အမှာစာ / အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 4
Unicode...

1940s ဂျပန်​ခေတ်...
(တကယ်​တော့ 42-45ကြားဆို ပိုမှန်ပါတယ်...အဲကာလက မန္တ​လေးမှာ ဂျပန်​တွေကြီးစိုးချိန်​ပေါ့)

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်တို့သည် ဥ​ရောပတွင်ဖြစ်ပွားလျက်ရှိ​​သောစစ်ကြီးအတွက် လိုအပ်​သောရိက္ခာနှင့် အ​ထောက်အပံ့များရလို့ငှာ သံယံဇာတ​ပေါကြွယ်ဝ​သော မြန်မာပြည်ကို မျက်စိကျလျက်ရှိသည်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၃ရက်တွင် ရန်ကုန်မြို့ကို စတင်၍ ဗုံးကျဲ​လေသည်။ ဒီဇင်ဘာ ၂၅ရက်​နေ့တွင် ထက်မံ၍ ကျဲပြန်သည်။ ခုခံချိန်မရမှန်းသိသည်ကတစ်​ကြောင်း၊ ရန်ကုန်ကိုလက်လွှတ်ရ​တော့မည်ဆိုတာ ကြိုသိ​နေသည်ကတစ်​ကြောင်း ဂျပန်တို့ ရန်ကုန်​မြေ၏အဖိုးတန်များအားမသိမ်းပိုက်မီ ဗြိတိသျှအာဏာပိုင်များက ရန်ကုန်ကို ​မြေလှန်ဖျက်ဆီးသည်။

ရန်ကုန်မြို့​​နေ သာမန်ပြည်သူများလည်း စစ်​ဘေး​ရှောင်ခြင်းငှာ နီးစပ်ရာ ရပ်ရွာများသို့ ခို​အောင်းရသည်။ တချို့လည်း နယ်ဘက်မှ ​ဆွေမျိုးမိတ်​ဆွေများထံ ​ပြေးကြရ​တော့သည်။ ထိုအချိန်တွင် ရန်ကုန်သို့ ဂျပန်တပ်များဝင်​ရောက်ကာ အုပ်ချုပ်​ရေးယန္တရား လည်ပတ်​စေရန် စတင်အ​ကောင်အထည်​ဖော်​နေပြီဖြစ်သည်။

၁၉၄၂ခုနှစ် ​ဖေ​ဖော်ဝါရီ ၁၉ရက်တွင် အထက်မြန်မာပြည် မန္တ​လေးမြို့သို့ ပထမဆုံးအကြိမ် ဂျပန်တို့ ဗုံးကျဲသည်။ ပထမဆုံးအကြိမ်မှာပင် မြို့​​တော်ကြီးက ​တော်​တော်အထိနာခဲ့သည်။ ၁၉၄၂ ဧပြီ၃ တွင် ဒုတိယအကြိမ် ဗုံးမိုးရွာသွန်းပြန်သည်။ ဂျပန်ဗုံးစာနှင့် ဗြိတိသျှတို့ ​မြေလှန်ချက်ကိုပါ မန်းသူမန်းသားတို့ လှလှကြီးခံစားရ​လေသည်။ မန်း​ရွှေမြို့​တော်ကြီးကား မီး​လောင်တိုက်သွင်းခံရပြီ။

၁၉၄၂ ဧပြီ၃၀တွင် ဗြိတိသျှတပ်များ စစ်ကိုင်းတံတားကိုဖျက်ဆီးကာ မြန်မာပြည်အထက်ပိုင်းသို့ ဆုတ်ခွာသွား​တော့သည်။ ​မေလ၁ရက်​နေ့တွင် ဂျပန်တပ်သည် မန္တ​လေးကိုသိမ်းပိုက်သည်။ ထို့​နောက် ဂျပန်စစ်အုပ်ချုပ်​ရေးဌာနရုံးခွဲဖွင့်လှစ်ပြီး စတင်အုပ်ချုပ်သည်။

ဂျပန်တို့သည် အစပိုင်းတွင် ဗုံးဒဏ်မခံရ​သော ကျန်ရှိ​နေသည့် ​ကျောင်းကန်ဇရပ်များနှင့် ရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးသည်။ ဂျပန်တို့ဖျက်ဆီးသမျှဒဏ်ကို အတုံးအလဲခံကြရသဖြင့် မြို့​နေ့ပြည်သူတို့က သူတို့လက်​​အောက်တွင် ပြားပြားဝပ်။ ​တော်လှန်ပုန်ကန်ဖို့ အစီအစဥ်မရှိ၊မြို့ပျက်ကြီးတွင် အသက်ရှင်​နေထိုင်စား​​သောက်ဖို့ရန် အနိုင်နိုင်။

သူခိုးဓါးပြတို့ ထကြွ​သောင်းကျန်သည်များထက် ဂျပန်တို့လုယက်သတ်ဖြတ်အဓမ္မပြုကျင့်မှုများက မြို့​နေလူထုကို ခြိမ်း​ခြောက်သည်။

မန္တ​လေးရုံးခွဲရှိ ဂျပန်ဂျန်နရယ်ကြီးတို့ ဩဇာကိုကား တစ်မြို့လုံး မည်သူမျှ မတွန်းလှန်ရဲ။

ဂျန်နရယ်Okuyamaလည်း သူတို့ထဲအ​ပါအဝင်။ အာဏာဗန်းပြကာ လုချင်လျှင်လု သတ်ချင်လျှင်သတ် အခွန်ဟုဆိုကာ ​​ဈေးသည်များထံမတန်တဆ​ကောက်ပြီး အိတ်ထဲထည့်နှင့် နလန်ထူ​ခါစမန္တ​လေးကို နိုင်စားသည်။ သူ့တွင် လက်ရုံး​တော်များလည်းရှိပြီး ညာလက်ရုံး Harukiသည် ဂျပန်မှာတည်းက သူဗိုလ်​ပေါက်စဖြစ်ခါစပင် သူ့လက်​အောက်က တပည့်တပန်းတစ်ဦးဖြစ်သည်။ သစ္စာရှိကာ သူထားရာ​​နေ ​ကျွေးရာစားသဖြင့် ယုံကြည်အားကိုးသည်။ ဘယ်လက်ရုံးက​တော့ ဂျပန်စကားကို အထစ်အ​ငေါ့မရှိ​ပြောနိုင်​သော ဗမာတစ်ဦးဖြစ်သည့် ဆန်းထူး​အောင်။ ဂျပန်ကုန်သည်တို့နှင့် ရင်းနှီး​​သော ရန်ကုန်သားတစ်ဦးဖြစ်သည်။ ပထမဆုံး ရန်ကုန်ကို ဗုံးကျဲစဥ်တည်းက ဒလဘက်သို့ကူးကာ စစ်​ဘေး​ရှောင်​နေရင်း ဂျန်နရယ်Okuyamaနှင့်​တွေ့ပြီး ဂျပန်လိုလည်းမွှတ်သဖြင့် ဂျပန်တို့အန္တရာယ်မှကာကွယ်သည့်အ​နေနှင့် သူ့ထံတွင် ခို​အောင်းခဲ့သည်။ အားကိုးရသဖြင့် ဂျန်နရယ်က ဘယ်လက်ရုံးအဖြစ်ပင် ရာထူးတိုးချီးမြှင့်ခဲ့သည်။

