2
ဝါး.............!
ခြေဆင်းထားလျက်နဲ့ပဲ
ဘာဆိုဘာမှရှိမနေပဲ
ပူနေတယ်ဆိုရုံလေး..။
"ဒါကဘယ်နေရာပါလိမ့်"
ှူဲူသူငယ်ချင်းတွေနဲ့လည်း အဆက်ဖြတ်ခဲ့တာပြောမပြတတ်အောင်ကိုကြာနေပြီး
သို့ပေသည့်
ငှက်ပင်မပျံသွားပေ။
ထကာ
တော်တော်ကြာသည်အထိ
ခွေးတစ်ကောင်
ဝေယံတွေ့လိုက်ရသည်က
နည်းနည်းတွေးမိတာက
ယခုသူမျက်နှာမှာ
ဖြူသလားမဲသလား
ကောင်လေးတစ်ယောက်က
ဝေယံဝတ်ထားသောအင်္ကျီ မှာ
ထိုကောင်လေး၏ အင်္ကျီ နှင့် ဆင်တူနေသည်ကိုပင်။
"မင်းကဘယ်သူတုန်း."
ထိုကောင်လေးအား
" ဆရာတူအကိုကြီး ......!!!"
"ဧကရာဇ်က ဘယ်သူ"
" စန်းပိုင်းလော့ကျင်း ...!"
ထိုနာမည်ကြားပြီးခဏ
သွေးပင်မရှိတော့ ပဲ
"ဆရာတူအကိုကြီး ..."
" စန်း ပိုင်း လော့ ကျင်း"
စေရာ ဆိုသည့်ficပင်။
သူရေးခဲ့တဲ့ficထဲ
"မင်း မင်း ယိဖေယန်"
" အကိုကြီး မနောက်ပါနဲ့တော့ ဟုတ်ပြီလား တကယ်ကိုအရေုးကြီးနေပြီ
နားနားသို့ကပ်ကာ
ဝေယံအတွေးထဲမှာသာ
ဂိုဏ်းချူပ် မဟုတ်ဘူး
" အင်းလေ..."
"ကိုကြီး သွားရအောင်"
တဖြည်းဖြည်း
နောက်ဆုတ်နေမိသည်။
ဝေယံမသနားနိုင်ပါ ။
ယခုသူ့ကိုယ်သူတောင်
ဘာလုပ်မှာလဲ
"ချန်ရှောင်ကျိ! !"
ငါ့ကိုလာမခေါ်နဲ့ ဖယ်"
ဖနှောင့်တင်သား
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😉
.............................................................
#ပေါက်စ
###
ဝါး.............!
ပါးစပ်ကိုအသားကုန်ဖြဲပြီး
အားရပါးရသမ်းဝေပြီးမှ တစ်ကိုယ်လုံးအကြောဆနု့်ကာ
မျက်လုံးတို့ဖွင့်ကြည့်လိုက်သည်။
"ဝါး...ကြည်လင်နေတာပါပဲလား.."
ဟုတ်သည် မျက်လုံးနှင့်အပြည့်မြင်နေရသည်က ကြည်လင်သောသန့်ရှင်းနေတဲ့
တိမ်သားဖြူဖြူတို့ကင်းရှင်းတဲ့ မိုးပြာရောင်နုနုကောင်းကြီးပင်။တကယ်ကိုတိမ်တောင်တစက်လေးမှ ရှိမနေအောင်ကိုရာသီဥတုသာယာနေချက်ကတော့။
ခြေဆင်းထားလျက်နဲ့ပဲ
အကျင့်ပါနေတဲ့အမူကျင့်ဖြစ်တဲ့
လည်ပင်းကို ကုတ်ရင်းထထိုင်လိုက်ရသည်။
သေချာကြည့်မှ ဝေယံရောက်ရှိနေတဲ့နေရာက အစိမ်းရောင်
မျက်ခင်းပြင်အကျယ်ကြီးဖြစ်ပြီး
ဘာဆိုဘာမှရှိမနေပဲ
နေရောင်ဖျဖျက ပူတအားပူနေတာမျိုးမဟုတ်ပဲ
ပူနေတယ်ဆိုရုံလေး..။
"ဒါကဘယ်နေရာပါလိမ့်"
စာရေးတာများလွန်းလို့ ကြောင်ချင်နေတဲ့ခေါင်းကို နှစ်ချက်လောက်ဆင့်ထုရင်း ဝေယံသေချာပြန်စဉ်းစားကြည့်လိုက်တော့မှ...
