Вірші
Ex
မင်းကိုထွက်သွားခွင့်ပြုလိုက်တာက
အခက်ခဲဆုံးမဟုတ်ပါဘူး
မင်းဘာလို့ထွက်သွားရတာလဲ ဆိုတာကို
နားလည်နိုင်ဖို့က အခက်ခဲဆုံးဖြစ်ခဲ့တယ်
Didiblove 2001❣
1
0
624
it hurt so don't come back to me
နာကျင်တယ်
မင်းငါ့ကိုနာကျင်အောင်လုပ်တယ်
မင်းအကြိမ်ကြိမ်ထွက်သွားပြီးငါ့ကိုနာကျင်အောင်လုပ်တယ်
အခုချိန်ထိငါနာကျင်နေတုန်းပဲ
ငါ့ကိုအပေါစားလိုသဘောထားပြီး မင်းပြန်လာတယ်
ပြီး! ပြီးတော့ မင်းကထပ်ထွက်သွားပြီး
ငါ့ကိုနာကျင်အောင်ထပ်လုပ်နေဦးမှာပဲ
အဲ့ဒါကြောင့်ငါမင်းကို အဝေးကိုထွက်သွားစေချင်တယ်
ငါရှိတဲ့နေရာကလွဲလို့
ကမ္ဘာပေါ်မှာရှိတဲ့ဘယ်နေရာမဆို
Please!go away
Didiblove 2001❣
3
0
621
Pretty witch
ဆိုးတယ် ဆိုးတယ်
မင်းကြောက်ရွံ့ပြီး ငါ့ရှေ့ဒူးထောက်အောင်ထိ
ငါကဆိုးတယ်
ဖန်ဖိနပ်နီကို စီး
ဝတ်ရုံနက်ကိုခြုံလည်း
ငါ့ရဲ့အလှတရားကိုမဖုံးကွယ်နိုင်ဘူး
မှော်ကြိမ်တံကိုကိုင်ပြီး
မင်းကိုအမိန့်ပေးမယ်
ချစ်စေ ချစ်စေ
ငါ့ရဲ့လှောင်ရီသံတွေက
ငါ့ကိုအကျည်းမတန်စေဖူး
ငါကလှလွန်းလို့
သူတို့ထွက်ပြေးကုန်ကြပြီ
pretty pretty witch
Didiblove 2001❣
4
0
618
2nd person
ငါကမင်းကို လုယူခဲ့ရတဲ့သူမို့
မင်းရဲ့အပြုအမူတိုင်းကိုကြောက်တယ်
မင်းကငါ့ကိုစိတ်ကုန်တဲ့အမူအရာပြရင်
ငါ့ကိုထားခဲ့မယ်လို့ထင်ပြီး
မင်းကဘာမှမပြောပဲ တိတ်ဆိတ်နေပြန်ရင်လည်း
ငါ့ကိုထားခဲ့မယ်လို့ ထင်တာပဲ
Didiblove 2001❣
4
2
604
ပို
အသားက လတ်
စကားက ထက်
ရယ်ပြရင် ပိုစမတ်ကျသူရယ်
❤
အိုကွယ်
ကိုလူချောပဲချစ်ပါတယ်
Didiblove 2001❣
4
0
618
Silent
မောင်ကချစ်မရှိလည်းနေနိုင်တာပဲလား
ချစ်ကတော့မနေနိုင်ဘူး တခါတလေစဥ်းစားမိတယ်
မောင်ကချစ်ကိုချစ်ရဲ့လားဟင်
အို...မောင်ချစ်ချစ်မချစ်ချစ်
ချစ်ကတော့မောင့်အတ္တတွေပါချစ်ရတော့မယ်ထင်ပါရဲ့့
မေ့မျက်ရည်တွေနဲ့ရင်းပြီးအလောင်းအစားလုပ်ကြတာပေါ့
🥀နေနိုင်သူကြီးရဲ့🥀
Didiblove 2001❣
2
0
481
