Part 1
Unicode...
2010s...
//ဒိုင်း....ဒိုင်း...ဖြောင်း...ဖြောင်း...
လမ်းမထက် လူများအားလုံးပြေးလွှားနေကြသည်။ အသက်အရွယ်ကျားမ မရွေး ကိုယ့်အသတ်ကိုလုကာ ပြေးရသည်။ ကလေးငယ်ကိုခါးတစ်ခွင်၍ပြေးရသောမိခင်လည်းပါသည်။ အမေအိုကိုတွဲကာ သူများနည်းတူမပြေးနိုင်သော သားလည်းပါသည်။ မောင်နှမသားချင်းလက်ချိတ်၍ မီးကုန်ယမ်းကုန်ပြေးကြသော ကလေးငယ်များလည်းပါသည်။ လက်ချင်းပြုတ်ကာ ကျန်ခဲ့သောကလေးငယ်များ အော်ဟစ်ငိုယိုနေကြသည်။
အားး...ကယ်ကြပါဦး...အမလေး....
တောင်းပန်ပါတယ်ရှင် ကျွန်မတို့အသက်ကို ချမ်းသာပေးပါရှင်...
ဘကြီးတောင်းပန်ပါတယ်ကွယ်...ဘကြီးမှာ လူမမယ်မြေးလေးရှိသေးတယ်...
ကျွန်တော့မိန်းမကို လွှတ်ပေးပါဗျာ...ကိုယ်ဝန်အရင့်အမာကြီးနဲ့မို့ပါ...တောင်းပန်ပါတယ်...
ကယ်ကြပါဦး...ကူညီကြပါဦးဗျာ...//
ကျော်စွာမင်း အိပ်မက်မှ လန့်နိုးလာခဲ့သည်။ တစ်ကိုယ်လုံးလည်း ချွေးများစိုရွှဲနေသည်။ အိပ်မက်ဆိုးဆိုသည်ကတော့ မက်တတ်ပေမဲ့ ဒီတခါ တစ်မျိုးကြီးဖြစ်နေသည်။ ဘယ်လိုအိပ်မက်ဆိုးမျိုးလဲ....
အိပ်မပျော်တော့သည်နှင့် တစ်ညလုံး ဆိုင်ခွဲများအားလုံးမှ စာရင်းချုပ်များကို ပြန်လည်စစ်ဆေးနေလိုက်တော့သည်။
သို့သော် ထိုအသံများ... သေနတ်ပစ်ဖောက်သံ၊ လူတွေရဲ့တောင်းပန်တိုးလျှိုးသံ၊ အော်ဟစ်ငိုယိုသံ၊ အကူအညီတောင်းခံသံများကို ပဲ့တင်ထပ်ကြားနေရသည်။ ကြောက်လန့်တကြားပြေးလွှားနေကြသောလူအုပ်ကြီးကလည်း မျက်လုံးထဲပေါ်ပေါ်လာသည်။ ဒီလောက်ဆိုးဝါးသော အိပ်မက်ဆိုးကို ဒီအသက်အရွယ်ထိ တစ်ခါမှ မမက်ဖူးပေ။
ကျော်စွာမင်း....
ဦးကျော်စွာမင်းဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များကြား မသိသူရှားသည်။ သူ၏ဂုဏ်ပုဒ်က ရန်ကုန်နှင့် မန္တလေးမြို့များသာမက အခြားမြို့ကြီးများတွင်ပါ ဆိုင်ခွဲပေါင်းများစွာရှိသည့် KSM grocery storeတို့၏ ပိုင်ရှင်။
အသက်နှစ်ဆယ်အရွယ်တည်းက ဖခင်၏လမ်းပြမှုနှင့် ရန်ကုန်ဆိုင်ခွဲများကိုဦးစီးလာကာ အခုအသက်သုံးဆယ်အရွယ်တွင် အခြားသောမြို့များတွင်ပါ တိုးလှစ်ဖွင့်လှစ်နိုင်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ ဖခင်က တရုတ်လူမျိုးဖြစ်သော်လည်း ကျော်စွာက ဗမာလူမျိုးမိခင်ဘက်လိုက်သည်ဆိုရမည်။
အသားအရေမှာ ခပ်ညိုညို ၊ ဒေါင်ကောင်းကောင်း၊ မျက်ခုံးမွေးထူထူနှင့် မျက်နှာပေါက်ကလည်း ဗမာရုပ်ပင်။ သူတရုတ်စပ်သည်ဆိုတာကို ကိုယ်တိုင်ပြောပြမှ သိတတ်သည်။ အသက်သုံးဆယ်ဟု မထင်နိုင်လောက်အောင် အရွယ်တင်နုပျိုနေသည်မှာလည်း ၅၁နှစ်ရှိပြီဖြစ်ပေမဲ့ သူနှင့်မောင်နှမဟု အမှတ်မှားလောက်သည်အထိ နုပျိုလွန်းသော အမေ့ကို တူခြင်းပင်။
အခုရက်ပိုင်းတွင် ကျော်စွာပို၍အလုပ်ရှုပ်နေရသည်။ အကြောင်းမှာ ရန်ကုန်တွင်နေထိုင်သောသူက မန္တလေးသို့ ပြောင်းရွှေ့အခြေချသောကြောင့်ဖြစ်သည်။ ရန်ကုန်ရုံးခွဲမှ စာရင်းချုပ်တို့ကို လက်အောက်ခံတစ်ဦးကိုလွှဲကာ သူကမန္တလေးရုံးခွဲတွင် ထိုင်မည်ဖြစ်သောကြောင့် စာရင်းဇယားများ အပြောင်းအရွှေ့များနှင့် အလုပ်ရှုပ်နေခြင်း။
ထို့အပြင် နေထိုင်မည့်အိမ်ကိုလည်း စိတ်တိုင်းကျပြင်ဆင်ရသဖြင့် ပို၍ပင်ပန်းသည်။ ကိုယ့်ဒေသမဟုတ်သဖြင့် အသွားအလာ အစားအသောက်ကစ အစပိုင်းအဆင်မပြေ။ ဒီကြားထဲ နမိတ်မရှိသောအိပ်မက်ဆိုးက မက်လိုက်သေးသည်တဲ့။
သို့သော် ကျော်စွာတစ်ချက်မှ မညည်းညူ။ သူ့တွင် အားအင်ဖြစ်စရာလူသားတစ်ယောက်အနားတွင်ရှိသည်မဟုတ်ပါလား။ ဟုတ်ပါသည်။ ထိုလူသားကြောင့်ပင် မန္တလေးသို့ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ထိုလူသားလေးအမည်က စွမ်းသစ်အာကာ...
