Another Story Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (1)
ဝန္ထုပ္ဝန္ပိုးတစ္ခု၏အလြန္၌ ေပါ့ပါးလွစြာေသာအၿပီးသတ္တစ္ခု။
နာက်င္ေၾကကြဲမႈ၊ ခ်စ္ခင္တြယ္ေႏွာင္ျခင္း၊ အလြမ္းအေဆြး၊ ထိတ္လန္႔ေၾကာက္ရြံ႕မႈ၊ ထိုထိုေသာစိတၱဇနာမ္တို႔၏ညႇင္းပန္းျခင္းမွ လြတ္လမ္း။
ထိန္းခ်ဳပ္ကန္႔သတ္ျခင္းေပါင္းမ်ားစြာ၏ တစ္ခုတည္းဟုထင္ရေသာ ထြက္ေပါက္။
ေမွာင္မိုက္ျခင္း၊ ေမၽွာ္လင့္ခ်က္မဲ့ျခင္း၊ အထီးက်န္ျခင္းတို႔၏ အလင္းတန္း။

ကိုယ္တိုင္သတိမျပဳမိခဲ့ေသာ ဘဝ၏ေကာင္းျခင္းဆိုးျခင္းမ်ား။ ခ်စ္သူ၊ မုန္းသူ၊ ျမတ္ႏိုးသူတို႔၏ အဆံုးအျဖတ္စကားမ်ားေနာက္တြင္ ေၾကးမံုျပင္၌ထင္သကဲ့သို႔ေသာ ခႏၶာကိုယ္ႏွင့္ ပါးလ်စြာလြင့္ပါသြားၿပီးေနာက္ ဆက္ႏွင္ရမည့္ခရီးတစ္ေၾကာင္း။ တစ္ဦးတည္းသာလိုက္ပါႏိုင္မည္ဟူေသာ အသိက ဝမ္းနည္းေစသည္။ ေခၚယူသမၽွသူတို႔ကလည္း မၾကားသည့္ႏွယ္။

သို႔ေသာ္ျငား ၿငိမ့္ေညာင္းမႈ၊ ႏွစ္သက္ဖြယ္အာ႐ံု၊ ေတာက္ပမႈတို႔နယ္ပယ္က ဆီးႀကိဳကမ္းလင့္ျပန္သည္။ အလင္းအေမွာင္မသဲကြဲေတာ့သည့္ ေလၽွာက္လမ္းကို လိုလိုလားလားလွမ္းေလၽွာက္လိုစိတ္သည္ အရာရာကိုလြမ္းမိုးသြားခဲ့ေလၿပီ။ ေႏွာင္ႀကိဳးတို႔ ေျဖေလ်ာ့ေစေတာ့။

.

အေငြ႕အသက္တစ္ခုသည္ ႏွစ္လိုဖြယ္ရာ။ ေကာင္းခ်ီးေပးရန္အလို႔ငွာ ထိုက္တန္ပါသည္။ ထို႔ေၾကာင့္ ...
'နိဗၺာန္ဘံုသို႔ လြင့္ေမ်ာပါ'

••••••

လူသားတိုင္း၏ တူညီေသာေနာက္ဆံုးခရီးလမ္း။ တိတ္ဆိတ္ျခင္းႏွင့္ ေျခာက္ျခားဖြယ္ရာတို႔ကို ခံစားရႏိုင္ေသာ ထိုေနရာတြင္ လူမ်ားစည္ကား၍ ဝမ္းနည္းျခင္း၊ ငိုေႂကြးျခင္းတို႔ အစားထိုးေရာက္လာခဲ့ျပန္သည္။

သခ်ႋဳင္းအတြင္းမွ ထိုအသုဘအခမ္းအနားမတိုင္မီက ...
*Last Step* အသုဘဝန္ေဆာင္မႈလုပ္ငန္းမွဝန္ထမ္းမ်ား အလုပ္မ်ားေနခဲ့သည္။

"Jennie, အားလံုးအဆင္သင့္ျဖစ္ၿပီလား။"

"ဟုတ္ကဲ့၊ သယ္ခိုင္းလိုက္လို႔ရၿပီ Draven."

အေလာင္းျပင္မိတ္ကပ္ပညာရွင္ (Mortuary Makeup Artist) Jennie ၏လက္တြင္ ေရာဂါေဝဒနာသည္၏ ရုပ္အေလာင္းက က်န္းမာစြာရွိစဥ္ကကဲ့သို႔နီးပါး လက္လႊတ္ခ်င္စရာမရွိ။ ျပင္ဆင္ၿပီးသားအေခါင္းသို႔သြင္းကာ ပန္းေပါင္းစံုႏွင့္ေမႊးရနံ႔စံုေနပါေသာ ခန္းမက်ယ္၏ထိပ္မွဓာတ္ပံု၏ ေအာက္ဘက္တြင္ ေနရာခ်ၿပီးခ်ိန္ မိသားစုဝင္တို႔၏႐ႈိက္ငိုသံတို႔က ပိုမိုပီျပင္လာၾကၿပီ။ ယခင္က ဓာတ္ပံုအတြင္းမွ အျပံဳးခ်ိဳခ်ိဳႏွင့္လူသားသည္ကား ငိုယိုေနသူတို႔ကို ျပံဳးမျပႏိုင္ေတာ့ေပ။

သတ္မွတ္ခ်ိန္ေရာက္လၽွင္ လူမ်ားတစ္စစမ်ားလာေလသည္။ ရင္းႏွီးသူတို႔က မိသားစုဝင္တို႔ကို ႏွစ္သိမ့္ေနၾကၿပီး အခ်ိဳ႕ကလည္း မ်က္ရည္မဆည္ႏိုင္ၾကေပ။ အသိမိတ္ေဆြအခ်ိဳ႕မွာေတာ့ ေနာက္နားတြင္ၿငိမ္သက္စြာရွိေနၾကသည္။
မည္မၽွရင္းႏွီးသည္ဆိုေစကာမူ ေနာက္ဆံုးတြင္ေတာ့ သတ္မွတ္ခ်ိန္အတြင္းသာ ႏႈတ္ဆက္ခြင့္ရၾကသည္။ သို႔ေသာ္လည္း တစ္ဖက္သတ္သာ။ ထိုသို႔ တစ္ဖက္သတ္ႏႈတ္ဆက္ခြင့္ပင္ မရၾကသူတို႔သည္လည္း ဒုႏွင့္ေဒး။ ဘဝလမ္းဆံုးသည္ တစ္ဦးတည္းမူပိုင္သာ။

Last Step မွဝန္ထမ္းမ်ား သိမ္းစရာမ်ားကိုသိမ္းဆည္းထြက္ခြာေနၾကသည္။ ဝန္ေဆာင္မႈတြင္ ခန္းမငွားရမ္းျခင္းပါရွိေသာ္လည္း ယခုသည္က သုႆန္ခန္းမတြင္ျပင္ဆင္ေပးရ၍ အခမ္းအနားၿပီးလၽွင္ သုႆန္ဝန္ထမ္းမ်ားက ဆက္လက္တာဝန္ယူေပလိမ့္မည္။ ဤလုပ္ငန္းကို ဦးစီးလုပ္ေဆာင္ေနသူမွာ Draven ဆိုသူျဖစ္သည္။ ယခုလည္း အခမ္းအနားၿပီးလုၿပီျဖစ္၍ Draven ႏွင့္ ဝန္ထမ္းသံုးေယာက္က်န္ေနၿပီး က်န္ဝန္ထမ္းမ်ား ျပန္ၾကေလၿပီ။

အသုဘရွင္ႏွင့္ စကားေျပာႏႈတ္ဆက္ၿပီး ခန္းမအျပင္ဘက္ ကားရပ္ထားရာဆီသို႔ထြက္လာခိုက္ Draven အာ႐ံုတို႔ကို တစ္စံုတစ္ခုကညႇိဳ႕ယူလိုက္သည့္ႏွယ္။ သူျပန္လွည့္ၾကည့္ေလေတာ့ ခန္းမအဝင္ေပါက္နားတြင္ Floppy Hat အနက္ႏွင့္ တစ္ကိုယ္လံုးနက္ေစြးေနေသာ အမ်ိဳးသမီးငယ္။ ဝမ္းနည္းျခင္းအထိမ္းအမွတ္ အနက္ေရာင္သည္ မထူးဆန္းေသာ္လည္း သူကေတာ့ Draven အတြက္ တစ္ခုခုထူးဆန္းေနသေယာင္။ ဝင္ေပါက္အနားသို႔ျပန္သြားခ်ိန္တြင္ ထြက္လာေသာလူအုပ္ၾကား ဦးထုပ္အနားစေလးပင္ ရွာမရခဲ့ေတာ့ေပ။

••••••

"Morning"

"Good Morning, Doctor."

