Part 3
Unicode ...
မနေ့ညက ကိုစွမ်းနှင့် သွားသောက်ထားသဖြင့် ထိုအရှိန်ကြောင့် မနက် အိပ်ရာထရန် လေးဖင့်နေသည်။ အလုပ်သွားရဦးမည်ဖြစ်တာကြောင့် မရမက အားတင်းကာ ထယူရသည်။ ထို့နောက် မျက်နှာသစ်ရန်အောက်ထပ်သို့ဆင်းခဲ့သည်။
အောက်ထပ်တွင်တော့ လူစုံတက်စုံ မနက်စာစားရန် စားပွဲတွင်ဝိုင်းထိုင်နေပြီ။
"သား အိပ်ရာထနောက်ကျသွားပြီထင်တယ်...
အိပ်ပုတ်မတောင် နိုးနေပြီဆိုတော့"
"သူများကို ဘာအိပ်ပုတ်လဲ အခုကြည့် ဘယ်သူကဘိတ်ချီးတုန်း"
မနက်စာစားနေရင်း မှူးသိမ့်သူ သူ့အစ်ကိုကိုလှမ်းအော်လိုက်ခြင်း။
မျက်နှာသစ်သွားတိုက်ပြီးတော့ အသိမ့်မခေါင်းကိုတစ်ချက်ရိုက်ကာ စားပွဲဝိုင်းသို့ဝင်ထိုင်သည်။
"အငယ်မ ငါမနေ့က နင်ဖုန်းကြီးကြည့်ပြီး ပြုံးတုံးတုံးလုပ်နေတာ မြင်တယ်...ခြေရှုပ်မယ်မကြံနဲ့နော် ဆယ်တန်းပြီးအောင်အရင်လုပ်"
"ဟာ ကိုသက်...ဖေဖေတို့ရှေ့မှာကို...
တမင်ချောက်ချတာ အဲဒါ"
ပြောရင်းနှင့် ဘေးနားက နေသက်၏ပေါင်ကို တဖျန်းဖျန်းလှမ်းရိုက်သည်။
"နင့်အစ်ကိုပြောတာဟုတ်သလား အငယ်မ"
မေမေကပါ ဝင်မေးသည်။
"ဟုတ်တယ်လေ...အင်းဟုတ်ပေမဲ့ ဟာသကားကြည့်ရင်း ရယ်တာပါ...သူပြောသလို ဟုတ်ဘူး"
ဖေဖေ့ကိုသာကြောက်သောအသိမ့်မက မေမေ့ကိုမကြောက်ပေမဲ့ ဘေးတွင်ဖေဖေပါရှိနေတော့ အာခံ၍မရ။ ထို့ကြောင့် ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆင်ခြေဆင်လက်များပေးခြင်းဖြစ်သည်။
"သမီးငယ်...ဆယ်တန်းလေကွယ်...စာကြိုးစားစမ်း..ဖေဖေတို့အခြေအနေကို သမီးသိတာပဲ...နှစ်ချင်းပေါက်မအောင်ရင် နောက်တစ်နှစ်ဆက်ထားဖို့ဆိုတာ မလွယ်ဘူး သမီးရဲ့"
"ဟုတ် ဖေဖေ...သမီး သိပါတယ်"
ထို့နောက် စကားဝိုင်းက ငြိမ်ကြကာ မှူးသိမ့်ကတော့ ကော်ဖီကိုသာ ခေါင်းငုံ့သောက်နေတော့သည်။ တစ်ချက်တစ်ချက် နေသက်ကိုမျက်စောင်းထိုးကာ နင့်အလှည့်တွေ့မယ်ဟူ၍ ပါးစပ်လှုပ်ရုံပြောသည်။ နေသက် သူ့ညီမကိုကြည့်ပြီး ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
မနက်စာစားအပြီး အဝတ်အစားများလဲပြီးကြသော် ဆိုင်ကယ်ဖြင့် အသိမ့်မကိုကျောင်းသို့လိုက်ပို့ပြီး နေသက်ကော်ဖီဆိုင်သို့ ဦးတည်လိုက်သည်။
လမ်းတွင် နွေနှင့်အတူရှိစဥ်က ထိုင်ခဲ့ဖူးသော ရေခဲမုန့်ဆိုင်လေးရှေ့မှအဖြတ် လောလောလတ်လတ်အသည်းကွဲထားသည့်ဒဏ်ရာကို ဆားနှင့်ပက်လိုက်သလို...ချက်ချင်းပင် နေသက် နွေ့ကိုသတိရသွားသည်။ ဆိုင်ကယ်နောက်ကနေ ခါးလေးကိုဖက်ကာ မျက်နှာကို မိမိပုခုံးပေါ်တင်၍ လိုက်စီးတတ်သည့် ကောင်မလေးက အခုတော့ သူ့ကိုကျောခိုင်းသွားချေပြီ။ အတိတ်ကောင်းတို့ ချန်ထားရစ်ခဲ့သော်လည်း ထိုပြည့်စုံခဲ့သောအတိတ်များကပင် ပစ္စုပ္ပန်ကို လာရိုက်ခတ်သည်။ နေသက် အတွေးတို့က နွေနှင့်အတူရှိခဲ့သော အချိန်များသို့တစ်လှည့်၊ နွေမရှိတော့သည့်လက်ရှိအချိန်များကို တစ်ခါ ကူးသန်းသွားလာနေတော့သည်။
ဒိန်း...
