းသောအမွေ။ရောဂါသည်အမေနဲ့‌နေနေရတာ ခုဆိုတစ်နှစ်ကျော်လောက်တော့ရှိပြီ။

ကင်ဆာအဆင့်‌ေလးဖြစ်နေပေမယ့်လည်း ဆေးရုံမတက်နိုင်‌ဘူး။အိမ်မှာပဲနေပြီး ဆေးရုံကိုဆေးသွားသွားသွင်းရတာ။အစာပျော့ပျော့တွေချက်ကျွေးရတယ်။တစ်ခါတလေဆို ပြန်ပြန်အန်တတ်တော့ အရည်လေးပဲတိုက်ရတယ်။

အမေ မသွားနိုင်၊မလာနိုင်နဲ့အိမ်ထဲမှာပဲ အချိန်ကုန်လူပင်ပန်း‌ေနရတာ။ဆရာဝန်ပြောတာတော့ကင်ဆာအဆင့်လေးရှိနေပြီ ‌ေြခာက်လလောက်ပဲနေရတော့မယ်တဲ့။

အမေ့ကိုမေးတော့ သူဆေးရုံမတက်ချင်ဘူး သေမယ်ဆိုရင်လည်းသားရဲ့ဘေးမှာပဲ အရိုးထုတ်သွားခဲ့ချင်တယ်လို့ပြောတော့ အမေစိတ်ချမ်းသာရင်သူ့အတွက်ကအဆင်ပြေတယ်လေ ဒါကြောင့် ဆေးပဲသွင်းပြီးမှိန်းနေရတော့တာ။

"သားရေ ရေချိုးလို့မပြီးသေးဘူးလား အအေးပတ်မယ်"

"ပြီးပြီ အမေ"

တိမ်စုိင် ပခုံးပေါ်တဘက်တင်ကာ ရေချိုးခန်းထဲမှထွက်လာသည်။

ပုဆိုးကို ချက်ဖုံးသည်အထိခိုင်ခံ့စွာချည်‌ေနှာင်၍ဝတ်ထားသည်။အခြားသူများကဲ့သို့ ပုဆိုးချက်ပြုတ်မဝတ်‌တတ်သည်မှာလည်း သူ၏ထူးခြားသောအချက်ပင်။

ရွှန်းစိုစိုနှုတ်ခမ်းပါးနှင့်ကြည်လဲ့သောအသားအရည်တို့ကြောင့်နုနယ်သည်ဟုထင်ရပါသော်လည်း ခန္ဓာကိုယ်မှာမထင်မှတ်ထား‌ေလာက်‌ေအာင် တောင့်တင်းလှသည်။

ရေလှိုင်းသဏ္ဍာန်ခပ်တွန့်တွန့်ဆံပင်လေးမှာ ဆွဲဆောင်မှုတစ်ရပ်အ‌ေနနှင့်နဖူးထပ်၌‌ေဝ့ကာဝဲလျက်။ခြောက်ပေကျော်မျှရှည်လျားသောအရပ်‌ေကြာင့်တော်ရုံလူအနားမကပ်မနိုင်ပေ။

ဗီဒိုထဲတွင်ရှိသော ပုဆိုးသုံးလေးထည်ထဲမှသူဝတ်နေကျ ခရမ်းရောင်ပုဆုံးလေးကိုပဲ‌ေရွးဝတ်လိုက်သည်။ရာသီဥတုကပူသည်မို့ စွပ်ကျယ်ဖြူလေးတစ်ထည်သာကောက်စွပ်လိုက်သည်။

မာကျစ်ကျစ်လက်မောင်းြဖူဖြူတုတ်တုတ်ကလေးမှာ စွပ်ကျယ်ကြောင့်ထင်ရှားစွာပေါ်လွင်နေသည်။အလေးအပင် သယ်ရမ,ရသဖြင့် ရင်အုပ်နှင့်ဗိုက်ကြွက်သားတို့မှာ အားကစားလိုက်စားသူတစ်ယောက်ကဲ့သို့ အလုံးအထည်ပေါ်လှသည်။

တိမ်စိုင်မီးဖိုချောင်ထဲဝင်ကာ ဒယ်အိုးတစ်အိုးဆွဲယူပြီး မီးဖိုပေါ်တွင်တင်ထားလိုက်သည်။ဆီလိုသလောက်ထည့်ကာ ဆားနည်းနည်းဖြူးလိုက်သည်။ထို့နောက် ခုံပေါ်တွင်တင်ထားသော ကြက်ဥကိုပန်းကန်လုံးထဲဖောက်ထည့်ကာ ဇွန်းနှင့်ခလောက်ပြီး ဒယ်အိုးထဲလောင်းချလိုက်သည်။

ကြော်ပြီးသားကြက်ဥနှင့်ထမင်းလက်တစ်ဆုပ်စာကို ပန်းကန်တစ်ချပ်မှာထည့်ပြီး အိမ်ရှေ့ခန်း‌အမေထိုင်နေသည့်နေရာသို့ ယူလာခဲ့သည်။

အမေ့ဘေးကခုံအလွတ်မှာဝင်မထိုင်ဘဲ ခြေရင်းနားလေးမှာသာ ပန်းကန်ကိုင်ပြီးထမင်းစားနေသည်။

"သားလေး ပင်ပန်းရတာအမေ့ကြောင့်ပါ"

နွမ်းလျသောမျက်နှာလေးဖြင့် အောက်တွင်ထိုင်နေသော တိမ်စိုင့်ပါးကို လက်ဖဝါးသေးသေးလေးနှင့်လာကိုင်သည်။

ထမင်းပန်းကန်ကိုအောက်ချလိုက်ပြီး ပါးပေါ်ကအမေ့လက်ကို သူပြန်အုပ်မိုးကာကိုင်ထားလိုက်သည်။တိမ်စိုင်မှာ လူကောင်ထွားတာကြောင့် လက်ဖဝါးပြင်သည်လည်း ကြီးလှသဖြင့် အမေ့လက်ကလေးမှာ တိမ်စိုင့်လက်အောက်တွင်မြုပ်နေသည်။

တိမ်စိုင်နှုတ်ခမ်းပါးလေးတွန့်ပြံုးကာ ဝိုင်းစက်စက်မျက်လုံးတို့ဖြင့် အမေ့ကိုကြည့်လျက်...

"အမေ အမေ့ကိုသားပြောပြီးပြီလေ ဒါအမေ့ကြောင့်မဟုတ်ဘူးလို့ ကံဆိုတာဒီလိုပါပဲအမေရယ် နိမ့်တဲ့အခါလည်းရှိတာပေါ့ ဒါကိုသားတို့က လွန်ဆန်ပြီးရှောင်ဖယ်နေလို့မရဘူးလေ ရင်တော့ရင်ဆိုင်ကြည့်ရမှာပဲ သားအသက်ကခုမှ 23ပဲရှိပါသေးတယ်အမေရယ် သားလောကဓံတရားကိုခံနိုင်ရည်ရှိပါတယ် စိတ်မပူပါနဲ့"

တိမ်စိုင့်အမေ ဘာမှမပြန်တော့ဘဲ ပါးပေါ်ကလက်ကိုဖယ်ကာ တိမ်စိုင်၏ကွေးကောက်ကောက်ဆံနွယ်များကိုပွတ်သပ်ပေးနေသည်။

သူမဒီလောကကြီးမှာမရှိတော့ရင်တောင် တိမ်စိုင်တစ်ယောက် ကောင်းကောင်းမွန်မွန်နေနိုင်မည်ကိုသိသဖြင့် မနက်ဖြန်၊သဘက်ခါ သေရမည်ဆိုလျှင်လည်း စိတ်ချချနှင့်ထားသွားနိုင်သည်။

တိမ်စိုင် တင်ပလိမ်ခွေချိတ်ကာထိုင်ရင်း တီဗီ‌ကြည့်နေသည်။အချိန်မှာခြောက်နာရီထိုးနေပြီဖြစ်သဖြင့် အမေနှင့်အတူကြည့်နေကြဖြစ်သော ကိုရီးယားကားလာနေသည်။

နားရသည့်အချိန်ဆိုလို့ ဤညဘက်တစ်ချိန်သာသူ့မှာရှိသည်။ဇာတ်ကားကြည့်လို့ပြီး‌ေတာ့ ဆေးစရာရှိတဲ့ပန်းကန်တွေ၊သူ့အမေအပေါ့စွန့်ထားတဲ့အိုးတွေ ထိုင်ဆေးသည်။

မီးဖိုချောင်ကိုပြောင်လက်နေအောင်ဆေးကြောတိုက်ချွတ်ပြီးမှ တိမ်စိုင်နေသာထိုင်သာရှိသွားပံုရသည်။‌‌ေရစို‌ေန‌ေသာလက်ကို လက်သုတ်ပဝါနဲ့သုတ်ပြီး အခန်းထဲမှာအိပ်ပျော်နေတဲ့ အမေဖြစ်သူကိုကန်တော့ပြီးမှ တိမ်စိုင်သူ့အခန်းထဲဝင်လာခဲ့သည်။

ခုတင်မရှိသော အခန်းငယ်အတွင်းတွင် ဂွမ်းကပ်စောင်နှစ်ထည်ထပ်ထားသည်ကိုကြည့်ရသည်မှာ သူ့အိပ်ရာဖြစ်ပုံပေါ်သည်။

အခန်းမီးကိုပိတ်ကာ ထိုမထူမပါးဂွမ်‌း‌ေစာင်ပေါ်သို့ လှဲချလိုက်သည်။ပူအိုက်သဖြင့် မအိပ်နိုင်သေးဘဲ အိပ်ရာဘေးက ယပ်တောင်ကိုဟိုစမ်းဒီစမ်းနှင့်လိုက်ရှာနေသည်။

