Ep_2
Unicode
အန်တီခင်က အသက်အရွယ်ရနေပြီဆိုတော့ ကလေးနောက်ကိုတကောက်ကောက်လိုက်ပြီး မထိန်းနိုင်တော့ဘူး။ဖြူသွယ်လေးကလည်း ဆယ်တန်းဆိုတော့ သူ့မှာအိမ်အလုပ်လုပ်ရတာနဲ့ စာကျက်ရတာနဲ့ ကလေးကိုမနိုင်မနင်းထိန်းနေရတာ။ဖြူသွယ်ကဝူဝူနဲ့တော့တည့်သည်။
"အန်တီခင်၊ ဖြူသွယ် ဒီကိုခဏလာပါအုံး"
ဂျွန်အော်ခေါ်တော့ နောက်ဖေးကနေ ြဖူသွယ်တို့နှစ်ယောက်ကမန်းကတန်းနှင့် ပြေးထွက်လာကြသည်။
"ဂျွန်ပြန်တောင်ရောက်ပြီလား တီခင်တို့ကိုဘာခိုင်းစရာရှိလို့လဲ"
"ကိုကြီးဂျွန် သမီးကိုရောဘာခိုင်းစရာရှိလို့လဲ"
အသက် ငါးဆယ်အရွယ်လောက်ရှိသောအမျိုးသမီးတစ်ဦးနှင့်ဖြူသွယ် ဂျွန့်ရှေ့မှာမတ်တပ်လာရပ်သည်။
တစ်နေကုန်နောက်ဖေးမှာဟင်းချက်ရင်း ဝူဝူ့ကိုထိန်းေနကြတာ။ကလေးအိမ်ရှေ့ဘက်ကို ထွက်လာတာကိုတောင်မသိလိုက်ကြဘူးထင်တယ် မီးဖိုချောင်မှာအလုပ်ရှုပ်နေကြတော့။ဂျွန့်ကားသံကိုမကြားမိကြတော့ ရောက်နေမှန်းတောင်မသိ ဂျွန်ခေါ်မှ ကလေးကိုသတိရပြီး အလန့်တကြားနဲ့ထွက်လာကြတာ။
"အထွေအထူးတော့မဟုတ်ပါဘူး ကျွန်တော့်သားလေးကို ဆံပင်ညှပ်ခိုင်းမလို့ အရင်တစ်ခါလည်းအန်တီခင်တို့ပဲ ညှပ်ပေးကြတာလေ ကျွန်တော်လည်းမညှပ်တတ်တော့"
ဂျွန်ပြုံးပြပြီးပြောနေတာကြောင့် အန်တီခင်နဲ့ဖြူသွယ်တို့မငြင်းရဲကြပေ။အဲ့တာမှ ဒုက္ခလှလှကိုတွေ့တာ။အရင်တစ်ခေါက်ညှပ်တာက ရှည်ထွက်နေတဲ့နောက်ဆံပင်တစ်လက်မလောက်လေးကိုလေ။ခုကျတော့ တစ်ခေါင်းလုံးကိုညှပ်ပေးရမှာ။ဆံပင်ညှပ်တဲ့သူမှမဟုတ်တာ ဘယ်လိုလုပ်ညှပ်တတ်ကြမှာလဲ။
ဂျွန်ကတော့ စိတ်ချနေတဲ့ရုပ်နဲ့ ဖြူသွယ်တို့ကို ဝူဝူ့ခေါင်းတစ်ခေါင်းလုံးပုံအပ်လိုက်တာ။အန်တီခင်နဲ့ဖြူသွယ်ကတော့ နွေလယ်ခေါင်မှာမိုးကြိုးပစ်ခံလိုက်ရသလို မျက်နှာတွေမှုန်ကုတ်ပြီး ကြံရာမရဖြစ်ကာ တံတွေးတွေသာမြိုချနေကြသည်။