"ဟင်...ဟေ့ ငါ့ညီရရဲ့လား"
ဆေးဆိုင်တစ်ဆိုင်တွင် ပစ္စည်းချနေရင်း ဒိန်းဆိုသောအသံနှင့် အတူပါလာသောအစ်ကို၏အော်သံကြောင့် စစ်လင်း လှမ်းကြည့်တော့ သူတို့ရပ်ထားသော ပစ္စည်းပို့သည့်ကားကို ဆိုင်ကယ်နှင့်ဝင်တိုက်ပြီး လဲကျသွားသော ကောင်လေးတစ်ယောက်။
သူကြည့်နေစဥ်မှာပင် အစ်ကိုက ထိုကောင်လေးကို ဆွဲထူပေးနေပြီ။ သူလည်း အလျင်အမြန်ပြေးသွားကာ လဲနေသောဆိုင်ကယ်ကို ဆွဲထူပြီး ဒေါက်ထောက်ထားလိုက်သည်။
"ရတယ် အစ်ကို...ကျွန်တော်အရှိန်လွန်ပြီး ဝင်တိုက်တာ"
ပွန်းသွားသော လက်များကို ပွတ်သပ်စစ်ဆေးရင်း နေသက် ပြန်ဖြေသည်။ အတွေးလွန်နေရင်း ရပ်ထားတဲ့ကားမမြင်ဘဲဝင်တိုက်တာ...သူ့အမှားပေါ့...
ရှက်ကလည်းရှက်..သွေးကလည်းပူနေသဖြင့် ဖြူဖွေးသောမျက်နှာတစ်ခုလုံးက နီရဲနေသည်။
စစ်လင်း ထိုကောင်လေးကို မြင်ဖူးသည်ဟုစိုက်ကြည့်နေရင်း ခေါင်းကထိုးကိုက်လာကာ ရင်ဘတ်ကလည်း စူးအောင့်လာပြန်သည်။
ဟင်...ဖြစ်ပြန်ပြီ...
ရင်ဘတ်ကိုလက်နှင့်ဖိရင်း ယူနီဖောင်းဝတ်စုံနှင့် ထိုကောင်လေးကို သေချာကြည့်မိတော့မှ ဟိုတခါကော်ဖီဆိုင်က ဝိတ်တာလေးမှန်း သတိရသွားသည်။
ဟိုတခါကလည်း အခုလိုပဲဆူးပြီးနာတာ...
ဘာလို့လဲ...ဒီကောင်လေးကြောင့်လား...
ဆိုင်ကယ်လက်ကိုင်ကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး တွေးနေရင်း နေသက် သူ့ဘေးနားရောက်လာသည်ကိုပင် သတိမထားမိ။
"ဟို...ကျွန်တော့ဆိုင်ကယ်လေး"
ထိုအခါမှ အသိပြန်ဝင်လာကာ...
"ဪ အေး...မင်း အဆင်ပြေရဲ့လား...ဆိုင်ကယ်ကောမောင်းနိုင်သေးလား"
"ဟုတ် ရပါတယ်"
သူ့ဆိုင်ကယ်ကိုပြန်ပေးလိုက်တော့ တုန်တုန်ရီရီနှင့် မောင်းထွက်သွားသော ထိုကောင်လေးကိုကြည့်ပြီး ဘေးကအစ်ကိုက သက်ပြင်းချသည်။
"ဘယ်လိုကောင်လဲကွာ...ရပ်ထားတဲ့ကား ဝင်တိုက်ရတယ်လို့...အရှိန်ပါတဲ့ပုံပဲကွ...တော်သေးတာပေါ့...နည်းနည်းပါးပါးပဲထိလို့...ဒါပေမဲ့ ငါတို့ မီးလုံးတစ်လုံးတော့ သွားပြီဟေ့ အိတ်စိုက်ရတော့မယ် ဟူး"
"အစ်ကို ကျွန်တော် လဲပေးလိုက်မယ် ရတယ်"
"ဖြစ်လို့လား ငါ့ညီ"
စစ်လင်း ခေါင်းသာငြိမ့်ပြလိုက်သည်။
ထိုကောင်လေး မြင်ကွင်းရှေ့မှပျောက်ကွယ်သွားသည်နှင့် စစ်လင်း၏ ဦးခေါင်းနှင့်ရင်ဘတ်တို့က သက်သာရာရသွားသည်။ သူကိုယ်တိုင်လည်းနားမလည်တော့... ထိုအကြောင်းကို တစ်ယောက်ယောက်ကိုပြောပြရင်ကောင်းမလားစဥ်းစားမိပေမဲ့ လက်တွေ့တွင်တော့ မပြောဖြစ်ခဲ့။ ပြောဖြစ်လျှင်လည်း ဂေါက်ကြောင်ကြောင်နမိတ်ကောက်မှုဟုသာ ယူဆကြပြီး ဆေးခန်းသွားခိုင်းမည်မှာ အသေအချာ။
တိုက်ဆိုင်တာနေမှာပါလေ...
