Ep_1
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_3
Unicode

ယနေ့မှာ စနေနေ့ဖြစ်သည့်အတွက် ဆိုက်ထဲကအလုပ်နားရက်ဖြစ်သည်။တိမ်စိုင်လည်း တစ်နေ့တစ်နေ့ငွေပဲအပတ်တကုတ်နဲ့ရှာနေရတာမို့ ဒီနေ့တစ်ရက်တော့သူနားဖို့လိုအပ်တဲ့အတွက် အိမ်မှာပဲအနားယူလိုက်သည်။

အနားယူတယ်သာပြောရတာ အိမ်အလုပ်ကတော့လုပ်ရသေးသည်။မနက်နိုးလာလာချင်း တစ်ပတ်တာလုံး ဝတ်ထားတဲ့အဝတ်တွေ၊အမေဝတ်ထားတဲ့ထဘီတွေကို ပုံးတစ်ခုစီသက်သက်ခွဲကာရေစိမ်ထားရသည်။လျှော်ဖွတ်၊တိုက်ချွတ် လုပ်ရပေအုံးမည်။

"အမေ ဒီနေ့ဆေးရုံသွားပြီးဆေးသွင်းရမှာဆိုတော့ သားပြုတ်ထားတဲ့ကြက်ဥလေးစားလိုက်ပါလား"

"အင်း စားမယ်သား"

တိမ်စိုင်နောက်ဖေးကနေ အိုးထဲမှာပြုတ်ထားတဲ့ကြက်ဥနှစ်လုံးကိုယူကာ ‌အခွံသေချာခွာ၍ ဓားနှင့်လေးစိတ်စိတ်လိုက်သည်။အလုံးလိုက်ကျွေးလျှင် အမေ မစားနိုင်မည်ကိုစိုးရိမ်တာကြောင့် သေချာလှီးပြီး ပန်းကန်လုံးတစ်ခုထဲထည့်ကာ အိမ်ရှေ့သို့ယူလာခဲ့သည်။

အမေကတော့ အရင်နေ့တွေလိုပဲ ဘုရားစင်နားမှာချိတ်ထားတဲ့ အဖေ့ရဲ့ပုံလေးကိုသာငေးငိုင်ကြည့်နေသည်။အမေပြောဖူးတယ် အဖေ့ကိုအသက်ထက်ဆုံးချစ်ခဲ့တာတဲ့။ကျွန်တော်ကအဖေနဲ့တူပြီး ရိုးရိုးသားသားနဲ့စိတ်ထားကောင်းကြောင်း အမြဲအမွှန်းတင်လေ့ရှိသည်။

ကြက်ဥထည့်ထားသည့်ပန်းကန်လုံးကို ခုံပေါ်တွင်ထိုင်နေသည့်အမေ့လက်ထဲထည့်ပေးလိုက်သည်။အမေကအရင်တုန်းက အငံတွေအရမ်းစားတာ။အဲ့တာကြောင့် အစာအိမ်ကင်ဆာဖြစ်သွားရတာဟု ဆရာဝန်ကပြောသည်။

အစတုန်းက အစာစားပြီးတိုင်း လည်ပင်းမှာစို့နေသလိုဖြစ်ပြီး ရင်ခေါင်းတောင့်ကြောင်း ပြောဖူးသော်လည်း အစာမကြေဖြစ်‌ေနသည်ဟုသာထင်ခဲ့သည်။

နောက်ပိုင်းကျတော့ အစာစားပြီးတိုင်းအန်၊ကိုယ်အလေးချိန်တွေလည်း သိသိသာသာကျလာတာကိုတွေ့ရသည်။ဝမ်းသွားလျှင်သွေးပါပြီး အစာအိမ်‌နာလာသဖြင့် ဆေးရုံသွားကာပြကြည့်တော့မှ အခြေအနေတွေကဆိုးနေပြီဖြစ်သည်။

အစာအိမ်ကင်ဆာမှာအဆင့်ငါးဆင့်ရှိသည်။သုညကနေ လေးအထိ။အမေကတော့ နောက်ဆုံးအဆင့်။အချိန်နှောင်းမှသိရတာဖြစ်တဲ့အတွက် ဘာမှမတတ်နိုင်ပေ။

"ရပြီသား သားလည်းမနက်စာစားအုံးလေ မစားရင်ပိန်သွားလိမ့်မယ်"

"မပိန်ပါဘူးအမေရယ် ဒီမှာကြည့် သားကသန်မာပါတယ်"

လက်တိုအကျီကို ပခုံးပေါ်ထိပင့်တင်လိုက်ကာ လက်မောင်းကွေးပြတော့ ပန်းသီးအရွယ်လောက်ရှိသည့် ကြွက်သားအစိုင်အခဲမှာ လက်မောင်းထက်၌မို့မောက်ထွက်နေသည်။

အမေနှင့်စာလျှင် နှစ်ကိုယ်၊သုံးကိုယ်စာလောက်ကွာသော ခန္ဓာကိုယ်မို့ စိတ်ပူရန်လည်းမလို။သို့သော် ြခိုးခြံချွေတာကာ မလောက်မငနှင့်စားနေရသဖြင့် မျက်နှာချောင်နေသည်။

"ကျွန်တော်အဝတ်သွားလျှော်လိုက်အုံးမယ် အမေရေချိုးမလား ရေနွေးတည်ပေးမယ်လေ"

အမေစားပြီးသားပန်းကန်ကိုကိုင်ကာ တိမ်စိုင်မတ်တပ်ရပ်လိုက်ပြီး နောက်ဖေးသို့ပြန်မဝင်ခင် ‌မေးလိုက်သည်။

"ချိုးမယ်သား အမေဒီနေ့ငြီးစီစီဖြစ်နေတယ် သားအဝတ်လျှော်ပြီးမှတည်ပေးရတယ်"

"ဟုတ်အမေ"

ဘေစင်တွင် ပန်းကန်ကို‌ပြောင်စင်အောင်ပွတ်ဆေးပြီး ပန်းကန်စင်ပေါ်တွင်တင်ထားလိုက်သည်။ထို့‌ေနာက် အပေါ်ဝတ်ကိုဆွဲချွတ်ကာ ရေလဲပုဆိုးဝတ်ပြီးရေချိုးခန်းထဲဝင်၍ ပုံးထဲမှဆပ်ပြာစိမ်ထား‌ေသာအဝတ်များအား လက်နှင့်ပွတ်လျှော်ကာ ရေနှစ်ထပ်၊သုံးထပ်ဆေးချသည်။ရေများကုန်စင်သွားသည်အထိညှစ်ထုတ်ကာ ပုံးကိုယူပြီးအိမ်ရှေ့ကိုထွက်လာသည်။

အဝတ်လှမ်းသည့်နှစ်တန်းမှာ အိမ်ရှေ့ခြံထဲတွင်သာရှိသဖြင့် လှမ်းရန်ယူလာခဲ့လိုက်သည်။ရေတ‌စ်စက်စက်ကျနေသော အဝတ်များအား တစ်ချက်၊နှစ်ချက်ခါကာ အပေါ်တန်းတွင်ချိတ်နှင့်ချိတ်လှမ်းလိုက်သည်။အောက်ကတန်းတွင်တော့ အမေ့ထဘီများ လှမ်းထားလိုက်သည်။နေမှာ ခါတိုင်းနေ့များထက်ပိုပူသည်မို့ တစ်ရက်ထဲနှင့်အကုန်ခြောက်လောက်သည်။

သီချင်းတညည်းညည်းနှင့် ပုံးထဲကအဝတ်ကိုယူလိုက် တန်းတွင်လှမ်းလိုက်နှင့်အလုပ်ရှုပ်နေသည့်တိမ်စိုင်အား ရပ်ကွက်ထဲရှိမိန်းကလေးများလာချောင်းကြသည်။

"ဟဲ့ ညိုစင် တိမ်စိုင့်ကိုကြည့်ပါအုံး ‌ပါမုန့်ခြောက်လုံးနဲ့ဟ ကိုက်ချင်စရာကြီး"

ညိုစင့်လက်မောင်းကို ရတီ သူ့လက်သည်းတွေဖြင့်ကုတ်ကိုင်ပြီး ပါးစပ်ထဲမှသွားရည်ချောင်းစီးမတတ် ခြံစည်းရိုးရှိခွေးတိုးပေါက်မှ အပီအပြင်ကို ဆောင့်ကြောင့်ထိုင်ကာချောင်းကြည့်နေသည်။ရတီတို့အိ‌ေန္ဒြမှာ ရွှေပေး၍လည်းမရ၊ငွေပေး၍လည်းမရ။

