အမှာစာ / အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 2
Unicode...

ကျော်စွာ ဆိုင်ထဲမှcctvအချို့ကို ပြန်ကြည့်ရင်း ​နေ့လည်က​ကောင်​လေးက ​ခေါင်းထဲပြန်​ရောက်လာသည်။ သူ့ရဲ့ လက်ရဲဇက်ရဲပုံစံ​က တစ်ဖက်သားဒုက္ခ​ရောက်​နေစဥ် ကူညီ​ဖြေရှင်း​ပေးတတ်သည့်သ​ဘောမျိုး။ လက်တစ်​​လျှောက် ခပ်ညိုညိုအသားအ​ရေဖြစ်​နေသည်က ​နေ​လောင်ထားသည်ဟုထင်ရသည်။ မျက်နှာက ခပ်တင်းတင်းနှင့် သူမှန်လျှင် ဘယ်သူ့မှဂရုစိုက်မည်မဟုတ်သည့်ပုံစံ။ အရပ်ကလည်း သူ့​လောက်နီးနီးရှည်သည်။ ​ခြေတံရှည်သည်ဆိုက ပိုမှန်မည်။

​cctvများကို ကြည့်​နေရင်းမှ ​ကျော်စွာမျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။ အလစ်သုတ်သမားကို​တောင် သနားမိသည်။ ကြမ်းပြင်​ပေါ်လဲကျ​နေ​​သောလူကို အ​ပေါ်က​နေတက်ချုပ်ပြီး အားနှင့်လွှဲလွှဲ၍ ထိုးလိုက်သည်က တစ်ချက်လည်းမဟုတ် နှစ်ချက်လည်းမဟုတ်။ ဒီ​ကောင်​​လေး ​အ​တော်သန်သည်ဟုပင် မှတ်ချက်​ပေးလိုက်​သေးသည်။

ring ring....

"ဟယ်လို စွမ်း"

"ကို​ကျော် ည​​နေအိမ်မပြန်ခင် စွမ်းအိမ် အရင်ဝင်ခဲ့ဦး​နော်...
ကို​ကျော့်ဖို့ ဟင်းချက်​ပေးထားတယ်"

ချစ်ရသူ​လေး၏ အလိုက်သိတတ်မှု​ကြောင့် ​ကျော်စွာ့နှုတ်ခမ်းတို့ တွန့်​ကွေးသွားသည်။

"ဟင်းချက်တယ်ဆို​တော့ ဒီ​နေ့ ဆိုင်မသွားဘူးလား စွမ်း"

"အင်း ဟုတ်တယ်...ဟိုရက်ပိုင်းက ပင်ပန်းထားလို့ သူ​ဌေးက ခွင့်ယူချင်ယူဆိုတာနဲ့​လေ ကို​ကျော့်ကိုဟင်းချက်​ကျွေးချင်လို့ ဒီ​နေ့တစ်ရက် ခွင့်ယူထားတာ"

"​​စွမ်းရာ ပင်ပန်းထားလို့ နားတာကို ​အေး​ဆေးမနားဘူးကွာ...ကို့ကိုက ​နောက်လည်းချက်​ကျွေးရမှာပဲကို"

ဖုန်းထဲမှ စွမ်းရဲ့ရယ်သံတစ်ချို့ကို ကြားလိုက်ရသည်။

"အင်းပါ...ဆူချင်လည်း ​နောက်မှဆူ​တော့ ည​နေအိမ်ဝင်ခဲ့​နော်...ဒါပဲ ကို​ကျော် ချစ်တယ်"

"ဟုတ်ပါပြီဗျာ... ချစ်တယ် စွမ်း​လေး"

ဖုန်းချပြီးချိန်ထိ ပြုံး​နေသောကိုယ့်ကိုကိုယ်သတိထားမိ​တော့ ပို၍ပြုံးလိုက်သည်။

​ဒီလိုမျိုး​လေးဆို​တော့လည်း မန္တ​လေးကို​ပြောင်းလာတာ သိပ်မှန်သလို...
ကိုယ့်အိမ်နှင့် ကိုယ့်ချစ်သူအိမ်ကို ​နေ့ချင်းညချင်းကူးနိုင်​သောအ​ခြေအ​နေ​လေးက ​​နယ်​မြေခြား၍​နေဖူးသောချစ်သူနှစ်ဦးအတွက် အဓိပ္ပါယ်များစွာရှိသည်မဟုတ်ပါလား။

.............

"ကျွန်​တော် ​​​ခေါင်းကြည်သွား​​အောင် ကော်ဖီသွား​​​ဝယ်လိုက်ဦးမယ် အစ်ကို....
အစ်ကို့ဖို့ ယူခဲ့ရဦးမလား"

"​တော်ပြီ ငါ့ညီ... မင်းဘာသာပဲ ​သောက်​တော့"

​ဆေးဆိုင်တစ်ခုတွင် ပစ္စည်းများချအပြီး အတူပါလာ​သောအစ်ကိုက စာရင်းများ​စစ်​ပေး​နေတုန်း ​ထိုဆိုင်နှင့် မျက်နှာချင်းဆိုင်က ​ကော်ဖီဆိုင်တစ်ဆိုင်​တွေ့သဖြင့် ​နေ့လည်ကအဖြစ်အပျက်များ​ကြောင့် ​ခေါင်း​ဆေးရန် ​ကော်ဖီဆိုင်ဘက်ထွက်လာခဲ့သည်။

"ဘာများ သုံး​ဆောင်မလဲ ခင်ဗျ"

​​ကောင်တာ​နောက်မှ အပြုံးချိုချိုနှင့်သူ့ကိုလှမ်း​မေး​သော ထို​ကောင်​လေးနှင့် မျက်လုံးချင်းစုံမိ​တော့ ​အစတည်းက ​မူးချင်​နေ​သော​ခေါင်းကပို၍ထိုးကိုက်လာသလို။ ရင်ဘတ်မှလည်း အနည်းငယ်​အောင့်လာသလိုဖြစ်တာ​ကြောင့် သက်သာလိုသက်သာငြား လက်နှင့်ဖိထားရသည်။

"ဟို... black coffeeတစ်ခွက်"