ငါလည်း ဆေးခန်းပြသင့်ပြီထင်တယ်...
.............
ဆိုင်ရောက်တော့ ပွန်းပဲ့နေသော ဒဏ်ရာများကို ဆေးထည့်ရင်း အခုထိ ရင်တုန်နေဆဲ။ ကိုစွမ်းကတော့ မသေကောင်းမပျောက်ကောင်းတဲ့။ ဒီနေ့ ခွင့်ယူရန်တိုက်တွန်းပေမဲ့ များများစားစားလည်းမဖြစ် လစာအပြည့်လည်းလိုချင်တာကြောင့် ပေကပ်ကပ်နှင့်သာ။
"နေသက် အဆင်ပြေရဲ့လား ငါ့ညီ"
"ရပါတယ် နည်းနည်းလေးပါ"
"ဟိုဘက်ကရော ဘာမှတော့မပြောဘူးမလား"
"အင်း မပြောပါဘူး...သဘောကောင်းကြပါတယ်...သူတို့ကားလည်း တစ်ခုခုတော့ဖြစ်သွားမှာ သေချာတော့မသိလိုက်ဘူး... အားနာစရာပဲ ကိုစွမ်းရာ... ဖြစ်ဖြစ်ချင်း သွေးရူးသွေးတန်းဆိုတော့ သူတို့အခြေအနေကို မမေးမိလိုက်ဘူး"
"သဘောကောင်းတဲ့သူတွေဆိုတော့လည်း ကျေအေးပေးလိုက်တယ်လို့ သဘောထားလိုက်ပါ နေသက်...အခု ကိုယ့်ကိုကိုယ်သာ ဂရုစိုက်"
"ဟုတ်ကဲ့"
ကိုစွမ်းထွက်သွားတော့မှ ထိုအကြောင်းကိုပြန်စဥ်းစားမိသည်။
လုပ်လိုက်ရင် သောက်တလွဲချည်းပဲ...
အားနာစရာကောင်းလိုက်တာ...
ပြန်တွေ့ဖို့ကလည်း မဖြစ်နိုင်...
ထိုစဥ် နေသက် တစ်ခုခုကိုသတိရသွားသည်။ သူ့ဆိုင်ကယ်ကိုလက်တစ်ဖက်နှင့်ကိုင်ကာ တစ်ဖက်ကရင်ဘတ်ကိုဖိထားသည့် လူ...
ဟိုတခါ ကော်ဖီလာဝယ်ရင်း အအမ်းမယူဘဲထွက်သွားတဲ့တစ်ယောက်မလား...
အဲတုန်းကလည်း ရင်ဘတ်ကြီးဖိထားတာပဲ...
သူတို့ မျက်နှာချင်းဆိုင် ဆေးဆိုင်ကို လာဦးမယ်ထင်တယ်...
အင်းဟုတ်တယ်...အဲအခါကျမှ တောင်းပန်လိုက်တာပေါ့....
ထိုမျှသာ အစီအစဥ်ချလိုက်ပြီး မအီမသာမျက်နှာကိုပြင်ကာ အလုပ်လုပ်ရန် ဆိုင်ရှေ့သို့ထွက်လာခဲ့သည်။
.......
နေသက်မျှော်လင့်ထားသည့်အတိုင်း နောက်ရက်တွင် ဆေးလာပို့သည့်ကား မျက်နှာချင်းဆိုင် ဆေးဆိုင်ရှေ့တွင် ရပ်ထားသည်ကို လှမ်းမြင်ရသဖြင့် ကိုစွမ်းဆီက ခွင့်တောင်းပြီး ထွက်လာခဲ့သည်။
စစ်လင်းတစ်ယောက် ဆေးသေတ္တာများချနေရင်းမှ ရင်ဘတ်ကအောင့်လာပြန်တာကြောင့် ကားနောက်မြီးတွင် ခဏထိုင်နားနေတုန်း သူ့ရှေ့သို့ နေသက်ရောက်လာသည်။
wtfffff...
ငါရက်ဘတ်အောင့်တာ ဒီကောင့်ကြောင့်ဆိုတာ တကယ်ကြီးလား...
ဟင် မဟုတ်ဘူးနော်...ဘာဆိုင်တုန်း သူနဲ့...
"ဒီမှာ ခင်ဗျ"
နေသက်လှမ်းခေါ်တော့မှ ကြောင်အမ်းအမ်းနှင့်...
"အမ်...အေး"
"ဟိုမနေ့က ဆိုင်ကယ်နဲ့တိုက်မိတဲ့တစ်ယောက်ပါ မှတ်မိမယ်ထင်တယ်...အဲဒါ ခင်ဗျားတို့ကားရော တစ်ခုခုဖြစ်သွားသေးလားလို့လေ...မနေ့က ကျွန်တော်လည်း သွေးပူနေတော့ မေးဖို့မေ့သွားတာပါ"
ထိုစဥ် အစ်ကိုရောက်လာကာ...