စွမ်းသစ်သည်ကား မန္တလေးသားစစ်စစ်ဖြစ်သည်။ အသားအရေက ဝါကျင်ကျင်နှင့် လူကအနည်းငယ်သေးညှပ်သည်။ ပိန်ပါးသောခန္ဓာကိုယ်ကြောင့်သာ အရပ်ရှည်သည်ဟုထင်ရသည်။ ကိုယ်လုံးသာပိန်ပေမဲ့ ပါးနှစ်ဖက်က ဖောင်းဖောင်းအစ်အစ်၊ ပြုံးလိုက်လျှင် ပေါ်လာသော ပါးချိုင့်နှစ်ခုက စွမ်းသစ်၏အားသာချက်။
ငယ်စဥ်တည်းက မိဘများကွဲကွာခဲ့သဖြင့် မိခင်၏လျစ်လျူရှုမှု၊ ဖခင်၏ငွေကြေးသာထောက်ပံ့မှုတို့ဖြင့် ဦးလေးဖြစ်သူနှင့်အတူ နေထိုင်ကြီးပြင်းခဲ့ရသည်။
အဝေးသင်ဖြင့်ဘွဲ့ရပြီးသည့်အချိန်တွင် သူ့ကိုအမြင်မကြည်သောဦးလေးမိသားစုမှခွဲထွက်ကာ ကိုယ့်အားကိုကိုးပြီး ကော်ဖီဆိုင်တစ်ခုတွင် အလုပ်လုပ်ကာ အိမ်ငှားနေသည်။ စွမ်းသစ်၏ကြိုးစားမှု၊ တာဝန်ကျေပြွန်မှုနှင့် သစ္စာရှိမှုတို့ကြောင့် အခုဆိုလျှင် ဆိုင်တာဝန်ခံတစ်ဦး ဖြစ်နေပြီ။
သူ့ထက် ငါးနှစ်ငယ်သောစွမ်းသစ်ကို ကျော်စွာ သိပ်ချစ်ပါသည်။ မြတ်နိုးတန်ဖိုးထားသည်။ သူတို့အကြောင်းကို မိဘများထံ အသိပေးပြီးဖြစ်သည်။
ခေတ်ဆန်သော မိဘများက ကန့်ကွက်မှုမရှိပါ။ အရွယ်ရောက်ပြီး သားတစ်ယောက်၏ ရွေးချယ်မှုကို စိတ်တိုင်းကျသာဖြစ်စေသည်။ စွမ်းသစ်အတွက်တော့ တစ်ဦးတည်းတစ်ကောင်ကြွက်ဖြစ်သဖြင့် မိတ်ဆက်ပေးစရာ လူကြီးမိဘရယ်မရှိ။ ထို့ကြောင့် သူတို့အချစ်ရေးက သာယာဖျောင့်ဖျူးပါသည်။ အေးအေးချမ်းချမ်းနှင့် ရိုးရိုးရှင်းရှင်းပင်။
အစပိုင်းတွင် လုပ်ငန်းရှင်များကြား ကျော်စွာ့ကို အထင်မြင်သေးမှုများ၊ စွမ်းသစ်ကိုယောကျ်ားပိုင်းလုံးဟုစွပ်စွဲသူများ ရှိခဲ့သော်လည်း သူတို့ကဂရုမစိုက်ခဲ့။ ဖြစ်လာသမျှပြသနာများကိုလည်း အေးဆေးပိုင်နိုင်စွာ ဖြေရှင်းခဲ့သည်အထိ လပ်တွဲညီခဲ့သည်။ ထို့ကြောင့် ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်သာ ဖြစ်ခဲ့သည်။ အခုဆိုလျှင် သူတို့နှစ်ယောက် လက်တွဲလာခဲ့သည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်သည်။
သူတို့နှစ်ယောက် စတင်တွေ့ဆုံမှုကလည်း ရိုးရှင်းသည်။ ကျော်စွာ မန္တလေးရုံးခွဲသို့လာစဥ်က စွမ်းသစ်တို့ကော်ဖီဆိုင်တွင် ထိုင်ကာ အလုပ်လုပ်ဖူးသည်။ ထိုစဥ်က စွမ်းသစ်မှာ စားပွဲထိုးတစ်ဦးသာ။
နေ့တိုင်း ထောင့်စွန်းခုံတွင်ထိုင်ကာ အလုပ်လာလုပ်လေ့ရှိသော ကျော်စွာ့ကို သတိထားမိကာ နောက်ရက်များတွင် သူမှာလေ့ရှိသော americanoကို အလိုက်သိယူလာပေးတတ်သည်။ ထို့ကြောင့် ကျော်စွာလည်းသူ့ကိုသတိထားမိသွားသည်။ စွမ်းသစ်၏အားသာချက်ဖြစ်သော ပါးဖောင်းဖောင်းလေးပေါ်က ပါးချိုင့်များကိုမြင်သောအခါ စွဲလမ်းသွားခဲ့ပြီး ထိုပါးချိုင့်များက ကျော်စွာ့အားနည်းချက်ဖြစ်သွားခဲ့ရသည်အထိ။
ချစ်သူဖြစ်ပြီးနောက်ပိုင်း အားသည့်အချိန်များတွင် ကျော်စွာ မန္တလေးသို့ရောက်လာပြီး စွမ်းသစ်ကိုအချိန်ပေးလေ့ရှိသည်။ ထိုအချိန်များက တစ်နှစ်လုံးမှာ သုံး လေးခါသာ။ ကျန်သည့်အချိန်များတွင် လေလှိုင်းထဲကသာ ဆက်သွယ်ဖြစ်သည်။
သို့သော် စွမ်းသစ်မငြိုငြင်ပါ။ လုပ်ငန်းရှင်တစ်ယောက်ကို ချစ်သူတော်ထားရသဖြင့် နားလည်ပေးပါသည်။ ကျော်စွာ့ဘက်ကသာ စွမ်းသစ်ကိုအားနာပြီး မရောင့်ရဲနိုင်သဖြင့် မန္တလေးသို့ပြောင်းလာခဲ့ခြင်း။
"ကိုကျော် အိမ်ကြီးက မကြီးဘူးလား တစ်ယောက်တည်းနေမှာကို"
အလုပ်အားသည့်နေ့တွင် နှစ်ထပ်တိုက်အိမ်အသစ်ဆီသို့ ချစ်သူကလေးကိုခေါ်ပြခြင်း။
"မကြီးပါဘူး စွမ်းရဲ့...
