Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_7
Unicode

"ကိုကို"

လက်မှာစုပ်လုံးကိုင်ကာ ပုဆိုးစကိုလာဆွဲတဲ့ ဝူဝူ။

"ဒါ ဟိုအိမ်မှာတွေ့ခဲ့တဲ့ကလေးလေးပဲ ကလေးတစ်ယောက်တည်းလား သားဖေဖေရော"

တိမ်စိုင် ဝူဝူ့ကိုကောက်ချီပြီး မေးတော့။

"ဖေဖေဟိုးဘက်မှာရှိယယ်"

စုပ်လုံးကိုပါးစပ်ထဲပြန်ထည့်ပြီး ဝူးဝူးဝါးဝါးနှင့်ပြန်ပြောသည်။တိမ်စိုင်နှင့်တွေ့တာ ဝူဝူကံကောင်းသွားသည်။ဒီနေ့တိမ်စိုင်က သူ့အမေသွေးအန်တဲ့အတွက် ဆရာဝန်ကိုလာပြီး အကြောင်းကြားတာ။ဆေးရုံခန်းကနေထွက်လာပြီး ဓာတ်လှေကားရှေ့မှာစောင့်နေရင်း ဝူဝူနဲ့တွေ့သည်။

"ဘယ်ဘက်မှာလဲ ကိုကိုလိုက်ပို့ပေးမယ် နောက်ဆို‌ေဖ‌‌ေဖမသိဘဲတစ်ယောက်တည်းလျှောက်မသွားနဲ့နော် သားကိုလူဆိုးတွေဖမ်းသွားရင်ဘယ်လိုလုပ်မလဲ"

တိမ်စိုင် ဝူဝူ့ကိုမေးတော့သူစုပ်နေတဲ့စုပ်လုံးကိုပါးစပ်ထဲကပြန်ထုတ်ပြီး။

"ကျန်ချမှာပေါ့ ဝူဝူ့မှာအားယေရှိယယ် ကြောက်ဘူး"

"အမလေး ကလေးသေးသေးလေးကစကားတတ်လိုက်တာ ဟုတ်ပါပြီဗျာ ကျန်ချပါ ကျန်ချပါ"

ဘယ်လိုကလေးလေးလဲမသိ။လက်မောင်းကိုမ,ပြပြီး သူဗလရှိကြောင်းပြနေသည်။ပြန်တောင်ချအုံးမယ်တဲ့။အဲ့ဒါနဲ့ ဝူဝူညွှန်တဲ့အတိုင်း တိမ်စိုင်ဝူဝူ့ကိုချီပြီးလာရင်း လမ်းမှာကိုမင်းအိုင်နှင့်တွေ့သည်။ကိုမင်းအိုင်ရဲ့အနောက်မှာတော့ ဝီးချဲနဲ့ကလေးကိုလိုက်ရှာနေတဲ့ ဂျွန်။က‌ေလးချီထားတဲ့တိမ်စိုင့်ကိုမြင်‌ေတာ့ သက်ပြင်းချလိုက်ကာ။

တော်ပါသေးရဲ့ သားလေးအန္တရာယ်ကင်းကင်းရှိနေလို့။

"ဝူဝူ"

ကလေးကိုချီဖို့အပြေးလာတဲ့ ကိုမင်းအိုင်ကိုတိမ်စိုင်မမြင်ဘူးလားမသိ ကိုမင်းအိုင်ကိုကျော်ပြီး ဂျွန့်ဆီကိုကလေးသွားပေးသည်။မမြင်ရအောင်လည်း ဆင်လောက်ရှိတဲ့ခန္ဓာကိုယ်လေ ပုရွက်ဆိတ်မှမဟုတ်ဘဲ။ကိုမင်းအိုင်လက်ကြီးကားပြီး ကြောင်‌ကာ ကျန်နေခဲ့သည်။

"ကလေးကိုသေချာထိန်းပါဗျ အခုခေတ်ကကြောက်ဖို့ကောင်းတယ် ဒီလိုချစ်စရာကောင်းတဲ့ကလေးဆိုရင် ပိုပြီးအန္တရာယ်များတယ် သိလား‌‌ဗျ"

ပါးစပ်ကလည်းတတွတ်တွတ်ပြောပြီး ဝူဝူ့ကိုအင့်ကနဲထိုးပေးသည်။ဂျွန်လည်းဘာပြန်ပြောလို့ပြောရမယ်မှန်းမသိ ဝူဝူ့ကိုသာချီထားလိုက်သည်။

"သားနာမည်ဘယ်လိုခေါ်လဲ အာဟုတ်သားပဲ သားခုနကပြောပြီးပြီပဲကိုကိုမေ့သွားတယ် ဝူဝူ ဟုတ်တယ်မလား သားနာမည်က"

ဝူဝူခုနကဗလပြရင်း သူ့နာမည်လေးပါထည့်‌ေပြာသွားတာကို တိမ်စိုင်မေ့သွားပုံရသည်။ခါးကိုကိုင်းကာ ဂျွန့်ပေါင်ပေါ်ထိုင်နေတဲ့ဝူဝူ့ရဲ့ခေါင်းလေးကိုပွတ်ပြီး ပုလဲလုံးလေးတွေစီထားသလိုဖြူပြီးညီညာနေတဲ့ သွားလေးတွေနဲ့ရယ်ပြသည်။

တိမ်စိုင်ခုနေနေတဲ့ အနေအထားက ဂျွန်မျက်နှာနဲ့တစ်တန်းတည်းမှာ။တိမ်စိုင်ရဲ့တောက်ပတဲ့အပြုံးတွေက တစ်ချိန်တည်းမှာပဲ ဂျွန့်ရင်ထဲကိုလှိုက်ကနဲနွေးသွားအောင်လုပ်လိုက်နိုင်သည်။ရင်ထဲမှာ ခုလုခုလုနဲ့ယားကျိကျိခံစားချက်က ဒီအပြုံးလေးတစ်ခုကြောင့်ဖြစ်တည်လာပြီး ဂျွန့်ပါးနှစ်ဖက်ကအထိုးခံရသလိုရဲတက်လာသည်။

"ကိုကို ဝူဝူနဲ့အိမ်ယိုက်ခဲ့"

တိမ်စိုင့်အကျီစကိုလက်ဖျားလေးနဲ့ဆွဲထားပြီးပြောတော့။

"မလိုက်‌ေတာ့ပါဘူးကွာ ကိုကိုလည်းအိမ်ပြန်ရအုံးမယ်လေ"

တိမ်စိုင်မလိုက်ဘူးလည်းပြောရော စုပ်လုံးကိုပစ်ချပြီး ငိုပါလေရော။ငိုတာဘယ်လောက်တောင်မကျယ်လဲဆိုရင် အရေးပေါ်ခန်းကနေအော်တဲ့မိုက်ကအသံတောင်မှ ဝူဝူ့ကိုမမှီဘူး တစ်ဆေးရုံလုံးဟိန်းနေတာပဲ။

သူနာပြုတွေကလည်း တရှုးရှုးနဲ့တိတ်တိတ်နေဖို့နှုတ်ခမ်းကိုလက်ညှိုးနဲ့ဖိပြီးပြနေတော့ ဂျွန်အားနာနာနဲ့ပြန်ပြုံးပြလိုက်သည်။

"တိမ်စိုင် မင်းခဏလောက်ပဲအချိန်ပေးပါလားကွာ သားကဘာလို့မှန်းမသိ မင်းကိုအရမ်းခင်နေတာ ဟိုနေ့ကမင်းပြန်သွားတုန်းကဆိုငိုတာချော့လို့ကိုမရဘူး ကလေးမျက်နှာကိုကြည့်ပါအုံး"

ဂျွန်မျက်ရည်ခံထိုးပြီး မည်းတ‌ူးနေတဲ့ဝူဝူ့ရဲ့မျက်ကွင်းတွေကိုလက်နဲ့ထိုးပြသည်။မျက်စိသူငယ်နားသူငယ်နဲ့တိမ်စိုင့်ကိုပြောနေတဲ့ရုပ်ကို အနောက်ကနေကြည့်နေတဲ့ကိုမင်းအိုင် ဖြူသွယ်တို့ကိုပြဖို့ဓာတ်ပုံတောင်ရိုက်ထားလိုက်ချင်မိသည်။

လက်သည်းဖွက်ထားတဲ့ကြောင်ငယ်လေးလို ဂျွန့်ရဲ့လေသံနဲ့အမူအရာတွေက တိမ်စိုင့်အပေါ်မှာနူးညံ့လွန်း‌ေနသည်။နှစ်တွေအကြာကြီး အဆဲအဆိုအထုအထောင်းခံပြီး လုပ်ပေးလာတဲ့ကိုမင်းအိုင်ကိုကျတော့ ဟန်ဆောင်ပန်ဆောင်နဲ့တောင်မပြုံးဖူးပေ။ကိုမင်းအိုင် တအံ့တဩနဲ့ဖြစ်နေရပေမယ့် ဒီသုံးယောက်ကတော့သူကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မသိကြ။

လမ်းမှာသာရပ်နေတာ လေလွင့်နေတဲ့ခွေးကြီးလိုပဲ လာခေါ်မယ့်လူလည်းမရှိ။အဖက်လုပ်တဲ့လူလည်းမရှိ။နေထိုင်လာတဲ့တစ်ဘဝတာမှာ ဒီနေ့ကို ကိုမင်းအိုင်ယူကြုံးမရအဖြစ်ဆုံးပဲ။