"အေး မီးသီးတစ်လုံးကွဲသွားတယ် ညီလေး... ဒီကောင် စစ်လင်းပြန်လဲပေးထားတာ"
"ဟာ...ကျ ကျွန်တော်တောင်းပန်ပါတယ်နော်...အဲဒီမီးသီးဖိုး ပြန်ပေးပါ့မယ်...ဘယ်လောက်ကျလဲခင်ဗျ"
အစ်ကိုက ပြောတော့မည့်ပုံစံ ပါးစပ်ဟန်ပြင်နေစဥ်....
"ရပါတယ်...မလိုပါဘူး...လဲပြီးသွားပြီပဲ"
"မဟုတ်တာ...ကျွန်တော်ပေးပါရစေ"
"ကဲပါ...မပေးပါနဲ့တော့...အဲအစား ကျွန်တော့်ကို ကော်ဖီပြန်တိုက်လိုက် ဟုတ်ပြီလား"
"ဟုတ် ဒါဆို ဆိုင်ဘက်လိုက်ခဲ့ပါလားခင်ဗျ"
"အစ်ကိုမလိုက်တော့ဘူး ညီလေး...မင်းပဲလိုက်သွားလိုက်...ဒီကဟာတွေ ငါလက်စသတ်ထားလိုက်မယ်"
"ok အစ်ကို"
သို့နှင့် ကော်ဖီဆိုင်သို့ စစ်လင်းပါသွားတော့သည်။
နေသက်က ကော်ဖီခွက်ကိုချပေးပြီး စစ်လင်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
"ဟို အဆင်မပြေရင် အဖော်နေမပေးလည်း ဖြစ်ပါတယ်....တော်ကြာ ဆူခံနေရမှာစိုးလို့"
နေသက် စစ်လင်းကိုပြုံးပြလိုက်ပြီး...
"ရပါတယ်ဗျ...ကျွန်တော်ခွင့်တောင်းထားပါတယ်"
"ဪဒါနဲ့ ငါ့နာမည် စစ်လင်းမြတ်ပါ...တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ ကျွန်တော်လည်းဝမ်းသာပါတယ် ကျွန်တော့်နာမည်က လင်းသက်ဦးမောင်ပါခင်ဗျ"
"ကြည့်ရတာ ရွယ်တူလောက်ပါပဲ...ယဥ်ကျေးမနေပါနဲ့ ငါကဈေးဝယ်လည်းမဟုတ်ပါဘူးကွာ"
စစ်လင်း၏စကားကို နှစ်ယောက်သား ပြိုင်တူရယ်ဖြစ်ကြသည်။
"ကျွန်တော်က ဆိုင်မှာဆို အကျင့်ပါနေလို့ပါ"
"အေးပါကွာ...အပြင်မှာတွေ့ရင်တော့ အဲလိုမပြောဖို့ မျှော်လင့်တယ်"
စကားတပြောပြောနှင့် အတော်အတန်ပင် ရင်းနှီးမှုရသွားခဲ့ကြသည်။ ထို့နောက် တစ်ဖက်လမ်းမှ အစ်ကိုက ကိစ္စဝိစ္စပြီး၍ လက်ယက်ခေါ်သဖြင့် နေသက်ကိုနှုတ်ဆက်ကာ ကော်ဖီဆိုင်မှ ထွက်လာခဲ့သည်။
ခုနက စကားပြောနေတုန်း ရင်ဘတ်က သက်သာသွားသည်ကို စစ်လင်းသတိထားမိသည်။ အခုလည်း ဘာမှမဖြစ်သလို။
ဒါဆိုသေချာပါပြီ...သူနဲ့မဆိုင်ပါဘူး...
ငစစ်ရေ မင်းဘာတွေဘယ်လို ဆက်စပ်ပြီးများ လျှောက်တွေးလိုက်တာလဲကွာ...
စစ်လင်းတစ်ယောက် ထိုသို့တွေးမိတော့ နောက်ဆေးဆိုင်သို့ တရွေ့ရွေ့သွားနေသော ကားပေါ်တွင် ပြုံးစိစိမျက်နှာပေးဖြင့်...
~~~~~~~~~~~~~~~~~
Zawgyi...
မေန႕ညက ကိုစြမ္းႏွင့္ သြားေသာက္ထားသျဖင့္ ထိုအရွိန္ေၾကာင့္ မနက္ အိပ္ရာထရန္ ေလးဖင့္ေနသည္။ အလုပ္သြားရဦးမည္ျဖစ္တာေၾကာင့္ မရမက အားတင္းကာ ထယူရသည္။ ထို႔ေနာက္ မ်က္ႏွာသစ္ရန္ေအာက္ထပ္သို႔ဆင္းခဲ့သည္။
ေအာက္ထပ္တြင္ေတာ့ လူစုံတက္စုံ မနက္စာစားရန္ စားပြဲတြင္ဝိုင္းထိုင္ေနၿပီ။
"သား အိပ္ရာထေနာက္က်သြားၿပီထင္တယ္...