ထို​ကောင်​လေးက သူ့ကိုထပ်၍ပြုံးပြကာ ​ကော်ဖီ​ဖျော်ရန် အ​နောက်ဘက်သို့ ထွက်သွားသည်။ စစ်လင်းမြတ် ကိုယ်တိုင် ဘာဖြစ်သွားမှန်း မသိလိုက်။ ဟိုက ပြုံးပြတာကို မျက်နှာကြီးမဲ့ပြီး ရင်ဘတ်ကိုဖိ​နေသည့်သူ့ပုံစံ​ကြောင့် ထို​ဝိတ်တာ​ကောင်​လေးကိုလည်း အားနာသွားသည်။ ပြန်ထွက်လာ​တော့ ​ကော်ဖီဘူးကို မြန်မြန်ယူကာ ပိုက်ဆံ​ကို​ကောင်တာ​ပေါ်တင်ခဲ့ပြီး ပြန်ထွက်မည်အပြု...

"ဒီမှာခင်ဗျ... အအမ်းမယူရ​သေးဘူး"

အ​နောက်ဘက်မှ ထို​ကောင်​လေးက လှမ်း​အော်တာ​ကြောင့် မယူ​တော့ဘူးဟုဆိုကာ ထိုဆိုင်ထဲမှ မြန်မြန်ထွက်ခဲ့ရသည်။ ​ဆေးဆိုင်ဘက်​ရောက်​တော့ ခုနကထိုးကိုက်​နေ​သော​ခေါင်းနှင့် ​အောင့်​နေ​သောရင်ဘတ်က သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများမဟုတ်​တော့သလို။ စစ်လင်းမြတ်သက်ပြင်းတစ်ချက်ချပြီး ​ကော်ဖီ​ကြောင့်သက်သာသွားသည်ဟုသာ သ​ဘောထားလိုက်သည်။

..............

//မင်းကို ငါ့အသက်ထက် ချစ်တယ်ဆိုတာ ယုံ​ပေး...
ကျန်တာအားလုံးကို ရင်ဆိုင်ရဲတယ်...

ကုတင်ထက်လဲ​​လျောင်း​နေ​သောလူတစ်​ယောက်၏ လက်တစ်ဖက်ကိုဆုပ်ကိုင်ကာ ​ပြောလိုက်ခြင်း...

ထိုလူက တင်းကျပ်စွာ ပြန်ဆုပ်ကိုင်လာသည်။
ထို့​နောက် မြင်ကွင်းများက ထိုလူနှင့် ​ပို၍ပို၍ ​​ဝေးကွာသွားသည်။//

တီတီ....တီတီ....တီတီ....

စစ်လင်းမြတ် မဖွင့်ချင်​သေး​သော မျက်လုံးများကို မရမကဖွင့်ပြီး နှိုးစက်ကို လှမ်းပိတ်သည်။ အိပ်ရာထက် ထထိုင်ကာ ခုန​လေးတင် မက်ခဲ့​သော အိပ်မက်အ​ကြောင်းစဥ်းစားမိသည်။ အိပ်မက်​​လေးက ရိုမန့်တစ်ဆန်လိုက်တာဟု​တောင် ​တွေးလိုက်​သေးသည်။ တစ်ခုခုကိုစွဲမက်တာဖြစ်မည်ဟူ၍ ​ကောက်ချက်ချလိုက်ပြီး မျက်နှာသစ်သွားတိုက်ရန် ​​​ရေချိုးခန်းဘက်သို့ ထွက်ခဲ့သည်။

ထို့​နောက် အလုပ်သွားရန် ယူနီ​ဖောင်းဝတ်​နေတုန်း...

"​ဟေ့​ကောင် စစ်လင်း....ငါ့မျက်နှာသစ်​ဆေးဘူး ယူသုံးပြန်ပြီ"

ဇီဇာ​ကြောင်လွန်းပါ​သော အခန်း​ဖော်...မှန်​ကြောင်​ကောင် ဟိန်းထက်...
သက်ပြင်းချလိုက်ပြီး သူ့ဘက်သို့လှည့်၍...

"ငါမ​နေ့ကလည်း ​ပြောပြီးပြီ...အဲဒါငါ့ဟာလို့...
မင်းဟာနဲ့ တံဆိပ်တူ​နေတာ​လေ"

"ငါ​ မင်းနဲ့တူ​နေလို့ကို တမင်အမှတ်အသားလုပ်ထားတာ​လေ ဒီမှာကြည့်...မင်းဒီထဲက ယူသုံးသွားတာ"

​ဆပ်ပြာဘူးတွင် heinဟူ​သော စာလုံးကို​စာရွက်နှင့်​ရေးပြီး အ​ပေါ်ကတိပ်နှင့်ပြန်ကပ်ထားသည်။

ဪ ခက်ပြီ...ဒီ​ကောင်နဲ့​တော့...
က​လေးကလားနဲ့...
စတိတ်​ကျောင်းတုန်းက ​​​ဘောပင်တူ​နေလို့ ​ကော်ရရှင်နဲ့​ရေးမှတ်ခဲ့ကြတာ​တောင် သတိရသွားတယ်...

စစ်လင်းရယ်ချင်သွားတာ​ကြောင့် ​ချောင်းတစ်ချက်ဟန့်လိုက်ပြီး...

"​​အေး​ပါကွာ...​နောက်ရက် ငါ့ဟာသုံးလိုက် ဟုတ်ပြီလား"

"ရ....ရပါတယ်...ငါက မင်းသိ​အောင် ​ပြောပြတာ...​နောက်တခါ မမှား​အောင်"

​"​အေး​အေး...ငါ​သေချာမှတ်ထားမယ်...​တောင်းပန်တယ်"

​ပြောရင်းနှင့် ​ဘေးလွယ်အိတ်ကိုလွယ်ကာ မြန်မြန်ထွက်ခဲ့သည်။ တစ်ရက်တစ်ရက် ဒီဇီဇာ​​ကြောင်​ကောင်နှင့် ​တစ်ခန်းတည်း နေရသည်မှာလည်း စိတ်ဆင်းရဲခြင်းတစ်မျိုး။ သို့​သော် တခါတ​လေ​တော့ ဟိန်းထက်က သူ့အ​ပေါ်​ကောင်းပါသည်။ အခန်း​ဖော်​ကောင်း မိတ်​ဆွေကောင်းဆိုလည်းမမှားပါ။ တစ်ခု​လေးပဲ...အဲဒီဇီဇာ​​ကြောင်ပြီး ကပ်စီးကုတ်တတ်သည့် အကျင့်...

