19
အတော်ပင်ကြာညောင်းခဲ့လေပြီ
ဖျားချင်လာသည်
ဘာမှတော့ပြန်မပြောမိ
"ဘာတွေဖြစ်နေကျတာလဲ"
"ဦးရီးတော်"
ရှောင်ကျိ
ဦးရီးတော်
သူ့ဘဝတော့ ရှေလျေှ့ာက်ကောင်းနိုင်ပါဦးတော့မလား
"အင်း...ဖန်းအာ
"အာ...ဦးရီးတော်ကလည်း "
ရှောင်ဖန်း မျက်နှာချိုသွေးရင်း ပြောနေပေမယ့်
"ဦးရီးတော်"
"သြော်...အင်း
လူစိမ်းမဟုတ်ဘူး"
နားလည်ရခက်သည့် အကြည်တွေ့နှင့်ကြည့်နေသည်
အမြန်ပင်အပြင်ရောက်ချင်လှပြီ
တံခါးဖွင့်မယ့် ရှောင်ကျိလက်တိုရပ်တန့်သွားကာ
"သြော်...အင်းပါ"
"ဘာလဲ"
ရှောင်ဖန်း
"ဒါက...
ပြသနာရှာလာပြန်ပါပြီ
"မဟုတ်ဘူး မဟုတ်ဘူး
"သေချာလို့လား"
"အေးပါ"
ကြည့်လိုက်ရုံ့နဲ့ဓားကောင်းမှန်း သိသာနေသည်
"ဓားကောင်းပဲ"
"ဒါပေါ့ ဝယ်လာတာလေ
ဈေးကကြီးသေး"
"ဟုတ်ပါပြီ...."
.
.
.
.
.
.
.
..........................................................
"ဟင်"
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😚
......................................................
ခန့်မှန်းထားပါတယ်
အချစ်များစွာဖြင့် 😚
Flower/Rain /Butterfly
#####
အတိတ်ဆိုသည့်အတိုင်း မေ့ပျောက်ခဲ့တာ
အတေ်ာပင်ကြာညောင်းခဲ့လေပြီ
ကောင်သောအရာမဟုတ်သည့်အတွက် လွယ်လွယ်နှင့်မေ့ပျောက်သည်လည်း ဖြစ်နိုင်သည်
သေချာသည်ကတော့ ဝေယံထိုအခါတုန်းက
ခက်အား အားနာစိတ်ပင်မဖြစ်ခဲ့မိ
အပြစ်ရှိတယ်ဟု ခံစားဖို့ဆိုလျှင်ဝေးစွ
ယခုအချိန်တွင်မူ ဤကဲ့သို့ သေဆုံးပြီးသား လူတစ်ယောက်ကို အကောင်လိုက်တွေ့လိုက်ရသည်မို့
လန့်သွားသည်လား လိပ်ပြာမလုံခြင်းပေလား မပြောတတ် ခက် ရဲ့ရှေ့မှာ ခုလိုရပ်နေတာ မျက်နှာပူမိလာပြီး ရှက်လည်းရှက်လာသည်
တပြိုင်နက်ခေါင်းထဲဝင်လာသည့်အတွေးက
သူတို့ကြောင့်သာမဟုတ်ခဲ့ပါလျှင်....