GYPSY
ရူးလောက်အောင်တော့ ခပ်မိုက်မိုက်ချစ်ခဲ့တာပဲ
မင်းပြန်မချစ်တာတော့ မင်းရဲ့ကံပေါ့
Didiblove 2001❣
5
0
483
Dear doctor
ကိုကိုရေ့
ကိုကို.ကိုချစ်ရတာသကြားလုံးလေးလိုပဲချိုချိုလေး
ကိုကိုနဲ့တွေ့ရင် ရင်ဘက်ထဲကအကောင်လေးတွေကလေ
တစ်လှုပ်လှုပ်နဲ့ခုန်နေတယ်
လုပ်ကြပါဦး ☺️ခစ်.....ခစ်🌸
ကို့ကို့နားမှာ ပျံဝဲတဲ့လိပ်ပြာလေးဖြစ်ချင်တယ်
🦋လေဟုန်ကိုစီးပြီး🦋
🌼ဝတ်ရည်လေးတွေသောက်ရင်း🌼
🐛မီးမီးရဲ့အလှတရားတွေကိုကို့ကိုပြမယ်🐛
မီးကကြီးလာရင်
❤ကိုကို့နှလုံးဝတ်ရည်တွေကို❤
သောက်သုံးပလိုက်မယ်
အဲ့တာမှမီးကို
🐥ကတုံးမလေးဆိုပြီးကိုကိုမစရဲမှာ🐥
Didiblove 2001❣
4
0
588
FATHER's thorn
လေပြေတွေတိုက်ခတ်သွားတဲ့အခါ
ရင်ထဲမှာဆွေးကျန်ခဲ့တယ်
အမေ့ကိုတယုတယမထွေးပွေ့ခဲ့တဲ့အခါ
နောင်တတွေကျန်ခဲ့တယ်
အဖေ့ကို"အဖေ့!!!!ကျွန်တော်မှားပါတယ်🙏
ကျွန်တော်တောင်းပန်ပါတယ်အဖေ့"လို့
အသနားခံခွင့်မရှိတော့တဲ့အခါ
🌸🌸🌸🌸🌸
"ပန်းတို့သည်လည်းမုန်တိုင်းကိုမုန်းကြ၏"တဲ့
ကျွန်တော့်လိုသားမိုက်ကို
ရင်မှာနုတ်မရတဲ့ဆူးတစ်ချောင်းလို
မုန်းလိုက်ပြီလား
အဖေ
Didiblove 2001❣
2
0
574
Sucide
"ကိုယ့်ကိုကိုယ်သတ်သေကြတဲ့သူတွေကို
နားမလည်နိုင်ဘူး
ကိုယ့်အသားကို ဓါးနဲ့လှီးနေကြတဲ့လူတွေ
ရူးနေကြတာလား
ငါသာဆိုငါအသားငါနာအောင်မလုပ်ဘူး
ဘဝကိုလွယ်လွယ်လေးနဲ့အလျှော့ပေးနေကြတယ်
ရှင်သန်ရမည့်ဘဝကအရှည်ကြီး
ရုန်းကန်လိုက်ကြပါလား
အလကားသောက်ပိုတွေလုပ်
Attention ရှာနေတာပါကွာ
အချစ်ဆိုတဲ့အရာအတွက်နဲ့များအခုခေတ်ကလေးတွေ
နားကိုမလည်နိုင်ဘူး"တဲ့ ပြောတဲ့လူကတော့ငါတစ်ယောက်ထဲပြောတာဘာမှမဖြစ်လောက်ပါဘူး
ငါကဆုံးမတာပါတဲ့
သူ့လိုလူပေါင်းထောင်ချီရှိနေတဲ့အခါ
❣
လူတွေကတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး
အချစ်ကိုပြသပုံခြင်းလည်းမတူသလို
နာကျင်မှုကိုပြသပုံခြင်းလည်းမတူပါဘူး
သူတို့နာကျင်မှုကို ပြသနေတဲ့အခါ
ကူညီဖေးမလိုက်ပါ