ထိုယပ်တောင်ကိုစမ်းလို့မိတော့ အားကုန်သုံးကာ တဖျပ်ဖျပ်နှင့်ခတ်နေသည်။ပင်ပန်းသွားလို့ထင်ပါရဲ့ ကိုင်ထားတဲ့ယပ်တောင်ကိုရင်ဘတ်ပေါ်တင်ပြီး မျက်လုံးလေးစင်းလာကာ ခေါင်းရင်းဘက်ပြတင်းပေါက်မှဝင်လာသောလေပြေနှင့်အတူ အိပ်မက်ကမ္ဘာထဲသို့တဖြည်းဖြည်းရောက်ရှိသွားသည်။
_____________________

သိန်းပေါင်းသောင်းနှင့်ချီကာပေးဝယ်ရသော ဘိုးဘွားပိုင်အိမ်တစ်လုံး။ရန်ကုန်မြို့ရဲ့အလယ်မှာ တည်ရှိတယ်။ပေ 200 ပတ်လည်တည်ဆောက်ထားတဲ့နှစ်ထပ်တိုက်အိမ်ခပ်ကြီးကြီး။

မျက်စိအေးသော အပြာနုရောင်ကိုရွေးချယ်ကာတစ်အိမ်လံုးကိုဆေးသုတ်ထားသည်။ခြံထဲတွင် အရောင်အသွေးစုံလင်သော သစ်ပင်၊ပန်းပင် တိုလီမုတ်စ‌ကလေးများကို ပန်းခြံတစ်ခုသဖွယ် စီတန်း‌ကာစိုက်ပျိုးထားသည်။

စံပယ်အိုးပုတ်၊ကစ္စမီ၊နှင်းဆီ အစရှိတဲ့ပန်းတွေကိုတော့ ခြံပတ်ပတ်လည်မှာ ထောင့်‌ေစ့နေအောင် အကျအနနေရာချပြီးစိုက်ထားသည်ကိုတွေ့ရသည်။အဲ့အနီးအနားမှာ လသာဆောင်သဘောမျိုးနဲ့ အမိုးတစ်ခုအောက်မှာချထားတဲ့ စားပွဲနဲ့ခုံတွေ။

ခြံရဲ့ညာဘက်အခြမ်း အိမ်ပေါက်ဝနဲ့နီးတဲ့နေရာမှာ‌ေတာ့ ဒန်းတစ်ခု။ဘယ်ဘက်ကိုကြည့်လိုက်မယ်ဆိုရင် ဆယ်‌ေပကျယ်ဝန်းတဲ့ ရေကူးကန်တစ်ကန်။ကားဂိုဒေါင်ထဲမှာတော့ crown အဖြူရောင်တစ်စီးပါကင်ထိုးထားသည်။

ထိုင်လိုက်ရင်မြှုပ်ဝင်သွားလောက်အောင် အိစက်နေတဲ့ ဆိုဖာခုံတန်းရှည်တွေထားထားတဲ့ ဧည့်ခန်း။ဖန်နှင့်ပြုလုပ်ထားသောလေးထောင့်စားပွဲခုံတစ်ခုအား ထိုဆိုဖာများနှင့် ဝိုင်းကာပတ်ထားသည်။

နှစ်ပေခွဲစာလောက်ရှည်တဲ့ တီဗီတစ်လုံးလည်းရှိသေးသည်။ဧည့်ခန်းရဲ့ထောင့်နေရာမှာ ကလေးကစားစရာအရုပ်တွေကို ပလက်စတစ်ဘူး သံုး‌ေလးဘူးထဲထည့်ပြီး အထပ်ထပ်ဆင့်ကာတင်ထားသည်။

ဧည့်ခန်းမှာလူအိပ်ခန်းတစ်ခန်းစာမျှကျယ်ဝန်းပြီး ဧည့်ခန်းရဲ့ရှေ့ဘက်မှာ ဘုရားခန်းတစ်ခန်းရှိသည်။ထိုဘုရားခန်းထဲတွင် ကြည်ညိုဖွယ်ကောင်း‌ေသာရွှေ‌ေရာင်ဝင်းလက်‌ေနသည့်ဘုရားတစ်ဆူကိုဝင်လိုက်သည်နှင့်တွေ့နိုင်သည်။

နှင်းဆီပန်းအနီရောင်‌များအပြည့်ထိုးထား‌ေသာ ကြေးပန်းအိုးနှစ်အိုး၊ ကြွေပန်းအိုးသံုးအိုး အသီးသီးနှင့် ‌သောက်တော်ရေငါးခွက်၊ဆွမ်း၊ဟင်းများကိုလည်း အစုံအလင် ကပ်လှူထားသည်မှာ မြင်ရသူအဖို့ စိတ်ချမ်းမြေ့သွားမည်မှာအမှန်ပင်။

အိမ်ထဲဝင်ပြီး ဧည့်ခန်းကိုကျော်သွားမည်ဆိုလျှင် ဘယ်ဘက်အခြမ်း၌ အပေါ်ထပ်သို့တက်ရန်လှေကားတစ်ခုနှင့်လူ‌ေနခန်းတစ်ခန်း။ညာဘက်တွင်တော့ ဟာလာဟင်းလင်းနံရံ။

ဆက်လျှောက်သွားရင် မီးဖိုချောင်။အဲ့မှာတော့ ဂတ်စ်မီးဖို၊ဘေစင်နဲ့ ပန်းကန်တင်တဲ့စင်‌ေတွအပြည့်။လူတစ်ရပ်လောက်ရှိတဲ့ ရေခဲသေတ္တာအမည်းရောင်နှစ်လုံး။တစ်လုံးက ထမင်းချက်တဲ့အခါလိုအပ်တဲ့ အသီးအနှံ့တွေထည့်ဖို့၊နောက်တစ်လုံးကတော့ အအေးဗူး‌ေတွနဲ့သစ်သီးဝလံတွေ။အထူးသဖြင့်တော့ စတော်ဘယ်ရီသီးခြင်းမှာ အများဆုံးနေရာယူထားသည်။

မီးဖိုချောင်ဘေးခန်းက‌ လေကောင်းလေသန့်‌ဝင်‌ေသာပြတင်းပေါက်တစ်ပေါက်ပါသည့် ထမင်းစားခန်း။ကျွန်းသစ်နဲ့လုပ်ထားတဲ့ ထမင်းစား စားပွဲခုံတစ်လုံးရယ်၊ထိုင်ခုံငါးခုံရယ်။
အပေါ်ထပ်မှာ‌ေတာ့ လူအိပ်သည့်အခန်း နှစ်ခန်းသာရှိသည်။

"ဖေဖေ"

နောက်ဖေးကနေထွက်လာတဲ့ ကလေးသေးသေးလေးတစ်ယောက်။အသားယားစရာကောင်းအောင် ပါးကဖောင်းနေတာပဲ။ဖြူဖြူလုံးလုံးကလေး။ဖေဖေဟုခေါ်ကာအိမ်ရှေ့အပေါက်ဝကလူတစ်ယောက်ဆီကိုပြေးလာနေသည်။

"သားလေး"

ကမ္ဘာပေါ်မှာအရှားပါးဆုံးအပြုံးချိုချိုနှင့် ပြုံးပြကာ ကလေးကိုချီပြီးပေါင်ပေါ်တင်ထားလိုက်သည်။ဝှီးချဲပေါ်မှာထိုင်နေတဲ့အဲ့လူက ဒီကလေးလေးရဲ့အဖေ။

မျက်နှာက လေးထောင့်ဆန်ပြီး ရှေ့ဆံပင်ကမျက်ခုံးမွှေးကိုမသိမသာလေးဖုံးလွှမ်းနေတယ်။အညိုဘက်သန်းတဲ့အသားရည်နဲ့‌ေတာင်မှ ပြစ်ချက်မရှိ‌ေလာက်‌ေအာင်လိုက်ဖက်တဲ့သူ။မေးစေ့ကော၊နှာခေါင်းကောကချွန်ချွန်လေး။အမြဲလိုလို ကြုတ်နေတတ်တဲ့သူ့ရဲ့မျက်ခုံးနှစ်ဖက်က သားလေးနဲ့တွေ့ရင်တော့ပုံမှန်ပြန်ဖြစ်သွားတတ်သည်။

"ဖေဖေဒီနေ့အချောကြီး ပြန်ယာတယ်နော်"

"ဒါပေါ့ ဖေ့သားလေးကိုလွမ်းလို့ အလုပ်က‌ေနစောစောပြန်လာခဲ့တာ"

သားလေးကိုပွေ့ဖက်ပြီး အလွမ်းသယ်နေတဲ့ဖအေရဲ့ဘေးမှာ မန်နေဂျာယောင်ယောင်၊ဘာယောင်ယောင်နဲ့ ထွားထွားကြိုင်းကြိုင်းလူတစ်ယောက်။အိတ်အမဲတစ်အိတ်ကိုင်ကာ ‌ကျောက်တိုင်တစ်ခုသဖွယ် တောင့်တောင့်ကြီးရပ်နေသည်။

ဘာပဲဖြစ်ဖြစ် သူကအရေးမကြီးဘူး။အဓိကက ဝှီးချဲပေါ်မှာထိုင်နေတဲ့လူ။သူ့နာမည်က ထူးခြားတယ် ဂျွန်တဲ့။

