အမှာစာ / အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 5
Unicode...

ညဘက် ဂျန်နရယ်၏ ကိစ္စဝိစ္စများပြီးစီး​သောအခါ ရံဖန်ရံခါများတွင် ဆန်းထူး​အောင် အိမ်သို့ပြန်တတ်သည်။ သူတို့​နေအိမ်ကလည်း ဂျန်နရယ်၏​ဘေးချင်းကပ် နှစ်ထပ်တိုက်လေးဖြစ်သည်။ မီး​လောင်ဒဏ်​ကြောင့် အနည်းငယ်ပျက်စီး​နေ​သော အိမ်​​ရှေ့မျက်နှာစာကို ပြုပြင်၍ ​နေထိုင်ခြင်းဖြစ်သည်။

သော့ခတ်ထား​သောအိမ်တံခါးကို ​သော့အပိုဖြင့်ဖွင့်ဝင်သည်။ အိမ်ထဲသို့ဝင်ဝင်ချင်း ဘွတ်ဖိနပ်ကိုချွတ်ပြီး ​သူ၏​ခြောက်လုံးပြူးကို အိမ်​ရှေ့ဧည့်ခန်း၏စတီခုံ​အောက်တွင်ထည့်သည်။ စတီခုံတွင် ​ခြေချိတ်ထိုင်ရင်း မိန်းမဖြစ်သူကိုလှမ်း​ခေါ်​လေသည်။

"ခင်​ထွေး​ရေ... ဒီ​နေ့ဘာချက်လဲ"

မခင်​ထွေးက အိမ်အ​နောက်မှထွက်လာပြီး

"​​​ဟောတော့ အစ်ကိုဆန်း ပြန်လာတာလား...
ဒီ​နေ့ အစ်ကိုပြန်မလာဘူးထင်လို့ ​ကောင်း​ကောင်းမွန်မွန်ချက်မထားဘူးရှင့် ဘဲဥဟင်းနဲ့ တမာရွက်ပြုတ်ပဲရှိတယ်"

"ခင်​ထွေး​ကော စားပြီးပလား"

"စား​ပြီး​ကော​ပေါ့ရှင်...မိုး​တောင်အ​တော်ချုပ်​နေပြီပဲ"

"ကဲ ဒါဆိုလည်း မ​ကောင်းမမွန် ဘဲဥဟင်းနဲ့ပဲ ထမင်းဝိုင်းပြင်ကွာ "

ခင်​ထွေး၏ပါး​တစ်ဖက်ကိုဖဲ့လိုက်ကာ ထိုင်​နေရာမှထပြီးမီးဖို​ချောင်သို့ ဝင်ကာ ထမင်းဝိုင်းတွင် ထိုင်သည်။

"ခင်​ထွေး အစ်ကိုမရှိဘူးဆိုပြီး ဟင်း​ကောင်းချက်မစားဘူးထင်ရဲ့ ....တို့မိန်းမ အာဟာရပြတ်သွားမှဖြင့် ​ဟောဒီကအစ်ကိုဆန်း ရင်ကျိုးမှာဗျ"

"အစ်ကိုရယ် ​ခြွေတာနိုင်သမျှ ​ခြွေတာရမယ်​လေ...ခေတ်ကာလက ​ကောင်းတာမှမဟုတ်တာ"

ခင်​ထွေးက ထမင်းခူးရင်း ပြန်​ဖြေသည်။

"ဒါ​တော့ဒါ​ပေါ့...ဒါ​ပေမဲ့ အစ်ကိုဆန်းက သာမန်လူစားမျိုးမှမဟုတ်ဘဲ ခင်​ထွေးရ... စားစမ်းပါ ​​သောက်စမ်းပါ အစ်ကိုရှာနိုင်တယ်"

ထမင်းပန်းကန် ဟင်းပန်းကန်များကို ဆန်းထူး​အောင်​ရှေ့ချ​ပေးပြီး ​ဘေးထိုင်ခုံတွင် ခင်​ထွေး ဝင်ထိုင်ကာ ယပ်​​တောင်တစ်​ချောင်းနှင့် ယပ်ခတ်​ပေး​နေ​လေသည်။

"ရှာသမျှက ရိုးသားတယ်ဆိုရင်​တော့ ​ကောင်းတာ​ပေါ့ အစ်ကိုရယ်"

ဆန်းထူး​အောင် ထမင်းစား​နေရင်းမှရပ်တန့်သွားကာ ခင်​ထွေးကိုကြည့်ပြီး ပြုံးသည်။ ထို့​နောက် စကားမ​ပြော​တော့ဘဲ ထမင်းကိုသာ ငုံ့စား​တော့သည်။ ခင်​ထွေးထံမှ မသိမသာသက်ပြင်းချသံကို​တော့ဖြင့် ဆန်းထူး​အောင် မကြားပါ​ချေ။

အစပိုင်းတွင် ခင်​ထွေးက ဆန်းထူး​အောင်ကို ရွံရှာမုန်းတီးဟန်ပြ​​သော်လည်း ​ဆန်းထူး​အောင်မှာ တစ်ချက်မှသူ့အ​ပေါ် ​ဒေါသထွက်ငြိုငြင်မှုမပြခဲ့။ အိမ်တွင်လည်း ချုပ်ချယ်ခြင်းမရှိဘဲ လွတ်လွတ်လပ်လပ်သာ​နေ​စေသည်။ နောက်ပိုင်းတွင်​တော့ တစ်အိမ်တည်း​နေရသဖြင့် ခင်​ထွေးလည်း မာန်ကို​လျှော့ကာ မယားဝတ္တရား​ကျေပြွန်​အောင် ​နေထိုင်​လေသည်။ သို့​သော် ဆန်းထူး​အောင်ကို​တော့ဖြင့် ချစ်ခြင်း​မေတ္တာအလျင်းမရှိ​ချေ။

ခင်​ထွေးက ကိုဆန်းလုပ်သမျှသိသည်။ ရိပ်မိသည်။ သို့​သော် ဘာမှမတတ်နိုင်ခဲ့။ ​ဈေးထွက်ဝယ်​သောအခါ ​ဈေးသည်တို့အချင်းချင်း ​ပြောကြဆိုကြသည်များကို ကြားသည်။ ထို့​ကြောင့် လူတကာ​ကြောက်ရွံ့မုန်းတီးကြ​သော ဗိုလ်ဆန်းထူး​အောင်၏ဇနီးဟု ကိုယ့်ကိုကိုယ် ဘယ်​သောအခါမှမိတ်မဆက်ဖူး​ချေ။ ဈေးသူ​ဈေးသားတို့အခက်အခဲကိုတတ်နိုင်သမျှကူညီ​ဖြေရှင်းသည့်သ​​ဘောဖြင့် ချွတ်ခြုံကျ​နေ​သော ​ဈေးသူ​ဈေးသားအချို့ကို ဆန်းထူး​အောင်မသိ​အောင် လှူ​ဒါန်းလေ့ရှိသည်။ ​

မြေ​အောက်ခန်းတွင်အဖမ်းခံထားရ​သော ​ကောင်​လေးများကိုလည်း တတ်နိုင်လျှင်လွှတ်​ပေးလိုက်ချင်သည်။ သို့​သော် သူ့ဘဝကား အိမ်မှုကိစ္စနှင့် လင်​ယောကျ်ား​ဝေယျဝစ္စတို့သာ​ဆောင်ရွက်ရသော မိန်းမသားတစ်​​​ယောက်သာ။ သူကိုယ်တိုင်သည်လည်း အကျဥ်းကျ​နေသကဲ့သို့ပင်။ ထို့​ကြောင့် ဂျပန်တို့နှင့် ဆန်းထူး​အောင်လုပ်သမျှ တခြားမြို့သူမြို့သားများကဲ့သို့ပင် ​ဘေးကသာထိုင်ကြည့်နိုင်သည်။

............

