1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
16
"ဖွားလေး "

"အမယ်လေး.."

အားလော့ လန့်သွားသည်










"အဲဒါက "

အားလော့စိတ်ထဲ၌လည်း








"မဟုတ်ဘူး မဟုတ်ဘူး





အားလော့ မယုံ




"ဟာ ဖွားလေး "


"နောက်တာပါ






"ဟုတ်ကဲ့ပါ..."




×××××××××××××××××××××××××××××



"ရပ်လိုက်..."




"မဟုတ် မဟုတ်ဘူး


"....ကိုယ်လုပ်တော်..."


"ဟေး...မင်းဒီဘက်လှည့်


ရှောင်ကျိ ထိုလူ၏အမိန့်ကြောင့် ခန္ဓာကိုယ်ကိုဖြေးညင်းစွာလှည့်လိုက်ရင်း ထိုလူနှင့်မျက်နှာခြင်းဆိုင်လိုက်တော့ ရှော်ငကျိနှင့်ထိုလူမှာ


ရှောင်ကျိ
ခက် ကသေသွားပြီလေ

"ကြည့်လို့ဝပြီလား... "

ရှောင်ဖန်းသူအားမျက်တော်မခပ်တမ်းကြည်နြေတဲ့ ထိုလူကိုရွဲ့ကာမေးလိုက်သည်

ရှောက်ဖန်း

"...ခက်..."

"........."




"ငါ့ကို သိလား....



ငါရောမင်းကိုသိလား "

ရှောင်ကျိက မဖြေ

"ဟေး...မေးနေတယ်လေ"


"ငါ ငါက
....ဝေယံ..."

"ဘာ...."



"ဟားဟားဟား.....ဝေယံတဲ့
မင်းက ဝေယံ ဟားဟားဟား"

အတိတ်တချို့စီသို့........
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😁

.......................................................

(AN/နောက်တစ်ပိုင်းက နောက်ကြောင်းပြန်မှာမို့ အပိုင်းခွဲချင်လို့


အချစ်များစွာဖြင့်.....

😚😚😚......)



ချစ်ဆုံးတို့ သိဖို့.....

#####

"ဖွားလေး "

"အမယ်လေး.."

နောက်မှ လှန့်သည့်သဘောဆောင်သည့် အသံကြောင့်
အားလော့ လန့်သွားသည်
အသံလာရာသို့ လှည့်ကြည့်ပြီးနောက် အားလော့၏မျက်နှာမှာ အပြုံးများဖြစ်ထွန်းလာပြီး

"ရှောင်ဖန်း မင်းသားလေး"

(စန်းရှောင်ဖန်း/ဧကရာဇ်၏တူတော် /ရှင်းယန်မင်းသမီး၏သားတော်)

အားလော့ ဝမ်းပန်းတသာခေါ်ပြီး
ရှောင်ဖန်းရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး

"မင်းသားလေး နေကောင်းတယ်နော်
နောက်ဆုံးတွေ့ခဲ့တာတောင် အတော်ကြာနေပြီ
ဘာလို့ နန်းတော်ထဲမကြာမကြာ လာမလည်တာလဲ"

အားလော့ ဝမ်းသာလွန်းလို့ မျက်ရည်တောင်ဝဲမိနေတယ်
ကျန်းကျန်းမာမာနဲ့တွေ့ရလို့လည်း စိတ်အေးရပြန်တယ်

ရှောင်ဖန်းက အားလော့ လက်တွေထဲက ရုန်းထွက်လိုက်ပြီး
တဖန်အားလော့ရဲ့လက်တွေကို ပြန်လည်ဆုပ်ကိုင်လိုက်ကာ

"အိုင်ယား....ဘယ်လိုလုပ်ပြီးများ နန်းတော်ထဲမကြာမကြာလာရဲပါ့မလဲ ဒီကဖွားလေးရဲ့
နုပျိုမူတွေနဲ့မှ မယှဉ်နိုင်တာ"

(AN/ဖွားလေး ဆိုတာ စနောက်ပြီးခေါ်တာပါနော်🙃)