စနေနေ့တိုင်း တိမ်စိုင်အလုပ်နားလေ့ရှိပြီး အဝတ်ထွက်လှမ်းတတ်သည်ကိုသိသဖြင့် အပတ်တိုင်းလိုလို ကင်းစောင့်နေကြသည့်မိန်းကလေးများ ထိန်း၍ပင်မနိုင်။ဒါကိုလည်း တိမ်စိုင်သတိမထားမိပေ။

"တိမ်စိုင်ချောတာကိုငါသိပါတယ် ဒါပေမယ့်နင်ငါ့ကိုကုတ်စရာတော့မလိုဘူးလေဟယ်"

ရတီကိုင်ထားသည့် လက်မောင်းမှာ လက်သည်းများနစ်ဝင်ကာ အရာထင်နေ၍ ညိုစင်နာလာပုံရသည်။ရတီ့လက်ကို ခပ်စပ်စပ်တစ်ချက်ရိုက်ချပြီး အနားမှတစ်ထွာ‌ခန့်ခွာလိုက်သည်။အများကြီးလည်းခွာလို့ကမရ ခွာလိုက်ရင် မမြင်ရတော့မှာလည်းကြောက်သည်။

"အေးပါ မကိုင်တော့ပါဘူး ‌တိမ်စိုင်ကယောက်ျားပီသလွန်းလို့ပါဟယ် ဖြူစွတ်ပြီးဖောင်းကြွနေတဲ့လက်မောင်းတွေကိုလည်းကြည့်ပါအုံး ညတိုင်းသာခေါင်းအုံးအိပ်ရရင်‌ဘယ်လောက်ကောင်းလိုက်မလဲ"

မန်ကျည်းရည်သောက်နေရသလို ချဉ်ပြုံးပြုံးမျက်နှာထားဖြင့် လက်နှစ်ဖက်ကိုပါးမှာကပ်ထားကာ အတွေးကမ္ဘာထဲပျော်မွေ့နေသည့် ရတီ။

"ဟဲ့ဟဲ့ ပြစ်မှားတာလည်းတော်ရုံပဲကောင်းတယ်နော် သူ့မှာရည်းစားရှိနေရင်ဘယ်လိုလုပ်မလဲ"

"အမလေး ပူစရာတောင်မလိုဘူး ငါ့‌ေမာင်‌ေလးကလူပျိုနုနုထွတ်ထွတ်လေး ရည်းစားတစ်ခါမှမထားဖူးသေးပါဘူးဟ"

ဒီနှစ်ယောက်က ရပ်ကွက်ထဲကအပျိုကြီးတွေ။အသက်ကတော့နှစ်ယောက်စလုံး ၃၃လောက်တော့ရှိပြီ။တိမ်စိုင့်ကိုချိန်နေတာ နှစ်ပေါင်းဘယ်နှစ်‌ရာတောင်ချီနေပြီလဲမသိပေမယ့် တိမ်စိုင်က‌ေတာ့ကိုယ့်အစ်မအရင်းလိုပဲခင်ရှာတာ။

"ဟဲ့ ရတီ နင်တို့ဘာလုပ်နေကြတာလဲ"

သူတို့နှစ်ယောက်အပေါ်ကို အရိပ်မည်းတစ်ခုဖြာကျလာတော့ လန့်ဖျပ်ကာ တုန်တုန်ရီရီနှင့်နောက်သို့လှည့်ကြည့်ကြသည်။

"လန့်သွားတာပဲ အုပ်ချုပ်ရေးမှူးရယ် ရတီတို့ကဘာမှမလုပ်ပါဘူး တိမ်စိုင်တို့ခြံနားမှာမြက်ပင်တွေများနေလို့ ကူ‌နှုတ်ပေးရင်ကောင်းမလားထိုင်စဉ်းစားနေကြတာ"

"မိန်းကလေးတွေဖြစ်ပြီး လမ်းမကြီးမှာမြင်မကောင်း‌ေအာင် ဘယ်လိုတွေထိုင်နေကြတာလဲ ထထ လုပ်စရာရှိတာသွားလုပ် နင်တို့ဒီလိုအလေလိုက်နေလို့ ယောက်ျားမရတာ"

အုပ်ချုပ်ရေးမှူးပြောလိုက်သော ယောက်ျားမရတာဟူသည့် စကားငါးလုံးကြောင့် ဒေါသတွေဒိန်းကနဲ ဆောင့်ကာတက်လာသဖြင့် ထိုင်နေရာမှ ဆတ်ကနဲထလာကြသည်။

"ဘာဆိုင်လို့လဲ အုပ်ချုပ်ရေးမှူးရဲ့ ယောက်ျားဆိုတာအချိန်မရွေးခေါင်းခေါက်ယူလို့ရတယ် ညိုစင်တို့မှာတစ်ပုံကြီးပဲ မယူချင်သေးလို့သာငြိမ်နေတာပါ ညိုစင်တို့ကအလေလိုက်နေတာလည်းမဟုတ်ပါဘူး သဘာဝအလှကိုတစ်ဝကြီးခံစားနေတာပါ"

"ဒီလောက်ပူလောင်နေတဲ့ရာသီဥတုကြီးမှာ အမိုးအကာမရှိဘဲထိုင်နေနိုင်ကြတယ်နော် သွားသွား နင်တို့အိမ်ပြန်ကြတော့"

အမည်းရောင်ထီးကောက်တစ်ချောင်းဆောင်းကာ ရတီတို့နှစ်ယောက်ကိုဆူနေသည့် အုပ်ကြီး။သူများတွေကအသားမည်းမှာဆိုးလို့ ထီးကိုအလုအယက်ဆောင်းနေကြတဲ့အချိန် သူတို့နှစ်ယောက်ကတော့ လသာနေသည့်အတိုင်း အေးအေးလူလူနှင့်ထိုင်နေကြသည်။အုပ်ကြီးပြောလည်းပြောချင်စရာ။

"ပြန်ပါပြီ အုပ်ချုပ်ရေးမှူးရယ် ပြန်ပါပြီ‌ ဒီလောက်ပဲဆူပါတော့"

"ဘယ်လိုကောင်မလေး‌ေတွလည်းမသိဘူး ပြောရဆိုရခက်တယ်"

အုပ်ကြီး ပြောပြောဆိုဆိုနှင့် ‌ထီးကိုပိတ်ကာ တိမ်စိုင်တို့ခြံတံခါးကို အပြင်ကနေလက်နှိုက်ဖွင့်၍ ပွစိပွစိနှင့်ဝင်လာခဲ့သည်။

"ဟာ အုပ်ချုပ်ရေးမှူးကြီး ဘာကိစ္စရှိလို့လဲ‌ဗျ မတွေ့ရတာတောင်ကြာပြီ"

တိမ်စိုင်အကျီကျွတ်နှင့်အဝတ်လှမ်း‌ေနရာကပြေးလာတော့မှ အုပ်ကြီး ရတီတို့နှစ်ယောက်အကြံကိုသဘောပေါက်သွားသဖြင့် ခြံအပြင်ဘက်ကို ခေါင်းမော့ကာ ဘယ်ညာလှည့်ပြီး ပြန်မပြန် ကြည့်လိုက်သေးသည်။

"တိမ်စိုင် မင်းနောက်တစ်ခါအိမ်ရှေ့ထွက်မယ်ဆိုရင် အဝတ်လေးဝတ်ပြီးမှထွက်ပါလားကွာ"

အုပ်ကြီးပြောသည်ကို တိမ်စိုင်သဘောမပေါက် အူကြောင်ကြောင်နှင့်။

"ခင်ဗျာ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ဘူး အအေးပတ်မှာစိုးလို့ကွ လာ လာ အိမ်ထဲဝင်ရအောင် အဝတ်မြန်မြန်လှမ်း"

တိမ်စိုင်သဘောမပေါက်သဖြင့် အုပ်ကြီး ရွဲ့ကာသာပြန်ပြောလိုက်သည်။ဒါကိုလည်း တိမ်စိုင်ကအတည်ထင်နေသည်။

"အော် ဟုတ် ဟုတ်ကဲ့ခင်ဗျ အုပ်ချုပ်ရေးမှူးဝင်နှင့်နော် အိမ်ထဲမှာအမေရှိတယ်"

"အေးအေး"

အုပ်ကြီးဝင်သွားပြီးမှ တိမ်စိုင်အဝတ်အကုန်လှမ်းလိုက်ကာ ပုံးကိုအိမ်ထဲပြန်သယ်လာသည်။အိမ်ရှေ့ခန်းတွင် စကားပြောနေကြသော အုပ်ကြီးနှင့်အမေ့နားသွားမထိုင်သေးဘဲ နောက်ဖေးသို့ဝင်ကာ အဝတ်ဝတ်ပြီးမှပြန်ထွက်လာခဲ့သည်။