"ဒီ​​ကောင်​လေးကို သီးသန့်​နေရာ စီစဥ်​ပေးလိုက်....
ဂျင်နရယ့်အကြိုက်ပုံစံပဲကွ... ဒီဂျပန်ကြီး​တော်​တော်သ​​ဘောကျမှာမြင်​ယောင်တယ်"

အ​မှောင်ခန်းထဲသို့ အလင်း​ရောင်ဖျဖျနှင့်အတူ အသံစူးစူးကတိုးဝင်လာတာ​ကြောင့် အကျဥ်းခန်းထဲမှ ​ကောင်​လေးတို့ လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ထပ်မံ​ခေါ်​ဆောင်လာ​​သော​ကောင်​လေးက ​ခေါင်းကိုငုံ့ထားကာ သူ့ခန္ဓာကိုပင် အနိုင်နိုင်သယ်​နေရသည်။ ထို့​နောက် ​နောက်လိုက်တစ်​ယောက်က ထို​ကောင်​လေးကို အကျဥ်းခန်းတွင်မထည့်။ အခန်းနှင့်ကပ်လျက်တွင် အိပ်ရာခင်းကို​သေချာခင်း​ပေး​နေသည်။

ခါတိုင်းထို​နေရာက သူတို့မဟုတ်တာလုပ်လျှင် အပြစ်​ပေးသည့်​နေရာဖြစ်သဖြင့် နံရံတွင် သံကြိုးများချိတ်ဆွဲရန် အသင့်လုပ်ထား​လေသည်။ ထို​ကောင်​လေးကို အိပ်ရာ​ပေါ်တွန်းချပြီး​နောက် လက်နှစ်ဖက်နှင့် လည်ပင်းတွင် သံကွင်းများကိုစွပ်သည်။ ထို့​နောက် နံရံရှိချည်ကွင်းများတွင် သံကြိုးရှည်များနှင့်တွဲချည်လိုက်သည်။ သံကြိုးရှည်များ​​ကြောင့် ထို​နေရာတစ်ဝိုက်လှုပ်ရှား၍ရ​သော်လည်း အ​ဝေးသို့မသွားနိုင်။ ထို​ကောင်​လေးကလည်း လုပ်သမျှငြိမ်ခံ​နေသည်။ ပြန်ခုခံရန် အားရှိပုံလည်းမ​ပေါ်။

ခဏအကြာ အနှီအုပ်စုထွက်ခွာသွား​တော့ အကျဥ်းခန်းထဲမှလူများက စပ်စပ်စုစုနှင့် ထို​ကောင်​လေးနားကပ်သွားကြသည်။ ​ကောင်​လေးမှာသူတို့ကို​ကျော​ပေးပြီး လဲ​လျောင်း​နေသည်။ သူရက​တော့ နံရံကိုမှီကာ ​မှောင်ရိပ်ထဲတွင် မသဲမကွဲပုံရိပ်များကို လိုက်ကြည့်​နေသည်။

ဖိုးဝက သူရနားချဥ်းကပ်လာပြီး...

"ကိုကြီးသူရ...ဒီ​ကောင်​တော့ ဇိမ်ပဲဗျ၊ အိပ်ရာခင်းအ​ကောင်းစားနဲ့...ကျွန်​တော်​ခေါ်တာ​တောင် လှည့်မကြည့်ဘူး မာနကလည်းကြီးချက်"

"မင်းက အဲလိုဇိမ်နဲ့​နေချင်တာလား လည်ပင်းနဲ့လက်​တွေသံကွင်းစွပ်ပြီး​​တော့လေ"

"ဟာ ကိုကြီးကလည်း...သံကွင်း​တော့ဘယ်စွပ်ချင်မလဲ...အိပ်ရာ​အ​ကောင်းစားပေါ်အိပ်ချင်တယ်ပဲ​ပြောတာ ဟီး"

သူရအသံကျယ်သွားသည်ထင်။ ​ထို​ကောင်​လေးက ကျော​ပေးထားရာမှ လှုပ်လှုပ်ရှားရှားဖြစ်လာကာ သူတို့ဘက်ကို တစ်ချက်လှည့်ကြည့်သည်။ သူရလည်းသူ့ကိုကြည့်​နေသဖြင့် အကြည့်ချင်းဆုံသွားသည်။ ထို့​နောက် ဟိုဘက်ကိုပြန်လှည့်သွား​လေသည်။

သူရမျက်​မှောင်ကြုံ့သွား​လေသည်။ အ​ကြောင်းက ထိုဖြူဖတ်ဖြူ​ရော်မျက်နှာနှင့် နီရဲ​နေ​သောမျက်လုံးများကို​တွေ့လိုက်ရ၍ဖြစ်သည်။ နှုတ်ခမ်းများမှာလည်း ဖြူစုပ်​နေသည်။

ဒီ​ကောင်​လေး ကျန်းမာ​​ရေးမ​ကောင်းဘူးထင်တယ်...

..........

နှစ်ညဆက်တိုက် ဂျန်နရယ်သည် ထို​ကောင်​လေးတစ်​ယောက်တည်းကိုပဲ​ခေါ်​သည်။ သူတို့အားလုံးအသက်ရှူ​​​ချောင်​နေကြ​သော်လည်း ထို​ကောင်​​လေးကို​တော့ ကရုဏာသက်ကြသည်။ ဂျန်နရယ်ဆီကအပြန်တွင်လည်း ချက်ချင်းပင်သံကွင်းစွပ်ကြသည်။ တခြားသူများထက် စား​ကောင်း​သောက်ဖွယ်များ ချထား​ပေး​သော်လည်း အနည်းငယ်သာ စားဝင်သည်ကို သူရရိပ်မိသည်။ ဒီ​နေ့ညတွင်လည်း ထို​ကောင်​​လေးကိုသာ အ​ခေါ်​တော်ရှိသည်တဲ့။

သူရ​​ဒေါသတို့​ပေါက်ကွဲ​​​လေပြီ။

"​တောက်ကွာ... ​ခွေးမျိုး​တွေ"

"ကိုကြီးသူရ...ကြားသွားဦးမယ် အပြင်မ​ရောက်​သေးဘူး သူတို့"

ဖိုးဝက နားနားကပ်ကာ ခပ်တိုးတိုးသတိ​ပေးသည်။

"ကြားကြားကွာ"

ကြားပါသည်။ ဆန်းထူး​အောင် အပြင်ထွက်​နေရာမှရပ်တန့်ကာ သူရဆီသို့ လှမ်းကြည့်သည်။ ​ကောင်​လေးကို ဂျန်နရယ့်ဆီပို့ရန် ​နောက်လိုက်နှစ်​ယောက်ကို အရင်လွှတ်လိုက်ပြီး ကျန်သည့်သူများနှင့် အခန်းတွင်းသို့ ပြန်ဝင်ကြသည်။

"မင်းပဲလား ငါ့​ကောင်...ဘာလဲ ဂျင်နရယ်က မင်းကိုမ​ခေါ်လို့ စိတ်ဆိုး​နေတာလား...
ဟားဟား..."

ရယ်​မောရင်းဖြင့် အ​နောက်မှလူများကို အကျဥ်းခန်းတံခါးသွားဖွင့်ရန် ​မေး​ငေါ့ပြလိုက်သည်။

"အဲ​ကောင့်ကိုဆွဲထုတ်ခဲ့"

လူနှစ်​ယောက်က သူရကိုဆွဲ​ခေါ်လာပြီး ဆန်းထူး​အောင်​ရှေ့တွင် ဒူး​ထောက်ခိုင်းသည်။ ဆန်းထူး​အောင် ဒူးကို​ကွေးလိုက်ပြီး သူရမျက်နှာနားကပ်ကာ...

"ဂျင်နရယ့်ဆီမသွားရလည်း ငါ့ဆီလာလို့ရတယ်...ဘယ်လိုလဲကွ ​ငါ့​ကောင်"

သူရ ​နောက်ပြန်ချုပ်ထား​သောလက်နှစ်ဖက်ကို လွတ်သွား​အောင် ရုန်းသည်။ ​နောက်ကလူနှစ်​ယောက် လန်ကျသွား​လောက်​အောင်ပင် သူရအားက ​လျှော့တွက်လို့မရ။ သူ့ကိုချုပ်ထား​သော လူနှစ်​ယောက်လက်ထဲမှ လွတ်သွားသည်နှင့် ဆန်းထူး​အောင်မျက်နှာကို ထိုးလိုက်သည်။ အငိုက်မိသွားတာ​ကြောင့် တုံ့ပြန်ချိန်မရလိုက်။ ချက်ချင်းပင် ပါးစပ်မှ​သွေးများစီးကျလာသည်။ ဆန်းထူး​အောင် ​သွေးများကိုလက်နှင့်သုတ်ရင်း သူရကိုမျက်လုံးစိမ်းများနှင့် စိုက်ကြည့်သည်။

ထိုစဥ်အ​နောက်မှလူနှစ်​ယောက်ပြန်ထလာပြီး တစ်​ယောက်က သူရနားထင်ကို ​သေနတ်ဖြင့်​ထောက်ထားလိုက်သည်။

"​တော်​တော်ကို မလွယ်တဲ့​ကောင်ပဲကွ...​

ဟေ့​ကောင်​တွေ မင်းတို့ဒီည ဖာတန်းသွားစရာမလို​တော့ဘူးမှတ်...ဒီ​ကောင့်ကို တစ်​ယောက်တစ်လှည့်စီသာ ချကြ ငါ့​ကောင်တို့"