တိမ်စိုင် ဂျွန့်ဆီကနေကလေးကိုပြန်ခေါ်ပြီး ဆေးရုံကော်ရစ်တာမှာ ရှေ့ကိုလျှောက်လိုက်၊နောက်ကိုလျှောက်လိုက်နဲ့ချီကာလမ်းလျှောက်နေသည်။ဝူဝူလည်း ငိုတာကြာသွားလို့ထင်တယ် တိမ်စိုင့်ပခုံးပေါ်မှာခေါင်းလေးမှီပြီးအိပ်ပျော်သွားတော့။

"ကလေးကိုခေါ်လို့ရပြီ ‌ကျွန်တော်နောက်ကျနေတာကြောင့်သွားရတော့မယ်"

ဒီတစ်ခါမှပဲ ကိုမင်းအိုင်ကိုတိမ်စိုင်မြင်တော့တယ်။ဘာလို့ဆိုဂျွန့်ဘေးမှာကပ်ပြီးရပ်နေတာကြောင့်။တိမ်စိုင် ကလေးကို ကိုမင်းအိုင်ဆီပြောင်းချီခိုင်းပြီးတာနဲ့ အိမ်ကိုပြန်ဖို့လှည့်ထွက်တော့ ဂျွန်လက်ကိုလှမ်းဆွဲသည်။

"နေပါအုံး ဒီကဒ်လေးကိုယူသွား မင်း သားလေးကိုထိန်းချင်တဲ့စိတ်ပေါ်လာရင်အိမ်ကိုလာခဲ့ပါ ကလေးထိန်းမခေါ်ဘဲမင်းကိုစောင့်နေမှာမို့လို့ သား‌ကလည်းမင်းနဲ့မှဖြစ်မှာမို့လို့"

တိမ်စိုင့်လက်ထဲကို business card ထည့်ပေးသည်။

"ဟုတ်ကဲ့ပါဗျာ ကျွန်တော်စဉ်းစားကြည့်ပါအုံးမယ် ခုတော့နောက်ကျနေလို့သွားတော့မယ်နော်"

တိမ်စိုင် စလွယ်သိုင်းထားတဲ့အိတ်ကြိုးကိုကိုင်ပြီး ခပ်သုတ်သုတ်နဲ့ပွင့်‌ေနတဲ့ဓာတ်လှေကားထဲပြေးဝင်သွားသည်။
ဓာတ်လှေကားထဲလည်းရောက်ရော ကျောမှီလိုက်ပြီးအသက်ကိုဝအောင်ရှုလိုက်သည်။ဘာလို့လဲဆိုတော့ လက်ကလေးထိရံုနဲ့တင် အတိုင်းအဆမရှိလှုပ်လာတဲ့နှလုံးသားကြောင့်။ဂျွန်ပေးလိုက်တဲ့ ကဒ်ကိုလက်နှစ်ဖက်နဲ့ကိုင်ထားပြီး ရင်ဘတ်မှာကပ်ကာဖိထားသည်။

တစ်ဖက်မှာကျန်ခဲ့တဲ့ဂျွန်တို့နှစ်ယောက်ကတော့ ကလေးကိုမနိုးအောင်သေချာချီလာပြီးအိမ်ကိုခေါ်လာကာ အိပ်ရာထက်တွင်သိပ်ထားလိုက်သည်။ကိုမင်းအိုင်အလုပ်ဆင်းတဲ့အချိန်ဖြစ်တာကြောင့် ဂျွန့်ကိုအရိုအသေပေးပြီးအိမ်ပြန်သွားတော့မှဂျွန်အဝတ်အစားလဲကာ ဂစ်တာကိုပိုက်ပြီးထိုင်ခုံပေါ်မှာထိုင်နေသည်။

သူမေမေ့ကိုသတိရတာ‌ေြကာင့် အမေပေးခဲ့တဲ့ဂစ်တာလေးကိုမြတ်မြတ်နိုးနိုးနဲ့ခဏခဏထုတ်ကြည့်သည်။တစ်ခါတလေ ညဘက်တွေဆိုရင် လသာဆောင်မှာသူဂစ်တာထိုင်တီး‌ေနတတ်သည်။

ဂစ်တာကိုလက်နဲ့ပွတ်ပြီး အစွန်းအထင်းမရှ‌ိအောင် အာငွေ့ပေးကာသန့်ရှင်းရေးလုပ်နေသည်။ဂျွန်ကသူနဲ့ပတ်သက်သမျှသူ့ပစ္စည်းတွေကို ဝူဝူလေးကလွဲပြီးဘယ်သူ့ကိုမှထိကိုင်ခွင့်မပေးထားဘူး အိပ်ယာခင်းတွေ၊ဝူဝူ့အဝတ်တွေ၊စားသောက်ဆိုင်နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေကလွဲလို့။

______________________

"အဟွတ် အဟွတ် အဟွတ်"

"အမေအဆင်ပြေရဲ့လား"

ချောင်းတစ်ခါဆိုးလိုက်တိုင်း လက်ကိုင်ပုဝါမှာရွှဲသွားတဲ့သွေးတွေ။ဆရာဝန်ပြောသလို ဖြစ်လာမှာကိုတိမ်စိုင်ကြောက်နေမိသည်။

"ရပါတယ်သားရဲ့ အမေ..အဟွတ်..ဘာမှမဖြစ်ပါဘူး"

သွေးပေသွားတဲ့အမေ့ရဲ့နှုတ်ခမ်းကို တိမ်စိုင်တစ်ရှူးနဲ့သုတ်ပေးရင်း။

"သား ဒီနေ့အလုပ်နားလိုက်ရမလား"

"မလုပ်ပါနဲ့သားရယ် အလုပ်ကအရေးကြီးတယ်လေ"

အလုပ်ကဒီနေ့မသွားဘူးဆိုရင် ပြုတ်တော့မှာကြောင့် အမေအတင်းလွှတ်နေသည်။အဆင်ပြေပါတယ်ဆိုတဲ့စကားကို မျက်ရည်တွေ‌ဝဲပြီးပြောနေတဲ့အမေ။

"အလုပ်ကအရေးမကြီးပါဘူး အမေကပဲအရေးကြီးတာပါ ပြုတ်လည်းပြုတ်ပါစေ သားဒီနေ့မသွားတော့ဘူး"

ဗီး ဗီး ဗီးးးးးး

အမေ့ကိုအလုပ်မသွားတော့တာပြောနေချိန်ဖုန်းဝင်လာတာကြောင့် ခုံပေါ်မှာတင်ထားတဲ့ဖုန်းကိုဆွဲယူလိုက်သည်။

"တိမ်စိုင် မင်းဒီနေ့အလုပ်မလာဘူးဆိုရင် ပြုတ်ပြီနော် ဒါပဲ!"

စကားတစ်ခွန်းကိုလေသံမာမာနဲ့ ပြောပြီး တိကနဲဖုန်းချသွားတဲ့အလုပ်ရှင်။တိမ်စိုင်ပြန်ဖြေချိန်တောင်မရလိုက်။

"ဘယ်ကဖုန်းလဲသား"

"ဘယ်ကမှမမဟုတ်ပါဘူးအမေ ဖုန်းမှားဆက်တာတဲ့"

သူအမေ့ကိုခုချိန်မှာဒါတွေပြောပြလိုက်လို့မဖြစ်။ရောဂါအခြေအနေပိုဆိုးသွားလိမ့်မည်။

အစာအိမ်ကင်ဆာမှာက အမျိုးအစားအားဖြင့်လေးမျိုးရှိသည်။Adenocarcinoma၊ Lymphoma၊ Carcinoid Cancer နဲ့  Gastrointestinal Stromal Tumor (GIST) ဆိုပြီးရှိသည်။အဲ့ထဲကမှ အဖြစ်အများဆုံးဖြစ်တဲ့ Adenocarcinoma လို့ခေါ်တဲ့  ကင်ဆာကအခုအမေခံစား‌ေနရတာ။

Adenocarcinoma ဆိုတာ Glandular Cells လို့ခေါ်တဲ့အစာအိမ်အတွင်းထဲမှာရှိတဲ့အကျိအချွဲ‌ေတွကိုထုတ်‌ေပးတဲ့အကျိတ်မှာဖြစ်တဲ့ကင်ဆာ။

Lymphoma က မြန်မာလိုဆို ပြန်ရည်ကြိတ်(သို့မဟုတ်) သွေးအကြိတ်လို့ခေါ်ပြီး အမျိုးအစားအနေနဲ့ကနှစ်မျိုးရှိသည်။။Hodgkin's Lymphoma နဲ့ Non_Hodgkin's Lymphoma။ ပြန်ရည်‌ေကြာတစ်သျှူးမှာရှိတဲ့ သွေးဖြူဥတွေကနေဖြစ်တဲ့ကင်ဆာ။

နံပါတ်သုံး Carcinoid Cancer ကအစာအိမ်နံရံမှာရှိတဲ့ ဟော်မုန်းထုတ်တဲ့ဆဲလ်တွေကနေဖြစ်တဲ့ကင်ဆာ။

နောက်ဆုံးတစ်ခုဖြစ်တဲ့ GIST က အစာအိမ်ထဲမှာသီးသန့်ရှိနေတဲ့အာရုံကြောစနစ်ကနေစဖြစ်တဲ့ကင်ဆာ။

ရောဂါတစ်ခုခုဖြစ်ရင် အဓိကကစိတ်။စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုအပ်တာ။ဒါပေမယ့် အမေကအားငယ်တတ်တယ်။လွယ်လွယ်နဲ့လက်လျှော့တတ်တယ်။ထစ်ခနဲဆိုကြောက်လန့်နေတတ်တဲ့လူ။ဒါကြောင့် အမေကရောဂါကိုမတွန်းလှန်နိုင်ဘဲ ရောဂါကအမေ့ကိုအလဲထိုးတာခံ‌ေနရတာ။တိမ်စိုင်ဖြစ်နိုင်ရင်သူ့‌အမေအစားသာဝင်ခံလိုက်ချင်မိသည်။