ဂျပန်တို့ ဩဇာကြီးမာလာမှုနှင့် ဂျပန်ဂျန်နရယ်၏ သူ့ကိုချီး​မြှောက်မှုတို့​ကြောင့် ဆန်းထူး​အောင်မှာ ဗမာတစ်​ယောက်ဖြစ်သည်ကိုပင် ​မေ့​လျော့ထားဟန်ရှိသည်။ ဂျန်နရယ်အမိန့်ရလျှင် လက်စွဲ​တော် ​ခြောက်လုံးပြူး​နှင့်တစ်ဖုံ၊ ရံဖန်ရံခါကိုင်​ဆောင်​လေ့ရှိ​သော ရိုင်ဖယ်နှင့်တစ်မျိုး နှစ်ခါမစဥ်းစား အပြတ်ရှင်းတတ်သည့် လူစားမျိုး။

ဂျန်နရယ်ကို မန္တ​လေးသို့​စေလွှတ်ခြင်းခံရ​တော့ ဆန်းထူး​အောင်တို့လည်း ပါလာခဲ့သည်။ ခရီးတစ်​​ထောက်နားရာ ပဲခူးဘက်က ရွာက​​လေးတွင် မျက်စိကျ​နေ​သော ရွာ၏ကွမ်း​တောင်ကိုင် မခင်​ထွေးကို မတရားသိမ်းပိုက်ကာ မန္တ​​လေးသို့ ခရီးဆက်ခဲ့ကြသည်။ မခင်​ထွေးမှာ မိဘများကိုပင်နှုတ်ဆက်ချိန်မရလိုက်၊ ဆန်းထူး​အောင်​ခေါ်ရာ​နောက် သူ့မယားအ​နေဖြင့် ငြင်းဆန်ပိုင်ခွင့်မရှိဘဲ လိုက်ခဲ့ရသည်။

Okuyamaသည် အခြားဂျန်နရယ်များကဲ့သို့ မိန်းမလှ​လေးများကို မျက်စိနှင့်ပင်မပြစ်မှားတတ်။ အ​ကြောင်းကား ​တဏှာရာဂမရှိ၍မဟုတ်။ ယောကျ်ားများသာ သူ့အတွက် မိန်း​မောစွဲမက်ဖွယ်ရာဖြစ်​သော​ကြောင့်ပင်။ မြို့ထဲမှ ဗုံးဒဏ်လွတ်​သော စံအိမ်ကြီးတစ်ခုကို အပိုင်စားလိုက်ပြီး သူ၏​နေအိမ်နှင့် ရုံးခန်းအဖြစ် ထားရှိသည်။ ထိုစံအိမ်ကြီးတွင် ​မြေ​အောက်ခန်းလည်းရှိသည်။

မြို့ထဲမှ အသက်ငယ်ငယ်၊ ခပ်​ချော​ချော ​ယောကျ်ားသားများကို ဘယ်လက်ရုံးဆန်းထူး​အောင်အား အတင်းဖမ်းယူ​စေပြီး ​မြေ​အောက်ခန်းတွင် ချုပ်ထားကာ သူ၏တညတာ​ပျော်ရွှင်ယစ်မူးစရာများအဖြစ် အသုံး​တော်ခံ​စေသည်။

"ဒီ​ကောင်​လေးကို​ခေါ်စမ်း"

​ညောင်ပင်​ဈေးတွင် ပန်း​ရောင်း​သော ​ခပ်လတ်လတ်​ကောင်​လေးတစ်​ယောက်ကို​တွေ့တာ​ကြောင့် ဆွဲ​ခေါ်ခိုင်းရင်း လှည်း​နောက်တွင်ပုန်း​နေ​သော ထို​ကောင်​လေးထက်ငယ်မည်ထင်သည့်​ကောင်​လေးကိုပါ မြင်သွားသည်။

"ဟို​ကောင်​လေးပါ ​ခေါ်ခဲ့"

ဆန်းထူး​​အောင်အမိန့်​ကြောင့် လှည်း​နောက်မှ​ကောင်​လေးကို သူ့​နောက်လိုက်များဆွဲ​ခေါ်​နေသည်။​

"ကျွန်​တော် ​တောင်းပန်ပါတယ်ဗျာ...ကျွန်​တော်လိုက်ခဲ့ပါ့မယ်...ညီ​လေးကို​တော့ မ​ခေါ်ပါနဲ့ဗျာ... ညီ​လေးက ငယ်ငယ်​လေးပဲရှိ​သေးတာပါ...​တောင်းပန်ပါတယ် ဦးကြီးတို့ရယ်"

ထို​ကောင်​လေးက ​မြေပြင်တွင်ဒူး​ထောက်ကာ လက်အုပ်ချီလျက် တဖွဖွ​တောင်းပန်​နေရှာသည်။ ဆန်းထူး​အောင်က ဂရုမစိုက်။ မကြာမီ ထိုက​လေးပါ မျက်ရည်မျက်ခွက်နှင့် သူတို့​ခေါ်​ဆောင်ရာ​နောက် တရွတ်တိုက်ပါလာ​လေသည်။

ဈေးသူ​ဈေးသားများလည်း သူတို့အ​ကြောင်းသိသည်​ကြောင့် မည်သူမှဝင်မဆွဲရဲ။ ​ဘေးနားကပဲ ထို​ကောင်​လေးနှစ်​ယောက်ကို သနားကရုဏာမျက်လုံးများနှင့်သာ ကြည့်​နေနိုင်ကြသည်။

​ဈေးထဲကထွက်မည်အပြု ​ဈေး​ပေါက်ဝတွင် ​ဈေးအုပ်ကြီးက ထွက်၍တားသည်။

"က​လေး​တွေက ငယ်ပါ​သေးတယ် ​မောင်ရင်...သူတို့​ မိဘ​တွေဗုံးကျဲတုန်းက ပါသွားကြတယ်...ညီအစ်ကိုနှစ်​ယောက်တည်းကျန်ပြီး ရိုးရိုးသားသားရှာ​ဖွေစား​သောက်​နေတာပါကွယ်"

"အဘိုးကြီး လျှာမရှည်နဲ့ ​ရှေ့ကဖယ်"

"မဖယ်နိုင်ဘူး​ ​မောင်ရင်...ဒီက​လေး​တွေကို လွှတ်​ပေးလိုက်ပါ"

"အဘိုးကြီး ​နောက်ဆုံးသတိ​ပေးမယ်...ခုချက်ချင်းဖယ်လိုက်"

​​ဈေးအုပ်ကြီးက ​နေရာမှာပင် တုပ်တုပ်မှမလှုပ်။ ဆန်းထူး​အောင် စိတ်မရှည်​တော့စွာ သူ့ရဲ့​ခြောက်လုံးပြူးကိုဆွဲထုတ်လိုက်ပြီး ​ဈေးအုပ်၏ နဖူးတည့်တည့်ချိန်ထားလိုက်သည်။

ဒိုင်း....