" အာ...ငါဓာက်လိုက်သွားတာပဲ အဲလိုဆိုလည်းဆးရုံရောက်နေရမှာပါ ဘာလို့မျက်ခင်းပြင်ပေါ်လည်း
မေ့လို့ ...ငါ့ကိုဘယ်သူကတွေ့ပြီးဆေးရုံပို့ပေးမှာလည်း"
ဟုတ်သည်လေ ဝေယံကအပြင်သိပ်ထွက်သည်လည်းမဟုတ်
စားစရာတွေကို တစ်လစာနှစ်လစာ စုဝယ်ထားပြီး
ဈေးဝယ်တဲ့အချိန်ပဲအပြင်ထွက်တာကိ
အပြင်ထွက်သည်ဆိုလျှင်တောင် ဘယ်မှမသွားပဲ
ဝယ်စရာရှိတာဝယ်ပြီး ချက်ခြင်းပင်ပြန်လာတတ်တာ
ှူှူှူဲသူငယ်ချင်းတွေနဲ့လည်း အဆက်ဖြတ်ခဲ့တာပြောမပြတတ်အောင်ကိုကြာနေပြီး
ဝေယံယခုနေသည့်နေရာကိုလည်း မသိကျပေ။
ဆယ့်နှစ်ရာသီလုံး တိတ်ဆိတ်လွန်းလို့
လူနေသည်ဟုပင် သိချင်မှသိကျလိမ့်မည်။
ဆိုတော့ တစ်ခုပဲရှိတော့သည်...
"သြော်.... ငါတောင်သေ သွားခဲ့ပြီကိုး"
ဆိုတော့ ဒီနေရာက နတ်ပြည်များလား...!
ကိုယ့်အတွေးနဲ့ကိုယ်ထင်မြင်လိုက်ပြီး
ဘေးဘီကို ထပ်မံဝေ့ဝဲကြည့်လိုက်တော့
မလှမ်းမကမ်းတွင် လူသွားလမ်းရာလေးရှိနေသည်တဲ့။
ဇာက်လမ်းဟောင်းကြီးပဲ..
နတ်ပြည်မှာနတ်သားအသစ်ရောက် နတ်သားကအူတူတူဖြစ်ဘယ်သူမှမရှိပဲ လမ်းလေးပေါ်လာ နတ်သားသစ်လေးကကြောင်တောင်တောင်နဲ့လမ်းအတိုင်းလျောက်သွား စီနီယာနတ်တွေကစပရိုက်လုပ်..