ဟူသောအတွေးနှင့် အားနာလာကာ နောင်တပင်ရချင်လာရသည်
ရှောင်ကျိသူ့အား နင့်နင့်နဲနဲစိုက်ကြည့်နေတဲ့
ခက် ကြောင့် အသက်ရူပင်ကျပ်လာရပြီး
ဖျားချင်လာသည်
ဤကဲ့သို့ ကံဆိုးလှသည့် ကိုယ့်အဖြစ်ကိုလည်း ရင်နာလို့မဆုံး
သူအခု လက်စားချေခံရမယ်လို့တော့ မပြောလိုက်ပါနဲ့
ရှောင်ဖန်းမျက်နှာက နာကျင်နေသည့်တိုင်
လှောင်ပြုံးရိပ်တို့ဖြတ်သန်းနေလျက်
"ဆိုတော့.မင်းကကိုယ်လုပ်တော်ပေါ့နော်"
ခနဲ့တဲ့တဲ့အသံနှင့်အတူ ရှောင်ကျိတစ်ကိုယ်လုံးအား
စိုက်ကြည့်ကာ ပြောလိုက်ခြင်းပင်
"ဘယ်လိုလဲ ယောက်ကျားတစ်ယောက်ရဲ့ အသုံးတော်ခံရတာ ကောင်းတယ်မလား"
ရှောင်ဖန်းရဲ့ လှေင်သလိုလိုအပြောတွေက
ရှောင်ကျိကို ဓားနဲ့မွန်းနေသလိုပဲ
ရှောင်ကျိ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
ဘာမှတော့ပြန်မပြောမိ
နှစ်ဦးကြား တိတ်ဆိတ်မူကခဏတာဖုံးလွမ်းသွားကာ
အကြည့်ချင်းစစ်တိုက်နေကြသည်
တံခါးပွင့်သွားသံနှင့်အတူ ဝင်လာသောလူတစ်ယောက်
ပိုင်လော့ကျင်း ပါတည့်
ဝင်ဝင်လာချင်းတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်
ပိုင်းလော့ကျင်း သွေးပင်တတ်ချင်သလိုလိုဖြစ်သွားရသည်
ကူကယ်ရာမဲ့နေသလိုပုံနှင့် ရှောင်ကျိရယ်
ဓားဖြင့်အခုပင်ထခုတ်တော့မည့်ပုံနှယ် တူတော်မောင်ရယ်
(ရှောင်ဖန်း ဓားကိုင်ထားတာ သိတယ်ဟုတ်)
"ဘာတွေဖြစ်နေကျတာလဲ"
ပိုင်းလော့ကျင်းရဲ့ အလောတကြီးနှင့်အသံကြောင့်
ရှောင်ကျိရော ရှောင်ဖန်းရောပါ အကြည့်တို့က ပိုင်းလော့ကျင်းထံရောက်သွားကျသည်
"ဦးရီးတော်"
ရှောင်ဖန်းက အသံနှင့်အတူ ဂါဝရပြုလိုက်သည်
ရှောင်ကျိ
ဦးရီးတော်
ဦးရီးတော်တဲ့လား....ဒါ...ဒါဆို....
ရှောင်ကျိ သေချင်စိတ်ပင်ပေါက်သွားရသည်
ခက်ကအခု ဘုရင့်တူတော်ဘဝရောက်သည်တဲ့လား
သူ့ဘဝတော့ ရှေေ့လျှာက်ကောင်းနိုင်ပါဦးတော့မလား
ပိုင်းလော့ကျင်းကတော့ အကြည့်တို့ကို ရှောင်ကျိစီပို့ထားရင်းနှင့်ပင်
"အင်း...ဖန်းအာ
ဒီဦးရီးတော်ကို သတိတော့ရသေးသားပဲ"
ပိုင်းလော့ကျင်း ရွဲ ့ပြောနေမှန်း.ရှောင်ဖန်းသိသောကြောင့်
"အာ...ဦးရီးတော်ကလည်း "
ရှောင်ဖန်း မျက်နှာခိျုသွေးရင်း ပြောနေပေမယ့်
ပိုင်းလော့ကျင်းအကြည့်တို့က ရှောင်ကျိစီကမခွာ
ရှောင်ကျိမှာလည်း အတွေးပင်လယ်ထဲနစ်မြုပ်လျက်
အခြေအားသတိထားမိပုံမပေါ်ပေ
"ဦးရီးတော်"
ရှောင်ဖန်း အသံကိုမသိမသာလေး မြင့်ခေါ်လိုက်မှ
သတိပြန်ဝင်လာသော ပိုင်းလော့ကျင်းရယ်ပါ
"သြော်...အင်း
ဘာတွေဖြစ်နေကျတာလဲ လက်ထဲကဓားကြီးနဲ့"
ပိုင်းလော့ကျင်း ရှောင်ဖန်းလက်ထဲက ဓားကိုမေးငေါ့ကာမေးလိုက်တော့
"အာ...ဒီနေရာက လူစိမ်းအဝင်မခံတော့
စာအုပ်သူခိုးမှတ်လို့."