အခုတော့ တစ်ယောက်တည်းပေါ့... နောက်ကျ နှစ်ယောက်ဖြစ်လာမှာလေ မဟုတ်ဘူးလား"
ဆိုဖာပေါ်ထိုင်နေသော စွမ်းသစ်၏နှာခေါင်းလေးကို လက်မနှင့်လက်ညှိုးတို့ဖြင့် အသာဆွဲယူကာ လှုပ်ရမ်းရင်းဆိုသည်။
ထိုအခါ စွမ်းသစ်ပြုံးလိုက်တော့ သူစွဲလမ်းပါသော ပါးချိုင့်လေးက အလိုက်သင့်ပေါ်လာသည်။ ကျော်စွာ မနေနိုင်စွာ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို နမ်းရှိုက်မိသည်။
"စွမ်းကော ဆိုင်မှာအဆင်ပြေရဲ့လား...
ကို့ဆီမှာ managerလုပ်ပါလို့ ပြောထားရဲ့နဲ့ကွာ..."
စွမ်းသစ်ခေါင်းခါသည်။
"ပြောပြီးပြီပဲ ကိုကျော်ရာ...
ကိုကျော့်ကြောင့် ကျွန်တော်က မန်နေဂျာနေရာကြီး တန်းရပါတယ်ဆိုပြီး အပြောမခံချင်ဘူး...
ဆိုင်မှာက အဆင်ပြေပါတယ်... ဟိုတလောက ဝန်ထမ်းသစ်တွေခန့်လို့ သူတို့ကိုtrainပေးရသေးတယ်"
စားပွဲပေါ်မှ အအေးခွက်ကိုယူသောက်လိုက်ပြီး အလုပ်ကအကြောင်းအရာအချို့ကို ပြောပြသည်။ ကျော်စွာတစ်ယောက် စွမ်းသစ်၏ရှေ့ဝဲကျနေသော ဆံပင်တို့ကိုသပ်တင်ပေးရင်းပြုံးသည်။
ကျွန်တော့်ချစ်သူလေးက အဲလိုပါ...
ဘယ်လောက်ပြောပြော မရပါဘူး...
သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားရုန်းကန်ချင်တာ....
သူ့ရဲ့ဂုဏ်ကလေးကိုလည်း အထိခိုက်မခံချင်ဘူး...
မာနလေးကလည်း ရှိသေး...
ကျွန်တော့်ကြောင့် သူကောင်းစားလာတယ်ဆိုတာမျိုး ဘယ်တော့မှ အဖြစ်ခံလိမ့်မှာမဟုတ်ဘူးရယ်...
အဲဒါလေးတွေကြောင့် ဒီကကျော်စွာမင်းမှာ အရင်ကချစ်သူရည်းစားထားခဲ့ဖူးသော်ငြား သူမတူတဲ့ စွမ်းနဲ့ကျမှ ကြွေဆင်းခဲ့ရသည်ပေါ့...
အချစ်စစ်ဆိုသည်ကို နားလည်ခဲ့ရသည်ပေါ့...
အရင်အချိန်တွေတုန်းက ဝေးကွာနေခဲ့တာတောင် တစ်ရက်ထက်တစ်ရက် ပိုတိုးလို့ ချစ်နေရတာ...
အခုလိုများ နေ့တိုင်းတွေ့နေရရင်ဖြင့် ကျော်စွာမင်းရဲ့ စိတ်တွေ ထိန်းသိမ်းနိုင်တော့မယ်မထင်ဘူး စွမ်းကလေးရေ...
..............
"ကွဲသွားတဲ့ ဆေးပုလင်းတွေ ပြန်လဲပေးပါလား မောင်လေး"
"ဗျာ....