မြေ​အောက်ခန်းတစ်ခန်းလုံး မျက်လုံးပြူး​လေးများနှင့်ကြည့်​နေ​သော အကျဥ်းသားများဆီမှလွဲ၍ ဆိုးဝါးလှ​သောရယ်သံများ ပျံ့လွင့်သွား​တော့သည်။ ထို့​နောက် သူရကိုလည်း တရွတ်တိုက်ဆွဲ​ခေါ်သွား​လေသည်။

မနက်အရုဏ်တက်ချိန်တွင် သူရပြန်​ရောက်လာသည်။ ဖိုးသားနှင့် ဖိုးဝက သူ့နားသို့​ရောက်လာကာ သူတို့​စောင်များကို အိပ်ရသက်သာ​စေရန် အထပ်ထပ် ထပ်၍ခင်း​ပေးသည်။

"ကိုကြီး အဆင်​ပြေရဲ့လား"

ဖိုးဝက​မေးလိုက်ခြင်းဖြစ်သည်။ သူရ​ခေါင်းငြိမ့်ပြကာ အိပ်ရာထက်လှဲရန်ပြင်လိုက်သည်။ တစ်ကိုယ်လုံး အထိမခံနိုင်​လောက်​အောင်နာကျင်လွန်း၍မျက်ရည်ကျချင်​သော်လည်း အံကိုကြိတ်ကာ ​ထိန်းချုပ်ထားသည်။

ခဏအကြာတွင် ညက​ခေါ်သွား​သောကောင်​လေးကိုပြန်လာပို့ကြသည်။ စားစရာ​သောက်စရာများ​ပေးပြီး ပြန်ထွက်သွားကြသည်​။ ထိုစဥ် အိပ်ရန်ပြင်​နေ​သောသူရ ချက်ချင်းထလာပြီး ထို​ကောင်​လေးနားကပ်သွားကာ ​ကျော​ပေးထား​သဖြင့် အသံတိုးတိုးဖြင့်လှမ်း​ခေါ်သည်။

"​ဟေ့...​​ဟေ့ ဒီမှာ... မင်း​နေမ​ကောင်းဘူးမလား"

ထို​ကောင်​လေးက သူ့ဘက်ကိုလှည့်လာသည်။ သူရကိုစိုက်ကြည့်ပြီး ​ခေါင်းငြိမ့်ပြသည်။ သူရတိုင်လုံးများကြားမှ လက်ကိုထုတ်ပြီး နဖူးကိုစမ်းကြည့်သည်။ ​ငွေ့​ငွေ့​လေးဖျား​နေခြင်းပင်။

"ဒါဆို ကိုယ်ခံအား​ကောင်း​အောင်အစာ​တော့ စားရမှာ​ပေါ့ကွ...စားလိုက်ဦး"

သူ့​ဘေးမှ ကြက်စွပ်ပြုတ်ပန်းကန်လုံးကို​မေး​ငေါ့ပြကာ ​ပြောလိုက်သည်။

"ကျွန်​တော် မစားချင်ဘူး"

"ဟာကွာ...မင်း ​ခေါင်းမာမ​နေနဲ့"

"ကျွန်​တော်စွပ်ပြုတ်မကြိုက်ဘူး"

"​သောက်​​ရေးထဲ...မင်း​ရောက်​နေတာ​ဟိုတယ်အ​ကောင်းစားကြီးမဟုတ်ဘူးကွ... ​​ယောကျ်ားဖာတန်း ဟုတ်ပလား"

(ကိုလိုနီ​ခေတ်တည်းက ဟိုတယ်​တွေဘား​တွေက ရှိတယ်​နော်)

​သူရ​ခေါင်းကိုကုတ်ကာ စဥ်းစား​နေသည်။

"​​နေဦး မင်း​ဘေးက နွားနို့ခွက်​ပေးကွာ"

ထို​ကောင်​လေးက သူ​ပြောသလိုယူ​ပေးသည်။ သူရသူ့​နေရာသို့ထသွားပြီး စက္ကူနှင့်ပတ်ထားသည့်​ပေါင်မုန့်ထုပ်ကိုယူလာသည်။ ထို့​နောက် ​ပေါင်မုန့်ကိုအပိုင်း​​သေး​သေး​​လေးများဖဲ့ကာ နွားနို့ခွက်ထဲစိမ်သည်။

"​ရော့ ဒါ​လေး​တော့ဖြစ်​အောင်စား"

ထို​ကောင်​လေးက လှဲ​နေရာမှ နံရံကိုမှီ၍ထထိုင်လိုက်သည်။ ထို့​နောက်နွားနို့ခွက်ကိုကိုင်၍ ကြည့်​နေသည်။

"​​ဟေ့စား​​လေ...ဘာလဲ....မကြိုက်ပြန်ဘူးလား"

"ဟို ဇွန်းမရှိလို့"

သူရသူ့နဖူးကို လက်ဝါးနှင့်ရိုက်ချလိုက်သည်။

"​ဟိုမှာ စွပ်ပြုတ်ထဲကဇွန်း​ပေး"

ခုနက​ပေါင်မုန့်ကိုပတ်ထား​သောစက္ကူစနှင့် ဆီ​ဝေ့​နေ​သောဇွန်းကို​ပြောင်စင်​အောင်သုတ်ကာ လှမ်း​ပေးလိုက်သည်။ ထိုအခါမှ အားရပါးရစားကာ နွားနို့ကိုပင် ​မော့​သောက်​လိုက်​​သေးသည်။ သူရထိုအခါမှ သက်ပြင်းချနိုင်​တော့သည်။

"အားမရှိလို့ ဖျားတာကွ...​ရော့​နွေး​နွေး​ထွေး​ထွေး​နေ...အ​အေးပတ်မခံနဲ့ကြားလား"

သူရ သူ့​စောင်ကို ထို​ကောင်​လေးအား​ ​ပေးလိုက်သည်။ ထို့​နောက် ထို​ကောင်​လေးနှင့်ကပ်လျက်မှာပင် ဒူးနှစ်​ချောင်း​ထောင်ကာနံရံကိုမှီလိုက်သည်။ မာ​ကြော​သောကြမ်းပြင်ထက် ထိုင်ရသည်မှာ အဆင်မ​ပြေလှ​သော်လည်း ထို​ကောင်​​လေးကိုအ​ဖော်အဖြစ်​နေ​ပေးချင်သဖြင့် ကြိတ်မှိတ်ကာ ထိုင်လိုက်ခြင်းဖြစ်သည်။

ထိုစဥ် ဖိုးဝက အသံဆူးဆူး​​လေးဖြင့် သူ့ကိုလှမ်း​အော်ပါသည်။

"ကိုကြီး ဒီမှာလာအိပ်​လေ...ညက"

ဖိုးဝစကားမဆုံးခင် သူရက ဆက်မ​ပြောရန် ပါးစပ်နားတွင်လက်ညှိုး​ထောင်ကာ ​ခေါင်းခါပြသည်။

ထို​ကောင်​လေးက​တော့ နားမလည်​သောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက် ဖိုးဝကိုကြည့်လိုက်နှင့်။ ထို့​နောက် သူ​ပေး​သော​စောင်ကို ခြုံကာ သူရကိုကြည့်ပြီး ပြုံး​နေသည်ကို သူရသတိထားမိသည်။ သို့​သော် ပြန်လှည့်၍ပြုံးမပြ​တော့ပါ။

ထို​နေ့ညတွင် ဂျန်နရယ်နှင့်သူ၏ညာလက်ရုံးတို့ အ​ရေး​ပေါ်အစည်းအ​ဝေး​ကြောင့် ရန်ကုန်သို့ဆင်းသွားသဖြင့် ထိုဂျပန်​တွေမရှိ​သော ​တစ်ပတ်တာက ​မြေ​အောက်ခန်းထဲမှ ​ကောင်က​လေးများအဖို့​တော့ နိဗ္ဗာန်ဘုံသို့ယာယီ​ရောက်သွားချိန်။ ပင်ပန်းမှုဒဏ်မရှိသဖြင့် ထို​ကောင်​လေးကျန်းမာ​​ရေးသည်လည်း ပြန်လည်​ကောင်းမွန်လာခဲ့သည်။ ဤအ​တောအတွင်း သူရနှင့်လည်း ရင်းနှီးလာပြီး အရင်ကအခန်းအစွန်ဆုံးနံရံ​ထောင့်တွင်​နေ​သောသူရက ထို​ကောင်​လေးနဲ့ကပ်လျက်​နေရာသို့ ​ပြောင်းလာခဲ့သည်။

စွပ်ပြုတ်ထက် ​ပေါင်မုန့်ကြမ်းကိုသာသ​ဘောကျ​သော ထို​ကောင်​လေးအ​ကြောင်းသိသည်မို့ သူရကစွပ်ပြုတ်ကို​သောက်ကာ သူ့​ပေါင်မုန့်များကို နွားနို့ထဲနှစ်​ပေးသည့်အလုပ်ကို အစာစားချိန်တိုင်းလုပ်​​ပေးရ​လေသည်။

တစ်ညတွင်....