ပိုင်းလော့ကျင်း ပြုံးမိသွားကာ ရှောင်ကျိအား ကြည့်မိပြန်တော့ ဘာတွေတွေးနေမှန်းမသိ
ကြောက်ရုပ်လေးအတိုင်းရပ်နေရင်း ကြမ်းပြင်ကိုကြည့်နေသည်
"အဟမ်း....သူက ကိုယ်လုပ်တော်ချန်လေ
လူစိမ်းမဟုတ်ဘူး"
ခပ်ကျယ်ကျယ်လေး ချောင်းဟန့်ကာ ပြောလိုက်တော့မှ
ရှောင်ကျိအသိပြန်ဝင်လာပြီး အကြည့်တို့က ပိုင်းလော့ကျင်းစီရောက်လာသည်
ရှောင်ကျိမျက်လုံးတွေက ပိုင်းလော့ကျင်းစီကနေ ရှောင်ဖန်းစီ ရွေ့သွားမိတော့
နားလည်ရခက်သည့် အကြည်ေ့တွနှင့်ကြည့်နေသည်
ရှောင်ကျိ အံတစ်လျက်ကြိတ်မိရင်း
"ကျနော် ရှစ်စွမ်းတို့စီ ခဏသွားဦးမယ်"
ရှောင်ကျိ ဒီနေရာတွက်မနေလိုတော့
အမြန် ်ပင်အပြင်ရောက်ချင်လှပြီ
ခြေထောက်တွေကလည်း ဘယ်ကတည်းကထွက်ချင်နေသည်မသိ စကားဆုံးသည်နှင့် တံခါးဝကိုချက်ခြင်းရောက်သွားသည်
"မင်းရဲ့ရှစ်စွမ်းက ပြန်သွားပြီ"
တံခါးဖွင့်မယ့် ရှောင်ကျိလက်တို်ရပ်တန့်သွားကာ
ပိုင်းလော့ကျင်းကိုလှည့်ကြည့်မိသည်
"မနက်ကပြန်သွားတာ ရွဲ ့ဂိုဏ်းမှာပြသာနာပေါ်ပုံပဲ
ငါမင်းကိုနိုးပေးမလို့ပဲ သူ့တို့ကအလောတကြီးပြန်သွားတာ"
တကယ်တော့ ပိုင်းလော့ကျင်းလိမ်လိုက်ခြင်းရယ်ပါ
မနက်ကအစောကြီး ရွဲ့ဂိုဏ်းချုပ်တို့ရောက်လာပြီး
ရှောင်ကျိအားနုတ်ဆက်ချင်သည်ဟုပြောပေမယ့်
တမင်အတွေ့မခံပြန်စေခဲ့သည်
ဟုတ်သည်လေ သူတို့ကိုသဘောမကျပါဘူး
"သြော်...အင်းပါ"
ရှောင်ကျိထိုသို့သာပြောပြီး အပြင်ထွက်လာခဲ့သည်
အပြင်ရောက်တော့မှ အသက်ရူချောင်သွားတော့သည်
ပိုင်းလော့ကျင်း ရှောင်ကျိအား အပြင်မသွားရန်တားဖို့လက်လှမ်းလိုက်ပေမယ့်
ဟိုက အပြင်ရောက်သွားလေပြီ
စိတ်ထဲ၌လည်း မနေ့ကလိုရှာမတွေ့မှာ စိုးရိမ်နေရင်း
ပိုင်းလော့ကျင်း သက်ပြင်းချရင်း ရှောင်ဖန်းဘက်ပြန်လှည့်လာတော့ နားမလည်သလိုကြည့်နေတဲ့ရှောင်ဖန်းကြောင့်
"ဘာလဲ"
ပိုင်းလော့ကျင်း မေးငေါ့ကာမေးလိုက်တော့
ရှောင်ဖန်း ခေါင်းတွင်တွင်ရမ်းကာ
"ဘာမှမဟုတ်ပါဘူး ဘာမျမဟုတ်ပါဘူး"
ရှောင်ဖန်း
ဦးရတော် ဆေးမမှီတော့ဘူးပဲ
"ဒါက...