"‌မကျူကျူနေကောင်းရဲ့လား ကျွန်တော်လည်းရပ်ကွက်ကကိစ္စ‌ေတွရှုပ်‌ေနတာနဲ့မလာဖြစ်တာ"

"ရပါတယ် အုပ်ချုပ်ရေးမှူးရယ် ဒီလိုမျိုးလာကြည့်ပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ ဒါနဲ့ တခြားဘာကိစ္စများရှိသေးလို့လဲ"

အုပ်ကြီးဘေး‌တွင် တိမ်စိုင်‌ေရ‌ေနွးခရားနှင့်ခွက်တစ်ခွက်ယူလာကာဝင်ထိုင်လိုက်ပြီး ရေနွေးကြမ်းတစ်ခွက်ထည့်ကာ အုပ်ကြီးဆီသို့တိုးပေးလိုက်သည်။လူကြီးတွေအချင်းချင်း သာကြောင်းမာကြောင်းမေးနေကြသည်မို့ တိမ်စိုင်ဝင်မပြောဘဲငြိမ်ငြိမ်လေးထိုင်ကာ နားထောင်နေသည်။

"ဒီနေ့ မကျူကျူတို့သားအမိ ဆေးရုံသွားကြမှာမလား ကျွန်တော်လည်းကျန်းမာရေးလေးနည်းနည်းပါးပါးစစ်ဆေးကြည့်ချင်တာနဲ့ တူတူသွားမယ်ဆိုပြီးဝင်လာခဲ့တာ"

တိမ်စိုင်ထည့်ပေးတဲ့ ရေနွေးကြမ်းကိုမှုတ်သောက်ပြီး လာသည့်အကြောင်းအရင်းကို ပြောပြသည်။အုပ်ချုပ်ရေးမှူးက တိမ်စိုင်ကိုသဘောကျသည်။ဘာလို့လဲဆိုတော့ တိမ်စိုင်ကအရက်သေစာသောက်စားတာလည်းမရှိ၊အလောင်းအစားလည်းမလုပ်တတ်။

ဒါပေမယ့် ယောက်ျားလေးဗီဇအရတော့ စကားအ‌ေချအတင်ဖြစ်ပြီး ထိုးကြိတ်တာလေးတော့ရှိသည်။သို့သော် တိမ်စိုင်မှာအမှန်တရားရဲ့ဘက်တော်သားဖြစ်တာကြောင့် သူ့အမှားနဲ့ရုံးရောက်၊ဂက်ရောက်တာမျိုးတော့မဟုတ်ပေ။ထို့ကြောင့် တိမ်စိုင်တို့သားအမိကိုခင်ကာ မကြာခဏဆိုသလို သာကြောင်းမာကြောင်းလာမေးတတ်သည်။

"အတော်ပဲပေါ့ အုပ်ချုပ်ရေးမှူးရယ် မဟုတ်ရင်သားတစ်ယောက်တည်း ကျွန်မကိုလိုက်ပို့ရတာပျင်းနေရှာမှာ"

"ဦလေးလိုက်ခဲ့တော့အမေလည်းစကားလေးဘာလေးပြောဖော်ရတာပေါ့ဗျာ"

"ရပါတယ် ဆယ်နာရီထိုးပြီဦးတို့သွားကြတော့မလား"

အဲ့လိုနဲ့ပဲ သားအမိနှစ်ယောက်ရေမချိုးလိုက်ရဘဲနဲ့ အုပ်ကြီးနောက်သို့ပါသွားကြသည်။

________________

ဂျွန်တို့အိမ်‌ေရှ့ခန်းတွင် ကလေးထိန်းအင်တာဗျူးလာဖြေကြသူများမှာ အလှူအိမ်ကဲ့သို့ပြည့်နှက်နေသည်။လာသမျှလူတွေအကုန်လုံးကို ဒိုင်ခံစစ်နေသည်မှာတော့ လူကြီးလူကောင်းဝူဝူ။

မကြိုက်သဖြင့်ပြန်လွှတ်လိုက်သည့်လူမှာ သုံးပုံပုံလျှင်နှစ်ပုံခွဲစာလောက်ရှိတာကြောင့် ခြောက်ယောက်လောက်သာကျန်တော့သည်။

ဂျွန်ကအဖေဆိုပေမယ့် ရုံးသွားရတာကြောင့် အိမ်မှာကျန်ခဲ့တဲ့အိမ်‌ေတာ်ထိန်းအန်တီခင်နှင့်ဖြူသွယ်တို့ကိုသာပုံအပ်ထားခဲ့သည်။တစ်အိမ်လုံးရဲ့ခေါင်းကိုင်ဖြစ်တဲ့ ဝူဝူကတော့ တိုင်းခန်းလှည့်လည်နေသည့်ဘုရင်ကဲ့သို့ ဆိုဖာခုံပေါ်တွင် လက်ပိုက်ကာမိန့်မိန့်ကြီးထိုင်နေသည်။

အထိန်းခံရမည့် ကာယကံရှင်ကဝူဝူဖြစ်တဲ့အတွက် အရာအားလုံးပုံအပ်ထားကြသည်။သူကြိုက်မှ အဆင်ပြေမည်။

လာကြတဲ့အမျိုးသမီးတွေကအသက်နည်းနည်းကြီးကြတော့ ဝူဝူ့လိုမလောက်လေးမလောက်စား ပိစိညှောင့်တောက်ကလေးတစ်ယောက်က အင်တာဗျူးနေတာဆိုတော့ မခန့်လေးစားလုပ်ကာ ပြန်သွားကြသူများလည်းရှိသည်။

"အဒေါ် ့ရဲ့နာမည်က မာလာမြိုင်ပါ သန့်ရှင်းရေးလည်းလုပ်တတ်တယ်၊အစားအသောက်တွေလည်းကျွမ်းကျွမ်းကျင်ကျင်ချက်တတ်ပါတယ်"

"ချော်ဘယ်ရီ ဖျော်တတ်ယား"

"ဘာ..ဘာကိုပြောတာလဲ"

ဝူဝူပြောသည့်စကားကို အဒေါ်ကြီးနားမလည်သဖြင့် နောက်တစ်ကြိမ်ထပ်မေးသည်။

"ချော်ဘယ်ရီယေ ချော်ဘယ်ရီ"

"စတော်ဘယ်ရီသီးဖျော်ရည်လုပ်တတ်လားလို့မေးနေတာပါ အဒေါ်"

ဖြူသွယ် ကြားကနေ ဘာသာဝင်ပြန်ပေးလိုက်မှ အဒေါ်ကြီးနားလည်သွားပုံရသည်။

"ဖျော်တတ်ပါတယ်"

"ဒါချိုဖျော်ပေး"

တစ်သက်နှင့်တစ်ကိုယ် ကလေးထိန်းလာဖြေတာ စတော်ဘယ်ရီဖျော်ခိုင်းသည့်အိမ်နှင့် အ‌ခုမှပဲဆုံဖူးသဖြင့် အဒေါ်ကြီးနားမလည်နိုင်။သို့သော်လည်း ြဖူသွယ်ခေါ်ရာနောက်ဖေးမီးဖိုချောင်သို့ ဖျော်ရန်လိုက်သွားရသည်။

အနောက်တွင်တန်းစီကာကျန်နေသေးသည့် သူများမှာ ရှေ့ကတစ်ယောက်ပြီးတစ်ယောက် နောက်ဖေးဝင်သွားလိုက်၊အထုပ်ဆွဲပြီးပြန်ထွက်သွားကြလိုက်နဲ့ လုပ်နေကြသည်ကို အဖြေထုတ်မရပေ။

ဤအင်တာဗျူး၏လျှို့ဝှက်ချက်မှာ ဝူဝူရော၊ဂျွန်ပါကြိုက်သည့် စတော်ဘယ်ရီ‌သီးဖျော်ရည်ပင်ဖြစ်သည်။စည်းကမ်းချက်မှာ အချိုလွန်လို့မရ၊ချဉ်လည်းမချဉ်ရ၊အရသာလည်းပေါ့မနေရပေ။သူစိတ်တိုင်းကျမရမချင်း အလုပ်မခန့်ဖို့လုပ်ထားခဲ့သည်။

အဒေါ်ကြီးမာလာမြိုင် ဖျော်နေချိန်တွင် ဝူဝူထမင်းစားစားပွဲမှ သူ့နေရာတွင်ထိုင်ကာသောက်ရန်အသင့်စောင့်နေသည်။သူ့မှာလည်းသောက်ရလွန်းလို့ ယနေ့မှလူမခန့်နိုင်လျှင် ပန်းကမ္ဘာထဲအလည်သွားရတော့မည်စဲစဲ။