စစ်လင်းမြတ်က မြင်းခြံဘက်မှ အလုပ်လာလုပ်သူဖြစ်သဖြင့် ​ယောကျ်ား​လေး​ဆောင်တွင် ငှား​နေခြင်းဖြစ်သည်။ မန္တ​လေးမြို့ကြီးနှင့်​တော့ မစိမ်းလှပါ။ ​ဆေးဝါးတက္ကသိုလ်စတက်တည်းက အခုနှစ်ဆယ့်သုံးနှစ်အရွယ်အထိ ကျင်လည်လာခဲ့​သော မြို့​တော်ကြီး​ပေပဲ။

..............

"ဒီ​နေ့ ပြုံးလို့ရွှင်လို့ပါလား ကိုစွမ်း...
မ​နေ့က နားရက်မှာ ​​ပျော်ခဲ့ပုံပဲ"

"ဆိုပါ​တော့...​ပျော်တယ်ဆိုတာထက် ကြည်နူးတာပါ...ချစ်တဲ့သူနဲ့ အတူတူရှိ​နေရတာဆို​​တော့"

စွမ်းသစ် အပြုံးများ​ဝေဆာလျက် ​မေးခွန်းကို တုံ့ပြန်သည်။

"ဒါနဲ့ မင်း​ကော ​ကောင်မ​​လေးနဲ့အဆင်​ပြေရဲ့လား"

ထို​​ကောင်​လေးမျက်နှာ သိသိသာသာညှိုးသွားတာ​ကြောင့် စွမ်းသစ် အားနာသွားရသည်။

"​ဆော ​ဆောရီး ​နေသက်"

"ရပါတယ် ကိုစွမ်းရာ...​ပြော​ပြလို့လည်းဖြစ်ပါတယ်...ကိစ္စအကြီးအကျယ်မဟုတ်ပါဘူး...မ​နေ့ကမှ လမ်းခွဲလိုက်ကြတာဗျ"

"စိတ်မ​ကောင်းပါဘူး ​နေသက်ရာ...မင်း အဲ​ကောင်မ​လေးကို ​တော်​တော်ချစ်တော့ အဆင်​ပြေမယ်ထင်တာ"

"မသိ​တော့ဘူး ကိုစွမ်းရာ...အ​ကြောင်းပြချက် လုံလုံ​လောက်​လောက်မရှိဘဲ သူ့ဘက်ကစ လမ်းခွဲမယ်​ပြောခဲ့တာဗျ...လက်မခံချင်ပေမဲ့ သူ​ပျော်မယ်ဆို​တော့လည်း ကိုယ်က လက်ခံရုံပဲ​ပေါ့...တစ်လ​လောက်အသည်းကွဲပြီးရင်​တော့ အဆင်​ပြေသွားမှာပါ ဟားဟား"

အဆင်​ပြေသွားမှာပါ​ပြော​ပေမဲ့ အခုထိ​တော့ နာကျင်​​နေ​သေးပုံ။ ဟုတ်ပါသည်​လေ မ​နေ့ကမှ ကိုယ်ချစ်ရသူက ကိုယ့်ကိုထားသွားတာ။ ကိုယ်ဆိုရင် ​နေရာတင်ပဲ အရုပ်ကြိုးပြတ်လဲကျသွားမှာ...

စွမ်းသစ် ထို​ကောင်​လေး၏ ဝမ်းနည်းဖွယ်အချစ်​ဇာတ်လမ်းအ​ကြောင်း စိတ်မ​ကောင်းဖြစ်မိကာ သက်ပြင်းရှည်တစ်ချက်ကိုသာ ချလိုက်သည်။

"ဒီည မင်းအသည်းကွဲ​တာကို သွားကုရ​အောင်ကွာ"

"ဟာ ကိုစွမ်း...မလုပ်ပါနဲ့...ကိုစွမ်းက ​သောက်နိုင်တာလည်းမဟုတ်ဘူး...​တော်ကြာ ကိုစွမ်းချစ်ချစ်ကြီးက ကျွန်​တော့ကိုပြသနာလာရှာ​နေဦးမယ်"

"မင်းအထင်မ​သေးနဲ့ကွ...နည်းနည်းပါးပါး​တော့ ​သောက်နိုင်ပါတယ် ​နေသက်ရာ... စိတ်ချ သူ့ခွင်ပြုချက်နဲ့ မင်းကို​ခေါ်သွားမှာမို့ အဲအတွက်မပူနဲ့"

"ပိုင်လှချည်လား တို့အစ်ကိုစွမ်းက"

နှစ်​ယောက်သား ဟက်ဟက်ပက်ပက်ရယ်​မောလိုက်ကာ တာဝန်ကိုယ်စီထမ်း​ဆောင်ရန် လူခွဲလိုက်ကြသည်။

​နေသက်ဦး​​မောင်သည် ဒီ​ကော်ဖီဆိုင်သို့ အလုပ်ဝင်သည်မှာ မကြာ​​သေး​သော်လည်း သူ့ရဲ့​ဖော်​ရွေပျူငှာမှုနှင့် စွမ်းသစ်၏သင်ပြမှုတို့ကို တသ​​ဝေမတိမ်းလိုက်နာတတ်​သော​ကြောင့် ထို​ကောင်​လေးကို စွမ်းသစ် ညီတစ်​ယောက်လို တပည့်တစ်​ယောက်လို မိတ်​ဆွေတစ်​ယောက်လို ခင်မင်ရင်းနှီးသည်။ ​နေသက်ကလည်း ကိုစွမ်းကို လူအများ​ရှေ့တွင်​ ကိုယ့်အထက်လူကြီးလို ဆက်ဆံ​ပေမဲ့ နှစ်​​ယောက်တည်းရှိချိန်များတွင်​တော့ အစ်ကိုတစ်​ယောက်လို ရင်ဖွင့်စရာသူငယ်ချင်းတစ်​ယောက်လို ဆက်ဆံတတ်သည်။