ႏႈတ္ဆက္၍သာ တံု႔ျပန္လိုက္ရသည္။ နံနက္ေနေရာင္သည္ ထြက္မလာေသးပါ။ မစည္ကားအပ္ေသာအရပ္၌ လူမ်ားေန၍ ေဆး႐ံုဝန္ထမ္းမ်ား အလုပ္မ်ားေနၾကသည္။ မနက္မလင္းမီ တာဝန္ခ်ိန္ကိုေစာလာခဲ့ရေသာ ဆရာဝန္ေလး၏ ကပ်ာကယာလႈပ္ရွားမႈ၊ ခ်ိဳသာေသာအျပံဳးႏွင့္ ေဖာ္ေရြသည့္ႏႈတ္ဆက္သံက တစ္ညလံုးအလုပ္မ်ားေနသူတို႔ကို ခဏေတာ့လန္းဆန္းသြားေစသည္။

အလုပ္မ်ားေနၾကသူတို႔ႏွင့္ လူနာမ်ားၾကားတြင္ ေနာက္ထပ္လင္းေနသည့္ အျပံဳးတစ္ပြင့္သည္ကား သူနာျပဳမေလးတစ္ဦးဆီမွ။

"Sister, ဒီမွာေဆးရၿပီ။"

"ေအး၊ အဲဒီေပၚမွာတင္ခဲ့ Suda ေရ။"

လွည္းေလးတြန္းၿပီး Suda တစ္ေယာက္ လိုသမၽွလိုက္ျဖည့္ၿပီးေနာက္မွာေတာ့ ယခုအျဖစ္မ်ားေနသည့္ေရာဂါသည္မ်ား သီးသန္႔ထားရာအေဆာင္ဆီ ေရာက္လာခဲ့သည္။

"ေကာင္းေသာေန႔ေလးျဖစ္ပါေစ ဆရာမေလး။"

မ်က္ႏွာခ်ိဳကာ႐ုပ္ရည္သန္႔သည့္အျပင္ သေဘာေကာင္း၍ လူတကာကိုကူညီတတ္သူ ဂိတ္ေစာင့္ေကာင္ေလးက တာဝန္ခ်ိန္လဲၿပီး ျပန္ထြက္လာဟန္တူသည္။ မ်က္ႏွာခ်င္းဆိုင္မွ Suda ကို ႏႈတ္ဆက္လာသည္။

"Morning ပါ။ ေကာင္းေကာင္းနားလိုက္ပါဦး။"

Suda က အေဆာင္ဘက္ကူးသြားေသာ္လည္း ေကာင္ေလးက Suda ကိုရပ္ၾကည့္ေနေသးသည္။ Suda အေဆာင္တြင္းဝင္သြားေလမွ သူ႔လမ္းသူဆက္သြားေလသည္။

"ဟယ္ ... Suda, နင္ နားေတာ့ေလကြာ။"

"ငါ ရပါေသးတယ္။ ေဒါက္တာဘယ္မွာလဲ သူငယ္ခ်င္း။"

"Hall 3 မွာရွိမယ္ထင္တယ္။"

"သြားလိုက္ဦးမယ္။"

"ေအးပါ။"

Suda ၏သူငယ္ခ်င္းျဖစ္သူ သူနာျပဳေလးကေရရြတ္သည္။

"နင္ကစက္႐ုပ္လား Suda ရယ္။"

.

"Suda, ခင္ဗ်ား ေနာက္တစ္ေက်ာ့ဂ်ဴတီဝင္တာလား။ မဟုတ္ေသးဘူး၊ မနားရေသးတာမ်ားလား။"

"ဪ၊ ေဒါက္တာတို႔ ဂ်ဴတီလဲၿပီလား။"

ေနာက္ထပ္ဆရာဝန္မေလးတစ္ဦး အနားေရာက္လာၿပီး

"ဟဲ့၊ နင့္ ဂ်ဴတီခ်ိန္အတြင္း သူ႔ကိုအလုပ္မလုပ္ေစနဲ႔ေတာ့။ နားခိုင္းပါေတာ့။"

"တကယ္လား အစ္မ။ ကၽြန္ေတာ္ထင္တယ္၊ အခုပဲေသခ်ာေမးေနတာ။"

"ေအးေလ၊ ေျပာမရဘူး။ အကုန္လိုက္လုပ္ေပးေနတာ ေသခ်ာလည္းမနားရဘူး။"

"Off လိုက္ေတာ့ Suda ေရ၊ ကၽြန္ေတာ္မျမင္ခ်င္ေတာ့ဘူး။"

"ေဒါက္တာတို႔ကလည္း ..."

"ရၿပီ၊ အခုလည္း ထမင္းစားခ်ိန္နီးၿပီ။ Suda လည္း ျပန္နားလို႔ရၿပီ။"

"ဟုတ္၊ အဲဒါဆို Suda ျပန္ေတာ့မယ္ေနာ္။ အလုပ္မမ်ားတဲ့ေန႔ေလး ျဖစ္ပါေစ။"

အတင္းနားခိုင္းေလမွ Suda ဂ်ဴတီထြက္သြားေလသည္။

"သူ ေတာ္ေတာ္အလုပ္လုပ္ႏိုင္တာေနာ္။"

"အဲဒါေၾကာင့္လည္း အခ်ိန္တိုအတြင္း ေနရာတစ္ခုရလာတာေပါ့။ တစ္ခါတစ္ခါ သူ႔ႀကိဳးစားႏိုင္မႈႀကီးကို မနာလိုဘူး။ ဟား ဟား"

.

လူသြားလူလာရွင္းသည့္ ေဆး႐ံုအေနာက္တံခါးဘက္အကူး ၾကားတြင္ ရင္ခြဲ႐ံုႏွင့္ေရခဲတိုက္ကျခားေနသည္။ ထိုလမ္းေလးသည္ Suda အတြက္ေတာ့ အမွန္တကယ္ကိုအပန္းေျပေစသည္။ အပင္ႀကီးမ်ားစီတန္းေနေသာ လမ္းကေလးတစ္ေလၽွာက္တြင္ သစ္ရိပ္ရ၍ေအးျမေနၿပီး လူသြားလူလာက်ဲသည့္အတြက္ တိတ္ဆိတ္ေနသည္။ အေဆာက္အဦေရွ႕နားမွ ျမက္ခင္းျပင္ေလးသည္လည္း ပန္းမပြင့္သည့္ အလွပင္စုစုေလးမ်ားႏွင့္ တစ္မ်ိဳးေလးၾကည့္ေကာင္းေနကိုလည္း သေဘာက်သည္။

ျဖည္းညင္းစြာေလၽွာက္လာရင္း ေနာက္နားခပ္လွမ္းလွမ္းမွ အလ်င္စလိုေျခသံတစ္ခုေၾကာင့္ Suda နားစြင့္မိသည္။ လွည့္ၾကည့္ေသာ္လည္း ေၾကာင္တစ္ေကာင္ပင္မေတြ႕ရ။ ေရာက္ေနသည့္ေနရာသည္ လမ္းေကြ႕ေလးအနီးတြင္ျဖစ္၍ မည္သူမွန္းမသိရေပ။ ဆက္ေလၽွာက္လာေသာအခါ ေနာက္မွေျခသံကနီးလာၿပီး

"ဒီမွာ ခင္ဗ်"

လွည့္ၾကည့္မိေတာ့ အမ်ိဳးသားတစ္ဦး။

"Mr. Wesley ကိုသိသလားမသိဘူး။"

"တာဝန္ခံႀကီးမရွိဘူးေလ၊ ဒီေန႔ညေနမွျပန္လာမွာ။ လူစားထိုးထားခဲ့မွာပါ။"

"ဟုတ္ကဲ့၊ အဲဒီလူလည္းမေတြ႕ဘူးဗ်။"

"အေရးႀကီးလို႔လား။"

"ကၽြန္ေတာ္ Body သယ္ဖို႔ကိစၥ အလ်င္လိုေနလို႔ပါ။"

"ဪ၊ ရွင္က ..."

"အာ ... Last Step funeral home ကပါ။"

ကတ္ေလးတစ္ကတ္ထုတ္ေပးရင္း မိတ္ဆက္လာသူကို Suda စကားေျပာရန္ျပင္လိုက္စဥ္

"Mr. Draven O'Conner"

"Draven လို႔ပဲ ေခၚပါခင္ဗ်။"

"Nurse Suda ပါ။"

"Glad to meet you."