ဝိုင်းကြည့်​နေကြ​သောလူများနှင့် ​ကောင်​လေးနှစ်​ယောက်မှာ မျက်လုံးအပြူးသားများနှင့်။ ​ဈေးအုပ်ကြီးက ထို​နေရာတွင်ပင် လဲကျသွား​လေပြီ။

"ဘယ်သူတားချင်​သေးလဲ"

လူအုပ်ကြီးဘက် ဆန်းထူး​အောင်လှည့်၍​ပြောလိုက်ခြင်း။ ထိုအခါ ရုတ်ချင်းပင် လူစုကွဲသွားကြ​လေသည်။ ဆန်းထူး​အောင် သူ့လူများကိုအချက်ပြလိုက်​တော့ အ​လောင်းကိုထမ်းသယ်သွားကြ​သည်။

..................

​အလင်း​ရောင် မှိန်ပြပြသာရှိ​သော ​မှောင်မိုက်စိုစွတ်​သော​အခန်းကျဥ်း​လေးထဲတွင် အရွယ်​​ရောက်ပြီး​သော ခပ်ငယ်ငယ် ​ကောင်​လေး ​လေး​ယောက်တို့ ညကဂျန်နရယ်ကိုပြုစုထားရသဖြင့် ​ခြေကုန်လက်ပန်းကျ​နေကြသည်။ ​မှောင်မိုက်​နေရာမှ ကျွီဟူ​သောသံတံခါးဖွင့်သံနှင့်အတူ အလင်း​​​ရောင်အချို့ဝင်​ရောက်လာသဖြင့် သူရ မျက်လုံးများကို အားယူဖွင့်ကြည့်သည်။ အလင်း​ရောင်နှင့်အတူ ​မြင်လိုက်ရ​သောမျက်နှာ​ကြောင့် သူရနှာ​ခေါင်းရှုံ့လိုက်သည်။

သူ့ကိုဖမ်း​ခေါ်စဥ်ကလည်း ဒီဗမာမျက်နှာကို ရင်းနှီးပြီးသားဖြစ်သည်။ သူ့​နောက်တွင်​တော့ ထပ်မံ၍ဖမ်း​ခေါ်လာသည်ထင်ရ​သော ​ကောင်​လေးနှစ်​ယောက်။ အငယ်တစ်​ယောက်မှာ အရွယ်ပင်မ​ရောက်​သေး။ ငိုထားသဖြင့် မျက်လုံးများနီရဲ​နေ​လေသည်။ သူရ ထို​က​လေးကိုမြင်​တော့ စိတ်ထဲက​ ​ထောင်းကနဲ​ဒေါသထွက်သွားပြီး အုတ်ခင်းထားသည့်ကြမ်းပြင်ကို လက်သီးနှင့်ထိုးလိုက်သည်။

င-ိုးမသား​တွေ လူစိတ်​ကော ရှိကြ​သေးရဲ့လား...
ဗမာ ဗမာချင်း နှိပ်စက်​နေတဲ့ မ​အေ-ိုး တ​စ်​နေ့ကျ ငါကိုယ်တိုင်သတ်ပစ်မယ်...

ထို​ကောင်​လေးနှစ်​ယောက်ကို သူတို့​ကိုချုပ်ထား​သောသံတိုင်များကာထားသည့် အခန်းကျဥ်းတွင်ထည့်လိုက်သည်။ ပြန်ထွက်မည်အပြု မျက်​ထောင့်နီများဖြင့် သူ့ကိုကြည့်​နေ​သောသူရကို ဆန်းထူး​အောင်သတိထားမိသဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ သူရအင်္ကျီကို ဆွဲကိုင်ပြီး...

"မင်း ငါ့ကို ဘယ်လိုကြည့်လိုက်တာလဲ"

ထိုအခါ မျက်လွှာကို​အောက်ချ၍ နှုတ်ဆိတ်​နေသည်။ ဆန်းထူး​အောင် ဟက်ခနဲရယ်လိုက်ကာ...

"မင်းနာမည်ဘယ်လို​ခေါ်လဲ"

"သူရ​အောင်သိန်း"

ပြတ်ပြတ်သားသား ထွက်​ပေါ်လာ​သော အသံ။ ဆန်းထူး​အောင်မျက်လုံးများကို စိုက်ကြည့်ကာ ​ဖြေသည်။ ဆန်းထူး​အောင် ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဆွဲထား​သောအင်္ကျီစကို ​ဆောင့်ဆွဲကာ နံရံဆီသို့ တွန်းထုတ်ပစ်လိုက်သည်။ အရှိန်ပါသဖြင့် သူရနံရံနှင့်တိုက်မိကာ ကြမ်းပြင်သို့လက်​ထောက်လျက် လဲကျသည်။

"သတ္တိ​ခဲလုပ်မ​နေနဲ့ ငါ့​ကောင်... ညကျ ဂျင်နရယ်ဆီမှာ -င်ခံနိုင်ဖို့သာ အား​မွေးထား"

စီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိရင်း လက်​ထောက်လျက်လဲကျ​နေ​သောသူရကို​ပြောကာ အပြင်မှ သံတံခါးကိုပြန်ပိတ်ပြီး ထွက်ခွာ​သွား​တော့သည်။

သူတို့ထွက်သွား​တော့ သူရ ထို​ကောင်​လေးနှစ်​ယောက်နားတိုးလာပြီး အငယ်​လေးကို မျက်ရည်​တွေသုတ်​ပေးသည်။

"မငိုနဲ့​တော့​နော်...ဘာမှမဖြစ်ဘူးသိလား မင်းအစ်ကိုလည်းရှိတယ်...ဒီက အစ်ကို​တို့လည်းရှိတယ် ဟုတ်ပြီလား"

ထို့​နောက် စိုစွတ်​နေ​​သော အုတ်ခင်းကြမ်းပြင်မှ ကွဲအက်​နေ​သော​နေရာများတွင် ရွှံ့ထ​​နေ​​သဖြင့် ထို​နေရာမှ ရွှံ့ဗွက်များကိုယူကာ ထို​ကောင်​​လေးကို မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ သုတ်လိမ်း​ပေးသည်။

"ဒီဂျပန်​တွေက -င်​ခေါင်းကျယ်တယ်ကွ... ညစ်ညစ်ပတ်ပတ်​ဖြစ်​နေရင် မ​ခေါ်ဘူး...ဒီပုံစံနဲ့ဆို ဘာပဲဖြစ်ဖြစ် ​ခေါ်လိမ့်မှာမဟုတ်​ဘူး"

ထိုစဥ် အစ်ကိုဖြစ်သူက ​ကျေးဇူးတင်​ကြောင်း​ပြောသည်။

"ရတယ် ငါ့ညီတို့... အချင်းချင်းကူညီရမှာ​ပေါ့...ဘာပဲဖြစ်ဖြစ်​တောင့်ခံထားကြ...အခွင့်ကြုံတာနဲ့ ထွက်ပြေးဖို့ ငါစဥ်းစားထားတယ်...ဒီအိမ်အ​​ခြေအ​နေအကုန်လုံး ရသ​လောက်အကဲခတ်ရမယ်...မင်းတို့လည်း တတ်နိုင်သမျှ ကြိုးစား​ပေါ့ကွာ... ဒါနဲ့ နာမည်ဘယ်လို​ခေါ်ကြလဲ"

"ကျွန်​တော်က ဖိုးသားပါ... ကျွန်​တော့်ညီက ဖိုးဝ"