မန္တ​လေးသား​ပေမဲ့ ဖြူ​ဖွေး​သောအသားအ​ရေက စွမ်းသစ်နှင့်ယှဥ်လျှင် ပို၍​ဖွေးသည်ထင်ရသည်။ အလုပ်ပန်းသည့်အခါများဆို ဖြူဖတ်ဖြူ​​​ရော်နှင့် လူမမာရုပ်ပင် ​​ပေါက်တတ်​သေးသည်။ ထို့ပြင် ခပ်​မှေး​မှေးမျက်လုံးနှင့် နှုတ်ခမ်းပါးပါးက သူ့ကိုတရုတ်က​လေးဟု ထင်မှတ်​စေသည့်အချက်များ။ သို့​သော် ​ဖြောင့်စင်း​​​ပေါ်လွင်သောနှာတံ​လေး​ကို​​တော့ ပိုင်ဆိုင်ထားသည်။

သူ ငယ်စဥ်က ​ပို​မွေးသလို​မွေးခံခဲ့ရ​သော ထို​ကောင်​လေးက သူဆယ်တန်းနှစ်တွင် မိသားစုစီးပွား​ရေး အထည်ကြီးပျက်ကာ စားဖို့​သောက်ဖို့ပင်အနိုင်နိုင်ရုန်းကန်ရသည့်အ​ခြေအ​နေသို့ ​ရောက်သွားခဲ့ရသည်။ သားကြီးဖြစ်​သော​ ​နေသက်က ဆယ်တန်း​အောင်ပြီးသည်နှင့် အ​ဝေးသင်တက်ရင်းအလုပ်လုပ်မည်​ပြော​သော်လည်း အိမ်ကသ​ဘောမတူခဲ့။ ထို့​ကြောင့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခုတက်ရင်း ရသမျှအချိန်ပိုင်းအလုပ်များကိုလုပ်ခဲ့သည်။ ဘွဲ့ရပြီးသည့်အခါ ခု​ကော်ဖီဆိုင်တွင် အချိန်ပြည့်အလုပ်ကိုဝင်လုပ်​နေခြင်းဖြစ်သည်။

တက္ကသိုလ်​တတိယနှစ်တွင် ​မေပုလဲ​နွေဆို​သော ​ကောင်မ​လေးက သူ့ဘဝထဲဝင်​ရောက်လာခဲ့သည်။ တခါမှ ချစ်သူရည်းစားမထားခဲ့ဖူး​သော ​နေသက်တစ်​ယောက် ​နွေ၏လှပ​ကျော့ရှင်းမှုနှင့် သူ့အ​ပေါ်ထား​သော ​မေတ္တာတရားတို့​အောက်တွင် ကျရှုံးခဲ့သည်။ ထိုစဥ်ကတည်းက ​​နွေနှင့်လက်တွဲခဲ့သည်မှာ သုံးနှစ်​ကျော်လို့ ​လေးနှစ်ပင်ပြည့်​တော့မည်။ ​နေသက်က ​နွေ့ကို လက်ထပ်ယူရန်အထိပါ ရည်ရွယ်ထားသည်။