ဝေယံကိုယ့်အတွေးနဲ့ကိုယ်သဘောကျနေပြီးမှ
ထိုအလှမ်းအတိုင်း ထသွားရင်ကောင်းမလား
တစ်ယောက်ယောက်လာခေါ်တာကိုပဲ
စောင့်နေရင်ကောင်းမလားဟု၍ ဗျာများနေလေသည်။
တော်တော်နှင့်ထမသွားသေးပဲ တစ်ယောက်ယောက်များလာ
ခေါ်လေမလားဟုဝေယံစောင့်နေလိုက်သည်။
ဟုတ်သည်လေ နတ်ပြည်တွေဘာတွေမှာ
နတ်သားသစ်ရောက်ပြီဆို လာကြိုကောင်းလာကြိုနိုင်တယ်မလား။
သို့ပေသည့်
တောတော်ကြာသည်ထိ ဘယ်သူမှပေါ်မလာပဲ
ငှက်ပင်မပျံသွားပေ။
နေအပူရှိန်ကလည်း တဖြည်းတဖြည်း
ပိုလာတာကြောင့် မဖြစ်သေးပါဘူးဟုတွေးရင်း
ထကာ
ထိုလူသွားလမ်းလေးအတိုင်းပင် လျှောက်လာရကာ
တော်တော်ကြာသည်အထိ
ခွေးတစ်ကောင်
ကြောင်တမှီးတောင်မတွေ့ချေ။ ဘယ်နေရာမှန်းမသိတာကြောင့် ထိုလမ်းလေးအတိုင်းပင ်လျှောက်လာလိုက်ပြီး
အတန်ကြာလျှောက်ပြီးတော့မှ
ဝေယံတွေ့လိုက်ရသည်က
မြို့ဝင်ပေါက်တစ်ခုပင် ။
ထိုမြို့ဝင်ပေါက်မှာ တံရုတ်ကားများထဲက မြို့ဝင်ပေါက်များနှင့်တူလှသောကြောင့် ဝေယံတပ်အပ်သိလိုက်ရပါပြီ
သူ၏ဝိညာဉ်မှာ သေဆုံးပြီးအချိန်ခရီးသွားလာလေပြီဟု။
ဝေယံထိုကဲ့သို့သော အချိန်ခရီးသွားစာအုပ်မျိုး
မရေနိုင်အောင် ဖက်ခဲ့ဖူးပြီး သူကိုယ်တိုင်လဲ
တစ်အုပ်နှစ်အုပ်ရေးခဲ့ဖူးသည်ဆိုတော့ ဒီကိစ္စက
ဝေယံအတွက်မထူးဆန်းပါချေ။
နည်းနည်းတွေးမိတာက
မြန်မာနိုင်ငံမှာသေသည်ကို
မြန်မာရာဇဝင်ထဲမရောက်ပဲ ခုလိုမျိုး တရုတ်ရာဇဝင်ထဲရောက်၍ ရလားဟူ၍...။
ဘာပဲပြောပြော ဖြစ်သမျှအကြောင်း အကောင်းဟုတွေးကာ
ထိုမြို့ထဲဝင်သွားရန်ဆုံးဖြတ်လိုက်ရင်း
မြို့ဝင်ဆိုင်းဘုတ်ရှိ မြို့နာမည်ဖတ်လိုက်ရာ
"တာ့ပေါင်း (ရတနာကြီး)မြို့"
မြို့နာမည်ဖတ်ပြီးသည်နှင့် ဝေယံဝါးလုံးကွဲ ထရီတော့သည်။
"ဟားဟားဟား ဘယ်လိုတောင်ရီစရာကောင်းလိုက်လဲ
တာ့ပေါင်းမြို့တဲ့လား ဟားဟား"
အူတတ်အောင်ရီရင်း မြို့ထဲသို့ဝင်လာလိုက်ကာ
စိတ်ထဲတွင်လည်း ငါတရုတ်စာတတ်ပြီဟု၍
ကြွေးကြာ်ရင်း ပြီတိဖြာမဆုံးပေ။
တော်တော်ကြာလျှောက်လာရင်း ဤမြို့မှာ
အတော်ပင်စည်ကားသည်ဟူ၍ ဝေယံကောက်ချက်ချရတော့သည်။
လက်လေးနှစ်ဖက်နောက်ပြစ်ကာ
မြောက်ကြွကြွလမ်းလျောက်လာရင်း တွေ့သမျှလိုက်ကြည့်နေတော့ကာ