အိပ္ပုတ္မေတာင္ နိုးေနၿပီဆိုေတာ့"
"သူမ်ားကို ဘာအိပ္ပုတ္လဲ အခုၾကည့္ ဘယ္သူကဘိတ္ခ်ီးတုန္း"
မနက္စာစားေနရင္း မႉးသိမ့္သူ သူ႕အစ္ကိုကိုလွမ္းေအာ္လိုက္ျခင္း။
မ်က္ႏွာသစ္သြားတိုက္ၿပီးေတာ့ အသိမ့္မေခါင္းကိုတစ္ခ်က္ရိုက္ကာ စားပြဲဝိုင္းသို႔ဝင္ထိုင္သည္။
"အငယ္မ ငါမေန႕က နင္ဖုန္းႀကီးၾကည့္ၿပီး ၿပဳံးတုံးတုံးလုပ္ေနတာ ျမင္တယ္...ေျခရႈပ္မယ္မႀကံနဲ႕ေနာ္ ဆယ္တန္းၿပီးေအာင္အရင္လုပ္"
"ဟာ ကိုသက္...ေဖေဖတို႔ေရွ႕မွာကို...
တမင္ေခ်ာက္ခ်တာ အဲဒါ"
ေျပာရင္းႏွင့္ ေဘးနားက ေနသက္၏ေပါင္ကို တဖ်န္းဖ်န္းလွမ္းရိုက္သည္။
"နင့္အစ္ကိုေျပာတာဟုတ္သလား အငယ္မ"
ေမေမကပါ ဝင္ေမးသည္။
"ဟုတ္တယ္ေလ...အင္းဟုတ္ေပမဲ့ ဟာသကားၾကည့္ရင္း ရယ္တာပါ...သူေျပာသလို ဟုတ္ဘူး"
ေဖေဖ့ကိုသာေၾကာက္ေသာအသိမ့္မက ေမေမ့ကိုမေၾကာက္ေပမဲ့ ေဘးတြင္ေဖေဖပါရွိေနေတာ့ အာခံ၍မရ။ ထို႔ေၾကာင့္ ထစ္ထစ္ေငါ့ေငါ့ျဖင့္ ဆင္ေျခဆင္လက္မ်ားေပးျခင္းျဖစ္သည္။
"သမီးငယ္...ဆယ္တန္းေလကြယ္...စာႀကိဳးစားစမ္း..ေဖေဖတို႔အေျခအေနကို သမီးသိတာပဲ...ႏွစ္ခ်င္းေပါက္မေအာင္ရင္ ေနာက္တစ္ႏွစ္ဆက္ထားဖို႔ဆိုတာ မလြယ္ဘူး သမီးရဲ႕"
"ဟုတ္ ေဖေဖ...သမီး သိပါတယ္"
ထို႔ေနာက္ စကားဝိုင္းက ၿငိမ္ၾကကာ မႉးသိမ့္ကေတာ့ ေကာ္ဖီကိုသာ ေခါင္းငုံ႕ေသာက္ေနေတာ့သည္။ တစ္ခ်က္တစ္ခ်က္ ေနသက္ကိုမ်က္ေစာင္းထိုးကာ နင့္အလွည့္ေတြ႕မယ္ဟူ၍ ပါးစပ္လႈပ္႐ုံေျပာသည္။ ေနသက္ သူ႕ညီမကိုၾကည့္ၿပီး ရယ္ခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
မနက္စာစားအၿပီး အဝတ္အစားမ်ားလဲၿပီးၾကေသာ္ ဆိုင္ကယ္ျဖင့္ အသိမ့္မကိုေက်ာင္းသို႔လိုက္ပို႔ၿပီး ေနသက္ေကာ္ဖီဆိုင္သို႔ ဦးတည္လိုက္သည္။
လမ္းတြင္ ေႏြႏွင့္အတူရွိစဥ္က ထိုင္ခဲ့ဖူးေသာ ေရခဲမုန့္ဆိုင္ေလးေရွ႕မွအျဖတ္ ေလာေလာလတ္လတ္အသည္းကြဲထားသည့္ဒဏ္ရာကို ဆားႏွင့္ပက္လိုက္သလို...ခ်က္ခ်င္းပင္ ေနသက္ ေႏြ႕ကိုသတိရသြားသည္။ ဆိုင္ကယ္ေနာက္ကေန ခါးေလးကိုဖက္ကာ မ်က္ႏွာကို မိမိပုခုံးေပၚတင္၍ လိုက္စီးတတ္သည့္ ေကာင္မေလးက အခုေတာ့ သူ႕ကိုေက်ာခိုင္းသြားေခ်ၿပီ။ အတိတ္ေကာင္းတို႔ ခ်န္ထားရစ္ခဲ့ေသာ္လည္း ထိုျပည့္စုံခဲ့ေသာအတိတ္မ်ားကပင္ ပစၥဳပၸန္ကို လာရိုက္ခတ္သည္။ ေနသက္ အေတြးတို႔က ေႏြႏွင့္အတူရွိခဲ့ေသာ အခ်ိန္မ်ားသို႔တစ္လွည့္၊ ေႏြမရွိေတာ့သည့္လက္ရွိအခ်ိန္မ်ားကို တစ္ခါ ကူးသန္းသြားလာေနေတာ့သည္။
ဒိန္း...