နေပါဦး အစ်မတို့... အစ်မတို့ဆိုင်ထဲ အလစ်သုတ်ဖို့ဝင်လာတဲ့သူကို ဖမ်းပေးတာ ကျွန်တော်လေ...အဲသကောင့်သားကိုဖမ်းရင်း မတော်တဆ တိုက်မိသွားတာလေဗျာ"
စစ်လင်းမြတ် KSM storeသို့ ဆေးလာပို့ရင်း အလစ်သုတ်သမားတစ်ယောက် ဆိုင်ထဲဝင်လာတာကြောင့် အမိအရလှမ်းဖမ်းလိုက်တော့ ကောင်တာပေါ်တွင်ချထားသော ဆေးပုလင်းသေတ္တာကို တိုက်ချမိသည်။ အထဲမှပုလင်းများအားလုံး ကွဲသွားသဖြင့် ဆိုင်ဝန်ထမ်းများမှ ပြန်လဲခိုင်းခြင်းဖြစ်သည်။
"သိပါတယ်မောင်လေး...
ဒါပေမဲ့လေ အစ်မတို့လည်း အဲလောက်တန်ဖိုးများတာကြီး ဘယ်လိုစိုက်နိုင်မလဲ..."
"ကျွန်တော်လည်း မတတ်နိုင်ဘူးလေဗျာ"
စစ်လင်းမြတ် ခေါင်းကိုတဗျင်းဗျင်းကုပ်ရင်း စိတ်မရှည်သောလေသံနှင့် ပြန်ပြောသည်။
"ကျွန်တော် တခြားနေရာတွေ ပို့စရာရှိသေးတယ် အစ်မတို့ရ"
"ခ ခဏလေးပါ မောင်လေး... မန်နေဂျာကိုခေါ်ထားတယ်"
"ဘာဖြစ်နေကြတာလဲ"
မန္တလေးဆိုင်ခွဲများကို လိုက်လံစစ်ဆေးနေသော ကျော်စွာမင်း ဆိုင်ထဲကအခြေအနေများကြောင့် ဝန်ထမ်းမိန်းကလေးတစ်ယောက်ကို မေးလိုက်သည်။
ထိုမိန်းကလေးက ဖြစ်ကြောင်းကုန်စင်ပြောပြတော့...
"ရပါတယ်...ထားလိုက်...
ဒီကညီလေးကိုတောင် ကျေးဇူးတင်ရမှာ...
အားနာလိုက်တာ ငါ့ညီ...
ကျေးဇူးလည်းတင်ပါတယ်...
ဒါတွေ လျော်ပေးစရာမလိုပါဘူး"
"ခင်ဗျားက မန်နေဂျာလား သေချာတယ်နော် နောက်မှ ကျွန်တော့် ကုမ္ပဏီကို တိုင်စာပို့တာတွေဘာတွေ"
"စိတ်ချပါ....အစ်ကိုက ပိုင်ရှင်ပါ ကျော်စွာမင်းလို့ခေါ်ပါတယ်...ဘာမှမလုပ်ပါဘူး စိတ်ချပါ"
စစ်လင်းမြတ် နားလည်သွားပြီဆိုသည့်သဘော ခေါင်းကိုတဆတ်ဆတ်ငြိမ့်ရင်း ထိုလူ့ကိုနှုတ်ဆက်ပြီး ဆိုင်ထဲမှထွက်ခဲ့လိုက်တော့သည်။
"အဆင်ပြေခဲ့ရဲ့လား"
"ပြေပါတယ်ဗျာ...သူတို့ကို ကူညီရင်းဖြစ်တာပဲလေ... တောင်းပန်တယ် အစ်ကို ကျွန်တော့ကြောင့်နဲ့ နောက်ကျတော့မှာပဲ"
ကားပေါ်သို့တက်တက်ချင်း driver seatကအစ်ကိုကလှမ်းမေးသဖြင့် ဆံပင်များကိုဖွကာ ဖြေလိုက်သည်။ ထို့နောက် ကျန်ရှိနေသော စတိုးဆိုင်နှင့် ဆေးဆိုင်များသို့ ပစ္စည်းပို့ရန် ခရီးဆက်ခဲ့တော့သည်။
တော်သေးတာပေါ့... ပိုင်ရှင်က သဘောကောင်းလို့... ဒီလူ့ကို နည်းနည်းရင်းနှီးသလိုပဲ...
တနေရာရာမှာ မြင်ဖူးတာများလား...
စစ်လင်းမြတ် ခေါင်းခြောက်စရာများတွေးနေမိသည်ကို သတိထားမိသွားပြီး ချက်ချင်းပင် အတွေးစတို့ကိုဖြတ်တောက်လိုက်သည်။
~~~~~~~~~~~~~~~~~~~~
Zawgyi...
2010s...
//ဒိုင္း....ဒိုင္း...ေျဖာင္း...ေျဖာင္း...
လမ္းမထက္ လူမ်ားအားလုံးေျပးလႊားေနၾကသည္။ အသက္အ႐ြယ္က်ားမ မေ႐ြး ကိုယ့္အသတ္ကိုလုကာ ေျပးရသည္။ ကေလးငယ္ကိုခါးတစ္ခြင္၍ေျပးရေသာမိခင္လည္းပါသည္။ အေမအိုကိုတြဲကာ သူမ်ားနည္းတူမေျပးနိုင္ေသာ သားလည္းပါသည္။ ေမာင္ႏွမသားခ်င္းလက္ခ်ိတ္၍ မီးကုန္ယမ္းကုန္ေျပးၾကေသာ ကေလးငယ္မ်ားလည္းပါသည္။ လက္ခ်င္းျပဳတ္ကာ က်န္ခဲ့ေသာကေလးငယ္မ်ား ေအာ္ဟစ္ငိုယိုေနၾကသည္။
အားး...ကယ္ၾကပါဦး...အမေလး....
ေတာင္းပန္ပါတယ္ရွင္ ကြၽန္မတို႔အသက္ကို ခ်မ္းသာေပးပါရွင္...
ဘႀကီးေတာင္းပန္ပါတယ္ကြယ္...ဘႀကီးမွာ လူမမယ္ေျမးေလးရွိေသးတယ္...