သူ့ကို June လမှာမွေးခဲ့တာကြောင့် သူ့အ‌ေမကဂျွန်လို့နာမည်ပေးခဲ့တာ။အမှန်ဆိုရင် မြန်မာလိုဘာသာပြန်လိုက်တဲ့အခါ ဇွန်လို့အဓိပ္ပာယ်ရပေမယ့် မိန်းမဆန်သလိုခံစားရလို့ ဂျွန်လို့ပဲမှည့်ပေးဖြစ်ခဲ့တာ။

ဒီ ဂျွန်ဆိုတဲ့ နာမည်တစ်လုံးက သူ့ဘဝအတွက်ကော၊သူ့ရဲ့လုပ်ငန်းအတွက်ကော အရေးပါတဲ့အမည်နာမတစ်ခု။သူဒီနာမည်ကို သဘောလည်းကျသလို၊တန်ဖိုးလည်းထားသည်။

ဂျွန်က သူ့အမေကိုအရမ်းချစ်တာ။ဘဝမှာအချစ်ဆုံးနဲ့တန်ဖိုးမဖြတ်နိုင်ဆုံးအရာကဘာလဲလို့မေးရင် သားလေးနဲ့သူ့အမေပဲ။ကျန်တာ‌ေတာ့သူ့ခေါင်းထဲမှာမရှိဘူး။လုပ်ငန်းဆိုတဲ့အရာက သူ့အမေရဲ့နောက်ဆုံးဆန္ဒမို့သူလုပ်နေတာ။သူ့သားလေးရှေ့ရေးအတွက်လည်းရှေ့ဆောင်လမ်းပြအ‌ေနနဲ့ဖြစ်စေချင်တာလည်းပါသည်။

ဂျွန့်ရဲ့အလုပ်က စားသောက်ဆိုင်‌ေတွအားလံုးကိုအုပ်ချုပ်ရတာ။သူချက်စရာမလိုဘူး စားဖိုမှူးတွေပဲအကုန်လုပ်သွားတာ။သူကဗဟိုကုမ္ပဏီမှာထိုင်ပြီး ရှယ်ယာဝင်မယ့်လူတွေနဲ့ ဆွေးနွေးတယ်။လုပ်ငန်းတိုးချဲ့သင့်ရင်တိုးချဲ့ဖို့ အဆောက်အအုံတွေဆောက်တဲ့အခါ တာဝန်ခံလက်မှတ်ထိုးပေးရသည်။

ဆိုင်ပွဲပေါင်း လေးငါးဆယ်လောက်တော့ရှိမည်။ဒါတွေအားလုံးက သူပိုင်တဲ့ဟာတွေချည်းပဲ။ငွေဆိုတာ သူ့လက်ထဲမှာသုံးမကုန်အောင်ကိုရှိတာ။ဝှီးချဲပေါ်မှာထိုင်နေရ‌တယ်ဆိုပေမယ့် သူအလုပ်‌ေတွဆက်လုပ်တယ်။

ခန့်ထားတဲ့မန်နေဂျာအကူအညီနဲ့ ရုံးသွားရုံးပြန် အဆင်ပြေတာကြောင့် နားနားနေနေမနေဘဲ ကုမ္ပဏီကိုလည်မြဲအတိုင်း လည်ပတ်နေစေခဲ့သည်။

သူဟာ ရေသေလိုပဲ လှုပ်ခတ်ခြင်းမရှိဘူး။
ပျော်စရာတွေဆိုတာလည်း သူ့ဘဝမှာမရှိတော့တာအတော်လေးကိုကြာခဲ့ပါပြီ မေမေဆုံးသွားကတည်းကပေါ့။
သူတွေးမိတယ် သူ့ကိုမောင်နှမသားချင်းမရှိဘဲနဲ့ ဘာလို့တစ်ယောက်တည်းမွေးခဲ့ရတာလဲလို့ပေါ့။
ဖေဖေတစ်ယောက်တော့အသက်ရှင်ကျန်ရှိနေပါသေးသည်။သို့သော် နွေးထွေးမှုမရှိ၊ပွေလိမ်ရှုပ်ထွေတဲ့ လူတစ်ယောက်။

ငွေရေးကြေးရေး ပူပန်စရာမလိုလောက်အောင် မျိုးနှင့်ရိုးနှင့် ကျိကျိတက်ချမ်းသာသော်လည်း ထိုပိုင်ဆိုင်မှုတွေကမေတ္တာတရားမှမပေးနိုင်ခဲ့ဘဲ မက်မောဖို့ရန်လည်းမတွေးမိခဲ့ပါဘူး။
အဖေတစ်ယောက်ရှိနေရက်နဲ့ တစ်အိမ်ထဲမှာအတူမနေ၊မိန်းမတကာနှင့် ဟိုတယ်အစုံမှာလှည့်လည်အိပ်တာ‌ကို ဂျွန်လုံးဝသဘောမကျဘူး။

မေမေဆုံးခဲ့တာကလည်း အဖေ့ပယောဂမကင်းဘူး။ဂျွန်လူပျိုစဖြစ်ချိန် အသက်18နှစ်လောက်မှာ မေမေဆုံးသွားတာ။

ဖေဖေ့ကိုမုန်းလားလို့ သူ့ကိုယ်သူအကြိမ်ကြိမ်မေးကြည့်ခဲ့ဖူးသည်။သူမမုန်းပါ သို့သော်နာကျည်းချက်တော့ ရင်ထဲမှာရှိသည်။မေမေဆုံးခဲ့ရတာ ဖေဖေ့ရဲ့အရှုပ်ဇယားတွေကြောင့် ယောက်ျားဖြစ်သူရဲ့အကြင်နာတရားကိုအပြည့်အဝမခံစားရဘဲ ကောင်းကင်ဘုံသို့ငယ်ငယ်ရွယ်ရွယ်နှင့်ကူးပြောင်းသွားခဲ့ရသည်။

တစ်ဖက်ကကြည့်ပြန်ရင်လည်း မေမေစိတ်ဆင်းရဲခြင်းဆို‌တဲ့ဝဋ်က‌ေနကျွတ်သွားခဲ့ရတာပါပဲ။ဒါပေမယ့် သားလေးသူ့ဘဝထဲကိုရောက်လာခဲ့တဲ့အချိန်ကစပြီး ဂျွန်အင်အားရှိလာခဲ့သည်။

"သား မုန့်စားပြီးပြီလား ဘာစားချင်သေးလဲ ဖေဖေဘာဝယ်ကျွေးရမလဲ ငါ့သားဆံပင်တွေလည်းရှည်နေပြီညှပ်ပေးရအုံးမယ်"

"ချားချင်တာရှိဘူး တီတီတို့ပူတင်းလုပ်ကျွေးထားတယ် ဝူဝူချိုင်မှာ ဂျပင်ညှပ်ချင်ဝူးနော် ညှပ်နဲ့နော် ဖေဖေ"

ဂျွန် ကလေးရဲ့ထိုး‌ေထာင်‌ေနတဲ့ဆံပင်ကို ကိုင်ပြီးပြောတော့ ကလေးကခေါင်းယမ်းကာ အတင်းငြင်းသည်။

ငြင်းတာလည်းအကြောင်းရှိတယ်။အရင်တစ်ခါဆိုင်မှာသွားညှပ်တုန်းက ဆိုင်ရှင်ကသူ့ကို ဆံပင်ဂုတ်နားလေးမှာ မြီးရှည်လေးထာ‌းပေးလိုက်တာ။ဆိုင်မှာတုန်းကသူမဟုတ်တဲ့အတိုင်းငြိမ်နေပြီးတော့ အိမ်လည်းရောက်ရော ငိုတော့တာပဲ သူ့ပုံကကြွက်နဲ့တူနေလို့တဲ့။

ရှည်နေတဲ့ဆံပင်အောက်နားက ကြွက်မြီးလိုဖြစ်နေတော့ သူ့ကိုယ်သူကြွက်လို့ထင်သွားတာဖြစ်မယ်။အဲ့နေ့ကဆို ဘာမှလည်းမစားဘဲ ငိုပဲငိုနေတာ မနည်းချော့လိုက်ရတယ်။နောက်နေ့မှ အိမ်မှာအိမ်တော်ထိန်းအနေနဲ့အလုပ်လုပ်နေတဲ့ အန်တီခင်အဲ့အမွှေးကိုညှပ်ပေးလိုက်မှ သူကျေနပ်သွားတာ။

အကောင်ကသာသေးသေးလေးပေမယ့် ဖအေအတိုင်းပဲစိတ်ကြီးတယ်။ကြိုက်တဲ့အရာ‌ေတွ့ရင်လည်း လုံးဝလက်မလွှတ်တတ်သလို၊ မကြိုက်ဘူးဆိုရင်လည်း အသံတောင်မကြားချင်တဲ့လူမျိုး။

ဒီအိမ်ကြီးမှာ ဂျွန်တို့သားအဖနဲ့အတူ အိမ်တော်ထိန်းအန်တီခင်ရဲ့တူမဖြစ်သူ ၁၆နှစ်အရွယ်ဖြူသွယ်ဆိုတဲ့ကောင်မလေးတစ်ယောက် အားလုံးပေါင်းလေးယောက် ဒီအိမ်အကျယ်ကြီးထဲမှာနေကြသည်။

အောက်ထပ်ကအခန်းမှာ အန်တီခင်နဲ့ဖြူသွယ်နေပြီး အပေါ်ထပ်မှာဝူဝူနဲ့ဂျွန်ကတစ်ခန်းနေကြသည်။ကျန်တဲ့အခန်းကို‌ေတာ့ အလွတ်ထားထားသည်။