"So am I. Draven, အခုအခ်ိန္က ထမင္းစားခ်ိန္မို႔ မရွိၾကတာေနမွာ။ ရွင္အလ်င္လိုရင္ ကၽြန္မလိုက္ေမးေပးပါ့မယ္။"

"အဲဒီလိုလုပ္ေပးလို႔ရမလား။"

"ဟုတ္ကဲ့။ ဒါေပမဲ့ သူတို႔လည္းထမင္းေတာ့စားရမွာမို႔ နာရီဝက္ေလာက္ေတာ့ အဲဒီမွာထိုင္ေစာင့္ရမယ္ထင္တယ္။"

"ေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ်ာ။"

Draven ကိစၥကို Suda ကူညီေပးၿပီးေနာက္

"ရွင္တို႔ေတြ႕ၿပီဆိုေတာ့ ကၽြန္မျပန္ေတာ့မယ္ေနာ္။"

"ဟို ... Suda, ကၽြန္ေတာ္ ဒီေန႔အခ်ိန္မရေတာ့လို႔ပါ။ မဟုတ္ရင္ ျပန္မယ့္ေနရာအထိ လိုက္ပို႔ေပးပါတယ္ဗ်ာ။"

"ရပါတယ္။ ရွင့္ကိစၥသာဆက္လုပ္ပါ။ ခြင့္ျပဳပါဦး။"

ခဏထိုင္ေစာင့္ေနရသည့္မိနစ္ပိုင္းတြင္ အသုဘဝန္ေဆာင္မႈလုပ္ငန္းကို Suda စပ္စုၾကည့္မိခဲ့သည္။ ခႏၶာကိုယ္သယ္သည္မွ ေျမက်သည္အထိကို အစအဆံုးတာဝန္ယူလုပ္ေဆာင္ေပးသည္။ Body ကိုေဆးစိမ္၊ မိတ္ကပ္ျပင္ျခင္း၊ အေခါင္းေရြးခ်ယ္ျခင္း၊ အခမ္းအနားျပင္ဆင္ျခင္းမွ အေလာင္းေျမက်သည့္တိုင္ သူ႔အဆင့္ႏွင့္သူ ဝန္ေဆာင္မႈမ်ားကြဲျပားသြားသည္။ အခ်ိဳ႕က ဘုရားေက်ာင္းႏွင့္ သုႆန္ခန္းမတြင္မဟုတ္ဘဲ Last Step ၏ခန္းမတြင္ပင္ အသုဘ႐ႈၾကသည္လည္း ရွိၾကသည္။

လူေသမ်ားႏွင့္ပတ္သက္သည့္အတြက္ အာ႐ံုေနာက္ရန္မလိုဟုထင္ရေသာ္လည္း ပူေဆြးေနသည့္ က်န္ရစ္သူမိသားစု၏ အက်င့္စ႐ိုက္ေပၚမူတည္၍ ဆက္ဆံရသည္ကလည္း မလြယ္ကူေသာအလုပ္တစ္ခုျဖစ္ေၾကာင္း သိလိုက္ရေပသည္။

•••

"Good Morning ဆရာမေလး။ ညေနမွလာရမွာမဟုတ္ဘူးလား။"

"Morning ပါရွင္။ သူငယ္ခ်င္းနဲ႔ Duty လဲထားလို႔ပါ။"

ဂိတ္ေစာင့္ေကာင္ေလး၏ ႏႈတ္ဆက္စကားကို တံု႔ျပန္ၿပီး အလုပ္ဝင္ရန္အဆင္သင့္ျဖစ္ေနပံုရသူ Suda မွာ သူ၏တစ္ေန႔တာကို စတင္ခဲ့ေပသည္။ ယေန႔တြင္မွ ေဆး႐ံုဝန္ထမ္းမ်ား အလုပ္မ်ားေနၾကရသည္။ ယမန္ေန႔ညတြင္ ညတြင္းခ်င္း လူနာမ်ားထပ္မံေရာက္ရွိလာသကဲ့သို႔ ယခင္လူနာမ်ားသည္လည္း ေရာဂါျပင္းထန္လာၾကသည္မွာ ကူးစက္ေရာဂါတစ္မ်ိဳး အစုလိုက္အျပံဳလိုက္ ကူးစက္ခံရသည္ႏွင့္ပင္ တူေနေလသည္။

Suda သည္လည္း အေရးေပၚလူနာတစ္ဦးေဘးတြင္ တာဝန္က်ဆရာဝန္ႏွင့္အတူ လိုအပ္သည့္ကုသမႈမ်ားကို ဝိုင္းဝန္းေဆာင္ရြက္ေနျခင္းျဖစ္သည္။ အေျခအေနတည္ၿငိမ္သြားၿပီျဖစ္၍ ဆရာဝန္သည္ အျခားလူနာမ်ားကိုၾကည့္ရန္ ထြက္သြားေသာ္လည္း Suda မွာ စိတ္ခ်ရသည့္အခ်ိန္တစ္ခုအထိ လူနာကိုေစာင့္ၾကည့္ရန္အတြက္ က်န္ရစ္ေနခဲ့ေလသည္။

ေဝဒနာ၏ၾကမ္းတမ္းမႈကို ခက္ခဲစြာတြန္းလွန္ေနရသူက ေဆးကုသမႈေၾကာင့္ အနည္းငယ္သက္သာလာပါေသာ္လည္း အေရးေပၚလူနာတို႔ျဖစ္ေနက်အတိုင္း နာက်င္ခံစားမႈႏွင့္အတူ လဲေလ်ာင္းေနရ၏။ Suda က ဂ႐ုတစိုက္ေစာင့္ၾကည့္ေပးေနခ်ိန္ေလးတြင္ လူနာသည္ အသက္႐ွဴႏႈန္းညင္သာလာၿပီး ေကာင္းမြန္စြာအိပ္ေမာက်သြားဟန္ရွိသည္။ ႏွစ္လိုဖြယ္အျပံဳးႏွင့္အတူ Suda ထိုေနရာမွထြက္ရန္ျပင္သည့္အခါ ေဘးခုတင္မွလူနာက တိုးညင္းစြာစကားဆိုလာသည္မွာ

"အိပ္ေပ်ာ္သြားရွာၿပီ။ သူလည္း ညကထေဖာက္တာ ေတာ္ေတာ္ဆိုးတယ္။ ဆရာမေလးကေတာ့ေလ လူနာေတြအေပၚ အရမ္းဂ႐ုစိုက္တာပဲဗ်ာ။"

"ကၽြန္မတာဝန္ပါရွင္။ သူ႔အိမ္သားေတြေရာရွင့္။"

"ခုနေလးကမွ ခဏေလးျပန္မယ္ဆိုၿပီး ထြက္သြားတာ။ ေနာက္လူနာေစာင့္တစ္ေယာက္က လမ္းမွာေရာက္ေနၿပီတဲ့။ အဲဒါ လူနာရွင္ထြက္သြားၿပီး ခဏပဲၾကာတယ္၊ သူစျဖစ္တာပဲ။ သူ႔အိမ္ကကေလးေလး ေတာ္ေတာ္ေနမေကာင္းဘူးဆိုလို႔ ျပန္သြားရေပမဲ့ လူနာရွင္ခမ်ာလည္း စိတ္မခ်ရွာပါဘူး။ ကၽြန္ေတာ္တို႔ ဝိုင္းၾကည့္ေပးထားရတာ။"

ရွင္းျပၿပီးသည့္ေနာက္ ထိုလူနာက ေဘးဘက္စားပြဲေပၚမွေရတစ္ခြက္ကို ေသာက္ေနေလသည္။

"ဟုတ္ကဲ့၊ အခ်င္းခ်င္းေစာင့္ေရွာက္ၾကတာ ေကာင္းတာေပါ့ရွင္။ ကၽြန္မ ဟိုဘက္ကူးလိုက္ဦးမယ္။ တစ္ခုခုဆို Doctor တို႔အခန္းကို ေျပာေပးၾကပါဦး။"

"ဟုတ္ကဲ့"

Suda ထြက္သြားၿပီးေနာက္ လူနာမ်ားလည္း အိပ္သူကအိပ္၊ စာဖတ္သူကဖတ္ႏွင့္ ထိုခန္းမက်ယ္ႀကီးအတြင္း ျပန္လည္တိတ္ဆိတ္သြားၾကသည္။

.

"Hall 5 က အေရးေပၚလူနာကို လာၾကည့္ေပးပါဦးဗ်ာ။ တအားၿငိမ္ေနလို႔ ကၽြန္ေတာ္တို႔ၾကည့္တာေတာ့ အသက္မ႐ွဴေတာ့ဘူးလားမသိဘူးဗ်။"

လူနာရွင္တစ္ဦးမွ အေၾကာင္းၾကားလာ၍ ဆရာဝန္ႏွင့္သူနာျပဳေလး အေျပးအလႊားေရာက္သြားခ်ိန္တြင္

"စိတ္မေကာင္းပါဘူး လူနာရွင္၊ ေသဆံုးခ်ိန္ မနက္ရွစ္နာရီႏွစ္ဆယ့္ငါးမိနစ္ပါ။"

လူနာရွင္၏ ဟင့္ခနဲ႐ႈိက္ငိုသံႏွင့္အတူ ေဘးပတ္ဝန္းက်င္မွ စိတ္မေကာင္းေၾကာင္းေရရြတ္သံတို႔ၾကား သက္တမ္းတစ္ခုကုန္ဆံုးသြားခဲ့ေလၿပီ။

.

