Ep_6
Unicode
ဗီး ဗီး ဗီးးးးးး
ဂျွန်တို့စကားပြောနေကြတဲ့အချိန်မှာ ကိုမင်းအိုင်ဆီကိုဖုန်းတစ်ကောဝင်လာသည်။
"ဟယ်လို ဘာကိစ္စရှိလို့ပါလဲ"
"ဟယ်လို ကလေးလားမသိဘူး"
"ဘယ်က ကလေးလဲ ဖုန်းမှားနေပြီထင်တယ်"
"မမှားပါဘူး ဒီဖုန်းပိုင်ရှင်က ကလေးလို့မှတ်ထားလို့ပါ"
"ဘယ်သူလဲ"
ကိုမင်းအိုင်ဖုန်းပြောသံကြားတော့ ဂျွန်ဝင်မေးတာနဲ့ ဖုန်းကိုဂျွန့်ဆီလွှဲပေးလိုက်သည်။
"ကလေးနဲ့ပြောချင်လို့ပါ"
ကလေးဆိုတော့ ဂျွန်လည်းသူ့သားကိုငုံ့ကြည့်ပြီး။
"ကျွန်တော့်သားနဲ့လား"
တစ်ဖက်ကလူနှစ်ယောက် ကလေးဆိုတဲ့စကားလုံးနှစ်လုံးနဲ့တိုင်ပတ်နေကြသည်။တိမ်စိုင်ကလည်းမှတ်ထားတာမရှင်းမရှင်းကိုး။သတင်းစာထဲက ကလေးထိန်းခေါ်တဲ့ဖုန်းနံပါတ်ကို နာမည်အပြည့်အစုံမရေးထားဘဲ ကလေးလို့ရေးပြီးမှတ်ထားတော့ နှစ်ဖက်စလံုးဒုက္ခေရာက်ေနကြသည်။
"ဘာတွေပြောနေမှန်းမသိဘူး ဟိုလေ ဖုန်းပိုင်ရှင်ရေနစ်နေလို့ ခုကျွန်တော်တို့ဆယ်ထားတာ အဲ့တာကြောင့်ဒီဖုန်းနံပါတ်ကိုဆက်လိုက်တာ ကလေးလို့မှတ်ထားတော့ ဒီကောင်လေးရည်းစားထင်လို့ ဘာပဲဖြစ်ဖြစ်လာခေါ်လိုက်ပါလား မဟုတ်ရင်သူအအေးပတ်ပြီးသေသွားလိမ့်မယ်"
အဲ့တာနဲ့ပဲ ဂျွန်ကသွားခေါ်ဖို့အတွက် ကိုမင်းအိုင်ကိုလွှတ်လိုက်တယ်။မလွှတ်ရင်လည်း ဒီကောင်လေးတစ်ခုခုဖြစ်သွားခဲ့လို့ရှိရင် အမှုပတ်မှာလေ။ဒါကြောင့် နောက်ကိစ္စနောက်မှရှင်းမယ်ဆိုပြီး သွားခေါ်ခိုင်းလိုက်သည်။
"သူဌေးဒီကောင်လေးကိုဘယ်မှာထားရမလဲ"
ကိုမင်းအိုင် ရေတွေစိုရွှဲနေတဲ့တိမ်စိုင့်ကို အိမ်ထဲပွေ့ချီလာပြီး ဂျွန့်ရှေ့မှာရပ်ကာမေးသည်။
"ကျွန်တော့်အခန်းထဲကိုပဲပို့ထားလိုက်"
ကိုမင်းအိုင် တိမ်စိုင့်ကိုမနိုင်မနင်းနဲ့သယ်ပြီးအပေါ်ထပ်တက်သွားတော့ ဝူဝူသူ့အဖေပေါင်ပေါ်ကနေခုန်ဆင်းကာအပေါ်ထပ်ကိုလိုက်သွားသည်။
ဂျွန်ကော သူ့သားကောအခန်းထဲမှာ။ခုတင်ပေါ်တင်ထားတဲ့ တိမ််စိုင့်ကို ဂျွန်တို့သားအဖ တစိမ့်စိမ့်ထိုင်ကြည့်နေကြသည်။ဝူဝူလည်းခုတင်ပေါ်မှာထိုင်ပြီး တိမ်စိုင့်အသားကိုတို့ကြည့်နေသည်။