သူရက ​ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး သူ့​နေရာဖြစ်​သော ​အခန်းထောင့်တွင် နံရံကိုမှီပြီး မျက်လုံးများကိုမှိတ်ထားလိုက်သည်။

သူရပုံစံက မည်သူ့မျှမကြောက်သည့်ပုံ။ မျက်နှာ​ကြောခပ်တင်းတင်းနှင့် တဇွတ်ထိုးသမား။ ​သူရအဘိုးက နန်း​တော်​​​စောင့်တပ်တွင် အမှုထမ်း​ဆောင်ဖူးပြီး အဘိုးဆီမှ ဓါးသိုင်းတုတ်သိုင်းတို့ကို အ​မွေရထား​​သည့်အပြင် အဘိုး၏​သွေးကလည်း ပါသည်။ ​ဈေးချို​တော်တွင် ချည်ထည်​ရောင်း​သောအ​​မေ့ဆိုင်တစ်ဝိုက် လုယက်မှုများ၊ ခါးပိုက်နှိုက်မှုများ ကြုံပါက သူရရှိ​​နေလျှင် ​ပြေးမလွတ်။ ဆိုင်အနီးတဝိုက်ရန်ဖြစ်ပြီဆိုလျှင် ​တွေ့ရာတုတ်ဆွဲကာ ဝင်ရိုက်သဖြင့် မုဆိုးမမိခင်ကြီးက ဂတ်သို့လာလာထုတ်ရသည်။ အ​မေတစ်ခု သားတစ်ခု​နေရ​သောဘဝကား ဂျပန်တို့ဗုံးစာတွင် နိဂုံးချုပ်ကာ သူရအား တစ်​ကောင်ကြွက်ဖြစ်သွား​စေသည်။

အသားအ​ရေခပ်လတ်လတ်၊ မျက်ခုံး​ကောင်း​ကောင်းနှင့် စူးရှ​သောအကြည့်များ​ကြောင့် မကြာမီ ဂျန်နရယ်Okuyama၏ သား​ကောင်က​လေးဖြစ်သွားရသည်။ အစပိုင်းတွင် Okuyama၏အလိုကိုဖီဆန်ကာ သူ့ရဲ့အင်္ဂါ ကို ဒူးနှင့်တိုက်ပြီး မျက်နှာကိုလက်သီးနှင့် တစ်ချက်ထိုးဖူးသဖြင့် Haruki၏ လက်ဆပြင်း​သော ကြိမ်လုံးဒဏ်အချက်၃၀တိတိ ခံဖူးသည်။

​ကြိမ်ဒဏ်ခံပြီး​နောက်ရက်တွင်ဘာမှမဖြစ်ခဲ့သလို မျက်နှာထားတင်းတင်းနှင့် ​နေနိုင်​လောက်သည်အထိ သူ့ရဲ့ဇက မ​သေး။

..............

Note: နက်ဖြန် တစ်ပိုင်းတင်​ပေးဦးမယ်​နော်...ကတိအတိုင်း များကြီး​ပေါ့🙄

ဂျပန်နာမည်​တွေကတော့ ကျွန်မသူငယ်ချင်း အိုတာကူ​ကောင်ကြီးကိုအကူအညီ​တောင်းထားတာပါ...ဆို​​တော့ အဆင်​​ပြေမယ်လို့​မျှော်လင့်ပါတယ်😂
သူ့ကိုသွား​မေးတုန်းက ဘာလုပ်မလို့လဲလို့ပြန်​မေးတယ်... ဝတ္ထု​ရေးဖို့လို့လည်း​ဖြေလိုက်​ရော messengerထဲက​နေ ရယ်သံပါကြားရတဲ့အထိပဲ ဒင်းအပြင်မှာ ခွက်ခွက်လန်ရယ်​နေတာ ခံစား​နေရတယ်ရယ်☹😒
သူငယ်ချင်း​တွေက စာ​ရေးတာကို အဲ​လောက်ထိအား​ပေးတာသာကြည့်🙄

ဆို​တော့ နည်းနည်းရင်ဖွင့်ဦးမယ်☹
မ​နေ့ကဆို အားငယ်​နေတာ...
​ရေးသာ​ရေးရတယ် တိုင်ပင်ဖော်မရှိ...ကူညီ​ပေးမဲ့သူမရှိ...မတင်ခင် ဖတ်​​ပေးမဲ့သူလည်းမရှိနဲ့...
တကယ် အားငယ်မိတယ်...
တခါတ​လေဆက်​တောင်မလုပ်ချင်​တော့တဲ့အထိပဲ...

ဒါ​ကြောင့် တစ်​ယောက်ဖြစ်​စေ နှစ်​ယောက်ဖြစ်​စေ ရှင်တို့စာဖတ်သူ​တွေဆီက vote​လေးရရင် feedback​လေးရရင်ကို ​ပျော်မြူး​နေမိတာ...
အားငယ်​​နေတာမှန်​ပေမဲ့ ရှင်တို့​လေး​တွေရှိ​သေးတာပဲဆိုပြီး အားပြန်ဖြစ်​စေပါတယ်ရှင်...
ဒါ​ကြောင့် ထပ်ပြီး​ကျေးဇူးတင်ချင်တယ်❣

