Another Story Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (4)
"Layla, နင္ တစ္ရက္ေလာက္ ေဆး႐ံုလာခဲ့ပါလား။ Check up ေလးလုပ္ၾကည့္ရေအာင္။ နင့္ကိုၾကည့္ရတာ သိပ္မလန္းသလိုပဲ။"

"မလာပါဘူး။ ငါ အလန္းႀကီးပါေနာ္။ နည္းနည္းအိပ္ေရးပ်က္ထားလို႔ပါ။"

"အိပ္မေပ်ာ္တာလား။"

"မဟုတ္ပါဘူး။ အိပ္ခ်ိန္ေနာက္က်ေနတာ။ ဟိုေတြးဒီေတြးေပါ့ဟာ၊ မိသားစုကိစၥေလးပါ။"

"နင့္အိမ္က ဘာျဖစ္လို႔တဲ့လဲ။ အကူအညီလိုရင္ ငါ့ကိုေျပာပါဟ။ ေျပာ ... ေျပာ၊ ဘာျဖစ္တာလဲ။"

"အငယ္ေကာင္မိန္းမယူမွာမို႔ မဂၤလာစရိတ္လိုတာ။ ငါစုထားတာေတာ့ရွိပါတယ္။"

"နင္ သင္တန္းတက္ဖို႔ဆို အဲဒီပိုက္ဆံက။"

"ေနာက္မွတက္လည္း ရတာပဲ။"

"ဒီလိုလုပ္၊ နင့္သင္တန္းေၾကး ငါတစ္ဝက္စိုက္ေပးမယ္။ သင္တန္းၿပီးမွ အလုပ္အဆင္ေျပရင္ျပန္ဆပ္။ မျငင္းနဲ႔၊ အကုန္ေပးမယ္ဆိုလည္း နင္ယူမွာမဟုတ္တာ ငါသိတယ္။ တစ္ဝက္ေပးမွာကိုေတာ့ မျငင္းနဲ႔။"

"Suda, ေက်းဇူးတင္ပါတယ္။ တကယ္ပါ။"

"မလိုပါဘူးဆို။ ငါကတစ္ေယာက္တည္းသမားေလ၊ အဲဒီေလာက္ေငြမလိုဘူး။"

"နင္ရွာသမၽွက ဘာအတြက္လဲ Suda."

"ဘဝတစ္ခုအတြက္ လိုအပ္လို႔ပဲ ဆိုပါေတာ့။"

Suda တစ္ေယာက္ Night duty မရွိသည့္တစ္ညတြင္ Layla ႏွင့္ Suda တို႔ သူမတို႔အခန္းေလး၏ ျပတင္းတံခါးေပါက္အနီးတြင္ထိုင္ကာ စကားေျပာျဖစ္ၾကေလသည္။ အနည္းငယ္ညနက္လာလၽွင္ Layla က

"ဟယ္ ... စကားေျပာေကာင္းေနတာနဲ႔ ေနာက္က်ေနၿပီ။ နင္မနက္ေစာေစာထရမွာ Suda, အိပ္ၾကစို႔။ ငါလည္း အိပ္ခ်င္လာၿပီ။"

"အင္း၊ မနက္က်ရင္ ငါသြားခါနီးမွ နင့္ကိုႏႈိးမယ္။ Alarm ေပးမထားနဲ႔ေတာ့။"

"Ok."

Layla အိပ္ရာဝင္ကာ ျဖည္းျဖည္းခ်င္းအိပ္ေပ်ာ္သြားၿပီးမွ Suda က Layla ကိုလွမ္းၾကည့္လိုက္သည္။ Layla ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္မွာ ေသခ်ာသြားၿပီးမွ Suda ျပံဳးလိုက္သည္။

"Sleep tight, Layla. You're safe."

••••••

"Samantha ဆံုးၿပီတဲ့။"

Suda ေဆး႐ံုသို႔ေရာက္ေရာက္ခ်င္း ၾကားလိုက္ရသည့္သတင္းသည္ သတင္းဆိုးတစ္ခုျဖစ္ေနခဲ့သည္။

"Suda, အလုပ္ဆင္းခ်ိန္က် နာေရးသတင္းေမးသြားမလို႔ နင္လိုက္မယ္မဟုတ္လား။"

အေဖာ္ညႇိေနေသာ Bethany မွာ မ်က္ႏွာမေကာင္းပါ။

"လိုက္မယ္ေလ။"

"ငါ မယံုႏိုင္ေသးဘူး။"

"ေအးေလဟာ၊ ဟိုေန႔ကမွ အသည္းကြဲပါတယ္ဆိုၿပီး စေနာက္ေနေသးတယ္မဟုတ္လား။"

"ငါေျပာစရာရွိတယ္ Suda."

လူရွင္းရာသို႔ဆြဲေခၚ၍ Suda ပါလာခဲ့ၿပီးေနာက္

"Samantha ကေလ သူ႔ကိုယ္သူသတ္ေသတာလို႔ သူ႔အေဒၚကေျပာေနတယ္တဲ့ Suda ရယ္။"

"သူ႔အေဒၚဆိုတာ ဟိုအေဒၚလား။"

"ေအး၊ Ms. Linda ေလ။"

"တျခားမိသားစုဝင္ေတြကေရာ ဘာတဲ့လဲ Beth."

"သူတို႔ကေတာ့ Ms. Linda ရဲ႕ထံုးစံအတိုင္း စိတ္လြတ္လို႔ေလၽွာက္ေျပာတာတဲ့။ သူ႔တူမကိုတၿပီးငိုရင္းနဲ႔ ေျပာတာကေလ တူမေလးက အရမ္းေသခ်င္ေနလို႔ သူတားေနရတာတဲ့။ အခု သူခဏေလးသတိလက္လြတ္ျဖစ္ၿပီး မၾကည့္လိုက္မိတဲ့အခ်ိန္ သူ႔တူမေသသြားတာမို႔ သူ႔ကိုယ္သူလည္း အျပစ္တင္မိတယ္တဲ့ေလ။"

"ေျခေခ်ာ္က်တာမဟုတ္ဘဲ ခုန္ခ်တာလို႔ ဆိုလိုတာလား။ မျဖစ္ႏိုင္တာ။ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အေကာင္းျမင္တတ္တဲ့သူက သတ္ေသတာမ်ိဳးလုပ္ပါ့မလား။"

"ဝရန္တာေဘာင္မွာ ေရေတြစိုေနတာမို႔ ေခ်ာ္သြားတာလို႔ ေျပာၾကတယ္။ ဒါေပမဲ့ အဲဒီပန္းအိုးေလးေတြက သူခ်ိတ္ေနက်ေလ။ အရမ္းလည္းျမင့္တာမဟုတ္ဘူး။ ရဲေတြကေတာ့ ပန္းအိုးခ်ိတ္ဖို႔ ဝရန္တာကိုလက္ေထာက္ရင္း ေရေတြစိုေနလို႔ေခ်ာ္သြားရာက အရွိန္လြန္ၿပီးျပဳတ္က်တာျဖစ္မယ္လို႔ ေျပာတာပဲ။ သူပဲျပဳတ္က်တာ၊ ပန္းအိုးကေတာ့ ခ်ိတ္ၿပီးေနၿပီလို႔ ေျပာတယ္။ သူျပဳတ္က်လို႔ေအာက္ေရာက္မွ ေအာက္ဘက္ကလူေတြထေအာ္ၾကတာမို႔ ဘယ္လိုက်လဲေတာ့ မသိၾကဘူးတဲ့။"

