အမှာစာ / အမွာစာ
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 6
Unicode...

2010s...

//စိတ်ချပါ ငါမင်းကို လုံခြုံတဲ့​နေရာပို့​ပေးမယ်...
မင်းအတွက် ဘာပဲလုပ်ရလုပ်ရ ငါလုပ်မယ်...
အဲအတွက် ငါ​နောင်တမရဘူး...

မှုန်ဝါး​နေ​သောအမြင်အာရုံထဲ​​ပေါ်လာ​သော ကုတင်ထက်လဲ​လျောင်း​နေသူက ​ခေါင်းရမ်းပြသည်။ ဆုပ်ကိုင်ထား​သောလက်ကို တင်းကျပ်စွာပြန်၍ဆုပ်ကိုင်လာသည်။

မ...မလုပ်နဲ့ ******* //

စစ်လင်းမြတ် ဒုတိယအကြိမ် အိပ်မက်မက်ခြင်း။

စကားလုံးများကိုထပ်ကာ ထပ်ကာပြန်ကြား​ယောင်​နေရသည်။ ထိုလူ​ပြော​သော တိုးညင်း​သည့်အသံက ​နောက်ဆုံးနားတွင် ပို၍တိုးဝင်သွားသည်။ ​အဆုံးသတ်စကားလုံးများကို မကြားလိုက်ရ။

ပထမအိပ်မက်နှင့် ဆင်တူသည်။ ကုတင်ထက်တွင်လဲ​လျောင်း​နေ​​သောလူတစ်​ယောက်၊ သူ့လက်တို့က ထိုလူ့လက်ကိုဆုပ်ကိုင်ထားသည်။ မတူသည်က စကားအ​ပြောအဆိုများ။

အိပ်မက်ဟူသည် နိုးထလာ​သောအခါ အကုန်လုံးကို ပြန်လည်မှတ်မိ​လေ့မရှိ။ စစ်လင်း၏အိပ်မက်ကား ထိုသို့မဟုတ်။ တစ်ခုမကျန် အ​သေးစိတ်ကစ အကုန်မှတ်မိ​နေသည်။ မျက်စိထဲပင် စွဲ​နေသည်။ နိုးထလာပြီးသည့်တိုင် ကိုယ်တိုင်ဖြစ်​နေသကဲ့သို့ခံစား​နေရသည်။

နှစ်ကြိမ်တိတိမက်သဖြင့် အိပ်မက်တစ်ခုထက်ပိုသည်ဆိုတာကို စစ်လင်းနားလည်လိုက်သည်။ သို့​သော် ​သေချာ​ရေရာ​သော​ဖြေရှင်းချက်ကားမရှိ။

ရုံးပိတ်ရက်ဖြစ်သဖြင့် ဒီ​နေ့ဘယ်မှမသွားဖြစ်။ အ​ဆောင်လမ်းထိပ်တွင် မနက်စာထွက်စားပြီး စာအုပ်ဖတ်ရန် အခန်းသို့ပြန်လာသည်။ အခန်းထဲတွင်​တော့ သူအိပ်ရာထတုန်းက ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်​နေ​သောဟိန်းထက်က အခုရှိုးမိုးအပြည့်နှင့်။ စစ်လင်းဝင်လာ​​တော့ မွှန်ထူ​နေ​အောင်​ရေ​မွှေးစွတ်ပြီးဖြစ်သဖြင့် ​ခေါင်းကိုက်ချင်လာသည်။ စာအုပ်ကိုအပြင်ဝရံတာတွင်ဖတ်ရန်သွားယူစဥ် ဟိန်းထက်ကသူ့ဆီလှမ်းလာသည်။

"စစ်လင်း ​ဟေ့​ကောင်... မင်းဒီ​နေ့အားတယ်မလား"

စစ်လင်း သူ့ကို ​ခြေဆုံး​​ခေါင်းဆုံးကြည့်ပြီး​ခေါင်းငြိမ့်ပြသည်။

"ငါနဲ့ ခဏ​လောက်လိုက်ခဲ့​ပေးပါလား...ဟို သူငယ်ချင်းတစ်​ယောက်အတွက် လက်​ဆောင်သွားဝယ်ပေးမလို့...အဲဒါမင်းဆီက အကြံဥာဏ်​လေးလည်း​တောင်းရင်း... အပြန်ကျ မုန့်​ဝယ်ကျွေးပါ့မယ်"

အမယ်...ကပ်စီးကုပ်က မုန့်ဝယ်​ကျွေးမှာတဲ့...

စစ်လင်းလည်း အား​နေတာနဲ့ ဟိန်းထက်ဆီက မစားစဖူးမုန့်စားရမည်ဆို၍ ဘာရယ်မဟုတ် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"​အေး လိုက်ခဲ့​ပေးမယ်​လေ...လက်​ဆောင်ဝယ်တာ အကြံဥာဏ်​တောင်းတယ်ဆို​တော့ မဟုတ်မှလွဲ ​​ကောင်မ​လေးလား"

ဟိန်းထက် မျက်နှာက စပ်ဖြီးဖြီးဖြစ်သွားကာ ​ခေါင်းကုပ်၍...

"ဟီး...​ကောင်မ​လေး​တော့ ​ကောင်မ​လေးပဲ... ဒါ​ပေမဲ့ ရိုးရိုးသူငယ်ချင်းအဆင့်ပဲရှိပါ​သေးတယ်"

ဟိန်းထက်၏​လေသံနှင့် စကားအသွားအလာကို သ​ဘော​ပေါက်လိုက်သည်။

"​ခဏ​စောင့် အင်္ကျီလဲလိုက်ဦးမယ်"

သို့နှင့် နှစ်​ယောက်သား ဟိန်းထက်ဆိုင်ကယ်နှင့် အရုပ်ဆိုင်တစ်ဆိုင်သို့​ရောက်သွားသည်။ အကြံ​တောင်းရ​အောင်​ခေါ်လာသည်ဆိုသည့် စစ်လင်း၏အိုင်ဒီယာများမှာ ဟိန်းထက်အဖို့ လက်တွန့်စရာ အ​နေအထားများဖြစ်​နေသဖြင့် ​နောက်ဆုံးတွင်​တော့ သူကြိုက်သည့် ​ဈေးအသင့်အတင့်​မွေးပွရုပ်နှင့်ပင် လက်​ဆောင်​ဝယ်ခြင်းကဏ္ဍပြီးဆုံးသွားခဲ့သည်။

နှစ်နာရီကြာ​အောင် အရုပ်ဆိုင်ထဲ ​မွှေပတ်ရှာရသဖြင့် ​ခြေကုန်လက်ပမ်းတို့ကျ​နေပြီ။ စစ်လင်းက​တော့ အရုပ်ဝယ်ပြီးသဖြင့် မုန့်စားရ​​တော့မည်ဟူ၍ စားချင်တာများကို ​ခေါင်းထဲတွင် တသီတတန်းကြီး စီ​နေ​လေသည်။ ဟိန်းထက်၏ဆိုင်ကယ်​လေးကား စတိုးဆိုင်တစ်ဆိုင်​ရှေ့တွင် ရပ်သွားသည်။ စစ်လင်းတစ်​ယောက် စိတ်ကူးယဥ်​​နေရာမှ လက်ရှိအ​နေအထားကို အကဲခတ်မိ​တော့ မျက်စံကိုအ​ပေါ်သို့ကပ်ပြီး သက်ပြင်းချ​တော့သည်။

​သေချင်းစိုး ​ကော်တရာ...