"Nurse"

Draven တစ္ေယာက္ Suda မိမိကိုျမင္လိုက္သည္အထင္ႏွင့္ လွမ္းေခၚလိုက္ေသာ္လည္း Suda က သြားေနသည့္လမ္းကိုသာ ေရွ႕ဆက္လွမ္းသြားခဲ့၍ Draven မိမိတစ္ကိုယ္သာၾကား႐ံု ေရရြတ္လိုက္သည္။

"ငါ့ကို ျမင္မသြားဘူးထင္တယ္။"

Draven လည္း လာရင္းကိစၥကိုသာေဆာင္ရြက္ရန္ ဦးတည္လိုက္ၿပီး Suda သည္ကား Hall 5 ဆီသို႔သြားေနျခင္းပင္။

"သူ ဆံုးသြားၿပီလား။"

"ဟုတ္တယ္ Suda ရယ္။ ခုနကပဲ နင္ေသခ်ာေစာင့္ၾကည့္ေပးသြားတုန္းက သက္သာေနၿပီလို႔ ေျပာတယ္။ အခုေတာ့ သူတကယ္ၿငိမ္းခ်မ္းသြားတာေပါ့ဟာ။ တစ္ညလံုးလည္း တျခားလူနာေတြပါ ေတာ္ေတာ္ကိုအေျခအေနဆိုးၾကတယ္။"

"စိတ္မေကာင္းစရာပဲဟာ။"

လုပ္ေဖာ္ကိုင္ဖက္သူနာျပဳေလးႏွင့္ စကားေျပာၿပီးေနာက္ လူနာရွင္ကိုႏွစ္သိမ့္ကာ Suda ျပန္ထြက္လာခဲ့သည္။ မၾကာေသးမီကပင္ သူ၏မ်က္စိေရွ႕တြင္ သက္သာလာေသာလူနာတစ္ဦး ယခုကဲ့သို႔ေသဆံုးသြားရသည္ကို စိတ္မေကာင္းျဖစ္ေနပံုရေလသည္။ နားေနခန္းအတြင္း ေခတၱခဏထိုင္နားၿပီးလၽွင္ အလုပ္လုပ္ရန္ျပန္ထလာခဲ့သည္။ ယခုအခ်ိန္တြင္ Suda မွာ ယခင္အတိုင္း အျပံဳးခ်ိဳေလးႏွင့္။ လူနာမ်ား သူ၏မ်က္ႏွာျမင္႐ံုမၽွႏွင့္ စိတ္ခ်မ္းသာရာရႏိုင္သည့္အသြင္ကို ေဆာင္ေနသည္။ ဤသည္မွာ Suda ကို လူခ်စ္လူခင္မ်ားရသည့္ အေၾကာင္းအရင္းတစ္ခ်က္ျဖစ္ေပသည္။

"Suda"

"Draven, ဘာကိစၥ ... ဪ၊ ညကအေျခအေနေတြဆိုးသြားၾကတာကိုး။"

"ဟုတ္တယ္ဗ်ာ။ ညဘက္ကတည္းက ဆက္သြယ္ထားၾကတာေတြ မနက္ေစာေစာကတည္းက လာစီစဥ္ေပးေနခဲ့တာ။ ကၽြန္ေတာ့္လုပ္ငန္းဆိုေပမဲ့ ဒီလိုႀကီးေတာ့ အလုပ္မမ်ားခ်င္တာအမွန္ပဲ။"

"ဟုတ္ပါရဲ႕ရွင္။ အဲဒါဆို ကၽြန္မသြားလိုက္ဦးမယ္ေနာ္။"

"ဟုတ္ကဲ့ ခင္ဗ်။"

•••

"ဒီလိုေတြျဖစ္ကုန္ၾကတာ ဘယ္လိုရွင္းျပၾကမလဲ။"

"ငါလည္း အတတ္ႏိုင္ဆံုးေတာ့ လူနာရွင္ေတြကို ရွင္းျပေပးခဲ့တယ္။ အခုက ဘာျဖစ္ေနတာလဲဆိုတာကို ေရာဂါရွာေဖြေရးဘက္က လာစစ္ေဆးၿပီးမွ သူတို႔အေၾကာင္းျပန္တာကို ေစာင့္ရမွာ။ ကူးစက္ေရာဂါဆိုရင္လည္း ဘာေရာဂါအမ်ိဳးအစားရယ္လို႔ အတည္ျပဳခ်က္ကိုေစာင့္ရမွာေလ။"

"ေအးေလကြာ။ တစ္ေယာက္ၿပီးတစ္ေယာက္ျဖစ္ေနေတာ့ လူနာေတြလည္း လန္႔ကုန္ၾကၿပီေလ။"

ေရာဂါလကၡဏာတူေသာေဝဒနာမ်ားကို ၿပိဳင္တူခံစားၾကရၿပီးေနာက္ ေသဆံုးသူမ်ားျပားလာခဲ့သည္။ အခ်ိဳ႕မွာ ဦးေႏွာက္အေၾကာေသသြားခဲ့သည္။ ဤၿမိဳ႕ေလးတြင္ ဤသို႔ျဖစ္ေနသည္မွာ ငါးရက္ခန္႔ရွိလာခဲ့ၿပီးေနာက္ ေရာဂါရွာေဖြေရးဌာနသည္လည္း လႈပ္လႈပ္ရွားရွားျဖစ္လာခဲ့ေလၿပီ။ ေဆး႐ံုမွက်န္းမာေရးဝန္ထမ္းမ်ားမွာ ထိုေရာဂါလကၡဏာရွိသူတို႔ကို သီးျခားအေဆာင္မ်ားခြဲ၍ ကုသမႈေပးေနရၿပီး လူနာအေရအတြက္မွာ အတိုးအေလ်ာ့ျမန္လြန္းလွသည္။ အေၾကာင္းမွာ ကူးစက္ခံရသူမ်ားလည္း တိုးပြားလာသကဲ့သို႔ ေသဆံုးသူမ်ားမွာလည္း မ်ားျပားလွေသာေၾကာင့္ပင္။

ထို႔အတူ Last Step တြင္လည္း အလုပ္မ်ားေနခဲ့ၾကသည္။

"ပိုးသတ္ေဆးျဖန္းလို႔ရၿပီ။"

"အေလာင္းျပင္တာေလး နည္းနည္းခပ္ျမန္ျမန္လုပ္ေပးပါလား။ အကူေခၚထားတာေရာ မလာေသးဘူးလား။"

"ခန္းမကျပည့္သြားၿပီတဲ့။ အဲဒါကို အေၾကာင္းၾကားၿပီးၿပီလား။"

"Mrs. Stewart ကိုက သယ္စရာမလိုေတာ့ဘူးေနာ္။ ေဆး႐ံုကေနပဲ သုႆန္ကိုတန္းပို႔မယ္တဲ့။"

အလုပ္မ်ားေနၾကေသာ ဝန္ထမ္းတို႔နည္းတူ ပိုင္ရွင္ျဖစ္သူ Draven သည္လည္း ေဆး႐ံုႏွင့္အလုပ္ကို လြန္းထိုးသြားလာေနရသည္။

"ဆရာေရ၊ နားဦးဗ်။ မနားတာႏွစ္ရက္ရွိၿပီေနာ္။ ဖ်ားေနမယ္။"

"နားပါ့မယ္။"

Draven တစ္ေယာက္ ပါးစပ္မွနားမည္ေျပာေနသည္မွာ ေန႔လယ္ကတည္းကပင္။ ညေနေစာင္းသည္အထိေတာ့ အနားမရႏိုင္ေသးပါ။ ညပိုင္းတြင္မူ ေဆး႐ံုသို႔ေရာက္လာရျပန္သည္။ အလုပ္ကိစၥမ်ားေျပာဆိုၿပီးလၽွင္ အေဖာ္ပါလာေသာအကူျဖစ္သူႏွင့္ လႊဲထားခဲ့ၿပီး ကားေပၚမွျပန္ေစာင့္မည္ဆိုကာ တစ္ဦးတည္းထြက္လာခဲ့သည္။
Draven ျဖတ္လာခဲ့ေသာအခန္းတြင္ တံခါးႏွင့္နီးေသာခုတင္မွလူနာမွာ သတိေမ့ေနဟန္ရွိၿပီး လူနာရွင္သည္ ေဘးနားမွခံုတန္းေလးတြင္ ညႇိဳးငယ္စြာထိုင္လ်က္ရွိ၏။ Coma ဝင္သြားသည့္လူနာမ်ားကိုလည္း သီးသန္႔ခြဲမထားႏိုင္သည္အထိ လူနာမ်ားျပည့္ရံုမက လၽွံေနသည့္ေဆး႐ံုတြင္ ဝန္ထမ္းအသီးသီးတို႔သည္လည္း အခ်ိန္ျပည့္နီးပါး အလုပ္မ်ားေနသည္မွာ မစည္ကားအပ္ေသာအရပ္၌ စည္ကားေန၍ စိတ္မခ်မ္းေျမ့ဖြယ္ရာအတိ။

အလယ္ေလၽွာက္လမ္းမဆံုးမီ ေနာက္ဆံုးေသာေထာင့္ခ်ိဳးသည္ ဝန္ထမ္းမ်ားနားေနခန္းဆီသို႔ဦးတည္သည္။ ထိုအခန္းေဘးတြင္ေတာ့ ေအာက္ထပ္သို႔ဆင္းေသာေလွကားရွိ၏။ ထိုေထာင့္ခ်ိဳးတြင္ မသဲကြဲေသာအရိပ္တစ္ခုကို Draven ျမင္လိုက္ရ၍ ခပ္သြက္သြက္လွမ္းသြားကာ ထိုလမ္းဘက္သို႔ခ်ိဳးေကြ႕လိုက္ေသာ္လည္း မည္သူမွရွိမေနပါ။ လမ္းေလးသည္ ဝန္ထမ္းနားေနခန္းဆီသြားရာျဖစ္၍ လူရွင္းေနသည္။ အလုပ္ကိုယ္စီႏွင့္ နားခ်ိန္မရႏိုင္ၾကသည္မဟုတ္ပါလား။

