Вірші
ADDICTION
မင်းရဲ့အချစ်ကဝီစကီတွေလို
ဆေးပြင်းလိပ်တွေလို
ကိုယ့်မှာဖြတ်မရနိုင်
စွဲလမ်းမှုနွံမှာနစ်မြောရင်း
ကိုယ့်ကိုပြန်စိုက်မဲ့ဓါးကို
သွေးကာပေးနေမိ
မင်းမရှိရင်ကိုယ်မဖြစ်တော့ပါလေ။
1
0
294
Unwritten dream
အိပ်မက်တွေ ချမရေးဖြစ်တာကြာပြီ
မင်းအကြောင်းတွေလည်း ထပ်မတွေးဖြစ်တော့ဘူး
ချမရေးဖြစ်တဲ့အိပ်မက်တွေလို
မင်းအကြောင်းတွေကို
မေ့ပျောက်ချင်တာမို့
မျက်ဝန်းတွေမှိတ်ပြီး အိပ်နေမိတယ်
အိပ်မပျော်တာတော့ ကိုယ်သာအသိပါလေ။
2
0
366
My shining star
တောက်ပတဲ့ကြယ်လေးရေ
ဒီလူက မင်းရဲ့အပြုံးလေးတွေကိုသာ မြင်ချင်တာမို့
တောက်ပစွာနဲ့ ပျော်ရွှင်နေပါ
ကြယ်လေးငိုရင် ဒီလူရင်မှာ ကမ္ဘာပျက်တာမို့
အချစ်ခံရတဲ့ ကြယ်လေးက ဒီလူရဲ့မြူမှုန်လောက်အချစ်တွေကို ခံစားမိပါစေလို့သာ ဆုတောင်းရင်း
ကြယ်လေးအတွက် နှလုံးသားတစ်စုံ
လက်ဆောင်ပေးလိုက်ပါတယ်
ကိုယ့်ရဲ့ကြယ်လေး ပျော်ရွှင်ပါစေ။
1
0
296