အဒေါ်ကြီးအင့်ကနဲလာထိုးပေးတော့ ပိုက်‌ကလေးနှင့်စုပ်ကာ မျက်လွှာချ၍ တစိမ့်စိမ့်သောက်ကြည့်နေသည်။

"နည်းနည်းကျဉ်တယ်"

"ချဉ်တယ်လို့ပြောတာ အဒေါ်"

အဒေါ်ကြီးစိတ်ထဲမှာတော့ ကျလိကျလိနှင့်ဝူဝူ့ကိုကိုင်ဆောင့်ချင်စိတ်တွေပေါ်လာသည်။

ဘယ်လိုကလေးမို့ ဒီလောက်တောင်လူကိုဆရာလုပ်ပြီး ချေးများနေရသလဲမသိ။

"သကြားထည့်မလား"

"ကြိုက်ဘူး"

ဝူဝူကလည်းမရဘူး။ဒါဆိုဒါမှ။‌အဲ့တာနဲ့ပဲ အဲ့အဒေါ်ကြီးကိုလည်းမခန့်လိုက်ပြန်ဘူး။အဒေါ်ကြီးလည်း မလုပ်ရလေကောင်းလေဆိုပြီး ထွက်သွားလေရဲ့။

အဲ့လို အဲ့လိုနဲ့ပဲ နောက်ဆုံးတစ်ယောက်အလှည့်ကိုရောက်လာသည်။ဘေးကကြည့်နေတဲ့ ြဖူသွယ်တို့ကတော့ တစ်နေ့လုံးဖတ်ဖတ်ကိုမောလို့။ဝူဝူလည်း သောက်ရပါများလို့သေးပေါက်ချင်ပေမယ့် မပေါက်ဘဲအောင့်ထားရှာသည်။

"ကောင်းလား"

ပိုက်ကိုအားနဲ့စုပ်သောက်ပစ်လိုက်ပြီး‌ေနာက်ဝူဝူမျက်လုံးပြူးသွားသည်။ဒီအရသာကို သူကြိုက်သွားသည်။ချိုမလိုချဉ်မလိုလိုနဲ့ အရသာမို့ သဘောတွေကျကာ လက်ခုပ်ထတီးသည်။

"ကောင်းယယ်"

ဒီစကားကြားရမှပဲ အင်တာဗျူးလာဖြေတဲ့အန်တီကြီးရော ဖြူသွယ်တို့ရော သက်ပြင်းကောင်းကောင်းချလို့ရသွားသည်။

"ဒါဆို အဒေါ် မနက်ဖြန်ကစပြီး အလုပ်လာဆင်းလို့ရပါပြီ"

နောက်ဆုံးပိတ်ရောက်မှပဲ အိတ်နှင့်လွယ်နိုင်တော့သည်။ဘိတ်ဆုံးဖြစ်သည့် အဒေါ်နှင့်မှ အကြိုက်တွေ့သွားရသဖြင့် မနက်ဖြန်ပင်ချက်ချင်းအလုပ်လာဆင်းရန် ပြောပြီးပြန်လွှတ်လိုက်သည်။

အဒေါ်ကြီးလည်းပြန်သွားရော ဝူဝူခြေနှစ်ချောင်းကိုလိမ်ကာ..

"တီတီခင် ဝူဝူ တေးပေါက်ချင်ယယ်"

တစ်နေ့လုံးအောင့်ထားရတာကြောင့် ဖင်ကိုလိမ်ကာမနည်းကျစ်ထားရှာသည်။အန်တီခင်လည်း ဝူဝူ့ကိုချီပြီး အိမ်သာကိုတန်းပြေးသွားရသည်။မပြေးရင်ထွက်ကျတော့မည်။

____________________

"ဦးလေးနဲ့အမေတို့အရင်သွားနှင့်နော် သားသတင်းစာတစ်စောင်ဝယ်မလို့ ခဏနေရင်လိုက်လာခဲ့မယ်"

"ရတယ် တိမ်စိုင် အေးဆေးသွား"

အုပ်ကြီးနှင့်အမေကို ဆေးရုံထဲဝင်သွားနှင့်ခိုင်းပြီး တိမ်စိုင်ကတော့ ဆေးရုံနားကလမ်းထိပ်မှာရှိတဲ့ သတင်းစာရောင်းနေသည့်ဆိုင်တွင် ကျန်နေခဲ့သည်။

မြို့မ သတင်းစာနယ်တိုက်မှ သတင်းဦးသတင်းထူးများဟုခေါင်းစဉ်တပ်ထားသည့် သူဝယ်နေကျသတင်းစာကိုရွေးကာဝယ်လိုက်သည်။

တိမ်စိုင်သတင်းစာဖတ်ရသည့်ရည်ရွယ်ချက်မှာ အလုပ်ခေါ်စာများကြည့်ရန်ဖြစ်သည်။ရန်ကုန်မြို့တစ်မြို့လုံးရှိ နေရာပေါင်းစုံကနေ ခေါ်သော အလုပ်ခေါ်စာများထဲတွင် ထင်ထင်ရှားရှားစာလုံးအမည်းကြီးကြီးနှင့် ရေးထားသည့်ခေါင်းစဉ်တစ်ခုကိုတိမ်စိုင်ရှာတွေ့သွားသည်။

"ကလေးထိန်းတစ်ယောက်အလိုရှိသည်...
‌၁။စိတ်ရှည်ရမည်
၂။စိတ်ရှည်ရမည်
၃။စိတ်ရှည်ရမည် 
လစာ တစ်လလျှင် ၆သိန်း အလုပ်လျှောက်လိုပါက မိုးမခအိမ်ရာ၊ခြံနံပါတ်(၃၈)၊ဖုန်း_၀၉*** သို့ ဆက်သွယ်ပေးပါရန်" ဟုရေးထားသော ထူးထူးဆန်းဆန်း အလုပ်ခေါ်စာကြောင့် တိမ်စိုင်စိတ်ဝင်စားသွားသည်။

"ကလေးထိန်းဆိုတာက မိန်းကလေးတွေပဲလျှောက်လို့ရတာထင်တယ် ဒါပေမယ့် ယောက်ျား၊မိန်းမ မရေးထားတော့ သွားလျှောက်လို့တော့ရလောက်မယ် ထားလိုက်ပါတော့"

သို့သော်စိတ်ပြောင်း၍လျှောက်လိုလျှောက်ငြား အိတ်ထဲကဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်ကိုမှတ်ထားလိုက်သည်။‌ထို့နောက် သတင်းစာကိုချိုင်းကြားညှပ်ကာ‌ အမေရှိရာဆေးရုံသို့လိုက်သွား‌တော့သည်။

==================

Zawgyi

ယေန႔မွာ စေနေန႔ျဖစ္သည့္အတြက္ ဆိုက္ထဲကအလုပ္နားရက္ျဖစ္သည္။တိမ္စိုင္လည္း တစ္ေန႔တစ္ေန႔ေငြပဲအပတ္တကုတ္နဲ႔ရွာေနရတာမို႔ ဒီေန႔တစ္ရက္ေတာ့သူနားဖို႔လိုအပ္တဲ့အတြက္ အိမ္မွာပဲအနားယူလိုက္သည္။

အနားယူတယ္သာေျပာရတာ အိမ္အလုပ္ကေတာ့လုပ္ရေသးသည္။မနက္နိုးလာလာခ်င္း တစ္ပတ္တာလုံး ဝတ္ထားတဲ့အဝတ္ေတြ၊အေမဝတ္ထားတဲ့ထဘီေတြကို ပုံးတစ္ခုစီသက္သက္ခြဲကာေရစိမ္ထားရသည္။ေလၽွာ္ဖြတ္၊တိုက္ခၽြတ္ လုပ္ရေပအုံးမည္။

"အေမ ဒီေန႔ေဆး႐ုံသြားၿပီးေဆးသြင္းရမွာဆိုေတာ့ သားျပဳတ္ထားတဲ့ၾကက္ဥေလးစားလိုက္ပါလား"

"အင္း စားမယ္သား"

တိမ္စိုင္ေနာက္ေဖးကေန အိုးထဲမွာျပဳတ္ထားတဲ့ၾကက္ဥႏွစ္လုံးကိုယူကာ ‌အခြံေသခ်ာခြာ၍ ဓားႏွင့္ေလးစိတ္စိတ္လိုက္သည္။အလုံးလိုက္ေကၽြးလၽွင္ အေမ မစားနိုင္မည္ကိုစိုးရိမ္တာေၾကာင့္ ေသခ်ာလွီးၿပီး ပန္းကန္လုံးတစ္ခုထဲထည့္ကာ အိမ္ေရွ႕သို႔ယူလာခဲ့သည္။

