Cassia
@cherry_lwin
Warmly Welcome💙
Вірші Всі
မောင်
တစ်ရံရောအခါက ဆောင်းညတွေဆီ သတိရမိပြန်တော့ အလွမ်းပိုရပါသည်မောင်။ ဆောင်းတစ်ညရဲ့ မီးပုံပွဲမှာတွေ့ခဲ့တဲ့ကောင်လေး။ ကိုယ့်အတိတ်ရဲ့စာမျက်နှာတိုင်းမှာ မောင်ကမပါမဖြစ်။ ဒို့တွေဘာကြောင့်ဝေးခဲ့ကြတာလဲမောင်။ စာမလာသတင်းမကြား မောင်ဘာကြောင့်များထားရစ်ခဲ့သလဲ။ ပြန်ကာတွေ့တဲ့တစ်နေ့မှာတော့ မေးဖြစ်အောင် မေးရပါဦးမည်။
1
0
248
မိုး
မိုးရာသီမှာမွေးတဲ့ကိုယ်က မိုးရာသီကိုလည်းချစ်တယ်။ မင်းနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ရာသီကိုး။ မိုးတွေရွာနေတဲ့ဘောလုံးပွဲမှာ မင်းအင်္ကျီလေးခြုံ ပြီး မင်းကိုအားပေးခဲ့တာဒီတစ်သက်မေ့မရတော့ဘူးအချစ်ဦးရေ။ အခုတော့လည်း ကိုယ့်လမ်းကိုယ်လျှောက် အခြေအနေတွေတစ်မျိုးပြောင်းခဲ့ပြီ။ မိုးရေထဲမှာ မင်းလက်တွဲပြီးလျှောက်မယ့်သူဟာ ကိုယ်မဟုတ်တော့ဘူး။ ခေါင်းပေါ်ကမိုးရေစက်တွေ ကြင်နာစွာသုတ်ပေးမယ့်သူဟာလည်းမင်းမဟုတ်တော့ဘူး။ မိုးစက်လေးတွေကျလာတာနဲ့ မင်းနေကောင်းရဲ့လားတွေးမိတဲ့အထိ မင်းဟာကိုယ့်ရင်ထဲမှာနေရာယူခဲ့ပါတယ်။ မိုးရာသီမှာတွေ့ဆုံခွင့်ရခဲ့တဲ့မောင့်ကို သိပ်ချစ်ခဲ့ပါတယ်။ ~ChelLayMaung~
2
0
350
Cafe
Babeဖျော်တဲ့ကော်ဖီလေးမှ သောက်ချင်ပါတယ်တဲ့။ ဒီဘဝမှာဒီလိုစကားမျိုး နောက်ထပ်မကြားနိုင်တော့ဘူး။ ဘာလို့ဆို တစ်ခြားသူဖျော်တဲ့ကော်ဖီကို သူကြိုက်နေတတ်ခဲ့ပြီလေ။ မတော်တဆ....မတော်တဆပေါ့နော်။ အဖြူ ရောင်ပေါ်မှာ အပြာရောင်အသဲပုံလေးတွေ ဆေးခြယ်ထားတဲ့ ကော်ဖီခွက်လေးတွေမြင်တိုင်း၊ Oceanကကော်ဖီစေ့လေးတွေ သွားဝယ်တိုင်း၊ မင်းအတွက်ပြင်ဆင်ပေးတတ်တဲ့ လွန်ခဲ့တဲ့မနက်ခင်းတွေက ကော်ဖီတစ်ခွက်ရဲ့လက်ရာပိုင်ရှင်လေးကို မင်းသတိရပေးမယ်မလား။ ChelLayMaung
0
0
439