"ဖေဖေ ကိုကို့အသားကအေးနေယယ်"
အေးမှာပေါ့ စိုရွှဲနေတဲ့လူကို ဒီအတိုင်းကြီးခုတင်ပေါ်တင်ထားတာလေ။ဂျွန်ကသူ့ပစ္စည်းတွေဆိုအရမ်းတွန့်တိုတာ။ဒါပေမယ့် ဘာစိတ်ကူးပေါက်သွားလဲတော့မသိ တိမ်စိုင်ကိုအဝတ်လဲပေးဖို့အတွက် အကျီနဲ့ဘောင်းဘီသွားထုတ်လာသည်။
ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ နှုတ်ခမ်းတွေကြောင့် ဂျွန် တိမ်စိုင့်ကိုသနားသလိုလိုဖြစ်လာသည်။အကျီကြယ်သီးတစ်ခုစီကိုဖြုတ်ရင်း ထွက်ပေါ်လာတဲ့ဗိုက်သားဖြူဖြူလေးက မထိရက်စရာ။ဂျွန်ကြာကြာတောင်မကြည့်နိုင်ဘဲ မျက်နှာကိုလွှဲကာ အဝတ်ကိုသာဆက်ချွတ်သည်။ဝူဝူကတော့ ဘေးကနေသူ့အဖေလုပ်သမျှကိုထိုင်ကြည့်နေသည်။
တိမ်စိုင့်ကိုယ်ကိုဆွဲမကာ အကျီကိုချွတ်ပြီး သူ့မှာရှိတဲ့လက်ရှည်တစ်ထည်ကိုဝတ်ပေးလိုက်သည်။နောက်တော့ ဘောင်းဘီလဲပေးရမည့်အချိန်ကိုရောက်လာသည်။ဂျွန်လက်တွေတုန်နေပြီး ဘောင်းဘီကြယ်သီးကိုမကိုင်နိုင်။ဒါပေမယ့်လည်း မျက်စိစုံမှိတ်ပြီးလဲပေးလိုက်ပါသည်။တစ်ယောက်တည်း ဝှီးချဲနဲ့ရှေ့တိုး၊နောက်ဆုတ်အဝတ်လဲပေးလိုက်ရတာ လက်မောင်းတွေပါအောင့်လာသည်။
ခဏနေတော့ ကိုမင်းအိုင်ကိုခေါ်ပြီးတိမ်စိုင့်ခန္ဓာကိုယ်ကိုပြန်မ,ခိုင်းသည်။အိပ်ရာခင်းတွေစိုရွဲသွားတာမို့ လဲဖို့လိုအပ်တယ်လေ။ဒါကြောင့် ဝူဝူ့ကိုခုံပေါ်မှာတင် တိမ်စိုင့်ကိုလည်းထိုင်ခုံပေါ်ခဏတင်ထားကာဖြူသွယ့်ကိုအိပ်ရာခင်းလဲခိုင်းသည်။
"ကိုမင်းအိုင် သူ့ကိုအိပ်ရာပေါ်မှာပဲပြန်သိပ်လိုက်ပါ"
ကိုမင်းအိုင်လည်းတော်တော်ညောင်းသွားလောက်ပြီ။သူ့မှာအပေါ်ထပ်ကိုလည်းတင်ပေးရတယ်။ခုလည်းခုတင်ပေါ်ကိုတင်လိုက်၊ချလိုက်။ငှက်ေမွှးေလးလိုပေါ့ပေါ့လေးထင်နေလို့လားမသိဘူး။
သူဌေးဆိုတော့မလုပ်ပေးပြန်ရင်လည်းမကောင်းဘူးလေ။အဲ့တော့ သည်းညည်းခံပြီးသာလုပ်ပေးေနရသည်။ဂျွန်ခိုင်းတာတွေအကုန်လုပ်ပေးပြီးတော့မှ ဖြူသွယ်နဲ့ကိုမင်းအိုင်အသက်ရှုချောင်သွားကာ အခန်းထဲကထွက်လာကြသည်။
"ဦးလေး ဦးလေး ဒီနေ့ကိုကြီးဂျွန်ထူးဆန်းနေတယ်နော်"