အေမကေတာ့ အရင္ေန႔ေတြလိုပဲ ဘုရားစင္နားမွာခ်ိတ္ထားတဲ့ အေဖ့ရဲ့ပုံေလးကိုသာေငးငိုင္ၾကည့္ေနသည္။အေမေျပာဖူးတယ္ အေဖ့ကိုအသက္ထက္ဆုံးခ်စ္ခဲ့တာတဲ့။ကၽြန္ေတာ္ကအေဖနဲ႔တူၿပီး ရိုးရိုးသားသားနဲ႔စိတ္ထားေကာင္းေၾကာင္း အျမဲအမႊန္းတင္ေလ့ရွိသည္။

ၾကက္ဥထည့္ထားသည့္ပန္းကန္လုံးကို ခုံေပၚတြင္ထိုင္ေနသည့္အေမ့လက္ထဲထည့္ေပးလိုက္သည္။အေမကအရင္တုန္းက အငံေတြအရမ္းစားတာ။အဲ့တာေၾကာင့္ အစာအိမ္ကင္ဆာျဖစ္သြားရတာဟု ဆရာဝန္ကေျပာသည္။

အစတုန္းက အစာစားၿပီးတိုင္း လည္ပင္းမွာစို႔ေနသလိုျဖစ္ၿပီး ရင္ေခါင္းေတာင့္ေၾကာင္း ေျပာဖူးေသာ္လည္း အစာမေၾကျဖစ္‌ေနသည္ဟုသာထင္ခဲ့သည္။

ေနာက္ပိုင္းက်ေတာ့ အစာစားၿပီးတိုင္းအန္၊ကိုယ္အေလးခ်ိန္ေတြလည္း သိသိသာသာက်လာတာကိုေတြ႕ရသည္။ဝမ္းသြားလၽွင္ေသြးပါၿပီး အစာအိမ္‌နာလာသျဖင့္ ေဆး႐ုံသြားကာျပၾကည့္ေတာ့မွ အေျခအေနေတြကဆိုးေနၿပီျဖစ္သည္။

အစာအိမ္ကင္ဆာမွာအဆင့္ငါးဆင့္ရွိသည္။သုညကေန ေလးအထိ။အေမကေတာ့ ေနာက္ဆုံးအဆင့္။အခ်ိန္ေႏွာင္းမွသိရတာျဖစ္တဲ့အတြက္ ဘာမွမတတ္နိုင္ေပ။

"ရၿပီသား သားလည္းမနက္စာစားအုံးေလ မစားရင္ပိန္သြားလိမ့္မယ္"

"မပိန္ပါဘူးအေမရယ္ ဒီမွာၾကည့္ သားကသန္မာပါတယ္"

လက္တိုအက်ီကို ပခုံးေပၚထိပင့္တင္လိုက္ကာ လက္ေမာင္းေကြးျပေတာ့ ပန္းသီးအရြယ္ေလာက္ရွိသည့္ ႂကြက္သားအစိုင္အခဲမွာ လက္ေမာင္းထက္၌မို႔ေမာက္ထြက္ေနသည္။

အေမႏွင့္စာလၽွင္ ႏွစ္ကိုယ္၊သုံးကိုယ္စာေလာက္ကြာေသာ ခႏၶာကိုယ္မို႔ စိတ္ပူရန္လည္းမလို။သို႔ေသာ္ ၿခိုးၿခံေခၽြတာကာ မေလာက္မငႏွင့္စားေနရသျဖင့္ မ်က္ႏွာေခ်ာင္ေနသည္။

"ကၽြန္ေတာ္အဝတ္သြားေလၽွာ္လိုက္အုံးမယ္ အေမေရခ်ိဳးမလား ေရေႏြးတည္ေပးမယ္ေလ"

အေမစားၿပီးသားပန္းကန္ကိုကိုင္ကာ တိမ္စိုင္မတ္တပ္ရပ္လိုက္ၿပီး ေနာက္ေဖးသို႔ျပန္မဝင္ခင္ ‌ေမးလိုက္သည္။

"ခ်ိဳးမယ္သား အေမဒီေန႔ၿငီးစီစီျဖစ္ေနတယ္ သားအဝတ္ေလၽွာ္ၿပီးမွတည္ေပးရတယ္"

"ဟုတ္အေမ"

ေဘစင္တြင္ ပန္းကန္ကို‌ေျပာင္စင္ေအာင္ပြတ္ေဆးၿပီး ပန္းကန္စင္ေပၚတြင္တင္ထားလိုက္သည္။ထို႔‌ေနာက္ အေပၚဝတ္ကိုဆြဲခၽြတ္ကာ ေရလဲပုဆိုးဝတ္ၿပီးေရခ်ိဳးခန္းထဲဝင္၍ ပုံးထဲမွဆပ္ျပာစိမ္ထား‌ေသာအဝတ္မ်ားအား လက္ႏွင့္ပြတ္ေလၽွာ္ကာ ေရႏွစ္ထပ္၊သုံးထပ္ေဆးခ်သည္။ေရမ်ားကုန္စင္သြားသည္အထိညႇစ္ထုတ္ကာ ပုံးကိုယူၿပီးအိမ္ေရွ႕ကိုထြက္လာသည္။

အဝတ္လွမ္းသည့္ႏွစ္တန္းမွာ အိမ္ေရွ႕ၿခံထဲတြင္သာရွိသျဖင့္ လွမ္းရန္ယူလာခဲ့လိုက္သည္။ေရတ‌စ္စက္စက္က်ေနေသာ အဝတ္မ်ားအား တစ္ခ်က္၊ႏွစ္ခ်က္ခါကာ အေပၚတန္းတြင္ခ်ိတ္ႏွင့္ခ်ိတ္လွမ္းလိုက္သည္။ေအာက္ကတန္းတြင္ေတာ့ အေမ့ထဘီမ်ား လွမ္းထားလိုက္သည္။ေနမွာ ခါတိုင္းေန႔မ်ားထက္ပိုပူသည္မို႔ တစ္ရက္ထဲႏွင့္အကုန္ေျခာက္ေလာက္သည္။

သီခ်င္းတညည္းညည္းႏွင့္ ပုံးထဲကအဝတ္ကိုယူလိုက္ တန္းတြင္လွမ္းလိုက္ႏွင့္အလုပ္ရွုပ္ေနသည့္တိမ္စိုင္အား ရပ္ကြက္ထဲရွိမိန္းကေလးမ်ားလာေခ်ာင္းၾကသည္။

"ဟဲ့ ညိဳစင္ တိမ္စိုင့္ကိုၾကည့္ပါအုံး ‌ပါမုန႔္ေျခာက္လုံးနဲ႔ဟ ကိုက္ခ်င္စရာႀကီး"

ညိဳစင့္လက္ေမာင္းကို ရတီ သူ႔လက္သည္းေတြျဖင့္ကုတ္ကိုင္ၿပီး ပါးစပ္ထဲမွသြားရည္ေခ်ာင္းစီးမတတ္ ၿခံစည္းရိုးရွိေခြးတိုးေပါက္မွ အပီအျပင္ကို ေဆာင့္ေၾကာင့္ထိုင္ကာေခ်ာင္းၾကည့္ေနသည္။ရတီတို႔အိ‌ေျႏၵမွာ ေရႊေပး၍လည္းမရ၊ေငြေပး၍လည္းမရ။

စေနေန႔တိုင္း တိမ္စိုင္အလုပ္နားေလ့ရွိၿပီး အဝတ္ထြက္လွမ္းတတ္သည္ကိုသိသျဖင့္ အပတ္တိုင္းလိုလို ကင္းေစာင့္ေနၾကသည့္မိန္းကေလးမ်ား ထိန္း၍ပင္မနိုင္။ဒါကိုလည္း တိမ္စိုင္သတိမထားမိေပ။

"တိမ္စိုင္ေခ်ာတာကိုငါသိပါတယ္ ဒါေပမယ့္နင္ငါ့ကိုကုတ္စရာေတာ့မလိုဘူးေလဟယ္"

ရတီကိုင္ထားသည့္ လက္ေမာင္းမွာ လက္သည္းမ်ားနစ္ဝင္ကာ အရာထင္ေန၍ ညိဳစင္နာလာပုံရသည္။ရတီ့လက္ကို ခပ္စပ္စပ္တစ္ခ်က္ရိုက္ခ်ၿပီး အနားမွတစ္ထြာ‌ခန႔္ခြာလိုက္သည္။အမ်ားႀကီးလည္းခြာလို႔ကမရ ခြာလိုက္ရင္ မျမင္ရေတာ့မွာလည္းေၾကာက္သည္။