ရောင်စုံလူတွေများကြားမှ
တချို့သော မိန်းကလေးများမှာ
ကြွေရုပ်လေးများသဖွယ်လှရက်နိုင်ကြသည်။
လှသည်ဆိုမှ ဝေယံသတိရသည်က
ယခုသူမျက်နှာမှာ
ဖြူသလားမဲသလား
ယခင်ဝေယံမျက်နာပဲလားဆိုသည်ကို မသိရသေးပေ။
ဘယ်လိုရုပ်ရည်ရှိလဲသိချင်တာကြောင့် ဘယ်နေရာမှာများ မှန်ကြည့်လို့ရမလဲဟူ၍
ဟိုဒီလျှောက်ကြည့်နေတုန်း လူများကြားမှ
ကောင်လေးတစ်ယောက်က
သူ့အားတွေ့တော့ မျက်နှာမှာ
ပျော်သွားသယောင်နှင့် သေချာကြည့်မှ သတိထားလိုက်မိသည်က
ဝေယံဝတ်ထားသောအကျႌ မှာ
ထိုကောင်လေး၏ အကျႌ နှင့် ဆင်တူနေသည်ကိုပင်။
ထိုကောင်လေးက လူများကြားထဲမှ သူ့အားမမြင်မှာစိုး၍လားတော့မသိ ခုန်ဆွခုန်ဆွနှင့်လက်မြောက်ပြနေပြီး
ဝေယံဆီအပြေးလာရင်း ပါးစပ်မှလဲ
"ဆရာတူအကိုကြီး ဆရာတူအကိုကြီး "
ကြည့်ရပုံထောက်ရင် ဝေယံမှာဂိုဏ်းတစ်ခုခု၏
တပည့်ခန္ဓာကိုယ်ထဲရောက်နေပုံပင်။
သိပ်အဆိုးကြီးတော့မဟုတ်ပါဘူးလေဟု ဖြေသိမ့်ရင်း
ထိုကောင်လေးပြေးလာနေ၍ ရောက်လာသည်ကိုစောင့်နေလိုက်ရသည်။
ထိုကောင်လေးက အနားရောက်လာတော့ ရေးကြီးသုတ်ပြာလေသံနှင့်....
"ဆရာတူအကိုကြီး ဘယ်တွေသွားနေတာလဲ
ရှစ်စွမ်း လိုက်ရှာနေတယ် ဂိုဏ်းမှာပြသနာတတ်နေပြီဗျ"
ပြေးလာတာလည်း မောဟန်မပြပဲ
လူရောဟုရဲ့လားဟုဝေယံတွေးရင်း
ဘယ်သူမှန်းလည်းမသိသဖြင့်
"မင်းကဘယ်သူတုန်း."
ရုပ်တည်တည်နဲ့ ဝေယံအမေးကို ထိုကောင်လေးကထူးဆန်းသလိုကြည့်ကာ
အနည်းငယ်ဒေါသထွက်လာသလိုနှင့်
" ဆရာတူအကိုကြီး ဒါနောက်နေရမဲ့အချိန်မဟုတ်ဘူး
ကျနော်တိုဂိုဏ်းရော ရှစ်စွမ်းရော သေရေးရှင်ရေးဖြစ်နေပြီ"
ဒေါသသံစွက်ကာပြောနေသော
ထိုကောင်လေးအား
ဝေယံခပ်တည်တည်ပင်ပြန်ကြည့်ကာဖြင့်..
"တကယ်မသိတော့လို့မေးနေတာကွ
မင်းကဘယ်သူတုန်း ပြီးတော့ငါကရောဘယ်သူတုန်း
ဘယ်ဂိုဏ်းကဘာတွေဖြစ်ပြီး
ရှစ်စွမ်းကလဲ ဘယ်သူတုန်း"
မတတ်နိုင် ဖတ်ဖူးတဲ့စာအုပ်များထဲကလို
အတိတ်မေ့ချင်ယောင်ဆောင်ဖို့ကလဲ ဒဏ်ရာကမှရှိမနေတော့လည်း
မသိတာကို မသိဘူးဟူ၍ပဲပြောကာမေးရတော့မည်ပေါ့။
ထိုကောင်လေးတော့ မျက်နှာကြီးနီလာပြီး
အတော်ဒေါသထွက်သွားပုံနှင့်
ဝေယံအားဒေါသတကြီးနှင့် အော်လာတော့သည်။
" ဆရာတူအကိုကြီး ......!!!"