"ဘာထူးဆန်းလို့လဲ အရင်အတိုင်းပဲ ငါတို့ကိုပွစိပွစိနဲ့ခိုင်းနေတာပဲလေ"
ကိုမင်းအိုင်က ဖြူသွယ်နဲ့ဆိုရင် အကိုအရွယ်လည်းမဟုတ် ဦးလေးအရွယ်ေလာက်ရှိတာကြောင့် ဖြူသွယ်ဦးလေးလို့သာခေါ်သည်။ကိုမင်းအိုင် ဂျွန့်ဆီမှာအလုပ်လုပ်တာ ခုနစ်နှစ်လောက်ရှိပြီဆိုတော့ ဂျွန့်အေကြာင်းဆို ခရေစိတွင်းကျအကုန်သိသည်။ဖြူသွယ်လည်းထိုနည်းတူ။အန်တီခင်နဲ့ဒီအိမ်မှာနေနေတာ ဆယ်နှစ်လောက်တော့ရှိနေပြီ။ဂျွန့်အမေမဆုံးခင်ကတည်းကပေါ့။
"မဟုတ်ဘူး ဦးလေးသေချာစဉ်းစားကြည့် ဒီအိမ်မှာကအခန်းအလွတ်တစ်ခန်းရှိသေးတာကို ဘာလို့အဲ့အခန်းမှာအဲ့ကိုကြီးကိုမထားဘဲ သူ့အခန်းထဲမှာထားခိုင်းရတာလဲ ပြီးတော့ ကိုကြီးဂျွန်ကသူ့အဝတ်တွေကိုဝတ်ပေးထားတာတွေ့တယ် သူပိုင်တာဆိုရင်သမီးတို့ထိတာကိုေတာင်မကြိုက်တဲ့လူက အဝတ်တောင်လဲဝတ်ပေးထားသေးတယ် ပုံမှန်ဆိုသမီးတို့ကိုခိုင်းရမှာမဟုတ်ဘူးလား"
"အေးနော် ဟုတ်သားပဲ ဦးလည်းသမီးပြောမှသတိထားမိတယ် အဝတ်ကျတော့သူကိုယ်တိုင်လဲပေးထားပြီး သယ်ရမယ်လည်းဆိုရောငါတို့ကိုခေါ်တော့တာပဲ ဒါကတော့ရှိပါစေ သူမှမထနိုင်တာ လုပ်ပေးရမှာဦးလေးတို့တာဝန်ပဲ ဒါနဲ့အဲ့ကောင်လေးက တော်တော်ချောတယ် မော်ဒယ်လားမသိဘူး"
လှေကားဆင်းနေရင်း နှစ်ယောက်လေကြောရှည်နေကြသည်။သူတို့ပြောတာလည်းဟုတ်တော့ဟုတ်ပါတယ်။ဂျွန်ကအိပ်ရာခင်းကလွဲပြီးဖြူသွယ်တို့ကိုထိခိုင်းတာမဟုတ်ဘူး။အဝတ်ဆိုရင်လည်းကိုယ်တိုင်ပဲလျှော်တာ။အဲ့လိုလူက ဒီလိုမျိုးလုပ်တယ်ဆိုတော့ ထူးခြားအန့်ဖွယ်ဖြစ်ရပ်ပဲ။
နှစ်ယောက်ပြောပြောဆိုဆိုနဲ့ အတင်းတုတ်ပြီးဆင်းသွားချိန် အခန်းထဲကသားအဖနှစ်ယောက်ကတော့ ခုနကအတိုင်းတိမ်စိုင့်ကိုထိုင်ကြည့်နေကြစဲ။
"သား ကိုကိုအိပ်နေတာ အနားသိပ်မကပ်နဲ့လေနိုးသွားအုံးမယ်"
ဝူဝူတိမ်စိုင့်ေဘးမှာ မှောက်အိပ်ပြီး တိမ်စိုင့်မျက်နှာကိုငေးကြည့်နေသည်။ပြီးတော့ လက်မောင်းကိုလည်းကိုင်ကာ။
"ဖေဖေ ဒီကိုကိုရဲ့လက်မောင်းက ဖေဖေ့လိုပဲ"