"စိတ္မေကာင္းစရာပဲ။ ညေန နင္သြားရင္ ငါ့ကိုေခၚဦးေနာ္။"

"ေအးပါ။"

•••

"ေဆး႐ံုကနင့္သူငယ္ခ်င္း accident ျဖစ္ၿပီးဆံုးသြားလို႔ဆို။"

"ဟုတ္တယ္၊ Layla. ဝရန္တာကေန ေခ်ာ္ၿပီးျပဳတ္က်တာ။"

"ေအး၊ သတင္းၾကားတယ္။ အလုပ္ထဲကတစ္ေယာက္က အဲဒီတိုက္ခန္းမွာေနတာေလ။ စိတ္သိပ္မမွန္တဲ့သူ႔အေဒၚကလည္း သူ႔တူမေလး သတ္ေသတာပါလို႔ ေျပာေနတယ္တဲ့။ ရည္းစားနဲ႔ျပတ္ထားတာမၾကာေသးေတာ့ ျဖစ္ႏိုင္တယ္လို႔လည္း ေျပာေနၾကတယ္။"

"Samantha က ေပ်ာ္ေပ်ာ္ေနတတ္တယ္။ ရည္းစားနဲ႔ျပတ္တာကို ငါတို႔နဲ႔ေတာင္စေနာက္ၿပီး အသည္းကြဲတာဘယ္လိုဆိုၿပီး ေျပာေနေသးတာကို။ သတ္ေသရေလာက္တဲ့အထိ ခံစားေနရပံုလည္း မေတြ႕မိဘူး။"

"လူေတြကေတာ့ တစ္ေယာက္တစ္မ်ိဳးေတြ ေျပာၾကမွာေပါ့ဟာ။"

"အင္း၊ အဲဒါေတြခက္တာပဲ။ နင္ေရာ ညည အိပ္ေပ်ာ္ရဲ႕လား။"

"အင္း၊ အရင္လိုမျဖစ္ေတာ့ဘူး။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ၿပီး ႏိုးလာရင္လန္းေနေရာ။"

"ေအးပါ၊ တစ္ခုခုဆို ငါ့ကိုေျပာပါ။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ငါရွိေနတာကို ငါ့ကိုေျပာမွေပါ့။"

"ေအးပါဟဲ့။"

•••

"ၾကားၿပီးၿပီလား Suda ေရ၊ Samantha တို႔တိုက္ခန္းမွာ အခုႏွစ္ပတ္အတြင္းကို ေနာက္ထပ္သံုးေယာက္ နာေရးျဖစ္တယ္တဲ့ သိလား။"

"ဟင္၊ ျဖစ္လွခ်ည္လား။"

"ေအးဆို၊ မေတာ္တဆေတြျဖစ္ၿပီးပဲ ေသၾကတာဆိုေတာ့ အဲဒီမွာေနတဲ့လူေတြ လန္႔ေနၾကတယ္။"

"ဟင္း ... သတင္းဆိုးေတြမၾကားခ်င္ပါဘူးဟာ။"

"အမွန္ပဲ။"

Bethany ႏွင့္ Suda တို႔ အလုပ္လုပ္ရင္း စကားေျပာေနၾကစဥ္တြင္ အေရးေပၚအခ်က္ေပးသံက ျမည္လာခဲ့သည္။ အေျပးအလႊားသြား၍ လူစုမိၾကသည့္အခါ သိရသည္က

"ကား accident တစ္ခုေၾကာင့္ အေရးေပၚလူနာေတြေရာက္မယ္။ လမ္းဆံုမွာျဖစ္တာေၾကာင့္ ကားေျခာက္စီးဆင့္တိုက္မိၿပီး concrete mixer တစ္စီးလည္းေမွာက္သြားလို႔ ပိမိတာေတြလည္းရွိတယ္လို႔ အေၾကာင္းၾကားတယ္။ Tourism လုပ္ငန္းတစ္ခုက ခရီးသြားကားပါပါလို႔ လူအထိအခိုက္မ်ားတယ္။ Duty off မယ့္လူေတြလည္း ဆက္ေနေပးပါဦး။ ပင္ပန္းမယ့္ရက္ပါပဲ။"

သူနာျပဳမ်ားအတြက္ အေရးေပၚတာဝန္ခြဲေပးေနစဥ္ ေဆး႐ံုမွလည္း အေရးေပၚေၾကညာခ်က္ကို ေၾကညာေပးေနခဲ့သည္။ Duty လဲခ်ိန္မတိုင္မီတြင္ ျဖစ္လာသည့္အတြက္ ျပန္မည့္သူမ်ားမျပန္ျဖစ္ေတာ့၍ ဝန္ထမ္းအင္အားမ်ားေနသည္က ကံေကာင္းသည္ဟုဆိုရေပမည္။
ထိုအခ်ိန္မွာပင္ အေရးေပၚကားသံမ်ားကိုၾကားလိုက္ရၿပီး ေဆးရံုဝင္းအတြင္း ဆူညံသြားခဲ့ေတာ့သည္။

ေသြးသံရဲရဲျမင္ကြင္းမ်ားၾကား လူနာတို႔၏ေအာ္ညည္းသံမ်ား၊ ကယ္ဆယ္ေရးဝန္ထမ္းမ်ား၏ အလ်င္စလိုလႈပ္ရွားေျပးလႊားေနမႈမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ား၏ လိုအပ္သည့္ကုသမႈအတြက္ အသိေပးသံမ်ားႏွင့္ နီးစပ္ရာမွေရာက္လာၾကသည့္ မိသားစုဝင္မ်ား၏ ပူေဆြးငိုေႂကြးသံမ်ားက ေဆး႐ံုဝင္းအတြင္းမွ နံနက္ခင္းကို အက်ည္းတန္စြာအသက္ဝင္ေစခဲ့သည္။

"Scan ဖတ္ဖို႔ျပင္ပါ။ Neuro ဘက္ကိုအေၾကာင္းၾကားထားၿပီလား။"

ေခါင္းမွဒဏ္ရာျပင္းထန္ပံုရၿပီး မ်က္ႏွာတြင္လႊမ္းေနေသာေသြးမ်ားေၾကာင့္ မည္သူမည္ဝါမသဲကြဲႏိုင္ေသာလူနာသည္ သတိရွိေနၿပီး နာက်င္မႈေၾကာင့္ တဆတ္ဆတ္တုန္ခါေနေပသည္။

"ကိုယ္ဝန္ေဆာင္ပါတယ္။ နည္းနည္းေလာက္ဖယ္ေပးၾကပါ။"

OG ဌာနမွာလည္း အလုပ္မ်ားသြားခဲ့သည္။ ေန႔ေစ့လေစ့ျဖစ္ပံုရသည့္ ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးမွာ နံၾကားမွေသြးမ်ားထြက္ေနၿပီး ခင္ပြန္းျဖစ္ဟန္တူသူသည္လည္း ေသြးစက္လက္က်ေနသည့္ သူ၏လက္ေမာင္းကိုဖိကိုင္ကာ ထိုေသြးေပေနသည့္လက္ႏွင့္ အမ်ိဳးသမီး၏လက္တစ္ဖက္ကိုဆုပ္ကိုင္ရင္း စိုးရိမ္ႀကီးစြာႏွင့္ ေဘးမွအေျပးလိုက္ပါလာေလသည္။