"မသိလို့မေးနေတာကွ မှတ်ဉာဏ်ထဲမှာ ဘာဆိုဘာမှမရှိတော့လို့ သိပြီလား"
ထိုကောင်လေးမှာ ဝေယံ၏အတည်ပေါက်စကားကြောင့် မယုံနိုင်သလိုကြည့်နေကာ
"မနောက်ပါနဲ့ဗျာ တကယ်ကိုအရေးကြီးနေပြီ
အစတည်းက ဧကရာဇ်ဘယ်ရက်စက်လဲ
အကိုကြီးလဲသိရဲ့သားနဲ့"
အသံပြန်လျော့ကာ အသနားခံသလိုလေသံနှင့်
ထိုကောင်လေးက ငိုသံများပင်စွက်နေလေပြီ။
ဧကရာဇ်ဆိုသည့် အသုံးနူန်းပါလာခြင်းကြောင့်လည်း
တော်ရုံကိစ္စ မဟုတ်ဟုဝေယံတွေးမိပြီး
"ဧကရာဇ်က ဘယ်သူ"
ခုနကလို အော်ခံရမည်ဆိုး၍ မရဲတရဲလေသံလေးနှင့်သာမေးလိုက်ရသည်။
ထိုအခါ ထိုကောင်လေး ဝေယံအားစိတ်ပျက်သလိုကြည့်ကာဖြင့်..
" စန်းပိုင်းလော့ကျင်း ...!"
ထိုနာမည်ကြားပြီးခဏ
ဝေယံတစ်ယောက် ကြက်သေသေလေပြီ။ မျက်နှာတစ်ခုလုံးဖြူစုတ်ကာ
သွေးပင်မရှိတော့ ပဲ
ထိတ်လန့်နေတဲ့ ဝေယံပုံစံကြောင့်
ထိုကောင်လေးက အံအားသင့်သွားသလိုနှင့်ခေါ်လာသည်။
"ဆရာတူအကိုကြီး ..."
"ဘ ဘယ်သူလို့ ပြောလိုက်တယ် "
"စန်းပိုင်းလော့ကျင်း လေ"
" စန်း ပိုင်း လော့ ကျင်း"
တစ်လုံးချင်း ဖြေးညင်းစွာရေရွတ်လိုက်မိသည်က
သူထိုနာမည်ကို ကောင်းကောင်းသိတာကြောင့်ပင်။
ရုတ်တရက်အတွေးထဲ တဆက်ထဲအစီအရီနှင့်ပေါ်လာသည်က
ရွဲ ့ဂိုဏ်းကို ဧကရာဇ်ရောက်လာခိုက်
ဂိုဏ်းတွင် လူဦးရေဘယ်လောက်ရှိမည်ကို မေးကာစစ်ဆေးလိမ့်မည်။
ထိုအချိန်ဂိုဏ်းအပြင်ရောက်နေသော
ချန်ရှောင်ကျိဆိုသည့် ဂိုဏ်းသားကို
ရွဲ ့ဂိုဏ်း၏ဂိုဏ်းချုပ် ဖူယွင့်စန်းကျောင်မှ
ယိဖေယန်ဆိုသည့်ဂိုဏ်းသားတစ်ယောက်အား လိုက်ရှာခိုင်းပေလိမ့်မည် ။
မြို့ထဲမှတွေ့၍ ဂိုဏ်းပြသနာတတ်နေကြောင်းပြောကာ ပြန်ခေါ်သွားလိမ့်မည်ဖြစ်ပြီး
ချန်ရှောင်ကျိမှာလည်း စိုးရိမ်ကာလိုက်သွားရလိမ့်မည်။
ဂိုဏ်းကိုရောက်တဲ့အခါ ဧကရာဇ်က လူစစ်ဆေးနေပြီဖြစ်ပြီး