"ဟင္...ေဟ့ ငါ့ညီရရဲ႕လား"
ေဆးဆိုင္တစ္ဆိုင္တြင္ ပစၥည္းခ်ေနရင္း ဒိန္းဆိုေသာအသံႏွင့္ အတူပါလာေသာအစ္ကို၏ေအာ္သံေၾကာင့္ စစ္လင္း လွမ္းၾကည့္ေတာ့ သူတို႔ရပ္ထားေသာ ပစၥည္းပို႔သည့္ကားကို ဆိုင္ကယ္ႏွင့္ဝင္တိုက္ၿပီး လဲက်သြားေသာ ေကာင္ေလးတစ္ေယာက္။
သူၾကည့္ေနစဥ္မွာပင္ အစ္ကိုက ထိုေကာင္ေလးကို ဆြဲထူေပးေနၿပီ။ သူလည္း အလ်င္အျမန္ေျပးသြားကာ လဲေနေသာဆိုင္ကယ္ကို ဆြဲထူၿပီး ေဒါက္ေထာက္ထားလိုက္သည္။
"ရတယ္ အစ္ကို...ကြၽန္ေတာ္အရွိန္လြန္ၿပီး ဝင္တိုက္တာ"
ပြန္းသြားေသာ လက္မ်ားကို ပြတ္သပ္စစ္ေဆးရင္း ေနသက္ ျပန္ေျဖသည္။ အေတြးလြန္ေနရင္း ရပ္ထားတဲ့ကားမျမင္ဘဲဝင္တိုက္တာ...သူ႕အမွားေပါ့...
ရွက္ကလည္းရွက္..ေသြးကလည္းပူေနသျဖင့္ ျဖဴေဖြးေသာမ်က္ႏွာတစ္ခုလုံးက နီရဲေနသည္။
စစ္လင္း ထိုေကာင္ေလးကို ျမင္ဖူးသည္ဟုစိုက္ၾကည့္ေနရင္း ေခါင္းကထိုးကိုက္လာကာ ရင္ဘတ္ကလည္း စူးေအာင့္လာျပန္သည္။
ဟင္...ျဖစ္ျပန္ၿပီ...
ရင္ဘတ္ကိုလက္ႏွင့္ဖိရင္း ယူနီေဖာင္းဝတ္စုံႏွင့္ ထိုေကာင္ေလးကို ေသခ်ာၾကည့္မိေတာ့မွ ဟိုတခါေကာ္ဖီဆိုင္က ဝိတ္တာေလးမွန္း သတိရသြားသည္။
ဟိုတခါကလည္း အခုလိုပဲဆူးၿပီးနာတာ...
ဘာလို႔လဲ...ဒီေကာင္ေလးေၾကာင့္လား...
ဆိုင္ကယ္လက္ကိုင္ကို လက္တစ္ဖက္ျဖင့္ကိုင္ၿပီး ေတြးေနရင္း ေနသက္ သူ႕ေဘးနားေရာက္လာသည္ကိုပင္ သတိမထားမိ။
"ဟို...ကြၽန္ေတာ့ဆိုင္ကယ္ေလး"
ထိုအခါမွ အသိျပန္ဝင္လာကာ...
"ဪ ေအး...မင္း အဆင္ေျပရဲ႕လား...ဆိုင္ကယ္ေကာေမာင္းနိုင္ေသးလား"
"ဟုတ္ ရပါတယ္"
သူ႕ဆိုင္ကယ္ကိုျပန္ေပးလိုက္ေတာ့ တုန္တုန္ရီရီႏွင့္ ေမာင္းထြက္သြားေသာ ထိုေကာင္ေလးကိုၾကည့္ၿပီး ေဘးကအစ္ကိုက သက္ျပင္းခ်သည္။
"ဘယ္လိုေကာင္လဲကြာ...ရပ္ထားတဲ့ကား ဝင္တိုက္ရတယ္လို႔...အရွိန္ပါတဲ့ပုံပဲကြ...ေတာ္ေသးတာေပါ့...နည္းနည္းပါးပါးပဲထိလို႔...ဒါေပမဲ့ ငါတို႔ မီးလုံးတစ္လုံးေတာ့ သြားၿပီေဟ့ အိတ္စိုက္ရေတာ့မယ္ ဟူး"
"အစ္ကို ကြၽန္ေတာ္ လဲေပးလိုက္မယ္ ရတယ္"
"ျဖစ္လို႔လား ငါ့ညီ"
စစ္လင္း ေခါင္းသာၿငိမ့္ျပလိုက္သည္။
ထိုေကာင္ေလး ျမင္ကြင္းေရွ႕မွေပ်ာက္ကြယ္သြားသည္ႏွင့္ စစ္လင္း၏ ဦးေခါင္းႏွင့္ရင္ဘတ္တို႔က သက္သာရာရသြားသည္။ သူကိုယ္တိုင္လည္းနားမလည္ေတာ့... ထိုအေၾကာင္းကို တစ္ေယာက္ေယာက္ကိုေျပာျပရင္ေကာင္းမလားစဥ္းစားမိေပမဲ့ လက္ေတြ႕တြင္ေတာ့ မေျပာျဖစ္ခဲ့။ ေျပာျဖစ္လွ်င္လည္း ေဂါက္ေၾကာင္ေၾကာင္နမိတ္ေကာက္မႈဟုသာ ယူဆၾကၿပီး ေဆးခန္းသြားခိုင္းမည္မွာ အေသအခ်ာ။
တိုက္ဆိုင္တာေနမွာပါေလ...