"တစ္ေယာက္က အသက္မရွိေတာ့ဘူး။ ေနာက္တစ္ေယာက္ကို ခြဲစိတ္ဖို႔ျပင္ရမယ္။"

မည္သို႔ေတာ္စပ္သည္မသိသည့္ အမ်ိဳးသမီးငယ္ႏွစ္ဦးတြင္ သိုင္းဖက္ေပးထားသည့္တစ္ဦး၏ ေနာက္ေက်ာဘက္မွ သံေခ်ာင္းတစ္ေခ်ာင္းေဖာက္ဝင္ေနၿပီး သူကာကြယ္ေပးထားသည့္ မိန္းကေလး၏ ခႏၶာကိုယ္သို႔လည္း ေဖာက္ဝင္ေနဟန္တူသည္။ ႏွစ္ဦးသားတြဲလ်က္ပင္ သယ္ေဆာင္လာခဲ့ၾကေသာ္ျငား အသက္ႏွင့္ရင္း၍ ကာကြယ္သြားသူသည္ က်န္ရစ္မည့္သူအတြက္သာမက ျမင္ရသူတို႔ကိုပင္ ရင္နင့္ေစသည္။

"ကေလးကို တစ္ေယာက္ေယာက္ေခၚၾကပါ။ သိပ္ေတာ့ထိခိုက္ပံုမေပၚဘူး။"

မိခင္၏လက္အတြင္း ငိုယိုေနသည့္ ႏွစ္ႏွစ္ခန္႔သာရွိေသးေသာ ကေလးငယ္ေလးမွာ ေသြးမ်ားစြန္းထင္ေနေသာ္လည္း ႀကီးမားေသာထိခိုက္မႈမ်ိဳး ရွိဟန္မတူေပ။ မိခင္မွာေတာ့ သတိလစ္ေမ့ေမ်ာေနေပသည္။ မိခင္ကိုၾကည့္၍ငိုေႂကြးေနသည့္ ကေလးငယ္၏မ်က္ရည္သည္ ပတ္ဝန္းက်င္ကိုပါ ပူေလာင္ေစသည္။

ပ်က္စီးသြားခဲ့ရေသာ အသက္ခႏၶာတို႔ႏွင့္အတူ မိသားစုဝင္မ်ား၏ ေလာင္ကၽြမ္းေနေသာေသာကမ်ားသည္လည္း ဟိုတစ္စ၊ သည္တစ္စ။ ထိုထိုေသာ အနိ႒ာ႐ံုျမင္ကြင္းတို႔ၾကား Suda သည္လည္း သူမတာဝန္ရွိသည့္အတိုင္း ေျပးလႊားလႈပ္ရွားရင္း တစ္ေနရာအေရာက္တြင္ ေခတၱခဏမၽွ ရပ္သြားခဲ့သည္။
ေျခေထာက္က်ိဳးသြားၿပီး အသားကိုေဖာက္ထြက္ေနသည့္ အ႐ိုးေငါေငါကို ထင္ရွားစြာျမင္ေနရေသာ ေသြးထြက္လြန္ေနသည့္လူနာမွာ သက္ႀကီးရြယ္အိုတစ္ဦးပင္။
ထိုလူနာအနီးသို႔ေရာက္သြားသည့္ Suda အား

"ငါ အသက္ႀကီးၿပီ။ ေတာင့္မခံခ်င္ေတာ့ဘူး။"

ေသြးဆုတ္ေနသည့္လူနာ၏ တိုးညင္းသည့္စကားသံေၾကာင့္ Suda ၏လႈပ္ရွားမႈ ရပ္သြားရျခင္းပင္ျဖစ္သည္။ စကၠန္႔အနည္းငယ္ၾကာၿပီးမွ

"အားလံုးသက္သာသြားပါလိမ့္မယ္။ စိတ္ကို ၿငိမ္ၿငိမ္ေလးထားလိုက္ပါ။"

လူနာ၏လက္ကို ညင္သာစြာဆုပ္ကိုင္လိုက္သည့္အခါ ထိုလူနာ၏ ပါးေရတြန္႔လိပ္ေနသည့္မ်က္ႏွာတြင္ ႂကြက္သားအခ်ိဳ႕လႈပ္ရွားသြားသည္။ ျပံဳးလိုက္သည္ဟု အဓိပၸာယ္ဖြင့္ရလၽွင္ ထိုလူသားမွာ နာက်င္မႈမ်ားအဆံုးသတ္သြား၍သာ ျဖစ္ေပလိမ့္မည္။ Suda သက္ျပင္းတစ္ခ်က္႐ႈိက္လိုက္ၿပီး ေသခ်ာေစရန္ စမ္းသပ္ၾကည့္လိုက္သည္။ ထို႔ေနာက္တြင္

"Mortuary"

ေဘးမွေရာက္လာေသာ ကယ္ဆယ္ေရးဝန္ထမ္းေလးကို Suda ေျပာလိုက္သည့္အခါ ထိုဝန္ထမ္းေလးသည္လည္း စိတ္မခ်မ္းေျမ့စြာႏွင့္ ေခါင္းညိတ္ျပလာေတာ့သည္။

.

အေျခအေနမ်ား အနည္းငယ္ၿငိမ္သက္သြားသည့္အခါ သက္ဆိုင္ရာဌာနမ်ားတြင္သာ အလုပ္မ်ားေနၾကၿပီး ေဆး႐ံုပရဝုဏ္ႏွင့္ ေလၽွာက္လမ္းမ်ားတြင္ မၾကာေသးမီကအခ်ိန္ထက္ အနည္းငယ္ပို၍ရွင္းသြားေလၿပီ။
Minor case မ်ားကို ဆရာဝန္ငယ္တစ္ဦးႏွင့္ Suda အပါအဝင္သူနာျပဳသံုးဦးက တာဝန္ယူလိုက္ၾကသည္။ Suda ဆိုသည္မွာ ယခုကဲ့သို႔ေသာအေျခအေနမ်ားတြင္ ဆရာဝန္တစ္ဦးအလား တာဝန္ယူႏိုင္သည္ကို ေဆး႐ံုတစ္ခုလံုးသိရွိၿပီးျဖစ္၍ သူမကို ထိုေနရာတြင္တာဝန္ယူေစခဲ့ၾကသည္။ မွန္စရွကာ ေျခသလံုးကြဲသြားသည့္လူနာကို ခ်ဳပ္ေပးၿပီးေနာက္ ေနာက္တစ္ေယာက္ဆီသို႔ ကူးရျပန္သည္။ ထိုအခ်ိန္တြင္ သူမအနီးသို႔ေရာက္လာသည့္ အရိပ္တစ္ခုေၾကာင့္ ေဘးသို႔ၾကည့္မိသည့္အခါ

"Draven"

ရင္ဘတ္တြင္ ေသြးမ်ားေပေနသည့္ Draven က Suda ကိုျပံဳးျပလာသည္။

"ရွင္ ဘာျဖစ္လာတာလဲ။"