"ညှပ်ပေးဆိုတော့လည်း ညှပ်ပေးရမှာပေါ့"
အန်တီခင်ရဲ့အသံကဖေျာ့တော့ပြီး မျက်နှာကလည်းမအီမသာ။ဂျွန်တို့သားအဖကေတာ့ သူတို့ဖြစ်ချင်တာကိုပြောပြီး အုန်းသီးရသွားတဲ့မျောက်မျက်နှာနဲ့။
"ဝူဝူ လာမမဆီကို အခန်းထဲမှာဆံပင်သွားညှပ်ကြမယ်"
ဖြူသွယ်ချီဖို့လက်ကမ်းတော့ ဝူဝူသူ့အဖေပေါင်ပေါ်ကနေ ဆင်းပြီး ဖြူသွယ်ချီတဲ့နောက်ကိုပါသွားသည်။
ဝူဝူနဲ့ဖြူသွယ်ဝင်သွားတဲ့အခန်းထဲကို အန်တီခင်နောက်ကနေလိုက်ဝင်သွားသည်။ဂျွန်ကေတာ့လိုက်မဝင်သွားေတာ့ဘဲ အပြင်တွင်သာမန်နေဂျာနှင့်အတူနေရစ်ခဲ့သည်။
"ကိုမင်းအိုင်"
ဂျွန် ဘေးမှာထီးထီးကြီး ရပ်နေသော မန်နေဂျာဖြစ်သူမင်းအိုင်ထွန်းကိုလှမ်းခေါ်လိုက်တော့ ဂျွန်ရဲ့အနားကိုကပ်လာပြီးခါးကုံးကာပြန်ပြောသည်။
"ဟုတ်ကဲ့ ဆရာဘာခိုင်းစရာရှိလို့လဲ"
"သားလေးကိုထိန်းဖို့ ကလေးထိန်းတစ်ယောက်ရှာချင်တယ် သားလေးမှာဆော့ပေးမယ့်အဖော်မရှိဘူး ကျွန်တော်အလုပ်သွားရင် သားလေးကတစ်ယောက်တည်းဆော့နေရတာ ကျွန်တော်မကြည့်ရက်ဘူး"
ဂျွန်တွေးတာလည်းဟုတ်ပါသည်။ကလေးကတစ်ယောက်တည်း အဖော်မဲ့နေတော့ သူလည်းဘယ်နေနိုင်မလဲ။သူဌေးဖြစ်သူဂျွန် အကူအညီတောင်းသည့်လေသံဖြင့်ပြောသည်မို့ မင်းအိုင် တတ်နိုင်သလောက်အမြန်ရှာပေးမည်ဟုပြန်ဖြေလိုက်သည်။
နောက်တော့ ဧည့်ခန်းထဲမှာ စားသောက်ဆိုင်အသစ်တိုးချဲ့ဖွင့်လှစ်ဖို့ကိစ္စပြောနေရင်း..
"ဗြဲ....ဖေဖေ....!!"
အခန်းထဲကနေ ဝူဝူအာခေါင်ခြစ်ကာ အော်ငိုသံကြီးပေါ်ထွက်လာခဲ့သည်။
"သားလေးဘာဖြစ်လို့လဲ ဖေဖေလာပြီသား"
ကလေးကိုစိတ်ပူပူနှင့် ဝှီးချဲဘီးကို လက်ဖြင့်အားကုန်သုံးကာလှည့်ပြီးဝူဝူရှိတဲ့အခန်းထဲကိုဝင်သွားသည်။
အခန်းထဲမှငိုသံမပေါ်ထွက်ခင် လွန်ခဲ့သောဆယ့်ငါးမိနစ်ခန့်....