စား​သောက်ဆိုင်တစ်ဆိုင်​ခေါ်သွားမည်ထင်လိုက်​ပေမဲ့ တကယ်တမ်း​ရောက်လာသည်က 24နာရီဖွင့်​​သော KSM storeဆိုင်ခွဲတစ်ခုသို့။ ထိုဆိုင်များသည် ​ဈေးဝယ်များထိုင်၍စား​သောက်နိုင်ရန် စားပွဲခုံများ ချ​ပေးထားသည့်ဆိုင်မျိုးဖြစ်သည်။ ကပ်စီးနဲသည် သူ့ကို​ခေါက်ဆွဲပြုတ်​​လောက်သာ သဌာသည်ထင်သည်။

စစ်လင်းလည်း စိတ်ကူးထဲက အစားအစာပုံရိပ်အချို့ကို ​​ရှေ့တွင်ချထား​သော ​ခေါက်ဆွဲပြုတ်နှင့်အာလူး​ကြော်ထုပ်တို့အ​ပေါ်  ပုံတူ​လောင်းချလိုက်ရတော့သည်။ ဟိန်းထက်​ကျွေး​သော ထူးထူးဆန်းဆန်း​ခေါက်ဆွဲပြုတ်ဟဲ့ဟု စိတ်တွင်မှတ်ကာ အားရပါးရစား​တော့သည်။

စား​နေရင်းမှ ​ခေါင်းတစ်ခြမ်းကကိုက်လာပြီး ရင်ဘတ်​အောင့်လာသည်။ ​ဒီတခါတွင်​တော့ စစ်လင်းမ​တွေ​ဝေ​တော့ဘဲ ချက်ချင်းပင် ​ဘေးပတ်လည်ကိုကြည့်မိသည်။ ​ထို့​နောက်တွင်​တော့ လက်ထဲမှတူက ​ခေါက်ဆွဲပြုတ်ဘူးထဲလွတ်ကျသွားသည်။ ဝါးလက်စ​ခေါက်ဆွဲဖက်များ မြင်​နေရသည်အထိ ပါးစပ်ဟောင်း​လောင်း​ပေါက်ဖြစ်သွားသည်။ အ​ကြောင်းကား ခေါက်ဆွဲပြုတ်ဘူးကိုကိုင်ကာ ​ဟိုဟိုဒီဒီကြည့်နေ​​သော ​နေသက်...

သူ့ကိုမြင်​တော့ ပြုံးပြပြီး အနားသို့တိုးလာသည်။ ထိုအခါမှ အသိပြန်ဝင်ကာ ပြန်ပြုံးပြလိုက်သည်။

"​နေသက်...လာ​လေ...ငါတို့နဲ့လာစား"

"မ​ပြောလည်း လာမလို့ပါပဲ...ဟီး...
​နေရာမရှိ​တော့ဘူး​လေ"

​ခေါက်ဆွဲဘူးကို စားပွဲ​ပေါ်ချကာ ခုံကိုဆွဲ၍ထိုင်လိုက်သည်။ စစ်လင်းတစ်​ယောက် သူ့ရဲ့​ဝေဒနာများ သိသိသာသာ​ပျောက်ကင်းသွားသည်ကို သတိထားမိသည်။ ချက်ချင်း ရင်ပြည့်သွားသလို ​ခေါက်ဆွဲပြုတ်ပင် ဆက်မစားချင်​​တော့။ ​ခေါင်းထဲတွင် အ​တွေး​ပေါင်းများစွာနှင့် ချာလပတ်လည်​နေပြီ။

"စစ်လင်း အသိလား"

ဟိန်းထက်က ​နေသက်ဘက်ကိုလှည့်၍ ​​လောကွတ်ပြုသည်။ ထိုအခါမှ စစ်လင်း အပြင်​လောကသို့ပြန်​ရောက်လာခဲ့သည်။

"ဪ​အေး...မိတ်ဆက်​ပေးမယ် ဟိန်းထက်...
ဒါက ​နေသက်ဦး​မောင်တဲ့...ငါ့သူငယ်ချင်း​ပေါ့...
​နေသက်... ဒါက ငါ့အခန်း​ဖော် ဟိန်းထက်တဲ့"

"​​​တွေ့ရတာ ဝမ်းသာပါတယ်"

"ဟုတ်...ကျွန်​တော်လည်းဝမ်းသာပါတယ် ကိုဟိန်းထက်"

ထို့​နောက် ကိုယ်စီ​ခေါ်ဆွဲပြုတ်ကို ငုံ့စား​နေကြ​သော်လည်း စစ်လင်းက​တော့ ဟန်​ဆောင်၍ပင် စားမဝင်​တော့။ ထို့​ကြောင့် ငြိမ်ငြိမ်​လေးသာ ထိုင်​နေလိုက်​တော့သည်။

"​ဟေ့​ကောင်...စား​လေ...မကုန်​တော့လို့လား"

ဟိန်းထက်က ​​ငေါင်​ငေါင်ကြီးထိုင်​နေ​သော စစ်လင်းကို လှမ်း​မေးလိုက်ခြင်း။

"ဪ​အေး...ငါဝပြီ...
ဒါနဲ့ ​နေသက်က ဘာလို့ဒီဘက်​ရောက်​နေတာလဲ...ဒီနားမှာ အလုပ်လုပ်​သေးတာလား"

"မဟုတ်ပါဘူး...ဒီ​နေ့က နားရက်​လေ
အိမ်က ဒီနားမှာပါ...
အခုက အိမ်နဲ့ရန်ဖြစ်ထားလို့ ​ဒီမှာနေ့လည်စာလာစားတာ"

​နောက်ဆုံးတစ်​ကြောင်းကို​​တော့ဖြင့် တူနှစ်​ချောင်းကိုပူး၍လက်သီးဆုပ်တွင်ထည့်ကာ ​ခေါက်ဆွဲများကိုထိုးဖွရင်း ​ပြောခြင်းဖြစ်သည်။ ​ခေါက်ဆွဲဘူးကိုငုံ့ကြည့်​နေပြီး နှုတ်ခမ်းကလည်း ဆူထား​သေးသည်။

တကယ်ကို က​လေး​လေးတစ်​ယောက်လိုပင်။

ထိုအမူအရာ​လေးများကို စစ်လင်းအစအဆုံးလိုက်ကြည့်​နေမိသည်။ ကိုယ့်ကိုကိုယ်ပင် သတိမထားမိဘဲ ပြုံး​နေမိသည်။ ​နေသက်ဆီမှ ​တော်​တော်နှင့်အကြည့်မလွှဲနိုင်။ ဟိုက​တော့ သိပုံမ​ပေါ်။ ​အိမ်ကိုမ​ကျေနပ်ချက်များအား ခေါက်ဆွဲများအ​ပေါ်သာ ပုံချ​နေ​လေသည်။ ထိုစဥ် ဟိန်းထက်ထံမှ ​ချောင်းဟန့်သံတစ်ချက် ထွက်​ပေါ်လာသည်။

"အဟမ်း...စစ်လင်း ​ဟေ့​ကောင်...စားပြီးရင်လည်း ပြန်ရ​အောင်"

"ပြန်​တော့မှာလား...ဖြည်းဖြည်းသွားကြဦး​"

ဟိန်းထက်ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ပြီး ​နေသက် နှုတ်ဆက်သည်။ ထိုအခါမှ...

"ဪ...အမ်း...အင်း...ပြန်​တော့မှာ...ဟိန်းထက် သွားမယ် ​ဟေ့​ကောင်"

​ပြောရင်းဖြင့် ဝုန်းဒိုင်းနှင့်ထရပ်မိ​တော့ ​ဘေးနားကလူများပင် သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ ​နေသက်လည်း ​ကြောင်သွားကာ ထိုင်​နေရင်းမှ ​မော့ကြည့်ပြီး ပြုံးပြလိုက်သည်။

"သွားပြီ ​နေသက်"

"​အေး...ဖြည်းဖြည်း​"

အ​နောက်သို့လှည့်မကြည့်​တော့ဘဲ တန်းထွက်သွားသည်။ ဆိုင်ကယ်​ပေါ်​​ရောက်သည်အထိ ဆိုင်ထဲသို့တစ်ချက်မျှပင်လှည့်မကြည့်တော့။

"​ဟေ့​ကောင်...ခုနက ငါဖြင့် မင်းမျက်လုံးကြီး ကျွတ်ကျပြီထင်တာ"

အ​နောက်မှ စစ်လင်းမြတ်က တိတ်ဆိတ်ဆဲ။

"မင်းက ​ယောကျ်ား​​တွေ စိတ်ဝင်စားတာလား"

ဗွင်းဗွင်းရှင်းရှင်း​မေးချလိုက်​သော ဇီဇာ​ကြောင်​ကောင်​ကြောင့် နည်းနည်း​တော့ ​ဒေါသထွက်သွားသည်။

"အဲ​တော့ မင်းက လက်မခံဘူးလား"

"မဟုတ်ပါဘူးကွာ...ငါမင်းကို တခါမှ အခုလိုမျိုးမမြင်ဖူးဘူး​လေ...ချစ်သူ​ကောင်မ​လေးလည်းမထားဖူးဘူးဆို​တော့"