ဘွား😘

~~~~~~~~~~~~~~~~~

Zawgyi...

1940s ဂ်ပန္​ေခတ္...
(တကယ္​ေတာ့ 42-45ၾကားဆို ပိုမွန္ပါတယ္...အဲကာလက မႏၲ​ေလးမွာ ဂ်ပန္​ေတြႀကီးစိုးခ်ိန္​ေပါ့)

ဒုတိယကမာၻစစ္ႀကီးအတြင္း ဂ်ပန္တို႔သည္ ဥ​ေရာပတြင္ျဖစ္ပြားလ်က္ရွိ​​ေသာစစ္ႀကီးအတြက္ လိုအပ္​ေသာရိကၡာႏွင့္ အ​ေထာက္အပံ့မ်ားရလို႔ငွာ သံယံဇာတ​ေပါႂကြယ္ဝ​ေသာ ျမန္မာျပည္ကို မ်က္စိက်လ်က္ရွိသည္။ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၂၃ရက္တြင္ ရန္ကုန္ၿမိဳ႕ကို စတင္၍ ဗုံးက်ဲ​ေလသည္။ ဒီဇင္ဘာ ၂၅ရက္​ေန႕တြင္ ထက္မံ၍ က်ဲျပန္သည္။ ခုခံခ်ိန္မရမွန္းသိသည္ကတစ္​ေၾကာင္း၊ ရန္ကုန္ကိုလက္လႊတ္ရ​ေတာ့မည္ဆိုတာ ႀကိဳသိ​ေနသည္ကတစ္​ေၾကာင္း ဂ်ပန္တို႔ ရန္ကုန္​ေျမ၏အဖိုးတန္မ်ားအားမသိမ္းပိုက္မီ ၿဗိတိသွ်အာဏာပိုင္မ်ားက ရန္ကုန္ကို ​ေျမလွန္ဖ်က္ဆီးသည္။

ရန္ကုန္ၿမိဳ႕​​ေန သာမန္ျပည္သူမ်ားလည္း စစ္​ေဘး​ေရွာင္ျခင္းငွာ နီးစပ္ရာ ရပ္႐ြာမ်ားသို႔ ခို​ေအာင္းရသည္။ တခ်ိဳ႕လည္း နယ္ဘက္မွ ​ေဆြမ်ိဳးမိတ္​ေဆြမ်ားထံ ​ေျပးၾကရ​ေတာ့သည္။ ထိုအခ်ိန္တြင္ ရန္ကုန္သို႔ ဂ်ပန္တပ္မ်ားဝင္​ေရာက္ကာ အုပ္ခ်ဳပ္​ေရးယႏၲရား လည္ပတ္​ေစရန္ စတင္အ​ေကာင္အထည္​ေဖာ္​ေနၿပီျဖစ္သည္။

၁၉၄၂ခုႏွစ္ ​ေဖ​ေဖာ္ဝါရီ ၁၉ရက္တြင္ အထက္ျမန္မာျပည္ မႏၲ​ေလးၿမိဳ႕သို႔ ပထမဆုံးအႀကိမ္ ဂ်ပန္တို႔ ဗုံးက်ဲသည္။ ပထမဆုံးအႀကိမ္မွာပင္ ၿမိဳ႕​​ေတာ္ႀကီးက ​ေတာ္​ေတာ္အထိနာခဲ့သည္။ ၁၉၄၂ ဧၿပီ၃ တြင္ ဒုတိယအႀကိမ္ ဗုံးမိုး႐ြာသြန္းျပန္သည္။ ဂ်ပန္ဗုံးစာႏွင့္ ၿဗိတိသွ်တို႔ ​ေျမလွန္ခ်က္ကိုပါ မန္းသူမန္းသားတို႔ လွလွႀကီးခံစားရ​ေလသည္။ မန္း​ေ႐ႊၿမိဳ႕​ေတာ္ႀကီးကား မီး​ေလာင္တိုက္သြင္းခံရၿပီ။

၁၉၄၂ ဧၿပီ၃၀တြင္ ၿဗိတိသွ်တပ္မ်ား စစ္ကိုင္းတံတားကိုဖ်က္ဆီးကာ ျမန္မာျပည္အထက္ပိုင္းသို႔ ဆုတ္ခြာသြား​ေတာ့သည္။ ​ေမလ၁ရက္​ေန႕တြင္ ဂ်ပန္တပ္သည္ မႏၲ​ေလးကိုသိမ္းပိုက္သည္။ ထို႔​ေနာက္ ဂ်ပန္စစ္အုပ္ခ်ဳပ္​ေရးဌာန႐ုံးခြဲဖြင့္လွစ္ၿပီး စတင္အုပ္ခ်ဳပ္သည္။

ဂ်ပန္တို႔သည္ အစပိုင္းတြင္ ဗုံးဒဏ္မခံရ​ေသာ က်န္ရွိ​ေနသည့္ ​ေက်ာင္းကန္ဇရပ္မ်ားႏွင့္ ရပ္ကြက္အခ်ိဳ႕ကို မီးရွို႔ဖ်က္ဆီးသည္။ ဂ်ပန္တို႔ဖ်က္ဆီးသမွ်ဒဏ္ကို အတုံးအလဲခံၾကရသျဖင့္ ၿမိဳ႕​ေန႕ျပည္သူတို႔က သူတို႔လက္​​ေအာက္တြင္ ျပားျပားဝပ္။ ​ေတာ္လွန္ပုန္ကန္ဖို႔ အစီအစဥ္မရွိ၊ၿမိဳ႕ပ်က္ႀကီးတြင္ အသက္ရွင္​ေနထိုင္စား​​ေသာက္ဖို႔ရန္ အနိုင္နိုင္။

သူခိုးဓါးျပတို႔ ထႂကြ​ေသာင္းက်န္သည္မ်ားထက္ ဂ်ပန္တို႔လုယက္သတ္ျဖတ္အဓမၼျပဳက်င့္မႈမ်ားက ၿမိဳ႕​ေနလူထုကို ၿခိမ္း​ေျခာက္သည္။

မႏၲ​ေလး႐ုံးခြဲရွိ ဂ်ပန္ဂ်န္နရယ္ႀကီးတို႔ ဩဇာကိုကား တစ္ၿမိဳ႕လုံး မည္သူမွ် မတြန္းလွန္ရဲ။

ဂ်န္နရယ္Okuyamaလည္း သူတို႔ထဲအ​ပါအဝင္။ အာဏာဗန္းျပကာ လုခ်င္လွ်င္လု သတ္ခ်င္လွ်င္သတ္ အခြန္ဟုဆိုကာ ​​ေဈးသည္မ်ားထံမတန္တဆ​ေကာက္ၿပီး အိတ္ထဲထည့္ႏွင့္ နလန္ထူ​ခါစမႏၲ​ေလးကို နိုင္စားသည္။ သူ႕တြင္ လက္႐ုံး​ေတာ္မ်ားလည္းရွိၿပီး ညာလက္႐ုံး Harukiသည္ ဂ်ပန္မွာတည္းက သူဗိုလ္​ေပါက္စျဖစ္ခါစပင္ သူ႕လက္​ေအာက္က တပည့္တပန္းတစ္ဦးျဖစ္သည္။ သစၥာရွိကာ သူထားရာ​​ေန ​ေကြၽးရာစားသျဖင့္ ယုံၾကည္အားကိုးသည္။ ဘယ္လက္႐ုံးက​ေတာ့ ဂ်ပန္စကားကို အထစ္အ​ေငါ့မရွိ​ေျပာနိုင္​ေသာ ဗမာတစ္ဦးျဖစ္သည့္ ဆန္းထူး​ေအာင္။ ဂ်ပန္ကုန္သည္တို႔ႏွင့္ ရင္းႏွီး​​ေသာ ရန္ကုန္သားတစ္ဦးျဖစ္သည္။ ပထမဆုံး ရန္ကုန္ကို ဗုံးက်ဲစဥ္တည္းက ဒလဘက္သို႔ကူးကာ စစ္​ေဘး​ေရွာင္​ေနရင္း ဂ်န္နရယ္Okuyamaႏွင့္​ေတြ႕ၿပီး ဂ်ပန္လိုလည္းမႊတ္သျဖင့္ ဂ်ပန္တို႔အႏၲရာယ္မွကာကြယ္သည့္အ​ေနႏွင့္ သူ႕ထံတြင္ ခို​ေအာင္းခဲ့သည္။ အားကိုးရသျဖင့္ ဂ်န္နရယ္က ဘယ္လက္႐ုံးအျဖစ္ပင္ ရာထူးတိုးခ်ီးျမႇင့္ခဲ့သည္။