ကလေးကို ဂျွန်ကလုံးဝခွဲမသိပ်ဘူး။သူ့အနားမှာပဲအမြဲထားတယ်။ကလေးကိုပြုစုပေးတာတော့ အန်တီခင်တို့ပဲ။ဘာလို့ဆို ဂျွန်ကဝှီးချဲနဲ့ဆို‌ေတာ့ သူဘာမှမလုပ်ပေးနိုင်ဘူး။ဒါကြောင့် အန်တီခင်တို့ကိုပဲသူအားကိုးနေရတာ။

"ဒါဆို ဖေ့သားလေး အိမ်မှာပဲတီတီခင်တို့နဲ့ညှပ်မလား"

"အင်း ဟိုချိုင်မတွားရရင်ပြီး‌ေရာ"

ဝူဝူလေးက ဂျွန်နဲ့ဇီဇဝါရဲ့တစ်ဦးတည်းသောသားလေး။အသက်ကတော့ ခုမှ နှစ်နှစ်။မပီကလာပီကလာနဲ့ စကားပြောတတ်နေပြီ။

ဝူဝူအသက်တစ်နှစ်ခွဲမှာ ဇီဇဝါနဲ့ဂျွန်ခရီးတစ်ခုသွားခဲ့တယ်။ကံမကောင်းချင်တော့ ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီး ဇီဇဝါ ထိုနေရာမှာတင်ပဲဆုံးသွားခဲ့သည်။ဒီမတော်တဆမှုကြောင့် ဂျွန်ရဲ့ခြေထောက်ပြင်းပြင်းထန်ထန်ထိသွားခဲ့ပြီး ခုလိုဝှီးချဲနဲ့နေနေရခြင်းဖြစ်သည်။ကလေးကတော့ အန်တီခင်တို့နဲ့အိမ်မှာကျန်ခဲ့တာမို့ အန္တရာယ်ကင်းကင်းရှိနေခဲ့သည်။

=================

Zawgyi

"မင္းတျခား‌ေနရာမွာမလုပ္ဘဲ ဘာလို႔ဒီအလုပ္မွာဝင္လုပ္ရတာလဲ"

အလုပ္နားခ်ိန္ ဖုန္ေတြ၊သဲေတြေပေရေနၿပီး နံရံကိုမွီကာထိုင္ေနေသာေကာင္ေလးကိုေဘးရွိအမ်ိဳးသားတစ္ေယာက္မွေမးလိုက္သည္။

"လုပ္ခ်င္လို႔ေတာ့ဘယ္ဟုတ္ပါ့မလဲဗ်ာ အသက္ရွင္ဖို႔အတြက္ ေရြးခ်ယ္စရာမွမရွိတာဦးေလးရယ္"

ေနလယ္ခင္း ျခစ္ျခစ္ေတာက္ပူေနေသာ ေနေရာင္ေအာက္တြင္ လူအေယာက္ႏွစ္ဆယ္ေလာက္ ဘိလပ္ေျမထုပ္ေတြပခုံးေပၚတင္ကာထမ္းရင္း မရပ္မနားအလုပ္လုပ္ေနၾကသည္။

14 ထပ္ပါအထပ္ျမင့္အေဆာက္အအုံေဆာက္ရန္ ေန႔စားအလုပ္သမားမ်ားေခၽြးသံတရဲရဲႏွင့္ အပူဒဏ္ကိုအံတုကာ ေငြေရးေၾကးေရးအတြက္တိုက္ပြဲဝင္ေနၾကရသည္။ထိုလူေတြအထဲမွာ‌ေတာ့သူအပါအဝင္ေပါ့။

နားခ်ိန္အတြင္းစား‌ေသာက္ရန္လည္း ထမင္းခ်ိဳင့္မရွိေသာေၾကာင့္ ဆာေလာင္ေနေသာဒဏ္ကိုေမ့ေဖ်ာက္ကာ အလုပ္ဆက္လုပ္ရန္ ထိုင္ေနရာမွထသြားသည္။ေဘးရွိ ထိုအမ်ိဳးသားကေတာ့ ေကာင္ေလးကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနသည္။

ညေနေစာင္းေလာက္ေရာက္မွသာ အလုပ္ဆင္းရသည္။တစ္ေန႔လုပ္‌တစ္ေန႔စားဆိုေတာ့ ရတဲ့ေငြကေလးအိတ္ထဲမွာထည့္ၿပီး စလြယ္သိုင္းကာအိမ္ျပန္လာခဲ့သည္။

"သား ျပန္လာၿပီလား ဒီေန႔ေရဖိုးေတြ ၊ မီတာဖိုးေတြေရာက္လာတယ္"

ေမာေမာပန္းပန္းႏွင့္ အလုပ္လုပ္ကာအိမ္ေပၚေရာက္ေရာက္ခ်င္း အေမေပးေသာထိုစာရြက္အပိုင္းအစမ်ားေၾကာင့္ အေမာစို႔သြားခဲ့ရသည္။စိတ္ဆင္းရဲရေသာ္လည္းပဲ မ်က္ႏွာတြင္ေတာ့ မည္သည့္အရိပ္အေယာင္မၽွမျပခဲ့ပါ။တစ္ေယာက္တည္းရွိ‌ေသာအေမ့ကိုေတာ့ သူေပ်ာ္ေစခ်င္ခဲ့သည္ေလ။

"မနက္ျဖန္ သားသြားေဆာင္လိုက္မယ္ အေမေကာထမင္းစားၿပီးၿပီလား သားဘာခ်က္ေပးရမလဲ"

"ရပါတယ္ အေမကစားၿပီးၿပီ သားစားခ်င္တာသာကိုယ့္ဘာကိုယ္ခ်က္စား"

"ဒါဆို သားေရမိုးခ်ိဳးၿပီးမွပဲ ခ်က္လိုက္ေတာ့မယ္"

"အင္းအင္း"

တစ္ေန႔လုံး ဘိလပ္ေျမအိတ္ေတြထမ္းထားရသျဖင့္ ပခုံးတို႔မွာေညာင္းညာေနသည္။ေစးကပ္ကပ္ေခၽြးမ်ားရြဲနစ္ေနေသာ တီရွပ္လက္တိုကို ေခါင္းကေနဆြဲခၽြတ္လိုက္သည္။

ထိုေခၽြးတို႔ေၾကာင့္ ကိုယ့္အနံ့ကိုပင္မခံခ်င္ေလာက္ေအာင္ မသတီစရာေကာင္းလွသည္။‌‌ေရခ်ိဳးခန္းထဲဝင္ၿပီး အုတ္ကန္မွေအးစက္ေနေသာေရတစ္ခြက္ခပ္ကာ ပါးစပ္ထဲတြင္တစ္ငုံငံုလိုက္ၿပီးကာမွ ေျခဖမိုးထက္က‌ေနေရေလာင္းခ်လိုက္သည္။

ေနပူက်ဲတဲမွ လာရသည္မို႔ ေခါင္းကေနေရေလာင္းခ်မည္ဆိုလၽွင္ ဦးေႏွာက္ေသြးေၾကာျပတ္သြားနိုင္သျဖင့္ သတိထားကာ ေရခ်ိဳးခံနီးတိုင္း အပူမငုပ္ေအာင္ထိုသို႔လုပ္ေလ့ရွိသည္။

သူ႔နာမည္က တိမ္စိုင္၊ဘြဲ႕ရပညာတတ္တစ္ေယာက္ျဖစ္ေပမယ့္လို႔ ယခုေခတ္ႀကီးမွာ ဘြဲ႕လက္မွတ္ကအလုပ္တစ္ခုရဖို႔သိပ္အသုံးမဝင္ခဲ့ေပ။ တိမ္စိုင့္အေမမွာ အစာအိမ္ေရာဂါရွိသည္။ေျပာရလၽွင္ေတာ့ ‌ကင္ဆာေတာင္ျဖစ္ေနပါၿပီ။

ေဆးကုဖို႔အတြက္ကလည္း ပိုင္ဆိုင္တာဆိုလို႔ အိမ္တစ္လုံးအျပင္သူ႔မွာအပိုမရွိဘူး။ထိုအိမ္ႀကီးေရာင္းလိုက္ျပန္ရင္လည္း ေနစရာထိုင္စရာမရွိဘဲ လမ္းေဘးမွာေနရမည့္ဘဝသို႔ေရာက္ရန္ လက္တစ္ကမ္းအလို‌ေလာက္ျဖစ္‌ေနသည္။

တိမ္စိုင္ေမြးခင္းစအရြယ္ေလာက္ကတည္းက ဖခင္မရွိေတာ့သည္ကို အေမေျပာျပလို႔သူသိထားရသည္။အ‌ေဖေလာကႀကီးကေန ေစာေစာစီးစီးထြက္သြားခဲ့တာ‌ေၾကာင့္ အေမတစ္ခုသားတစ္ခု ေနထိုင္ခဲ့ၾကရတာ။

ေဆးဖိုးဝါးခတင္ပဲ တစ္လလၽွင္ ႏွစ္သိန္းနီးနီးကုန္တယ္။အ‌ေမ‌ေရာဂါမျဖစ္ခင္တုန္းက‌ေတာ့ အေမရွာေကၽြးတဲ့ေငြနဲ႔အဆင္ေျပ‌ေနခဲ့တယ္။ဒါ‌ေပမယ့္ အခုေတာ့ အေျခအေနေတြကေျပာင္းျပန္လွန္ပစ္လိုက္သလို လက္ထဲမွာကိုင္စရာေငြေၾကးက ကားခအျပင္အပိုအလၽွံမရွိခဲ့‌ဘူး။

တိမ္စိုင္မလုပ္ခဲ့‌ဖူးေသာ အလုပ္ဆိုသည္မွာခပ္ရွားရွား။မနက္ခင္း သတင္းစာပို႔၊ေန႔လယ္ဆိုလၽွင္ ေရပုံးထမ္းကာ တစ္အိမ္ဝင္တစ္အိမ္ထြက္ လိုက္ပို႔ခဲ့ဖူးသည္။