အန်တီခင်တို့အခန်းထဲလည်းရောက်ရော ဖြူသွယ်က ဝူဝူ့ကိုမှန်ရှေ့က ခုံအမြင့်ပေါ်မှာချပေးပြီး ဆံပင်ညှပ်ဆိုင်ကလုပ်သလို ကိုယ်သုတ်ပဝါတစ်ထည်ဆွဲယူကာ လည်ပင်းမှာပတ်ေပးထားလိုက်သည်။ဝူဝူကတော့ မှန်ရှေ့မှာ ငြိမ့်ငြိမ့်ကြီးထိုင်ေနသည်။ဆံပင်ညှပ်လို့ပြီးသွားရင် သူလှသွားတော့မယ်အထင်နဲ့ပေါ့။
ခုထိတော့ ဝူဝူဘာမှကွန်ပလိမ်းမတက်သေးဘူး။ညှပ်ပြီးသွားရင် ဘာအသံထွက်လာမလဲဆိုတာကို အန်တီခင်ကော၊ဖြူသွယ်ကော ရင်တဒိတ်ဒိတ်နှင့်ဖြစ်နေသည်။
ကတ်ကြေးကိုတော့ နောက်ဖေးက ပဲပြားညှပ်တဲ့ကတ်ကြေးသွားဆွဲယူလာသည်။ဒါပဲရှိတာကိုး ဘယ်တတ်နိုင်ပါ့မလဲ။
"အန်တီခင် လုပ်မှာလား သမီးလုပ်ရမှာလား"
"သမီးပဲလုပ်လိုက်တော့ တီခင်မလုပ်ရဲဘူး"
ဖြူသွယ်ကတ်ကြေးကိုကိုင်ကာ အသက်ဝဝရှုလိုက်သည်။
"ဒါဆိုရင် သမီးမြင်ဖူးတဲ့နည်းလမ်းတစ်ခုရှိတယ် အဆင်တော့ပြေလောက်မှာပါ အဲ့အတိုင်းပဲလုပ်လိုက်တော့မယ်"
"အဆင်ပြေမယ့်နည်းကိုသာရွေးပြီးလုပ်"
အန်တီခင်ကလည်းအသက်ကြီးပြီလေ ခေါင်းကျိန်းမခံနိုင်တော့ဘူး။အဲ့ေတာ့ သူ့လက်ကလွတ် ဗြွတ်ပဲ။
ဖြူသွယ် ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ဝူဝူရဲ့ ဆံပင်တွေကိုဘီးနဲ့သပ်ချလိုက်သည်။ဆံပင်ေတွကရှည်လွန်းလို့ မျက်လုံးတောင်မှဖုံးနေပြီ။
ဖြူသွယ်နောက်ဖေးကစတီးဇလုံကို ဝူဝူ့ခေါင်းေပါ်စွပ်ချပြီး အဲ့ဇလုံအရာအတိုင်း ကတ်ကြေးနဲ့ညှပ်ချပလိုက်သည်။အဲ့လိုနဲ့ ညှပ်ရင်းညှပ်ရင်းကနေ အုန်းမုတ်ခွက်ကေဖြစ်သွားပါလေရော။
ကတ်ကြေးကတုံးနေတော့ ကလေးရဲ့ရှေ့ဆံပင်တွေက လှေကားထစ်လိုပဲ တစ်မွှေးကတိုလိုက်၊ နောက်တစ်မွှေးကရှည်လိုက်နဲ့။ဘေးကကြည့်နေတဲ့အန်တီခင် မျက်လုံးကိုလက်နဲ့အုပ်လိုက်ပြီး ဘုရားစာတွေသာရွတ်နေသည်။
ဖြူသွယ်လည်း ဖြစ်ချင်ရာဖြစ်ကိုဘချစ် ဆိုပြီးမျက်စိစုံမှိတ်လုပ်လိုက်တော့ မရှုမလှတွေဖြစ်ကုန်တာပဲ။ဝူဝူကသူ့မျက်လုံးထဲဆံပင်ဝင်မှာစိုးလို့ မျက်လုံးအတင်းမှိတ်ထားတော့ဘာမှမသိသေးဘူး။ဇလုံကိုချွတ်ပြီး လည်ပင်းကတဘက်ကိုလည်းဖြည်ချလိုက်ရော ဝူဝူမျက်လုံးတဖြည်းဖြည်းဖွင့်ကာ..
" ဗြဲ..........!"