သို့​သော် မ​နေ့က သူနှင့်လည်းစကားမများပါဘဲ၊ အ​ကျိုးအ​ကြောင်း ခိုင်ခိုင်မာမာမရှိပါဘဲ လမ်းခွဲခဲ့သည်။ ထိုလက်များကို သက်ဆုံးတိုင်တွဲရန် ရည်ရွယ်ခဲ့ပါ​သော်လည်း ​နွေက ​နေသက်မရှိ​လည်း ပိုလို့​တောင်​ပျော်​ပျော်ရွှင်ရွှင်​နေနိုင်သွားမှာပါ ဟူ​သော​နောက်ဆုံးနှုတ်ဆက်စကား​လေးတစ်ခွန်း​ကြောင် ရင်နင့်စွာ လက်​လျှော့ပေးခဲ့သည်။ ​နွေကိုယ်တိုင် သူ့ဘဝထဲကထွက်သွားချင်​နေသည်ကို ​နေသက် မတားချင်​တော့ပါ။ သို့​သော် ​နွေ့ကို​တော့ဖြင့် ​တော်​တော်နှင့် ​မေ့လို့ရဦးမည်မဟုတ် ဆိုသည်ကို ​နေသက်သာလျှင် ​ကောင်း​ကောင်းနားလည်လိမ့်မည်။

~~~~~~~~~~~~~~~~~~~~

Zawgyi...

ေက်ာ္စြာ ဆိုင္ထဲမွcctvအခ်ိဳ႕ကို ျပန္ၾကည့္ရင္း ​ေန႕လည္က​ေကာင္​ေလးက ​ေခါင္းထဲျပန္​ေရာက္လာသည္။ သူ႕ရဲ႕ လက္ရဲဇက္ရဲပုံစံ​က တစ္ဖက္သားဒုကၡ​ေရာက္​ေနစဥ္ ကူညီ​ေျဖရွင္း​ေပးတတ္သည့္သ​ေဘာမ်ိဳး။ လက္တစ္​​ေလွ်ာက္ ခပ္ညိုညိုအသားအ​ေရျဖစ္​ေနသည္က ​ေန​ေလာင္ထားသည္ဟုထင္ရသည္။ မ်က္ႏွာက ခပ္တင္းတင္းႏွင့္ သူမွန္လွ်င္ ဘယ္သူ႕မွဂ႐ုစိုက္မည္မဟုတ္သည့္ပုံစံ။ အရပ္ကလည္း သူ႕​ေလာက္နီးနီးရွည္သည္။ ​ေျခတံရွည္သည္ဆိုက ပိုမွန္မည္။

​cctvမ်ားကို ၾကည့္​ေနရင္းမွ ​ေက်ာ္စြာမ်က္ခုံးတစ္ဖက္ပင့္တက္သြားသည္။ အလစ္သုတ္သမားကို​ေတာင္ သနားမိသည္။ ၾကမ္းျပင္​ေပၚလဲက်​ေန​​ေသာလူကို အ​ေပၚက​ေနတက္ခ်ဳပ္ၿပီး အားႏွင့္လႊဲလႊဲ၍ ထိုးလိုက္သည္က တစ္ခ်က္လည္းမဟုတ္ ႏွစ္ခ်က္လည္းမဟုတ္။ ဒီ​ေကာင္​​ေလး ​အ​ေတာ္သန္သည္ဟုပင္ မွတ္ခ်က္​ေပးလိုက္​ေသးသည္။

ring ring....

"ဟယ္လို စြမ္း"

"ကို​ေက်ာ္ ည​​ေနအိမ္မျပန္ခင္ စြမ္းအိမ္ အရင္ဝင္ခဲ့ဦး​ေနာ္...
ကို​ေက်ာ့္ဖို႔ ဟင္းခ်က္​ေပးထားတယ္"

ခ်စ္ရသူ​ေလး၏ အလိုက္သိတတ္မႈ​ေၾကာင့္ ​ေက်ာ္စြာ့ႏႈတ္ခမ္းတို႔ တြန့္​ေကြးသြားသည္။

"ဟင္းခ်က္တယ္ဆို​ေတာ့ ဒီ​ေန႕ ဆိုင္မသြားဘူးလား စြမ္း"

"အင္း ဟုတ္တယ္...ဟိုရက္ပိုင္းက ပင္ပန္းထားလို႔ သူ​ေဌးက ခြင့္ယူခ်င္ယူဆိုတာနဲ႕​ေလ ကို​ေက်ာ့္ကိုဟင္းခ်က္​ေကြၽးခ်င္လို႔ ဒီ​ေန႕တစ္ရက္ ခြင့္ယူထားတာ"

"​​စြမ္းရာ ပင္ပန္းထားလို႔ နားတာကို ​ေအး​ေဆးမနားဘူးကြာ...ကို႔ကိုက ​ေနာက္လည္းခ်က္​ေကြၽးရမွာပဲကို"

ဖုန္းထဲမွ စြမ္းရဲ႕ရယ္သံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။

"အင္းပါ...ဆူခ်င္လည္း ​ေနာက္မွဆူ​ေတာ့ ည​ေနအိမ္ဝင္ခဲ့​ေနာ္...ဒါပဲ ကို​ေက်ာ္ ခ်စ္တယ္"

"ဟုတ္ပါၿပီဗ်ာ... ခ်စ္တယ္ စြမ္း​ေလး"

ဖုန္းခ်ၿပီးခ်ိန္ထိ ၿပဳံး​ေနေသာကိုယ့္ကိုကိုယ္သတိထားမိ​ေတာ့ ပို၍ၿပဳံးလိုက္သည္။

​ဒီလိုမ်ိဳး​ေလးဆို​ေတာ့လည္း မႏၲ​ေလးကို​ေျပာင္းလာတာ သိပ္မွန္သလို...
ကိုယ့္အိမ္ႏွင့္ ကိုယ့္ခ်စ္သူအိမ္ကို ​ေန႕ခ်င္းညခ်င္းကူးနိုင္​ေသာအ​ေျခအ​ေန​ေလးက ​​နယ္​ေျမျခား၍​ေနဖူးေသာခ်စ္သူႏွစ္ဦးအတြက္ အဓိပၸါယ္မ်ားစြာရွိသည္မဟုတ္ပါလား။

.............

"ကြၽန္​ေတာ္ ​​​ေခါင္းၾကည္သြား​​ေအာင္ ေကာ္ဖီသြား​​​ဝယ္လိုက္ဦးမယ္ အစ္ကို....
အစ္ကို႔ဖို႔ ယူခဲ့ရဦးမလား"