"သူရ သူရ မင်းမအိပ်​သေးဘူးမလား"

​​လေသံကိုတိုးနိုင်သမျှတိုးကာ ​​တိုင်ခြား​သော​ဘေးနားတွင် ပက်လက်အိပ်​နေ​သော သူရကိုလှမ်း​ပြောသည်။ သူရက သူ့ဘက်လှည့်ကာ...

"ဘာလို့လဲ အိပ်မ​ပျော်လို့လား"

"အင်း"

သူရက တစ်ချက်ပြုံးလိုက်ကာ...

"ဘာလဲ မင်းငယ်ငယ်ကလို အိပ်ရာဝင်ပုံ​ပြော​ပေးတဲ့ အထိန်း​တော်ကြီးလုပ်​ပေးရမှာလား"

သူရက ရွှတ်​နောက်​နောက်ပြန်​ပြော​တော့ သွားများ​ပေါ်သည်အထိ ရယ်ပြသည်။

"မဟုတ်ပါဘူး...မင်းလည်းမအိပ်​သေးတာသိရရင် အ​ဖော်ရတာ​ပေါ့ အဲဒါ​ကြောင့်"

​ပြောပြီးသည်နှင့် ပက်လက်လှန်ကာ အခန်းမျက်နှာကြက်ကိုကြည့်​နေသည်။ သူရက​တော့ ​​​မှောင်​မိုက်​နေ​သောအခန်းထဲမှ မြင်ရ​သော ဝိုးတဝါးမျက်နှာ​လေးကို စိုက်ကြည့်​နေသည်။ ဖြူ​ဖွေး​နေ​သော လည်ပင်းနှင့် လက်များရှိ သံကွင်းများက ကျက်သ​ရေမင်္ဂလာကိုမရှိ။

သူတို့မိတ်ဆက်ကြတုန်းက ထို​ကောင်​လေးသည် နန်းတွင်း အတွင်းဝန်ဦးဖိုးလှိုင်၏လူယုံတပည့်တစ်ဦး၏ မျိုးဆက်ဖြစ်သည်ဟုဆိုသည်။ ငယ်စဥ်က ခမ်းကြီးနားကြီးနေခဲ့ရသဖြင့် ​လောကဓံရိုက်ခတ်မှုဒဏ်ခံနိုင်ရည်မရှိသည်မှာ မဆန်းကြယ်​တော့။ ဂျပန်ဗုံးကျဲပြီးသည့်​နောက် ​ဆွေမျိုးတို့ရှိ​သော လွိုင်လင်ဘက်​​ရှောင်​ပြေးရန် ကြံရွယ်ခဲ့ကြ​​သော်လည်း ကံဆိုးစွာ လူစုကွဲပြီး မန္တ​လေးတွင် ကျန်ရစ်ခဲ့သည်။ ရှာ​ဖွေရန်ကြိုးစားခိုင်း​သော်လည်း အခွင့်မသာသဖြင့် မိခင်ကြီးမှာ ရင်ကွဲစွာနှင့် ချန်ထားခဲ့ရ​တော့သည်။ ကိုယ့်မြို့မှာတင် ​သောင်တင်​နေ​​သော လူကုံထံ​​လေးအား ဆန်းထူး​အောင်တို့က ရှာ​ဖွေ​တွေ့ရှိသွားကြခြင်း။

တစ်ပတ်ကြာ​သောအခါ ဂျန်နရယ်တို့ပြန်​ရောက်ပြီဟူ​သောသတင်း​ကြောင့် အားလုံးတုန်လှုပ်သွားကြသည်။ ည​​မှောင်ရီပျိုးချိန်တွင် သံတံခါးဖွင့်သံနှင့်အတူ အိပ်မက်ဆိုးကြီး ဝင်​ရောက်လာသည်။

"​ဟေ့ ​ဖြူစုပ်စုပ်​​ကောင်​လေး...
ဂျင်နရယ်က မင့်ပဲတဲ့ကွ... မင်း​တော့ ကံ​ကောင်းသကွာ"

ဆန်းထူး​အောင်အသံဆုံးသည်နှင့် ​နောက်လိုက်များက သံကြိုးကွင်းများကို​ဖြေ​နေကြသည်။ သူရက​တော့ သံတိုင်များကိုကျစ်ကျစ်ပါ​အောင်ဆုပ်ကိုင်ကာ ​ဒေါသတို့အပြင်လျှံမထွက်​စေရန် ထိန်းထားရသည်။ ထို့​နောက် သူ့လက်များကိုဆုပ်ကိုင်ကာ အား​ပေးမိသည်။ သူလည်း ဘာမှမတတ်နိုင်​ချေ။

"အဆင်​ပြေသွားမှာပါ"

ထို​ကောင်​လေးက သူ့ကိုကြည့်ကာ ​ပြုံးရင်း​ခေါင်းငြိမ့်ပြသည်။ ​​နောက်လိုက်များက ထို​ကောင်​လေးကိုဆွဲထူလိုက်သည်။

"​နေဦး​ကောင်​လေး...မင်းကို ဂျင်နရယ်က တော်​တော့်ကို သ​​ဘော​တွေ့​နေတာပဲ...​ကောင်း​ကောင်းပြုစု​ပေးလိုက်ကြားလား"

​ကောင်​လေးက ​ခေါင်းငြိမ့်သည်။

"မင်းနာမည်​ပြောထားစမ်း...​ဂျပန်ကြီးရဲ့အချစ်​တော်​​လေးနာမည်သိထားရမ​ပေါ့"

​ကောင်​လေးက ဆန်းထူး​အောင်ကို​မော့ကြည့်ကာ အသံခပ်တိုးတိုးနှင့် ​ပြန်​ဖြေသည်။

"သက်​မော်ဦး"

.............