တိမ်စိုင့်ရဲ့ ကြွက်သားအဖုအထစ်တွေကိုလက်သေးသေးလေးနဲ့ကိုင်ပြီး သူ့အဖေကိုပြောပြနေသည်။ဂျွန်လည်း ထိုင်သာကြည့်နေလိုက်တော့သည်။
"သား နို့ဘူးသောက်အုံး"
အန်တီခင်ဖျော်ပေးထားတဲ့ နွေးတေးတေးနို့ဘူးလေးကို ဝူဝူ့ဆီကမ်းပေးလိုက်တော့ အိပ်နေရာကထယူပြီး တိမ်စိုင့်ဘေးတွင်ပက်လက်လှန်ကာသောက်နေသည်။
ဂျွန်လည်းအိပ်နေတဲ့လူကိုထိုင်မကြည့်ချင်တော့တာနဲ့ အနောက်ကိုလှည့်ပြီး ဟိုအဒေါ်ကြီး ပွစာကြဲထားခဲ့တဲ့ သူ့နာရီတွေကို ပုဝါပါးလေးနဲ့သုတ်ကာ တစ်ခုချင်းပြန်ထည့်သိမ်းနေသည်။
ဝူဝူသူ့နို့ဘူးကိုဘေးခဏချပြီး တိမ်စိုင့်လက်မောင်းကိုသူခေါင်းအုံးအိပ်ဖို့ဘေးကိုဆန့်လိုက်သည်။နို့ဘူးကိုပြန်ဆွဲယူပြီးစို့နေရင်း ဒီနေ့ငိုထားရတာမောသွားလို့ထင်ပါရဲ့ ခွေခွေလေးအိပ်ပျော်သွားသည်။
ခဏကြာတော့ ဂျွန်သိမ်းစရာရှိတာသိမ်းပြီး ဝူဝူအသံတိတ်နေတာကြောင့် အိပ်ရာဘက်ကိုလှည့်လာတော့ တိမ်စိုင်နိုးနေတာကိုတွေ့သည်။
___________________________
"မင်း နိုးလာပြီလား"
တိမ်စိုင် ဂျွန့်မျက်နှာကိုသာငေးပြီး ပြန်ဖြေဖို့မေ့နေခဲ့သည်။သူရင်းနှီးခဲ့ဖူးတဲ့ အကြည့်တစ်ခုနဲ့တူနေတာကြောင့် မျက်စိပင်မလွှဲနိုင်။ဒါပေမယ့် သူအကြည့်လေးတစ်ခုပဲမြင်ခွင့်ရခဲ့တာပါ။ဖြူသလား၊မဲသလားတောင်မသိခဲ့ရပါဘူး။အချိန်တွေတော်တော်လေးကြာသွားခဲ့ရပြီလေ။ဆယ်နှစ် ဆယ်နှစ်ဆိုတဲ့အချိန်။
"ကျွန်..ကျွန်တော်ဘယ်ရောက်နေတာလဲဗျ"
"မင်းအခုငါ့အခန်းထဲမှာ မင်းရေနစ်တယ်ဆိုပြီးဖုန်းဆက်လာလို့ဒီမှာခေါ်ထားတာ"
"ဖုန်းဆက်တယ်"
တိမ်စိုင်လည်းနားမလည်တာေကြာင့် အိပ်ရာပေါ်မှာအိပ်ပြီး စဉ်းစားနေသည်။
"ဟုတ်တယ် ငါတို့ဖုန်းနံပါတ်ကဘာလို့မင်းဆီမှာရှိနေတာလဲ ပြီးတော့ ကလေးဆိုပြီးလည်းမှတ်ထားသေးတယ်"
သေစမ်း ဆိုပြီးတိမ်စိုင်ရေရွတ်မိသည်။သူဖုန်းထဲမှာမှတ်ထားခဲ့တာကို ခုမှသတိရသွားသည်။ဒီလိုဖြစ်မယ်မှန်းတော့ဘယ်သူကသိမလဲလေ။