ေဈးထဲတြင္လည္း ကုန္တင္ကုန္ခ် အထမ္းသည္ျဖစ္ခဲ့ဖူးသည္။အရင္ကပဲလုပ္ခဲ့တာမဟုတ္ အခုလည္းဘိလပ္ေျမမထမ္းရတဲ့ေန႔ေတြဆိုရင္ ရပ္ကြက္ပတ္ၿပီး ရွိသမၽွအလုပ္အကုန္သိမ္းက်ဳံးလုပ္ရွာသည္။

ဘယ္အလုပ္ကမေကာင္းဘူး၊ဘယ္အလုပ္ကေကာင္းတယ္ဆိုၿပီး ေရြးေနလို႔မရဘူး‌ေလ ဒါေၾကာင့္ အလုပ္ဟူသမၽွဂုဏ္ရွိစြဆိုတဲ့ဂုဏ္ပုဒ္နဲ႔အညီ ၾကဳံရာက်ပန္းဝင္လုပ္သည္။

သူဆိုက္ကားလည္းနင္းခဲ့ဖူးတယ္ ဒါေပမယ့္ တစ္ေနကုန္ပတ္နင္းမွ ေငြေလးနည္းနည္းရတာဆိုေတာ့ တြက္ေျခမကိုက္ဘူး။ အခုဆိုက္ထဲတြင္လုပ္ရတဲ့အလုပ္ကေတာ့ လက္ေတြေပါက္ျပဲၿပီး ခႏၶာကိုယ္ကိုက္ခဲ‌ေပမယ့္လည္း အလုပ္ရွင္ကစိတ္ထားေကာင္းတာ‌ေၾကာင့္ သူလုပ္ရေပ်ာ္သည္။လုပ္အားခကလည္း ကိုယ္လုပ္နိုင္ရင္လုပ္နိုင္သေလာက္ရသျဖင့္ အဆင္ေျပေနသည္။

သားအမိႏွစ္ေယာက္တည္း အေႂကြးပင္လယ္ထဲတြင္လက္ပစ္ကူး‌ေနရသည္မွာ ထင္သေလာက္ေတာ့မလြယ္ကူေပ။အေႂကြးမွာဆယ္ဂဏန္းေတာင္မဟုတ္ပါ။သိန္း သုံးရာနားကပ္ေနသည္။

ထိုအေႂကြးေတြတင္ခဲ့သည္မွာ တစ္လတစ္လေပးရတဲ့ အခြန္အဖိုးအခေတြ၊အေမေသာက္ဖို႔ဝယ္ရတဲ့ေဆးဖိုးေတြကို ဟိုလူဒီလူဆီက လွည့္ေခ်းရင္း အတိုးမသတ္နိုင္ဘဲ အတိုးေပၚအတိုးဆင့္ကာ အေႂကြးေတာထဲနစ္ျမဳပ္သြားခဲ့ရသည္။

တိမ္စိုင္ရဲ့အျဖစ္က မိုးရာသီႏွင့္ဆင္တူသည္။တစ္ခါတစ္ရံ ေနေရာင္ေတြျဖာသလို၊ တစ္ခါတစ္ရံလည္း မိုးႀကိဳးေတြပစ္ၿပီး မုန္တိုင္းေတြတိုက္လိုတိုက္နဲ႔။

အဲ့ဒီ့မိုးရာသီေတြအစား မိုးရြာၿပီးတဲ့အခါ တိမ္တိုက္ေတြကင္းစင္သြားရင္ ေပၚထြက္လာတတ္တဲ့ သက္တံ့ေလးတစ္စင္းလို သူအေရာင္အေသြးစုံလင္ခ်င္မိတယ္။

ယခင္ကေတာ့ သူကသက္တံ့တစ္စင္းလိုပါပဲ အေရာင္အေသြးစုံလင္ၿပီး ေငြကိုေအးေအးလူလူသုံးစြဲနိုင္ခဲ့တယ္။ဒါေပမယ့္လည္း ခုကေတာ့တျခားစီ တစ္ရက္သုံးဖို႔ေငြကိုေတာင္ နဖူးကေခၽြးေျခမ,က်တဲ့အထိ ကုန္း႐ုန္းကာလုပ္ေနရသည္။

တိမ္စိုင့္မွာေကာင္းတဲ့အက်င့္ေလးတစ္ခုရွိတယ္ အဲ့တာက သူေငြအသုံးအျဖဳန္းမၾကမ္းဘူး ၿပီးေတာ့ သူထမင္းစားရင္လည္း သူ႔အတြက္ကအသားတစ္တုံးဆိုလုံေလာက္ၿပီ။ဟင္းမ်ား‌ေနရင္သူမစားတတ္‌ေပမယ့္ ၊ ဟင္းနည္းရင္ေတာ့သူအဆင္ေျပေအာင္စားတတ္သည္။

ေနရတဲ့အိမ္က တိုက္တစ္ဝက္၊ပ်ဥ္တစ္ဝက္ အိမ္ပုေလးတစ္လုံး အ‌ေကာင္းႀကီးလည္းမဟုတ္သလို ဆိုးရြားတယ္လို႔လည္းဆိုလို႔မရျပန္ဘူး။အေဖထားရစ္ခဲ့တဲ့တစ္ခုတည္းေသာအေမြ။ေရာဂါသည္အေမနဲ႔‌ေနေနရတာ ခုဆိုတစ္ႏွစ္ေက်ာ္ေလာက္ေတာ့ရွိၿပီ။

ကင္ဆာအဆင့္‌ေလးျဖစ္ေနေပမယ့္လည္း ေဆး႐ုံမတက္နိုင္‌ဘူး။အိမ္မွာပဲေနၿပီး ေဆး႐ုံကိုေဆးသြားသြားသြင္းရတာ။အစာေပ်ာ့ေပ်ာ့ေတြခ်က္ေကၽြးရတယ္။တစ္ခါတေလဆို ျပန္ျပန္အန္တတ္ေတာ့ အရည္ေလးပဲတိုက္ရတယ္။

အေမ မသြားနိုင္၊မလာနိုင္နဲ႔အိမ္ထဲမွာပဲ အခ်ိန္ကုန္လူပင္ပန္း‌ေနရတာ။ဆရာဝန္ေျပာတာေတာ့ကင္ဆာအဆင့္ေလးရွိေနၿပီ ‌ေျခာက္လေလာက္ပဲေနရေတာ့မယ္တဲ့။

အေမ့ကိုေမးေတာ့ သူေဆး႐ုံမတက္ခ်င္ဘူး ေသမယ္ဆိုရင္လည္းသားရဲ့ေဘးမွာပဲ အရိုးထုတ္သြားခဲ့ခ်င္တယ္လို႔ေျပာေတာ့ အေမစိတ္ခ်မ္းသာရင္သူ႔အတြက္ကအဆင္ေျပတယ္ေလ ဒါေၾကာင့္ ေဆးပဲသြင္းၿပီးမွိန္းေနရေတာ့တာ။

"သားေရ ေရခ်ိဳးလို႔မၿပီးေသးဘူးလား အေအးပတ္မယ္"

"ၿပီးၿပီ အေမ"

တိမ္စုိင္ ပခုံးေပၚတဘက္တင္ကာ ေရခ်ိဳးခန္းထဲမွထြက္လာသည္။

ပုဆိုးကို ခ်က္ဖုံးသည္အထိခိုင္ခံ့စြာခ်ည္‌ေႏွာင္၍ဝတ္ထားသည္။အျခားသူမ်ားကဲ့သို႔ ပုဆိုးခ်က္ျပဳတ္မဝတ္‌တတ္သည္မွာလည္း သူ၏ထူးျခားေသာအခ်က္ပင္။

ရႊန္းစိုစိုႏွုတ္ခမ္းပါးႏွင့္ၾကည္လဲ့ေသာအသားအရည္တို႔ေၾကာင့္ႏုနယ္သည္ဟုထင္ရပါေသာ္လည္း ခႏၶာကိုယ္မွာမထင္မွတ္ထား‌ေလာက္‌ေအာင္ ေတာင့္တင္းလွသည္။

ေရလွိုင္းသ႑ာန္ခပ္တြန႔္တြန႔္ဆံပင္ေလးမွာ ဆြဲေဆာင္မွုတစ္ရပ္အ‌ေနႏွင့္နဖူးထပ္၌‌ေဝ့ကာဝဲလ်က္။ေျခာက္ေပေက်ာ္မၽွရွည္လ်ားေသာအရပ္‌ေၾကာင့္ေတာ္႐ုံလူအနားမကပ္မနိုင္ေပ။

ဗီဒိုထဲတြင္ရွိေသာ ပုဆိုးသုံးေလးထည္ထဲမွသူဝတ္ေနက် ခရမ္းေရာင္ပုဆုံးေလးကိုပဲ‌ေရြးဝတ္လိုက္သည္။ရာသီဥတုကပူသည္မို႔ စြပ္က်ယ္ျဖဴေလးတစ္ထည္သာေကာက္စြပ္လိုက္သည္။

မာက်စ္က်စ္လက္ေမာင္းျဖူျဖဴတုတ္တုတ္ကေလးမွာ စြပ္က်ယ္ေၾကာင့္ထင္ရွားစြာေပၚလြင္ေနသည္။အေလးအပင္ သယ္ရမ,ရသျဖင့္ ရင္အုပ္ႏွင့္ဗိုက္ႂကြက္သားတို႔မွာ အားကစားလိုက္စားသူတစ္ေယာက္ကဲ့သို႔ အလုံးအထည္ေပၚလွသည္။