ဤသို႔ေသာညအခ်ိန္တြင္ လူအေသအေပ်ာက္မ်ားေနခ်ိန္ လူျပတ္ေသာေဆး႐ံုေထာင့္တစ္ေနရာမွ အရိပ္တစ္ခုဆိုသည္မွာ ေတြးၾကည့္မိလၽွင္ ေသြးလန္႔ခ်င္စဖြယ္ပင္။ Draven ကေတာ့ စိုးရိမ္ကင္းစြာ စူးစမ္းၾကည့္မိသည္။ သို႔ေသာ္ ထူးျခားျခင္းမရွိ။ အျမင္မွား႐ံုသက္သက္ဟုသာ ယူဆဟန္ရွိသည့္သူက ေလွကားမွေန၍ ေအာက္ထပ္သို႔ဆင္းလာခဲ့သည္။ လူနာခန္းမ်ားဘက္မဟုတ္သည့္အျပင္ ထိုေလွကားဘက္အျခမ္း၏ ေဘးဘက္အေဆာက္အဦသည္ ေဆးသိုေလွာင္႐ံုျဖစ္၍ ပိုမိုလူရွင္းေနသည့္အေျခအေနတြင္ ေလွကားတစ္ဆစ္ခ်ိဳးေနရာကို ေက်ာခိုင္းဆင္းလာေနေသာ Draven မွာ ေနာက္ဘက္သို႔သမင္လည္ျပန္လွည့္၍ အေပၚဘက္တြင္မီးထြန္းထားေသာ Landing ေနရာသို႔ၾကည့္လိုက္သည့္အခါ .....

😈😈😈
23 Jan 2022
Special warning ⚠️: Update ၾကာမည္။

by Demon

■■■■■ Part (2) ဆက္ရန္ ■■■■■

ဝန်ထုပ်ဝန်ပိုးတစ်ခု၏အလွန်၌ ပေါ့ပါးလှစွာသောအပြီးသတ်တစ်ခု။
နာကျင်ကြေကွဲမှု၊ ချစ်ခင်တွယ်နှောင်ခြင်း၊ အလွမ်းအဆွေး၊ ထိတ်လန့်ကြောက်ရွံ့မှု၊ ထိုထိုသောစိတ္တဇနာမ်တို့၏ညှင်းပန်းခြင်းမှ လွတ်လမ်း။
ထိန်းချုပ်ကန့်သတ်ခြင်းပေါင်းများစွာ၏ တစ်ခုတည်းဟုထင်ရသော ထွက်ပေါက်။
မှောင်မိုက်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း၊ အထီးကျန်ခြင်းတို့၏ အလင်းတန်း။

ကိုယ်တိုင်သတိမပြုမိခဲ့သော ဘဝ၏ကောင်းခြင်းဆိုးခြင်းများ။ ချစ်သူ၊ မုန်းသူ၊ မြတ်နိုးသူတို့၏ အဆုံးအဖြတ်စကားများနောက်တွင် ကြေးမုံပြင်၌ထင်သကဲ့သို့သော ခန္ဓာကိုယ်နှင့် ပါးလျစွာလွင့်ပါသွားပြီးနောက် ဆက်နှင်ရမည့်ခရီးတစ်ကြောင်း။ တစ်ဦးတည်းသာလိုက်ပါနိုင်မည်ဟူသော အသိက ဝမ်းနည်းစေသည်။ ခေါ်ယူသမျှသူတို့ကလည်း မကြားသည့်နှယ်။

သို့သော်ငြား ငြိမ့်ညောင်းမှု၊ နှစ်သက်ဖွယ်အာရုံ၊ တောက်ပမှုတို့နယ်ပယ်က ဆီးကြိုကမ်းလင့်ပြန်သည်။ အလင်းအမှောင်မသဲကွဲတော့သည့် လျှောက်လမ်းကို လိုလိုလားလားလှမ်းလျှောက်လိုစိတ်သည် အရာရာကိုလွမ်းမိုးသွားခဲ့လေပြီ။ နှောင်ကြိုးတို့ ဖြေလျော့စေတော့။

.

အငွေ့အသက်တစ်ခုသည် နှစ်လိုဖွယ်ရာ။ ကောင်းချီးပေးရန်အလို့ငှာ ထိုက်တန်ပါသည်။ ထို့ကြောင့် ...
'နိဗ္ဗာန်ဘုံသို့ လွင့်မျောပါ'

••••••

လူသားတိုင်း၏ တူညီသောနောက်ဆုံးခရီးလမ်း။ တိတ်ဆိတ်ခြင်းနှင့် ခြောက်ခြားဖွယ်ရာတို့ကို ခံစားရနိုင်သော ထိုနေရာတွင် လူများစည်ကား၍ ဝမ်းနည်းခြင်း၊ ငိုကြွေးခြင်းတို့ အစားထိုးရောက်လာခဲ့ပြန်သည်။

သချႋုင်းအတွင်းမှ ထိုအသုဘအခမ်းအနားမတိုင်မီက ...
*Last Step* အသုဘဝန်ဆောင်မှုလုပ်ငန်းမှဝန်ထမ်းများ အလုပ်များနေခဲ့သည်။

"Jennie, အားလုံးအဆင်သင့်ဖြစ်ပြီလား။"

"ဟုတ်ကဲ့၊ သယ်ခိုင်းလိုက်လို့ရပြီ Draven."

အလောင်းပြင်မိတ်ကပ်ပညာရှင် (Mortuary Makeup Artist) Jennie ၏လက်တွင် ရောဂါဝေဒနာသည်၏ ရုပ်အလောင်းက ကျန်းမာစွာရှိစဉ်ကကဲ့သို့နီးပါး လက်လွှတ်ချင်စရာမရှိ။ ပြင်ဆင်ပြီးသားအခေါင်းသို့သွင်းကာ ပန်းပေါင်းစုံနှင့်မွှေးရနံ့စုံနေပါသော ခန်းမကျယ်၏ထိပ်မှဓာတ်ပုံ၏ အောက်ဘက်တွင် နေရာချပြီးချိန် မိသားစုဝင်တို့၏ရှိုက်ငိုသံတို့က ပိုမိုပီပြင်လာကြပြီ။ ယခင်က ဓာတ်ပုံအတွင်းမှ အပြုံးချိုချိုနှင့်လူသားသည်ကား ငိုယိုနေသူတို့ကို ပြုံးမပြနိုင်တော့ပေ။

သတ်မှတ်ချိန်ရောက်လျှင် လူများတစ်စစများလာလေသည်။ ရင်းနှီးသူတို့က မိသားစုဝင်တို့ကို နှစ်သိမ့်နေကြပြီး အချို့ကလည်း မျက်ရည်မဆည်နိုင်ကြပေ။ အသိမိတ်ဆွေအချို့မှာတော့ နောက်နားတွင်ငြိမ်သက်စွာရှိနေကြသည်။
မည်မျှရင်းနှီးသည်ဆိုစေကာမူ နောက်ဆုံးတွင်တော့ သတ်မှတ်ချိန်အတွင်းသာ နှုတ်ဆက်ခွင့်ရကြသည်။ သို့သော်လည်း တစ်ဖက်သတ်သာ။ ထိုသို့ တစ်ဖက်သတ်နှုတ်ဆက်ခွင့်ပင် မရကြသူတို့သည်လည်း ဒုနှင့်ဒေး။ ဘဝလမ်းဆုံးသည် တစ်ဦးတည်းမူပိုင်သာ။

Last Step မှဝန်ထမ်းများ သိမ်းစရာများကိုသိမ်းဆည်းထွက်ခွာနေကြသည်။ ဝန်ဆောင်မှုတွင် ခန်းမငှားရမ်းခြင်းပါရှိသော်လည်း ယခုသည်က သုဿန်ခန်းမတွင်ပြင်ဆင်ပေးရ၍ အခမ်းအနားပြီးလျှင် သုဿန်ဝန်ထမ်းများက ဆက်လက်တာဝန်ယူပေလိမ့်မည်။ ဤလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူမှာ Draven ဆိုသူဖြစ်သည်။ ယခုလည်း အခမ်းအနားပြီးလုပြီဖြစ်၍ Draven နှင့် ဝန်ထမ်းသုံးယောက်ကျန်နေပြီး ကျန်ဝန်ထမ်းများ ပြန်ကြလေပြီ။

အသုဘရှင်နှင့် စကားပြောနှုတ်ဆက်ပြီး ခန်းမအပြင်ဘက် ကားရပ်ထားရာဆီသို့ထွက်လာခိုက် Draven အာရုံတို့ကို တစ်စုံတစ်ခုကညှို့ယူလိုက်သည့်နှယ်။ သူပြန်လှည့်ကြည့်လေတော့ ခန်းမအဝင်ပေါက်နားတွင် Floppy Hat အနက်နှင့် တစ်ကိုယ်လုံးနက်စွေးနေသော အမျိုးသမီးငယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ် အနက်ရောင်သည် မထူးဆန်းသော်လည်း သူကတော့ Draven အတွက် တစ်ခုခုထူးဆန်းနေသယောင်။ ဝင်ပေါက်အနားသို့ပြန်သွားချိန်တွင် ထွက်လာသောလူအုပ်ကြား ဦးထုပ်အနားစလေးပင် ရှာမရခဲ့တော့ပေ။

••••••

"Morning"

"Good Morning, Doctor."