"အဲ့တာကလေ သတင်းစာထဲမှာကလေးထိန်းခေါ်တယ်ဆိုပြီး ပါလာလို့ လိုရမယ်ရဖုန်းထဲမှာမှတ်ထားလိုက်တာ အရှည်ကြီးရေးပြီးမမှတ်ချင်တာနဲ့အတိုကောက်ရေးထားလိုက်မိတာ အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဗျ ကျွန်တော်ပြန်..ပြန်လိုက်ပါအုံးမယ်"
တိမ်စိုင်ကလေးဖိအိပ်ထားတဲ့လက်ကို အသာလေးဆွဲထုတ်ပြီး အိပ်ရာပေါ်ကနေထလိုက်တော့ သူ့ကိုယ်ပေါ်မှာရှိတဲ့အဝတ်ကသူမနက်တုန်းကဝတ်ထားတဲ့ဟာမဟုတ်မှန်းသတိထားမိသွားသည်။
ထွားလှပါချည်ရဲ့ဆိုတဲ့ ခန္ဓာကိုယ်ကို အခုဝတ်ထားတဲ့အကျီကလာလှောင်နေသလိုပဲ။တိမ်စိုင် လူစဉ်မမှီသလိုခံစားနေရသည်။သူ့လက်ထက်ပိုရှည်နေတဲ့အကျီလက် ဒီလူ့လက်ကရေဘဝဲလက်များလားမသိ။ဘောင်းဘီကလည်း ကြမ်းပြင်မှာတရွတ်တိုက်နေသည်။
"မင်းကဘယ်သွားမလို့လဲ"
ဂျွန် လှမ်းမေးတော့။
"အိမ်ပြန်မလို့ အိမ်မှာအမေတစ်ယောက်တည်းစောင့်နေတာ ကျွန်တော်ပြန်ရမယ် ဒါနဲ့ ကျွန်တော့်အဝတ်တွေဘယ်မှာလဲဗျ"
"ရေချိုးခန်းထဲက ဘေစင်ပေါ်မှာတင်ထားတယ်"
ဂျွန်လက်ညှိုးထိုးပြတဲ့အခန်းထဲ ရှည်နေတဲ့ဘောင်းဘီကိုဆွဲတင်ပြီး ပင်ဂွင်းလမ်းလျှောက်နည်းနဲ့ ဝင်သွားတဲ့တိမ်စိုင်။ဂျွန်ကတော့ တိမ်စိုင်အခန်းထဲဝင်သွားကတည်းက ရေချိုးခန်းတံခါးကိုစိုက်ကြည့်နေတာ တိမ်စိုင်ပြန်ထွက်လာတဲ့အထိပဲ။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"တိမ်စိုင်လို့ခေါ်ပါတယ် ဒါဆိုကွျန်တော်သွားလိုက်ပါအုံးမယ်"
နာမည်ကိုပြောပြခဲ့ပြီး တစ်ချိုးတည်းလှည့်ပြေးတော့တာပဲ။အောက်ထပ်မှာရှိတဲ့ ဖြူသွယ်တို့တောင်မသိလိုက်။တိမ်စိုင်သူ့လွယ်အိတ်ကိုယူကာ ခြံထဲကထွက်လာသည်။ပွင့်နေတဲ့တံခါးကိုပိတ်ရင်း ခြံတံခါးနားမှာကပ်ထားသည့် ဆိုင်းဘုတ်ကိုဖတ်ကြည့်လိုက်သည်။
မိုးမခအိမ်ရာ၊ခြံနံပါတ် 38 တဲ့ ကျေးဇူးတင်စကားတောင်မပြောခဲ့မိဘဲ အလျင်စလိုထွက်လာတာကြောင့် အားနာမိသလို။ဒါပေမယ့် အိမ်မှာအမေတစ်ယောက်တည်းကျန်ခဲ့တာကို စိတ်မချတော့ ကားလမ်းမကိုပြေးသွားပြီး YBS ပေါ်တက်ကာ အိမ်သို့ပြန်လာခဲ့သည်။
နှစ်နာရီကြာသည်အထိ ဖင်ပူအောင်စီးပြီးတော့မှ အိမ်ကိုရောက်လာခဲ့သည်။တော်သေးတာပေါ့ အမေအိပ်နေလို့ မဟုတ်ရင်စိတ်ပူနေတော့မှာ။