"ငါကိုယ်တိုင်လည်း မသိ​တော့ဘူး"

ထိုမျှသာ​ဖြေကာ နှစ်​ယောက်သားတိတ်ဆိတ်စွာဖြင့် အ​ဆောင်သို့ပြန်ခဲ့ကြသည်။

ထိုအမူအရာများက အသိစိတ်များလွတ်ထွက်သွား​လောက်​အောင်အထိ ဆွဲဆောင်နိုင်လွန်းသည်။ ရင်ထဲတွင် ​ယောက်ယက်ခတ်သွား​စေသည်။ နှလုံးခုန်နှုန်းကို ပိုတိုး​စေသည်။ ဦး​နှောက်ထဲ​​ရော နှလုံးသားထဲမှာပါ စွဲမှတ်သွား​စေသည်။

စစ်လင်းတစ်​ယောက် မ​သေချာမ​ရေရာ။ ​​ခေါင်းကိုက်ခြင်းနှင့် ရင်ဘတ်​အောင့်ခြင်းတို့ တရားခံက ​နေသက်၊ ပြန်လည်​ပျောက်ကင်း​အောင် ကုသနိုင်သူကလည်း ​နေသက်၊ ​ပုံရိပ်တို့ကိုမောင်းမထုတ်ရက်​အောင် မျက်လုံးထဲမြင်​ယောင်မိသော ဆူပုတ်ပုတ်မျက်နှာ​ပိုင်ရှင်ကလည်း ​နေသက်...

​နောက်တခါထပ်​တွေ့ချင်သည်။ သူနှင့်​တွေ့ခါနီးတိုင်း အချက်​ပေး​လေ့ရှိသည့် ဦး​ခေါင်းနှင့်ရင်ဘတ်တို့မှ ​ဝေဒနာကိုလည်း ထပ်၍ခံစားချင်သည်။ သူနှင့် စကားစ​ပြောလိုက်သည့်အခါ နာကျင်မှုများ ​ပျောက်ကင်းသွားသည်ကို ထပ်ကြုံ​တွေ့ချင်သည်။ သူ့အ​ကြောင်းများကို ဒီထက်ပိုပြီးသိချင်သည်။ သူ့မျက်နှာ​လေးကိုကြည့်ကာ ရင်းရင်းနှီးနှီး စကား​တွေအများကြီး ​ပြောချင်သည်။

ကံကြမ္မာကြီးကို ​နောက်ထပ်အခွင့်အ​​ရေးများ ထပ်ဖန်တီး​ပေးဖို့ စစ်လင်းဆု​တောင်း​နေမိသည်။

..............

စစ်လင်းတို့ ပြန်သွား​တော့ ​​​ခေါက်ဆွဲပြုတ်ကို စိတ်မပါတပါ တစ်ဖက်ချင်းစီစားရင်း မနက်က ဖြစ်ခဲ့သည့် ပြသနာများကို တစ်စတစ်စ​တွေး​နေ​လေသည်။

တွေးလိုက်တိုင်း ​ဒေါသထွက်​လေပါပဲ။ ဖြစ်နိုင်ရင် အိမ်ကို​တောင်မပြန်ချင်​​။

ဒီ​​နေ့ တနင်္ဂ​နွေမို့ ​နေသက်အတွက်နားရက်၊ မှူးသိမ့်အတွက် ​ကျောင်းပိတ်ရက်။ မနက်​စော​စော အခန်းထဲမှထွက်ချိန် ဝရံတာဘက်တွင် တခိခိနှင့် ပါးစပ်လှုပ်ရုံဖုန်း​ပြော​နေ​သော ညီမကို​တွေ့ရသဖြင့် အကြီးပီသစွာ ခိုးနား​ထောင်မိသည်။ နားစွန်နားဖျားကြားလိုက်ရသည်က "မှူး ဆယ်တန်း​ပြီးတဲ့အထိ​စောင့်ရမယ်​နော် ကိုကြီး" ဟူ၍။

အိမ်တွင် သူ့ကိုတစ်ခွန်းမကျန် ငှက်ဆိုးထိုးသံနှင့် ပက်​ပက်၍​ပြော​သော အသိမ့်မ​လေသံက အခုများကျ​တော့ ပုရွက်ဆိတ်အုံ​နေ​သောသကြားခဲလို။ ​ဖုန်း​ပြောပြီးသည့်အချိန်အထိ စိတ်ရှည်စွာ ထိုင်​စောင့်​သေးသည်။ မိနစ်၂၀ကြာသည်။ ဒါ​တောင်သူထွက်မလာခင်ကတည်းက​ စ​ပြော​နေခြင်း။

သူ့အ​ပျော်​လေးနှင့်သူ ဖုန်း​ပြောပြီး၍ အထဲသို့ဝင်လိုက်​တော့ ဝရံတာသို့ထွက်​သောတံခါးဝ​ဘေးတွင် မိန့်မိန့်ကြီးထိုင်​နေ​သော အစ်ကို​တော်ကို​တွေ့လိုက်ရသဖြင့် ဖုန်းပင်လွတ်ကျသွားသည်။ ​နေသက်က ပြုံးတုံးတုံးဖြင့် လက်ပိုက်၍ သူ့ကိုကြည့်​နေသည်။

"ငါ့ကို​ပြောစမ်း အသိမ့်မ...အဲ​ကောင် ဘယ်က​ကောင်လဲ"

"ဘယ်​ကောင်တုန်း"

"​ဖေ​ဖေနဲ့မတိုင်ချင်ဘူး​နော်"

​နေသက် အသံကို ကျယ်လိုက်သည်။

"ဘာ​တွေ​ပြော​နေတာလဲ...သူငယ်ချင်းနဲ့ဖုန်း​ပြောတာကို တိုင်မယ်ဆိုလည်းတိုင်​လေ"

​​ပြောင်လိမ်​ပြောင်စားမ...
​နေသက် စိတ်ထဲက ကျိန်ဆဲလိုက်သည်။

"သူငယ်ချင်းနာမည် ကိုကြီးတဲ့လား ဟုတ်လား...ငါ့ကိုအဲဖုန်း​ပေးစမ်း"

"မ​ပေးဘူး...ဒီမှာ ငါအရွယ်​ရောက်​နေပြီ​နော်...လာချုပ်ချယ်ဖို့ မကြိုးစားနဲ့"

"​အောင်မာ...ဒီက​လေးမ ​သေချင်နေပြီ...ငါနင့်ကို ဘယ်တုန်းကချုပ်ချယ်ဖူးလို့လဲ...အခု ဆယ်တန်းမို့ အ​ရေးကြီးလို့ ဂရုစိုက်ခိုင်း​နေတာ...နင်ဆယ်တန်းကျရင် ​ဖေ​ဖေတို့မျက်နှာပျက်မှာစိုးလို့ သိပြီလား"

​နေသက်အသံ ပို၍ကျယ်သွားသည်။ ​ငေါက်လိုက်သည်ဆိုပိုမှန်မည်။ ဟုတ်သည်​လေ။ အကြီးက အငယ်ကို မဖြစ်သင့်တာမဖြစ်​အောင် ဆုံးမတာကို ဒင်းက လူ့အခွင့်အ​ရေး​တွေဘာ​တွေနဲ့ကိုင်​ပေါက်​နေ​သည်​လေ။

​နေသက် အမြင်ကပ်လာသည်နှင့် မှူးသိမ့်သူလက်ထဲမှဖုန်းကို မရမကလုသည်။ ဟိုကလည်း နည်းနည်းမှအ​လျှော့မ​ပေး။ ​မောင်နှမနှစ်​ယောက် လုံး​​ထွေးသတ်ပုတ်ရင်း ​နေသက် အားပါသွားသည်။ မှူးသိမ့်သူရင်ခွင်ထဲက ဖုန်းကိုအားနှင့်ဆွဲယူရင်း ဖုန်း၏​​ထောင့်စွန်းနှင့် မှူးသိမ့်အ​ပေါ်နှုတ်ခမ်းက မိတ်ဆက်သွားသည်။ ​ယောကျ်ားအားနှင့်ဖြစ်သဖြင့် ချက်ချင်းပင် နီရဲရဲ​သွေးတို့ ဒလ​ဟောထွက်လာသည်။ မှူးသိမ့်သူတစ်​​ယောက် သူ့နှုတ်ခမ်းသူစမ်းကာ ​နေရာမှာတင် ရှုံးပွဲချငို​တော့သည်။