နောက်ကျမှရောက်လာတဲ့ ချန်ရှောင်ကျိနှင့် ယိဖေယန်ကို
သတိပြုကာ ထိုထဲမှ ချန်ရှောင်ကျိအားမျက်စိကျလိမ့်မည်။ ဂိုဏ်း၏သစ္စာဖောက်သည့်အပြစ်အား
ထိုကလေးအား သူနှင့်လက်ဆက်စေကာ အပြစ်ချေပေးလိမ့်မည်။
ချန်ရှောင်ကျိမှာ ထိုညပင်လူပျိုရေပျက်လိမ့်ပေမည်။
ထိုသို့ ခေါင်းထဲတန်းစီပြီးဝင်လာသည်မှာ ဝေယံကိုယ်တိုင်ရေးသားထားသည့်
စေရာ ဆိုသည့်ficပင်။
ပြီးတော့ တာ့ပေါင်းမြို့.... ဝေယံသူကိုယ်သူကျိန်ဆဲလိုက်သည်က
သူကိုယ်တိုင်ထိုမြို့ကိုအမည်ပေးခဲ့ခြင်းကြောင့်ပင်။
ဒါကိုမမှတ်မိရမလားဆို၍ ကိုယ့်ကိုသာကျိန်ဆဲနေမိနေရင်း..
ယခုသူဘာလုပ်ရပါမည်နည်း
ဒါကအကျိုးနည်း ကိစ္စကြီးပင်။
သူရေးခဲ့တဲ့ficထဲ
သူကိုတိုင်ပြန်ရောက်နေခြင်းဖြစ်ပြီး
သူကိုယ်တိုင်ဇာက်နာစေခဲ့သည့် uke၏ကိုယ်ထဲတွင်တဲ့။
သွားပြီ သူဘဝရစရာမရှိတော့
အောင်စုတ်ပြတ်တော့မှာ....။
ဝေယံ၏စကားပြောအလာကို စောင့်နေပုံရသော ယိဖေယန်မှာ
ဝေယံအားနားမလည်သလိုကြည့်နေရှာသည်။
"မင်း မင်း ယိဖေယန်"
" အကိုကြီး မနောက်ပါနဲ့တော့ ဟုတ်ပြီလား တကယ်ကိုအရေးုကြီးနေပြီ
ကျနော်တို့ ရွဲ ့ဂိုဏ်းဧကရာဇ်ကို သစ္စာဖောက်ခဲ့တာ
ဧကရာဇ်သိသွားပြီထင်တယ်"
နားနားသို့ကပ်ကာ
စိုးရိမ်တကြီးပြောနေတဲ့ ယိဖေယန်ကို
ဝေယံဘာမှပြန်မပြောနိုင်ပါ ။
ဝေယံအတွေးထဲမှာသာ
ဒါမဖြစ်နိုင်ဘူးဟုသည့်စကားကိုပဲ အကြိမ်ကြိမ်ရေရွတ်နေမိပြီး..
"ငါတို့ရဲ့ ဂိုဏ်းက ရွဲ ့ဂိုဏ်း
ဂိုဏ်းချူပ် မဟုတ်ဘူး
ရှစ်စွမ်းရဲ့နာမည်က ဖူယွင့်စန်းကျောင်
ဒီမြို့က တာ့ပေါင်းမြို့
ဧကရာဇ်က စန်းပိုင်းလော့ကျင်း
ပြီးတော့ ငါက ချန်ရှောင်ကျိ"
မဟုတ်ပါစေဆိုတဲ့မျှော်လင့်ချက်နဲ့ ထပ်မံမေးလိုက်ပေမယ့်
ယိဖေယန် အံသြသလိုပြန်ဖြေလာသည်က
" အင်းလေ..."