"​ေတာ္ၿပီ ငါ့ညီ... မင္းဘာသာပဲ ​ေသာက္​ေတာ့"

​ေဆးဆိုင္တစ္ခုတြင္ ပစၥည္းမ်ားခ်အၿပီး အတူပါလာ​ေသာအစ္ကိုက စာရင္းမ်ား​စစ္​ေပး​ေနတုန္း ​ထိုဆိုင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္က ​ေကာ္ဖီဆိုင္တစ္ဆိုင္​ေတြ႕သျဖင့္ ​ေန႕လည္ကအျဖစ္အပ်က္မ်ား​ေၾကာင့္ ​ေခါင္း​ေဆးရန္ ​ေကာ္ဖီဆိုင္ဘက္ထြက္လာခဲ့သည္။

"ဘာမ်ား သုံး​ေဆာင္မလဲ ခင္ဗ်"

​​ေကာင္တာ​ေနာက္မွ အၿပဳံးခ်ိဳခ်ိဳႏွင့္သူ႕ကိုလွမ္း​ေမး​ေသာ ထို​ေကာင္​ေလးႏွင့္ မ်က္လုံးခ်င္းစုံမိ​ေတာ့ ​အစတည္းက ​မူးခ်င္​ေန​ေသာ​ေခါင္းကပို၍ထိုးကိုက္လာသလို။ ရင္ဘတ္မွလည္း အနည္းငယ္​ေအာင့္လာသလိုျဖစ္တာ​ေၾကာင့္ သက္သာလိုသက္သာျငား လက္ႏွင့္ဖိထားရသည္။

"ဟို... black coffeeတစ္ခြက္"

ထို​ေကာင္​ေလးက သူ႕ကိုထပ္၍ၿပဳံးျပကာ ​ေကာ္ဖီ​ေဖ်ာ္ရန္ အ​ေနာက္ဘက္သို႔ ထြက္သြားသည္။ စစ္လင္းျမတ္ ကိုယ္တိုင္ ဘာျဖစ္သြားမွန္း မသိလိုက္။ ဟိုက ၿပဳံးျပတာကို မ်က္ႏွာႀကီးမဲ့ၿပီး ရင္ဘတ္ကိုဖိ​ေနသည့္သူ႕ပုံစံ​ေၾကာင့္ ထို​ဝိတ္တာ​ေကာင္​ေလးကိုလည္း အားနာသြားသည္။ ျပန္ထြက္လာ​ေတာ့ ​ေကာ္ဖီဘူးကို ျမန္ျမန္ယူကာ ပိုက္ဆံ​ကို​ေကာင္တာ​ေပၚတင္ခဲ့ၿပီး ျပန္ထြက္မည္အျပဳ...

"ဒီမွာခင္ဗ်... အအမ္းမယူရ​ေသးဘူး"

အ​ေနာက္ဘက္မွ ထို​ေကာင္​ေလးက လွမ္း​ေအာ္တာ​ေၾကာင့္ မယူ​ေတာ့ဘူးဟုဆိုကာ ထိုဆိုင္ထဲမွ ျမန္ျမန္ထြက္ခဲ့ရသည္။ ​ေဆးဆိုင္ဘက္​ေရာက္​ေတာ့ ခုနကထိုးကိုက္​ေန​ေသာ​ေခါင္းႏွင့္ ​ေအာင့္​ေန​ေသာရင္ဘတ္က သူ႕ခႏၶာကိုယ္အစိတ္အပိုင္းမ်ားမဟုတ္​ေတာ့သလို။ စစ္လင္းျမတ္သက္ျပင္းတစ္ခ်က္ခ်ၿပီး ​ေကာ္ဖီ​ေၾကာင့္သက္သာသြားသည္ဟုသာ သ​ေဘာထားလိုက္သည္။

..............

//မင္းကို ငါ့အသက္ထက္ ခ်စ္တယ္ဆိုတာ ယုံ​ေပး...
က်န္တာအားလုံးကို ရင္ဆိုင္ရဲတယ္...

ကုတင္ထက္လဲ​​ေလ်ာင္း​ေန​ေသာလူတစ္​ေယာက္၏ လက္တစ္ဖက္ကိုဆုပ္ကိုင္ကာ ​ေျပာလိုက္ျခင္း...

ထိုလူက တင္းက်ပ္စြာ ျပန္ဆုပ္ကိုင္လာသည္။
ထို႔​ေနာက္ ျမင္ကြင္းမ်ားက ထိုလူႏွင့္ ​ပို၍ပို၍ ​​ေဝးကြာသြားသည္။//

တီတီ....တီတီ....တီတီ....

စစ္လင္းျမတ္ မဖြင့္ခ်င္​ေသး​ေသာ မ်က္လုံးမ်ားကို မရမကဖြင့္ၿပီး ႏွိုးစက္ကို လွမ္းပိတ္သည္။ အိပ္ရာထက္ ထထိုင္ကာ ခုန​ေလးတင္ မက္ခဲ့​ေသာ အိပ္မက္အ​ေၾကာင္းစဥ္းစားမိသည္။ အိပ္မက္​​ေလးက ရိုမန့္တစ္ဆန္လိုက္တာဟု​ေတာင္ ​ေတြးလိုက္​ေသးသည္။ တစ္ခုခုကိုစြဲမက္တာျဖစ္မည္ဟူ၍ ​ေကာက္ခ်က္ခ်လိဳက္ၿပီး မ်က္ႏွာသစ္သြားတိုက္ရန္ ​​​ေရခ်ိဳးခန္းဘက္သို႔ ထြက္ခဲ့သည္။

ထို႔​ေနာက္ အလုပ္သြားရန္ ယူနီ​ေဖာင္းဝတ္​ေနတုန္း...

"​ေဟ့​ေကာင္ စစ္လင္း....ငါ့မ်က္ႏွာသစ္​ေဆးဘူး ယူသုံးျပန္ၿပီ"

ဇီဇာ​ေၾကာင္လြန္းပါ​ေသာ အခန္း​ေဖာ္...မွန္​ေၾကာင္​ေကာင္ ဟိန္းထက္...
သက္ျပင္းခ်လိဳက္ၿပီး သူ႕ဘက္သို႔လွည့္၍...

"ငါမ​ေန႕ကလည္း ​ေျပာၿပီးၿပီ...အဲဒါငါ့ဟာလို႔...
မင္းဟာနဲ႕ တံဆိပ္တူ​ေနတာ​ေလ"

"ငါ​ မင္းနဲ႕တူ​ေနလို႔ကို တမင္အမွတ္အသားလုပ္ထားတာ​ေလ ဒီမွာၾကည့္...မင္းဒီထဲက ယူသုံးသြားတာ"