See you next week❣
ဒီတစ်ပိုင်းက အရမ်းများသွားတယ်​နော့😏❣

~~~~~~~~~~~~~~~~~~~~

Zawgyi...

ညဘက္ ဂ်န္နရယ္၏ ကိစၥဝိစၥမ်ားၿပီးစီး​ေသာအခါ ရံဖန္ရံခါမ်ားတြင္ ဆန္းထူး​ေအာင္ အိမ္သို႔ျပန္တတ္သည္။ သူတို႔​ေနအိမ္ကလည္း ဂ်န္နရယ္၏​ေဘးခ်င္းကပ္ ႏွစ္ထပ္တိုက္ေလးျဖစ္သည္။ မီး​ေလာင္ဒဏ္​ေၾကာင့္ အနည္းငယ္ပ်က္စီး​ေန​ေသာ အိမ္​​ေရွ႕မ်က္ႏွာစာကို ျပဳျပင္၍ ​ေနထိုင္ျခင္းျဖစ္သည္။

ေသာ့ခတ္ထား​ေသာအိမ္တံခါးကို ​ေသာ့အပိုျဖင့္ဖြင့္ဝင္သည္။ အိမ္ထဲသို႔ဝင္ဝင္ခ်င္း ဘြတ္ဖိနပ္ကိုခြၽတ္ၿပီး ​သူ၏​ေျခာက္လုံးျပဴးကို အိမ္​ေရွ႕ဧည့္ခန္း၏စတီခုံ​ေအာက္တြင္ထည့္သည္။ စတီခုံတြင္ ​ေျခခ်ိတ္ထိုင္ရင္း မိန္းမျဖစ္သူကိုလွမ္း​ေခၚ​ေလသည္။

"ခင္​ေထြး​ေရ... ဒီ​ေန႕ဘာခ်က္လဲ"

မခင္​ေထြးက အိမ္အ​ေနာက္မွထြက္လာၿပီး

"​​​ေဟာေတာ့ အစ္ကိုဆန္း ျပန္လာတာလား...
ဒီ​ေန႕ အစ္ကိုျပန္မလာဘူးထင္လို႔ ​ေကာင္း​ေကာင္းမြန္မြန္ခ်က္မထားဘူးရွင့္ ဘဲဥဟင္းနဲ႕ တမာ႐ြက္ျပဳတ္ပဲရွိတယ္"

"ခင္​ေထြး​ေကာ စားၿပီးပလား"

"စား​ၿပီး​ေကာ​ေပါ့ရွင္...မိုး​ေတာင္အ​ေတာ္ခ်ဳပ္​ေနၿပီပဲ"

"ကဲ ဒါဆိုလည္း မ​ေကာင္းမမြန္ ဘဲဥဟင္းနဲ႕ပဲ ထမင္းဝိုင္းျပင္ကြာ "

ခင္​ေထြး၏ပါး​တစ္ဖက္ကိုဖဲ့လိုက္ကာ ထိုင္​ေနရာမွထၿပီးမီးဖို​ေခ်ာင္သို႔ ဝင္ကာ ထမင္းဝိုင္းတြင္ ထိုင္သည္။

"ခင္​ေထြး အစ္ကိုမရွိဘူးဆိုၿပီး ဟင္း​ေကာင္းခ်က္မစားဘူးထင္ရဲ႕ ....တို႔မိန္းမ အာဟာရျပတ္သြားမွျဖင့္ ​ေဟာဒီကအစ္ကိုဆန္း ရင္က်ိဳးမွာဗ်"

"အစ္ကိုရယ္ ​ေႁခြတာနိုင္သမွ် ​ေႁခြတာရမယ္​ေလ...ေခတ္ကာလက ​ေကာင္းတာမွမဟုတ္တာ"

ခင္​ေထြးက ထမင္းခူးရင္း ျပန္​ေျဖသည္။

"ဒါ​ေတာ့ဒါ​ေပါ့...ဒါ​ေပမဲ့ အစ္ကိုဆန္းက သာမန္လူစားမ်ိဳးမွမဟုတ္ဘဲ ခင္​ေထြးရ... စားစမ္းပါ ​​ေသာက္စမ္းပါ အစ္ကိုရွာနိုင္တယ္"

ထမင္းပန္းကန္ ဟင္းပန္းကန္မ်ားကို ဆန္းထူး​ေအာင္​ေရွ႕ခ်​ေပးၿပီး ​ေဘးထိုင္ခုံတြင္ ခင္​ေထြး ဝင္ထိုင္ကာ ယပ္​​ေတာင္တစ္​ေခ်ာင္းႏွင့္ ယပ္ခတ္​ေပး​ေန​ေလသည္။

"ရွာသမွ်က ရိုးသားတယ္ဆိုရင္​ေတာ့ ​ေကာင္းတာ​ေပါ့ အစ္ကိုရယ္"

ဆန္းထူး​ေအာင္ ထမင္းစား​ေနရင္းမွရပ္တန့္သြားကာ ခင္​ေထြးကိုၾကည့္ၿပီး ၿပဳံးသည္။ ထို႔​ေနာက္ စကားမ​ေျပာ​ေတာ့ဘဲ ထမင္းကိုသာ ငုံ႕စား​ေတာ့သည္။ ခင္​ေထြးထံမွ မသိမသာသက္ျပင္းခ်သံကို​ေတာ့ျဖင့္ ဆန္းထူး​ေအာင္ မၾကားပါ​ေခ်။

အစပိုင္းတြင္ ခင္​ေထြးက ဆန္းထူး​ေအာင္ကို ႐ြံရွာမုန္းတီးဟန္ျပ​​ေသာ္လည္း ​ဆန္းထူး​ေအာင္မွာ တစ္ခ်က္မွသူ႕အ​ေပၚ ​ေဒါသထြက္ၿငိဳျငင္မႈမျပခဲ့။ အိမ္တြင္လည္း ခ်ဳပ္ခ်ယ္ျခင္းမရွိဘဲ လြတ္လြတ္လပ္လပ္သာ​ေန​ေစသည္။ ေနာက္ပိုင္းတြင္​ေတာ့ တစ္အိမ္တည္း​ေနရသျဖင့္ ခင္​ေထြးလည္း မာန္ကို​ေလွ်ာ့ကာ မယားဝတၱရား​ေက်ႁပြန္​ေအာင္ ​ေနထိုင္​ေလသည္။ သို႔​ေသာ္ ဆန္းထူး​ေအာင္ကို​ေတာ့ျဖင့္ ခ်စ္ျခင္း​ေမတၱာအလ်င္းမရွိ​ေခ်။

ခင္​ေထြးက ကိုဆန္းလုပ္သမွ်သိသည္။ ရိပ္မိသည္။ သို႔​ေသာ္ ဘာမွမတတ္နိုင္ခဲ့။ ​ေဈးထြက္ဝယ္​ေသာအခါ ​ေဈးသည္တို႔အခ်င္းခ်င္း ​ေျပာၾကဆိုၾကသည္မ်ားကို ၾကားသည္။ ထို႔​ေၾကာင့္ လူတကာ​ေၾကာက္႐ြံ႕မုန္းတီးၾက​ေသာ ဗိုလ္ဆန္းထူး​ေအာင္၏ဇနီးဟု ကိုယ့္ကိုကိုယ္ ဘယ္​ေသာအခါမွမိတ္မဆက္ဖူး​ေခ်။ ေဈးသူ​ေဈးသားတို႔အခက္အခဲကိုတတ္နိုင္သမွ်ကူညီ​ေျဖရွင္းသည့္သ​​ေဘာျဖင့္ ခြၽတ္ၿခဳံက်​ေန​ေသာ ​ေဈးသူ​ေဈးသားအခ်ိဳ႕ကို ဆန္းထူး​ေအာင္မသိ​ေအာင္ လႉ​ဒါန္းေလ့ရွိသည္။ ​

ေျမ​ေအာက္ခန္းတြင္အဖမ္းခံထားရ​ေသာ ​ေကာင္​ေလးမ်ားကိုလည္း တတ္နိုင္လွ်င္လႊတ္​ေပးလိုက္ခ်င္သည္။ သို႔​ေသာ္ သူ႕ဘဝကား အိမ္မႈကိစၥႏွင့္ လင္​ေယာက်္ား​ေဝယ်ဝစၥတို႔သာ​ေဆာင္႐ြက္ရေသာ မိန္းမသားတစ္​​​ေယာက္သာ။ သူကိုယ္တိုင္သည္လည္း အက်ဥ္းက်​ေနသကဲ့သို႔ပင္။ ထို႔​ေၾကာင့္ ဂ်ပန္တို႔ႏွင့္ ဆန္းထူး​ေအာင္လုပ္သမွ် တျခားၿမိဳ႕သူၿမိဳ႕သားမ်ားကဲ့သို႔ပင္ ​ေဘးကသာထိုင္ၾကည့္နိုင္သည္။

............

"ဒီ​​ေကာင္​ေလးကို သီးသန့္​ေနရာ စီစဥ္​ေပးလိုက္....
ဂ်င္နရယ့္အႀကိဳက္ပုံစံပဲကြ... ဒီဂ်ပန္ႀကီး​ေတာ္​ေတာ္သ​​ေဘာက်မွာျမင္​ေယာင္တယ္"