အားလော့ မျက်ရည်ကျလုလုမှာပဲ ရှောင်ဖန်း နောက်ကျောပေါ်က ဓားကြောင့်ထွက်လုစဲစဲမျက်ရည်တွေတောင်ပြန်ဝင်သွားရသည်
သည်ကလေးက ဘယ်နေရာမဆို ပြသနာလုပ်ပြီးမှ ပြန်လာတတ်သည့် ကလေးမဟုတ်ပါလား

"အဲဒါက "

ဓားရိုးနှင့် ဓားအိမ်မှာ တန်ဖိုးကြီးသည်ဟုယူဆရမည့် ကျောက်မျက်ရတနာများနှင့် စီခြယ်ထားခြင်းကြောင့် ဓားကသာမာန်ဓားမဟုတ်မှန်း ကြည့်သည်နှင့်သိနိုင်သည်
အားလော့စိတ်ထဲ၌လည်း
....ဒီတစ်ခါလည်း လုလာပြန်ပြီလား....

ဟုတ်သည်လေ အရင်အရင်အရင်တုန်းတွေက အကြိမ်ပေါင်းများစွာ ကြုံဖူးပြီပြီ

အိမ်တော်တစ်ခုက လုပ်တဲ့ ကံကောင်းခြင်း ဒေါင်း ရောင်းချပွဲ၌ ဒေါင်းဝယ်ရန် ပိုက်ဆံမပါခဲ့သဖြင့် ဒေါင်းအားလုကာ နန်းတော်သို့ ပြန်ပြေးလာခဲ့လေသည်
ထိုတုန်းလည်း ဧကရာဇ်ကရှင်းပေးခဲ့ရသည်

(AN/ကံကောင်းခြင်း ဒေါင်း /တကယ်တော့ သာမာန်ဒေါင်းပါပဲ ရှေးလူအယူစတွေက နည်းနည်းအစွဲကြီးတာသိတယ်ဟုတ် ဒီဒေါင်းမွေးထားရင်
ကံကောင်းမယ်တို့ ဘာတို့ ညာတို့)

ပြီးတော့ ရတနာကရား တုန်းကလဲ
ပိုင်ရှင်မသိအောင် ခိုးယူလာခဲ့သေးသည်
ထိုရတနာကရားက လက်ဖက်ရည်ထည့်သောက်ပါက နုပျိုစေသည်ဟူသော ကောလဟာလကြောင့် ခိုးယူခဲ့တာတဲ့လေ ဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့ရတနာဖြစ်တာမို့ နန်းတော်မှရဲမတ်များ တောင်းတောင်းပန်ပန်နှင့် သွားပြန်ပေးခဲ့ရဖူးပြီး

ဝညာဉ်ခေါ်ပလွေ ဟူသောသိုင်းဂိုဏ်းတစ်ဂိုဏ်း၏ပစ္စည်းအားလည်းခိုးယူပြီး
နန်းတော်သို့ရောက်လာသောကြောင့် ထိုသိုင်းဂိုဏ်းမှလူများလိုက်လာကာ ဧကရာဇ်ထံ ဂိုဏ်းပိုင်ပစ္စည်းအား ပြန်လည်ပေးသနားရန် တောင်ပန်မှ ပြန်ပေးလေသည်
တကယ်အဝိညာဉ်ခေါ်လို့ရလား သိချင်လို့ပါတဲ့လေ

ထိုကဲ့သို့သော အကြိမ်ပေါင်းမရေနိုင်အောင်ကို ပြသနာရှာလွန်းသော ရှောင်းဖန်းမင်းသားမှာ ယခုရတနာတွေစီခြယ်ထားသည့်ဓားအား ယူဆောင်ပြီး နန်းတော်ရောက်သည်ကိုကြည့်ပြီး မည်သူမလန့်ပဲ နေပါမည်နည်း

နောက်ကျောဘက်စီမှ ဓားအားလက်ညိုးထိုးကာ
မျက်လုံးပြူးကြီးနှင့်ကြည့်နေသော အားလော့ကြောင်ရှောင်ဖန်းအမြန်ပင်

"မဟုတ်ဘူး မဟုတ်ဘူး
ဖွားလေး ထင်နေသလိုမဟုတ်ဘူး"