Suda အၾကည့္ပို႔မိသည့္ သူ၏ရင္ဘတ္သို႔ Draven ငံု႔ၾကည့္ကာ

"No, အဲဒါ ကၽြန္ေတာ့္ေသြးမဟုတ္ဘူး။ ကၽြန္ေတာ့္ကားက ျဖစ္တဲ့ေနရာနဲ႔သိပ္မကြာေပမဲ့ ကၽြန္ေတာ္ဘာမွမျဖစ္လိုက္ဘူး။ ဒါေတြက လူနာေတြကိုကူသယ္ေပးရင္း ေပထားတာ။"

"ကံေကာင္းတာပဲ။"

"အလုပ္မ်ားေနတယ္ထင္တယ္။ ကၽြန္ေတာ္လွမ္းေတြ႕လိုက္လို႔ လာခဲ့တာ။ ဘာကူညီေပးရမလဲ။"

"ဘာလုပ္တတ္လဲမသိ။"

"ကၽြန္ေတာ္ First aid training လည္း ရထားတယ္။ အားတဲ့အခ်ိန္ သူငယ္ခ်င္းရဲ႕ေဆးခန္းမွာ Volunteer လည္း လုပ္တယ္။ ဆိုေတာ့ အျပင္ဒဏ္ရာအတြက္ကေတာ့ ကၽြန္ေတာ္ကူလို႔ရတာေတြ အမ်ားႀကီးပါ။"

"ဒါဆို ကူညီေပးပါဦး။"

Suda ႏွင့္အတူ Draven ကူညီလုပ္ကိုင္ေပးေနသည္။ အလုပ္မ်ားေန၍ပင္လား၊ လုပ္ငန္းခြင္အတြင္းတြင္ ျဖစ္ေန၍လား မေသခ်ာေသာ္လည္း Suda က ယခင္ေန႔မ်ားထက္ပို၍ တည္ၿငိမ္ေနသည္ကို Draven ခံစားမိေလသည္။ ေအးစက္ေနသည္ဟုပင္ ထင္မွတ္မိေပသည္။

.

"ကူညီေပးခဲ့တာ ေက်းဇူးတင္ပါတယ္။"

"ရပါတယ္ဗ်ာ။ ဒါနဲ႔ အခ်ိန္ေတာင္ေတာ္ေတာ္ေနာက္က်ေနၿပီ။ Suda တစ္ခုခုစားဖို႔ ကၽြန္ေတာ္ ..."

"ရပါတယ္။ အားလံုးလည္းအလုပ္႐ႈပ္ေနေတာ့ ခဏေနမွပဲ စားလိုက္ပါ့မယ္။"

"ေကာင္းပါၿပီ။ ဒါဆို ကၽြန္ေတာ္ျပန္ေတာ့မယ္ေနာ္။"

"ဟုတ္ကဲ့ပါ။"

"ခြင့္ျပဳပါဦး၊ ေနာက္မွေတြ႕မယ္။"

Suda ေခါင္းညိတ္ျပလာသည္။ Draven လက္ျပကာ ထြက္လာၿပီးမွ ေနာက္လွည့္ၾကည့္မိသည္။ ေက်ာခိုင္းလွည့္ထြက္သြားၿပီျဖစ္သည့္ Suda ၏ေက်ာျပင္ရွင္းရွင္းကပင္ ေအးစက္ေနသေယာင္။

••••••

အတန္ငယ္အလွမ္းေဝးသည့္ေနရာတစ္ခုတြင္ မပီဝိုးတဝါးပန္းတိုင္တစ္ခု ရွိေနသည္ဟူေသာ အသိႏွင့္အတူ သူမလွမ္းေလၽွာက္ေနမိသည္။ အသိစိတ္မွဦးတည္ရာသည္ သူမအဖို႔ ႏွစ္ၿမိဳ႕ဖြယ္ရာမရွိသည္ကိုလည္း မသိစိတ္တြင္ခံစားေနရသည္။ သို႔ရာတြင္ သူမ၏ပန္းတိုင္ကို သူမႏွစ္သက္မိသည္။ ထို႔ေၾကာင့္ ဆက္၍လွမ္းလာခဲ့သည့္အခါ တစ္စံုတစ္ခုေသာအင္အားက ဟန္႔တားထား၏။

မီးခိုးနက္မ်ားၾကားမွ သူမ၏ပန္းတိုင္သို႔ ေရွ႕ဆက္တိုးမိစဥ္ စိတ္ေက်နပ္ဖြယ္ရာ အေငြ႕အသက္မ်ားေၾကာင့္ သူမအားအင္တို႔ျပည့္ဝလာသကဲ့သို႔ ခံစားလိုက္ရ၍ ေရွ႕သို႔သာအာ႐ံုစူးစိုက္လိုက္၏။ သူမ၏အာ႐ံုစူးစိုက္မႈေၾကာင့္ပင္ အခိုးအေငြ႕မ်ားေပ်ာက္ကြယ္သြားၿပီး အလင္းသဲ့သဲ့ၾကားသို႔ သူမဝင္ေရာက္သြားခဲ့သည္။

သူမ၏လုပ္ေဆာင္ခ်က္မ်ားကို သူမေက်နပ္သည္။ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ ျဖစ္တည္လာသည့္ ဤအက်ိဳးဆက္သည္ သူမအဖို႔ရာ ေက်နပ္စဖြယ္ခ်ည္းသာ။ ဤသို႔ေသာအေျခအေနတြင္ သူမကို အျမဲတေစစိတ္အေႏွာင့္အယွက္ျဖစ္ေစသည့္ ျဖစ္တည္မႈတစ္ခုသည္လည္း ရွိေနေပသည္။ သူမအားနည္းခ်ိန္တိုင္းတြင္ ထိုျဖစ္တည္မႈက အားေကာင္းလာတတ္သည္။ သူမကိုယ္ကိုသူမ မပိုင္ဆိုင္ေတာ့သည့္အခါ ထိုျဖစ္တည္မႈကိုသာ အသိအမွတ္ျပဳရေပေတာ့သည္။

•••

ပတ္ဝန္းက်င္အေနအထားေၾကာင့္ Suda ၏စိတ္အစဥ္သည္ မၾကည္လင္ႏိုင္ေပ။ အနိ႒ာ႐ံုျမင္ကြင္းမ်ားသည္ Suda အဖို႔ မထူးဆန္းေသာ္ျငား အခ်ိဳ႕ေသာအေျခအေနမ်ားတြင္ နက္႐ႈိင္းသည့္စိတ္အတြင္းပိုင္းတစ္ေနရာမွ အသိစိတ္ကိုထိုးႏွက္လာသည့္ အခ်ိန္အခါမ်ိဳးတြင္ မသိစိတ္သည္ မိမိႏွင့္အတူတကြ ပူးေပါင္းမေနေတာ့ေပ။
ၾကည္လင္ထင္ရွားမေနေတာ့သည့္ အသိဉာဏ္အခ်ိဳ႕တြင္ Suda သည္ Suda မဟုတ္ေတာ့သည့္ႏွယ္။