အ​ေမွာင္ခန္းထဲသို႔ အလင္း​ေရာင္ဖ်ဖ်ႏွင့္အတူ အသံစူးစူးကတိုးဝင္လာတာ​ေၾကာင့္ အက်ဥ္းခန္းထဲမွ ​ေကာင္​ေလးတို႔ လႈပ္လႈပ္ရွားရွားျဖစ္လာၾကသည္။ ထပ္မံ​ေခၚ​ေဆာင္လာ​​ေသာ​ေကာင္​ေလးက ​ေခါင္းကိုငုံ႕ထားကာ သူ႕ခႏၶာကိုပင္ အနိုင္နိုင္သယ္​ေနရသည္။ ထို႔​ေနာက္ ​ေနာက္လိုက္တစ္​ေယာက္က ထို​ေကာင္​ေလးကို အက်ဥ္းခန္းတြင္မထည့္။ အခန္းႏွင့္ကပ္လ်က္တြင္ အိပ္ရာခင္းကို​ေသခ်ာခင္း​ေပး​ေနသည္။

ခါတိုင္းထို​ေနရာက သူတို႔မဟုတ္တာလုပ္လွ်င္ အျပစ္​ေပးသည့္​ေနရာျဖစ္သျဖင့္ နံရံတြင္ သံႀကိဳးမ်ားခ်ိတ္ဆြဲရန္ အသင့္လုပ္ထား​ေလသည္။ ထို​ေကာင္​ေလးကို အိပ္ရာ​ေပၚတြန္းခ်ၿပီး​ေနာက္ လက္ႏွစ္ဖက္ႏွင့္ လည္ပင္းတြင္ သံကြင္းမ်ားကိုစြပ္သည္။ ထို႔​ေနာက္ နံရံရွိခ်ည္ကြင္းမ်ားတြင္ သံႀကိဳးရွည္မ်ားႏွင့္တြဲခ်ည္လိုက္သည္။ သံႀကိဳးရွည္မ်ား​​ေၾကာင့္ ထို​ေနရာတစ္ဝိုက္လႈပ္ရွား၍ရ​ေသာ္လည္း အ​ေဝးသို႔မသြားနိုင္။ ထို​ေကာင္​ေလးကလည္း လုပ္သမွ်ၿငိမ္ခံ​ေနသည္။ ျပန္ခုခံရန္ အားရွိပုံလည္းမ​ေပၚ။

ခဏအၾကာ အႏွီအုပ္စုထြက္ခြာသြား​ေတာ့ အက်ဥ္းခန္းထဲမွလူမ်ားက စပ္စပ္စုစုႏွင့္ ထို​ေကာင္​ေလးနားကပ္သြားၾကသည္။ ​ေကာင္​ေလးမွာသူတို႔ကို​ေက်ာ​ေပးၿပီး လဲ​ေလ်ာင္း​ေနသည္။ သူရက​ေတာ့ နံရံကိုမွီကာ ​ေမွာင္ရိပ္ထဲတြင္ မသဲမကြဲပုံရိပ္မ်ားကို လိုက္ၾကည့္​ေနသည္။

ဖိုးဝက သူရနားခ်ဥ္းကပ္လာၿပီး...

"ကိုႀကီးသူရ...ဒီ​ေကာင္​ေတာ့ ဇိမ္ပဲဗ်၊ အိပ္ရာခင္းအ​ေကာင္းစားနဲ႕...ကြၽန္​ေတာ္​ေခၚတာ​ေတာင္ လွည့္မၾကည့္ဘူး မာနကလည္းႀကီးခ်က္"

"မင္းက အဲလိုဇိမ္နဲ႕​ေနခ်င္တာလား လည္ပင္းနဲ႕လက္​ေတြသံကြင္းစြပ္ၿပီး​​ေတာ့ေလ"

"ဟာ ကိုႀကီးကလည္း...သံကြင္း​ေတာ့ဘယ္စြပ္ခ်င္မလဲ...အိပ္ရာ​အ​ေကာင္းစားေပၚအိပ္ခ်င္တယ္ပဲ​ေျပာတာ ဟီး"

သူရအသံက်ယ္သြားသည္ထင္။ ​ထို​ေကာင္​ေလးက ေက်ာ​ေပးထားရာမွ လႈပ္လႈပ္ရွားရွားျဖစ္လာကာ သူတို႔ဘက္ကို တစ္ခ်က္လွည့္ၾကည့္သည္။ သူရလည္းသူ႕ကိုၾကည့္​ေနသျဖင့္ အၾကည့္ခ်င္းဆုံသြားသည္။ ထို႔​ေနာက္ ဟိုဘက္ကိုျပန္လွည့္သြား​ေလသည္။

သူရမ်က္​ေမွာင္ႀကဳံ႕သြား​ေလသည္။ အ​ေၾကာင္းက ထိုျဖဴဖတ္ျဖဴ​ေရာ္မ်က္ႏွာႏွင့္ နီရဲ​ေန​ေသာမ်က္လုံးမ်ားကို​ေတြ႕လိုက္ရ၍ျဖစ္သည္။ ႏႈတ္ခမ္းမ်ားမွာလည္း ျဖဴစုပ္​ေနသည္။

ဒီ​ေကာင္​ေလး က်န္းမာ​​ေရးမ​ေကာင္းဘူးထင္တယ္...

..........

ႏွစ္ညဆက္တိုက္ ဂ်န္နရယ္သည္ ထို​ေကာင္​ေလးတစ္​ေယာက္တည္းကိုပဲ​ေခၚ​သည္။ သူတို႔အားလုံးအသက္ရႉ​​​ေခ်ာင္​ေနၾက​ေသာ္လည္း ထို​ေကာင္​​ေလးကို​ေတာ့ က႐ုဏာသက္ၾကသည္။ ဂ်န္နရယ္ဆီကအျပန္တြင္လည္း ခ်က္ခ်င္းပင္သံကြင္းစြပ္ၾကသည္။ တျခားသူမ်ားထက္ စား​ေကာင္း​ေသာက္ဖြယ္မ်ား ခ်ထား​ေပး​ေသာ္လည္း အနည္းငယ္သာ စားဝင္သည္ကို သူရရိပ္မိသည္။ ဒီ​ေန႕ညတြင္လည္း ထို​ေကာင္​​ေလးကိုသာ အ​ေခၚ​ေတာ္ရွိသည္တဲ့။

သူရ​​ေဒါသတို႔​ေပါက္ကြဲ​​​ေလၿပီ။

"​ေတာက္ကြာ... ​ေခြးမ်ိဳး​ေတြ"

"ကိုႀကီးသူရ...ၾကားသြားဦးမယ္ အျပင္မ​ေရာက္​ေသးဘူး သူတို႔"

ဖိုးဝက နားနားကပ္ကာ ခပ္တိုးတိုးသတိ​ေပးသည္။

"ၾကားၾကားကြာ"

ၾကားပါသည္။ ဆန္းထူး​ေအာင္ အျပင္ထြက္​ေနရာမွရပ္တန့္ကာ သူရဆီသို႔ လွမ္းၾကည့္သည္။ ​ေကာင္​ေလးကို ဂ်န္နရယ့္ဆီပို႔ရန္ ​ေနာက္လိုက္ႏွစ္​ေယာက္ကို အရင္လႊတ္လိုက္ၿပီး က်န္သည့္သူမ်ားႏွင့္ အခန္းတြင္းသို႔ ျပန္ဝင္ၾကသည္။

"မင္းပဲလား ငါ့​ေကာင္...ဘာလဲ ဂ်င္နရယ္က မင္းကိုမ​ေခၚလို႔ စိတ္ဆိုး​ေနတာလား...
ဟားဟား..."

ရယ္​ေမာရင္းျဖင့္ အ​ေနာက္မွလူမ်ားကို အက်ဥ္းခန္းတံခါးသြားဖြင့္ရန္ ​ေမး​ေငါ့ျပလိုက္သည္။

"အဲ​ေကာင့္ကိုဆြဲထုတ္ခဲ့"

လူႏွစ္​ေယာက္က သူရကိုဆြဲ​ေခၚလာၿပီး ဆန္းထူး​ေအာင္​ေရွ႕တြင္ ဒူး​ေထာက္ခိုင္းသည္။ ဆန္းထူး​ေအာင္ ဒူးကို​ေကြးလိုက္ၿပီး သူရမ်က္ႏွာနားကပ္ကာ...

"ဂ်င္နရယ့္ဆီမသြားရလည္း ငါ့ဆီလာလို႔ရတယ္...ဘယ္လိုလဲကြ ​ငါ့​ေကာင္"

သူရ ​ေနာက္ျပန္ခ်ဳပ္ထား​ေသာလက္ႏွစ္ဖက္ကို လြတ္သြား​ေအာင္ ႐ုန္းသည္။ ​ေနာက္ကလူႏွစ္​ေယာက္ လန္က်သြား​ေလာက္​ေအာင္ပင္ သူရအားက ​ေလွ်ာ့တြက္လို႔မရ။ သူ႕ကိုခ်ဳပ္ထား​ေသာ လူႏွစ္​ေယာက္လက္ထဲမွ လြတ္သြားသည္ႏွင့္ ဆန္းထူး​ေအာင္မ်က္ႏွာကို ထိုးလိုက္သည္။ အငိုက္မိသြားတာ​ေၾကာင့္ တုံ႕ျပန္ခ်ိန္မရလိုက္။ ခ်က္ခ်င္းပင္ ပါးစပ္မွ​ေသြးမ်ားစီးက်လာသည္။ ဆန္းထူး​ေအာင္ ​ေသြးမ်ားကိုလက္ႏွင့္သုတ္ရင္း သူရကိုမ်က္လုံးစိမ္းမ်ားႏွင့္ စိုက္ၾကည့္သည္။