တိမ္စိုင္မီးဖိုေခ်ာင္ထဲဝင္ကာ ဒယ္အိုးတစ္အိုးဆြဲယူၿပီး မီးဖိုေပၚတြင္တင္ထားလိုက္သည္။ဆီလိုသေလာက္ထည့္ကာ ဆားနည္းနည္းျဖဴးလိုက္သည္။ထို႔ေနာက္ ခုံေပၚတြင္တင္ထားေသာ ၾကက္ဥကိုပန္းကန္လုံးထဲေဖာက္ထည့္ကာ ဇြန္းႏွင့္ခေလာက္ၿပီး ဒယ္အိုးထဲေလာင္းခ်လိုက္သည္။

ေၾကာ္ၿပီးသားၾကက္ဥႏွင့္ထမင္းလက္တစ္ဆုပ္စာကို ပန္းကန္တစ္ခ်ပ္မွာထည့္ၿပီး အိမ္ေရွ႕ခန္း‌အေမထိုင္ေနသည့္ေနရာသို႔ ယူလာခဲ့သည္။

အေမ့ေဘးကခုံအလြတ္မွာဝင္မထိုင္ဘဲ ေျခရင္းနားေလးမွာသာ ပန္းကန္ကိုင္ၿပီးထမင္းစားေနသည္။

"သားေလး ပင္ပန္းရတာအေမ့ေၾကာင့္ပါ"

ႏြမ္းလ်ေသာမ်က္ႏွာေလးျဖင့္ ေအာက္တြင္ထိုင္ေနေသာ တိမ္စိုင့္ပါးကို လက္ဖဝါးေသးေသးေလးႏွင့္လာကိုင္သည္။

ထမင္းပန္းကန္ကိုေအာက္ခ်လိုက္ၿပီး ပါးေပၚကအေမ့လက္ကို သူျပန္အုပ္မိုးကာကိုင္ထားလိုက္သည္။တိမ္စိုင္မွာ လူေကာင္ထြားတာေၾကာင့္ လက္ဖဝါးျပင္သည္လည္း ႀကီးလွသျဖင့္ အေမ့လက္ကေလးမွာ တိမ္စိုင့္လက္ေအာက္တြင္ျမဳပ္ေနသည္။

တိမ္စိုင္ႏွုတ္ခမ္းပါးေလးတြန႔္ၿပံဳးကာ ဝိုင္းစက္စက္မ်က္လုံးတို႔ျဖင့္ အေမ့ကိုၾကည့္လ်က္...

"အေမ အေမ့ကိုသားေျပာၿပီးၿပီေလ ဒါအေမ့ေၾကာင့္မဟုတ္ဘူးလို႔ ကံဆိုတာဒီလိုပါပဲအေမရယ္ နိမ့္တဲ့အခါလည္းရွိတာေပါ့ ဒါကိုသားတို႔က လြန္ဆန္ၿပီးေရွာင္ဖယ္ေနလို႔မရဘူးေလ ရင္ေတာ့ရင္ဆိုင္ၾကည့္ရမွာပဲ သားအသက္ကခုမွ 23ပဲရွိပါေသးတယ္အေမရယ္ သားေလာကဓံတရားကိုခံနိုင္ရည္ရွိပါတယ္ စိတ္မပူပါနဲ႔"

တိမ္စိုင့္အေမ ဘာမွမျပန္ေတာ့ဘဲ ပါးေပၚကလက္ကိုဖယ္ကာ တိမ္စိုင္၏ေကြးေကာက္ေကာက္ဆံႏြယ္မ်ားကိုပြတ္သပ္ေပးေနသည္။

သူမဒီေလာကႀကီးမွာမရွိေတာ့ရင္ေတာင္ တိမ္စိုင္တစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ေနနိုင္မည္ကိုသိသျဖင့္ မနက္ျဖန္၊သဘက္ခါ ေသရမည္ဆိုလၽွင္လည္း စိတ္ခ်ခ်ႏွင့္ထားသြားနိုင္သည္။

တိမ္စိုင္ တင္ပလိမ္ေခြခ်ိတ္ကာထိုင္ရင္း တီဗီ‌ၾကည့္ေနသည္။အခ်ိန္မွာေျခာက္နာရီထိုးေနၿပီျဖစ္သျဖင့္ အေမႏွင့္အတူၾကည့္ေနၾကျဖစ္ေသာ ကိုရီးယားကားလာေနသည္။

နားရသည့္အခ်ိန္ဆိုလို႔ ဤညဘက္တစ္ခ်ိန္သာသူ႔မွာရွိသည္။ဇာတ္ကားၾကည့္လို႔ၿပီး‌ေတာ့ ေဆးစရာရွိတဲ့ပန္းကန္ေတြ၊သူ႔အေမအေပါ့စြန႔္ထားတဲ့အိုးေတြ ထိုင္ေဆးသည္။

မီးဖိုေခ်ာင္ကိုေျပာင္လက္ေနေအာင္ေဆးေၾကာတိုက္ခၽြတ္ၿပီးမွ တိမ္စိုင္ေနသာထိုင္သာရွိသြားပံုရသည္။‌‌ေရစို‌ေန‌ေသာလက္ကို လက္သုတ္ပဝါနဲ႔သုတ္ၿပီး အခန္းထဲမွာအိပ္ေပ်ာ္ေနတဲ့ အေမျဖစ္သူကိုကန္ေတာ့ၿပီးမွ တိမ္စိုင္သူ႔အခန္းထဲဝင္လာခဲ့သည္။

ခုတင္မရွိေသာ အခန္းငယ္အတြင္းတြင္ ဂြမ္းကပ္ေစာင္ႏွစ္ထည္ထပ္ထားသည္ကိုၾကည့္ရသည္မွာ သူ႔အိပ္ရာျဖစ္ပုံေပၚသည္။

အခန္းမီးကိုပိတ္ကာ ထိုမထူမပါးဂြမ္‌း‌ေစာင္ေပၚသို႔ လွဲခ်လိုက္သည္။ပူအိုက္သျဖင့္ မအိပ္နိုင္ေသးဘဲ အိပ္ရာေဘးက ယပ္ေတာင္ကိုဟိုစမ္းဒီစမ္းႏွင့္လိုက္ရွာေနသည္။

ထိုယပ္ေတာင္ကိုစမ္းလို႔မိေတာ့ အားကုန္သုံးကာ တဖ်ပ္ဖ်ပ္ႏွင့္ခတ္ေနသည္။ပင္ပန္းသြားလို႔ထင္ပါရဲ့ ကိုင္ထားတဲ့ယပ္ေတာင္ကိုရင္ဘတ္ေပၚတင္ၿပီး မ်က္လုံးေလးစင္းလာကာ ေခါင္းရင္းဘက္ျပတင္းေပါက္မွဝင္လာေသာေလေျပႏွင့္အတူ အိပ္မက္ကမၻာထဲသို႔တျဖည္းျဖည္းေရာက္ရွိသြားသည္။
_____________________

သိန္းေပါင္းေသာင္းႏွင့္ခ်ီကာေပးဝယ္ရေသာ ဘိုးဘြားပိုင္အိမ္တစ္လုံး။ရန္ကုန္ၿမိဳ႕ရဲ့အလယ္မွာ တည္ရွိတယ္။ေပ 200 ပတ္လည္တည္ေဆာက္ထားတဲ့ႏွစ္ထပ္တိုက္အိမ္ခပ္ႀကီးႀကီး။

မ်က္စိေအးေသာ အျပာႏုေရာင္ကိုေရြးခ်ယ္ကာတစ္အိမ္လံုးကိုေဆးသုတ္ထားသည္။ၿခံထဲတြင္ အေရာင္အေသြးစုံလင္ေသာ သစ္ပင္၊ပန္းပင္ တိုလီမုတ္စ‌ကေလးမ်ားကို ပန္းၿခံတစ္ခုသဖြယ္ စီတန္း‌ကာစိုက္ပ်ိဳးထားသည္။

စံပယ္အိုးပုတ္၊ကစၥမီ၊ႏွင္းဆီ အစရွိတဲ့ပန္းေတြကိုေတာ့ ၿခံပတ္ပတ္လည္မွာ ေထာင့္‌ေစ့ေနေအာင္ အက်အနေနရာခ်ၿပီးစိုက္ထားသည္ကိုေတြ႕ရသည္။အဲ့အနီးအနားမွာ လသာေဆာင္သေဘာမ်ိဳးနဲ႔ အမိုးတစ္ခုေအာက္မွာခ်ထားတဲ့ စားပြဲနဲ႔ခုံေတြ။

ၿခံရဲ့ညာဘက္အျခမ္း အိမ္ေပါက္ဝနဲ႔နီးတဲ့ေနရာမွာ‌ေတာ့ ဒန္းတစ္ခု။ဘယ္ဘက္ကိုၾကည့္လိုက္မယ္ဆိုရင္ ဆယ္‌ေပက်ယ္ဝန္းတဲ့ ေရကူးကန္တစ္ကန္။ကားဂိုေဒါင္ထဲမွာေတာ့ crown အျဖဴေရာင္တစ္စီးပါကင္ထိုးထားသည္။

ထိုင္လိုက္ရင္ျမႇုပ္ဝင္သြားေလာက္ေအာင္ အိစက္ေနတဲ့ ဆိုဖာခုံတန္းရွည္ေတြထားထားတဲ့ ဧည့္ခန္း။ဖန္ႏွင့္ျပဳလုပ္ထားေသာေလးေထာင့္စားပြဲခုံတစ္ခုအား ထိုဆိုဖာမ်ားႏွင့္ ဝိုင္းကာပတ္ထားသည္။