နှုတ်ဆက်၍သာ တုံ့ပြန်လိုက်ရသည်။ နံနက်နေရောင်သည် ထွက်မလာသေးပါ။ မစည်ကားအပ်သောအရပ်၌ လူများနေ၍ ဆေးရုံဝန်ထမ်းများ အလုပ်များနေကြသည်။ မနက်မလင်းမီ တာဝန်ချိန်ကိုစောလာခဲ့ရသော ဆရာဝန်လေး၏ ကပျာကယာလှုပ်ရှားမှု၊ ချိုသာသောအပြုံးနှင့် ဖော်ရွေသည့်နှုတ်ဆက်သံက တစ်ညလုံးအလုပ်များနေသူတို့ကို ခဏတော့လန်းဆန်းသွားစေသည်။

အလုပ်များနေကြသူတို့နှင့် လူနာများကြားတွင် နောက်ထပ်လင်းနေသည့် အပြုံးတစ်ပွင့်သည်ကား သူနာပြုမလေးတစ်ဦးဆီမှ။

"Sister, ဒီမှာဆေးရပြီ။"

"အေး၊ အဲဒီပေါ်မှာတင်ခဲ့ Suda ရေ။"

လှည်းလေးတွန်းပြီး Suda တစ်ယောက် လိုသမျှလိုက်ဖြည့်ပြီးနောက်မှာတော့ ယခုအဖြစ်များနေသည့်ရောဂါသည်များ သီးသန့်ထားရာအဆောင်ဆီ ရောက်လာခဲ့သည်။

"ကောင်းသောနေ့လေးဖြစ်ပါစေ ဆရာမလေး။"

မျက်နှာချိုကာရုပ်ရည်သန့်သည့်အပြင် သဘောကောင်း၍ လူတကာကိုကူညီတတ်သူ ဂိတ်စောင့်ကောင်လေးက တာဝန်ချိန်လဲပြီး ပြန်ထွက်လာဟန်တူသည်။ မျက်နှာချင်းဆိုင်မှ Suda ကို နှုတ်ဆက်လာသည်။

"Morning ပါ။ ကောင်းကောင်းနားလိုက်ပါဦး။"

Suda က အဆောင်ဘက်ကူးသွားသော်လည်း ကောင်လေးက Suda ကိုရပ်ကြည့်နေသေးသည်။ Suda အဆောင်တွင်းဝင်သွားလေမှ သူ့လမ်းသူဆက်သွားလေသည်။

"ဟယ် ... Suda, နင် နားတော့လေကွာ။"

"ငါ ရပါသေးတယ်။ ဒေါက်တာဘယ်မှာလဲ သူငယ်ချင်း။"

"Hall 3 မှာရှိမယ်ထင်တယ်။"

"သွားလိုက်ဦးမယ်။"

"အေးပါ။"

Suda ၏သူငယ်ချင်းဖြစ်သူ သူနာပြုလေးကရေရွတ်သည်။

"နင်ကစက်ရုပ်လား Suda ရယ်။"

.

"Suda, ခင်ဗျား နောက်တစ်ကျော့ဂျူတီဝင်တာလား။ မဟုတ်သေးဘူး၊ မနားရသေးတာများလား။"

"ဪ၊ ဒေါက်တာတို့ ဂျူတီလဲပြီလား။"

နောက်ထပ်ဆရာဝန်မလေးတစ်ဦး အနားရောက်လာပြီး

"ဟဲ့၊ နင့် ဂျူတီချိန်အတွင်း သူ့ကိုအလုပ်မလုပ်စေနဲ့တော့။ နားခိုင်းပါတော့။"

"တကယ်လား အစ်မ။ ကျွန်တော်ထင်တယ်၊ အခုပဲသေချာမေးနေတာ။"

"အေးလေ၊ ပြောမရဘူး။ အကုန်လိုက်လုပ်ပေးနေတာ သေချာလည်းမနားရဘူး။"

"Off လိုက်တော့ Suda ရေ၊ ကျွန်တော်မမြင်ချင်တော့ဘူး။"

"ဒေါက်တာတို့ကလည်း ..."

"ရပြီ၊ အခုလည်း ထမင်းစားချိန်နီးပြီ။ Suda လည်း ပြန်နားလို့ရပြီ။"

"ဟုတ်၊ အဲဒါဆို Suda ပြန်တော့မယ်နော်။ အလုပ်မများတဲ့နေ့လေး ဖြစ်ပါစေ။"

အတင်းနားခိုင်းလေမှ Suda ဂျူတီထွက်သွားလေသည်။

"သူ တော်တော်အလုပ်လုပ်နိုင်တာနော်။"

"အဲဒါကြောင့်လည်း အချိန်တိုအတွင်း နေရာတစ်ခုရလာတာပေါ့။ တစ်ခါတစ်ခါ သူ့ကြိုးစားနိုင်မှုကြီးကို မနာလိုဘူး။ ဟား ဟား"

.

လူသွားလူလာရှင်းသည့် ဆေးရုံအနောက်တံခါးဘက်အကူး ကြားတွင် ရင်ခွဲရုံနှင့်ရေခဲတိုက်ကခြားနေသည်။ ထိုလမ်းလေးသည် Suda အတွက်တော့ အမှန်တကယ်ကိုအပန်းပြေစေသည်။ အပင်ကြီးများစီတန်းနေသော လမ်းကလေးတစ်လျှောက်တွင် သစ်ရိပ်ရ၍အေးမြနေပြီး လူသွားလူလာကျဲသည့်အတွက် တိတ်ဆိတ်နေသည်။ အဆောက်အဦရှေ့နားမှ မြက်ခင်းပြင်လေးသည်လည်း ပန်းမပွင့်သည့် အလှပင်စုစုလေးများနှင့် တစ်မျိုးလေးကြည့်ကောင်းနေကိုလည်း သဘောကျသည်။

ဖြည်းညင်းစွာလျှောက်လာရင်း နောက်နားခပ်လှမ်းလှမ်းမှ အလျင်စလိုခြေသံတစ်ခုကြောင့် Suda နားစွင့်မိသည်။ လှည့်ကြည့်သော်လည်း ကြောင်တစ်ကောင်ပင်မတွေ့ရ။ ရောက်နေသည့်နေရာသည် လမ်းကွေ့လေးအနီးတွင်ဖြစ်၍ မည်သူမှန်းမသိရပေ။ ဆက်လျှောက်လာသောအခါ နောက်မှခြေသံကနီးလာပြီး

"ဒီမှာ ခင်ဗျ"

လှည့်ကြည့်မိတော့ အမျိုးသားတစ်ဦး။

"Mr. Wesley ကိုသိသလားမသိဘူး။"

"တာဝန်ခံကြီးမရှိဘူးလေ၊ ဒီနေ့ညနေမှပြန်လာမှာ။ လူစားထိုးထားခဲ့မှာပါ။"

"ဟုတ်ကဲ့၊ အဲဒီလူလည်းမတွေ့ဘူးဗျ။"

"အရေးကြီးလို့လား။"

"ကျွန်တော် Body သယ်ဖို့ကိစ္စ အလျင်လိုနေလို့ပါ။"

"ဪ၊ ရှင်က ..."

"အာ ... Last Step funeral home ကပါ။"

ကတ်လေးတစ်ကတ်ထုတ်ပေးရင်း မိတ်ဆက်လာသူကို Suda စကားပြောရန်ပြင်လိုက်စဉ်

"Mr. Draven O'Conner"

"Draven လို့ပဲ ခေါ်ပါခင်ဗျ။"

"Nurse Suda ပါ။"

"Glad to meet you."