အသံ​အောင်​သော အသိမ့်မ​ကြောင့် ​အောက်ကဟင်းချက်​နေ​သော​မေ​မေက အ​ပေါ်သို့တက်လာသည်။ နှုတ်ခမ်းမှ​​သွေးများက အခုထိမတိတ်။

"ဟယ်...ဘယ်လိုဖြစ်ကြတာလဲ...လာလာ ​အောက်ဆင်း...​ဆေးထည့်မယ်...ဟိုအ​ကောင် နင်လုပ်လိုက်တာလား"

"ဟုတ်တယ် ​မေ​မေကြီး...ကိုသက်က သမီးကို အကြမ်းကြီးလုပ်တာ အီးဟီး"

နှုတ်ခမ်းသာကွဲသွားသည်။ စကားလုံးများကို​တော့ ပီပီပြင်ပြင်ပင် ​ငိုရင်းတန်းလန်း ​ပြောသွားနိုင်​သေးသည်။ ​နေသက်လည်း မရည်ရွယ်ခဲ့ပါ။ ထိုသို့ဖြစ်သွား​တော့လည်း စိတ်မ​ကောင်းဖြစ်မိသည်။ဘာလုပ်ရမှန်းမသိသည်​ကြောင့် သူတို့နှင့်အတူ ​အောက်ထပ်သာ ဆင်းခဲ့​တော့သည်။

"​သမီးငယ် ဘာဖြစ်တာလဲ"

ဧည့်ခန်းတွင် မနက်စာစားရင်းသတင်းစာဖတ်​နေသာ ​ဖေ​ဖေက ​အော်ဟစ်ငိုယိုသံကြားသဖြင့် အိမ်​နောက်​​ဖေးကို ထွက်လာခဲ့သည်။

"​မောင်နှမနှစ်ယောက် ရန်ဖြစ်ကြတာတဲ့ ​ယောကျ်ား​ရေ... ​နှုတ်ခမ်း​ပေါက်သွားတာ အကြီးကြီးပဲ...​သွေးတိတ်​အောင် မနည်းလုပ်ထားရတယ်"

​ဆေးထည့်ပေး​နေရင်း ​မေ​မေကပြန်​ဖြေသည်။ ​ဖေ​ဖေက ​အ​နောက်တွင် ​ကြောင်​​တောင်​တောင်ရပ်​နေ​သော ​​နေသက်ကိုကြည့်ပြီး...

"​ဟေ့​ကောင် မင်း ထိုးလိုက်တာလား"

"ဟာ...​ဖေ​ဖေကလည်းဗျာ...ကိုယ့်ညီမကို ထိုးစရာလား...မ​တော်တဆဖြစ်တာ"

"မင်း မ​တော်တဆကလည်းကွာ...မင်းကအကြီး​လေ...က​လေးကို ညှာရမယ်​လေကွ"

"မ​ပြောချင်​တော့ဘူး ​ယောကျ်ား​ရေ...ဒီအ​ကောင် အပြင်မှာသာ အစွမ်းအစမရှိတာ...ကိုယ့်ညီမကို​တော့ မတရားနိုင်စားတာ...​နော်...ငါလုပ်လိုက်ရ"

​ဆေး​သေတ္တာထဲမှ ​ဆေးဘူးဖြင့် ​နေသက်ကိုလှမ်း​ပေါက်သည်။

"​မေ​မေတို့ကလည်းဗျာ...ဘာလို့ရန်ဖြစ်တာလဲလည်း ​​မေးကြဦး...ဒီက​လေးမ မဟုတ်တာ​တွေလုပ်​နေတာဗျ"

"မဟုတ်ဘူး​မေ​မေ...သမီးသူငယ်ချင်းနဲ့ ဖုန်း​ပြော​နေတာကို သူ့စိတ်နဲ့နှိုင်းပြီး ယုန်ထင်​ကြောင်ထင်နဲ့ သမီးကိုလာစွပ်စွဲတာ...ပြီး​တော့ သမီးဖုန်းကိုလာလုလို့ အခုလိုဖြစ်တာ"

"နင် ဗ​လောင်းဗလဲမ​ပြောနဲ့...ငါနားနဲ့ ဆက်ဆက်ကြားတာ"

"ကဲ​တော်​တော့ ​အကြီး​ကောင်...ဘယ်လိုဖြစ်ဖြစ်...​အေး​အေး​ဆေး​ဆေး​ပြောလည်းရတာပဲကွာ...မင်းညီမက ငယ်​တော့တာမှမဟုတ်တာ...အခု​လောက်ကြီး လုပ်စရာ လိုလားကွ"

"မတော်တဆဖြစ်တာပါဆို ​ဖေ​ဖေရာ"

"ဟဲ့...နင့်မ​တော်တဆက ကြည့်ဦး​လေ...က​လေးက စာကျက်ရဦးမယ်ဟဲ့...ဒီဒဏ်ရာနဲ့ ဘယ်လို​အော်နိုင်​တော့မလဲ"

​မေ​မေကလည်း ဝင်​ပြောသည်။

​နေသက် စိတ်ရှုပ်စွာ ​ဆံပင်များကိုဖွရင်း သက်ပြင်းများကို အကြိမ်ကြိမ်ချသည်။ ဆက်​ဖြေရှင်း​နေလည်း မဲကအပြတ်အသတ် သုံးမဲ တစ်မဲမို့ လျစ်လျူရှုလိုက်ကာ စိတ်ညစ်ညစ်နှင့် ဆိုင်ကယ်​သော့ယူပြီး အပြင်ထွက်ခဲ့​တော့သည်။

သို့နှင့် ​နေ့လည်ခင်း အိမ်မပြန်ချင်​သေးတာ​ကြောင့် ​ဒီဆိုင်တွင် ခေါက်ဆွဲပြုတ်စားဖို့ရန် ဖြစ်လာခဲ့ခြင်း။ ​ဒေါသလှိုင်လှိုင်ထ​နေ​သောစိတ်အစဥ်တို့ကလည်း ချစ်ညီမမှူးသိမ့်သူဆီသာ။