"ေအးပါ မကိုင္ေတာ့ပါဘူး ‌တိမ္စိုင္ကေယာက္်ားပီသလြန္းလို႔ပါဟယ္ ျဖဴစြတ္ၿပီးေဖာင္းႂကြေနတဲ့လက္ေမာင္းေတြကိုလည္းၾကည့္ပါအုံး ညတိုင္းသာေခါင္းအုံးအိပ္ရရင္‌ဘယ္ေလာက္ေကာင္းလိုက္မလဲ"

မန္က်ည္းရည္ေသာက္ေနရသလို ခ်ဥ္ျပဳံးျပဳံးမ်က္ႏွာထားျဖင့္ လက္ႏွစ္ဖက္ကိုပါးမွာကပ္ထားကာ အေတြးကမၻာထဲေပ်ာ္ေမြ႕ေနသည့္ ရတီ။

"ဟဲ့ဟဲ့ ျပစ္မွားတာလည္းေတာ္႐ုံပဲေကာင္းတယ္ေနာ္ သူ႔မွာရည္းစားရွိေနရင္ဘယ္လိုလုပ္မလဲ"

"အမေလး ပူစရာေတာင္မလိုဘူး ငါ့‌ေမာင္‌ေလးကလူပ်ိဳႏုႏုထြတ္ထြတ္ေလး ရည္းစားတစ္ခါမွမထားဖူးေသးပါဘူးဟ"

ဒီႏွစ္ေယာက္က ရပ္ကြက္ထဲကအပ်ိဳႀကီးေတြ။အသက္ကေတာ့ႏွစ္ေယာက္စလုံး ၃၃ေလာက္ေတာ့ရွိၿပီ။တိမ္စိုင့္ကိုခ်ိန္ေနတာ ႏွစ္ေပါင္းဘယ္ႏွစ္‌ရာေတာင္ခ်ီေနၿပီလဲမသိေပမယ့္ တိမ္စိုင္က‌ေတာ့ကိုယ့္အစ္မအရင္းလိုပဲခင္ရွာတာ။

"ဟဲ့ ရတီ နင္တို႔ဘာလုပ္ေနၾကတာလဲ"

သူတို႔ႏွစ္ေယာက္အေပၚကို အရိပ္မည္းတစ္ခုျဖာက်လာေတာ့ လန႔္ဖ်ပ္ကာ တုန္တုန္ရီရီႏွင့္ေနာက္သို႔လွည့္ၾကည့္ၾကသည္။

"လန႔္သြားတာပဲ အုပ္ခ်ဳပ္ေရးမွူးရယ္ ရတီတို႔ကဘာမွမလုပ္ပါဘူး တိမ္စိုင္တို႔ၿခံနားမွာျမက္ပင္ေတြမ်ားေနလို႔ ကူ‌ႏွုတ္ေပးရင္ေကာင္းမလားထိုင္စဥ္းစားေနၾကတာ"

"မိန္းကေလးေတြျဖစ္ၿပီး လမ္းမႀကီးမွာျမင္မေကာင္း‌ေအာင္ ဘယ္လိုေတြထိုင္ေနၾကတာလဲ ထထ လုပ္စရာရွိတာသြားလုပ္ နင္တို႔ဒီလိုအေလလိုက္ေနလို႔ ေယာက္်ားမရတာ"

အုပ္ခ်ဳပ္ေရးမွူးေျပာလိုက္ေသာ ေယာက္်ားမရတာဟူသည့္ စကားငါးလုံးေၾကာင့္ ေဒါသေတြဒိန္းကနဲ ေဆာင့္ကာတက္လာသျဖင့္ ထိုင္ေနရာမွ ဆတ္ကနဲထလာၾကသည္။

"ဘာဆိုင္လို႔လဲ အုပ္ခ်ဳပ္ေရးမွူးရဲ့ ေယာက္်ားဆိုတာအခ်ိန္မေရြးေခါင္းေခါက္ယူလို႔ရတယ္ ညိဳစင္တို႔မွာတစ္ပုံႀကီးပဲ မယူခ်င္ေသးလို႔သာၿငိမ္ေနတာပါ ညိဳစင္တို႔ကအေလလိုက္ေနတာလည္းမဟုတ္ပါဘူး သဘာဝအလွကိုတစ္ဝႀကီးခံစားေနတာပါ"

"ဒီေလာက္ပူေလာင္ေနတဲ့ရာသီဥတုႀကီးမွာ အမိုးအကာမရွိဘဲထိုင္ေနနိုင္ၾကတယ္ေနာ္ သြားသြား နင္တို႔အိမ္ျပန္ၾကေတာ့"

အမည္းေရာင္ထီးေကာက္တစ္ေခ်ာင္းေဆာင္းကာ ရတီတို႔ႏွစ္ေယာက္ကိုဆူေနသည့္ အုပ္ႀကီး။သူမ်ားေတြကအသားမည္းမွာဆိုးလို႔ ထီးကိုအလုအယက္ေဆာင္းေနၾကတဲ့အခ်ိန္ သူတို႔ႏွစ္ေယာက္ကေတာ့ လသာေနသည့္အတိုင္း ေအးေအးလူလူႏွင့္ထိုင္ေနၾကသည္။အုပ္ႀကီးေျပာလည္းေျပာခ်င္စရာ။

"ျပန္ပါၿပီ အုပ္ခ်ဳပ္ေရးမွူးရယ္ ျပန္ပါၿပီ‌ ဒီေလာက္ပဲဆူပါေတာ့"

"ဘယ္လိုေကာင္မေလး‌ေတြလည္းမသိဘူး ေျပာရဆိုရခက္တယ္"

အုပ္ႀကီး ေျပာေျပာဆိုဆိုႏွင့္ ‌ထီးကိုပိတ္ကာ တိမ္စိုင္တို႔ၿခံတံခါးကို အျပင္ကေနလက္ႏွိုက္ဖြင့္၍ ပြစိပြစိႏွင့္ဝင္လာခဲ့သည္။

"ဟာ အုပ္ခ်ဳပ္ေရးမွူးႀကီး ဘာကိစၥရွိလို႔လဲ‌ဗ် မေတြ႕ရတာေတာင္ၾကာၿပီ"

တိမ္စိုင္အက်ီကၽြတ္ႏွင့္အဝတ္လွမ္း‌ေနရာကေျပးလာေတာ့မွ အုပ္ႀကီး ရတီတို႔ႏွစ္ေယာက္အႀကံကိုသေဘာေပါက္သြားသျဖင့္ ၿခံအျပင္ဘက္ကို ေခါင္းေမာ့ကာ ဘယ္ညာလွည့္ၿပီး ျပန္မျပန္ ၾကည့္လိုက္ေသးသည္။

"တိမ္စိုင္ မင္းေနာက္တစ္ခါအိမ္ေရွ႕ထြက္မယ္ဆိုရင္ အဝတ္ေလးဝတ္ၿပီးမွထြက္ပါလားကြာ"

အုပ္ႀကီးေျပာသည္ကို တိမ္စိုင္သေဘာမေပါက္ အူေၾကာင္ေၾကာင္ႏွင့္။

"ခင္ဗ်ာ ဘာျဖစ္လို႔လဲ"

"ဘာမွမဟုတ္ဘူး အေအးပတ္မွာစိုးလို႔ကြ လာ လာ အိမ္ထဲဝင္ရေအာင္ အဝတ္ျမန္ျမန္လွမ္း"

တိမ္စိုင္သေဘာမေပါက္သျဖင့္ အုပ္ႀကီး ရြဲ႕ကာသာျပန္ေျပာလိုက္သည္။ဒါကိုလည္း တိမ္စိုင္ကအတည္ထင္ေနသည္။

"ေအာ္ ဟုတ္ ဟုတ္ကဲ့ခင္ဗ် အုပ္ခ်ဳပ္ေရးမွူးဝင္ႏွင့္ေနာ္ အိမ္ထဲမွာအေမရွိတယ္"

"ေအးေအး"

အုပ္ႀကီးဝင္သြားၿပီးမွ တိမ္စိုင္အဝတ္အကုန္လွမ္းလိုက္ကာ ပုံးကိုအိမ္ထဲျပန္သယ္လာသည္။အိမ္ေရွ႕ခန္းတြင္ စကားေျပာေနၾကေသာ အုပ္ႀကီးႏွင့္အေမ့နားသြားမထိုင္ေသးဘဲ ေနာက္ေဖးသို႔ဝင္ကာ အဝတ္ဝတ္ၿပီးမွျပန္ထြက္လာခဲ့သည္။