ကြၽန္ေတာ့မိန္းမကို လႊတ္ေပးပါဗ်ာ...ကိုယ္ဝန္အရင့္အမာႀကီးနဲ႕မို႔ပါ...ေတာင္းပန္ပါတယ္...
ကယ္ၾကပါဦး...ကူညီၾကပါဦးဗ်ာ...//
ေက်ာ္စြာမင္း အိပ္မက္မွ လန့္နိုးလာခဲ့သည္။ တစ္ကိုယ္လုံးလည္း ေခြၽးမ်ားစို႐ႊဲေနသည္။ အိပ္မက္ဆိုးဆိုသည္ကေတာ့ မက္တတ္ေပမဲ့ ဒီတခါ တစ္မ်ိဳးႀကီးျဖစ္ေနသည္။ ဘယ္လိုအိပ္မက္ဆိုးမ်ိဳးလဲ....
အိပ္မေပ်ာ္ေတာ့သည္ႏွင့္ တစ္ညလုံး ဆိုင္ခြဲမ်ားအားလုံးမွ စာရင္းခ်ဳပ္မ်ားကို ျပန္လည္စစ္ေဆးေနလိုက္ေတာ့သည္။
သို႔ေသာ္ ထိုအသံမ်ား... ေသနတ္ပစ္ေဖာက္သံ၊ လူေတြရဲ႕ေတာင္းပန္တိုးလွ်ိုးသံ၊ ေအာ္ဟစ္ငိုယိုသံ၊ အကူအညီေတာင္းခံသံမ်ားကို ပဲ့တင္ထပ္ၾကားေနရသည္။ ေၾကာက္လန့္တၾကားေျပးလႊားေနၾကေသာလူအုပ္ႀကီးကလည္း မ်က္လုံးထဲေပၚေပၚလာသည္။ ဒီေလာက္ဆိုးဝါးေသာ အိပ္မက္ဆိုးကို ဒီအသက္အ႐ြယ္ထိ တစ္ခါမွ မမက္ဖူးေပ။
ေက်ာ္စြာမင္း....
ဦးေက်ာ္စြာမင္းဆိုလွ်င္ စီးပြားေရးလုပ္ငန္းရွင္မ်ားၾကား မသိသူရွားသည္။ သူ၏ဂုဏ္ပုဒ္က ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားသာမက အျခားၿမိဳ႕ႀကီးမ်ားတြင္ပါ ဆိုင္ခြဲေပါင္းမ်ားစြာရွိသည့္ KSM grocery storeတို႔၏ ပိုင္ရွင္။
အသက္ႏွစ္ဆယ္အ႐ြယ္တည္းက ဖခင္၏လမ္းျပမႈႏွင့္ ရန္ကုန္ဆိုင္ခြဲမ်ားကိုဦးစီးလာကာ အခုအသက္သုံးဆယ္အ႐ြယ္တြင္ အျခားေသာၿမိဳ႕မ်ားတြင္ပါ တိုးလွစ္ဖြင့္လွစ္နိုင္ခဲ့သည္အထိ ေအာင္ျမင္ခဲ့သည္။ ဖခင္က တ႐ုတ္လူမ်ိဳးျဖစ္ေသာ္လည္း ေက်ာ္စြာက ဗမာလူမ်ိဳးမိခင္ဘက္လိုက္သည္ဆိုရမည္။
အသားအေရမွာ ခပ္ညိုညို ၊ ေဒါင္ေကာင္းေကာင္း၊ မ်က္ခုံးေမြးထူထူႏွင့္ မ်က္ႏွာေပါက္ကလည္း ဗမာ႐ုပ္ပင္။ သူတ႐ုတ္စပ္သည္ဆိုတာကို ကိုယ္တိုင္ေျပာျပမွ သိတတ္သည္။ အသက္သုံးဆယ္ဟု မထင္နိုင္ေလာက္ေအာင္ အ႐ြယ္တင္ႏုပ်ိဳေနသည္မွာလည္း ၅၁ႏွစ္ရွိၿပီျဖစ္ေပမဲ့ သူႏွင့္ေမာင္ႏွမဟု အမွတ္မွားေလာက္သည္အထိ ႏုပ်ိဳလြန္းေသာ အေမ့ကို တူျခင္းပင္။
အခုရက္ပိုင္းတြင္ ေက်ာ္စြာပို၍အလုပ္ရႈပ္ေနရသည္။ အေၾကာင္းမွာ ရန္ကုန္တြင္ေနထိုင္ေသာသူက မႏၲေလးသို႔ ေျပာင္းေ႐ႊ႕အေျခခ်ေသာေၾကာင့္ျဖစ္သည္။ ရန္ကုန္႐ုံးခြဲမွ စာရင္းခ်ဳပ္တို႔ကို လက္ေအာက္ခံတစ္ဦးကိုလႊဲကာ သူကမႏၲေလး႐ုံးခြဲတြင္ ထိုင္မည္ျဖစ္ေသာေၾကာင့္ စာရင္းဇယားမ်ား အေျပာင္းအေ႐ႊ႕မ်ားႏွင့္ အလုပ္ရႈပ္ေနျခင္း။
ထို႔အျပင္ ေနထိုင္မည့္အိမ္ကိုလည္း စိတ္တိုင္းက်ျပင္ဆင္ရသျဖင့္ ပို၍ပင္ပန္းသည္။ ကိုယ့္ေဒသမဟုတ္သျဖင့္ အသြားအလာ အစားအေသာက္ကစ အစပိုင္းအဆင္မေျပ။ ဒီၾကားထဲ နမိတ္မရွိေသာအိပ္မက္ဆိုးက မက္လိုက္ေသးသည္တဲ့။
သို႔ေသာ္ ေက်ာ္စြာတစ္ခ်က္မွ မညည္းၫူ။ သူ႕တြင္ အားအင္ျဖစ္စရာလူသားတစ္ေယာက္အနားတြင္ရွိသည္မဟုတ္ပါလား။ ဟုတ္ပါသည္။ ထိုလူသားေၾကာင့္ပင္ မႏၲေလးသို႔ေျပာင္းလာခဲ့ျခင္းျဖစ္သည္။ ထိုလူသားေလးအမည္က စြမ္းသစ္အာကာ...