ထိုစဥ္အ​ေနာက္မွလူႏွစ္​ေယာက္ျပန္ထလာၿပီး တစ္​ေယာက္က သူရနားထင္ကို ​ေသနတ္ျဖင့္​ေထာက္ထားလိုက္သည္။

"​ေတာ္​ေတာ္ကို မလြယ္တဲ့​ေကာင္ပဲကြ...​

ေဟ့​ေကာင္​ေတြ မင္းတို႔ဒီည ဖာတန္းသြားစရာမလို​ေတာ့ဘူးမွတ္...ဒီ​ေကာင့္ကို တစ္​ေယာက္တစ္လွည့္စီသာ ခ်ၾက ငါ့​ေကာင္တို႔"

ေျမ​ေအာက္ခန္းတစ္ခန္းလုံး မ်က္လုံးျပဴး​ေလးမ်ားႏွင့္ၾကည့္​ေန​ေသာ အက်ဥ္းသားမ်ားဆီမွလြဲ၍ ဆိုးဝါးလွ​ေသာရယ္သံမ်ား ပ်ံ့လြင့္သြား​ေတာ့သည္။ ထို႔​ေနာက္ သူရကိုလည္း တ႐ြတ္တိုက္ဆြဲ​ေခၚသြား​ေလသည္။

မနက္အ႐ုဏ္တက္ခ်ိန္တြင္ သူရျပန္​ေရာက္လာသည္။ ဖိုးသားႏွင့္ ဖိုးဝက သူ႕နားသို႔​ေရာက္လာကာ သူတို႔​ေစာင္မ်ားကို အိပ္ရသက္သာ​ေစရန္ အထပ္ထပ္ ထပ္၍ခင္း​ေပးသည္။

"ကိုႀကီး အဆင္​ေျပရဲ႕လား"

ဖိုးဝက​ေမးလိုက္ျခင္းျဖစ္သည္။ သူရ​ေခါင္းၿငိမ့္ျပကာ အိပ္ရာထက္လွဲရန္ျပင္လိုက္သည္။ တစ္ကိုယ္လုံး အထိမခံနိုင္​ေလာက္​ေအာင္နာက်င္လြန္း၍မ်က္ရည္က်ခ်င္​ေသာ္လည္း အံကိုႀကိတ္ကာ ​ထိန္းခ်ဳပ္ထားသည္။

ခဏအၾကာတြင္ ညက​ေခၚသြား​ေသာေကာင္​ေလးကိုျပန္လာပို႔ၾကသည္။ စားစရာ​ေသာက္စရာမ်ား​ေပးၿပီး ျပန္ထြက္သြားၾကသည္​။ ထိုစဥ္ အိပ္ရန္ျပင္​ေန​ေသာသူရ ခ်က္ခ်င္းထလာၿပီး ထို​ေကာင္​ေလးနားကပ္သြားကာ ​ေက်ာ​ေပးထား​သျဖင့္ အသံတိုးတိုးျဖင့္လွမ္း​ေခၚသည္။

"​ေဟ့...​​ေဟ့ ဒီမွာ... မင္း​ေနမ​ေကာင္းဘူးမလား"

ထို​ေကာင္​ေလးက သူ႕ဘက္ကိုလွည့္လာသည္။ သူရကိုစိုက္ၾကည့္ၿပီး ​ေခါင္းၿငိမ့္ျပသည္။ သူရတိုင္လုံးမ်ားၾကားမွ လက္ကိုထုတ္ၿပီး နဖူးကိုစမ္းၾကည့္သည္။ ​ေငြ႕​ေငြ႕​ေလးဖ်ား​ေနျခင္းပင္။

"ဒါဆို ကိုယ္ခံအား​ေကာင္း​ေအာင္အစာ​ေတာ့ စားရမွာ​ေပါ့ကြ...စားလိုက္ဦး"

သူ႕​ေဘးမွ ၾကက္စြပ္ျပဳတ္ပန္းကန္လုံးကို​ေမး​ေငါ့ျပကာ ​ေျပာလိုက္သည္။

"ကြၽန္​ေတာ္ မစားခ်င္ဘူး"

"ဟာကြာ...မင္း ​ေခါင္းမာမ​ေနနဲ႕"

"ကြၽန္​ေတာ္စြပ္ျပဳတ္မႀကိဳက္ဘူး"

"​ေသာက္​​ေရးထဲ...မင္း​ေရာက္​ေနတာ​ဟိုတယ္အ​ေကာင္းစားႀကီးမဟုတ္ဘူးကြ... ​​ေယာက်္ားဖာတန္း ဟုတ္ပလား"

(ကိုလိုနီ​ေခတ္တည္းက ဟိုတယ္​ေတြဘား​ေတြက ရွိတယ္​ေနာ္)

​သူရ​ေခါင္းကိုကုတ္ကာ စဥ္းစား​ေနသည္။

"​​ေနဦး မင္း​ေဘးက ႏြားနို႔ခြက္​ေပးကြာ"

ထို​ေကာင္​ေလးက သူ​ေျပာသလိုယူ​ေပးသည္။ သူရသူ႕​ေနရာသို႔ထသြားၿပီး စကၠဴႏွင့္ပတ္ထားသည့္​ေပါင္မုန့္ထုပ္ကိုယူလာသည္။ ထို႔​ေနာက္ ​ေပါင္မုန့္ကိုအပိုင္း​​ေသး​ေသး​​ေလးမ်ားဖဲ့ကာ ႏြားနို႔ခြက္ထဲစိမ္သည္။

"​ေရာ့ ဒါ​ေလး​ေတာ့ျဖစ္​ေအာင္စား"

ထို​ေကာင္​ေလးက လွဲ​ေနရာမွ နံရံကိုမွီ၍ထထိုင္လိုက္သည္။ ထို႔​ေနာက္ႏြားနို႔ခြက္ကိုကိုင္၍ ၾကည့္​ေနသည္။

"​​ေဟ့စား​​ေလ...ဘာလဲ....မႀကိဳက္ျပန္ဘူးလား"

"ဟို ဇြန္းမရွိလို႔"

သူရသူ႕နဖူးကို လက္ဝါးႏွင့္ရိုက္ခ်လိဳက္သည္။

"​ဟိုမွာ စြပ္ျပဳတ္ထဲကဇြန္း​ေပး"

ခုနက​ေပါင္မုန့္ကိုပတ္ထား​ေသာစကၠဴစႏွင့္ ဆီ​ေဝ့​ေန​ေသာဇြန္းကို​ေျပာင္စင္​ေအာင္သုတ္ကာ လွမ္း​ေပးလိုက္သည္။ ထိုအခါမွ အားရပါးရစားကာ ႏြားနို႔ကိုပင္ ​ေမာ့​ေသာက္​လိုက္​​ေသးသည္။ သူရထိုအခါမွ သက္ျပင္းခ်နိဳင္​ေတာ့သည္။

"အားမရွိလို႔ ဖ်ားတာကြ...​ေရာ့​ေႏြး​ေႏြး​ေထြး​ေထြး​ေန...အ​ေအးပတ္မခံနဲ႕ၾကားလား"

သူရ သူ႕​ေစာင္ကို ထို​ေကာင္​ေလးအား​ ​ေပးလိုက္သည္။ ထို႔​ေနာက္ ထို​ေကာင္​ေလးႏွင့္ကပ္လ်က္မွာပင္ ဒူးႏွစ္​ေခ်ာင္း​ေထာင္ကာနံရံကိုမွီလိုက္သည္။ မာ​ေၾကာ​ေသာၾကမ္းျပင္ထက္ ထိုင္ရသည္မွာ အဆင္မ​ေျပလွ​ေသာ္လည္း ထို​ေကာင္​​ေလးကိုအ​ေဖာ္အျဖစ္​ေန​ေပးခ်င္သျဖင့္ ႀကိတ္မွိတ္ကာ ထိုင္လိုက္ျခင္းျဖစ္သည္။

ထိုစဥ္ ဖိုးဝက အသံဆူးဆူး​​ေလးျဖင့္ သူ႕ကိုလွမ္း​ေအာ္ပါသည္။

"ကိုႀကီး ဒီမွာလာအိပ္​ေလ...ညက"

ဖိုးဝစကားမဆုံးခင္ သူရက ဆက္မ​ေျပာရန္ ပါးစပ္နားတြင္လက္ညွိုး​ေထာင္ကာ ​ေခါင္းခါျပသည္။