"‌မက်ဴက်ဴေနေကာင္းရဲ့လား ကၽြန္ေတာ္လည္းရပ္ကြက္ကကိစၥ‌ေတြရွုပ္‌ေနတာနဲ႔မလာျဖစ္တာ"

"ရပါတယ္ အုပ္ခ်ဳပ္ေရးမွူးရယ္ ဒီလိုမ်ိဳးလာၾကည့္ေပးတာနဲ႔တင္ ေက်းဇူးတင္လွပါၿပီ ဒါနဲ႔ တျခားဘာကိစၥမ်ားရွိေသးလို႔လဲ"

အုပ္ႀကီးေဘး‌တြင္ တိမ္စိုင္‌ေရ‌ေႏြးခရားႏွင့္ခြက္တစ္ခြက္ယူလာကာဝင္ထိုင္လိုက္ၿပီး ေရေႏြးၾကမ္းတစ္ခြက္ထည့္ကာ အုပ္ႀကီးဆီသို႔တိုးေပးလိုက္သည္။လူႀကီးေတြအခ်င္းခ်င္း သာေၾကာင္းမာေၾကာင္းေမးေနၾကသည္မို႔ တိမ္စိုင္ဝင္မေျပာဘဲၿငိမ္ၿငိမ္ေလးထိုင္ကာ နားေထာင္ေနသည္။

"ဒီေန႔ မက်ဴက်ဴတို႔သားအမိ ေဆး႐ုံသြားၾကမွာမလား ကၽြန္ေတာ္လည္းက်န္းမာေရးေလးနည္းနည္းပါးပါးစစ္ေဆးၾကည့္ခ်င္တာနဲ႔ တူတူသြားမယ္ဆိုၿပီးဝင္လာခဲ့တာ"

တိမ္စိုင္ထည့္ေပးတဲ့ ေရေႏြးၾကမ္းကိုမွုတ္ေသာက္ၿပီး လာသည့္အေၾကာင္းအရင္းကို ေျပာျပသည္။အုပ္ခ်ဳပ္ေရးမွူးက တိမ္စိုင္ကိုသေဘာက်သည္။ဘာလို႔လဲဆိုေတာ့ တိမ္စိုင္ကအရက္ေသစာေသာက္စားတာလည္းမရွိ၊အေလာင္းအစားလည္းမလုပ္တတ္။

ဒါေပမယ့္ ေယာက္်ားေလးဗီဇအရေတာ့ စကားအ‌ေခ်အတင္ျဖစ္ၿပီး ထိုးႀကိတ္တာေလးေတာ့ရွိသည္။သို႔ေသာ္ တိမ္စိုင္မွာအမွန္တရားရဲ့ဘက္ေတာ္သားျဖစ္တာေၾကာင့္ သူ႔အမွားနဲ႔႐ုံးေရာက္၊ဂက္ေရာက္တာမ်ိဳးေတာ့မဟုတ္ေပ။ထို႔ေၾကာင့္ တိမ္စိုင္တို႔သားအမိကိုခင္ကာ မၾကာခဏဆိုသလို သာေၾကာင္းမာေၾကာင္းလာေမးတတ္သည္။

"အေတာ္ပဲေပါ့ အုပ္ခ်ဳပ္ေရးမွူးရယ္ မဟုတ္ရင္သားတစ္ေယာက္တည္း ကၽြန္မကိုလိုက္ပို႔ရတာပ်င္းေနရွာမွာ"

"ဦေလးလိုက္ခဲ့ေတာ့အေမလည္းစကားေလးဘာေလးေျပာေဖာ္ရတာေပါ့ဗ်ာ"

"ရပါတယ္ ဆယ္နာရီထိုးၿပီဦးတို႔သြားၾကေတာ့မလား"

အဲ့လိုနဲ႔ပဲ သားအမိႏွစ္ေယာက္ေရမခ်ိဳးလိုက္ရဘဲနဲ႔ အုပ္ႀကီးေနာက္သို႔ပါသြားၾကသည္။

________________

ဂၽြန္တို႔အိမ္‌ေရွ႕ခန္းတြင္ ကေလးထိန္းအင္တာဗ်ဴးလာေျဖၾကသူမ်ားမွာ အလွူအိမ္ကဲ့သို႔ျပည့္ႏွက္ေနသည္။လာသမၽွလူေတြအကုန္လုံးကို ဒိုင္ခံစစ္ေနသည္မွာေတာ့ လူႀကီးလူေကာင္းဝူဝူ။

မႀကိဳက္သျဖင့္ျပန္လႊတ္လိုက္သည့္လူမွာ သုံးပုံပုံလၽွင္ႏွစ္ပုံခြဲစာေလာက္ရွိတာေၾကာင့္ ေျခာက္ေယာက္ေလာက္သာက်န္ေတာ့သည္။

ဂၽြန္ကအေဖဆိုေပမယ့္ ႐ုံးသြားရတာေၾကာင့္ အိမ္မွာက်န္ခဲ့တဲ့အိမ္‌ေတာ္ထိန္းအန္တီခင္ႏွင့္ျဖဴသြယ္တို႔ကိုသာပုံအပ္ထားခဲ့သည္။တစ္အိမ္လုံးရဲ့ေခါင္းကိုင္ျဖစ္တဲ့ ဝူဝူကေတာ့ တိုင္းခန္းလွည့္လည္ေနသည့္ဘုရင္ကဲ့သို႔ ဆိုဖာခုံေပၚတြင္ လက္ပိုက္ကာမိန႔္မိန႔္ႀကီးထိုင္ေနသည္။

အထိန္းခံရမည့္ ကာယကံရွင္ကဝူဝူျဖစ္တဲ့အတြက္ အရာအားလုံးပုံအပ္ထားၾကသည္။သူႀကိဳက္မွ အဆင္ေျပမည္။

လာၾကတဲ့အမ်ိဳးသမီးေတြကအသက္နည္းနည္းႀကီးၾကေတာ့ ဝူဝူ႔လိုမေလာက္ေလးမေလာက္စား ပိစိေညႇာင့္ေတာက္ကေလးတစ္ေယာက္က အင္တာဗ်ဴးေနတာဆိုေတာ့ မခန႔္ေလးစားလုပ္ကာ ျပန္သြားၾကသူမ်ားလည္းရွိသည္။

"အေဒၚ ့ရဲ့နာမည္က မာလာၿမိဳင္ပါ သန႔္ရွင္းေရးလည္းလုပ္တတ္တယ္၊အစားအေသာက္ေတြလည္းကၽြမ္းကၽြမ္းက်င္က်င္ခ်က္တတ္ပါတယ္"

"ေခ်ာ္ဘယ္ရီ ေဖ်ာ္တတ္ယား"

"ဘာ..ဘာကိုေျပာတာလဲ"

ဝူဝူေျပာသည့္စကားကို အေဒၚႀကီးနားမလည္သျဖင့္ ေနာက္တစ္ႀကိမ္ထပ္ေမးသည္။

"ေခ်ာ္ဘယ္ရီေယ ေခ်ာ္ဘယ္ရီ"

"စေတာ္ဘယ္ရီသီးေဖ်ာ္ရည္လုပ္တတ္လားလို႔ေမးေနတာပါ အေဒၚ"

ျဖဴသြယ္ ၾကားကေန ဘာသာဝင္ျပန္ေပးလိုက္မွ အေဒၚႀကီးနားလည္သြားပုံရသည္။

"ေဖ်ာ္တတ္ပါတယ္"

"ဒါခ်ိဳေဖ်ာ္ေပး"

တစ္သက္ႏွင့္တစ္ကိုယ္ ကေလးထိန္းလာေျဖတာ စေတာ္ဘယ္ရီေဖ်ာ္ခိုင္းသည့္အိမ္ႏွင့္ အ‌ခုမွပဲဆုံဖူးသျဖင့္ အေဒၚႀကီးနားမလည္နိုင္။သို႔ေသာ္လည္း ျဖူသြယ္ေခၚရာေနာက္ေဖးမီးဖိုေခ်ာင္သို႔ ေဖ်ာ္ရန္လိုက္သြားရသည္။

အေနာက္တြင္တန္းစီကာက်န္ေနေသးသည့္ သူမ်ားမွာ ေရွ႕ကတစ္ေယာက္ၿပီးတစ္ေယာက္ ေနာက္ေဖးဝင္သြားလိုက္၊အထုပ္ဆြဲၿပီးျပန္ထြက္သြားၾကလိုက္နဲ႔ လုပ္ေနၾကသည္ကို အေျဖထုတ္မရေပ။