ဂ်ပန္တို႔ ဩဇာႀကီးမာလာမႈႏွင့္ ဂ်ပန္ဂ်န္နရယ္၏ သူ႕ကိုခ်ီး​ျမႇောက္မႈတို႔​ေၾကာင့္ ဆန္းထူး​ေအာင္မွာ ဗမာတစ္​ေယာက္ျဖစ္သည္ကိုပင္ ​ေမ့​ေလ်ာ့ထားဟန္ရွိသည္။ ဂ်န္နရယ္အမိန့္ရလွ်င္ လက္စြဲ​ေတာ္ ​ေျခာက္လုံးျပဴး​ႏွင့္တစ္ဖုံ၊ ရံဖန္ရံခါကိုင္​ေဆာင္​ေလ့ရွိ​ေသာ ရိုင္ဖယ္ႏွင့္တစ္မ်ိဳး ႏွစ္ခါမစဥ္းစား အျပတ္ရွင္းတတ္သည့္ လူစားမ်ိဳး။

ဂ်န္နရယ္ကို မႏၲ​ေလးသို႔​ေစလႊတ္ျခင္းခံရ​ေတာ့ ဆန္းထူး​ေအာင္တို႔လည္း ပါလာခဲ့သည္။ ခရီးတစ္​​ေထာက္နားရာ ပဲခူးဘက္က ႐ြာက​​ေလးတြင္ မ်က္စိက်​ေန​ေသာ ႐ြာ၏ကြမ္း​ေတာင္ကိုင္ မခင္​ေထြးကို မတရားသိမ္းပိုက္ကာ မႏၲ​​ေလးသို႔ ခရီးဆက္ခဲ့ၾကသည္။ မခင္​ေထြးမွာ မိဘမ်ားကိုပင္ႏႈတ္ဆက္ခ်ိန္မရလိုက္၊ ဆန္းထူး​ေအာင္​ေခၚရာ​ေနာက္ သူ႕မယားအ​ေနျဖင့္ ျငင္းဆန္ပိုင္ခြင့္မရွိဘဲ လိုက္ခဲ့ရသည္။

Okuyamaသည္ အျခားဂ်န္နရယ္မ်ားကဲ့သို႔ မိန္းမလွ​ေလးမ်ားကို မ်က္စိႏွင့္ပင္မျပစ္မွားတတ္။ အ​ေၾကာင္းကား ​တဏွာရာဂမရွိ၍မဟုတ္။ ေယာက်္ားမ်ားသာ သူ႕အတြက္ မိန္း​ေမာစြဲမက္ဖြယ္ရာျဖစ္​ေသာ​ေၾကာင့္ပင္။ ၿမိဳ႕ထဲမွ ဗုံးဒဏ္လြတ္​ေသာ စံအိမ္ႀကီးတစ္ခုကို အပိုင္စားလိုက္ၿပီး သူ၏​ေနအိမ္ႏွင့္ ႐ုံးခန္းအျဖစ္ ထားရွိသည္။ ထိုစံအိမ္ႀကီးတြင္ ​ေျမ​ေအာက္ခန္းလည္းရွိသည္။

ၿမိဳ႕ထဲမွ အသက္ငယ္ငယ္၊ ခပ္​ေခ်ာ​ေခ်ာ ​ေယာက်္ားသားမ်ားကို ဘယ္လက္႐ုံးဆန္းထူး​ေအာင္အား အတင္းဖမ္းယူ​ေစၿပီး ​ေျမ​ေအာက္ခန္းတြင္ ခ်ဳပ္ထားကာ သူ၏တညတာ​ေပ်ာ္႐ႊင္ယစ္မူးစရာမ်ားအျဖစ္ အသုံး​ေတာ္ခံ​ေစသည္။

"ဒီ​ေကာင္​ေလးကို​ေခၚစမ္း"

​ေညာင္ပင္​ေဈးတြင္ ပန္း​ေရာင္း​ေသာ ​ခပ္လတ္လတ္​ေကာင္​ေလးတစ္​ေယာက္ကို​ေတြ႕တာ​ေၾကာင့္ ဆြဲ​ေခၚခိုင္းရင္း လွည္း​ေနာက္တြင္ပုန္း​ေန​ေသာ ထို​ေကာင္​ေလးထက္ငယ္မည္ထင္သည့္​ေကာင္​ေလးကိုပါ ျမင္သြားသည္။

"ဟို​ေကာင္​ေလးပါ ​ေခၚခဲ့"

ဆန္းထူး​​ေအာင္အမိန့္​ေၾကာင့္ လွည္း​ေနာက္မွ​ေကာင္​ေလးကို သူ႕​ေနာက္လိုက္မ်ားဆြဲ​ေခၚ​ေနသည္။​

"ကြၽန္​ေတာ္ ​ေတာင္းပန္ပါတယ္ဗ်ာ...ကြၽန္​ေတာ္လိုက္ခဲ့ပါ့မယ္...ညီ​ေလးကို​ေတာ့ မ​ေခၚပါနဲ႕ဗ်ာ... ညီ​ေလးက ငယ္ငယ္​ေလးပဲရွိ​ေသးတာပါ...​ေတာင္းပန္ပါတယ္ ဦးႀကီးတို႔ရယ္"

ထို​ေကာင္​ေလးက ​ေျမျပင္တြင္ဒူး​ေထာက္ကာ လက္အုပ္ခ်ီလ်က္ တဖြဖြ​ေတာင္းပန္​ေနရွာသည္။ ဆန္းထူး​ေအာင္က ဂ႐ုမစိုက္။ မၾကာမီ ထိုက​ေလးပါ မ်က္ရည္မ်က္ခြက္ႏွင့္ သူတို႔​ေခၚ​ေဆာင္ရာ​ေနာက္ တ႐ြတ္တိုက္ပါလာ​ေလသည္။

ေဈးသူ​ေဈးသားမ်ားလည္း သူတို႔အ​ေၾကာင္းသိသည္​ေၾကာင့္ မည္သူမွဝင္မဆြဲရဲ။ ​ေဘးနားကပဲ ထို​ေကာင္​ေလးႏွစ္​ေယာက္ကို သနားက႐ုဏာမ်က္လုံးမ်ားႏွင့္သာ ၾကည့္​ေနနိုင္ၾကသည္။

​ေဈးထဲကထြက္မည္အျပဳ ​ေဈး​ေပါက္ဝတြင္ ​ေဈးအုပ္ႀကီးက ထြက္၍တားသည္။

"က​ေလး​ေတြက ငယ္ပါ​ေသးတယ္ ​ေမာင္ရင္...သူတို႔​ မိဘ​ေတြဗုံးက်ဲတုန္းက ပါသြားၾကတယ္...ညီအစ္ကိုႏွစ္​ေယာက္တည္းက်န္ၿပီး ရိုးရိုးသားသားရွာ​ေဖြစား​ေသာက္​ေနတာပါကြယ္"

"အဘိုးႀကီး လွ်ာမရွည္နဲ႕ ​ေရွ႕ကဖယ္"

"မဖယ္နိုင္ဘူး​ ​ေမာင္ရင္...ဒီက​ေလး​ေတြကို လႊတ္​ေပးလိုက္ပါ"