အားပေးလိုက်ပါ
သင်ဟာသူ့ကိုလှောင်ပြောင်နေတဲ့သူတွေထဲကတစ်ယောက်
မဖြစ်ပါစေနဲ့
နာကျင်မှုဆိုတာ နာကျင်ဖူးသူမှ
အစားထိုးပြီးနားလည်ပေးနိုင်တာပါ
Didiblove 2001❣
3
0
553
Don't hurt for me,if I were die
To dear Maung
ကျွန်တော်နွေဦးရဲ့တစ်ရက်မှာ
အချစ်ဦးကိုတွေ့ခဲ့တယ်
သူကမေပယ်တွေရဲ့အလယ်မှာ
ပုလဲမျက်ရည်တွေကြွေဆင်းနေတယ်
အဲ့ဒီအလှတရားကို ကြည့်ပြီးကျတော်နာကျင်နေရတယ်
စချစ်မိသူကအရှုံးများလား
ကျွန်တော်သူ့ကို ၇နှစ်လိုက်ခဲ့တယ်
ကြင်နာမှုတွေ အလေးထားမှုတွေနဲ့
"အိမ်မှာမီးဖွင့်ထားတယ်မောင်"
မောင်လာတဲ့အချိန်တိုင်းငါစောင့်နေမယ်ဆိုတဲ့စကားကို
ငါးနှစ်တိတိမငြီးမငြူပြောခဲ့တယ်
မင်းကမင်းExပေးခဲ့တဲ့နာကျင်စရာတွေကိုပဲ
လက်ကိုင်းထားပြီး ငါ့ကိုအဝေးကို
တွန်းပို့နေတုန်းပဲ
မင်းရဲ့ရင်ခွင်မှာနေချင်တယ်
မင်းကိုချစ်ကြောင်းပြောချင်တယ်
ငါကမင်းအတွက်အမြဲရှိနေတဲ့အကြောင်း
အရမ်းကိုပြောချင်နေတယ်
အလွယ်တကူငြီးငွေ့တဲ့လူထဲမှာငါမပါခဲ့ဘူးမောင်
မောင့်ကိုစွန့်ပစ်ဖို့လည်းမတွေးခဲ့ဘူးဘူး
ငါ့ဘဝရဲ့သုံးပုံတစ်ပုံကို
မင်းကိုပေးခဲ့တယ်
နောင်ဘဝဆိုတာရှိခဲ့ရင်
ငါ့ဆုတောင်းတွေသာမှန်ခဲ့ရင်
ကျွန်တော်ကအရင်ချစ်ရလိုပါ၏
မဟုတ်ဘူး
ရူးရူးမိုက်မိုက်ပြောလိုက်မယ်
မောင့်ရဲ့ပထမလူဖြစ်ပါရစေ
Didiblove 2001❣
4
0
610
Never say you don't love me
နောင်ဘဝဆိုတာများရှိခဲ့ရင်
မင်းကိုမချစ်တော့ဘူးဆိုတဲ့
မသေချာတဲ့ နှစ်သိပ်မှုလေးကို
လက်ကိုင်ထားပြီး
သွေးသံရဲရဲ နှလုံးသားကိုမင်းထံပေးလိုက်တယ်
အရာအားလုံးကိုစွန့်ပစ်ပြီး မင်းနောက်လိုက်ခဲ့တယ်
ဒုတိယလူရဲ့ ခံစားချက်ကို ခံစားကြည့်လိုက်စမ်း
မြူမှုန်လောက်တောင် အရေးမပါတဲ့အဖြစ်ကို
မခံစားနိုင်တော့တဲ့အခါ ဒီဝဋ်ကိုဒီမှာတင်ကျေပါစေလို့
ဆုမတောင်းတော့ဘူး
မင်းကိုအရမ်းချစ်တယ်
မင်းရှိတဲ့အရပ်မှာ မြူမှုန်လေးဖြစ်ရင်တောင်
မင်းအနားမှာပဲ မြေခပါရစေ
Didiblove 2001❣
4
0
821