အားလော့မှာ မယုံသင်္ကာနှင့် ကြည့်နေတုန်းပင်

"အိုင်ယား...ဦးရီးတော်ရဲ့မွေးနေ့တော်က နီးနေပြီမလား
ဦးရီးတော်ရဲ့ မွေးနေ့တွက်လက်ဆောင်ပါ
ဒီဓားကို ရှောင်ဖန်း ဝယ်လာတာ
ဖွားလေး ထင်နေသလိုလုံးဝမဟုတ်ဘူး"

(AN/ဦးရီးတော်ဆိုတာ ပိုင်းလော့ကျင်းပါ)

"ဟုတ်လို့လား မင်းသားလေး ပြသနာတော့မရှာလာပါဘူးနော်"

အားလော့ မယုံ
ယုံချင်စရာလည်းမရှိဘူးလေ

"တကယ်ပါဆို မယုံရင် ရှောင်ဖန်းကျိန်ပြမယ်"

လက်ထောင် ကကျိန်ရန်ပြင်နေသည့်ဘမင်းသားလေးကြောင့်
အားလော့အမြန်ပင်ထားလိုက်ရသည်

"ရပြီ ရပြီ မကျိန်နဲ့တော့ တော်ကြာတကယ်ကျိန်စာမိနေမှ "

"ဟာ ဖွားလေး "

ကလေးတစိယောက်လို နုတ်ခမ်းကြီးဆူကာ မျက်လုံးတို့က
မြေကြီးပေါ်ရောက်သွားသောကြောင့်
အားလော့အမြန်ပင် စကားပြင်လိုက်ရတော့သည်

"နောက်တာပါ
အရှင်စီရောက်ပြီးပြီလား"

"မရောက်ရသေးဘူး ဦးရီးတော်က ကိုယ်လုပ်တော်မြောက်ပွဲတတ်ဖို့လာခိုင်းတာ
ကိုယ်လုပ်တော်မြောက်ပွဲကမနေ့ကဆို ဦးရီးတော်ဆူတော့မှာပဲ သတင်းရရခြင်းပြန်လာပေမယ့်ဘခရီးလွန်နေလို့"

"မင်းသားလေးကတော့ ဖြစ်ရမယ်
ခု အရှင့်စီသွားမှာလား"

"အွန်း...ဦးရီတော်ကို ဒါလေးနဲ့သွားချော့မလို့"

အားလော့ဘက်သို့ နောက်ကျောလေးလျည့်ပြကာ ပြောနေသည့်ပုံက တကယ့်ကလေးလေးတစ်ယောက်လို

"ပြီးရင် မင်းသားလေးရဲအဆောင်ကိုပဲလာခဲ့လေ မင်းသားလေးကြိုက်တဲ့ မုန့်တွေစီစဉ်ပေးထားမယ်"

"ဟုတ်ကဲ့ပါ..."

(AN/ရှောင်ဖန်းကအပြင်မှာနေတာပါ နန်တော်လာလည်တဲ့အခါ နေရအောင် ဧကရာဇ်က အဆောင်ပေးထားတာပါ)

ရှောင်ဖန်း ပြောပြီးသည်နှင့် ဧကရာဇ်အဆောင်ဘက် ထွက်သွားလေသည်
အားလော့လဲ မုန့်တွေစီစဉ်မည်ဟု တွေးရင်း အပြု့းပန်းဝေလျက် ဟင်းချက်ဆောင်ဘက်ထွက်လာခဲ့သည်

ခဏကြာမှ အားလော့သတိရသည်က အရှင်ညီလာခံမှ ပြန်မရောက်သေးသည်ကိုပင်
သတိပေးဖို့လှမ်းကြည့်လိုက်ပေမယ့် မင်းသားလေးမှာ မြင်ကွင်းထဲမှပျောက်ကွယ်သွားပြီဖြစ်သောကြောင့် သက်ပြင်းတစ်ချက်ချကာ ဟင်းချက်ဆောင်သို့ပဲ ခြေလှမ်းလိုက်တော့သည်.............