"So am I. Draven, အခုအချိန်က ထမင်းစားချိန်မို့ မရှိကြတာနေမှာ။ ရှင်အလျင်လိုရင် ကျွန်မလိုက်မေးပေးပါ့မယ်။"

"အဲဒီလိုလုပ်ပေးလို့ရမလား။"

"ဟုတ်ကဲ့။ ဒါပေမဲ့ သူတို့လည်းထမင်းတော့စားရမှာမို့ နာရီဝက်လောက်တော့ အဲဒီမှာထိုင်စောင့်ရမယ်ထင်တယ်။"

"ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။"

Draven ကိစ္စကို Suda ကူညီပေးပြီးနောက်

"ရှင်တို့တွေ့ပြီဆိုတော့ ကျွန်မပြန်တော့မယ်နော်။"

"ဟို ... Suda, ကျွန်တော် ဒီနေ့အချိန်မရတော့လို့ပါ။ မဟုတ်ရင် ပြန်မယ့်နေရာအထိ လိုက်ပို့ပေးပါတယ်ဗျာ။"

"ရပါတယ်။ ရှင့်ကိစ္စသာဆက်လုပ်ပါ။ ခွင့်ပြုပါဦး။"

ခဏထိုင်စောင့်နေရသည့်မိနစ်ပိုင်းတွင် အသုဘဝန်ဆောင်မှုလုပ်ငန်းကို Suda စပ်စုကြည့်မိခဲ့သည်။ ခန္ဓာကိုယ်သယ်သည်မှ မြေကျသည်အထိကို အစအဆုံးတာဝန်ယူလုပ်ဆောင်ပေးသည်။ Body ကိုဆေးစိမ်၊ မိတ်ကပ်ပြင်ခြင်း၊ အခေါင်းရွေးချယ်ခြင်း၊ အခမ်းအနားပြင်ဆင်ခြင်းမှ အလောင်းမြေကျသည့်တိုင် သူ့အဆင့်နှင့်သူ ဝန်ဆောင်မှုများကွဲပြားသွားသည်။ အချို့က ဘုရားကျောင်းနှင့် သုဿန်ခန်းမတွင်မဟုတ်ဘဲ Last Step ၏ခန်းမတွင်ပင် အသုဘရှုကြသည်လည်း ရှိကြသည်။

လူသေများနှင့်ပတ်သက်သည့်အတွက် အာရုံနောက်ရန်မလိုဟုထင်ရသော်လည်း ပူဆွေးနေသည့် ကျန်ရစ်သူမိသားစု၏ အကျင့်စရိုက်ပေါ်မူတည်၍ ဆက်ဆံရသည်ကလည်း မလွယ်ကူသောအလုပ်တစ်ခုဖြစ်ကြောင်း သိလိုက်ရပေသည်။

•••

"Good Morning ဆရာမလေး။ ညနေမှလာရမှာမဟုတ်ဘူးလား။"

"Morning ပါရှင်။ သူငယ်ချင်းနဲ့ Duty လဲထားလို့ပါ။"

ဂိတ်စောင့်ကောင်လေး၏ နှုတ်ဆက်စကားကို တုံ့ပြန်ပြီး အလုပ်ဝင်ရန်အဆင်သင့်ဖြစ်နေပုံရသူ Suda မှာ သူ၏တစ်နေ့တာကို စတင်ခဲ့ပေသည်။ ယနေ့တွင်မှ ဆေးရုံဝန်ထမ်းများ အလုပ်များနေကြရသည်။ ယမန်နေ့ညတွင် ညတွင်းချင်း လူနာများထပ်မံရောက်ရှိလာသကဲ့သို့ ယခင်လူနာများသည်လည်း ရောဂါပြင်းထန်လာကြသည်မှာ ကူးစက်ရောဂါတစ်မျိုး အစုလိုက်အပြုံလိုက် ကူးစက်ခံရသည်နှင့်ပင် တူနေလေသည်။

Suda သည်လည်း အရေးပေါ်လူနာတစ်ဦးဘေးတွင် တာဝန်ကျဆရာဝန်နှင့်အတူ လိုအပ်သည့်ကုသမှုများကို ဝိုင်းဝန်းဆောင်ရွက်နေခြင်းဖြစ်သည်။ အခြေအနေတည်ငြိမ်သွားပြီဖြစ်၍ ဆရာဝန်သည် အခြားလူနာများကိုကြည့်ရန် ထွက်သွားသော်လည်း Suda မှာ စိတ်ချရသည့်အချိန်တစ်ခုအထိ လူနာကိုစောင့်ကြည့်ရန်အတွက် ကျန်ရစ်နေခဲ့လေသည်။

ဝေဒနာ၏ကြမ်းတမ်းမှုကို ခက်ခဲစွာတွန်းလှန်နေရသူက ဆေးကုသမှုကြောင့် အနည်းငယ်သက်သာလာပါသော်လည်း အရေးပေါ်လူနာတို့ဖြစ်နေကျအတိုင်း နာကျင်ခံစားမှုနှင့်အတူ လဲလျောင်းနေရ၏။ Suda က ဂရုတစိုက်စောင့်ကြည့်ပေးနေချိန်လေးတွင် လူနာသည် အသက်ရှူနှုန်းညင်သာလာပြီး ကောင်းမွန်စွာအိပ်မောကျသွားဟန်ရှိသည်။ နှစ်လိုဖွယ်အပြုံးနှင့်အတူ Suda ထိုနေရာမှထွက်ရန်ပြင်သည့်အခါ ဘေးခုတင်မှလူနာက တိုးညင်းစွာစကားဆိုလာသည်မှာ

"အိပ်ပျော်သွားရှာပြီ။ သူလည်း ညကထဖောက်တာ တော်တော်ဆိုးတယ်။ ဆရာမလေးကတော့လေ လူနာတွေအပေါ် အရမ်းဂရုစိုက်တာပဲဗျာ။"

"ကျွန်မတာဝန်ပါရှင်။ သူ့အိမ်သားတွေရောရှင့်။"

"ခုနလေးကမှ ခဏလေးပြန်မယ်ဆိုပြီး ထွက်သွားတာ။ နောက်လူနာစောင့်တစ်ယောက်က လမ်းမှာရောက်နေပြီတဲ့။ အဲဒါ လူနာရှင်ထွက်သွားပြီး ခဏပဲကြာတယ်၊ သူစဖြစ်တာပဲ။ သူ့အိမ်ကကလေးလေး တော်တော်နေမကောင်းဘူးဆိုလို့ ပြန်သွားရပေမဲ့ လူနာရှင်ခမျာလည်း စိတ်မချရှာပါဘူး။ ကျွန်တော်တို့ ဝိုင်းကြည့်ပေးထားရတာ။"

ရှင်းပြပြီးသည့်နောက် ထိုလူနာက ဘေးဘက်စားပွဲပေါ်မှရေတစ်ခွက်ကို သောက်နေလေသည်။

"ဟုတ်ကဲ့၊ အချင်းချင်းစောင့်ရှောက်ကြတာ ကောင်းတာပေါ့ရှင်။ ကျွန်မ ဟိုဘက်ကူးလိုက်ဦးမယ်။ တစ်ခုခုဆို Doctor တို့အခန်းကို ပြောပေးကြပါဦး။"

"ဟုတ်ကဲ့"

Suda ထွက်သွားပြီးနောက် လူနာများလည်း အိပ်သူကအိပ်၊ စာဖတ်သူကဖတ်နှင့် ထိုခန်းမကျယ်ကြီးအတွင်း ပြန်လည်တိတ်ဆိတ်သွားကြသည်။

.

"Hall 5 က အရေးပေါ်လူနာကို လာကြည့်ပေးပါဦးဗျာ။ တအားငြိမ်နေလို့ ကျွန်တော်တို့ကြည့်တာတော့ အသက်မရှူတော့ဘူးလားမသိဘူးဗျ။"

လူနာရှင်တစ်ဦးမှ အကြောင်းကြားလာ၍ ဆရာဝန်နှင့်သူနာပြုလေး အပြေးအလွှားရောက်သွားချိန်တွင်

"စိတ်မကောင်းပါဘူး လူနာရှင်၊ သေဆုံးချိန် မနက်ရှစ်နာရီနှစ်ဆယ့်ငါးမိနစ်ပါ။"

လူနာရှင်၏ ဟင့်ခနဲရှိုက်ငိုသံနှင့်အတူ ဘေးပတ်ဝန်းကျင်မှ စိတ်မကောင်းကြောင်းရေရွတ်သံတို့ကြား သက်တမ်းတစ်ခုကုန်ဆုံးသွားခဲ့လေပြီ။

.

"Nurse"

Draven တစ်ယောက် Suda မိမိကိုမြင်လိုက်သည်အထင်နှင့် လှမ်းခေါ်လိုက်သော်လည်း Suda က သွားနေသည့်လမ်းကိုသာ ရှေ့ဆက်လှမ်းသွားခဲ့၍ Draven မိမိတစ်ကိုယ်သာကြားရုံ ရေရွတ်လိုက်သည်။

"ငါ့ကို မြင်မသွားဘူးထင်တယ်။"

Draven လည်း လာရင်းကိစ္စကိုသာဆောင်ရွက်ရန် ဦးတည်လိုက်ပြီး Suda သည်ကား Hall 5 ဆီသို့သွားနေခြင်းပင်။

"သူ ဆုံးသွားပြီလား။"

"ဟုတ်တယ် Suda ရယ်။ ခုနကပဲ နင်သေချာစောင့်ကြည့်ပေးသွားတုန်းက သက်သာနေပြီလို့ ပြောတယ်။ အခုတော့ သူတကယ်ငြိမ်းချမ်းသွားတာပေါ့ဟာ။ တစ်ညလုံးလည်း တခြားလူနာတွေပါ တော်တော်ကိုအခြေအနေဆိုးကြတယ်။"

"စိတ်မကောင်းစရာပဲဟာ။"