"နားနားနေနေ‌ နေပါအမေ အိပ်ချင်လည်းအိပ် သားအခန်းထဲကိုလိုက်ပို့ပေးရမလား"

"ရတယ် အမေကုလားထိုင်မှာပဲလှဲနေတော့မယ်"

အမေပက်လက်ကုလားထိုင်ပေါ်မှာ လှဲပြီးအိပ်နေတော့ တိမ်စိုင်နောက်ဖေးမှာလုပ်စရာရှိတဲ့အလုပ်တွေလုပ်ပြီး ထမင်းချက်စားနေသည်။အမေ့အတွက်ကတော့ ဆန်ပြုတ်။ကြက်ဥဆိုရင်တောင် မကျက်တကျက်စားလို့မရတဲ့အမေ့အတွက် အားရှိဖို့စားစရာက ဆန်ပြုတ်အပြင်မရှိ။အသီးအရွက်တွေကျွေးပြန်ရင် တစ်ခါတလေစားပေမယ့် တစ်ခါတလေလည်းမဝင်နိုင်။

တိမ်စိုင့်အတွက်တော့ အမေကအရာရာဖြစ်တဲ့အတွက် စိတ်ကိုဒုန်းဒုန်းချကာ အမေစိတ်ချမ်းသာအောင်ထားပေးရုံပဲရှိတော့သည်။

______________________

"ကိုကိုရော"

ဝူဝူနိုးလာတာနဲ့ မေးတဲ့စကားကကိုကိုရောတဲ့။ဖအေတစ်ယောက်လုံးဘေးမှာရှိတာတောင် နိုးနိုးချင်းသတိရတာကတိမ်စိုင်။

"ကိုကိုအိမ်ပြန်သွားတယ် နောက်နေ့ပြန်လာခဲ့မယ်တဲ့ သားစားဖို့အတွက် မုန့်တွေဝယ်လာခဲ့မယ်လို့ပြောတယ်"

"အညားကြီး ဝယ်ယာမှာယား"

လက်နှစ်ဖက်ကိုမြှောက်ပြီးပြောတဲ့ဝူဝူ။

"ဒါပေါ့သားရဲ့ ကိုကိုပြန်လာမှာမို့ သားမငိုရဘူးနော် ကိုကိုကငိုရင်မချစ်တော့ဘူးလို့ပြောခဲ့တယ်"

ကလေးဆိုတော့ဂျွန‌်ပြောသမျှကိုအကုန်ယုံသည်။

"ငိုဝူး ငိုဝူး"

ကျိုးတိုးကျဲတဲပေါက်နေတဲ့သွားသေးသေးလေးနဲ့ မျက်လုံးနှစ်ဖက်မှိတ်သွားသည်ထိရယ်ပြသည်။

ဂျွန် ဝူဝူ့ရဲ့ပါးအိအိလေးကိုရွှတ်ကနဲနမ်းလိုက်ပြီး အိပ်ရာကနေချိုင်းထောက်နဲ့ထကာ ဝူဝူ့ကိုမျက်နှာသစ်ပေးရန်ရေချိုးခန်းထဲခေါ်သွားသည်။ချိုင်းထောက်ကတစ်ဖက် ကလေးကတစ်ဖက်နဲ့ မနက်တိုင်းဒုက္ခများသည်ပင်။

ဒိုင်ပါလဲရ၊နို့ဘူးတိုက်ရ။အဝတ်လည်းကိုယ်တိုင်လဲပေးပြီးမှ အောက်ထပ်ကိုလွှတ်လိုက်သည်။‌ဂျွန်အလုပ်နားတဲ့ရက်ဖြစ်တာကြောင့် ရေမိုးချုိးကာ ပေါ့ပေါ့ပါးပါးဝတ်ပြီးအောက်ကိုဆင်းလာသည်။

ချိုင်းထောက်တစ်ချောင်းနဲ့ အောက်ထပ်ကိုဆင်းရသည်မှာလွယ်တော့မလွယ်။‌ေချာ်ကျမှာစိုးတာ‌ေကြာင့် ‌ေလှကားလက်ယန်းကိုကိုင်ပြီးဖြည်းြဖည်းချင်းဆင်းလာတော့ မီးဖိုချောင်ထဲက ငရုတ်သီးမှုန့်အနံ့တစ်ခုရသည်။အနံ့ကတော်တော်စပ်မယ့် ငရုတ်သီးအစိမ်းမှုန့်နံ့တစ်အိမ်လုံးမွှန်ထူနေတာပဲ။

"ဖြူသွယ် နင်ဘာတွေလုပ်နေတာလဲ"

နောက်ဖေးထဲဝင်လာတော့ ဆန်မှုန့်သုံးပုံတစ်ပုံကို ကောက်ညှင်းမုန့်တစ်ထုပ်နဲ့ရေထည့်ရောပြီး အပီအပြင်ထိုင်နယ်နေတဲ့ဖြူသွယ်။ဒယ်အိုးထဲကရေထဲမှာလည်း ပေါလောပေါလောနဲ့ပေါ်နေတဲ့ဆန်မုန့်ချောင်းတွေ။ဝူဝူနဲ့အန်တီခင်ကတော့ ဖြူသွယ်လုပ်နေတာကိုဘေးကထိုင်ကြည့်နေကြသည်။

"တော့ပိုကီလုပ်စားမလို့ ကိုကြီးဂျွန်ရဲ့ သမီးနည်းလမ်းတွေ့ထားတာလုပ်ကြည့်နေတာ ခုတောင်တစ်ပွဲရတော့မယ်"

ပေါက်ပေါက်ရှာရှာ မနက်စောစောစီးစီးတော့ပိုကီစားမလို့တဲ့။သူညကစာကျက်ရင်း ဖုန်းဆီလက်ရောက်သွားတော့ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ အစားအသောက်video ကိုသွားရည်တမြားမြားနဲ့ထိုင်ကြည့်ပြီး ညတွင်းချင်းပဲ တော့ပိုကီလုပ်နည်းကိုထိုင်ရှာတော့တာ။တွေ့လည်းတွေ့ရော မနက်စာအတွက်တောင်စမ်းချက်နေပြီ။ဂျွန်ကစားသောက်ဆိုင်ဖွင့်ထားတဲ့လူလေ။အနံ့ရတာနဲ့တင် ဘယ်လောက်ဆိုးလဲဆိုတာကြိုသိနေပြီ။

"တစ်ပွဲရရင်ပေးငါစားကြည့်မယ်"

ဖြူသွယ်နော် တပြားမှမလျော့ဘူး။ကွန်ဖီးဒန့်အပြည့်နဲ့ ဒယ်အိုးထဲကဆန်မုန့်ချောင်းတွေကိုဆယ် ရေခဲရေထဲခဏစိမ်ထားပြီး။အိုးထဲကရေကိုသွန်။ငံပုရည်နဲ့သကြားကိုအညွှန်းထဲကအတိုင်းအတိအကျထည့်ပြီးချက်ထားတဲ့ငရုတ်သီးအနှစ်ထဲကို တော့ပိုကီတွေလောင်းထည့်။ဘယ်ပြန်ညာပြန်လှိမ့်ပြီး ပန်းကန်ထဲထည့်လိုက်သည်။

နောက်ပြီးနှမ်းကိုပရော်ဖက်ရှင်နယ်ကျကျ ပန်းကန်နဲ့တစ်ပေအကွာလောက်ကနေလက်ဖျားလေးနှင့်ဖြူးနေသည်။မသိရင် Master Chef ပြိုင်ပွဲဝင်လိုလို။သူအမြင်နဲ့တင်စိတ်တိုင်းကျသွားပြီး အရင်မမြည်းကြည့်ဘဲ ဂျွန်စားဖို့ပန်းကန်လာချပေးသည်။

အပြင်အဆင်ကတော့ တော့ပိုကီရုပ်ပေါက်ပေမယ့်။ခရင်းနဲ့ထိုးပြီး ဂျွန်စားကြည့်လိုက်တော့။

"အာ..ဘာလဲဟာ"

ဂျွန်ချက်ချင်းပင်ထွေးထုတ်လိုက်ရသည်။ဘာလို့လဲဆိုတော့..

"ကိုကြီးဂျွန် ဖြူသွယ်ချက်ထားတာမကောင်းဘူးလား"

"နင့်ဟာနင်ပဲ စားကြည့်လိုက်ပါတော့ဖြူသွယ်ရယ် တော့ပိုကီ မကီတော့မသိဘူး အရသာက မုန့်လုံးရေပေါ်ကိုငရုတ်သီးမှုန့်နဲ့တို့စားနေရတဲ့အတိုင်းပဲ"

ဂျွန်ပြောတာကို ြဖူသွယ်မယုံ။ခပ်မြန်မြန်ပဲ ခက်ရင်းနဲ့ထိုးပြီးစားကြည့်လိုက်တော့။

"ဝေါ့..."

