Вірші
                Всі
            
            Diary of My First Love(1)
        
        He couldn't hear the silent words of my little heart moaning...
He couldn't understand what my heartbeats' written poems meaning...
He also couldn't remember 
our ended story 
of the last summer saying...
#Moemakha_Wine
        3
            0
            464
        ငယ်ချစ်ဦးဒိုင်ယာရီ(၂)
ငယ္ခ်စ္ဦးဒိုင္ယာရီ (၂)
        
        Unicode:
မိုးတွေရွာတဲ့တစ်ညပေါ့.....
ပိုးစုန်းကြူးလေးတစ်ကောင်
ပြတင်းပေါက်နားကနေ ဖြတ်သွားတော့မှ.....
တစ်နေ့လုံး အခန်းအောင်းနေတဲ့ ကျွန်မ
အခုမှ ဝရံတာဘက်ထွက်လာပြီး အပြင်ကို
ထွက်ကြည့်မိတယ်.......
မိုးတွေကလည်းသည်းလာလိုက်တာ မပြောပါနဲ့တော့....
မိုးခလို့ သင်းပျံ့လာတဲ့ မြေသင်းနံ့လေးက
အခန်းထဲထိကို လွင့်ပျံ့နေတယ်........
တိုးဝှေ့လာတဲ့ လေပြည်လေးကလည်း
ကျွန်မရဲ့ဆံနွယ်လေးတွေကို ဆော့ကစားလို့....
ဟောဟိုကလှမ်းမြင်နေရပြီး....လေပြင်းကြောင့်
ယိမ်းနွဲ့နေတဲ့ မိုးမခပင်ကြီးကလည်း...
လူကိုကျီစယ်နေသလို......
.
.
.
ဒီလိုအချိန် တဒင်္ဂလေးက
ဟိုးတုန်းကပုံရိပ်တစ်ခုကို သတိရသွားစေတယ်.....
စိတ်လှုပ်ရှားကာစအရွယ်.....
အပျိုပေါက်လေးကျွန်မ....
အလယ်တန်းကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကိုစတင်လှုပ်ခတ်စေခဲ့သူ....
‘အချစ်ဦး’ဆိုတဲ့ တစ်စုံတစ်ယောက်ကို လွမ်းမိပါရောလား....။
မိုးရွာတဲ့နေ့တွေမှာ....ထီးမေ့လာတတ်တဲ့ကျွန်မကို
မိုးရေထဲမှာ အမြဲထီးလေးလာဆောင်းပေးတတ်တဲ့သူ......
မိုးရေစိုနေတဲ့ ကျွန်မဆံနွယ်လေးတွေကို....
တယုတယနဲ့ ပွတ်သတ်ပေးတတ်သူ.....
တစ်ခါတုန်းက ကျွန်မရဲ့သူငယ်ချင်းလေး‘_’တဲ့....။
🌧️🌧️🌧️🌧️
Zawgyi:
မိုးေတြ႐ြာတဲ့တစ္ညေပါ့.....
ပိုးစုန္းၾကဴးေလးတစ္ေကာင္
ျပတင္းေပါက္နားကေန ျဖတ္သြားေတာ့မွ.....
တစ္ေန႕လုံး အခန္းေအာင္းေနတဲ့ ကြၽန္မ
အခုမွ ဝရံတာဘက္ထြက္လာၿပီး အျပင္ကို
ထြက္ၾကည့္မိတယ္.......
မိုးေတြကလည္းသည္းလာလိုက္တာ မေျပာပါနဲ႕ေတာ့....
မိုးခလို႔ သင္းပ်ံ့လာတဲ့ ေျမသင္းနံ႕ေလးက
အခန္းထဲထိကို လြင့္ပ်ံ့ေနတယ္........
တိုးေဝွ႕လာတဲ့ ေလျပည္ေလးကလည္း
ကြၽန္မရဲ႕ဆံႏြယ္ေလးေတြကို ေဆာ့ကစားလို႔....
ေဟာဟိုကလွမ္းျမင္ေနရၿပီး....ေလျပင္းေၾကာင့္
ယိမ္းႏြဲ႕ေနတဲ့ မိုးမခပင္ႀကီးကလည္း...
လူကိုက်ီစယ္ေနသလို......
.
.
.
ဒီလိုအခ်ိန္ တဒဂၤေလးက
ဟိုးတုန္းကပုံရိပ္တစ္ခုကို သတိရသြားေစတယ္.....
စိတ္လႈပ္ရွားကာစအ႐ြယ္.....
အပ်ိဳေပါက္ေလးကြၽန္မ....
အလယ္တန္းေက်ာင္းသူေကာင္မေလးတစ္ေယာက္ရဲ႕ ႏွလုံးသားကိုစတင္လႈပ္ခတ္ေစခဲ့သူ....
‘အခ်စ္ဦး’ဆိုတဲ့ တစ္စုံတစ္ေယာက္ကို လြမ္းမိပါေရာလား....။
မိုးေတြ႐ြာတိုင္း....ထီးေမ့တတ္တဲ့ကြၽန္မကို
မိုးေရထဲမွာ အၿမဲထီးေလးလာေဆာင္းေပးတတ္တဲ့သူ......
မိုးေရစိုေနတဲ့ ကြၽန္မဆံႏြယ္ေလးေတြကို....
တယုတယနဲ႕ ပြတ္သတ္ေပးတတ္သူ.....
တစ္ခါတုန္းက ကြၽန္မရဲ႕သူငယ္ခ်င္းေလး‘_’တဲ့....။
🌧️🌧️🌧️🌧️
#Moemakha_Wine
#ငယ်ချစ်ဦးဒိုင်ယာရီ
        3
            0
            526
        ငယ်ချစ်ဦးဒိုင်ယာရီ (၁)
ငယ္ခ်စ္ဦးဒိုင္ယာရီ (၁)
        
        Unicode:
🍂ရင်ခုန်သံက
     တိုးညှင်းစွာပြောနေတဲ့ စကားသံတချို့ကို 
     သူမကြားနိုင်ခဲ့ဘူး....
     နှလုံးသားက
     ရည်ညွှန်းစပ်ဆိုနေတဲ့ ကဗျာတချို့ကို
     သူနားမလည်န်ိုင်ခဲ့ဘူး....
     ပြီးဆုံးသွားတဲ့ နွေရာသီလေးက
     ပြောပြနေတဲ့ ပုံပြင်လေးကိုလည်း
     သူမမှတ်မိနိုင်တော့ပါဘူး................🍂
Zawgyi:
🍂ရင္ခုန္သံက
     တိုးညွင္းစြာေျပာေနတဲ့ စကားသံတခ်ိဳ႕ကို 
     သူမၾကားနိုင္ခဲ့ဘူး....
     ႏွလုံးသားက
     ရည္ၫႊန္းစပ္ဆိုေနတဲ့ ကဗ်ာတခ်ိဳ႕ကို
     သူနားမလည္န္ိုင္ခဲ့ဘူး....
     ၿပီးဆုံးသြားတဲ့ ေႏြရာသီေလးက
     ေျပာျပေနတဲ့ ပုံျပင္ေလးကိုလည္း
     သူမမွတ္မိနိုင္ေတာ့ပါဘူး................🍂
#Moemakha_Wine
#ငယ်ချစ်ဦးဒိုင်ယာရီ
        3
            0
            501
        