မှန်ထဲကသူ့ရုပ်ကိုလည်းမြင်ရော စူးစူးဝါးဝါးငိုသံကြီးထွက်လာေတာ့တာပဲ။သူ့ခဗျာ ကြွက်မြီးကေတုန်းကလည်းငိုရတယ်။ခုလည်း ကြွက်ကိုက်ကေဆိုတော့ ငိုလိုက်တာဆိုတာဖြူသွယ်တို့နားပါပိတ်ထားရသည်။
"သား သားလေးဘာဖြစ်လို့လဲ"
ဝူဝူကသူ့အဖေကိုတွေ့တာနဲ့ ခုံပေါ်ကနေ ခုန်ဆင်းပြီး သူ့အဖေဆီပြေးလာသည်။လပြည့်ဝန်းလိုဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေနဲ့ငိုနေတဲ့ကလေးကိုချီလိုက်ပြီး ဂျွန်ပေါင်ပေါ်တင်ကာဖက်ထားလိုက်သည်။
ဂျွန်လည်းကလေးဆံပင်ကိုမြင်တော့ ငိုရအခက်၊ရယ်ရအခက်။အနောက်မှာရပ်နေတဲ့ ကိုမင်းအိုင်ကတော့ ဟန်ဆောင်ပန်ဆောင်နဲ့တောင်မနေပေးဘူး ဝူဝူ့ရုပ်ကိုမြင်တာနဲ့ ရယ်တော့တာပဲ။ဂျွန်လှည့်ကြည့်ပြီး မျက်စောင်းတစ်ချက်ထိုးလိုက်မှ ငြိမ်ကျသွားသည်။
ဝူဝူငိုလွန်းလို့ မျက်နှာဆိုတာနီရဲတွတ်နေတာပဲ။သူဒေါသတွေလည်းထွက်နေတာ။သူထင်ထားတဲ့ဆံပင်ကေက ဂူဂွန်ဖြိုးတို့လို သေသေသပ်သပ်ကေ ခုထွက်လာတာက ရုပ်ဆိုးပန်းဆိုးဖြစ်နေတော့ ငိုတာရပ်ကိုမရပ်ေတာ့ဘူး။
"မငိုပါနဲ့သားရယ် သားလေးကဒီဆံပင်နဲ့လည်းလိုက်ပါတယ် ဖေ့သားလေးကချောပြီးသား..နော်သား..မငိုနဲ့တော့နော်"
ဝူဝူ့ကျောကုန်းကို လက်နဲ့ဖြည်းြဖည်းချင်းပုတ်ပြီး ချော့ပေးတော့မှ သူ့အဖေပြောတဲ့စကားကိုလက်ခံကာအငိုရပ်သွားသည်။
ဂျွန်လည်းအဲ့စကားကလွဲပြီးဘာမှမပြောနိုင်ရှာပေ။ဘာလို့လည်းဆိုတော့ ကလေးကဆံပင်ညှပ်ဆိုင်ကျတော့လည်း ငြင်းတယ်။ဂျွန်ကိုယ်တိုင်သာညှပ်ေပးရင် ခုကေထက်ပိုဆိုးပြီး ကတုံးတုံးရတဲ့အဆင့်ရောက်မှာစိုးလို့ တိတ်တိတ်ကလေးသာနေေနရသည်။
"ဒါချို ဒီတိုင်းပဲနေမယ် နောက်ချို တီတီတို့ကိုညှပ်ခိုင်းနဲ့ ချိတ်ချိုးတယ် ဟင့်"
ဖြူသွယ်တို့ကိုလှည့်မကြည့်ဘဲ သူ့အဖေရဲ့ရင်ခွင်ထဲမှာဝင်ပြီး ကျောခိုင်းထားကာ ရှိုက်သံနှင့်အတူ နောက်တစ်ခါမညှပ်ခိုင်းရန်ပြောလိုက်သည်။ဖြူသွယ်လည်း ထပ်ညှပ်ရဲမှာမဟုတ်ေလာက်တော့ဘူး။
__________________
"အလုပ်သွားတော့မလို့လား"
တိမ်စိုင်အိမ်ထဲကထွက်တုန်းရှိသေး ဘေးအိမ်ကအမေ့သူငယ်ချင်း ခြံထဲကနေလှမ်းအော်သည်။
"ဟုတ်တယ်အဒေါ်ရေ သွားလိုက်ပါအုံးမယ်ဗျ ကျွန်တော်အလုပ်သွားတုန်း အမေ့ကိုဂရုစိုက်ပေးထားပါနော်"
မီးခိုးရောင်ပုဆိုးနှင့် တီရှပ်အဖြူတစ်ထည်ဝတ်ကာ ထိုအဒေါကိုနှုတ်ဆက်ရင်း တစ်ယောက်တည်းကျန်ခဲ့သောအမေကိုဂရုစိုက်ပေးရန်မှာထားခဲ့သည်။
တိမ်စိုင်မှာရည်ရည်မွန်မွန်ရှိတာကြောင့် ပတ်ဝန်းကျင်ကလူတော်တော်များများကသူ့ကိုချစ်ခင်ကြတယ်။လိုအပ်တာရှိရင်လည်း ချက်ချင်းကူညီပေးတတ်တဲ့လူဆိုတော့ ရပ်ကွက်ကလူတွေရဲ့ပါးစပ်ဖျားမှာ တိမ်စိုင့်နာမည်သာစွဲနေကြသည်။