ထို​ေကာင္​ေလးက​ေတာ့ နားမလည္​ေသာမ်က္လုံးမ်ားျဖင့္ သူ႕ကိုၾကည့္လိုက္ ဖိုးဝကိုၾကည့္လိုက္ႏွင့္။ ထို႔​ေနာက္ သူ​ေပး​ေသာ​ေစာင္ကို ၿခဳံကာ သူရကိုၾကည့္ၿပီး ၿပဳံး​ေနသည္ကို သူရသတိထားမိသည္။ သို႔​ေသာ္ ျပန္လွည့္၍ၿပဳံးမျပ​ေတာ့ပါ။

ထို​ေန႕ညတြင္ ဂ်န္နရယ္ႏွင့္သူ၏ညာလက္႐ုံးတို႔ အ​ေရး​ေပၚအစည္းအ​ေဝး​ေၾကာင့္ ရန္ကုန္သို႔ဆင္းသြားသျဖင့္ ထိုဂ်ပန္​ေတြမရွိ​ေသာ ​တစ္ပတ္တာက ​ေျမ​ေအာက္ခန္းထဲမွ ​ေကာင္က​ေလးမ်ားအဖို႔​ေတာ့ နိဗၺာန္ဘုံသို႔ယာယီ​ေရာက္သြားခ်ိန္။ ပင္ပန္းမႈဒဏ္မရွိသျဖင့္ ထို​ေကာင္​ေလးက်န္းမာ​​ေရးသည္လည္း ျပန္လည္​ေကာင္းမြန္လာခဲ့သည္။ ဤအ​ေတာအတြင္း သူရႏွင့္လည္း ရင္းႏွီးလာၿပီး အရင္ကအခန္းအစြန္ဆုံးနံရံ​ေထာင့္တြင္​ေန​ေသာသူရက ထို​ေကာင္​ေလးနဲ႕ကပ္လ်က္​ေနရာသို႔ ​ေျပာင္းလာခဲ့သည္။

စြပ္ျပဳတ္ထက္ ​ေပါင္မုန့္ၾကမ္းကိုသာသ​ေဘာက်​ေသာ ထို​ေကာင္​ေလးအ​ေၾကာင္းသိသည္မို႔ သူရကစြပ္ျပဳတ္ကို​ေသာက္ကာ သူ႕​ေပါင္မုန့္မ်ားကို ႏြားနို႔ထဲႏွစ္​ေပးသည့္အလုပ္ကို အစာစားခ်ိန္တိုင္းလုပ္​​ေပးရ​ေလသည္။

တစ္ညတြင္....

"သူရ သူရ မင္းမအိပ္​ေသးဘူးမလား"

​​ေလသံကိုတိုးနိုင္သမွ်တိုးကာ ​​တိုင္ျခား​ေသာ​ေဘးနားတြင္ ပက္လက္အိပ္​ေန​ေသာ သူရကိုလွမ္း​ေျပာသည္။ သူရက သူ႕ဘက္လွည့္ကာ...

"ဘာလို႔လဲ အိပ္မ​ေပ်ာ္လို႔လား"

"အင္း"

သူရက တစ္ခ်က္ၿပဳံးလိုက္ကာ...

"ဘာလဲ မင္းငယ္ငယ္ကလို အိပ္ရာဝင္ပုံ​ေျပာ​ေပးတဲ့ အထိန္း​ေတာ္ႀကီးလုပ္​ေပးရမွာလား"

သူရက ႐ႊတ္​ေနာက္​ေနာက္ျပန္​ေျပာ​ေတာ့ သြားမ်ား​ေပၚသည္အထိ ရယ္ျပသည္။

"မဟုတ္ပါဘူး...မင္းလည္းမအိပ္​ေသးတာသိရရင္ အ​ေဖာ္ရတာ​ေပါ့ အဲဒါ​ေၾကာင့္"

​ေျပာၿပီးသည္ႏွင့္ ပက္လက္လွန္ကာ အခန္းမ်က္ႏွာၾကက္ကိုၾကည့္​ေနသည္။ သူရက​ေတာ့ ​​​ေမွာင္​မိုက္​ေန​ေသာအခန္းထဲမွ ျမင္ရ​ေသာ ဝိုးတဝါးမ်က္ႏွာ​ေလးကို စိုက္ၾကည့္​ေနသည္။ ျဖဴ​ေဖြး​ေန​ေသာ လည္ပင္းႏွင့္ လက္မ်ားရွိ သံကြင္းမ်ားက က်က္သ​ေရမဂၤလာကိုမရွိ။

သူတို႔မိတ္ဆက္ၾကတုန္းက ထို​ေကာင္​ေလးသည္ နန္းတြင္း အတြင္းဝန္ဦးဖိုးလွိုင္၏လူယုံတပည့္တစ္ဦး၏ မ်ိဳးဆက္ျဖစ္သည္ဟုဆိုသည္။ ငယ္စဥ္က ခမ္းႀကီးနားႀကီးေနခဲ့ရသျဖင့္ ​ေလာကဓံရိုက္ခတ္မႈဒဏ္ခံနိုင္ရည္မရွိသည္မွာ မဆန္းၾကယ္​ေတာ့။ ဂ်ပန္ဗုံးက်ဲၿပီးသည့္​ေနာက္ ​ေဆြမ်ိဳးတို႔ရွိ​ေသာ လြိုင္လင္ဘက္​​ေရွာင္​ေျပးရန္ ႀကံ႐ြယ္ခဲ့ၾက​​ေသာ္လည္း ကံဆိုးစြာ လူစုကြဲၿပီး မႏၲ​ေလးတြင္ က်န္ရစ္ခဲ့သည္။ ရွာ​ေဖြရန္ႀကိဳးစားခိုင္း​ေသာ္လည္း အခြင့္မသာသျဖင့္ မိခင္ႀကီးမွာ ရင္ကြဲစြာႏွင့္ ခ်န္ထားခဲ့ရ​ေတာ့သည္။ ကိုယ့္ၿမိဳ႕မွာတင္ ​ေသာင္တင္​ေန​​ေသာ လူကုံထံ​​ေလးအား ဆန္းထူး​ေအာင္တို႔က ရွာ​ေဖြ​ေတြ႕ရွိသြားၾကျခင္း။

တစ္ပတ္ၾကာ​ေသာအခါ ဂ်န္နရယ္တို႔ျပန္​ေရာက္ၿပီဟူ​ေသာသတင္း​ေၾကာင့္ အားလုံးတုန္လႈပ္သြားၾကသည္။ ည​​ေမွာင္ရီပ်ိဳးခ်ိန္တြင္ သံတံခါးဖြင့္သံႏွင့္အတူ အိပ္မက္ဆိုးႀကီး ဝင္​ေရာက္လာသည္။

"​ေဟ့ ​ျဖဴစုပ္စုပ္​​ေကာင္​ေလး...
ဂ်င္နရယ္က မင့္ပဲတဲ့ကြ... မင္း​ေတာ့ ကံ​ေကာင္းသကြာ"

ဆန္းထူး​ေအာင္အသံဆုံးသည္ႏွင့္ ​ေနာက္လိုက္မ်ားက သံႀကိဳးကြင္းမ်ားကို​ေျဖ​ေနၾကသည္။ သူရက​ေတာ့ သံတိုင္မ်ားကိုက်စ္က်စ္ပါ​ေအာင္ဆုပ္ကိုင္ကာ ​ေဒါသတို႔အျပင္လွ်ံမထြက္​ေစရန္ ထိန္းထားရသည္။ ထို႔​ေနာက္ သူ႕လက္မ်ားကိုဆုပ္ကိုင္ကာ အား​ေပးမိသည္။ သူလည္း ဘာမွမတတ္နိုင္​ေခ်။

"အဆင္​ေျပသြားမွာပါ"

ထို​ေကာင္​ေလးက သူ႕ကိုၾကည့္ကာ ​ၿပဳံးရင္း​ေခါင္းၿငိမ့္ျပသည္။ ​​ေနာက္လိုက္မ်ားက ထို​ေကာင္​ေလးကိုဆြဲထူလိုက္သည္။

"​ေနဦး​ေကာင္​ေလး...မင္းကို ဂ်င္နရယ္က ေတာ္​ေတာ့္ကို သ​​ေဘာ​ေတြ႕​ေနတာပဲ...​ေကာင္း​ေကာင္းျပဳစု​ေပးလိုက္ၾကားလား"

​ေကာင္​ေလးက ​ေခါင္းၿငိမ့္သည္။

"မင္းနာမည္​ေျပာထားစမ္း...​ဂ်ပန္ႀကီးရဲ႕အခ်စ္​ေတာ္​​ေလးနာမည္သိထားရမ​ေပါ့"

​ေကာင္​ေလးက ဆန္းထူး​ေအာင္ကို​ေမာ့ၾကည့္ကာ အသံခပ္တိုးတိုးႏွင့္ ​ျပန္​ေျဖသည္။

"သက္​ေမာ္ဦး"

..............

See you next week❣
ဒီတစ္ပိုင္းက အရမ္းမ်ားသြားတယ္​ေနာ့😏❣

© Zinc ,
книга «The End of a Cruel Circle».
Коментарі