ႏွစ္ေပခြဲစာေလာက္ရွည္တဲ့ တီဗီတစ္လုံးလည္းရွိေသးသည္။ဧည့္ခန္းရဲ့ေထာင့္ေနရာမွာ ကေလးကစားစရာအ႐ုပ္ေတြကို ပလက္စတစ္ဘူး သံုး‌ေလးဘူးထဲထည့္ၿပီး အထပ္ထပ္ဆင့္ကာတင္ထားသည္။

ဧည့္ခန္းမွာလူအိပ္ခန္းတစ္ခန္းစာမၽွက်ယ္ဝန္းၿပီး ဧည့္ခန္းရဲ့ေရွ႕ဘက္မွာ ဘုရားခန္းတစ္ခန္းရွိသည္။ထိုဘုရားခန္းထဲတြင္ ၾကည္ညိဳဖြယ္ေကာင္း‌ေသာေရႊ‌ေရာင္ဝင္းလက္‌ေနသည့္ဘုရားတစ္ဆူကိုဝင္လိုက္သည္ႏွင့္ေတြ႕နိုင္သည္။

ႏွင္းဆီပန္းအနီေရာင္‌မ်ားအျပည့္ထိုးထား‌ေသာ ေၾကးပန္းအိုးႏွစ္အိုး၊ ေႂကြပန္းအိုးသံုးအိုး အသီးသီးႏွင့္ ‌ေသာက္ေတာ္ေရငါးခြက္၊ဆြမ္း၊ဟင္းမ်ားကိုလည္း အစုံအလင္ ကပ္လွူထားသည္မွာ ျမင္ရသူအဖို႔ စိတ္ခ်မ္းေျမ့သြားမည္မွာအမွန္ပင္။

အိမ္ထဲဝင္ၿပီး ဧည့္ခန္းကိုေက်ာ္သြားမည္ဆိုလၽွင္ ဘယ္ဘက္အျခမ္း၌ အေပၚထပ္သို႔တက္ရန္ေလွကားတစ္ခုႏွင့္လူ‌ေနခန္းတစ္ခန္း။ညာဘက္တြင္ေတာ့ ဟာလာဟင္းလင္းနံရံ။

ဆက္ေလၽွာက္သြားရင္ မီးဖိုေခ်ာင္။အဲ့မွာေတာ့ ဂတ္စ္မီးဖို၊ေဘစင္နဲ႔ ပန္းကန္တင္တဲ့စင္‌ေတြအျပည့္။လူတစ္ရပ္ေလာက္ရွိတဲ့ ေရခဲေသတၱာအမည္းေရာင္ႏွစ္လုံး။တစ္လုံးက ထမင္းခ်က္တဲ့အခါလိုအပ္တဲ့ အသီးအႏွံ့ေတြထည့္ဖို႔၊ေနာက္တစ္လုံးကေတာ့ အေအးဗူး‌ေတြနဲ႔သစ္သီးဝလံေတြ။အထူးသျဖင့္ေတာ့ စေတာ္ဘယ္ရီသီးျခင္းမွာ အမ်ားဆုံးေနရာယူထားသည္။

မီးဖိုေခ်ာင္ေဘးခန္းက‌ ေလေကာင္းေလသန႔္‌ဝင္‌ေသာျပတင္းေပါက္တစ္ေပါက္ပါသည့္ ထမင္းစားခန္း။ကၽြန္းသစ္နဲ႔လုပ္ထားတဲ့ ထမင္းစား စားပြဲခုံတစ္လုံးရယ္၊ထိုင္ခုံငါးခုံရယ္။
အေပၚထပ္မွာ‌ေတာ့ လူအိပ္သည့္အခန္း ႏွစ္ခန္းသာရွိသည္။

"ေဖေဖ"

ေနာက္ေဖးကေနထြက္လာတဲ့ ကေလးေသးေသးေလးတစ္ေယာက္။အသားယားစရာေကာင္းေအာင္ ပါးကေဖာင္းေနတာပဲ။ျဖဴျဖဴလုံးလုံးကေလး။ေဖေဖဟုေခၚကာအိမ္ေရွ႕အေပါက္ဝကလူတစ္ေယာက္ဆီကိုေျပးလာေနသည္။

"သားေလး"

ကမၻာေပၚမွာအရွားပါးဆုံးအျပဳံးခ်ိဳခ်ိဳႏွင့္ ျပဳံးျပကာ ကေလးကိုခ်ီၿပီးေပါင္ေပၚတင္ထားလိုက္သည္။ဝွီးခ်ဲေပၚမွာထိုင္ေနတဲ့အဲ့လူက ဒီကေလးေလးရဲ့အေဖ။

မ်က္ႏွာက ေလးေထာင့္ဆန္ၿပီး ေရွ႕ဆံပင္ကမ်က္ခုံးေမႊးကိုမသိမသာေလးဖုံးလႊမ္းေနတယ္။အညိဳဘက္သန္းတဲ့အသားရည္နဲ႔‌ေတာင္မွ ျပစ္ခ်က္မရွိ‌ေလာက္‌ေအာင္လိုက္ဖက္တဲ့သူ။ေမးေစ့ေကာ၊ႏွာေခါင္းေကာကခၽြန္ခၽြန္ေလး။အျမဲလိုလို ၾကဳတ္ေနတတ္တဲ့သူ႔ရဲ့မ်က္ခုံးႏွစ္ဖက္က သားေလးနဲ႔ေတြ႕ရင္ေတာ့ပုံမွန္ျပန္ျဖစ္သြားတတ္သည္။

"ေဖေဖဒီေန႔အေခ်ာႀကီး ျပန္ယာတယ္ေနာ္"

"ဒါေပါ့ ေဖ့သားေလးကိုလြမ္းလို႔ အလုပ္က‌ေနေစာေစာျပန္လာခဲ့တာ"

သားေလးကိုေပြ႕ဖက္ၿပီး အလြမ္းသယ္ေနတဲ့ဖေအရဲ့ေဘးမွာ မန္ေနဂ်ာေယာင္ေယာင္၊ဘာေယာင္ေယာင္နဲ႔ ထြားထြားႀကိဳင္းႀကိဳင္းလူတစ္ေယာက္။အိတ္အမဲတစ္အိတ္ကိုင္ကာ ‌ေက်ာက္တိုင္တစ္ခုသဖြယ္ ေတာင့္ေတာင့္ႀကီးရပ္ေနသည္။

ဘာပဲျဖစ္ျဖစ္ သူကအေရးမႀကီးဘူး။အဓိကက ဝွီးခ်ဲေပၚမွာထိုင္ေနတဲ့လူ။သူ႔နာမည္က ထူးျခားတယ္ ဂၽြန္တဲ့။

သူ႔ကို June လမွာေမြးခဲ့တာေၾကာင့္ သူ႔အ‌ေမကဂၽြန္လို႔နာမည္ေပးခဲ့တာ။အမွန္ဆိုရင္ ျမန္မာလိုဘာသာျပန္လိုက္တဲ့အခါ ဇြန္လို႔အဓိပၸာယ္ရေပမယ့္ မိန္းမဆန္သလိုခံစားရလို႔ ဂၽြန္လို႔ပဲမွည့္ေပးျဖစ္ခဲ့တာ။

ဒီ ဂၽြန္ဆိုတဲ့ နာမည္တစ္လုံးက သူ႔ဘဝအတြက္ေကာ၊သူ႔ရဲ့လုပ္ငန္းအတြက္ေကာ အေရးပါတဲ့အမည္နာမတစ္ခု။သူဒီနာမည္ကို သေဘာလည္းက်သလို၊တန္ဖိုးလည္းထားသည္။

ဂၽြန္က သူ႔အေမကိုအရမ္းခ်စ္တာ။ဘဝမွာအခ်စ္ဆုံးနဲ႔တန္ဖိုးမျဖတ္နိုင္ဆုံးအရာကဘာလဲလို႔ေမးရင္ သားေလးနဲ႔သူ႔အေမပဲ။က်န္တာ‌ေတာ့သူ႔ေခါင္းထဲမွာမရွိဘူး။လုပ္ငန္းဆိုတဲ့အရာက သူ႔အေမရဲ့ေနာက္ဆုံးဆႏၵမို႔သူလုပ္ေနတာ။သူ႔သားေလးေရွ႕ေရးအတြက္လည္းေရွ႕ေဆာင္လမ္းျပအ‌ေနနဲ႔ျဖစ္ေစခ်င္တာလည္းပါသည္။

ဂၽြန႔္ရဲ့အလုပ္က စားေသာက္ဆိုင္‌ေတြအားလံုးကိုအုပ္ခ်ဳပ္ရတာ။သူခ်က္စရာမလိုဘူး စားဖိုမွူးေတြပဲအကုန္လုပ္သြားတာ။သူကဗဟိုကုမၸဏီမွာထိုင္ၿပီး ရွယ္ယာဝင္မယ့္လူေတြနဲ႔ ေဆြးေႏြးတယ္။လုပ္ငန္းတိုးခ်ဲ႕သင့္ရင္တိုးခ်ဲ႕ဖို႔ အေဆာက္အအုံေတြေဆာက္တဲ့အခါ တာဝန္ခံလက္မွတ္ထိုးေပးရသည္။

ဆိုင္ပြဲေပါင္း ေလးငါးဆယ္ေလာက္ေတာ့ရွိမည္။ဒါေတြအားလုံးက သူပိုင္တဲ့ဟာေတြခ်ည္းပဲ။ေငြဆိုတာ သူ႔လက္ထဲမွာသုံးမကုန္ေအာင္ကိုရွိတာ။ဝွီးခ်ဲေပၚမွာထိုင္ေနရ‌တယ္ဆိုေပမယ့္ သူအလုပ္‌ေတြဆက္လုပ္တယ္။