တိမ်စိုင်တို့အိမ်မှာ ဈေးနှင့်ကော၊ ကတ္တရာလမ်းမကြီးနှင့်ကော နီးသဖြင့် လူသူမပြတ်ဘဲ စည်ကားသည်။
မနက်ပိုင်းဆိုကျောင်းကားမောင်းပေးရတာဖြစ်တဲ့အတွက် တစ်ဖက်ရပ်ကွက်က ေကျာင်းကားကန်ထရိုက်ဆွဲသော ကိုတင်ကြီးတို့အိမ်သို့ ဈေးလမ်းကိုဖြတ်ကာလျှောက်လာခဲ့သည်။
"တိမ်စိုင်ရေ ဒီနေ့ကန်စွန်းရွက်တွေကောင်းတယ် အားပေးပါအုံး"
ဈေးတန်းထဲရှိဝယ်နေကြဖြစ်သောေနရာကိုေကျာ်သွားေတာ့ ခင်ကြည်လှမ်းခေါ်သည်။တိမ်စိုင်ရှေ့ဆက်မသွားဘဲ နောက်ပြန်ဆုတ်ကာ ကန်စွန်းရွက်ပုံရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"ဟုတ်ပါရဲ့ ဒီနေ့ကန်စွန်းရွက်လေးတွေလတ်ဆတ်လိုက်တာဗျာ အတော်ပဲ ကျွန်တော်ဒီညကန်စွန်းရွက်ပဲကြော်စားလိုက်တော့မယ် ထုံးစံအတိုင်း တစ်စီးသုံးရာပဲမလား မခင်ကြည်"
ကန်စွန်းရွက်ကို ဟိုတို့ဒီတို့နဲ့စမ်းကြည့်တော့ အရိုးတွေလည်းကြွပ်ဆတ်နေတာကြောင့် ကောင်းပုံရသည်။ စိမ်းစိမ်းလန်းလန်းဖြစ်နေသော တစ်စီးကိုရွေးကာကိုင်ပြီး ခင်ကြည့်ကိုမေးလိုက်သည်။
"ဒါပေါ့ ဒါပေါ့ ငါ့မောင်ကိုအဲ့ဈေးနဲ့ပဲရောင်းမှာ အစ်မပြီးရင်အိမ်ကိုသွားပို့ပေးထားရမလား"
"ပို့ပေးရင်တော့ကောင်းတာပေါ့ဗျာ ဒါဆိုကျွန်တော်ပိုက်ဆံပေးခဲ့လိုက်မယ်"
လွယ်ထားသောအိတ်ထဲမှ နှစ်ရာတန်တစ်ရွက်နှင့်တစ်ရာတန်တစ်ရွက်ထုတ်ကာ ခင်ကြည့်ကိုပေးလိုက်သည်။ခင်ကြည်လည်း စိတ်ချပို့ပေးထားမယ်ဆိုတဲ့စကားကိုပြန်ပြောလိုက်သည်။
ဒီနေရာမှာကနေတာကြာနေပြီဆိုတော့ မသိတဲ့လူဆိုတာခပ်ရှားရှားပဲ။ကလေးအစခွေးအဆုံး တိမ်စိုင့်ကိုသိကြသည်။
မိန်းမငယ်လေးများကြားထဲတွင်လည်း ကိုကြီးတိမ်စိုင်..ကိုကြီးတိမ်စိုင်ဆိုပြီး တစာစာနှင့်ခေါ်သံကိုလည်း နားနှင့်မဆံ့အောင်ကြားရသည်။
တိမ်စိုင်ကတော့ ဘယ်သူ့ကိုမှစိတ်မဝင်စားပါ။စိတ်ဝင်စားနေဖို့အချိန်ကလည်းသူ့မှာမရှိခဲ့တာဘဲကိုး။မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘယ်နေရာကိုသွားပြီးပိုက်ဆံဘယ်လုိရှာရမလဲဆိုတာကိုပဲ ခေါင်းထဲအပြည့်ရိုက်ထည့်ထားသည်။
တိမ်စိုင်လွယ်အိတ်ကြိုးကိုကိုင်ကာလျှောက်လာရင်း ကိုတင်ကြီးအိမ်ရှေ့မှာရပ်ထားတဲ့ကားတစ်စီးနားမှာမတ်တပ်ရပ်လိုက်သည်။
"ကိုတင်ကြီးရေ ကျွန်တော်ရောက်ပြီဗျ"
တိမ်စိုင်အော်ခေါ်လိုက်တော့ ကိုတင်ကြီးအိမ်ချင်မူးတူးနှင့် အိမ်ပေါက်ဝသို့ပြေးထွက်လာသည်။
"ညီလေးရေ မနေ့ကအော်ဒါကြောင့် ပဲခူးဘက်ကိုပါသွားတာ ကားကညစ်ပတ်နေတယ်"
ကိုတင်ကြီးအဲ့လိုပြောတော့ တိမ်စိုင်လက်မှာပတ်ထားတဲ့နာရီကို ကြည့်လိုက်ရာ ရှစ်နာရီထိုးခါနီးပဲရှိသေးသဖြင့် ဆေးကြောချိန်ရသေးသောကြောင့်...