ကိုယ္ခႏၶာအားနည္းသည္လား၊ စိတ္အင္အားခ်ိဳ႕တဲ့သည္လားဟု မေသခ်ာသည့္အခ်ိန္မ်ားတြင္ မိမိ၏ဦးတည္ခ်က္ကို ထိ္န္းသိမ္းရန္ခက္လွေပသည္။ မည္သို႔ပင္ျဖစ္ေစ လက္လႊတ္ေပးလိုက္၍လည္း မျဖစ္ႏိုင္သည္ကိုေတာ့ Suda သိေနခဲ့သည္။ ဤသည္ပင္ Suda ၏ဘဝျဖစ္သည့္အတြက္ မိမိဘဝအတိုင္း ဆက္လက္ရွင္သန္ရန္ပင္ ရွိေပသည္။

Suda ဆိုသည့္ျဖစ္တည္မႈသည္ မည္သည့္အေနအထားတြင္ရွိသနည္း။ အသင့္ေလ်ာ္ဆံုးျဖစ္သည့္ဘဝတြင္ ေနထိုင္ႏိုင္ျခင္းသည္ တစ္စံုတစ္ဦးအတြက္ အခြင့္သာလာသည့္အခါ မိမိကိုယ္ကို ထိန္းခ်ဳပ္တည့္မတ္ႏိုင္ရန္ ႀကိဳးစားရေပသည္။ မိမိ၏ျဖစ္တည္မႈကို ၿခိမ္းေျခာက္လာႏိုင္သည္ဟု မိမိယူဆမိေသာအရာသည္ ထိုျဖစ္တည္မႈတြင္ တစ္သားတည္းပါဝင္ေနခဲ့ၿပီးျဖစ္၍ အားနည္းခ်က္တစ္ခုအျဖစ္သတ္မွတ္ကာ ခ်ိဳးႏွိမ္ထားဖို႔ရန္သာရွိေပေတာ့သည္။

••••••

"Boss, ဘာျဖစ္လာတာလဲ။"

"ဘာမွမျဖစ္ဘူး။ နည္းနည္းေပလာတာပါ။"

"အမေလးဗ်ာ၊ လန္႔သြားတာပဲ။ Accident မွာ ဝင္ကူေပးေနလို႔ မလာအားဘူးေျပာၿပီး အခုက ေသြးကြက္ေတြနဲ႔ေရာက္လာေတာ့ စိုးရိမ္သြားတာပဲ။"

"ဝင္ကူလာလို႔ ေပတာေပါ့ကြ။ ဒါေတာင္ ေဆးလာခဲ့ေသးတာ။"

"ကၽြန္ေတာ္တို႔ သတင္းမွာေတြ႕တယ္။ ေတာ္ေတာ္ဆိုးတာပဲဗ်ာ။"

"ေအး၊ ေတာ္ေတာ္ဆိုးတယ္။ ဒါေတာင္ အရမ္းဆိုးမသြားဘူးလို႔ ေျပာရမယ္။ Gas truck တစ္စီးလည္း အဲဒီအနားရွိေနတာ။ ဆင့္ၿပီးတိုက္မိၾကတဲ့အထဲ သူပါမသြားတာ ကံေကာင္းတာ။"

"ေတြ႕တယ္၊ ေတြ႕တယ္။ ကၽြန္ေတာ္တို႔ေတာင္ေျပာေနၾကတာ။ မီးေလာင္ရာ gas ပင့္ရင္ မလြယ္ဘူးလို႔။"

"ေအး၊ အဲဒီလိုပဲ။"

"အေပၚထပ္ကိုသြားမွာမဟုတ္လား။ ဘာစားၿပီးၿပီလဲ။ ဘာလုပ္ေပးရမလဲ။"

"ေရခ်ိဳးၿပီး ခဏနားဦးမယ္ကြာ။ အိမ္ကို ဒီပံုစံနဲ႔မျပန္ခ်င္လို႔ ဒီဘက္လွည့္လာတာ။ ကိစၥရွိရင္ အေပၚတက္လာၿပီးေခၚလိုက္။"

"Yes, boss."

.

Draven ဆိုဖာေပၚတြင္လွဲကာ TV မွသတင္းကိုၾကည့္ေနမိသည္။ ယေန႔တစ္ေန႔စာအစီအစဥ္သည္ မနက္ကျဖစ္သည့္မေတာ္တဆမႈ၏ Breaking News ႏွင့္ပင္ ျပည့္ေနေတာ့မည္။ မ်က္ျမင္ၾကံဳခဲ့ၿပီးသည့္အျဖစ္အပ်က္ကို ဖန္သားျပင္ေပၚတြင္ေတြ႕ေနရသည့္အခါ ၾကည့္ေနေသာ္လည္း မျမင္ေတာ့ပါ။

Draven ျမင္ေနသည္က ေဆး႐ံုမွျမင္ကြင္းတစ္ခု။ လူနာတစ္ဦး၏ေျခေထာက္ကို ခ်ဳပ္ေပးေနသည့္ သူနာျပဳေလးက တည္ၿငိမ္စြာ။ မ်ားမၾကာမီက ႐ႈပ္ေထြးသြားခဲ့ေသာအေျခအေနမ်ား အနည္းငယ္ၿငိမ္သက္သြားၿပီးေနာက္တြင္ ကေလးငယ္တစ္ဦး၏မိဘမ်ားကို ရွာေပးရင္းႏွင့္ ေရာက္လာခဲ့ေသာထိုေနရာတြင္ ကေလးငယ္ႏွင့္မိသားစုျပန္ဆံုၿပီးေနာက္ Draven သည္လည္း Suda ႏွင့္ ဆံုျပန္ေလသည္။

Draven ဘက္မွ လိုလိုလားလားပင္ ကူညီေပးခဲ့သည္ကို Suda ၏တံု႔ျပန္မႈသည္ ယခင္ထက္ေအးစက္သည္ဟု Draven ထင္မိသည္။

'အထင္တဲ့။ ငါက ဘာေတြေတြးမိတာလဲ။ သူ႔အလုပ္သူလုပ္ေနတာကို ငါက ဘာေတြအကဲျဖတ္ေနမိတာလဲ။'

အေတြးစကိုျဖတ္၍ ပံုရိပ္မ်ားေျပးလႊားေနသည့္ဖန္သားျပင္ကို အာ႐ံုစိုက္မိလၽွင္ သတင္းၿပီးသြားေလၿပီ။ မည္သည့္အခ်ိန္ၿပီးသြားသည္ကိုပင္ မသိလိုက္သည့္အတြက္ အာ႐ံုမကပ္ျဖစ္ေနသည့္ မိမိအေျခအေနကို Draven အံ့ဩမိသည္။ စိတ္ေစရာအတိုင္းကို အေကာင္းဆံုးျဖစ္မည့္အေနအထားႏွင့္ လုပ္တတ္သည့္အက်င့္အရ ေတြေဝျခင္း၊ အေတြးမ်ားျခင္းဟူသည္ Draven ႏွင့္မနီးစပ္သည္က အမွန္ပင္ျဖစ္သည္။ လူ႔ဘဝသည္ တစ္ခါတစ္ရံတြင္ ထူးဆန္းလွသည္ဟု Draven မွတ္ခ်က္ခ်မိေတာ့သည္။