လုံးစုံများစွာ နင်နဲ့နင့်အ​ကောင်မပါ ချမ်းသာကိုယ်စိတ်မြဲကြပါ​စေ....

~~~~~~~~~~~~~~~~~~~~~

Zawgyi...

2010s...

//စိတ္ခ်ပါ ငါမင္းကို လုံၿခဳံတဲ့​ေနရာပို႔​ေပးမယ္...
မင္းအတြက္ ဘာပဲလုပ္ရလုပ္ရ ငါလုပ္မယ္...
အဲအတြက္ ငါ​ေနာင္တမရဘူး...

မႈန္ဝါး​ေန​ေသာအျမင္အာ႐ုံထဲ​​ေပၚလာ​ေသာ ကုတင္ထက္လဲ​ေလ်ာင္း​ေနသူက ​ေခါင္းရမ္းျပသည္။ ဆုပ္ကိုင္ထား​ေသာလက္ကို တင္းက်ပ္စြာျပန္၍ဆုပ္ကိုင္လာသည္။

မ...မလုပ္နဲ႕ ******* //

စစ္လင္းျမတ္ ဒုတိယအႀကိမ္ အိပ္မက္မက္ျခင္း။

စကားလုံးမ်ားကိုထပ္ကာ ထပ္ကာျပန္ၾကား​ေယာင္​ေနရသည္။ ထိုလူ​ေျပာ​ေသာ တိုးညင္း​သည့္အသံက ​ေနာက္ဆုံးနားတြင္ ပို၍တိုးဝင္သြားသည္။ ​အဆုံးသတ္စကားလုံးမ်ားကို မၾကားလိုက္ရ။

ပထမအိပ္မက္ႏွင့္ ဆင္တူသည္။ ကုတင္ထက္တြင္လဲ​ေလ်ာင္း​ေန​​ေသာလူတစ္​ေယာက္၊ သူ႕လက္တို႔က ထိုလူ႕လက္ကိုဆုပ္ကိုင္ထားသည္။ မတူသည္က စကားအ​ေျပာအဆိုမ်ား။

အိပ္မက္ဟူသည္ နိုးထလာ​ေသာအခါ အကုန္လုံးကို ျပန္လည္မွတ္မိ​ေလ့မရွိ။ စစ္လင္း၏အိပ္မက္ကား ထိုသို႔မဟုတ္။ တစ္ခုမက်န္ အ​ေသးစိတ္ကစ အကုန္မွတ္မိ​ေနသည္။ မ်က္စိထဲပင္ စြဲ​ေနသည္။ နိုးထလာၿပီးသည့္တိုင္ ကိုယ္တိုင္ျဖစ္​ေနသကဲ့သို႔ခံစား​ေနရသည္။

ႏွစ္ႀကိမ္တိတိမက္သျဖင့္ အိပ္မက္တစ္ခုထက္ပိုသည္ဆိုတာကို စစ္လင္းနားလည္လိုက္သည္။ သို႔​ေသာ္ ​ေသခ်ာ​ေရရာ​ေသာ​ေျဖရွင္းခ်က္ကားမရွိ။

႐ုံးပိတ္ရက္ျဖစ္သျဖင့္ ဒီ​ေန႕ဘယ္မွမသြားျဖစ္။ အ​ေဆာင္လမ္းထိပ္တြင္ မနက္စာထြက္စားၿပီး စာအုပ္ဖတ္ရန္ အခန္းသို႔ျပန္လာသည္။ အခန္းထဲတြင္​ေတာ့ သူအိပ္ရာထတုန္းက ဖုန္းတစ္လုံးႏွင့္အလုပ္ရႈပ္​ေန​ေသာဟိန္းထက္က အခုရွိုးမိုးအျပည့္ႏွင့္။ စစ္လင္းဝင္လာ​​ေတာ့ မႊန္ထူ​ေန​ေအာင္​ေရ​ေမႊးစြတ္ၿပီးျဖစ္သျဖင့္ ​ေခါင္းကိုက္ခ်င္လာသည္။ စာအုပ္ကိုအျပင္ဝရံတာတြင္ဖတ္ရန္သြားယူစဥ္ ဟိန္းထက္ကသူ႕ဆီလွမ္းလာသည္။

"စစ္လင္း ​ေဟ့​ေကာင္... မင္းဒီ​ေန႕အားတယ္မလား"

စစ္လင္း သူ႕ကို ​ေျခဆုံး​​ေခါင္းဆုံးၾကည့္ၿပီး​ေခါင္းၿငိမ့္ျပသည္။

"ငါနဲ႕ ခဏ​ေလာက္လိုက္ခဲ့​ေပးပါလား...ဟို သူငယ္ခ်င္းတစ္​ေယာက္အတြက္ လက္​ေဆာင္သြားဝယ္ေပးမလို႔...အဲဒါမင္းဆီက အႀကံဥာဏ္​ေလးလည္း​ေတာင္းရင္း... အျပန္က် မုန့္​ဝယ္ေကြၽးပါ့မယ္"

အမယ္...ကပ္စီးကုပ္က မုန့္ဝယ္​ေကြၽးမွာတဲ့...

စစ္လင္းလည္း အား​ေနတာနဲ႕ ဟိန္းထက္ဆီက မစားစဖူးမုန့္စားရမည္ဆို၍ ဘာရယ္မဟုတ္ လိုက္သြားရန္ ဆုံးျဖတ္လိုက္သည္။

"​ေအး လိုက္ခဲ့​ေပးမယ္​ေလ...လက္​ေဆာင္ဝယ္တာ အႀကံဥာဏ္​ေတာင္းတယ္ဆို​ေတာ့ မဟုတ္မွလြဲ ​​ေကာင္မ​ေလးလား"

ဟိန္းထက္ မ်က္ႏွာက စပ္ၿဖီးၿဖီးျဖစ္သြားကာ ​ေခါင္းကုပ္၍...

"ဟီး...​ေကာင္မ​ေလး​ေတာ့ ​ေကာင္မ​ေလးပဲ... ဒါ​ေပမဲ့ ရိုးရိုးသူငယ္ခ်င္းအဆင့္ပဲရွိပါ​ေသးတယ္"

ဟိန္းထက္၏​ေလသံႏွင့္ စကားအသြားအလာကို သ​ေဘာ​ေပါက္လိုက္သည္။

"​ခဏ​ေစာင့္ အကၤ်ီလဲလိုက္ဦးမယ္"

သို႔ႏွင့္ ႏွစ္​ေယာက္သား ဟိန္းထက္ဆိုင္ကယ္ႏွင့္ အ႐ုပ္ဆိုင္တစ္ဆိုင္သို႔​ေရာက္သြားသည္။ အႀကံ​ေတာင္းရ​ေအာင္​ေခၚလာသည္ဆိုသည့္ စစ္လင္း၏အိုင္ဒီယာမ်ားမွာ ဟိန္းထက္အဖို႔ လက္တြန့္စရာ အ​ေနအထားမ်ားျဖစ္​ေနသျဖင့္ ​ေနာက္ဆုံးတြင္​ေတာ့ သူႀကိဳက္သည့္ ​ေဈးအသင့္အတင့္​ေမြးပြ႐ုပ္ႏွင့္ပင္ လက္​ေဆာင္​ဝယ္ျခင္းက႑ၿပီးဆုံးသြားခဲ့သည္။

ႏွစ္နာရီၾကာ​ေအာင္ အ႐ုပ္ဆိုင္ထဲ ​ေမႊပတ္ရွာရသျဖင့္ ​ေျခကုန္လက္ပမ္းတို႔က်​ေနၿပီ။ စစ္လင္းက​ေတာ့ အ႐ုပ္ဝယ္ၿပီးသျဖင့္ မုန့္စားရ​​ေတာ့မည္ဟူ၍ စားခ်င္တာမ်ားကို ​ေခါင္းထဲတြင္ တသီတတန္းႀကီး စီ​ေန​ေလသည္။ ဟိန္းထက္၏ဆိုင္ကယ္​ေလးကား စတိုးဆိုင္တစ္ဆိုင္​ေရွ႕တြင္ ရပ္သြားသည္။ စစ္လင္းတစ္​ေယာက္ စိတ္ကူးယဥ္​​ေနရာမွ လက္ရွိအ​ေနအထားကို အကဲခတ္မိ​ေတာ့ မ်က္စံကိုအ​ေပၚသို႔ကပ္ၿပီး သက္ျပင္းခ်​ေတာ့သည္။

​ေသခ်င္းစိုး ​ေကာ္တရာ...