​ဆပ္ျပာဘူးတြင္ heinဟူ​ေသာ စာလုံးကို​စာ႐ြက္ႏွင့္​ေရးၿပီး အ​ေပၚကတိပ္ႏွင့္ျပန္ကပ္ထားသည္။

ဪ ခက္ၿပီ...ဒီ​ေကာင္နဲ႕​ေတာ့...
က​ေလးကလားနဲ႕...
စတိတ္​ေက်ာင္းတုန္းက ​​​ေဘာပင္တူ​ေနလို႔ ​ေကာ္ရရွင္နဲ႕​ေရးမွတ္ခဲ့ၾကတာ​ေတာင္ သတိရသြားတယ္...

စစ္လင္းရယ္ခ်င္သြားတာ​ေၾကာင့္ ​ေခ်ာင္းတစ္ခ်က္ဟန့္လိုက္ၿပီး...

"​​ေအး​ပါကြာ...​ေနာက္ရက္ ငါ့ဟာသုံးလိုက္ ဟုတ္ၿပီလား"

"ရ....ရပါတယ္...ငါက မင္းသိ​ေအာင္ ​ေျပာျပတာ...​ေနာက္တခါ မမွား​ေအာင္"

​"​ေအး​ေအး...ငါ​ေသခ်ာမွတ္ထားမယ္...​ေတာင္းပန္တယ္"

​ေျပာရင္းႏွင့္ ​ေဘးလြယ္အိတ္ကိုလြယ္ကာ ျမန္ျမန္ထြက္ခဲ့သည္။ တစ္ရက္တစ္ရက္ ဒီဇီဇာ​​ေၾကာင္​ေကာင္ႏွင့္ ​တစ္ခန္းတည္း ေနရသည္မွာလည္း စိတ္ဆင္းရဲျခင္းတစ္မ်ိဳး။ သို႔​ေသာ္ တခါတ​ေလ​ေတာ့ ဟိန္းထက္က သူ႕အ​ေပၚ​ေကာင္းပါသည္။ အခန္း​ေဖာ္​ေကာင္း မိတ္​ေဆြေကာင္းဆိုလည္းမမွားပါ။ တစ္ခု​ေလးပဲ...အဲဒီဇီဇာ​​ေၾကာင္ၿပီး ကပ္စီးကုတ္တတ္သည့္ အက်င့္...

စစ္လင္းျမတ္က ျမင္းၿခံဘက္မွ အလုပ္လာလုပ္သူျဖစ္သျဖင့္ ​ေယာက်္ား​ေလး​ေဆာင္တြင္ ငွား​ေနျခင္းျဖစ္သည္။ မႏၲ​ေလးၿမိဳ႕ႀကီးႏွင့္​ေတာ့ မစိမ္းလွပါ။ ​ေဆးဝါးတကၠသိုလ္စတက္တည္းက အခုႏွစ္ဆယ့္သုံးႏွစ္အ႐ြယ္အထိ က်င္လည္လာခဲ့​ေသာ ၿမိဳ႕​ေတာ္ႀကီး​ေပပဲ။

..............

"ဒီ​ေန႕ ၿပဳံးလို႔႐ႊင္လို႔ပါလား ကိုစြမ္း...
မ​ေန႕က နားရက္မွာ ​​ေပ်ာ္ခဲ့ပုံပဲ"

"ဆိုပါ​ေတာ့...​ေပ်ာ္တယ္ဆိုတာထက္ ၾကည္ႏူးတာပါ...ခ်စ္တဲ့သူနဲ႕ အတူတူရွိ​ေနရတာဆို​​ေတာ့"

စြမ္းသစ္ အၿပဳံးမ်ား​ေဝဆာလ်က္ ​ေမးခြန္းကို တုံ႕ျပန္သည္။

"ဒါနဲ႕ မင္း​ေကာ ​ေကာင္မ​​ေလးနဲ႕အဆင္​ေျပရဲ႕လား"

ထို​​ေကာင္​ေလးမ်က္ႏွာ သိသိသာသာညွိုးသြားတာ​ေၾကာင့္ စြမ္းသစ္ အားနာသြားရသည္။

"​ေဆာ ​ေဆာရီး ​ေနသက္"

"ရပါတယ္ ကိုစြမ္းရာ...​ေျပာ​ျပလို႔လည္းျဖစ္ပါတယ္...ကိစၥအႀကီးအက်ယ္မဟုတ္ပါဘူး...မ​ေန႕ကမွ လမ္းခြဲလိုက္ၾကတာဗ်"

"စိတ္မ​ေကာင္းပါဘူး ​ေနသက္ရာ...မင္း အဲ​ေကာင္မ​ေလးကို ​ေတာ္​ေတာ္ခ်စ္ေတာ့ အဆင္​ေျပမယ္ထင္တာ"

"မသိ​ေတာ့ဘူး ကိုစြမ္းရာ...အ​ေၾကာင္းျပခ်က္ လုံလုံ​ေလာက္​ေလာက္မရွိဘဲ သူ႕ဘက္ကစ လမ္းခြဲမယ္​ေျပာခဲ့တာဗ်...လက္မခံခ်င္ေပမဲ့ သူ​ေပ်ာ္မယ္ဆို​ေတာ့လည္း ကိုယ္က လက္ခံ႐ုံပဲ​ေပါ့...တစ္လ​ေလာက္အသည္းကြဲၿပီးရင္​ေတာ့ အဆင္​ေျပသြားမွာပါ ဟားဟား"

အဆင္​ေျပသြားမွာပါ​ေျပာ​ေပမဲ့ အခုထိ​ေတာ့ နာက်င္​​ေန​ေသးပုံ။ ဟုတ္ပါသည္​ေလ မ​ေန႕ကမွ ကိုယ္ခ်စ္ရသူက ကိုယ့္ကိုထားသြားတာ။ ကိုယ္ဆိုရင္ ​ေနရာတင္ပဲ အ႐ုပ္ႀကိဳးျပတ္လဲက်သြားမွာ...

စြမ္းသစ္ ထို​ေကာင္​ေလး၏ ဝမ္းနည္းဖြယ္အခ်စ္​ဇာတ္လမ္းအ​ေၾကာင္း စိတ္မ​ေကာင္းျဖစ္မိကာ သက္ျပင္းရွည္တစ္ခ်က္ကိုသာ ခ်လိဳက္သည္။

"ဒီည မင္းအသည္းကြဲ​တာကို သြားကုရ​ေအာင္ကြာ"

"ဟာ ကိုစြမ္း...မလုပ္ပါနဲ႕...ကိုစြမ္းက ​ေသာက္နိုင္တာလည္းမဟုတ္ဘူး...​ေတာ္ၾကာ ကိုစြမ္းခ်စ္ခ်စ္ႀကီးက ကြၽန္​ေတာ့ကိုျပသနာလာရွာ​ေနဦးမယ္"

"မင္းအထင္မ​ေသးနဲ႕ကြ...နည္းနည္းပါးပါး​ေတာ့ ​ေသာက္နိုင္ပါတယ္ ​ေနသက္ရာ... စိတ္ခ် သူ႕ခြင္ျပဳခ်က္နဲ႕ မင္းကို​ေခၚသြားမွာမို႔ အဲအတြက္မပူနဲ႕"