ေလထုသို႔႐ိုက္ခတ္သည့္ အသံလႈိင္းမ်ားကိုမျမင္ရေသာ္လည္း တည္ရွိေနသည္ကို ၾကားသိႏိုင္သကဲ့သို႔ပင္ အမွန္တကယ္မထူးျခားေသာ္လည္း တစ္ဦးတစ္ေယာက္အဖို႔ ဆန္းျပားေနသည့္ ျဖစ္ရပ္အခ်ိဳ႕၏ ခ်ဥ္းကပ္ခံရျခင္းသည္ သိမ္ေမြ႕လြန္းလွ၍ သတိမမူမိသည္မွာ ျဖစ္႐ိုးျဖစ္စဥ္တစ္ခုသာ။ မည္မၽွနက္႐ႈိင္းစြာ က်ဴးေက်ာ္ခံရသည္ကို အခ်ိန္တန္လၽွင္ သိရေပလိမ့္မည္။

■■■■■ Part (5) ဆက္ရန္ ■■■■■

"Layla, နင် တစ်ရက်လောက် ဆေးရုံလာခဲ့ပါလား။ Check up လေးလုပ်ကြည့်ရအောင်။ နင့်ကိုကြည့်ရတာ သိပ်မလန်းသလိုပဲ။"

"မလာပါဘူး။ ငါ အလန်းကြီးပါနော်။ နည်းနည်းအိပ်ရေးပျက်ထားလို့ပါ။"

"အိပ်မပျော်တာလား။"

"မဟုတ်ပါဘူး။ အိပ်ချိန်နောက်ကျနေတာ။ ဟိုတွေးဒီတွေးပေါ့ဟာ၊ မိသားစုကိစ္စလေးပါ။"

"နင့်အိမ်က ဘာဖြစ်လို့တဲ့လဲ။ အကူအညီလိုရင် ငါ့ကိုပြောပါဟ။ ပြော ... ပြော၊ ဘာဖြစ်တာလဲ။"

"အငယ်ကောင်မိန်းမယူမှာမို့ မင်္ဂလာစရိတ်လိုတာ။ ငါစုထားတာတော့ရှိပါတယ်။"

"နင် သင်တန်းတက်ဖို့ဆို အဲဒီပိုက်ဆံက။"

"နောက်မှတက်လည်း ရတာပဲ။"

"ဒီလိုလုပ်၊ နင့်သင်တန်းကြေး ငါတစ်ဝက်စိုက်ပေးမယ်။ သင်တန်းပြီးမှ အလုပ်အဆင်ပြေရင်ပြန်ဆပ်။ မငြင်းနဲ့၊ အကုန်ပေးမယ်ဆိုလည်း နင်ယူမှာမဟုတ်တာ ငါသိတယ်။ တစ်ဝက်ပေးမှာကိုတော့ မငြင်းနဲ့။"

"Suda, ကျေးဇူးတင်ပါတယ်။ တကယ်ပါ။"

"မလိုပါဘူးဆို။ ငါကတစ်ယောက်တည်းသမားလေ၊ အဲဒီလောက်ငွေမလိုဘူး။"

"နင်ရှာသမျှက ဘာအတွက်လဲ Suda."

"ဘဝတစ်ခုအတွက် လိုအပ်လို့ပဲ ဆိုပါတော့။"

Suda တစ်ယောက် Night duty မရှိသည့်တစ်ညတွင် Layla နှင့် Suda တို့ သူမတို့အခန်းလေး၏ ပြတင်းတံခါးပေါက်အနီးတွင်ထိုင်ကာ စကားပြောဖြစ်ကြလေသည်။ အနည်းငယ်ညနက်လာလျှင် Layla က

"ဟယ် ... စကားပြောကောင်းနေတာနဲ့ နောက်ကျနေပြီ။ နင်မနက်စောစောထရမှာ Suda, အိပ်ကြစို့။ ငါလည်း အိပ်ချင်လာပြီ။"

"အင်း၊ မနက်ကျရင် ငါသွားခါနီးမှ နင့်ကိုနှိုးမယ်။ Alarm ပေးမထားနဲ့တော့။"

"Ok."

Layla အိပ်ရာဝင်ကာ ဖြည်းဖြည်းချင်းအိပ်ပျော်သွားပြီးမှ Suda က Layla ကိုလှမ်းကြည့်လိုက်သည်။ Layla နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မှာ သေချာသွားပြီးမှ Suda ပြုံးလိုက်သည်။

"Sleep tight, Layla. You're safe."

••••••

"Samantha ဆုံးပြီတဲ့။"

Suda ဆေးရုံသို့ရောက်ရောက်ချင်း ကြားလိုက်ရသည့်သတင်းသည် သတင်းဆိုးတစ်ခုဖြစ်နေခဲ့သည်။

"Suda, အလုပ်ဆင်းချိန်ကျ နာရေးသတင်းမေးသွားမလို့ နင်လိုက်မယ်မဟုတ်လား။"

အဖော်ညှိနေသော Bethany မှာ မျက်နှာမကောင်းပါ။

"လိုက်မယ်လေ။"

"ငါ မယုံနိုင်သေးဘူး။"

"အေးလေဟာ၊ ဟိုနေ့ကမှ အသည်းကွဲပါတယ်ဆိုပြီး စနောက်နေသေးတယ်မဟုတ်လား။"

"ငါပြောစရာရှိတယ် Suda."

လူရှင်းရာသို့ဆွဲခေါ်၍ Suda ပါလာခဲ့ပြီးနောက်

"Samantha ကလေ သူ့ကိုယ်သူသတ်သေတာလို့ သူ့အဒေါ်ကပြောနေတယ်တဲ့ Suda ရယ်။"

"သူ့အဒေါ်ဆိုတာ ဟိုအဒေါ်လား။"

"အေး၊ Ms. Linda လေ။"

"တခြားမိသားစုဝင်တွေကရော ဘာတဲ့လဲ Beth."

"သူတို့ကတော့ Ms. Linda ရဲ့ထုံးစံအတိုင်း စိတ်လွတ်လို့လျှောက်ပြောတာတဲ့။ သူ့တူမကိုတပြီးငိုရင်းနဲ့ ပြောတာကလေ တူမလေးက အရမ်းသေချင်နေလို့ သူတားနေရတာတဲ့။ အခု သူခဏလေးသတိလက်လွတ်ဖြစ်ပြီး မကြည့်လိုက်မိတဲ့အချိန် သူ့တူမသေသွားတာမို့ သူ့ကိုယ်သူလည်း အပြစ်တင်မိတယ်တဲ့လေ။"

"ခြေချော်ကျတာမဟုတ်ဘဲ ခုန်ချတာလို့ ဆိုလိုတာလား။ မဖြစ်နိုင်တာ။ ပျော်ပျော်နေတတ်ပြီး အကောင်းမြင်တတ်တဲ့သူက သတ်သေတာမျိုးလုပ်ပါ့မလား။"

"ဝရန်တာဘောင်မှာ ရေတွေစိုနေတာမို့ ချော်သွားတာလို့ ပြောကြတယ်။ ဒါပေမဲ့ အဲဒီပန်းအိုးလေးတွေက သူချိတ်နေကျလေ။ အရမ်းလည်းမြင့်တာမဟုတ်ဘူး။ ရဲတွေကတော့ ပန်းအိုးချိတ်ဖို့ ဝရန်တာကိုလက်ထောက်ရင်း ရေတွေစိုနေလို့ချော်သွားရာက အရှိန်လွန်ပြီးပြုတ်ကျတာဖြစ်မယ်လို့ ပြောတာပဲ။ သူပဲပြုတ်ကျတာ၊ ပန်းအိုးကတော့ ချိတ်ပြီးနေပြီလို့ ပြောတယ်။ သူပြုတ်ကျလို့အောက်ရောက်မှ အောက်ဘက်ကလူတွေထအော်ကြတာမို့ ဘယ်လိုကျလဲတော့ မသိကြဘူးတဲ့။"