စြမ္းသစ္သည္ကား မႏၲေလးသားစစ္စစ္ျဖစ္သည္။ အသားအေရက ဝါက်င္က်င္ႏွင့္ လူကအနည္းငယ္ေသးညွပ္သည္။ ပိန္ပါးေသာခႏၶာကိုယ္ေၾကာင့္သာ အရပ္ရွည္သည္ဟုထင္ရသည္။ ကိုယ္လုံးသာပိန္ေပမဲ့ ပါးႏွစ္ဖက္က ေဖာင္းေဖာင္းအစ္အစ္၊ ၿပဳံးလိုက္လွ်င္ ေပၚလာေသာ ပါးခ်ိဳင့္ႏွစ္ခုက စြမ္းသစ္၏အားသာခ်က္။
ငယ္စဥ္တည္းက မိဘမ်ားကြဲကြာခဲ့သျဖင့္ မိခင္၏လ်စ္လ်ဴရႈမႈ၊ ဖခင္၏ေငြေၾကးသာေထာက္ပံ့မႈတို႔ျဖင့္ ဦးေလးျဖစ္သူႏွင့္အတူ ေနထိုင္ႀကီးျပင္းခဲ့ရသည္။
အေဝးသင္ျဖင့္ဘြဲ႕ရၿပီးသည့္အခ်ိန္တြင္ သူ႕ကိုအျမင္မၾကည္ေသာဦးေလးမိသားစုမွခြဲထြက္ကာ ကိုယ့္အားကိုကိုးၿပီး ေကာ္ဖီဆိုင္တစ္ခုတြင္ အလုပ္လုပ္ကာ အိမ္ငွားေနသည္။ စြမ္းသစ္၏ႀကိဳးစားမႈ၊ တာဝန္ေက်ႁပြန္မႈႏွင့္ သစၥာရွိမႈတို႔ေၾကာင့္ အခုဆိုလွ်င္ ဆိုင္တာဝန္ခံတစ္ဦး ျဖစ္ေနၿပီ။
သူ႕ထက္ ငါးႏွစ္ငယ္ေသာစြမ္းသစ္ကို ေက်ာ္စြာ သိပ္ခ်စ္ပါသည္။ ျမတ္နိုးတန္ဖိုးထားသည္။ သူတို႔အေၾကာင္းကို မိဘမ်ားထံ အသိေပးၿပီးျဖစ္သည္။
ေခတ္ဆန္ေသာ မိဘမ်ားက ကန့္ကြက္မႈမရွိပါ။ အ႐ြယ္ေရာက္ၿပီး သားတစ္ေယာက္၏ ေ႐ြးခ်ယ္မႈကို စိတ္တိုင္းက်သာျဖစ္ေစသည္။ စြမ္းသစ္အတြက္ေတာ့ တစ္ဦးတည္းတစ္ေကာင္ႂကြက္ျဖစ္သျဖင့္ မိတ္ဆက္ေပးစရာ လူႀကီးမိဘရယ္မရွိ။ ထို႔ေၾကာင့္ သူတို႔အခ်စ္ေရးက သာယာေဖ်ာင့္ဖ်ဴးပါသည္။ ေအးေအးခ်မ္းခ်မ္းႏွင့္ ရိုးရိုးရွင္းရွင္းပင္။
အစပိုင္းတြင္ လုပ္ငန္းရွင္မ်ားၾကား ေက်ာ္စြာ့ကို အထင္ျမင္ေသးမႈမ်ား၊ စြမ္းသစ္ကိုေယာက်္ားပိုင္းလုံးဟုစြပ္စြဲသူမ်ား ရွိခဲ့ေသာ္လည္း သူတို႔ကဂ႐ုမစိုက္ခဲ့။ ျဖစ္လာသမွ်ျပသနာမ်ားကိုလည္း ေအးေဆးပိုင္နိုင္စြာ ေျဖရွင္းခဲ့သည္အထိ လပ္တြဲညီခဲ့သည္။ ထို႔ေၾကာင့္ ခ်ီးမြမ္းခုနစ္ရက္ ကဲ့ရဲ႕ခုနစ္ရက္သာ ျဖစ္ခဲ့သည္။ အခုဆိုလွ်င္ သူတို႔ႏွစ္ေယာက္ လက္တြဲလာခဲ့သည္မွာ သုံးႏွစ္ေက်ာ္ရွိၿပီျဖစ္သည္။
သူတို႔ႏွစ္ေယာက္ စတင္ေတြ႕ဆုံမႈကလည္း ရိုးရွင္းသည္။ ေက်ာ္စြာ မႏၲေလး႐ုံးခြဲသို႔လာစဥ္က စြမ္းသစ္တို႔ေကာ္ဖီဆိုင္တြင္ ထိုင္ကာ အလုပ္လုပ္ဖူးသည္။ ထိုစဥ္က စြမ္းသစ္မွာ စားပြဲထိုးတစ္ဦးသာ။
ေန႕တိုင္း ေထာင့္စြန္းခုံတြင္ထိုင္ကာ အလုပ္လာလုပ္ေလ့ရွိေသာ ေက်ာ္စြာ့ကို သတိထားမိကာ ေနာက္ရက္မ်ားတြင္ သူမွာေလ့ရွိေသာ americanoကို အလိုက္သိယူလာေပးတတ္သည္။ ထို႔ေၾကာင့္ ေက်ာ္စြာလည္းသူ႕ကိုသတိထားမိသြားသည္။ စြမ္းသစ္၏အားသာခ်က္ျဖစ္ေသာ ပါးေဖာင္းေဖာင္းေလးေပၚက ပါးခ်ိဳင့္မ်ားကိုျမင္ေသာအခါ စြဲလမ္းသြားခဲ့ၿပီး ထိုပါးခ်ိဳင့္မ်ားက ေက်ာ္စြာ့အားနည္းခ်က္ျဖစ္သြားခဲ့ရသည္အထိ။