×××××××××××××××××××××××××××××

ရှောင်ဖန်း ဦးရီးတော်ရဲ့အဆောငအကိုရောက်တော့
ဦးရီးတော် ညီလာခံမှပြန်မရောက်သေးဘူးဆိုသည်နှင့်
ပြန်ရောက်လျှင် စာကြည့်ဆောင်၌ စောင့်နေသည်ကိုပြောပေးရန် အထိန်းတော်လျဲ့အားမှာကြားခဲ့ပြီး စာကြည့်ဆောင်ဘက်ထွက်လာခဲ့သည်

စာကြည့်ဆောင်သို့ရောက်သော် အပေါက်ဝအားကျောပေးထားသည့် လူတစ်ယောက်အား တွေ့ရပြီး ထိုလူမှာ ဟိုချောင်းဒီချောင်းဖြင့်လုပ်နေသဖြင့် မသင်္ကာတော့ပဲ နောက်ကျောမှဓားအားဆွဲနုတ်ကာ ဓားဖြင့်ထောက်လိုက်ကာ အမိန့်သံပါပါဖြင့်

"ရပ်လိုက်..."

ထိုလူက စာအုပ်ခိုးဖို့ကြိုးစားနေသည်ဟု ရှောင်ဖန်းထင်သည်
သည်စာကြည့်ဆောင်က ဦးရီးတော်၏သီးသန့်စာကြည့်ဆောင်ဖြစ်သောကြောင့်
မည်သူမှဝင်ခွင့်မရှိ သူတစ်ယောက်သာ ဦးရီးတော်၏ခွင့်ပြုချက်ဖြင့်ဝင်ရောက်နိုင်သည်
ထို့ကြောင့် သေချာသည်မှာ ထိုလူက အဖိုးတန်စာအုပ်များခိုးဖို့ကြိုးစားနေခြင်းဖြစ်ရမည်

"ဒီစာကြည့်ဆောင်က ဧကရာဇ်ရဲ့ သီးသန့်စာကြည့်ဆောင်ဆိုတာ မသိဘူးလား ဟမ်
တခြားလူဝင်ခွင့်မရှိတာ မသိလို့လား "

တုန်တတ်သွားသော ထိုလူအားကြည့်ကာကျေနပ်မိသည် မိမိအသက်မှာ 15ပဲရှိသေးသည်ဆိုပေမယ့်လည်း ခန့်ညားသောရုပ်ရည်နှင့် သြဇာပြည့်ဝသော အသံကိုပိုင်ဆိုင်ထားသည်လေ

"မဟုတ် မဟုတ်ဘူး
ကျနော်က ကျနော်ကကိုယ်လုပ်တော်တစ်ယောက်ပါ "

ရှောင်ကျိ ထိုလူ၏ ကြမ်းတမ်းလှသော အသံကြောင့် ပိုမို၍ပင်ကြောက်စိတ်များဝင်လာခဲ့သည်
ဖြစ်နိုင်သည်မှာ ထိုလူက ဒီစာကြည့်ဆောင်၏ အစောင့်ပင်ဖြစ်ရမည်

"....ကိုယ်လုပ်တော်..."

ရှောင်ကျိ ၏ ပြောစကားကို ရှောင်ဖန်းသံယောင်လိုက်မိသွားပြီး

"ဟေး...မင်းဒီဘက်လှည့်
ရုတ်ရုတ်လုပ်ဖို့မစဉ်းစားနဲ့ မင်းလည်ပင်းပေါ်မှာဓားရှိတယ်ဆိုတာသိထား"

ရှောင်ဖန်း ထိုကဲ့သို့ခြိမ်းခြောက်ရသည်ကို အပျော်ကြီးပျော်နေလေသည်

ရှောင်ကျိ ထိုလူ၏အမိန့်ကြောင့် ခန္ဓာကိုယ်ကိုဖြေးညင်းစွာလှည့်လိုက်ရင်း ထိုလူနှင့်မျက်နှာခြင်းဆိုင်လိုက်တော့ ရှေ်ာငကျိနှင့်ထိုလူမှာ
ဓားရှည်တစ်ချောင်းစာသာကွာဝေးနေသည်

အနီးကပ်မြင်နေရသော မျက်လုံးလဲ့လဲ့နှင့်မျက်နှာပုံအကျမှာ ရှောင်ကျိတစ်နေရာရာမျာ အနီးကပ်မြင်နေဖူးနေသလိုပင်
အတန်ငယ်စဉ်းစားပြီးနောက် ရှောင်ကျိအသက်ရူဖို့ပင်ရပ်သွားပြီး မျက်လုံးတို့ပြူးကျယ်သွားကာ ကျက်သီးများပင်ထလာသည်