ပါးစပ်ထဲဝင်တုန်းပဲရှိသေး အကုန်ပြန်ထွက်လာသည်။ဂျွန်ပြောတဲ့စကားကို သူကိုယ်တွေ့စားကြည့်ပြီးမှယုံသွားတယ်။တကယ် မုန့်လုံးရေပေါ်ကိုငရုတ်သီးမှုန့်နဲ့တို့စားနေရတဲ့အတိုင်းပဲ။အစိမ်းမှုန့်နံ့တထောင်းထောင်းနဲ့ စားရတာချိုသလိုနဲ့စပ်ပြီး ဖွယ်ဖွယ်ကြီး။

"ငါပြောသားပဲ မကောင်းပါဘူးလို့ သွန်လိုက်တော့ ဆက်စားရင်နင်ဆေးရုံရောက်လိမ့်မယ်"

ဖြူသွယ်ပန်းကန်ကိုဆွဲယူပြီး ချက်ချင်းအမှိုက်ပုံးထဲကိုသွန်ချလိုက်သည်။နောက်တစ်ခါကစပြီး တော့ပိုကီကိုဝယ်စားဖို့ပဲသူစဉ်းစားတော့မည်။ဘယ်တော့မှ ကိုယ်တိုင်မလုပ်စားဖို့ဆုံးဖြတ်လိုက်သည်။

"အန်တီခင် ကျွန်တော့်ကိုစတော်ဘယ်ရီတစ်ခွက်ဖျော်ပေးပါလား သားအတွက်ကောနည်းနည်းပိုဖျော်လိုက်"

"စတော်ဘယ်ရီတွေမရှိတော့ဘူးဂျွန် တီခင်ဟိုနေ့ကရေခဲသေတ္တာဖွင့်ကြည့်တော့ ခြင်းထဲကအသီးတွေအကုန်ပျော်ပြီးမကောင်းတော့တာနဲ့လွှင့်ပစ်လိုက်ပြီ"

စတော်ဘယ်ရီသားအဖ ဖေျာ်ရည်မသောက်ရလို့မျက်နှာရှစ်ခေါက်ကျိုးသွားသည်။

"ဒါဆိုလည်း သားအတွက်နို့မှုန့်၊ကျွန်တော့်အတွက် ကော်ဖီတစ်ခွက်ပဲဖျော‌်ပေးတော့"

မရှိတော့လည်းမတတ်နိုင်။ရှိတာပဲသောက်ရတော့မည်။

_______________________

မနက်စောစောတိမ်စိုင်နိုးလာပြီး ချွေးတွေနဲ့ကပ်စေးစေးဖြစ်နေတာကြောင့် ရေချိုးဖို့‌ေရချိုးခန်းထဲဝင်သွားသည်။သွားကိုအရင်ပြောင်အောင်တိုက်ကာ မျက်နှာသစ်နေရင်း လကုန်ရင်ဆပ်ရမယ့် အကြွေးစာရင်းတွေကခေါင်းထဲကိုတန်းစီပြီးဝင်လာသည်။

အကြွေးဆပ်ရမယ်ဆိုတဲ့စိတ်က ငရဲခန်းတံခါးဝလိုပဲပူလောင်တယ်။‌ပူပန်ရတာတွေများလို့ တစ်ကိုယ်လုံးတောင် လောင်ကျွမ်းနေသလိုပဲ။တစ်ချက်တစ်ချက် ညှော်နံ့ရ‌သလို ခံစားမိသည်။

မျက်နှာသစ်ပြီး အုတ်ကန်ထဲကရေကိုခပ်ကာ ခေါင်းကနေလောင်းချလိုက်သည်။

စိတ်ထဲကပူလောင်မှုကိုမငြှိမ်းသတ်‌နိုင်ရင်တောင် ခန္ဓာကိုယ်အပြင်ဘက်မှာထွက်နေတဲ့အခိုးအငွေ့တွေကိုတော့ ဒီအုတ်ကန်ထဲကရေက ငြှိမ်းပေးနိုင်လောက်မည်ထင်ပါသည်။

တခြားသူတွေအတွက် ‌ကျောရိုးထဲထိစိမ့်နေအောင် ချမ်းတဲ့ဒီကန်ရေက တိမ်စိုင့်အတွက်တော့ အေးသလိုတောင်ခံစားရပုံမပေါ်။ဝန်ပိနေတဲ့စိတ်ကြောင့်လည်းဖြစ်လောက်မည်။

ငွေ‌ဆိုတဲ့အရာက လူတစ်ယောက်ရဲ့ဘဝကိုဘာကြောင့်များ ခြယ်လှယ်နေနိုင်ရတာလဲ။

အတွေးတွေကိုခဏရပ်ပစ်ပြီး ရေအဝချိုးကာအဝတ်လဲသည်။နောက်တော့ မနိုးသေးတဲ့အမေ့ကိုနှိုးဖို့အတွက် အခန်းထဲဝင်လာကာ။

"မေမေ မနက်စာစားရအောင်လေ ထတော့"

တိမ်စိုင် သူ့အမေကိုလှုပ်နှိုးတော့ ပြန်မဖြေ။လက်ကိုကိုင်ကြည့်တော့လည်း အေးစက်နေသည်။

"မေမေ ကျွန်တော်ခေါ်နေတယ်လေ မေမေ!"

တိမ်စိုင်သူ့အမေကို အာခေါင်ကွဲမတတ်အော်ခေါ်သော်လည်း အမေအသိစိတ်မရှိတော့ပါ။အသက်လည်းမရှူတော့တာကြောင့် သူ့အမေကိုချီပြီး ဆေးရုံကိုပြေးတော့ ဆရာဝန်ကပြောသည်။ဆုံးသွားတာ လွန်ခဲ့တဲ့တစ်နာရီလောက်ကတဲ့။

မနက်စောစောစီးစီး သူများတွေပျော်နေချိန်မှာ တိမ်စိုင်ငိုနေရသည်။မနှုတ်ဆက်လိုက်ရဘဲ ထွက်သွားတဲ့အမေ။ဆေးရုံခုတင်ပေါ်က မလှုပ်မယက်နဲ့အိပ်နေတဲ့‌အမေ။တိမ်စိုင်ခေါ်နေတဲ့အသံတွေကိုလည်း မကြားနိုင်တော့။

ဒီ‌ကမ္ဘာပေါ်မှာသူ့ကိုလိုအပ်နေတဲ့လူလည်းမရှိဘူး၊သူကလိုအပ်တဲ့အမေလည်းမရှိတော့ဘူး သူ့ရဲ့ဘဝကဒီနေရာမှာတင်ပဲအဆုံးသတ်သွားခဲ့ပြီ။

သူ့ဘဝမှာ ကျန်ရှိနေတာဆိုလို့ ဆပ်မကုန်တဲ့အကြွေးတွေ။ဆပ်ဖို့ငွေလည်းမရှိသလို ဆပ်ပေးမည့်သူလည်းမရှိ။

အမေကပြောခဲ့တယ်။တကယ်လို့ သူသေသွားခဲ့ရင်မြေမမြှုပ်ဘဲ တစ်ခါတည်းသဂြိုလ်ပေးဖို့မှာထားခဲ့သည်။ထို့ကြောင့် အမေ့ရဲ့ကိုယ်ထည်ကိုအမြန်ဆုံးနည်းလမ်းနဲ့ အမေစိတ်တိုင်းကျစီစဉ်ပေးလိုက်သည်။

အမေ့ပြာအုိးကိုပိုက်ရင်း သူထိုင်နေကျတံတားပေါ်ကနေ အိုးအဖုံးကိုဖွင့်ပြီး လေတွေနဲ့အတူ မျောပါသွားစေခဲ့သည်။

ရောက်ရာအရပ်မှာ ပျော်အောင်နေပါအမေ။နေကောင်းထပ်မဖြစ်ပါစေနဲ့။

ပိုင်ဆိုင်တဲ့အရာတစ်ခုမှမရှိတော့တဲ့သူကဒီရှင်သန်ခြင်းနဲ့သေဆံုးခြင်းဆိုတဲ့စည်းပေါ်မှာ ရပ်နေရသည်။သူ့ဘဝအတွက် သူ့ဘာသာစီစဉ်ရတော့မည်။

==================

Zawgyi

"ကိုကို"

လက္မွာစုပ္လုံးကိုင္ကာ ပုဆိုးစကိုလာဆြဲတဲ့ ဝူဝူ။

"ဒါ ဟိုအိမ္မွာေတြ႕ခဲ့တဲ့ကေလးေလးပဲ ကေလးတစ္ေယာက္တည္းလား သားေဖေဖေရာ"

တိမ္စိုင္ ဝူဝူ႔ကိုေကာက္ခ်ီၿပီး ေမးေတာ့။

"ေဖေဖဟိုးဘက္မွာရွိယယ္"

စုပ္လုံးကိုပါးစပ္ထဲျပန္ထည့္ၿပီး ဝူးဝူးဝါးဝါးႏွင့္ျပန္ေျပာသည္။တိမ္စိုင္ႏွင့္ေတြ႕တာ ဝူဝူကံေကာင္းသြားသည္။ဒီေန႔တိမ္စိုင္က သူ႔အေမေသြးအန္တဲ့အတြက္ ဆရာဝန္ကိုလာၿပီး အေၾကာင္းၾကားတာ။ေဆး႐ုံခန္းကေနထြက္လာၿပီး ဓာတ္ေလွကားေရွ႕မွာေစာင့္ေနရင္း ဝူဝူနဲ႔ေတြ႕သည္။

"ဘယ္ဘက္မွာလဲ ကိုကိုလိုက္ပို႔ေပးမယ္ ေနာက္ဆို‌ေဖ‌‌ေဖမသိဘဲတစ္ေယာက္တည္းေလၽွာက္မသြားနဲ႔ေနာ္ သားကိုလူဆိုးေတြဖမ္းသြားရင္ဘယ္လိုလုပ္မလဲ"