စား​ေသာက္ဆိုင္တစ္ဆိုင္​ေခၚသြားမည္ထင္လိုက္​ေပမဲ့ တကယ္တမ္း​ေရာက္လာသည္က 24နာရီဖြင့္​​ေသာ KSM storeဆိုင္ခြဲတစ္ခုသို႔။ ထိုဆိုင္မ်ားသည္ ​ေဈးဝယ္မ်ားထိုင္၍စား​ေသာက္နိုင္ရန္ စားပြဲခုံမ်ား ခ်​ေပးထားသည့္ဆိုင္မ်ိဳးျဖစ္သည္။ ကပ္စီးနဲသည္ သူ႕ကို​ေခါက္ဆြဲျပဳတ္​​ေလာက္သာ သဌာသည္ထင္သည္။

စစ္လင္းလည္း စိတ္ကူးထဲက အစားအစာပုံရိပ္အခ်ိဳ႕ကို ​​ေရွ႕တြင္ခ်ထား​ေသာ ​ေခါက္ဆြဲျပဳတ္ႏွင့္အာလူး​ေၾကာ္ထုပ္တို႔အ​ေပၚ  ပုံတူ​ေလာင္းခ်လိဳက္ရေတာ့သည္။ ဟိန္းထက္​ေကြၽး​ေသာ ထူးထူးဆန္းဆန္း​ေခါက္ဆြဲျပဳတ္ဟဲ့ဟု စိတ္တြင္မွတ္ကာ အားရပါးရစား​ေတာ့သည္။

စား​ေနရင္းမွ ​ေခါင္းတစ္ျခမ္းကကိုက္လာၿပီး ရင္ဘတ္​ေအာင့္လာသည္။ ​ဒီတခါတြင္​ေတာ့ စစ္လင္းမ​ေတြ​ေဝ​ေတာ့ဘဲ ခ်က္ခ်င္းပင္ ​ေဘးပတ္လည္ကိုၾကည့္မိသည္။ ​ထို႔​ေနာက္တြင္​ေတာ့ လက္ထဲမွတူက ​ေခါက္ဆြဲျပဳတ္ဘူးထဲလြတ္က်သြားသည္။ ဝါးလက္စ​ေခါက္ဆြဲဖက္မ်ား ျမင္​ေနရသည္အထိ ပါးစပ္ေဟာင္း​ေလာင္း​ေပါက္ျဖစ္သြားသည္။ အ​ေၾကာင္းကား ေခါက္ဆြဲျပဳတ္ဘူးကိုကိုင္ကာ ​ဟိုဟိုဒီဒီၾကည့္ေန​​ေသာ ​ေနသက္...

သူ႕ကိုျမင္​ေတာ့ ၿပဳံးျပၿပီး အနားသို႔တိုးလာသည္။ ထိုအခါမွ အသိျပန္ဝင္ကာ ျပန္ၿပဳံးျပလိုက္သည္။

"​ေနသက္...လာ​ေလ...ငါတို႔နဲ႕လာစား"

"မ​ေျပာလည္း လာမလို႔ပါပဲ...ဟီး...
​ေနရာမရွိ​ေတာ့ဘူး​ေလ"

​ေခါက္ဆြဲဘူးကို စားပြဲ​ေပၚခ်ကာ ခုံကိုဆြဲ၍ထိုင္လိုက္သည္။ စစ္လင္းတစ္​ေယာက္ သူ႕ရဲ႕​ေဝဒနာမ်ား သိသိသာသာ​ေပ်ာက္ကင္းသြားသည္ကို သတိထားမိသည္။ ခ်က္ခ်င္း ရင္ျပည့္သြားသလို ​ေခါက္ဆြဲျပဳတ္ပင္ ဆက္မစားခ်င္​​ေတာ့။ ​ေခါင္းထဲတြင္ အ​ေတြး​ေပါင္းမ်ားစြာႏွင့္ ခ်ာလပတ္လည္​ေနၿပီ။

"စစ္လင္း အသိလား"

ဟိန္းထက္က ​ေနသက္ဘက္ကိုလွည့္၍ ​​ေလာကြတ္ျပဳသည္။ ထိုအခါမွ စစ္လင္း အျပင္​ေလာကသို႔ျပန္​ေရာက္လာခဲ့သည္။

"ဪ​ေအး...မိတ္ဆက္​ေပးမယ္ ဟိန္းထက္...
ဒါက ​ေနသက္ဦး​ေမာင္တဲ့...ငါ့သူငယ္ခ်င္း​ေပါ့...
​ေနသက္... ဒါက ငါ့အခန္း​ေဖာ္ ဟိန္းထက္တဲ့"

"​​​ေတြ႕ရတာ ဝမ္းသာပါတယ္"

"ဟုတ္...ကြၽန္​ေတာ္လည္းဝမ္းသာပါတယ္ ကိုဟိန္းထက္"

ထို႔​ေနာက္ ကိုယ္စီ​ေခၚဆြဲျပဳတ္ကို ငုံ႕စား​ေနၾက​ေသာ္လည္း စစ္လင္းက​ေတာ့ ဟန္​ေဆာင္၍ပင္ စားမဝင္​ေတာ့။ ထို႔​ေၾကာင့္ ၿငိမ္ၿငိမ္​ေလးသာ ထိုင္​ေနလိုက္​ေတာ့သည္။

"​ေဟ့​ေကာင္...စား​ေလ...မကုန္​ေတာ့လို႔လား"

ဟိန္းထက္က ​​ေငါင္​ေငါင္ႀကီးထိုင္​ေန​ေသာ စစ္လင္းကို လွမ္း​ေမးလိုက္ျခင္း။

"ဪ​ေအး...ငါဝၿပီ...
ဒါနဲ႕ ​ေနသက္က ဘာလို႔ဒီဘက္​ေရာက္​ေနတာလဲ...ဒီနားမွာ အလုပ္လုပ္​ေသးတာလား"

"မဟုတ္ပါဘူး...ဒီ​ေန႕က နားရက္​ေလ
အိမ္က ဒီနားမွာပါ...
အခုက အိမ္နဲ႕ရန္ျဖစ္ထားလို႔ ​ဒီမွာေန႕လည္စာလာစားတာ"

​ေနာက္ဆုံးတစ္​ေၾကာင္းကို​​ေတာ့ျဖင့္ တူႏွစ္​ေခ်ာင္းကိုပူး၍လက္သီးဆုပ္တြင္ထည့္ကာ ​ေခါက္ဆြဲမ်ားကိုထိုးဖြရင္း ​ေျပာျခင္းျဖစ္သည္။ ​ေခါက္ဆြဲဘူးကိုငုံ႕ၾကည့္​ေနၿပီး ႏႈတ္ခမ္းကလည္း ဆူထား​ေသးသည္။

တကယ္ကို က​ေလး​ေလးတစ္​ေယာက္လိုပင္။

ထိုအမူအရာ​ေလးမ်ားကို စစ္လင္းအစအဆုံးလိုက္ၾကည့္​ေနမိသည္။ ကိုယ့္ကိုကိုယ္ပင္ သတိမထားမိဘဲ ၿပဳံး​ေနမိသည္။ ​ေနသက္ဆီမွ ​ေတာ္​ေတာ္ႏွင့္အၾကည့္မလႊဲနိုင္။ ဟိုက​ေတာ့ သိပုံမ​ေပၚ။ ​အိမ္ကိုမ​ေက်နပ္ခ်က္မ်ားအား ေခါက္ဆြဲမ်ားအ​ေပၚသာ ပုံခ်​ေန​ေလသည္။ ထိုစဥ္ ဟိန္းထက္ထံမွ ​ေခ်ာင္းဟန့္သံတစ္ခ်က္ ထြက္​ေပၚလာသည္။

"အဟမ္း...စစ္လင္း ​ေဟ့​ေကာင္...စားၿပီးရင္လည္း ျပန္ရ​ေအာင္"

"ျပန္​ေတာ့မွာလား...ျဖည္းျဖည္းသြားၾကဦး​"

ဟိန္းထက္ကိုတစ္လွည့္ သူ႕ကိုတစ္လွည့္ၾကည့္ၿပီး ​ေနသက္ ႏႈတ္ဆက္သည္။ ထိုအခါမွ...

"ဪ...အမ္း...အင္း...ျပန္​ေတာ့မွာ...ဟိန္းထက္ သြားမယ္ ​ေဟ့​ေကာင္"

​ေျပာရင္းျဖင့္ ဝုန္းဒိုင္းႏွင့္ထရပ္မိ​ေတာ့ ​ေဘးနားကလူမ်ားပင္ သူ႕ကိုကြက္ၾကည့္ကြက္ၾကည့္လုပ္သြားၾကသည္။ ​ေနသက္လည္း ​ေၾကာင္သြားကာ ထိုင္​ေနရင္းမွ ​ေမာ့ၾကည့္ၿပီး ၿပဳံးျပလိုက္သည္။

"သြားၿပီ ​ေနသက္"

"​ေအး...ျဖည္းျဖည္း​"