ရှောင်ကျိ
သေချာတယ် သူဆိုတာသေချာတယ်
နည်းနည်းလေးပိုပြီးခန့်ညားတဲ့ဘက်ရောက်နေပေမဲ့ သူဆိုကတော့သေချာတယ် ဒါပေမယ့် ဒါပေမယ့်
ခက် ကသေသွားပြီလေ

"ကြည့်လို့ဝပြီလား... "

ရှောင်ဖန်းသူအားမျက်တော်မခပ်တမ်းကြည်ြနေတဲ့ ထိုလူကိုရွဲ့ကာမေးလိုက်သည်

ရှောက်ဖန်း
ရုပ်လေးကမဆိုးဘူးဆိုပေမယ့် နှာကမသေးဘူးပဲ
ဘယ်လိုတောင်ပေါ်တင်ကြီးလာကြည့်နေတာလဲ

"...ခက်..."

"........."

ရှောင်ဖန်း စွံအသွားသည် သူကဘယ်လိုလုပ်ပြီး
မဟုတ်မှသူရောသူ့လိုမျိုး....

"မင်း မင်း ခက်မလား ဟင် ဟုတ်တယ်မလား"

ရှောင်ဖန်း ရှောင်ကျိလည်ပင်းပေါ်ကဓားကိုပြန်ရုတ်လိုက်ပြီး

"ငါ့ကို သိလား....
မင်းလည်း ဘဝပြောင်းလာတာလား"

ရှောင်ကျိ သေချာသွားသည်
ထိုသူက ခက်ပင်.ဒါပေမယ့်... ဒါပေမယ့်

ရှောင်ဖန်းအမေးကို ရှောင်ကျိကမဖြေပဲ ကြောင်နေသဖြင့်
ရှောင်ဖန်း ရှောက်ကျိလက်မောင်းအားလူပ်ကိုင်လိုက်ပြီး

"ဟေး...မင်းငါ့ကိုသိတာလားလို့ မင်းနာမည်ဘယ်သူလဲ
ငါရောမင်းကိုသိလား "

ရှောင်ကျိက မဖြေ

"ဟေး...မေးနေတယ်လေ"

ရှောက်ဖန်း အသံတော်တော်လေးကျယ်သွားတော့မှ
ရှောင်ကျိအသိပြန်ဝင်ခဲ့သည်

"ငါ ငါက
....ဝေယံ..."

"ဘာ...."

ရှောင်ဖန်းအံသြလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်ပေ
ခု သူ့ရှေ့မှာရပ်နေတဲ့သူက ဝေယံတဲ့လား

ရှောင်ဖန်း၏ စိတ်အတွင်းပိုင်းထဲဒဏ်ရာမှာ ထပ်မံပေါ်ပေါက်လာပြီး နာကျင်လာရပြန်သည်

"ဟားဟားဟား.....ဝေယံတဲ့
ဟားဟား...သူဌေးသားဝေယံ လူယုတ်မာကောင်ဝေယံ
မင်းက ဝေယံ ဟားဟားဟား"

နှစ်ယောက်လုံးရဲ့ အတွေးတွေက သူတို့မသေခင်
အတိတ်တချို့စီသို့........
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😁

.......................................................

(AN/နောက်တစ်ပိုငး်က နောက်ကြောင်းပြန်မှာမို့ အပိုင်းခွဲချင်လို့
ဒီလောက်နဲ့ဖြတ်လိုက်ပါတယ်.....

စီးယူ နောက်တစ်ပိုင်းပါ ချစ်တို့.....

အချစ်များစွာဖြင့်.....

😚😚😚......)

ဖိဘက်လေးတွေ တဖြည်းဖြည်းနည်းလာတယ်.....

ကိုယ်ကrpမပြန်ဖြစ်ပေမယ့် အားတဲ့အချိန်လေးတွေမျာ
ဖိဘက်လေးတွေဝင်ကြည့်ဖြစ်ပါတယ်

ချစ်ဆုံးတို့ သိဖို့.....












© ပန်းမိုးလိပ်ပြာ ပေါက်စ,
книга «ကျနော်ကိုယ်တိုင်ဖန်ဆင်းခဲ့သည့်».
Коментарі