တိမ္စိုင္ ဝူဝူ႔ကိုေမးေတာ့သူစုပ္ေနတဲ့စုပ္လုံးကိုပါးစပ္ထဲကျပန္ထုတ္ၿပီး။

"က်န္ခ်မွာေပါ့ ဝူဝူ႔မွာအားေယရွိယယ္ ေၾကာက္ဘူး"

"အမေလး ကေလးေသးေသးေလးကစကားတတ္လိုက္တာ ဟုတ္ပါၿပီဗ်ာ က်န္ခ်ပါ က်န္ခ်ပါ"

ဘယ္လိုကေလးေလးလဲမသိ။လက္ေမာင္းကိုမ,ျပၿပီး သူဗလရွိေၾကာင္းျပေနသည္။ျပန္ေတာင္ခ်အုံးမယ္တဲ့။အဲ့ဒါနဲ႔ ဝူဝူညႊန္တဲ့အတိုင္း တိမ္စိုင္ဝူဝူ႔ကိုခ်ီၿပီးလာရင္း လမ္းမွာကိုမင္းအိုင္ႏွင့္ေတြ႕သည္။ကိုမင္းအိုင္ရဲ့အေနာက္မွာေတာ့ ဝီးခ်ဲနဲ႔ကေလးကိုလိုက္ရွာေနတဲ့ ဂၽြန္။က‌ေလးခ်ီထားတဲ့တိမ္စိုင့္ကိုျမင္‌ေတာ့ သက္ျပင္းခ်လိုက္ကာ။

ေတာ္ပါေသးရဲ့ သားေလးအႏၲရာယ္ကင္းကင္းရွိေနလို႔။

"ဝူဝူ"

ကေလးကိုခ်ီဖို႔အေျပးလာတဲ့ ကိုမင္းအိုင္ကိုတိမ္စိုင္မျမင္ဘူးလားမသိ ကိုမင္းအိုင္ကိုေက်ာ္ၿပီး ဂၽြန႔္ဆီကိုကေလးသြားေပးသည္။မျမင္ရေအာင္လည္း ဆင္ေလာက္ရွိတဲ့ခႏၶာကိုယ္ေလ ပုရြက္ဆိတ္မွမဟုတ္ဘဲ။ကိုမင္းအိုင္လက္ႀကီးကားၿပီး ေၾကာင္‌ကာ က်န္ေနခဲ့သည္။

"ကေလးကိုေသခ်ာထိန္းပါဗ် အခုေခတ္ကေၾကာက္ဖို႔ေကာင္းတယ္ ဒီလိုခ်စ္စရာေကာင္းတဲ့ကေလးဆိုရင္ ပိုၿပီးအႏၲရာယ္မ်ားတယ္ သိလား‌‌ဗ်"

ပါးစပ္ကလည္းတတြတ္တြတ္ေျပာၿပီး ဝူဝူ႔ကိုအင့္ကနဲထိုးေပးသည္။ဂၽြန္လည္းဘာျပန္ေျပာလို႔ေျပာရမယ္မွန္းမသိ ဝူဝူ႔ကိုသာခ်ီထားလိုက္သည္။

"သားနာမည္ဘယ္လိုေခၚလဲ အာဟုတ္သားပဲ သားခုနကေျပာၿပီးၿပီပဲကိုကိုေမ့သြားတယ္ ဝူဝူ ဟုတ္တယ္မလား သားနာမည္က"

ဝူဝူခုနကဗလျပရင္း သူ႔နာမည္ေလးပါထည့္‌ေျပာသြားတာကို တိမ္စိုင္ေမ့သြားပုံရသည္။ခါးကိုကိုင္းကာ ဂၽြန႔္ေပါင္ေပၚထိုင္ေနတဲ့ဝူဝူ႔ရဲ့ေခါင္းေလးကိုပြတ္ၿပီး ပုလဲလုံးေလးေတြစီထားသလိုျဖဴၿပီးညီညာေနတဲ့ သြားေလးေတြနဲ႔ရယ္ျပသည္။

တိမ္စိုင္ခုေနေနတဲ့ အေနအထားက ဂၽြန္မ်က္ႏွာနဲ႔တစ္တန္းတည္းမွာ။တိမ္စိုင္ရဲ့ေတာက္ပတဲ့အျပဳံးေတြက တစ္ခ်ိန္တည္းမွာပဲ ဂၽြန႔္ရင္ထဲကိုလွိုက္ကနဲေႏြးသြားေအာင္လုပ္လိုက္နိုင္သည္။ရင္ထဲမွာ ခုလုခုလုနဲ႔ယားက်ိက်ိခံစားခ်က္က ဒီအျပဳံးေလးတစ္ခုေၾကာင့္ျဖစ္တည္လာၿပီး ဂၽြန႔္ပါးႏွစ္ဖက္ကအထိုးခံရသလိုရဲတက္လာသည္။

"ကိုကို ဝူဝူနဲ႔အိမ္ယိုက္ခဲ့"

တိမ္စိုင့္အက်ီစကိုလက္ဖ်ားေလးနဲ႔ဆြဲထားၿပီးေျပာေတာ့။

"မလိုက္‌ေတာ့ပါဘူးကြာ ကိုကိုလည္းအိမ္ျပန္ရအုံးမယ္ေလ"

တိမ္စိုင္မလိုက္ဘူးလည္းေျပာေရာ စုပ္လုံးကိုပစ္ခ်ၿပီး ငိုပါေလေရာ။ငိုတာဘယ္ေလာက္ေတာင္မက်ယ္လဲဆိုရင္ အေရးေပၚခန္းကေနေအာ္တဲ့မိုက္ကအသံေတာင္မွ ဝူဝူ႔ကိုမမွီဘူး တစ္ေဆး႐ုံလုံးဟိန္းေနတာပဲ။

သူနာျပဳေတြကလည္း တရွုးရွုးနဲ႔တိတ္တိတ္ေနဖို႔ႏွုတ္ခမ္းကိုလက္ညႇိုးနဲ႔ဖိၿပီးျပေနေတာ့ ဂၽြန္အားနာနာနဲ႔ျပန္ျပဳံးျပလိုက္သည္။

"တိမ္စိုင္ မင္းခဏေလာက္ပဲအခ်ိန္ေပးပါလားကြာ သားကဘာလို႔မွန္းမသိ မင္းကိုအရမ္းခင္ေနတာ ဟိုေန႔ကမင္းျပန္သြားတုန္းကဆိုငိုတာေခ်ာ့လို႔ကိုမရဘူး ကေလးမ်က္ႏွာကိုၾကည့္ပါအုံး"

ဂၽြန္မ်က္ရည္ခံထိုးၿပီး မည္းတ‌ူးေနတဲ့ဝူဝူ႔ရဲ့မ်က္ကြင္းေတြကိုလက္နဲ႔ထိုးျပသည္။မ်က္စိသူငယ္နားသူငယ္နဲ႔တိမ္စိုင့္ကိုေျပာေနတဲ့႐ုပ္ကို အေနာက္ကေနၾကည့္ေနတဲ့ကိုမင္းအိုင္ ျဖဴသြယ္တို႔ကိုျပဖို႔ဓာတ္ပုံေတာင္ရိုက္ထားလိုက္ခ်င္မိသည္။

လက္သည္းဖြက္ထားတဲ့ေၾကာင္ငယ္ေလးလို ဂၽြန႔္ရဲ့ေလသံနဲ႔အမူအရာေတြက တိမ္စိုင့္အေပၚမွာႏူးညံ့လြန္း‌ေနသည္။ႏွစ္ေတြအၾကာႀကီး အဆဲအဆိုအထုအေထာင္းခံၿပီး လုပ္ေပးလာတဲ့ကိုမင္းအိုင္ကိုက်ေတာ့ ဟန္ေဆာင္ပန္ေဆာင္နဲ႔ေတာင္မျပဳံးဖူးေပ။ကိုမင္းအိုင္ တအံ့တဩနဲ႔ျဖစ္ေနရေပမယ့္ ဒီသုံးေယာက္ကေတာ့သူကို ဖုတ္ေလတဲ့ငါးပိရွိတယ္လို႔ေတာင္မသိၾက။

လမ္းမွာသာရပ္ေနတာ ေလလြင့္ေနတဲ့ေခြးႀကီးလိုပဲ လာေခၚမယ့္လူလည္းမရွိ။အဖက္လုပ္တဲ့လူလည္းမရွိ။ေနထိုင္လာတဲ့တစ္ဘဝတာမွာ ဒီေန႔ကို ကိုမင္းအိုင္ယူၾကဳံးမရအျဖစ္ဆုံးပဲ။

တိမ္စိုင္ ဂၽြန႔္ဆီကေနကေလးကိုျပန္ေခၚၿပီး ေဆး႐ုံေကာ္ရစ္တာမွာ ေရွ႕ကိုေလၽွာက္လိုက္၊ေနာက္ကိုေလၽွာက္လိုက္နဲ႔ခ်ီကာလမ္းေလၽွာက္ေနသည္။ဝူဝူလည္း ငိုတာၾကာသြားလို႔ထင္တယ္ တိမ္စိုင့္ပခုံးေပၚမွာေခါင္းေလးမွီၿပီးအိပ္ေပ်ာ္သြားေတာ့။

"ကေလးကိုေခၚလို႔ရၿပီ ‌ကၽြန္ေတာ္ေနာက္က်ေနတာေၾကာင့္သြားရေတာ့မယ္"