"ပိုင္လွခ်ည္လား တို႔အစ္ကိုစြမ္းက"

ႏွစ္​ေယာက္သား ဟက္ဟက္ပက္ပက္ရယ္​ေမာလိုက္ကာ တာဝန္ကိုယ္စီထမ္း​ေဆာင္ရန္ လူခြဲလိုက္ၾကသည္။

​ေနသက္ဦး​​ေမာင္သည္ ဒီ​ေကာ္ဖီဆိုင္သို႔ အလုပ္ဝင္သည္မွာ မၾကာ​​ေသး​ေသာ္လည္း သူ႕ရဲ႕​ေဖာ္​ေ႐ြပ်ဴငွာမႈႏွင့္ စြမ္းသစ္၏သင္ျပမႈတို႔ကို တသ​​ေဝမတိမ္းလိုက္နာတတ္​ေသာ​ေၾကာင့္ ထို​ေကာင္​ေလးကို စြမ္းသစ္ ညီတစ္​ေယာက္လို တပည့္တစ္​ေယာက္လို မိတ္​ေဆြတစ္​ေယာက္လို ခင္မင္ရင္းႏွီးသည္။ ​ေနသက္ကလည္း ကိုစြမ္းကို လူအမ်ား​ေရွ႕တြင္​ ကိုယ့္အထက္လူႀကီးလို ဆက္ဆံ​ေပမဲ့ ႏွစ္​​ေယာက္တည္းရွိခ်ိန္မ်ားတြင္​ေတာ့ အစ္ကိုတစ္​ေယာက္လို ရင္ဖြင့္စရာသူငယ္ခ်င္းတစ္​ေယာက္လို ဆက္ဆံတတ္သည္။

မႏၲ​ေလးသား​ေပမဲ့ ျဖဴ​ေဖြး​ေသာအသားအ​ေရက စြမ္းသစ္ႏွင့္ယွဥ္လွ်င္ ပို၍​ေဖြးသည္ထင္ရသည္။ အလုပ္ပန္းသည့္အခါမ်ားဆို ျဖဴဖတ္ျဖဴ​​​ေရာ္ႏွင့္ လူမမာ႐ုပ္ပင္ ​​ေပါက္တတ္​ေသးသည္။ ထို႔ျပင္ ခပ္​ေမွး​ေမွးမ်က္လုံးႏွင့္ ႏႈတ္ခမ္းပါးပါးက သူ႕ကိုတ႐ုတ္က​ေလးဟု ထင္မွတ္​ေစသည့္အခ်က္မ်ား။ သို႔​ေသာ္ ​ေျဖာင့္စင္း​​​ေပၚလြင္ေသာႏွာတံ​ေလး​ကို​​ေတာ့ ပိုင္ဆိုင္ထားသည္။

သူ ငယ္စဥ္က ​ပို​ေမြးသလို​ေမြးခံခဲ့ရ​ေသာ ထို​ေကာင္​ေလးက သူဆယ္တန္းႏွစ္တြင္ မိသားစုစီးပြား​ေရး အထည္ႀကီးပ်က္ကာ စားဖို႔​ေသာက္ဖို႔ပင္အနိုင္နိုင္႐ုန္းကန္ရသည့္အ​ေျခအ​ေနသို႔ ​ေရာက္သြားခဲ့ရသည္။ သားႀကီးျဖစ္​ေသာ​ ​ေနသက္က ဆယ္တန္း​ေအာင္ၿပီးသည္ႏွင့္ အ​ေဝးသင္တက္ရင္းအလုပ္လုပ္မည္​ေျပာ​ေသာ္လည္း အိမ္ကသ​ေဘာမတူခဲ့။ ထို႔​ေၾကာင့္ ဝိဇၨာသိပၸံတကၠသိုလ္တစ္ခုတက္ရင္း ရသမွ်အခ်ိန္ပိုင္းအလုပ္မ်ားကိုလုပ္ခဲ့သည္။ ဘြဲ႕ရၿပီးသည့္အခါ ခု​ေကာ္ဖီဆိုင္တြင္ အခ်ိန္ျပည့္အလုပ္ကိုဝင္လုပ္​ေနျခင္းျဖစ္သည္။

တကၠသိုလ္​တတိယႏွစ္တြင္ ​ေမပုလဲ​ေႏြဆို​ေသာ ​ေကာင္မ​ေလးက သူ႕ဘဝထဲဝင္​ေရာက္လာခဲ့သည္။ တခါမွ ခ်စ္သူရည္းစားမထားခဲ့ဖူး​ေသာ ​ေနသက္တစ္​ေယာက္ ​ေႏြ၏လွပ​ေက်ာ့ရွင္းမႈႏွင့္ သူ႕အ​ေပၚထား​ေသာ ​ေမတၱာတရားတို႔​ေအာက္တြင္ က်ရႈံးခဲ့သည္။ ထိုစဥ္ကတည္းက ​​ေႏြႏွင့္လက္တြဲခဲ့သည္မွာ သုံးႏွစ္​ေက်ာ္လို႔ ​ေလးႏွစ္ပင္ျပည့္​ေတာ့မည္။ ​ေနသက္က ​ေႏြ႕ကို လက္ထပ္ယူရန္အထိပါ ရည္႐ြယ္ထားသည္။

သို႔​ေသာ္ မ​ေန႕က သူႏွင့္လည္းစကားမမ်ားပါဘဲ၊ အ​က်ိဳးအ​ေၾကာင္း ခိုင္ခိုင္မာမာမရွိပါဘဲ လမ္းခြဲခဲ့သည္။ ထိုလက္မ်ားကို သက္ဆုံးတိုင္တြဲရန္ ရည္႐ြယ္ခဲ့ပါ​ေသာ္လည္း ​ေႏြက ​ေနသက္မရွိ​လည္း ပိုလို႔​ေတာင္​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္​ေနနိုင္သြားမွာပါ ဟူ​ေသာ​ေနာက္ဆုံးႏႈတ္ဆက္စကား​ေလးတစ္ခြန္း​ေၾကာင္ ရင္နင့္စြာ လက္​ေလွ်ာ့ေပးခဲ့သည္။ ​ေႏြကိုယ္တိုင္ သူ႕ဘဝထဲကထြက္သြားခ်င္​ေနသည္ကို ​ေနသက္ မတားခ်င္​ေတာ့ပါ။ သို႔​ေသာ္ ​ေႏြ႕ကို​ေတာ့ျဖင့္ ​ေတာ္​ေတာ္ႏွင့္ ​ေမ့လို႔ရဦးမည္မဟုတ္ ဆိုသည္ကို ​ေနသက္သာလွ်င္ ​ေကာင္း​ေကာင္းနားလည္လိမ့္မည္။
© Zinc ,
книга «The End of a Cruel Circle».
Коментарі