"ကလေးတွေကျောင်းတက်ဖို့လိုသေးတယ် ကျွန်တော်ပဲကားဆေးလိုက်မယ်လေ ကိုတင်ကြီးအိပ်ချင်ရင်သွားအိပ်လို့ရပါတယ်ဗျာ"
"ကျေးဇူးပဲညီလေးရေ အကိုလည်းအိပ်ရေးပျက်နေတာကြာပြီ ငါ့ညီေကျာင်းပို့ပြီးပြန်လာမှ အကိုမုန့်ဖိုးပေးအုံးမယ် ခုတော့သွားအိပ်ပြီ"
စေတနာကောင်းရင်ကံကောင်းတယ်တဲ့။ခုပဲကြည့် ကိုယ်ကသူများအပေါ်စေတနာထားတော့ သူများကကိုယ့်ကိုယ်ပြန်ပြီးေကျးဇူးဆပ်ေပသည်။
တိမ်စိုင်ပုဆိုးကို ရင်ခေါင်းနားထိတိုးကာဝတ်လိုက်သည်။မဝတ်လို့လည်းမရ အလုပ်ကဒီတစ်ခုတည်းမှမဟုတ်တာလေ။
ကျောင်းကားဆွဲပြီးရင် ရုံးတစ်ခုမှာသန့်ရှင်းရေးအနေနှင့်ဝင်လုပ်ရသေးသည်။နေ့လည်ပိုင်းတစ်ဖြတ်နား ထမင်းစားပြီးပြီဆိုရင် ဆိုက်ထဲကိုပြေးရသေးသည်။
အဝတ်တွေရေစိုကုန်လို့ အပူရှပ်ရင်ဆေးဖိုးကကုန်အံုးမည်။ဒါကြောင့် ပုဆိုးကိုသေချာပြင်ဝတ်ပြီးမှ ရွှံ့ပေနေတဲ့ကားကို ကိုတင်ကြီးခြံထဲကပိုက်တစ်ေချာင်းဆွဲပြီး ကားတစ်စီးလုံးကိုရေဖြန်းကာ အဝတ်စုတ်နှင့်သုတ်နေသည်။
ကားကအဖြူရောင်ဆိုတော့ သန့်ရှင်းသွားတာနဲ့ ရုပ်လုံးလေးလှသွားသည်။တိမ်စိုင် ကိုင်ထားတဲ့ရေပိုက်ကို ခြံထဲပြန်ထည့်ပြီး ရေဘားပိတ်ကာနေရာတကျထားလိုက်ပြီးမှ ပုဆိုးကိုနဂိုအတိုင်းပြင်ဝတ်လိုက်သည်။
နောက်တော့ ကားမောင်းပြီး ရပ်ကွက်က ကလေးတွေကိုပတ်ခေါ်ကာ ကျောင်းရှေ့တွင်ချထားပေးခဲ့သည်။
တိမ်စိုင့်ရဲ့တစ်နေ့တာက ထောင့်ကွေးမရှိတဲ့ စက်ဝိုင်းလိုပဲ တစ်နေ့တစ်နေ့ ဒီအလုပ်တွေနဲ့ပဲအချိန်ကုန်လိုက်၊အိမ်ပြန်ရောက်ရင်အမေ့ကိုပြုစုလိုက်နဲ့ သူ့မှာပျော်ရတယ်လို့ကိုမရှိဘူး။
သူငယ်ချင်းတွေနဲ့ ဟိုဟိုဒီဒီလျှောက်သွား လျှောက်စားပြီး နေဖို့အချိန်ကလည်းမရခဲ့တော့ အပေါင်းအသင်းမရှိခဲ့ဘူး။ကျောင်းတက်တုန်းကလည်း တစ်ယောက်တည်းစာကိုကြိုးစားသင်ခဲ့ရတာ။ခုကျောင်းပြီးလို့ အလုပ်လုပ်နေရတော့လည်း တစ်ယောက်တည်းပါပဲ။