"စိတ်မကောင်းစရာပဲ။ ညနေ နင်သွားရင် ငါ့ကိုခေါ်ဦးနော်။"

"အေးပါ။"

•••

"ဆေးရုံကနင့်သူငယ်ချင်း accident ဖြစ်ပြီးဆုံးသွားလို့ဆို။"

"ဟုတ်တယ်၊ Layla. ဝရန်တာကနေ ချော်ပြီးပြုတ်ကျတာ။"

"အေး၊ သတင်းကြားတယ်။ အလုပ်ထဲကတစ်ယောက်က အဲဒီတိုက်ခန်းမှာနေတာလေ။ စိတ်သိပ်မမှန်တဲ့သူ့အဒေါ်ကလည်း သူ့တူမလေး သတ်သေတာပါလို့ ပြောနေတယ်တဲ့။ ရည်းစားနဲ့ပြတ်ထားတာမကြာသေးတော့ ဖြစ်နိုင်တယ်လို့လည်း ပြောနေကြတယ်။"

"Samantha က ပျော်ပျော်နေတတ်တယ်။ ရည်းစားနဲ့ပြတ်တာကို ငါတို့နဲ့တောင်စနောက်ပြီး အသည်းကွဲတာဘယ်လိုဆိုပြီး ပြောနေသေးတာကို။ သတ်သေရလောက်တဲ့အထိ ခံစားနေရပုံလည်း မတွေ့မိဘူး။"

"လူတွေကတော့ တစ်ယောက်တစ်မျိုးတွေ ပြောကြမှာပေါ့ဟာ။"

"အင်း၊ အဲဒါတွေခက်တာပဲ။ နင်ရော ညည အိပ်ပျော်ရဲ့လား။"

"အင်း၊ အရင်လိုမဖြစ်တော့ဘူး။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပြီး နိုးလာရင်လန်းနေရော။"

"အေးပါ၊ တစ်ခုခုဆို ငါ့ကိုပြောပါ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ငါရှိနေတာကို ငါ့ကိုပြောမှပေါ့။"

"အေးပါဟဲ့။"

•••

"ကြားပြီးပြီလား Suda ရေ၊ Samantha တို့တိုက်ခန်းမှာ အခုနှစ်ပတ်အတွင်းကို နောက်ထပ်သုံးယောက် နာရေးဖြစ်တယ်တဲ့ သိလား။"

"ဟင်၊ ဖြစ်လှချည်လား။"

"အေးဆို၊ မတော်တဆတွေဖြစ်ပြီးပဲ သေကြတာဆိုတော့ အဲဒီမှာနေတဲ့လူတွေ လန့်နေကြတယ်။"

"ဟင်း ... သတင်းဆိုးတွေမကြားချင်ပါဘူးဟာ။"

"အမှန်ပဲ။"

Bethany နှင့် Suda တို့ အလုပ်လုပ်ရင်း စကားပြောနေကြစဉ်တွင် အရေးပေါ်အချက်ပေးသံက မြည်လာခဲ့သည်။ အပြေးအလွှားသွား၍ လူစုမိကြသည့်အခါ သိရသည်က

"ကား accident တစ်ခုကြောင့် အရေးပေါ်လူနာတွေရောက်မယ်။ လမ်းဆုံမှာဖြစ်တာကြောင့် ကားခြောက်စီးဆင့်တိုက်မိပြီး concrete mixer တစ်စီးလည်းမှောက်သွားလို့ ပိမိတာတွေလည်းရှိတယ်လို့ အကြောင်းကြားတယ်။ Tourism လုပ်ငန်းတစ်ခုက ခရီးသွားကားပါပါလို့ လူအထိအခိုက်များတယ်။ Duty off မယ့်လူတွေလည်း ဆက်နေပေးပါဦး။ ပင်ပန်းမယ့်ရက်ပါပဲ။"

သူနာပြုများအတွက် အရေးပေါ်တာဝန်ခွဲပေးနေစဉ် ဆေးရုံမှလည်း အရေးပေါ်ကြေညာချက်ကို ကြေညာပေးနေခဲ့သည်။ Duty လဲချိန်မတိုင်မီတွင် ဖြစ်လာသည့်အတွက် ပြန်မည့်သူများမပြန်ဖြစ်တော့၍ ဝန်ထမ်းအင်အားများနေသည်က ကံကောင်းသည်ဟုဆိုရပေမည်။
ထိုအချိန်မှာပင် အရေးပေါ်ကားသံများကိုကြားလိုက်ရပြီး ဆေးရုံဝင်းအတွင်း ဆူညံသွားခဲ့တော့သည်။

သွေးသံရဲရဲမြင်ကွင်းများကြား လူနာတို့၏အော်ညည်းသံများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ၏ အလျင်စလိုလှုပ်ရှားပြေးလွှားနေမှုများ၊ ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်သည့်ကုသမှုအတွက် အသိပေးသံများနှင့် နီးစပ်ရာမှရောက်လာကြသည့် မိသားစုဝင်များ၏ ပူဆွေးငိုကြွေးသံများက ဆေးရုံဝင်းအတွင်းမှ နံနက်ခင်းကို အကျည်းတန်စွာအသက်ဝင်စေခဲ့သည်။

"Scan ဖတ်ဖို့ပြင်ပါ။ Neuro ဘက်ကိုအကြောင်းကြားထားပြီလား။"

ခေါင်းမှဒဏ်ရာပြင်းထန်ပုံရပြီး မျက်နှာတွင်လွှမ်းနေသောသွေးများကြောင့် မည်သူမည်ဝါမသဲကွဲနိုင်သောလူနာသည် သတိရှိနေပြီး နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ခါနေပေသည်။

"ကိုယ်ဝန်ဆောင်ပါတယ်။ နည်းနည်းလောက်ဖယ်ပေးကြပါ။"

OG ဌာနမှာလည်း အလုပ်များသွားခဲ့သည်။ နေ့စေ့လစေ့ဖြစ်ပုံရသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးမှာ နံကြားမှသွေးများထွက်နေပြီး ခင်ပွန်းဖြစ်ဟန်တူသူသည်လည်း သွေးစက်လက်ကျနေသည့် သူ၏လက်မောင်းကိုဖိကိုင်ကာ ထိုသွေးပေနေသည့်လက်နှင့် အမျိုးသမီး၏လက်တစ်ဖက်ကိုဆုပ်ကိုင်ရင်း စိုးရိမ်ကြီးစွာနှင့် ဘေးမှအပြေးလိုက်ပါလာလေသည်။

"တစ်ယောက်က အသက်မရှိတော့ဘူး။ နောက်တစ်ယောက်ကို ခွဲစိတ်ဖို့ပြင်ရမယ်။"