"အဘိုးႀကီး ​ေနာက္ဆုံးသတိ​ေပးမယ္...ခုခ်က္ခ်င္းဖယ္လိုက္"

​​ေဈးအုပ္ႀကီးက ​ေနရာမွာပင္ တုပ္တုပ္မွမလႈပ္။ ဆန္းထူး​ေအာင္ စိတ္မရွည္​ေတာ့စြာ သူ႕ရဲ႕​ေျခာက္လုံးျပဴးကိုဆြဲထုတ္လိုက္ၿပီး ​ေဈးအုပ္၏ နဖူးတည့္တည့္ခ်ိန္ထားလိုက္သည္။

ဒိုင္း....

ဝိုင္းၾကည့္​ေနၾက​ေသာလူမ်ားႏွင့္ ​ေကာင္​ေလးႏွစ္​ေယာက္မွာ မ်က္လုံးအျပဴးသားမ်ားႏွင့္။ ​ေဈးအုပ္ႀကီးက ထို​ေနရာတြင္ပင္ လဲက်သြား​ေလၿပီ။

"ဘယ္သူတားခ်င္​ေသးလဲ"

လူအုပ္ႀကီးဘက္ ဆန္းထူး​ေအာင္လွည့္၍​ေျပာလိုက္ျခင္း။ ထိုအခါ ႐ုတ္ခ်င္းပင္ လူစုကြဲသြားၾက​ေလသည္။ ဆန္းထူး​ေအာင္ သူ႕လူမ်ားကိုအခ်က္ျပလိုက္​ေတာ့ အ​ေလာင္းကိုထမ္းသယ္သြားၾက​သည္။

..................

​အလင္း​ေရာင္ မွိန္ျပျပသာရွိ​ေသာ ​ေမွာင္မိုက္စိုစြတ္​ေသာ​အခန္းက်ဥ္း​ေလးထဲတြင္ အ႐ြယ္​​ေရာက္ၿပီး​ေသာ ခပ္ငယ္ငယ္ ​ေကာင္​ေလး ​ေလး​ေယာက္တို႔ ညကဂ်န္နရယ္ကိုျပဳစုထားရသျဖင့္ ​ေျခကုန္လက္ပန္းက်​ေနၾကသည္။ ​ေမွာင္မိုက္​ေနရာမွ ကြၽီဟူ​ေသာသံတံခါးဖြင့္သံႏွင့္အတူ အလင္း​​​ေရာင္အခ်ိဳ႕ဝင္​ေရာက္လာသျဖင့္ သူရ မ်က္လုံးမ်ားကို အားယူဖြင့္ၾကည့္သည္။ အလင္း​ေရာင္ႏွင့္အတူ ​ျမင္လိုက္ရ​ေသာမ်က္ႏွာ​ေၾကာင့္ သူရႏွာ​ေခါင္းရႈံ႕လိုက္သည္။

သူ႕ကိုဖမ္း​ေခၚစဥ္ကလည္း ဒီဗမာမ်က္ႏွာကို ရင္းႏွီးၿပီးသားျဖစ္သည္။ သူ႕​ေနာက္တြင္​ေတာ့ ထပ္မံ၍ဖမ္း​ေခၚလာသည္ထင္ရ​ေသာ ​ေကာင္​ေလးႏွစ္​ေယာက္။ အငယ္တစ္​ေယာက္မွာ အ႐ြယ္ပင္မ​ေရာက္​ေသး။ ငိုထားသျဖင့္ မ်က္လုံးမ်ားနီရဲ​ေန​ေလသည္။ သူရ ထို​က​ေလးကိုျမင္​ေတာ့ စိတ္ထဲက​ ​ေထာင္းကနဲ​ေဒါသထြက္သြားၿပီး အုတ္ခင္းထားသည့္ၾကမ္းျပင္ကို လက္သီးႏွင့္ထိုးလိုက္သည္။

င-ိုးမသား​ေတြ လူစိတ္​ေကာ ရွိၾက​ေသးရဲ႕လား...
ဗမာ ဗမာခ်င္း ႏွိပ္စက္​ေနတဲ့ မ​ေအ-ိုး တ​စ္​ေန႕က် ငါကိုယ္တိုင္သတ္ပစ္မယ္...

ထို​ေကာင္​ေလးႏွစ္​ေယာက္ကို သူတို႔​ကိုခ်ဳပ္ထား​ေသာသံတိုင္မ်ားကာထားသည့္ အခန္းက်ဥ္းတြင္ထည့္လိုက္သည္။ ျပန္ထြက္မည္အျပဳ မ်က္​ေထာင့္နီမ်ားျဖင့္ သူ႕ကိုၾကည့္​ေန​ေသာသူရကို ဆန္းထူး​ေအာင္သတိထားမိသျဖင့္ မ်က္ခုံးတစ္ဖက္ပင့္ကာ သူရအကၤ်ီကို ဆြဲကိုင္ၿပီး...

"မင္း ငါ့ကို ဘယ္လိုၾကည့္လိုက္တာလဲ"

ထိုအခါ မ်က္လႊာကို​ေအာက္ခ်၍ ႏႈတ္ဆိတ္​ေနသည္။ ဆန္းထူး​ေအာင္ ဟက္ခနဲရယ္လိုက္ကာ...

"မင္းနာမည္ဘယ္လို​ေခၚလဲ"

"သူရ​ေအာင္သိန္း"

ျပတ္ျပတ္သားသား ထြက္​ေပၚလာ​ေသာ အသံ။ ဆန္းထူး​ေအာင္မ်က္လုံးမ်ားကို စိုက္ၾကည့္ကာ ​ေျဖသည္။ ဆန္းထူး​ေအာင္ ​ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ဆြဲထား​ေသာအကၤ်ီစကို ​ေဆာင့္ဆြဲကာ နံရံဆီသို႔ တြန္းထုတ္ပစ္လိုက္သည္။ အရွိန္ပါသျဖင့္ သူရနံရံႏွင့္တိုက္မိကာ ၾကမ္းျပင္သို႔လက္​ေထာက္လ်က္ လဲက်သည္။

"သတၱိ​ခဲလုပ္မ​ေနနဲ႕ ငါ့​ေကာင္... ညက် ဂ်င္နရယ္ဆီမွာ -င္ခံနိုင္ဖို႔သာ အား​ေမြးထား"

စီးကရက္တစ္လိပ္ကိုထုတ္ကာ မီးညွိရင္း လက္​ေထာက္လ်က္လဲက်​ေန​ေသာသူရကို​ေျပာကာ အျပင္မွ သံတံခါးကိုျပန္ပိတ္ၿပီး ထြက္ခြာ​သြား​ေတာ့သည္။

သူတို႔ထြက္သြား​ေတာ့ သူရ ထို​ေကာင္​ေလးႏွစ္​ေယာက္နားတိုးလာၿပီး အငယ္​ေလးကို မ်က္ရည္​ေတြသုတ္​ေပးသည္။

"မငိုနဲ႕​ေတာ့​ေနာ္...ဘာမွမျဖစ္ဘူးသိလား မင္းအစ္ကိုလည္းရွိတယ္...ဒီက အစ္ကို​တို႔လည္းရွိတယ္ ဟုတ္ၿပီလား"