အမေကိုဘေးပတ်ဝန်းကျင်ကဂရုတစိုက်စောင့်ကြည့်ပေးကြလို့ သူအလုပ်ကိုစိတ်ဖြောင့်ဖြောင့်နဲ့လုပ်နေနိုင်တာ။မဟုတ်ရင် အိမ်ကအမေကိုပူရ၊ အကြွေးမပေးနိုင်မှာကိုပူရနဲ့ သူ့ခဗျာလည်းပင်ပန်းလှသည်။
ကလေးတွေကိုကျောင်းပို့ပြီးတော့ ကိုတင်ကြီးအိမ်မှာကားလာပြန်ထားသည်။ကိုတင်ကြီးလည်း ပြောထားသည့်အတိုင်း နဂိုပေးသည့်လုပ်အားခထက် ငါးထောင်ပိုပေးခဲ့သည်။
ပိုက်ဆံကို သေသေချာချာအိပ်ထဲထည့်ပြီး ဘိလပ်မြေသယ်ရန် ဆိုက်ထဲသို့အလျင်အမြန်သွားတော့သည်။ဤသည်မှာ တိမ်စိုင်၏တစ်နေ့တာစက်ဝိုင်းပင်ဖြစ်သည်။
================
Zawgyi
ဂျွန်အော်ခေါ်တော့ နောက်ဖေးကနေ ဖြူသွယ်တို့နှစ်ယောက်ကမန်းကတန်းနှင့် ပြေးထွက်လာကြသည်။
အန်တီခင်ရဲ့အသံကဖျော့တော့ပြီး မျက်နှာကလည်းမအီမသာ။ဂျွန်တို့သားအဖကတော့ သူတို့ဖြစ်ချင်တာကိုပြောပြီး အုန်းသီးရသွားတဲ့မျောက်မျက်နှာနဲ့။
"ကိုမင်းအိုင်"
"ဗြဲ....ဖေဖေ....!!"
" ဗြဲ..........!"
ဝူဝူ့ကျောကုန်းကို လက်နဲ့ဖြည်းဖြည်းချင်းပုတ်ပြီး ချော့ပေးတော့မှ သူ့အဖေပြောတဲ့စကားကိုလက်ခံကာအငိုရပ်သွားသည်။
__________________
မနက်ပိုင်းဆိုကျောင်းကားမောင်းပေးရတာဖြစ်တဲ့အတွက် တစ်ဖက်ရပ်ကွက်က ကျောင်းကားကန်ထရိုက်ဆွဲသော ကိုတင်ကြီးတို့အိမ်သို့ ဈေးလမ်းကိုဖြတ်ကာလျှောက်လာခဲ့သည်။
"ကျေးဇူးပဲညီလေးရေ အကိုလည်းအိပ်ရေးပျက်နေတာကြာပြီ ငါ့ညီကျောင်းပို့ပြီးပြန်လာမှ အကိုမုန့်ဖိုးပေးအုံးမယ် ခုတော့သွားအိပ်ပြီ"
အဝတ်တွေရေစိုကုန်လို့ အပူရှပ်ရင်ဆေးဖိုးကကုန်အုံးမည်။ဒါကြောင့် ပုဆိုးကိုသေချာပြင်ဝတ်ပြီးမှ ရွှံ့ပေနေတဲ့ကားကို ကိုတင်ကြီးခြံထဲကပိုက်တစ်ချောင်းဆွဲပြီး ကားတစ်စီးလုံးကိုရေဖြန်းကာ အဝတ်စုတ်နှင့်သုတ်နေသည်။