ငါလည္း ေဆးခန္းျပသင့္ၿပီထင္တယ္...
.............
ဆိုင္ေရာက္ေတာ့ ပြန္းပဲ့ေနေသာ ဒဏ္ရာမ်ားကို ေဆးထည့္ရင္း အခုထိ ရင္တုန္ေနဆဲ။ ကိုစြမ္းကေတာ့ မေသေကာင္းမေပ်ာက္ေကာင္းတဲ့။ ဒီေန႕ ခြင့္ယူရန္တိုက္တြန္းေပမဲ့ မ်ားမ်ားစားစားလည္းမျဖစ္ လစာအျပည့္လည္းလိုခ်င္တာေၾကာင့္ ေပကပ္ကပ္ႏွင့္သာ။
"ေနသက္ အဆင္ေျပရဲ႕လား ငါ့ညီ"
"ရပါတယ္ နည္းနည္းေလးပါ"
"ဟိုဘက္ကေရာ ဘာမွေတာ့မေျပာဘူးမလား"
"အင္း မေျပာပါဘူး...သေဘာေကာင္းၾကပါတယ္...သူတို႔ကားလည္း တစ္ခုခုေတာ့ျဖစ္သြားမွာ ေသခ်ာေတာ့မသိလိုက္ဘူး... အားနာစရာပဲ ကိုစြမ္းရာ... ျဖစ္ျဖစ္ခ်င္း ေသြး႐ူးေသြးတန္းဆိုေတာ့ သူတို႔အေျခအေနကို မေမးမိလိုက္ဘူး"
"သေဘာေကာင္းတဲ့သူေတြဆိုေတာ့လည္း ေက်ေအးေပးလိုက္တယ္လို႔ သေဘာထားလိုက္ပါ ေနသက္...အခု ကိုယ့္ကိုကိုယ္သာ ဂ႐ုစိုက္"
"ဟုတ္ကဲ့"
ကိုစြမ္းထြက္သြားေတာ့မွ ထိုအေၾကာင္းကိုျပန္စဥ္းစားမိသည္။
လုပ္လိုက္ရင္ ေသာက္တလြဲခ်ည္းပဲ...
အားနာစရာေကာင္းလိုက္တာ...
ျပန္ေတြ႕ဖို႔ကလည္း မျဖစ္နိုင္...
ထိုစဥ္ ေနသက္ တစ္ခုခုကိုသတိရသြားသည္။ သူ႕ဆိုင္ကယ္ကိုလက္တစ္ဖက္ႏွင့္ကိုင္ကာ တစ္ဖက္ကရင္ဘတ္ကိုဖိထားသည့္ လူ...
ဟိုတခါ ေကာ္ဖီလာဝယ္ရင္း အအမ္းမယူဘဲထြက္သြားတဲ့တစ္ေယာက္မလား...
အဲတုန္းကလည္း ရင္ဘတ္ႀကီးဖိထားတာပဲ...
သူတို႔ မ်က္ႏွာခ်င္းဆိုင္ ေဆးဆိုင္ကို လာဦးမယ္ထင္တယ္...
အင္းဟုတ္တယ္...အဲအခါက်မွ ေတာင္းပန္လိုက္တာေပါ့....
ထိုမွ်သာ အစီအစဥ္ခ်လိဳက္ၿပီး မအီမသာမ်က္ႏွာကိုျပင္ကာ အလုပ္လုပ္ရန္ ဆိုင္ေရွ႕သို႔ထြက္လာခဲ့သည္။
.......
ေနသက္ေမွ်ာ္လင့္ထားသည့္အတိုင္း ေနာက္ရက္တြင္ ေဆးလာပို႔သည့္ကား မ်က္ႏွာခ်င္းဆိုင္ ေဆးဆိုင္ေရွ႕တြင္ ရပ္ထားသည္ကို လွမ္းျမင္ရသျဖင့္ ကိုစြမ္းဆီက ခြင့္ေတာင္းၿပီး ထြက္လာခဲ့သည္။
စစ္လင္းတစ္ေယာက္ ေဆးေသတၱာမ်ားခ်ေနရင္းမွ ရင္ဘတ္ကေအာင့္လာျပန္တာေၾကာင့္ ကားေနာက္ၿမီးတြင္ ခဏထိုင္နားေနတုန္း သူ႕ေရွ႕သို႔ ေနသက္ေရာက္လာသည္။
wtfffff...
ငါရက္ဘတ္ေအာင့္တာ ဒီေကာင့္ေၾကာင့္ဆိုတာ တကယ္ႀကီးလား...
ဟင္ မဟုတ္ဘူးေနာ္...ဘာဆိုင္တုန္း သူနဲ႕...
"ဒီမွာ ခင္ဗ်"
ေနသက္လွမ္းေခၚေတာ့မွ ေၾကာင္အမ္းအမ္းႏွင့္...