ဒီတစ္ခါမွပဲ ကိုမင္းအိုင္ကိုတိမ္စိုင္ျမင္ေတာ့တယ္။ဘာလို႔ဆိုဂၽြန႔္ေဘးမွာကပ္ၿပီးရပ္ေနတာေၾကာင့္။တိမ္စိုင္ ကေလးကို ကိုမင္းအိုင္ဆီေျပာင္းခ်ီခိုင္းၿပီးတာနဲ႔ အိမ္ကိုျပန္ဖို႔လွည့္ထြက္ေတာ့ ဂၽြန္လက္ကိုလွမ္းဆြဲသည္။

"ေနပါအုံး ဒီကဒ္ေလးကိုယူသြား မင္း သားေလးကိုထိန္းခ်င္တဲ့စိတ္ေပၚလာရင္အိမ္ကိုလာခဲ့ပါ ကေလးထိန္းမေခၚဘဲမင္းကိုေစာင့္ေနမွာမို႔လို႔ သား‌ကလည္းမင္းနဲ႔မွျဖစ္မွာမို႔လို႔"

တိမ္စိုင့္လက္ထဲကို business card ထည့္ေပးသည္။

"ဟုတ္ကဲ့ပါဗ်ာ ကၽြန္ေတာ္စဥ္းစားၾကည့္ပါအုံးမယ္ ခုေတာ့ေနာက္က်ေနလို႔သြားေတာ့မယ္ေနာ္"

တိမ္စိုင္ စလြယ္သိုင္းထားတဲ့အိတ္ႀကိဳးကိုကိုင္ၿပီး ခပ္သုတ္သုတ္နဲ႔ပြင့္‌ေနတဲ့ဓာတ္ေလွကားထဲေျပးဝင္သြားသည္။
ဓာတ္ေလွကားထဲလည္းေရာက္ေရာ ေက်ာမွီလိုက္ၿပီးအသက္ကိုဝေအာင္ရွုလိုက္သည္။ဘာလို႔လဲဆိုေတာ့ လက္ကေလးထိရံုနဲ႔တင္ အတိုင္းအဆမရွိလွုပ္လာတဲ့ႏွလုံးသားေၾကာင့္။ဂၽြန္ေပးလိုက္တဲ့ ကဒ္ကိုလက္ႏွစ္ဖက္နဲ႔ကိုင္ထားၿပီး ရင္ဘတ္မွာကပ္ကာဖိထားသည္။

တစ္ဖက္မွာက်န္ခဲ့တဲ့ဂၽြန္တို႔ႏွစ္ေယာက္ကေတာ့ ကေလးကိုမနိုးေအာင္ေသခ်ာခ်ီလာၿပီးအိမ္ကိုေခၚလာကာ အိပ္ရာထက္တြင္သိပ္ထားလိုက္သည္။ကိုမင္းအိုင္အလုပ္ဆင္းတဲ့အခ်ိန္ျဖစ္တာေၾကာင့္ ဂၽြန႔္ကိုအရိုအေသေပးၿပီးအိမ္ျပန္သြားေတာ့မွဂၽြန္အဝတ္အစားလဲကာ ဂစ္တာကိုပိုက္ၿပီးထိုင္ခုံေပၚမွာထိုင္ေနသည္။

သူေမေမ့ကိုသတိရတာ‌ေၾကာင့္ အေမေပးခဲ့တဲ့ဂစ္တာေလးကိုျမတ္ျမတ္နိုးနိုးနဲ႔ခဏခဏထုတ္ၾကည့္သည္။တစ္ခါတေလ ညဘက္ေတြဆိုရင္ လသာေဆာင္မွာသူဂစ္တာထိုင္တီး‌ေနတတ္သည္။

ဂစ္တာကိုလက္နဲ႔ပြတ္ၿပီး အစြန္းအထင္းမရွ‌ိေအာင္ အာေငြ႕ေပးကာသန႔္ရွင္းေရးလုပ္ေနသည္။ဂၽြန္ကသူနဲ႔ပတ္သက္သမၽွသူ႔ပစၥည္းေတြကို ဝူဝူေလးကလြဲၿပီးဘယ္သူ႔ကိုမွထိကိုင္ခြင့္မေပးထားဘူး အိပ္ယာခင္းေတြ၊ဝူဝူ႔အဝတ္ေတြ၊စားေသာက္ဆိုင္နဲ႔ပတ္သက္တဲ့စာရြက္စာတမ္းေတြကလြဲလို႔။

______________________

"အဟြတ္ အဟြတ္ အဟြတ္"

"အေမအဆင္ေျပရဲ့လား"

ေခ်ာင္းတစ္ခါဆိုးလိုက္တိုင္း လက္ကိုင္ပုဝါမွာရႊဲသြားတဲ့ေသြးေတြ။ဆရာဝန္ေျပာသလို ျဖစ္လာမွာကိုတိမ္စိုင္ေၾကာက္ေနမိသည္။

"ရပါတယ္သားရဲ့ အေမ..အဟြတ္..ဘာမွမျဖစ္ပါဘူး"

ေသြးေပသြားတဲ့အေမ့ရဲ့ႏွုတ္ခမ္းကို တိမ္စိုင္တစ္ရွူးနဲ႔သုတ္ေပးရင္း။

"သား ဒီေန႔အလုပ္နားလိုက္ရမလား"

"မလုပ္ပါနဲ႔သားရယ္ အလုပ္ကအေရးႀကီးတယ္ေလ"

အလုပ္ကဒီေန႔မသြားဘူးဆိုရင္ ျပဳတ္ေတာ့မွာေၾကာင့္ အေမအတင္းလႊတ္ေနသည္။အဆင္ေျပပါတယ္ဆိုတဲ့စကားကို မ်က္ရည္ေတြ‌ဝဲၿပီးေျပာေနတဲ့အေမ။

"အလုပ္ကအေရးမႀကီးပါဘူး အေမကပဲအေရးႀကီးတာပါ ျပဳတ္လည္းျပဳတ္ပါေစ သားဒီေန႔မသြားေတာ့ဘူး"

ဗီး ဗီး ဗီးးးးးး

အေမ့ကိုအလုပ္မသြားေတာ့တာေျပာေနခ်ိန္ဖုန္းဝင္လာတာေၾကာင့္ ခုံေပၚမွာတင္ထားတဲ့ဖုန္းကိုဆြဲယူလိုက္သည္။

"တိမ္စိုင္ မင္းဒီေန႔အလုပ္မလာဘူးဆိုရင္ ျပဳတ္ၿပီေနာ္ ဒါပဲ!"

စကားတစ္ခြန္းကိုေလသံမာမာနဲ႔ ေျပာၿပီး တိကနဲဖုန္းခ်သြားတဲ့အလုပ္ရွင္။တိမ္စိုင္ျပန္ေျဖခ်ိန္ေတာင္မရလိုက္။

"ဘယ္ကဖုန္းလဲသား"

"ဘယ္ကမွမမဟုတ္ပါဘူးအေမ ဖုန္းမွားဆက္တာတဲ့"

သူအေမ့ကိုခုခ်ိန္မွာဒါေတြေျပာျပလိုက္လို႔မျဖစ္။ေရာဂါအေျခအေနပိုဆိုးသြားလိမ့္မည္။

အစာအိမ္ကင္ဆာမွာက အမ်ိဳးအစားအားျဖင့္ေလးမ်ိဳးရွိသည္။Adenocarcinoma၊ Lymphoma၊ Carcinoid Cancer နဲ႔  Gastrointestinal Stromal Tumor (GIST) ဆိုၿပီးရွိသည္။အဲ့ထဲကမွ အျဖစ္အမ်ားဆုံးျဖစ္တဲ့ Adenocarcinoma လို႔ေခၚတဲ့  ကင္ဆာကအခုအေမခံစား‌ေနရတာ။

Adenocarcinoma ဆိုတာ Glandular Cells လို႔ေခၚတဲ့အစာအိမ္အတြင္းထဲမွာရွိတဲ့အက်ိအခၽြဲ‌ေတြကိုထုတ္‌ေပးတဲ့အက်ိတ္မွာျဖစ္တဲ့ကင္ဆာ။

Lymphoma က ျမန္မာလိုဆို ျပန္ရည္ႀကိတ္(သို႔မဟုတ္) ေသြးအႀကိတ္လို႔ေခၚၿပီး အမ်ိဳးအစားအေနနဲ႔ကႏွစ္မ်ိဳးရွိသည္။။Hodgkin's Lymphoma နဲ႔ Non_Hodgkin's Lymphoma။ ျပန္ရည္‌ေၾကာတစ္သၽွဴးမွာရွိတဲ့ ေသြးျဖဴဥေတြကေနျဖစ္တဲ့ကင္ဆာ။

နံပါတ္သုံး Carcinoid Cancer ကအစာအိမ္နံရံမွာရွိတဲ့ ေဟာ္မုန္းထုတ္တဲ့ဆဲလ္ေတြကေနျဖစ္တဲ့ကင္ဆာ။

ေနာက္ဆုံးတစ္ခုျဖစ္တဲ့ GIST က အစာအိမ္ထဲမွာသီးသန႔္ရွိေနတဲ့အာ႐ုံေၾကာစနစ္ကေနစျဖစ္တဲ့ကင္ဆာ။

ေရာဂါတစ္ခုခုျဖစ္ရင္ အဓိကကစိတ္။စိတ္ဓာတ္ႀကံ့ခိုင္ဖို႔လိုအပ္တာ။ဒါေပမယ့္ အေမကအားငယ္တတ္တယ္။လြယ္လြယ္နဲ႔လက္ေလၽွာ့တတ္တယ္။ထစ္ခနဲဆိုေၾကာက္လန႔္ေနတတ္တဲ့လူ။ဒါေၾကာင့္ အေမကေရာဂါကိုမတြန္းလွန္နိုင္ဘဲ ေရာဂါကအေမ့ကိုအလဲထိုးတာခံ‌ေနရတာ။တိမ္စိုင္ျဖစ္နိုင္ရင္သူ႔‌အေမအစားသာဝင္ခံလိုက္ခ်င္မိသည္။