ခန႔္ထားတဲ့မန္ေနဂ်ာအကူအညီနဲ႔ ႐ုံးသြား႐ုံးျပန္ အဆင္ေျပတာေၾကာင့္ နားနားေနေနမေနဘဲ ကုမၸဏီကိုလည္ျမဲအတိုင္း လည္ပတ္ေနေစခဲ့သည္။

သူဟာ ေရေသလိုပဲ လွုပ္ခတ္ျခင္းမရွိဘူး။
ေပ်ာ္စရာေတြဆိုတာလည္း သူ႔ဘဝမွာမရွိေတာ့တာအေတာ္ေလးကိုၾကာခဲ့ပါၿပီ ေမေမဆုံးသြားကတည္းကေပါ့။
သူေတြးမိတယ္ သူ႔ကိုေမာင္ႏွမသားခ်င္းမရွိဘဲနဲ႔ ဘာလို႔တစ္ေယာက္တည္းေမြးခဲ့ရတာလဲလို႔ေပါ့။
ေဖေဖတစ္ေယာက္ေတာ့အသက္ရွင္က်န္ရွိေနပါေသးသည္။သို႔ေသာ္ ေႏြးေထြးမွုမရွိ၊ေပြလိမ္ရွုပ္ေထြတဲ့ လူတစ္ေယာက္။

ေငြေရးေၾကးေရး ပူပန္စရာမလိုေလာက္ေအာင္ မ်ိဳးႏွင့္ရိုးႏွင့္ က်ိက်ိတက္ခ်မ္းသာေသာ္လည္း ထိုပိုင္ဆိုင္မွုေတြကေမတၱာတရားမွမေပးနိုင္ခဲ့ဘဲ မက္ေမာဖို႔ရန္လည္းမေတြးမိခဲ့ပါဘူး။
အေဖတစ္ေယာက္ရွိေနရက္နဲ႔ တစ္အိမ္ထဲမွာအတူမေန၊မိန္းမတကာႏွင့္ ဟိုတယ္အစုံမွာလွည့္လည္အိပ္တာ‌ကို ဂၽြန္လုံးဝသေဘာမက်ဘူး။

ေမေမဆုံးခဲ့တာကလည္း အေဖ့ပေယာဂမကင္းဘူး။ဂၽြန္လူပ်ိဳစျဖစ္ခ်ိန္ အသက္18ႏွစ္ေလာက္မွာ ေမေမဆုံးသြားတာ။

ေဖေဖ့ကိုမုန္းလားလို႔ သူ႔ကိုယ္သူအႀကိမ္ႀကိမ္ေမးၾကည့္ခဲ့ဖူးသည္။သူမမုန္းပါ သို႔ေသာ္နာက်ည္းခ်က္ေတာ့ ရင္ထဲမွာရွိသည္။ေမေမဆုံးခဲ့ရတာ ေဖေဖ့ရဲ့အရွုပ္ဇယားေတြေၾကာင့္ ေယာက္်ားျဖစ္သူရဲ့အၾကင္နာတရားကိုအျပည့္အဝမခံစားရဘဲ ေကာင္းကင္ဘုံသို႔ငယ္ငယ္ရြယ္ရြယ္ႏွင့္ကူးေျပာင္းသြားခဲ့ရသည္။

တစ္ဖက္ကၾကည့္ျပန္ရင္လည္း ေမေမစိတ္ဆင္းရဲျခင္းဆို‌တဲ့ဝဋ္က‌ေနကၽြတ္သြားခဲ့ရတာပါပဲ။ဒါေပမယ့္ သားေလးသူ႔ဘဝထဲကိုေရာက္လာခဲ့တဲ့အခ်ိန္ကစၿပီး ဂၽြန္အင္အားရွိလာခဲ့သည္။

"သား မုန႔္စားၿပီးၿပီလား ဘာစားခ်င္ေသးလဲ ေဖေဖဘာဝယ္ေကၽြးရမလဲ ငါ့သားဆံပင္ေတြလည္းရွည္ေနၿပီညႇပ္ေပးရအုံးမယ္"

"ခ်ားခ်င္တာရွိဘူး တီတီတို႔ပူတင္းလုပ္ေကၽြးထားတယ္ ဝူဝူခ်ိဳင္မွာ ဂ်ပင္ညႇပ္ခ်င္ဝူးေနာ္ ညႇပ္နဲ႔ေနာ္ ေဖေဖ"

ဂၽြန္ ကေလးရဲ့ထိုး‌ေထာင္‌ေနတဲ့ဆံပင္ကို ကိုင္ၿပီးေျပာေတာ့ ကေလးကေခါင္းယမ္းကာ အတင္းျငင္းသည္။

ျငင္းတာလည္းအေၾကာင္းရွိတယ္။အရင္တစ္ခါဆိုင္မွာသြားညႇပ္တုန္းက ဆိုင္ရွင္ကသူ႔ကို ဆံပင္ဂုတ္နားေလးမွာ ၿမီးရွည္ေလးထာ‌းေပးလိုက္တာ။ဆိုင္မွာတုန္းကသူမဟုတ္တဲ့အတိုင္းၿငိမ္ေနၿပီးေတာ့ အိမ္လည္းေရာက္ေရာ ငိုေတာ့တာပဲ သူ႔ပုံကႂကြက္နဲ႔တူေနလို႔တဲ့။

ရွည္ေနတဲ့ဆံပင္ေအာက္နားက ႂကြက္ၿမီးလိုျဖစ္ေနေတာ့ သူ႔ကိုယ္သူႂကြက္လို႔ထင္သြားတာျဖစ္မယ္။အဲ့ေန႔ကဆို ဘာမွလည္းမစားဘဲ ငိုပဲငိုေနတာ မနည္းေခ်ာ့လိုက္ရတယ္။ေနာက္ေန႔မွ အိမ္မွာအိမ္ေတာ္ထိန္းအေနနဲ႔အလုပ္လုပ္ေနတဲ့ အန္တီခင္အဲ့အေမႊးကိုညႇပ္ေပးလိုက္မွ သူေက်နပ္သြားတာ။

အေကာင္ကသာေသးေသးေလးေပမယ့္ ဖေအအတိုင္းပဲစိတ္ႀကီးတယ္။ႀကိဳက္တဲ့အရာ‌ေတြ႕ရင္လည္း လုံးဝလက္မလႊတ္တတ္သလို၊ မႀကိဳက္ဘူးဆိုရင္လည္း အသံေတာင္မၾကားခ်င္တဲ့လူမ်ိဳး။

ဒီအိမ္ႀကီးမွာ ဂၽြန္တို႔သားအဖနဲ႔အတူ အိမ္ေတာ္ထိန္းအန္တီခင္ရဲ့တူမျဖစ္သူ ၁၆ႏွစ္အရြယ္ျဖဴသြယ္ဆိုတဲ့ေကာင္မေလးတစ္ေယာက္ အားလုံးေပါင္းေလးေယာက္ ဒီအိမ္အက်ယ္ႀကီးထဲမွာေနၾကသည္။

ေအာက္ထပ္ကအခန္းမွာ အန္တီခင္နဲ႔ျဖဴသြယ္ေနၿပီး အေပၚထပ္မွာဝူဝူနဲ႔ဂၽြန္ကတစ္ခန္းေနၾကသည္။က်န္တဲ့အခန္းကို‌ေတာ့ အလြတ္ထားထားသည္။

ကေလးကို ဂၽြန္ကလုံးဝခြဲမသိပ္ဘူး။သူ႔အနားမွာပဲအျမဲထားတယ္။ကေလးကိုျပဳစုေပးတာေတာ့ အန္တီခင္တို႔ပဲ။ဘာလို႔ဆို ဂၽြန္ကဝွီးခ်ဲနဲ႔ဆို‌ေတာ့ သူဘာမွမလုပ္ေပးနိုင္ဘူး။ဒါေၾကာင့္ အန္တီခင္တို႔ကိုပဲသူအားကိုးေနရတာ။

"ဒါဆို ေဖ့သားေလး အိမ္မွာပဲတီတီခင္တို႔နဲ႔ညႇပ္မလား"

"အင္း ဟိုခ်ိဳင္မတြားရရင္ၿပီး‌ေရာ"

ဝူဝူေလးက ဂၽြန္နဲ႔ဇီဇဝါရဲ့တစ္ဦးတည္းေသာသားေလး။အသက္ကေတာ့ ခုမွ ႏွစ္ႏွစ္။မပီကလာပီကလာနဲ႔ စကားေျပာတတ္ေနၿပီ။

ဝူဝူအသက္တစ္ႏွစ္ခြဲမွာ ဇီဇဝါနဲ႔ဂၽြန္ခရီးတစ္ခုသြားခဲ့တယ္။ကံမေကာင္းခ်င္ေတာ့ ကားမေတာ္တဆမွုျဖစ္ပြားခဲ့ၿပီး ဇီဇဝါ ထိုေနရာမွာတင္ပဲဆုံးသြားခဲ့သည္။ဒီမေတာ္တဆမွုေၾကာင့္ ဂၽြန္ရဲ့ေျခေထာက္ျပင္းျပင္းထန္ထန္ထိသြားခဲ့ၿပီး ခုလိုဝွီးခ်ဲနဲ႔ေနေနရျခင္းျဖစ္သည္။ကေလးကေတာ့ အန္တီခင္တို႔နဲ႔အိမ္မွာက်န္ခဲ့တာမို႔ အႏၲရာယ္ကင္းကင္းရွိေနခဲ့သည္။
© Noon ,
книга «တိမ်စိုင်ငယ်လို».
Коментарі