တိမ်စိုင်သူ့အခန်းထဲမှာ အဝတ်တွေချွတ်ရင်း ဝှီးချဲပေါ်မှာထိုင်နေတဲ့ဂျွန့်ရဲ့မျက်နှာကိုမြင်ယောင်လာသည်။ပြေလျော့နေတဲ့မျက်ခုံးတန်းနှစ်ခု၊မပွင့်တပွင့်နှုတ်ခမ်းနှင့် နွေးလျသောအကြည့်တို့။တိမ်စိုင်မြင်ဖူးသမျှလူတွေထဲမှာတော့ ဂျွန်ကအသားညိုညိုနှင့်အလိုက်ဖက်ဆုံးပင်။
ခဏတာတွေ့လိုက်ရသည့် လူတစ်ယောက်ကို အတွေးထဲကပင်မထုတ်ပစ်နိုင်။ညအိပ်ခါနီးရောက်မှ တိမ်စိုင်သတိရသည်။သူ နာမည်မမေးခဲ့လိုက်မိတာကို။
______________________
ဝူဝူ တစ်အိမ်လုံးကိုစိတ်ဆိုးနေတာ လွန်ခဲ့တဲ့သုံးရက်ကသူနိုးနိုးလာချင်း တိမ်စိုင်မရှိတော့ကတည်းကပဲ။
"ကိုကို့ကို ပြန်ထော်ပေး ဝူဝူ့ဆီကိုပြန်ထော်ယာပေး"
ဆိုဖာပေါ်မှာထိုင်ပြီး အော်ငိုနေတဲ့ဝူဝူ။ဘယ်လိုချော့ချော့မရ။ဒီေန့ထက်ထိ အိပ်တစ်ဝက်နိုးတစ်ဝက်နဲ့ဖြစ်နေတာ ဝူဝူကော ဂျွန်ကော။
ကလေးမျက်ကွင်းက ကတ္တရာေစးကို မျက်လုံးမှာကွင်းထားသလို။ဂျွန့်ရဲ့ရုပ်ကလည်း ရာဘာကွင်းကိုမျက်လုံးမှာစွပ်ထားတဲ့အတိုင်း သားအဖနှစ်ယောက်စလုံး တိရစ္ဆာန်ရံုထဲကလွတ်လာတဲ့ပန်ဒါရုပ်နဲ့။
အိပ်မပျော်စားမဝင် ကလေးကလည်းဂျီတအားတိုက်။ဂျွန်မအိပ်ရတာသံုးရက်ရှိေနပြီ အလုပ်လည်းမသွားနိုင်ဘူး။အန်တီခင်တို့လည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး ဘာလုပ်ပေးလို့လုပ်ပေးရမယ်မှန်းလည်းမသိ။
ဝူဝူကချော့သိပ်လည်းမအိပ် အိပ်တော့လည်းခဏလေး။ဒါပေမယ့်မုန့်တော့အစားမပြတ်ဘူး။သူဗိုက်ဆာတဲ့အချိန် နို့ဘူးစို့လိုက်၊ထမင်းစားလိုက်နဲ့ စိတ်ဆိုးတာကတစ်ကန့် ဗိုက်ဆာတာကတစ်ကန့် သပ်သပ်စီဆိုတော့ သံစုံတီးဝိုင်းလို တဂွီဂွီမြည်နေတဲ့ဗိုက်ကို သူပျော်တော်ဆက်ရေသးသည်။
ဗိုက်ပြည့်သွားရင်တော့စငိုတော့တာပဲ ခုဆိုအသံတွေပါဝင်နေပြီ။ငိုတာတောင် ရိုးရိုးမငိုဘူး မုဆိုးမလေးမဂင်္ဂါလိုအခန်းဆက်နဲ့ လူနာတင်ယာဉ်ကအချက်ပေးသံလိုမျိုး ဥဩဆွဲပြီးကိုငိုတာ ဘေးအိမ်ကလူတွေကြားရင် ကလေးကိုညှင်းပန်းနှိပ်စက်နေတယ်လို့ထင်ကြတော့မှာ။