"နားနားေနေန‌ ေနပါအေမ အိပ္ခ်င္လည္းအိပ္ သားအခန္းထဲကိုလိုက္ပို႔ေပးရမလား"

"ရတယ္ အေမကုလားထိုင္မွာပဲလွဲေနေတာ့မယ္"

အေမပက္လက္ကုလားထိုင္ေပၚမွာ လွဲၿပီးအိပ္ေနေတာ့ တိမ္စိုင္ေနာက္ေဖးမွာလုပ္စရာရွိတဲ့အလုပ္ေတြလုပ္ၿပီး ထမင္းခ်က္စားေနသည္။အေမ့အတြက္ကေတာ့ ဆန္ျပဳတ္။ၾကက္ဥဆိုရင္ေတာင္ မက်က္တက်က္စားလို႔မရတဲ့အေမ့အတြက္ အားရွိဖို႔စားစရာက ဆန္ျပဳတ္အျပင္မရွိ။အသီးအရြက္ေတြေကၽြးျပန္ရင္ တစ္ခါတေလစားေပမယ့္ တစ္ခါတေလလည္းမဝင္နိုင္။

တိမ္စိုင့္အတြက္ေတာ့ အေမကအရာရာျဖစ္တဲ့အတြက္ စိတ္ကိုဒုန္းဒုန္းခ်ကာ အေမစိတ္ခ်မ္းသာေအာင္ထားေပး႐ုံပဲရွိေတာ့သည္။

______________________

"ကိုကိုေရာ"

ဝူဝူနိုးလာတာနဲ႔ ေမးတဲ့စကားကကိုကိုေရာတဲ့။ဖေအတစ္ေယာက္လုံးေဘးမွာရွိတာေတာင္ နိုးနိုးခ်င္းသတိရတာကတိမ္စိုင္။

"ကိုကိုအိမ္ျပန္သြားတယ္ ေနာက္ေန႔ျပန္လာခဲ့မယ္တဲ့ သားစားဖို႔အတြက္ မုန႔္ေတြဝယ္လာခဲ့မယ္လို႔ေျပာတယ္"

"အညားႀကီး ဝယ္ယာမွာယား"

လက္ႏွစ္ဖက္ကိုေျမႇာက္ၿပီးေျပာတဲ့ဝူဝူ။

"ဒါေပါ့သားရဲ့ ကိုကိုျပန္လာမွာမို႔ သားမငိုရဘူးေနာ္ ကိုကိုကငိုရင္မခ်စ္ေတာ့ဘူးလို႔ေျပာခဲ့တယ္"

ကေလးဆိုေတာ့ဂၽြန‌္ေျပာသမၽွကိုအကုန္ယုံသည္။

"ငိုဝူး ငိုဝူး"

က်ိဳးတိုးက်ဲတဲေပါက္ေနတဲ့သြားေသးေသးေလးနဲ႔ မ်က္လုံးႏွစ္ဖက္မွိတ္သြားသည္ထိရယ္ျပသည္။

ဂၽြန္ ဝူဝူ႔ရဲ့ပါးအိအိေလးကိုရႊတ္ကနဲနမ္းလိုက္ၿပီး အိပ္ရာကေနခ်ိဳင္းေထာက္နဲ႔ထကာ ဝူဝူ႔ကိုမ်က္ႏွာသစ္ေပးရန္ေရခ်ိဳးခန္းထဲေခၚသြားသည္။ခ်ိဳင္းေထာက္ကတစ္ဖက္ ကေလးကတစ္ဖက္နဲ႔ မနက္တိုင္းဒုကၡမ်ားသည္ပင္။

ဒိုင္ပါလဲရ၊နို႔ဘူးတိုက္ရ။အဝတ္လည္းကိုယ္တိုင္လဲေပးၿပီးမွ ေအာက္ထပ္ကိုလႊတ္လိုက္သည္။‌ဂၽြန္အလုပ္နားတဲ့ရက္ျဖစ္တာေၾကာင့္ ေရမိုးခ်ဳိးကာ ေပါ့ေပါ့ပါးပါးဝတ္ၿပီးေအာက္ကိုဆင္းလာသည္။

ခ်ိဳင္းေထာက္တစ္ေခ်ာင္းနဲ႔ ေအာက္ထပ္ကိုဆင္းရသည္မွာလြယ္ေတာ့မလြယ္။‌ေခ်ာ္က်မွာစိုးတာ‌ေၾကာင့္ ‌ေလွကားလက္ယန္းကိုကိုင္ၿပီးျဖည္းျဖည္းခ်င္းဆင္းလာေတာ့ မီးဖိုေခ်ာင္ထဲက င႐ုတ္သီးမွုန႔္အနံ့တစ္ခုရသည္။အနံ့ကေတာ္ေတာ္စပ္မယ့္ င႐ုတ္သီးအစိမ္းမွုန႔္နံ့တစ္အိမ္လုံးမႊန္ထူေနတာပဲ။

"ျဖဴသြယ္ နင္ဘာေတြလုပ္ေနတာလဲ"

ေနာက္ေဖးထဲဝင္လာေတာ့ ဆန္မွုန႔္သုံးပုံတစ္ပုံကို ေကာက္ညႇင္းမုန႔္တစ္ထုပ္နဲ႔ေရထည့္ေရာၿပီး အပီအျပင္ထိုင္နယ္ေနတဲ့ျဖဴသြယ္။ဒယ္အိုးထဲကေရထဲမွာလည္း ေပါေလာေပါေလာနဲ႔ေပၚေနတဲ့ဆန္မုန႔္ေခ်ာင္းေတြ။ဝူဝူနဲ႔အန္တီခင္ကေတာ့ ျဖဴသြယ္လုပ္ေနတာကိုေဘးကထိုင္ၾကည့္ေနၾကသည္။

"ေတာ့ပိုကီလုပ္စားမလို႔ ကိုႀကီးဂၽြန္ရဲ့ သမီးနည္းလမ္းေတြ႕ထားတာလုပ္ၾကည့္ေနတာ ခုေတာင္တစ္ပြဲရေတာ့မယ္"

ေပါက္ေပါက္ရွာရွာ မနက္ေစာေစာစီးစီးေတာ့ပိုကီစားမလို႔တဲ့။သူညကစာက်က္ရင္း ဖုန္းဆီလက္ေရာက္သြားေတာ့ တစ္ခုၿပီးတစ္ခုေပၚလာတဲ့ အစားအေသာက္video ကိုသြားရည္တျမားျမားနဲ႔ထိုင္ၾကည့္ၿပီး ညတြင္းခ်င္းပဲ ေတာ့ပိုကီလုပ္နည္းကိုထိုင္ရွာေတာ့တာ။ေတြ႕လည္းေတြ႕ေရာ မနက္စာအတြက္ေတာင္စမ္းခ်က္ေနၿပီ။ဂၽြန္ကစားေသာက္ဆိုင္ဖြင့္ထားတဲ့လူေလ။အနံ့ရတာနဲ႔တင္ ဘယ္ေလာက္ဆိုးလဲဆိုတာႀကိဳသိေနၿပီ။

"တစ္ပြဲရရင္ေပးငါစားၾကည့္မယ္"

ျဖဴသြယ္ေနာ္ တျပားမွမေလ်ာ့ဘူး။ကြန္ဖီးဒန႔္အျပည့္နဲ႔ ဒယ္အိုးထဲကဆန္မုန႔္ေခ်ာင္းေတြကိုဆယ္ ေရခဲေရထဲခဏစိမ္ထားၿပီး။အိုးထဲကေရကိုသြန္။ငံပုရည္နဲ႔သၾကားကိုအညႊန္းထဲကအတိုင္းအတိအက်ထည့္ၿပီးခ်က္ထားတဲ့င႐ုတ္သီးအႏွစ္ထဲကို ေတာ့ပိုကီေတြေလာင္းထည့္။ဘယ္ျပန္ညာျပန္လွိမ့္ၿပီး ပန္းကန္ထဲထည့္လိုက္သည္။

ေနာက္ၿပီးႏွမ္းကိုပေရာ္ဖက္ရွင္နယ္က်က် ပန္းကန္နဲ႔တစ္ေပအကြာေလာက္ကေနလက္ဖ်ားေလးႏွင့္ျဖဴးေနသည္။မသိရင္ Master Chef ၿပိဳင္ပြဲဝင္လိုလို။သူအျမင္နဲ႔တင္စိတ္တိုင္းက်သြားၿပီး အရင္မျမည္းၾကည့္ဘဲ ဂၽြန္စားဖို႔ပန္းကန္လာခ်ေပးသည္။

အျပင္အဆင္ကေတာ့ ေတာ့ပိုကီ႐ုပ္ေပါက္ေပမယ့္။ခရင္းနဲ႔ထိုးၿပီး ဂၽြန္စားၾကည့္လိုက္ေတာ့။

"အာ..ဘာလဲဟာ"

ဂၽြန္ခ်က္ခ်င္းပင္ေထြးထုတ္လိုက္ရသည္။ဘာလို႔လဲဆိုေတာ့..

