Waiting
ဖြုတ်ချသွားတဲ့ လက်တစ်စုံကို ကျွန်တော် စောင့်နေတုန်းပါ
ခင်ဗျားဆီက အရင်လို 'ချစ်တယ်' ဆိုတဲ့ စကားလေးကြားရဖို့လည်း စောင့်နေတုန်းပါပဲ
တစ်ခါတစ်လေကျတော့လည်း စောင့်နေရတာကို ကျွန်တော် စိတ်မရှည်တော့ဘူး
အရင်က အမှတ်တရတွေကို ပြန်ကြည့်ရင် ချိန်းထားတဲ့ အချိန်နောက်ကျတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေပေးတဲ့ ခင်ဗျားကို ကျွန်တော် အရမ်းသတိရတယ်
ရှေးလူကြီးတွေပြောဖူးတယ် 'ဝဋ်ဆိုတာ နောက်ဘဝမကူးဘူး အခုဘဝမှာတင် လည်တတ်တယ်'တဲ့
အခုတော့ ကျွန်တော်လည်း ဝဋ်လည်နေပြီ ထင်ပါ့ ခင်ဗျားရယ်
#Moon
2020-10-26 11:45:37
0
0