ခ်စ္သူျဖစ္ၿပီးေနာက္ပိုင္း အားသည့္အခ်ိန္မ်ားတြင္ ေက်ာ္စြာ မႏၲေလးသို႔ေရာက္လာၿပီး စြမ္းသစ္ကိုအခ်ိန္ေပးေလ့ရွိသည္။ ထိုအခ်ိန္မ်ားက တစ္ႏွစ္လုံးမွာ သုံး ေလးခါသာ။ က်န္သည့္အခ်ိန္မ်ားတြင္ ေလလွိုင္းထဲကသာ ဆက္သြယ္ျဖစ္သည္။
သို႔ေသာ္ စြမ္းသစ္မၿငိဳျငင္ပါ။ လုပ္ငန္းရွင္တစ္ေယာက္ကို ခ်စ္သူေတာ္ထားရသျဖင့္ နားလည္ေပးပါသည္။ ေက်ာ္စြာ့ဘက္ကသာ စြမ္းသစ္ကိုအားနာၿပီး မေရာင့္ရဲနိုင္သျဖင့္ မႏၲေလးသို႔ေျပာင္းလာခဲ့ျခင္း။
"ကိုေက်ာ္ အိမ္ႀကီးက မႀကီးဘူးလား တစ္ေယာက္တည္းေနမွာကို"
အလုပ္အားသည့္ေန႕တြင္ ႏွစ္ထပ္တိုက္အိမ္အသစ္ဆီသို႔ ခ်စ္သူကေလးကိုေခၚျပျခင္း။
"မႀကီးပါဘူး စြမ္းရဲ႕...
အခုေတာ့ တစ္ေယာက္တည္းေပါ့... ေနာက္က် ႏွစ္ေယာက္ျဖစ္လာမွာေလ မဟုတ္ဘူးလား"
ဆိုဖာေပၚထိုင္ေနေသာ စြမ္းသစ္၏ႏွာေခါင္းေလးကို လက္မႏွင့္လက္ညွိုးတို႔ျဖင့္ အသာဆြဲယူကာ လႈပ္ရမ္းရင္းဆိုသည္။
ထိုအခါ စြမ္းသစ္ၿပဳံးလိုက္ေတာ့ သူစြဲလမ္းပါေသာ ပါးခ်ိဳင့္ေလးက အလိုက္သင့္ေပၚလာသည္။ ေက်ာ္စြာ မေနနိုင္စြာ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္ကို နမ္းရွိုက္မိသည္။
"စြမ္းေကာ ဆိုင္မွာအဆင္ေျပရဲ႕လား...
ကို႔ဆီမွာ managerလုပ္ပါလို႔ ေျပာထားရဲ႕နဲ႕ကြာ..."
စြမ္းသစ္ေခါင္းခါသည္။
"ေျပာၿပီးၿပီပဲ ကိုေက်ာ္ရာ...
ကိုေက်ာ့္ေၾကာင့္ ကြၽန္ေတာ္က မန္ေနဂ်ာေနရာႀကီး တန္းရပါတယ္ဆိုၿပီး အေျပာမခံခ်င္ဘူး...
ဆိုင္မွာက အဆင္ေျပပါတယ္... ဟိုတေလာက ဝန္ထမ္းသစ္ေတြခန့္လို႔ သူတို႔ကိုtrainေပးရေသးတယ္"
စားပြဲေပၚမွ အေအးခြက္ကိုယူေသာက္လိုက္ၿပီး အလုပ္ကအေၾကာင္းအရာအခ်ိဳ႕ကို ေျပာျပသည္။ ေက်ာ္စြာတစ္ေယာက္ စြမ္းသစ္၏ေရွ႕ဝဲက်ေနေသာ ဆံပင္တို႔ကိုသပ္တင္ေပးရင္းၿပဳံးသည္။
ကြၽန္ေတာ့္ခ်စ္သူေလးက အဲလိုပါ...
ဘယ္ေလာက္ေျပာေျပာ မရပါဘူး...
သူ႕ကိုယ္ပိုင္အရည္အခ်င္းနဲ႕ ႀကိဳးစား႐ုန္းကန္ခ်င္တာ....
သူ႕ရဲ႕ဂုဏ္ကေလးကိုလည္း အထိခိုက္မခံခ်င္ဘူး...
မာနေလးကလည္း ရွိေသး...
ကြၽန္ေတာ့္ေၾကာင့္ သူေကာင္းစားလာတယ္ဆိုတာမ်ိဳး ဘယ္ေတာ့မွ အျဖစ္ခံလိမ့္မွာမဟုတ္ဘူးရယ္...
အဲဒါေလးေတြေၾကာင့္ ဒီကေက်ာ္စြာမင္းမွာ အရင္ကခ်စ္သူရည္းစားထားခဲ့ဖူးေသာ္ျငား သူမတူတဲ့ စြမ္းနဲ႕က်မွ ေႂကြဆင္းခဲ့ရသည္ေပါ့...
အခ်စ္စစ္ဆိုသည္ကို နားလည္ခဲ့ရသည္ေပါ့...
အရင္အခ်ိန္ေတြတုန္းက ေဝးကြာေနခဲ့တာေတာင္ တစ္ရက္ထက္တစ္ရက္ ပိုတိုးလို႔ ခ်စ္ေနရတာ...