အ​ေနာက္သို႔လွည့္မၾကည့္​ေတာ့ဘဲ တန္းထြက္သြားသည္။ ဆိုင္ကယ္​ေပၚ​​ေရာက္သည္အထိ ဆိုင္ထဲသို႔တစ္ခ်က္မွ်ပင္လွည့္မၾကည့္ေတာ့။

"​ေဟ့​ေကာင္...ခုနက ငါျဖင့္ မင္းမ်က္လုံးႀကီး ကြၽတ္က်ၿပီထင္တာ"

အ​ေနာက္မွ စစ္လင္းျမတ္က တိတ္ဆိတ္ဆဲ။

"မင္းက ​ေယာက်္ား​​ေတြ စိတ္ဝင္စားတာလား"

ဗြင္းဗြင္းရွင္းရွင္း​ေမးခ်လိဳက္​ေသာ ဇီဇာ​ေၾကာင္​ေကာင္​ေၾကာင့္ နည္းနည္း​ေတာ့ ​ေဒါသထြက္သြားသည္။

"အဲ​ေတာ့ မင္းက လက္မခံဘူးလား"

"မဟုတ္ပါဘူးကြာ...ငါမင္းကို တခါမွ အခုလိုမ်ိဳးမျမင္ဖူးဘူး​ေလ...ခ်စ္သူ​ေကာင္မ​ေလးလည္းမထားဖူးဘူးဆို​ေတာ့"

"ငါကိုယ္တိုင္လည္း မသိ​ေတာ့ဘူး"

ထိုမွ်သာ​ေျဖကာ ႏွစ္​ေယာက္သားတိတ္ဆိတ္စြာျဖင့္ အ​ေဆာင္သို႔ျပန္ခဲ့ၾကသည္။

ထိုအမူအရာမ်ားက အသိစိတ္မ်ားလြတ္ထြက္သြား​ေလာက္​ေအာင္အထိ ဆြဲေဆာင္နိုင္လြန္းသည္။ ရင္ထဲတြင္ ​ေယာက္ယက္ခတ္သြား​ေစသည္။ ႏွလုံးခုန္ႏႈန္းကို ပိုတိုး​ေစသည္။ ဦး​ေႏွာက္ထဲ​​ေရာ ႏွလုံးသားထဲမွာပါ စြဲမွတ္သြား​ေစသည္။

စစ္လင္းတစ္​ေယာက္ မ​ေသခ်ာမ​ေရရာ။ ​​ေခါင္းကိုက္ျခင္းႏွင့္ ရင္ဘတ္​ေအာင့္ျခင္းတို႔ တရားခံက ​ေနသက္၊ ျပန္လည္​ေပ်ာက္ကင္း​ေအာင္ ကုသနိုင္သူကလည္း ​ေနသက္၊ ​ပုံရိပ္တို႔ကိုေမာင္းမထုတ္ရက္​ေအာင္ မ်က္လုံးထဲျမင္​ေယာင္မိေသာ ဆူပုတ္ပုတ္မ်က္ႏွာ​ပိုင္ရွင္ကလည္း ​ေနသက္...

​ေနာက္တခါထပ္​ေတြ႕ခ်င္သည္။ သူႏွင့္​ေတြ႕ခါနီးတိုင္း အခ်က္​ေပး​ေလ့ရွိသည့္ ဦး​ေခါင္းႏွင့္ရင္ဘတ္တို႔မွ ​ေဝဒနာကိုလည္း ထပ္၍ခံစားခ်င္သည္။ သူႏွင့္ စကားစ​ေျပာလိုက္သည့္အခါ နာက်င္မႈမ်ား ​ေပ်ာက္ကင္းသြားသည္ကို ထပ္ႀကဳံ​ေတြ႕ခ်င္သည္။ သူ႕အ​ေၾကာင္းမ်ားကို ဒီထက္ပိုၿပီးသိခ်င္သည္။ သူ႕မ်က္ႏွာ​ေလးကိုၾကည့္ကာ ရင္းရင္းႏွီးႏွီး စကား​ေတြအမ်ားႀကီး ​ေျပာခ်င္သည္။

ကံၾကမၼာႀကီးကို ​ေနာက္ထပ္အခြင့္အ​​ေရးမ်ား ထပ္ဖန္တီး​ေပးဖို႔ စစ္လင္းဆု​ေတာင္း​ေနမိသည္။

..............

စစ္လင္းတို႔ ျပန္သြား​ေတာ့ ​​​ေခါက္ဆြဲျပဳတ္ကို စိတ္မပါတပါ တစ္ဖက္ခ်င္းစီစားရင္း မနက္က ျဖစ္ခဲ့သည့္ ျပသနာမ်ားကို တစ္စတစ္စ​ေတြး​ေန​ေလသည္။

ေတြးလိုက္တိုင္း ​ေဒါသထြက္​ေလပါပဲ။ ျဖစ္နိုင္ရင္ အိမ္ကို​ေတာင္မျပန္ခ်င္​​။

ဒီ​​ေန႕ တနဂၤ​ေႏြမို႔ ​ေနသက္အတြက္နားရက္၊ မႉးသိမ့္အတြက္ ​ေက်ာင္းပိတ္ရက္။ မနက္​ေစာ​ေစာ အခန္းထဲမွထြက္ခ်ိန္ ဝရံတာဘက္တြင္ တခိခိႏွင့္ ပါးစပ္လႈပ္႐ုံဖုန္း​ေျပာ​ေန​ေသာ ညီမကို​ေတြ႕ရသျဖင့္ အႀကီးပီသစြာ ခိုးနား​ေထာင္မိသည္။ နားစြန္နားဖ်ားၾကားလိုက္ရသည္က "မႉး ဆယ္တန္း​ၿပီးတဲ့အထိ​ေစာင့္ရမယ္​ေနာ္ ကိုႀကီး" ဟူ၍။

အိမ္တြင္ သူ႕ကိုတစ္ခြန္းမက်န္ ငွက္ဆိုးထိုးသံႏွင့္ ပက္​ပက္၍​ေျပာ​ေသာ အသိမ့္မ​ေလသံက အခုမ်ားက်​ေတာ့ ပု႐ြက္ဆိတ္အုံ​ေန​ေသာသၾကားခဲလို။ ​ဖုန္း​ေျပာၿပီးသည့္အခ်ိန္အထိ စိတ္ရွည္စြာ ထိုင္​ေစာင့္​ေသးသည္။ မိနစ္၂၀ၾကာသည္။ ဒါ​ေတာင္သူထြက္မလာခင္ကတည္းက​ စ​ေျပာ​ေနျခင္း။

သူ႕အ​ေပ်ာ္​ေလးႏွင့္သူ ဖုန္း​ေျပာၿပီး၍ အထဲသို႔ဝင္လိုက္​ေတာ့ ဝရံတာသို႔ထြက္​ေသာတံခါးဝ​ေဘးတြင္ မိန့္မိန့္ႀကီးထိုင္​ေန​ေသာ အစ္ကို​ေတာ္ကို​ေတြ႕လိုက္ရသျဖင့္ ဖုန္းပင္လြတ္က်သြားသည္။ ​ေနသက္က ၿပဳံးတုံးတုံးျဖင့္ လက္ပိုက္၍ သူ႕ကိုၾကည့္​ေနသည္။

"ငါ့ကို​ေျပာစမ္း အသိမ့္မ...အဲ​ေကာင္ ဘယ္က​ေကာင္လဲ"

"ဘယ္​ေကာင္တုန္း"

"​ေဖ​ေဖနဲ႕မတိုင္ခ်င္ဘူး​ေနာ္"

​ေနသက္ အသံကို က်ယ္လိုက္သည္။

"ဘာ​ေတြ​ေျပာ​ေနတာလဲ...သူငယ္ခ်င္းနဲ႕ဖုန္း​ေျပာတာကို တိုင္မယ္ဆိုလည္းတိုင္​ေလ"

​​ေျပာင္လိမ္​ေျပာင္စားမ...
​ေနသက္ စိတ္ထဲက က်ိန္ဆဲလိုက္သည္။

"သူငယ္ခ်င္းနာမည္ ကိုႀကီးတဲ့လား ဟုတ္လား...ငါ့ကိုအဲဖုန္း​ေပးစမ္း"

"မ​ေပးဘူး...ဒီမွာ ငါအ႐ြယ္​ေရာက္​ေနၿပီ​ေနာ္...လာခ်ဳပ္ခ်ယ္ဖို႔ မႀကိဳးစားနဲ႕"

"​ေအာင္မာ...ဒီက​ေလးမ ​ေသခ်င္ေနၿပီ...ငါနင့္ကို ဘယ္တုန္းကခ်ဳပ္ခ်ယ္ဖူးလို႔လဲ...အခု ဆယ္တန္းမို႔ အ​ေရးႀကီးလို႔ ဂ႐ုစိုက္ခိုင္း​ေနတာ...နင္ဆယ္တန္းက်ရင္ ​ေဖ​ေဖတို႔မ်က္ႏွာပ်က္မွာစိုးလို႔ သိၿပီလား"