"အမ္...ေအး"
"ဟိုမေန႕က ဆိုင္ကယ္နဲ႕တိုက္မိတဲ့တစ္ေယာက္ပါ မွတ္မိမယ္ထင္တယ္...အဲဒါ ခင္ဗ်ားတို႔ကားေရာ တစ္ခုခုျဖစ္သြားေသးလားလို႔ေလ...မေန႕က ကြၽန္ေတာ္လည္း ေသြးပူေနေတာ့ ေမးဖို႔ေမ့သြားတာပါ"
ထိုစဥ္ အစ္ကိုေရာက္လာကာ...
"ေအး မီးသီးတစ္လုံးကြဲသြားတယ္ ညီေလး... ဒီေကာင္ စစ္လင္းျပန္လဲေပးထားတာ"
"ဟာ...က် ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္...အဲဒီမီးသီးဖိုး ျပန္ေပးပါ့မယ္...ဘယ္ေလာက္က်လဲခင္ဗ်"
အစ္ကိုက ေျပာေတာ့မည့္ပုံစံ ပါးစပ္ဟန္ျပင္ေနစဥ္....
"ရပါတယ္...မလိုပါဘူး...လဲၿပီးသြားၿပီပဲ"
"မဟုတ္တာ...ကြၽန္ေတာ္ေပးပါရေစ"
"ကဲပါ...မေပးပါနဲ႕ေတာ့...အဲအစား ကြၽန္ေတာ့္ကို ေကာ္ဖီျပန္တိုက္လိုက္ ဟုတ္ၿပီလား"
"ဟုတ္ ဒါဆို ဆိုင္ဘက္လိုက္ခဲ့ပါလားခင္ဗ်"
"အစ္ကိုမလိုက္ေတာ့ဘူး ညီေလး...မင္းပဲလိုက္သြားလိုက္...ဒီကဟာေတြ ငါလက္စသတ္ထားလိုက္မယ္"
"ok အစ္ကို"
သို႔ႏွင့္ ေကာ္ဖီဆိုင္သို႔ စစ္လင္းပါသြားေတာ့သည္။
ေနသက္က ေကာ္ဖီခြက္ကိုခ်ေပးၿပီး စစ္လင္းႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္သည္။
"ဟို အဆင္မေျပရင္ အေဖာ္ေနမေပးလည္း ျဖစ္ပါတယ္....ေတာ္ၾကာ ဆူခံေနရမွာစိုးလို႔"
ေနသက္ စစ္လင္းကိုၿပဳံးျပလိုက္ၿပီး...
"ရပါတယ္ဗ်...ကြၽန္ေတာ္ခြင့္ေတာင္းထားပါတယ္"
"ဪဒါနဲ႕ ငါ့နာမည္ စစ္လင္းျမတ္ပါ...ေတြ႕ရတာဝမ္းသာပါတယ္"
"ဟုတ္ကဲ့ ကြၽန္ေတာ္လည္းဝမ္းသာပါတယ္ ကြၽန္ေတာ့္နာမည္က လင္းသက္ဦးေမာင္ပါခင္ဗ်"
"ၾကည့္ရတာ ႐ြယ္တူေလာက္ပါပဲ...ယဥ္ေက်းမေနပါနဲ႕ ငါကေဈးဝယ္လည္းမဟုတ္ပါဘူးကြာ"
စစ္လင္း၏စကားကို ႏွစ္ေယာက္သား ၿပိဳင္တူရယ္ျဖစ္ၾကသည္။
"ကြၽန္ေတာ္က ဆိုင္မွာဆို အက်င့္ပါေနလို႔ပါ"
"ေအးပါကြာ...အျပင္မွာေတြ႕ရင္ေတာ့ အဲလိုမေျပာဖို႔ ေမွ်ာ္လင့္တယ္"
စကားတေျပာေျပာႏွင့္ အေတာ္အတန္ပင္ ရင္းႏွီးမႈရသြားခဲ့ၾကသည္။ ထို႔ေနာက္ တစ္ဖက္လမ္းမွ အစ္ကိုက ကိစၥဝိစၥၿပီး၍ လက္ယက္ေခၚသျဖင့္ ေနသက္ကိုႏႈတ္ဆက္ကာ ေကာ္ဖီဆိုင္မွ ထြက္လာခဲ့သည္။
ခုနက စကားေျပာေနတုန္း ရင္ဘတ္က သက္သာသြားသည္ကို စစ္လင္းသတိထားမိသည္။ အခုလည္း ဘာမွမျဖစ္သလို။
ဒါဆိုေသခ်ာပါၿပီ...သူနဲ႕မဆိုင္ပါဘူး...
ငစစ္ေရ မင္းဘာေတြဘယ္လို ဆက္စပ္ၿပီးမ်ား ေလွ်ာက္ေတြးလိုက္တာလဲကြာ...
စစ္လင္းတစ္ေယာက္ ထိုသို႔ေတြးမိေတာ့ ေနာက္ေဆးဆိုင္သို႔ တေ႐ြ႕ေ႐ြ႕သြားေနေသာ ကားေပၚတြင္ ၿပဳံးစိစိမ်က္ႏွာေပးျဖင့္...

Коментарі