"ကိုကြီး သွားရအောင်"
ယိဖေယန် ဝေယံလက်ကိုဆွဲကာ သွားရန်ပြင်လိုက်တော့ ရုတ်ခြင်းပင်ဝေယံ
ဆက်ခနဲ့ လက်ကိုဆောင့်ရုန်းလိုက်မိသည်။
" မလိုက်ဘူး မလိုက်နိုင်ပါဘူး ငါကဘာလို့လိုက်ရမှာလဲ"
ဝေယံပြောလဲပြော ခြေလှမ်းတို့ကလည်း
တဖြည်းဖြည်း
နောက်ဆုတ်နေမိသည်။
"ဆရာတူအကိုကြီး အခုဂိုဏ်းဒုက္ခရောက်ကာမှ ကိုယ်လွတ်ရုန်းဖို့ကြံနေတာလား သေရင်လည်းတူတူသေမယ်လို့ သစ္စာခံထားကျတယ်လေ"
အံသြသလို ဝမ်းနည်းသလိုပြောနေတဲ့ ယိဖေယန်ကို
ဝေယံမသနားနိုင်ပါ ။
ယခုသူ့ကိုယ်သူတောင်
ဘယ်ပြေးရမှန်းမသိတဲ့အခြေနေရယ်မို့
မတတ်နိုင် ပြေးတာအကောင်းဆုံးမို့
လှည့်အပြေး ယိဖေယန်က လက်ကိုလှမ်းဆွဲပြီး
ဒေါသတကြီးအော်လေတော့သည်
"ချန်ရှောင်ကျိ မင်းအခု ရှစ်စွမ်းနဲ့ ဂိုဏ်းကိုသစ္စာဖောက်ဖို့လုပ်နေတာလား"
ဝေယံအနည်းငယ်တော့ဒေါသထွက်သွားရသည်။
"ရူးနေလား ဒီအချိန်ဂိုဏ်းကိုပြန်သွားပြီး
ဘာလုပ်မှာလဲ
ဧကရာဇ်ကအကုန်သိသွားလို့ လာတာကွ
သစ္စာဖောက်တဲ့အတွက် ကျနော်တို့လည်ပင်းကိုလှီးပါဆိုပြီး
လည်ဆင်းပေးဖို့သွားရမှာလား"
စိတ်ပေါက်ပေါက်နှင့် ဝေယံအသားကုန်အော်ပလိုက်မိသည်။
ယိဖေယန် ပိုဒေါသထွက်ကာ အသားတို့ပင်တဆက်ဆက်တုန်လာရသည်။
ဆရာတူအကိုကြီး မှာဒီလိုစိတ်ဓာတ်ရှိမည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့ပါချေ.
"ချန်ရှောင်ကျိ! !"
"လာအော်မနေနဲ့ နလဘိန်းတုန်းရဲ့ သေချင်ကိုယ့်ဘာသာသွားသေ
ငါ့ကိုလာမခေါ်နဲ့ ဖယ်"
ယိဖေယန်လက်ကို ပုတ်ချကာ
ဖနှောင့်တင်သား
တသားတည်းကျအောင် ဝေယံပြေးတော့သည်။
လောလောဆယ် ဒီမြို့ထဲမှ ထွက်ရဖို့ထက်တော့ ဘယ်အရာမှအရေးမကြီးပေ။
ယိဖေယန်ခဏမျှကြောင်အသွားပြီးမှ..
"သစ္စာဖောက်ကောင် မင်းပြေးလို့လွတ်မယ်မထင်နဲ့
ငါကိုယ်တိုင်မင်းကိုဖမ်းပြီး ဂိုဏ်းကိုပြန်ခေါ်သွားပြမယ်"
ထိုသို့ကြုံးဝါးကာ ဝေယံနောက်ပြေးလိုက်သွားလေတော့သည်။
.
.
.
.
.
.
တူဘီ ကိုတိန်ညွှန့် 😉
.............................................................
(AN/ ပြန်ပြင်နေတာမို့ဖြေးဖြေးချင်းပဲတင်ပေးမယ်နော်)
#ပေါက်စ

Коментарі