အခုလိုမ်ား ေန႕တိုင္းေတြ႕ေနရရင္ျဖင့္ ေက်ာ္စြာမင္းရဲ႕ စိတ္ေတြ ထိန္းသိမ္းနိုင္ေတာ့မယ္မထင္ဘူး စြမ္းကေလးေရ...
..............
"ကြဲသြားတဲ့ ေဆးပုလင္းေတြ ျပန္လဲေပးပါလား ေမာင္ေလး"
"ဗ်ာ....
ေနပါဦး အစ္မတို႔... အစ္မတို႔ဆိုင္ထဲ အလစ္သုတ္ဖို႔ဝင္လာတဲ့သူကို ဖမ္းေပးတာ ကြၽန္ေတာ္ေလ...အဲသေကာင့္သားကိုဖမ္းရင္း မေတာ္တဆ တိုက္မိသြားတာေလဗ်ာ"
စစ္လင္းျမတ္ KSM storeသို႔ ေဆးလာပို႔ရင္း အလစ္သုတ္သမားတစ္ေယာက္ ဆိုင္ထဲဝင္လာတာေၾကာင့္ အမိအရလွမ္းဖမ္းလိုက္ေတာ့ ေကာင္တာေပၚတြင္ခ်ထားေသာ ေဆးပုလင္းေသတၱာကို တိုက္ခ်မိသည္။ အထဲမွပုလင္းမ်ားအားလုံး ကြဲသြားသျဖင့္ ဆိုင္ဝန္ထမ္းမ်ားမွ ျပန္လဲခိုင္းျခင္းျဖစ္သည္။
"သိပါတယ္ေမာင္ေလး...
ဒါေပမဲ့ေလ အစ္မတို႔လည္း အဲေလာက္တန္ဖိုးမ်ားတာႀကီး ဘယ္လိုစိုက္နိုင္မလဲ..."
"ကြၽန္ေတာ္လည္း မတတ္နိုင္ဘူးေလဗ်ာ"
စစ္လင္းျမတ္ ေခါင္းကိုတဗ်င္းဗ်င္းကုပ္ရင္း စိတ္မရွည္ေသာေလသံႏွင့္ ျပန္ေျပာသည္။
"ကြၽန္ေတာ္ တျခားေနရာေတြ ပို႔စရာရွိေသးတယ္ အစ္မတို႔ရ"
"ခ ခဏေလးပါ ေမာင္ေလး... မန္ေနဂ်ာကိုေခၚထားတယ္"
"ဘာျဖစ္ေနၾကတာလဲ"
မႏၲေလးဆိုင္ခြဲမ်ားကို လိုက္လံစစ္ေဆးေနေသာ ေက်ာ္စြာမင္း ဆိုင္ထဲကအေျခအေနမ်ားေၾကာင့္ ဝန္ထမ္းမိန္းကေလးတစ္ေယာက္ကို ေမးလိုက္သည္။
ထိုမိန္းကေလးက ျဖစ္ေၾကာင္းကုန္စင္ေျပာျပေတာ့...
"ရပါတယ္...ထားလိုက္...
ဒီကညီေလးကိုေတာင္ ေက်းဇူးတင္ရမွာ...
အားနာလိုက္တာ ငါ့ညီ...
ေက်းဇူးလည္းတင္ပါတယ္...
ဒါေတြ ေလ်ာ္ေပးစရာမလိုပါဘူး"
"ခင္ဗ်ားက မန္ေနဂ်ာလား ေသခ်ာတယ္ေနာ္ ေနာက္မွ ကြၽန္ေတာ့္ ကုမၸဏီကို တိုင္စာပို႔တာေတြဘာေတြ"
"စိတ္ခ်ပါ....အစ္ကိုက ပိုင္ရွင္ပါ ေက်ာ္စြာမင္းလို႔ေခၚပါတယ္...ဘာမွမလုပ္ပါဘူး စိတ္ခ်ပါ"
စစ္လင္းျမတ္ နားလည္သြားၿပီဆိုသည့္သေဘာ ေခါင္းကိုတဆတ္ဆတ္ၿငိမ့္ရင္း ထိုလူ႕ကိုႏႈတ္ဆက္ၿပီး ဆိုင္ထဲမွထြက္ခဲ့လိုက္ေတာ့သည္။
"အဆင္ေျပခဲ့ရဲ႕လား"
"ေျပပါတယ္ဗ်ာ...သူတို႔ကို ကူညီရင္းျဖစ္တာပဲေလ... ေတာင္းပန္တယ္ အစ္ကို ကြၽန္ေတာ့ေၾကာင့္နဲ႕ ေနာက္က်ေတာ့မွာပဲ"
ကားေပၚသို႔တက္တက္ခ်င္း driver seatကအစ္ကိုကလွမ္းေမးသျဖင့္ ဆံပင္မ်ားကိုဖြကာ ေျဖလိုက္သည္။ ထို႔ေနာက္ က်န္ရွိေနေသာ စတိုးဆိုင္ႏွင့္ ေဆးဆိုင္မ်ားသို႔ ပစၥည္းပို႔ရန္ ခရီးဆက္ခဲ့ေတာ့သည္။
ေတာ္ေသးတာေပါ့... ပိုင္ရွင္က သေဘာေကာင္းလို႔... ဒီလူ႕ကို နည္းနည္းရင္းႏွီးသလိုပဲ...
တေနရာရာမွာ ျမင္ဖူးတာမ်ားလား...
စစ္လင္းျမတ္ ေခါင္းေျခာက္စရာမ်ားေတြးေနမိသည္ကို သတိထားမိသြားၿပီး ခ်က္ခ်င္းပင္ အေတြးစတို႔ကိုျဖတ္ေတာက္လိုက္သည္။

Коментарі