ဖန်းအာ...မင်းလုပ်လာပြန်ပြီလား"
ရှောင်ဖန်းလက်ထဲက ဓားကိုသေချာကြည့်ကာ
ပိုင်းလော့ကျင်း သက်ပြင်းချမိသည်
ဒီကလေး ဘယ်တော့မှရင့်ကျက်မှာလည်း
တန်ဖို့ကြီးသည်မှန်း သိသည်မို့
ရှောင်ဖန်းလုလာခြင်းမဟုတ်လျှင် ခိုးလာခြင်းသာဖြစ်ပေမည်
နိုင်ငံရေးအခြေနေတွေကြောင့် စိတ်ရူပ်နေရတဲ့ကြားထဲ
ပြသနာရှာလာပြန်ပါပြီ
ရှောင်ဖန်း ပိုင်းလော့ကျင်း အတွေးတွေကိုသိနေသည်အလား
"မဟုတ်ဘူး မဟုတ်ဘူး
ဦးရီးတော် ထင်သလိုမဟုတ်ဘူးနော်
ရှောင်ဖန်း ဒါကိုဝယ်လာတာပါ"
ပိုင်းလာ့ကျင်း မျက်မှောင်ကျုံလိုက်ရင်း
ယုံတဝက်မယုံတဝက်နှင့်ပင်
"သေချာလို့လား"
ရှောင်ဖန်း သူ့အား သူခိုးဖမ်းမျက်လုံးနှင့် ဦးရီးတော်အားကြည့်ကာ စိတ်လေလာသည်
ဦးရီးတော် နဲ့ဖွားလေးက အမွှာတွေများလားပဲ
"မသေချာစရာလား ဦးရီးတော်ကလည်း
ဦးရီးတော်ရဲ့ မွေးနေ့တော်က နီးနေပြီမလား
ဒါကမွေးနေ့လက်ဆောင် ဦးရီးတော်အတွက် ဝယ်လာတာ "
ပိုင်းလော့ကျင်း ပိုမိုမျက်မှောက်ကျုံမိရင်း
"မွေးနေ့တော်က လိုပါသေးတယ်"
ရှောင်းဖန် စိတ်ပျက်စွာ သက်ပျင်းချမိသည်
ဓားအား ဓားအိမ်ထဲပြန်ထည့်လိုက်ရင်း
"လိုလို မလိုမလိုဗျာ ဦးရီးတော်အတွက်ရှောင်ဖန်းဝယ်လာတာ
ယူထားလိုက်ပါ ဈေးကြီးတယ် သိရဲ့လား"
ပိုင်းလော့ကျင်း လူကြီးလူကျယ် လုပ်ကာပြောနေသည့်
တူတော်မောင်အား ထုချင်ပေမယ့်
မထုရက် သူ့အမတော်ရဲ့ ကိုယ်ပွားလေးလေ
"အေးပါ"
နောက်ဆုံးမျာတော့ ပိုင်းလော့ကျင်း အရူံးပေးလိုက်ပြီး
ဓားကိုလှမ်းယူလိုက်ကာ ထုတ်ကြည့်လိုက်သည်
ကြည့်လိုက်ရု့ံနဲ့ဓားကောင်းမှန်း သိသာနေသည်
"ဓားကောင်းပဲ"
ရှောင်ဖန်း ဂုဏ်ယူစွာနှင့်ပင်
"ဒါပေါ့ ဝယ်လာတာလေ
ဈေးကကြီးသေး"
ပိုင်းလော့ကျင် အမြင်ကပ်စွာနှင့်ပင်
"ဟုတ်ပါပြီ...."
.
.
.
.
.
.
.
..........................................................
ရှောင်ကျိ စိတ်ညစ်ညစ်ထွက်သာလာခဲ့သည် ဘယ်သွားရမှန်းမသိ နောက်ဆုံးတော့လည်း
အရှေ့ဘက်ဥယျာဉ်တော်ထဲသာ ရောက်သွားရင်း
သစ်ပင်တစ်ပင်ကိုမှီကာ စိတ်ဓာတ်ကျခန်းဖွင့်နေလေသည်
သို့သော် သိပ်မကြာလိုက် အိပ်စက်ခြင်းသို့ရောက်ရှိသွားလေသည်
"ကိုယ်လုပ်တော်ချန် ကိုယ်လုပ်တော်ချန်
ထပါဦး ကိုယ်လုပ်တော်ချန်"
နားထဲမကြားတစ်ချက်ကြားတစ်ချက်နှင့်
ခန္ဓာကိုယ်လူပ်နေသည်ကိုလား သိတစ်ချက်မသိတစ်ချက်
"ကိုယ်လုပ်တော်ချန် ကိုယ်လုပ်တော်ချန် "
ရှောင်ကျိမျက်လုံးတွေကို မပွင့်တပွင့်နှင့် ကြည့်လိုက်မိတော့ အားလော့