​ေနသက္အသံ ပို၍က်ယ္သြားသည္။ ​ေငါက္လိုက္သည္ဆိုပိုမွန္မည္။ ဟုတ္သည္​ေလ။ အႀကီးက အငယ္ကို မျဖစ္သင့္တာမျဖစ္​ေအာင္ ဆုံးမတာကို ဒင္းက လူ႕အခြင့္အ​ေရး​ေတြဘာ​ေတြနဲ႕ကိုင္​ေပါက္​ေန​သည္​ေလ။

​ေနသက္ အျမင္ကပ္လာသည္ႏွင့္ မႉးသိမ့္သူလက္ထဲမွဖုန္းကို မရမကလုသည္။ ဟိုကလည္း နည္းနည္းမွအ​ေလွ်ာ့မ​ေပး။ ​ေမာင္ႏွမႏွစ္​ေယာက္ လုံး​​ေထြးသတ္ပုတ္ရင္း ​ေနသက္ အားပါသြားသည္။ မႉးသိမ့္သူရင္ခြင္ထဲက ဖုန္းကိုအားႏွင့္ဆြဲယူရင္း ဖုန္း၏​​ေထာင့္စြန္းႏွင့္ မႉးသိမ့္အ​ေပၚႏႈတ္ခမ္းက မိတ္ဆက္သြားသည္။ ​ေယာက်္ားအားႏွင့္ျဖစ္သျဖင့္ ခ်က္ခ်င္းပင္ နီရဲရဲ​ေသြးတို႔ ဒလ​ေဟာထြက္လာသည္။ မႉးသိမ့္သူတစ္​​ေယာက္ သူ႕ႏႈတ္ခမ္းသူစမ္းကာ ​ေနရာမွာတင္ ရႈံးပြဲခ်ငိဳ​ေတာ့သည္။

အသံ​ေအာင္​ေသာ အသိမ့္မ​ေၾကာင့္ ​ေအာက္ကဟင္းခ်က္​ေန​ေသာ​ေမ​ေမက အ​ေပၚသို႔တက္လာသည္။ ႏႈတ္ခမ္းမွ​​ေသြးမ်ားက အခုထိမတိတ္။

"ဟယ္...ဘယ္လိုျဖစ္ၾကတာလဲ...လာလာ ​ေအာက္ဆင္း...​ေဆးထည့္မယ္...ဟိုအ​ေကာင္ နင္လုပ္လိုက္တာလား"

"ဟုတ္တယ္ ​ေမ​ေမႀကီး...ကိုသက္က သမီးကို အၾကမ္းႀကီးလုပ္တာ အီးဟီး"

ႏႈတ္ခမ္းသာကြဲသြားသည္။ စကားလုံးမ်ားကို​ေတာ့ ပီပီျပင္ျပင္ပင္ ​ငိုရင္းတန္းလန္း ​ေျပာသြားနိုင္​ေသးသည္။ ​ေနသက္လည္း မရည္႐ြယ္ခဲ့ပါ။ ထိုသို႔ျဖစ္သြား​ေတာ့လည္း စိတ္မ​ေကာင္းျဖစ္မိသည္။ဘာလုပ္ရမွန္းမသိသည္​ေၾကာင့္ သူတို႔ႏွင့္အတူ ​ေအာက္ထပ္သာ ဆင္းခဲ့​ေတာ့သည္။

"​သမီးငယ္ ဘာျဖစ္တာလဲ"

ဧည့္ခန္းတြင္ မနက္စာစားရင္းသတင္းစာဖတ္​ေနသာ ​ေဖ​ေဖက ​ေအာ္ဟစ္ငိုယိုသံၾကားသျဖင့္ အိမ္​ေနာက္​​ေဖးကို ထြက္လာခဲ့သည္။

"​ေမာင္ႏွမႏွစ္ေယာက္ ရန္ျဖစ္ၾကတာတဲ့ ​ေယာက်္ား​ေရ... ​ႏႈတ္ခမ္း​ေပါက္သြားတာ အႀကီးႀကီးပဲ...​ေသြးတိတ္​ေအာင္ မနည္းလုပ္ထားရတယ္"

​ေဆးထည့္ေပး​ေနရင္း ​ေမ​ေမကျပန္​ေျဖသည္။ ​ေဖ​ေဖက ​အ​ေနာက္တြင္ ​ေၾကာင္​​ေတာင္​ေတာင္ရပ္​ေန​ေသာ ​​ေနသက္ကိုၾကည့္ၿပီး...

"​ေဟ့​ေကာင္ မင္း ထိုးလိုက္တာလား"

"ဟာ...​ေဖ​ေဖကလည္းဗ်ာ...ကိုယ့္ညီမကို ထိုးစရာလား...မ​ေတာ္တဆျဖစ္တာ"

"မင္း မ​ေတာ္တဆကလည္းကြာ...မင္းကအႀကီး​ေလ...က​ေလးကို ညွာရမယ္​ေလကြ"

"မ​ေျပာခ်င္​ေတာ့ဘူး ​ေယာက်္ား​ေရ...ဒီအ​ေကာင္ အျပင္မွာသာ အစြမ္းအစမရွိတာ...ကိုယ့္ညီမကို​ေတာ့ မတရားနိုင္စားတာ...​ေနာ္...ငါလုပ္လိုက္ရ"

​ေဆး​ေသတၱာထဲမွ ​ေဆးဘူးျဖင့္ ​ေနသက္ကိုလွမ္း​ေပါက္သည္။

"​ေမ​ေမတို႔ကလည္းဗ်ာ...ဘာလို႔ရန္ျဖစ္တာလဲလည္း ​​ေမးၾကဦး...ဒီက​ေလးမ မဟုတ္တာ​ေတြလုပ္​ေနတာဗ်"

"မဟုတ္ဘူး​ေမ​ေမ...သမီးသူငယ္ခ်င္းနဲ႕ ဖုန္း​ေျပာ​ေနတာကို သူ႕စိတ္နဲ႕ႏွိုင္းၿပီး ယုန္ထင္​ေၾကာင္ထင္နဲ႕ သမီးကိုလာစြပ္စြဲတာ...ၿပီး​ေတာ့ သမီးဖုန္းကိုလာလုလို႔ အခုလိုျဖစ္တာ"

"နင္ ဗ​ေလာင္းဗလဲမ​ေျပာနဲ႕...ငါနားနဲ႕ ဆက္ဆက္ၾကားတာ"

"ကဲ​ေတာ္​ေတာ့ ​အႀကီး​ေကာင္...ဘယ္လိုျဖစ္ျဖစ္...​ေအး​ေအး​ေဆး​ေဆး​ေျပာလည္းရတာပဲကြာ...မင္းညီမက ငယ္​ေတာ့တာမွမဟုတ္တာ...အခု​ေလာက္ႀကီး လုပ္စရာ လိုလားကြ"

"မေတာ္တဆျဖစ္တာပါဆို ​ေဖ​ေဖရာ"

"ဟဲ့...နင့္မ​ေတာ္တဆက ၾကည့္ဦး​ေလ...က​ေလးက စာက်က္ရဦးမယ္ဟဲ့...ဒီဒဏ္ရာနဲ႕ ဘယ္လို​ေအာ္နိုင္​ေတာ့မလဲ"

​ေမ​ေမကလည္း ဝင္​ေျပာသည္။

​ေနသက္ စိတ္ရႈပ္စြာ ​ဆံပင္မ်ားကိုဖြရင္း သက္ျပင္းမ်ားကို အႀကိမ္ႀကိမ္ခ်သည္။ ဆက္​ေျဖရွင္း​ေနလည္း မဲကအျပတ္အသတ္ သုံးမဲ တစ္မဲမို႔ လ်စ္လ်ဴရႈလိုက္ကာ စိတ္ညစ္ညစ္ႏွင့္ ဆိုင္ကယ္​ေသာ့ယူၿပီး အျပင္ထြက္ခဲ့​ေတာ့သည္။

သို႔ႏွင့္ ​ေန႕လည္ခင္း အိမ္မျပန္ခ်င္​ေသးတာ​ေၾကာင့္ ​ဒီဆိုင္တြင္ ေခါက္ဆြဲျပဳတ္စားဖို႔ရန္ ျဖစ္လာခဲ့ျခင္း။ ​ေဒါသလွိုင္လွိုင္ထ​ေန​ေသာစိတ္အစဥ္တို႔ကလည္း ခ်စ္ညီမမႉးသိမ့္သူဆီသာ။

လုံးစုံမ်ားစြာ နင္နဲ႕နင့္အ​ေကာင္မပါ ခ်မ္းသာကိုယ္စိတ္ၿမဲၾကပါ​ေစ...
© Zinc ,
книга «The End of a Cruel Circle».
Коментарі