ထို႔​ေနာက္ စိုစြတ္​ေန​​ေသာ အုတ္ခင္းၾကမ္းျပင္မွ ကြဲအက္​ေန​ေသာ​ေနရာမ်ားတြင္ ႐ႊံ႕ထ​​ေန​​သျဖင့္ ထို​ေနရာမွ ႐ႊံ႕ဗြက္မ်ားကိုယူကာ ထို​ေကာင္​​ေလးကို မ်က္ႏွာႏွင့္ ခႏၶာကိုယ္အႏွံ႕ သုတ္လိမ္း​ေပးသည္။

"ဒီဂ်ပန္​ေတြက -င္​ေခါင္းက်ယ္တယ္ကြ... ညစ္ညစ္ပတ္ပတ္​ျဖစ္​ေနရင္ မ​ေခၚဘူး...ဒီပုံစံနဲ႕ဆို ဘာပဲျဖစ္ျဖစ္ ​ေခၚလိမ့္မွာမဟုတ္​ဘူး"

ထိုစဥ္ အစ္ကိုျဖစ္သူက ​ေက်းဇူးတင္​ေၾကာင္း​ေျပာသည္။

"ရတယ္ ငါ့ညီတို႔... အခ်င္းခ်င္းကူညီရမွာ​ေပါ့...ဘာပဲျဖစ္ျဖစ္​ေတာင့္ခံထားၾက...အခြင့္ႀကဳံတာနဲ႕ ထြက္ေျပးဖို႔ ငါစဥ္းစားထားတယ္...ဒီအိမ္အ​​ေျခအ​ေနအကုန္လုံး ရသ​ေလာက္အကဲခတ္ရမယ္...မင္းတို႔လည္း တတ္နိုင္သမွ် ႀကိဳးစား​ေပါ့ကြာ... ဒါနဲ႕ နာမည္ဘယ္လို​ေခၚၾကလဲ"

"ကြၽန္​ေတာ္က ဖိုးသားပါ... ကြၽန္​ေတာ့္ညီက ဖိုးဝ"

သူရက ​ေခါင္းတဆတ္ဆတ္ၿငိမ့္ၿပီး သူ႕​ေနရာျဖစ္​ေသာ ​အခန္းေထာင့္တြင္ နံရံကိုမွီၿပီး မ်က္လုံးမ်ားကိုမွိတ္ထားလိုက္သည္။

သူရပုံစံက မည္သူ႕မွ်မေၾကာက္သည့္ပုံ။ မ်က္ႏွာ​ေၾကာခပ္တင္းတင္းႏွင့္ တဇြတ္ထိုးသမား။ ​သူရအဘိုးက နန္း​ေတာ္​​​ေစာင့္တပ္တြင္ အမႈထမ္း​ေဆာင္ဖူးၿပီး အဘိုးဆီမွ ဓါးသိုင္းတုတ္သိုင္းတို႔ကို အ​ေမြရထား​​သည့္အျပင္ အဘိုး၏​ေသြးကလည္း ပါသည္။ ​ေဈးခ်ိဳ​ေတာ္တြင္ ခ်ည္ထည္​ေရာင္း​ေသာအ​​ေမ့ဆိုင္တစ္ဝိုက္ လုယက္မႈမ်ား၊ ခါးပိုက္ႏွိုက္မႈမ်ား ႀကဳံပါက သူရရွိ​​ေနလွ်င္ ​ေျပးမလြတ္။ ဆိုင္အနီးတဝိုက္ရန္ျဖစ္ၿပီဆိုလွ်င္ ​ေတြ႕ရာတုတ္ဆြဲကာ ဝင္ရိုက္သျဖင့္ မုဆိုးမမိခင္ႀကီးက ဂတ္သို႔လာလာထုတ္ရသည္။ အ​ေမတစ္ခု သားတစ္ခု​ေနရ​ေသာဘဝကား ဂ်ပန္တို႔ဗုံးစာတြင္ နိဂုံးခ်ဳပ္ကာ သူရအား တစ္​ေကာင္ႂကြက္ျဖစ္သြား​ေစသည္။

အသားအ​ေရခပ္လတ္လတ္၊ မ်က္ခုံး​ေကာင္း​ေကာင္းႏွင့္ စူးရွ​ေသာအၾကည့္မ်ား​ေၾကာင့္ မၾကာမီ ဂ်န္နရယ္Okuyama၏ သား​ေကာင္က​ေလးျဖစ္သြားရသည္။ အစပိုင္းတြင္ Okuyama၏အလိုကိုဖီဆန္ကာ သူ႕ရဲ႕အဂၤါ ကို ဒူးႏွင့္တိုက္ၿပီး မ်က္ႏွာကိုလက္သီးႏွင့္ တစ္ခ်က္ထိုးဖူးသျဖင့္ Haruki၏ လက္ဆျပင္း​ေသာ ႀကိမ္လုံးဒဏ္အခ်က္၃၀တိတိ ခံဖူးသည္။

​ႀကိမ္ဒဏ္ခံၿပီး​ေနာက္ရက္တြင္ဘာမွမျဖစ္ခဲ့သလို မ်က္ႏွာထားတင္းတင္းႏွင့္ ​ေနနိုင္​ေလာက္သည္အထိ သူ႕ရဲ႕ဇက မ​ေသး။

..............

Note: နက္ျဖန္ တစ္ပိုင္းတင္​ေပးဦးမယ္​ေနာ္...ကတိအတိုင္း မ်ားႀကီး​ေပါ့🙄

ဂ်ပန္နာမည္​ေတြကေတာ့ ကြၽန္မသူငယ္ခ်င္း အိုတာကူ​ေကာင္ႀကီးကိုအကူအညီ​ေတာင္းထားတာပါ...ဆို​​ေတာ့ အဆင္​​ေျပမယ္လို႔​ေမွ်ာ္လင့္ပါတယ္😂
သူ႕ကိုသြား​ေမးတုန္းက ဘာလုပ္မလို႔လဲလို႔ျပန္​ေမးတယ္... ဝတၳဳ​ေရးဖို႔လို႔လည္း​ေျဖလိုက္​ေရာ messengerထဲက​ေန ရယ္သံပါၾကားရတဲ့အထိပဲ ဒင္းအျပင္မွာ ခြက္ခြက္လန္ရယ္​ေနတာ ခံစား​ေနရတယ္ရယ္☹😒
သူငယ္ခ်င္း​ေတြက စာ​ေရးတာကို အဲ​ေလာက္ထိအား​ေပးတာသာၾကည့္🙄

ဆို​ေတာ့ နည္းနည္းရင္ဖြင့္ဦးမယ္☹
မ​ေန႕ကဆို အားငယ္​ေနတာ...
​ေရးသာ​ေရးရတယ္ တိုင္ပင္ေဖာ္မရွိ...ကူညီ​ေပးမဲ့သူမရွိ...မတင္ခင္ ဖတ္​​ေပးမဲ့သူလည္းမရွိနဲ႕...
တကယ္ အားငယ္မိတယ္...
တခါတ​ေလဆက္​ေတာင္မလုပ္ခ်င္​ေတာ့တဲ့အထိပဲ...

ဒါ​ေၾကာင့္ တစ္​ေယာက္ျဖစ္​ေစ ႏွစ္​ေယာက္ျဖစ္​ေစ ရွင္တို႔စာဖတ္သူ​ေတြဆီက vote​ေလးရရင္ feedback​ေလးရရင္ကို ​ေပ်ာ္ျမဴး​ေနမိတာ...
အားငယ္​​ေနတာမွန္​ေပမဲ့ ရွင္တို႔​ေလး​ေတြရွိ​ေသးတာပဲဆိုၿပီး အားျပန္ျဖစ္​ေစပါတယ္ရွင္...
ဒါ​ေၾကာင့္ ထပ္ၿပီး​ေက်းဇူးတင္ခ်င္တယ္❣

ဘြား😘
© Zinc ,
книга «The End of a Cruel Circle».
Коментарі