ဤအင္တာဗ်ဴး၏လၽွို႔ဝွက္ခ်က္မွာ ဝူဝူေရာ၊ဂၽြန္ပါႀကိဳက္သည့္ စေတာ္ဘယ္ရီ‌သီးေဖ်ာ္ရည္ပင္ျဖစ္သည္။စည္းကမ္းခ်က္မွာ အခ်ိဳလြန္လို႔မရ၊ခ်ဥ္လည္းမခ်ဥ္ရ၊အရသာလည္းေပါ့မေနရေပ။သူစိတ္တိုင္းက်မရမခ်င္း အလုပ္မခန႔္ဖို႔လုပ္ထားခဲ့သည္။

အေဒၚႀကီးမာလာၿမိဳင္ ေဖ်ာ္ေနခ်ိန္တြင္ ဝူဝူထမင္းစားစားပြဲမွ သူ႔ေနရာတြင္ထိုင္ကာေသာက္ရန္အသင့္ေစာင့္ေနသည္။သူ႔မွာလည္းေသာက္ရလြန္းလို႔ ယေန႔မွလူမခန႔္နိုင္လၽွင္ ပန္းကမၻာထဲအလည္သြားရေတာ့မည္စဲစဲ။

အေဒၚႀကီးအင့္ကနဲလာထိုးေပးေတာ့ ပိုက္‌ကေလးႏွင့္စုပ္ကာ မ်က္လႊာခ်၍ တစိမ့္စိမ့္ေသာက္ၾကည့္ေနသည္။

"နည္းနည္းက်ဥ္တယ္"

"ခ်ဥ္တယ္လို႔ေျပာတာ အေဒၚ"

အေဒၚႀကီးစိတ္ထဲမွာေတာ့ က်လိက်လိႏွင့္ဝူဝူ႔ကိုကိုင္ေဆာင့္ခ်င္စိတ္ေတြေပၚလာသည္။

ဘယ္လိုကေလးမို႔ ဒီေလာက္ေတာင္လူကိုဆရာလုပ္ၿပီး ေခ်းမ်ားေနရသလဲမသိ။

"သၾကားထည့္မလား"

"ႀကိဳက္ဘူး"

ဝူဝူကလည္းမရဘူး။ဒါဆိုဒါမွ။‌အဲ့တာနဲ႔ပဲ အဲ့အေဒၚႀကီးကိုလည္းမခန႔္လိုက္ျပန္ဘူး။အေဒၚႀကီးလည္း မလုပ္ရေလေကာင္းေလဆိုၿပီး ထြက္သြားေလရဲ့။

အဲ့လို အဲ့လိုနဲ႔ပဲ ေနာက္ဆုံးတစ္ေယာက္အလွည့္ကိုေရာက္လာသည္။ေဘးကၾကည့္ေနတဲ့ ျဖူသြယ္တို႔ကေတာ့ တစ္ေန႔လုံးဖတ္ဖတ္ကိုေမာလို႔။ဝူဝူလည္း ေသာက္ရပါမ်ားလို႔ေသးေပါက္ခ်င္ေပမယ့္ မေပါက္ဘဲေအာင့္ထားရွာသည္။

"ေကာင္းလား"

ပိုက္ကိုအားနဲ႔စုပ္ေသာက္ပစ္လိုက္ၿပီး‌ေနာက္ဝူဝူမ်က္လုံးျပဴးသြားသည္။ဒီအရသာကို သူႀကိဳက္သြားသည္။ခ်ိဳမလိုခ်ဥ္မလိုလိုနဲ႔ အရသာမို႔ သေဘာေတြက်ကာ လက္ခုပ္ထတီးသည္။

"ေကာင္းယယ္"

ဒီစကားၾကားရမွပဲ အင္တာဗ်ဴးလာေျဖတဲ့အန္တီႀကီးေရာ ျဖဴသြယ္တို႔ေရာ သက္ျပင္းေကာင္းေကာင္းခ်လို႔ရသြားသည္။

"ဒါဆို အေဒၚ မနက္ျဖန္ကစၿပီး အလုပ္လာဆင္းလို႔ရပါၿပီ"

ေနာက္ဆုံးပိတ္ေရာက္မွပဲ အိတ္ႏွင့္လြယ္နိုင္ေတာ့သည္။ဘိတ္ဆုံးျဖစ္သည့္ အေဒၚႏွင့္မွ အႀကိဳက္ေတြ႕သြားရသျဖင့္ မနက္ျဖန္ပင္ခ်က္ခ်င္းအလုပ္လာဆင္းရန္ ေျပာၿပီးျပန္လႊတ္လိုက္သည္။

အေဒၚႀကီးလည္းျပန္သြားေရာ ဝူဝူေျခႏွစ္ေခ်ာင္းကိုလိမ္ကာ..

"တီတီခင္ ဝူဝူ ေတးေပါက္ခ်င္ယယ္"

တစ္ေန႔လုံးေအာင့္ထားရတာေၾကာင့္ ဖင္ကိုလိမ္ကာမနည္းက်စ္ထားရွာသည္။အန္တီခင္လည္း ဝူဝူ႔ကိုခ်ီၿပီး အိမ္သာကိုတန္းေျပးသြားရသည္။မေျပးရင္ထြက္က်ေတာ့မည္။

____________________

"ဦးေလးနဲ႔အေမတို႔အရင္သြားႏွင့္ေနာ္ သားသတင္းစာတစ္ေစာင္ဝယ္မလို႔ ခဏေနရင္လိုက္လာခဲ့မယ္"

"ရတယ္ တိမ္စိုင္ ေအးေဆးသြား"

အုပ္ႀကီးႏွင့္အေမကို ေဆး႐ုံထဲဝင္သြားႏွင့္ခိုင္းၿပီး တိမ္စိုင္ကေတာ့ ေဆး႐ုံနားကလမ္းထိပ္မွာရွိတဲ့ သတင္းစာေရာင္းေနသည့္ဆိုင္တြင္ က်န္ေနခဲ့သည္။

ၿမိဳ႕မ သတင္းစာနယ္တိုက္မွ သတင္းဦးသတင္းထူးမ်ားဟုေခါင္းစဥ္တပ္ထားသည့္ သူဝယ္ေနက်သတင္းစာကိုေရြးကာဝယ္လိုက္သည္။

တိမ္စိုင္သတင္းစာဖတ္ရသည့္ရည္ရြယ္ခ်က္မွာ အလုပ္ေခၚစာမ်ားၾကည့္ရန္ျဖစ္သည္။ရန္ကုန္ၿမိဳ႕တစ္ၿမိဳ႕လုံးရွိ ေနရာေပါင္းစုံကေန ေခၚေသာ အလုပ္ေခၚစာမ်ားထဲတြင္ ထင္ထင္ရွားရွားစာလုံးအမည္းႀကီးႀကီးႏွင့္ ေရးထားသည့္ေခါင္းစဥ္တစ္ခုကိုတိမ္စိုင္ရွာေတြ႕သြားသည္။

"ကေလးထိန္းတစ္ေယာက္အလိုရွိသည္...
‌၁။စိတ္ရွည္ရမည္
၂။စိတ္ရွည္ရမည္
၃။စိတ္ရွည္ရမည္ 
လစာ တစ္လလၽွင္ ၆သိန္း အလုပ္ေလၽွာက္လိုပါက မိုးမခအိမ္ရာ၊ၿခံနံပါတ္(၃၈)၊ဖုန္း_၀၉*** သို႔ ဆက္သြယ္ေပးပါရန္" ဟုေရးထားေသာ ထူးထူးဆန္းဆန္း အလုပ္ေခၚစာေၾကာင့္ တိမ္စိုင္စိတ္ဝင္စားသြားသည္။

"ကေလးထိန္းဆိုတာက မိန္းကေလးေတြပဲေလၽွာက္လို႔ရတာထင္တယ္ ဒါေပမယ့္ ေယာက္်ား၊မိန္းမ မေရးထားေတာ့ သြားေလၽွာက္လို႔ေတာ့ရေလာက္မယ္ ထားလိုက္ပါေတာ့"

သို႔ေသာ္စိတ္ေျပာင္း၍ေလၽွာက္လိုေလၽွာက္ျငား အိတ္ထဲကဖုန္းကိုထုတ္ကာ ဖုန္းနံပါတ္ကိုမွတ္ထားလိုက္သည္။‌ထို႔ေနာက္ သတင္းစာကိုခ်ိဳင္းၾကားညႇပ္ကာ‌ အေမရွိရာေဆး႐ုံသို႔လိုက္သြား‌ေတာ့သည္။
© Noon ,
книга «တိမ်စိုင်ငယ်လို».
Коментарі