"သားရယ် ဖေဖေလည်းပင်ပန်းနေပြီ မငိုပါနဲ့တော့ကွာ ဒီနေ့ဖေဖဖေဆေးရုံသွားရမှာ ဖေ့သားေလးလိုက်မယ်မလား သားကြိုက်တဲ့စုပ်လုံးဝယ်ကျွေးမယ်လေ"
စုပ်လုံးဆိုတဲ့အသံလည်းကြားရော ဟပ်ချေလာင်းဆိုပြီးမျက်လှည့်ပြလိုက်သလို ငိုသံတိကနဲပျောက်သွားေတာ့တာပဲ။အဲ့လိုပျောက်အုံးမှ မဟုတ်ရင်ဂျွန်လည်းအသက်ထွက်တော့မယ်။
_____________________
"နေရတာအဆင်ပြေလာပြီလားဂျွန် ဒဏ်ရာကတော့တော်တော်ေလးသက်သာနေပြီ လှေကားတက်ရတာရောဘယ်လိုနေလဲ"
ဆေးရုံခန်းထဲမှာ ဂျွန်နဲ့ကိုမင်းအိုင် ဆရာဝန်ပြောသည်ကို ဂရုတစိုက်နှင့်နားထောင်နေကြသည်။ဝူဝူကတော့တံခါးပေါက်နားက ထိုင်ခုံပေါ်မှာစုပ်လုံးစုပ်နေသည်။
"အဆင်ပြေပါတယ်ဆရာ လှေကားကိုချိုင်းထောက်နဲ့တက်ရတာအရင်လိုနာတာကျဉ်တာတော့သိပ်မရှိတော့ပါဘူး"
ယာဉ်တိုက်မှုဖြစ်ပြီးကတည်းက ဒီဆရာဝန်နဲ့ပဲတစ်လကိုတစ်ခါလောက်လာပြသည်။ညာဘက်ေခြေထာက်ကအကောင်းတိုင်းပေမယ့် ဘယ်ဘက်ကတော့အတိုက်ခံရတဲ့ဒဏ်ကြောင့် အက်သွားလို့ေကျာက်ပတ်တီးစီးထားရတာ။
အထိအခိုက်ပြင်းသွားတာဖြစ်တဲ့အတွက် လချီကာကုနေရသည်။ခုဆိုကျောက်ပတ်တီးတော့ဖြေလိုက်ပေမယ့် လမ်းလျှောက်လို့မရသေးပေ။ထို့ကြောင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လေ့ကျင့်ခန်းလုပ်ပေး၊ရေခဲကပ်ပေးနဲ့ ဘယ်သွားသွားဝီှးချဲနှင့်သာသွားရသည်။
"ပျောက်ဖို့သိပ်မလိုတော့ပါဘူး အားတင်းထားပါဂျွန် အခုဆရာတို့ ခြေထောက်ကိုလေ့ကျင့်ခန်းနည်းနည်းလုပ်ကြည့်ရအောင်"
"ဟုတ်ကဲ့ဆရာ"
ကိုမင်းအိုင် ဂျွန်ထလို့ရအောင်ထူပေးကာ စမ်းသပ်ချက်များလုပ်နေကြသည်။နာရီဝက်ကြာလောက်စစ်ဆေးပြီးတော့ ဂျွန် ဝှီးချဲပေါ်ထိုင်ကာ ဝူဝူ့ဘက်ကိုလှည့်ကြည့်တော့။
"ကိုမင်းအိုင် သားကော သားဘယ်ရောက်သွားပြီလဲ"
အခန်းအပေါက်ဝမှာထိုင်နေတဲ့ဝူဝူ နေရာမှာမရှိတော့တာကြောင့် ဂျွန်လန့်သွားသည်။သားလေးပျောက်လို့မဖြစ်ဘူး။
"သွားရှာလိုက်မယ်သူဌေး"
ကုသမှုမှာအာရုံရောက်နေတာနဲ့ ကလေးအခန်းထဲကထွက်သွားတာကိုသတိမပြုမိခဲ့ကြ။