လုပ်ဖော်ကိုင်ဖက်သူနာပြုလေးနှင့် စကားပြောပြီးနောက် လူနာရှင်ကိုနှစ်သိမ့်ကာ Suda ပြန်ထွက်လာခဲ့သည်။ မကြာသေးမီကပင် သူ၏မျက်စိရှေ့တွင် သက်သာလာသောလူနာတစ်ဦး ယခုကဲ့သို့သေဆုံးသွားရသည်ကို စိတ်မကောင်းဖြစ်နေပုံရလေသည်။ နားနေခန်းအတွင်း ခေတ္တခဏထိုင်နားပြီးလျှင် အလုပ်လုပ်ရန်ပြန်ထလာခဲ့သည်။ ယခုအချိန်တွင် Suda မှာ ယခင်အတိုင်း အပြုံးချိုလေးနှင့်။ လူနာများ သူ၏မျက်နှာမြင်ရုံမျှနှင့် စိတ်ချမ်းသာရာရနိုင်သည့်အသွင်ကို ဆောင်နေသည်။ ဤသည်မှာ Suda ကို လူချစ်လူခင်များရသည့် အကြောင်းအရင်းတစ်ချက်ဖြစ်ပေသည်။

"Suda"

"Draven, ဘာကိစ္စ ... ဪ၊ ညကအခြေအနေတွေဆိုးသွားကြတာကိုး။"

"ဟုတ်တယ်ဗျာ။ ညဘက်ကတည်းက ဆက်သွယ်ထားကြတာတွေ မနက်စောစောကတည်းက လာစီစဉ်ပေးနေခဲ့တာ။ ကျွန်တော့်လုပ်ငန်းဆိုပေမဲ့ ဒီလိုကြီးတော့ အလုပ်မများချင်တာအမှန်ပဲ။"

"ဟုတ်ပါရဲ့ရှင်။ အဲဒါဆို ကျွန်မသွားလိုက်ဦးမယ်နော်။"

"ဟုတ်ကဲ့ ခင်ဗျ။"

•••

"ဒီလိုတွေဖြစ်ကုန်ကြတာ ဘယ်လိုရှင်းပြကြမလဲ။"

"ငါလည်း အတတ်နိုင်ဆုံးတော့ လူနာရှင်တွေကို ရှင်းပြပေးခဲ့တယ်။ အခုက ဘာဖြစ်နေတာလဲဆိုတာကို ရောဂါရှာဖွေရေးဘက်က လာစစ်ဆေးပြီးမှ သူတို့အကြောင်းပြန်တာကို စောင့်ရမှာ။ ကူးစက်ရောဂါဆိုရင်လည်း ဘာရောဂါအမျိုးအစားရယ်လို့ အတည်ပြုချက်ကိုစောင့်ရမှာလေ။"

"အေးလေကွာ။ တစ်ယောက်ပြီးတစ်ယောက်ဖြစ်နေတော့ လူနာတွေလည်း လန့်ကုန်ကြပြီလေ။"

ရောဂါလက္ခဏာတူသောဝေဒနာများကို ပြိုင်တူခံစားကြရပြီးနောက် သေဆုံးသူများပြားလာခဲ့သည်။ အချို့မှာ ဦးနှောက်အကြောသေသွားခဲ့သည်။ ဤမြို့လေးတွင် ဤသို့ဖြစ်နေသည်မှာ ငါးရက်ခန့်ရှိလာခဲ့ပြီးနောက် ရောဂါရှာဖွေရေးဌာနသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့လေပြီ။ ဆေးရုံမှကျန်းမာရေးဝန်ထမ်းများမှာ ထိုရောဂါလက္ခဏာရှိသူတို့ကို သီးခြားအဆောင်များခွဲ၍ ကုသမှုပေးနေရပြီး လူနာအရေအတွက်မှာ အတိုးအလျော့မြန်လွန်းလှသည်။ အကြောင်းမှာ ကူးစက်ခံရသူများလည်း တိုးပွားလာသကဲ့သို့ သေဆုံးသူများမှာလည်း များပြားလှသောကြောင့်ပင်။

ထို့အတူ Last Step တွင်လည်း အလုပ်များနေခဲ့ကြသည်။

"ပိုးသတ်ဆေးဖြန်းလို့ရပြီ။"

"အလောင်းပြင်တာလေး နည်းနည်းခပ်မြန်မြန်လုပ်ပေးပါလား။ အကူခေါ်ထားတာရော မလာသေးဘူးလား။"

"ခန်းမကပြည့်သွားပြီတဲ့။ အဲဒါကို အကြောင်းကြားပြီးပြီလား။"

"Mrs. Stewart ကိုက သယ်စရာမလိုတော့ဘူးနော်။ ဆေးရုံကနေပဲ သုဿန်ကိုတန်းပို့မယ်တဲ့။"

အလုပ်များနေကြသော ဝန်ထမ်းတို့နည်းတူ ပိုင်ရှင်ဖြစ်သူ Draven သည်လည်း ဆေးရုံနှင့်အလုပ်ကို လွန်းထိုးသွားလာနေရသည်။

"ဆရာရေ၊ နားဦးဗျ။ မနားတာနှစ်ရက်ရှိပြီနော်။ ဖျားနေမယ်။"

"နားပါ့မယ်။"

Draven တစ်ယောက် ပါးစပ်မှနားမည်ပြောနေသည်မှာ နေ့လယ်ကတည်းကပင်။ ညနေစောင်းသည်အထိတော့ အနားမရနိုင်သေးပါ။ ညပိုင်းတွင်မူ ဆေးရုံသို့ရောက်လာရပြန်သည်။ အလုပ်ကိစ္စများပြောဆိုပြီးလျှင် အဖော်ပါလာသောအကူဖြစ်သူနှင့် လွှဲထားခဲ့ပြီး ကားပေါ်မှပြန်စောင့်မည်ဆိုကာ တစ်ဦးတည်းထွက်လာခဲ့သည်။
Draven ဖြတ်လာခဲ့သောအခန်းတွင် တံခါးနှင့်နီးသောခုတင်မှလူနာမှာ သတိမေ့နေဟန်ရှိပြီး လူနာရှင်သည် ဘေးနားမှခုံတန်းလေးတွင် ညှိုးငယ်စွာထိုင်လျက်ရှိ၏။ Coma ဝင်သွားသည့်လူနာများကိုလည်း သီးသန့်ခွဲမထားနိုင်သည်အထိ လူနာများပြည့်ရုံမက လျှံနေသည့်ဆေးရုံတွင် ဝန်ထမ်းအသီးသီးတို့သည်လည်း အချိန်ပြည့်နီးပါး အလုပ်များနေသည်မှာ မစည်ကားအပ်သောအရပ်၌ စည်ကားနေ၍ စိတ်မချမ်းမြေ့ဖွယ်ရာအတိ။

အလယ်လျှောက်လမ်းမဆုံးမီ နောက်ဆုံးသောထောင့်ချိုးသည် ဝန်ထမ်းများနားနေခန်းဆီသို့ဦးတည်သည်။ ထိုအခန်းဘေးတွင်တော့ အောက်ထပ်သို့ဆင်းသောလှေကားရှိ၏။ ထိုထောင့်ချိုးတွင် မသဲကွဲသောအရိပ်တစ်ခုကို Draven မြင်လိုက်ရ၍ ခပ်သွက်သွက်လှမ်းသွားကာ ထိုလမ်းဘက်သို့ချိုးကွေ့လိုက်သော်လည်း မည်သူမှရှိမနေပါ။ လမ်းလေးသည် ဝန်ထမ်းနားနေခန်းဆီသွားရာဖြစ်၍ လူရှင်းနေသည်။ အလုပ်ကိုယ်စီနှင့် နားချိန်မရနိုင်ကြသည်မဟုတ်ပါလား။

ဤသို့သောညအချိန်တွင် လူအသေအပျောက်များနေချိန် လူပြတ်သောဆေးရုံထောင့်တစ်နေရာမှ အရိပ်တစ်ခုဆိုသည်မှာ တွေးကြည့်မိလျှင် သွေးလန့်ချင်စဖွယ်ပင်။ Draven ကတော့ စိုးရိမ်ကင်းစွာ စူးစမ်းကြည့်မိသည်။ သို့သော် ထူးခြားခြင်းမရှိ။ အမြင်မှားရုံသက်သက်ဟုသာ ယူဆဟန်ရှိသည့်သူက လှေကားမှနေ၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။ လူနာခန်းများဘက်မဟုတ်သည့်အပြင် ထိုလှေကားဘက်အခြမ်း၏ ဘေးဘက်အဆောက်အဦသည် ဆေးသိုလှောင်ရုံဖြစ်၍ ပိုမိုလူရှင်းနေသည့်အခြေအနေတွင် လှေကားတစ်ဆစ်ချိုးနေရာကို ကျောခိုင်းဆင်းလာနေသော Draven မှာ နောက်ဘက်သို့သမင်လည်ပြန်လှည့်၍ အပေါ်ဘက်တွင်မီးထွန်းထားသော Landing နေရာသို့ကြည့်လိုက်သည့်အခါ .....

😈😈😈
23 Jan 2022
Special warning ⚠️: Update ကြာမည်။

by Demon

■■■■■ Part (2) ဆက်ရန် ■■■■■
© Demon ,
книга «We are the Synonyms ᴴⁱᵃᵗᵘˢ».
Коментарі