"ကိုႀကီးဂၽြန္ ျဖဴသြယ္ခ်က္ထားတာမေကာင္းဘူးလား"

"နင့္ဟာနင္ပဲ စားၾကည့္လိုက္ပါေတာ့ျဖဴသြယ္ရယ္ ေတာ့ပိုကီ မကီေတာ့မသိဘူး အရသာက မုန႔္လုံးေရေပၚကိုင႐ုတ္သီးမွုန႔္နဲ႔တို႔စားေနရတဲ့အတိုင္းပဲ"

ဂၽြန္ေျပာတာကို ျဖူသြယ္မယုံ။ခပ္ျမန္ျမန္ပဲ ခက္ရင္းနဲ႔ထိုးၿပီးစားၾကည့္လိုက္ေတာ့။

"ေဝါ့..."

ပါးစပ္ထဲဝင္တုန္းပဲရွိေသး အကုန္ျပန္ထြက္လာသည္။ဂၽြန္ေျပာတဲ့စကားကို သူကိုယ္ေတြ႕စားၾကည့္ၿပီးမွယုံသြားတယ္။တကယ္ မုန႔္လုံးေရေပၚကိုင႐ုတ္သီးမွုန႔္နဲ႔တို႔စားေနရတဲ့အတိုင္းပဲ။အစိမ္းမွုန႔္နံ့တေထာင္းေထာင္းနဲ႔ စားရတာခ်ိဳသလိုနဲ႔စပ္ၿပီး ဖြယ္ဖြယ္ႀကီး။

"ငါေျပာသားပဲ မေကာင္းပါဘူးလို႔ သြန္လိုက္ေတာ့ ဆက္စားရင္နင္ေဆး႐ုံေရာက္လိမ့္မယ္"

ျဖဴသြယ္ပန္းကန္ကိုဆြဲယူၿပီး ခ်က္ခ်င္းအမွိုက္ပုံးထဲကိုသြန္ခ်လိုက္သည္။ေနာက္တစ္ခါကစၿပီး ေတာ့ပိုကီကိုဝယ္စားဖို႔ပဲသူစဥ္းစားေတာ့မည္။ဘယ္ေတာ့မွ ကိုယ္တိုင္မလုပ္စားဖို႔ဆုံးျဖတ္လိုက္သည္။

"အန္တီခင္ ကၽြန္ေတာ့္ကိုစေတာ္ဘယ္ရီတစ္ခြက္ေဖ်ာ္ေပးပါလား သားအတြက္ေကာနည္းနည္းပိုေဖ်ာ္လိုက္"

"စေတာ္ဘယ္ရီေတြမရွိေတာ့ဘူးဂၽြန္ တီခင္ဟိုေန႔ကေရခဲေသတၱာဖြင့္ၾကည့္ေတာ့ ျခင္းထဲကအသီးေတြအကုန္ေပ်ာ္ၿပီးမေကာင္းေတာ့တာနဲ႔လႊင့္ပစ္လိုက္ၿပီ"

စေတာ္ဘယ္ရီသားအဖ ေဖ်ာ္ရည္မေသာက္ရလို႔မ်က္ႏွာရွစ္ေခါက္က်ိဳးသြားသည္။

"ဒါဆိုလည္း သားအတြက္နို႔မွုန႔္၊ကၽြန္ေတာ့္အတြက္ ေကာ္ဖီတစ္ခြက္ပဲေဖ်ာ‌္ေပးေတာ့"

မရွိေတာ့လည္းမတတ္နိုင္။ရွိတာပဲေသာက္ရေတာ့မည္။

_______________________

မနက္ေစာေစာတိမ္စိုင္နိုးလာၿပီး ေခၽြးေတြနဲ႔ကပ္ေစးေစးျဖစ္ေနတာေၾကာင့္ ေရခ်ိဳးဖို႔‌ေရခ်ိဳးခန္းထဲဝင္သြားသည္။သြားကိုအရင္ေျပာင္ေအာင္တိုက္ကာ မ်က္ႏွာသစ္ေနရင္း လကုန္ရင္ဆပ္ရမယ့္ အေႂကြးစာရင္းေတြကေခါင္းထဲကိုတန္းစီၿပီးဝင္လာသည္။

အေႂကြးဆပ္ရမယ္ဆိုတဲ့စိတ္က ငရဲခန္းတံခါးဝလိုပဲပူေလာင္တယ္။‌ပူပန္ရတာေတြမ်ားလို႔ တစ္ကိုယ္လုံးေတာင္ ေလာင္ကၽြမ္းေနသလိုပဲ။တစ္ခ်က္တစ္ခ်က္ ေညႇာ္နံ့ရ‌သလို ခံစားမိသည္။

မ်က္ႏွာသစ္ၿပီး အုတ္ကန္ထဲကေရကိုခပ္ကာ ေခါင္းကေနေလာင္းခ်လိုက္သည္။

စိတ္ထဲကပူေလာင္မွုကိုမျငႇိမ္းသတ္‌နိုင္ရင္ေတာင္ ခႏၶာကိုယ္အျပင္ဘက္မွာထြက္ေနတဲ့အခိုးအေငြ႕ေတြကိုေတာ့ ဒီအုတ္ကန္ထဲကေရက ျငႇိမ္းေပးနိုင္ေလာက္မည္ထင္ပါသည္။

တျခားသူေတြအတြက္ ‌ေက်ာရိုးထဲထိစိမ့္ေနေအာင္ ခ်မ္းတဲ့ဒီကန္ေရက တိမ္စိုင့္အတြက္ေတာ့ ေအးသလိုေတာင္ခံစားရပုံမေပၚ။ဝန္ပိေနတဲ့စိတ္ေၾကာင့္လည္းျဖစ္ေလာက္မည္။

ေငြ‌ဆိုတဲ့အရာက လူတစ္ေယာက္ရဲ့ဘဝကိုဘာေၾကာင့္မ်ား ျခယ္လွယ္ေနနိုင္ရတာလဲ။

အေတြးေတြကိုခဏရပ္ပစ္ၿပီး ေရအဝခ်ိဳးကာအဝတ္လဲသည္။ေနာက္ေတာ့ မနိုးေသးတဲ့အေမ့ကိုႏွိုးဖို႔အတြက္ အခန္းထဲဝင္လာကာ။

"ေမေမ မနက္စာစားရေအာင္ေလ ထေတာ့"

တိမ္စိုင္ သူ႔အေမကိုလွုပ္ႏွိုးေတာ့ ျပန္မေျဖ။လက္ကိုကိုင္ၾကည့္ေတာ့လည္း ေအးစက္ေနသည္။

"ေမေမ ကၽြန္ေတာ္ေခၚေနတယ္ေလ ေမေမ!"

တိမ္စိုင္သူ႔အေမကို အာေခါင္ကြဲမတတ္ေအာ္ေခၚေသာ္လည္း အေမအသိစိတ္မရွိေတာ့ပါ။အသက္လည္းမရွူေတာ့တာေၾကာင့္ သူ႔အေမကိုခ်ီၿပီး ေဆး႐ုံကိုေျပးေတာ့ ဆရာဝန္ကေျပာသည္။ဆုံးသြားတာ လြန္ခဲ့တဲ့တစ္နာရီေလာက္ကတဲ့။

မနက္ေစာေစာစီးစီး သူမ်ားေတြေပ်ာ္ေနခ်ိန္မွာ တိမ္စိုင္ငိုေနရသည္။မႏွုတ္ဆက္လိုက္ရဘဲ ထြက္သြားတဲ့အေမ။ေဆး႐ုံခုတင္ေပၚက မလွုပ္မယက္နဲ႔အိပ္ေနတဲ့‌အေမ။တိမ္စိုင္ေခၚေနတဲ့အသံေတြကိုလည္း မၾကားနိုင္ေတာ့။

ဒီ‌ကမၻာေပၚမွာသူ႔ကိုလိုအပ္ေနတဲ့လူလည္းမရွိဘူး၊သူကလိုအပ္တဲ့အေမလည္းမရွိေတာ့ဘူး သူ႔ရဲ့ဘဝကဒီေနရာမွာတင္ပဲအဆုံးသတ္သြားခဲ့ၿပီ။

သူ႔ဘဝမွာ က်န္ရွိေနတာဆိုလို႔ ဆပ္မကုန္တဲ့အေႂကြးေတြ။ဆပ္ဖို႔ေငြလည္းမရွိသလို ဆပ္ေပးမည့္သူလည္းမရွိ။

အေမကေျပာခဲ့တယ္။တကယ္လို႔ သူေသသြားခဲ့ရင္ေျမမျမႇုပ္ဘဲ တစ္ခါတည္းသၿဂိဳလ္ေပးဖို႔မွာထားခဲ့သည္။ထို႔ေၾကာင့္ အေမ့ရဲ့ကိုယ္ထည္ကိုအျမန္ဆုံးနည္းလမ္းနဲ႔ အေမစိတ္တိုင္းက်စီစဥ္ေပးလိုက္သည္။

အေမ့ျပာအုိးကိုပိုက္ရင္း သူထိုင္ေနက်တံတားေပၚကေန အိုးအဖုံးကိုဖြင့္ၿပီး ေလေတြနဲ႔အတူ ေမ်ာပါသြားေစခဲ့သည္။

ေရာက္ရာအရပ္မွာ ေပ်ာ္ေအာင္ေနပါအေမ။ေနေကာင္းထပ္မျဖစ္ပါေစနဲ႔။

ပိုင္ဆိုင္တဲ့အရာတစ္ခုမွမရွိေတာ့တဲ့သူကဒီရွင္သန္ျခင္းနဲ႔ေသဆံုးျခင္းဆိုတဲ့စည္းေပၚမွာ ရပ္ေနရသည္။သူ႔ဘဝအတြက္ သူ႔ဘာသာစီစဥ္ရေတာ့မည္။
© Noon ,
книга «တိမ်စိုင်ငယ်လို».
Коментарі