ဂျွန်တို့ဆရာဝန်နဲ့ပြောနေကြတုန်း ပွင့်နေတဲ့တံခါးပေါက်ကို ဝူဝူလှမ်းကြည့်နေတဲ့အချိန်။
"ကိုကို"
တိမ်စိုင်နဲ့တူတဲ့ေကာင်ေလးတစ်ေယာက်ဖြတ်သွားတာကိုတွေ့လိုက်ပြီး အခန်းထဲကထွက်ကာအနောက်ကနေပြေးလိုက်သွားသည်။
"သားရယ် မင်းဘယ်ကိုသွားေနတာလဲကွာ"
=====================
Zawgyi
ဗီး ဗီး ဗီးးးးးး
"ဟယ်လို ကလေးလားမသိဘူး"
"ဘယ်သူလဲ"
"ကျွန်တော့်သားနဲ့လား"
"မဟုတ်ဘူး ဦးလေးသေချာစဉ်းစားကြည့် ဒီအိမ်မှာကအခန်းအလွတ်တစ်ခန်းရှိသေးတာကို ဘာလို့အဲ့အခန်းမှာအဲ့ကိုကြီးကိုမထားဘဲ သူ့အခန်းထဲမှာထားခိုင်းရတာလဲ ပြီးတော့ ကိုကြီးဂျွန်ကသူ့အဝတ်တွေကိုဝတ်ပေးထားတာတွေ့တယ် သူပိုင်တာဆိုရင်သမီးတို့ထိတာကိုတောင်မကြိုက်တဲ့လူက အဝတ်တောင်လဲဝတ်ပေးထားသေးတယ် ပုံမှန်ဆိုသမီးတို့ကိုခိုင်းရမှာမဟုတ်ဘူးလား"
"သား နို့ဘူးသောက်အုံး"
___________________________
"မင်း နိုးလာပြီလား"
"ဖုန်းဆက်တယ်"
တိမ်စိုင်လည်းနားမလည်တာကြောင့် အိပ်ရာပေါ်မှာအိပ်ပြီး စဉ်းစားနေသည်။
"မင်းကဘယ်သွားမလို့လဲ"
ဂျွန် လှမ်းမေးတော့။
"တိမ်စိုင်လို့ခေါ်ပါတယ် ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ်"
______________________
ကလေးမျက်ကွင်းက ကတ္တရာစေးကို မျက်လုံးမှာကွင်းထားသလို။ဂျွန့်ရဲ့ရုပ်ကလည်း ရာဘာကွင်းကိုမျက်လုံးမှာစွပ်ထားတဲ့အတိုင်း သားအဖနှစ်ယောက်စလုံး တိရစ္ဆာန်ရုံထဲကလွတ်လာတဲ့ပန်ဒါရုပ်နဲ့။
"သားရယ် ဖေဖေလည်းပင်ပန်းနေပြီ မငိုပါနဲ့တော့ကွာ ဒီနေ့ဖေဖဖေဆေးရုံသွားရမှာ ဖေ့သားလေးလိုက်မယ်မလား သားကြိုက်တဲ့စုပ်လုံးဝယ်ကျွေးမယ်လေ"
_____________________
"နေရတာအဆင်ပြေလာပြီလားဂျွန် ဒဏ်ရာကတော့တော်တော်လေးသက်သာနေပြီ လှေကားတက်ရတာရောဘယ်လိုနေလဲ"
"ဟုတ်ကဲ့ဆရာ"
"ကိုကို"
တိမ်စိုင်နဲ့တူတဲ့ကောင်လေးတစ်ယောက်ဖြတ်သွားတာကိုတွေ့လိုက်ပြီး အခန်းထဲကထွက်ကာအနောက်ကနေပြေးလိုက်သွားသည်။
"သားရယ် မင်းဘယ်ကိုသွားနေတာလဲကွာ"