ရှောင်ကျိ မျက်လုံးတွေပွင့်လာပြီး အားလော့မှန်းသိတော့ ပြန်မှိတ်သွားသည်
"ကိုယ်လုပ်တော်ချန် အိပ်မနေနဲ့တော့
အရှင်သောင်းကျန်းနေပြီ"
"ဟင်"
ရှောင်ကျိ မျက်လုံးတွေ ချက်ခြင်းပျူးကျယ်လာကာ
"ဘာဖြစ်လို့လဲ ခုနမှတွေ့ခဲ့တာ အကောင်းကြီးပါ"
အားလော့သက်ပြင်းချလိုက်ပြီး
"ကိုယ်လုပ်တော်ချန် အရှင့်ရဲ့ ယုန်တွေကို တစ်ခုခ ုလုပ်ခဲ့သေးလား"
ရှောင်ကျိရင်ထဲ ဒိတ်ခနဲ့ဖြစ်သွားကာ
အားလော့ကိုပဲ ကြည့်နေမိသည်
"တကယ်ကြီးလုပ်ခဲ့တာလား ကိုယ်လုပ်တော်ချန်စိတ်တော့မှန်သေးရဲ့လား
အဲဒီယုန်လေးတွေက မင်းသမီးရှင်းယန်ရဲ့ယုန်လေးတွေပဲ မင်းသမီးမရှိတော့တဲ့နောက်ပိုင်း အရှင်ကမွေးထားတာ
အရှင်ကလည်း ယုန်တအားချစ်တတ်တာ
ခု ခြောက်ကောင်သေသွားလို့တဲ့ အရှင်သောင်းကျန်းနေပြီ
ရေချိုးဆောင်ထဲ ကိုယ်လုပ်တော်ချန်နောက်ဆုံးဝင်မှန်းသာသိသွားရင်တော့"
အားလော့ဆက်မပြောတော့ပဲ ရှောင်ကျိကိုသာ စိတ်ပူစွာကြည့်နေမိသည်
ကိုယ်လုပ်တေါ်ချန်က ရေချိုးဆောင်ထဲနောက်ဆုံးဝင်ခဲ့တဲ့သူပဲ
ကိုယ်လုပ်တော်ချန်ဝင်ပြိး အပျိုတော်လေးတွေလည်း
သန့်ရှင်းရေးဝင်မလုပ်ရသေးဘူး
တစ်ယောက်ယောက်ပြောလို့ အရှင်သိမှာပဲ
ကိုယ်လုပ်တော်ဆိုပြီး အရှင်ညှာမှာမဟုတ်ဘူး
ထိုစဉ် အထိန်းတောမလျဲ့ ရောက်လာပြီး
"ကိုယ်လုပ်တော်ချန် အရှင်ရှာနေပါတယ်
မြန်မြန်လေးသွားလိုက်ပါ"
ရှောင်ကျိ ထိတ်လန့်လွန်းလို့ စကားတောင်မပြောနိုင်တော့
အထိန်တော့လျဲ့နဖူးက တခုခုနဲ့ပြစ်ပေါက်ခံထားရသလို
ကွဲနေပြီး သွေးတွေကမျက်နှာပေါ်တွင်အပြည့်
မျက်နှာကလည်း ဖူးယောင်နေပြီး အဝတ်တွေကလည်းဖရိုဖရဲနှင့်
ရှောင်ကျိအတွေးထဲဝင်လာသည်မှာတော့
ဝေယံရေ မင်းတော့ ကိုယ့်သေတွင်း ကိုယ်တူးမိသွားပြီ
.
.
.
.
.
.
.
.
.
.
တူဘီ ကိုတိန်ညွန့် 😚
......................................................
(AN/ကဲကဲ ဝေယံတော့ သူ့သေတွင်းသူတူးမိသွားပြီ
အဲတော့ ကျုပ်တို့လည်း ဝမ်းနည်းခြင်းအထိန်းမှတ်တွက်ပြင်ဆင်ကျရအောင်😂
ဘာလိုလိုနဲ့ part 19တောင် ရောက်ခဲ့ပြီ
နောက်ပိုင်းဆို20 ဒီficလေးကို
အနည်းဆုံးpart 70အောက်မလျိုဖို့
ခန့်မှန်းထားပါတယ်
တဖြည်းဖြည်းနဲ့ အမြင့်ဆုံးထိ ခေါ်ဆောင်ပေးသွားပါမယ်
လိုက်ပါ စီးမျှောပေးကြပါဦးလို့.......
အချစ်များစွာဖြင့် 😚
Flower/Rain /Butterfly
(သာသာရဲ့ကလောင်နာမည်ပါ 🙃)
Коментарі