မည်သို့တော်စပ်သည်မသိသည့် အမျိုးသမီးငယ်နှစ်ဦးတွင် သိုင်းဖက်ပေးထားသည့်တစ်ဦး၏ နောက်ကျောဘက်မှ သံချောင်းတစ်ချောင်းဖောက်ဝင်နေပြီး သူကာကွယ်ပေးထားသည့် မိန်းကလေး၏ ခန္ဓာကိုယ်သို့လည်း ဖောက်ဝင်နေဟန်တူသည်။ နှစ်ဦးသားတွဲလျက်ပင် သယ်ဆောင်လာခဲ့ကြသော်ငြား အသက်နှင့်ရင်း၍ ကာကွယ်သွားသူသည် ကျန်ရစ်မည့်သူအတွက်သာမက မြင်ရသူတို့ကိုပင် ရင်နင့်စေသည်။

"ကလေးကို တစ်ယောက်ယောက်ခေါ်ကြပါ။ သိပ်တော့ထိခိုက်ပုံမပေါ်ဘူး။"

မိခင်၏လက်အတွင်း ငိုယိုနေသည့် နှစ်နှစ်ခန့်သာရှိသေးသော ကလေးငယ်လေးမှာ သွေးများစွန်းထင်နေသော်လည်း ကြီးမားသောထိခိုက်မှုမျိုး ရှိဟန်မတူပေ။ မိခင်မှာတော့ သတိလစ်မေ့မျောနေပေသည်။ မိခင်ကိုကြည့်၍ငိုကြွေးနေသည့် ကလေးငယ်၏မျက်ရည်သည် ပတ်ဝန်းကျင်ကိုပါ ပူလောင်စေသည်။

ပျက်စီးသွားခဲ့ရသော အသက်ခန္ဓာတို့နှင့်အတူ မိသားစုဝင်များ၏ လောင်ကျွမ်းနေသောသောကများသည်လည်း ဟိုတစ်စ၊ သည်တစ်စ။ ထိုထိုသော အနိဋ္ဌာရုံမြင်ကွင်းတို့ကြား Suda သည်လည်း သူမတာဝန်ရှိသည့်အတိုင်း ပြေးလွှားလှုပ်ရှားရင်း တစ်နေရာအရောက်တွင် ခေတ္တခဏမျှ ရပ်သွားခဲ့သည်။
ခြေထောက်ကျိုးသွားပြီး အသားကိုဖောက်ထွက်နေသည့် အရိုးငေါငေါကို ထင်ရှားစွာမြင်နေရသော သွေးထွက်လွန်နေသည့်လူနာမှာ သက်ကြီးရွယ်အိုတစ်ဦးပင်။
ထိုလူနာအနီးသို့ရောက်သွားသည့် Suda အား

"ငါ အသက်ကြီးပြီ။ တောင့်မခံချင်တော့ဘူး။"

သွေးဆုတ်နေသည့်လူနာ၏ တိုးညင်းသည့်စကားသံကြောင့် Suda ၏လှုပ်ရှားမှု ရပ်သွားရခြင်းပင်ဖြစ်သည်။ စက္ကန့်အနည်းငယ်ကြာပြီးမှ

"အားလုံးသက်သာသွားပါလိမ့်မယ်။ စိတ်ကို ငြိမ်ငြိမ်လေးထားလိုက်ပါ။"

လူနာ၏လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်သည့်အခါ ထိုလူနာ၏ ပါးရေတွန့်လိပ်နေသည့်မျက်နှာတွင် ကြွက်သားအချို့လှုပ်ရှားသွားသည်။ ပြုံးလိုက်သည်ဟု အဓိပ္ပာယ်ဖွင့်ရလျှင် ထိုလူသားမှာ နာကျင်မှုများအဆုံးသတ်သွား၍သာ ဖြစ်ပေလိမ့်မည်။ Suda သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး သေချာစေရန် စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက်တွင်

"Mortuary"

ဘေးမှရောက်လာသော ကယ်ဆယ်ရေးဝန်ထမ်းလေးကို Suda ပြောလိုက်သည့်အခါ ထိုဝန်ထမ်းလေးသည်လည်း စိတ်မချမ်းမြေ့စွာနှင့် ခေါင်းညိတ်ပြလာတော့သည်။

.

အခြေအနေများ အနည်းငယ်ငြိမ်သက်သွားသည့်အခါ သက်ဆိုင်ရာဌာနများတွင်သာ အလုပ်များနေကြပြီး ဆေးရုံပရဝုဏ်နှင့် လျှောက်လမ်းများတွင် မကြာသေးမီကအချိန်ထက် အနည်းငယ်ပို၍ရှင်းသွားလေပြီ။
Minor case များကို ဆရာဝန်ငယ်တစ်ဦးနှင့် Suda အပါအဝင်သူနာပြုသုံးဦးက တာဝန်ယူလိုက်ကြသည်။ Suda ဆိုသည်မှာ ယခုကဲ့သို့သောအခြေအနေများတွင် ဆရာဝန်တစ်ဦးအလား တာဝန်ယူနိုင်သည်ကို ဆေးရုံတစ်ခုလုံးသိရှိပြီးဖြစ်၍ သူမကို ထိုနေရာတွင်တာဝန်ယူစေခဲ့ကြသည်။ မှန်စရှကာ ခြေသလုံးကွဲသွားသည့်လူနာကို ချုပ်ပေးပြီးနောက် နောက်တစ်ယောက်ဆီသို့ ကူးရပြန်သည်။ ထိုအချိန်တွင် သူမအနီးသို့ရောက်လာသည့် အရိပ်တစ်ခုကြောင့် ဘေးသို့ကြည့်မိသည့်အခါ

"Draven"

ရင်ဘတ်တွင် သွေးများပေနေသည့် Draven က Suda ကိုပြုံးပြလာသည်။

"ရှင် ဘာဖြစ်လာတာလဲ။"

Suda အကြည့်ပို့မိသည့် သူ၏ရင်ဘတ်သို့ Draven ငုံ့ကြည့်ကာ

"No, အဲဒါ ကျွန်တော့်သွေးမဟုတ်ဘူး။ ကျွန်တော့်ကားက ဖြစ်တဲ့နေရာနဲ့သိပ်မကွာပေမဲ့ ကျွန်တော်ဘာမှမဖြစ်လိုက်ဘူး။ ဒါတွေက လူနာတွေကိုကူသယ်ပေးရင်း ပေထားတာ။"

"ကံကောင်းတာပဲ။"

"အလုပ်များနေတယ်ထင်တယ်။ ကျွန်တော်လှမ်းတွေ့လိုက်လို့ လာခဲ့တာ။ ဘာကူညီပေးရမလဲ။"

"ဘာလုပ်တတ်လဲမသိ။"

"ကျွန်တော် First aid training လည်း ရထားတယ်။ အားတဲ့အချိန် သူငယ်ချင်းရဲ့ဆေးခန်းမှာ Volunteer လည်း လုပ်တယ်။ ဆိုတော့ အပြင်ဒဏ်ရာအတွက်ကတော့ ကျွန်တော်ကူလို့ရတာတွေ အများကြီးပါ။"

"ဒါဆို ကူညီပေးပါဦး။"

Suda နှင့်အတူ Draven ကူညီလုပ်ကိုင်ပေးနေသည်။ အလုပ်များနေ၍ပင်လား၊ လုပ်ငန်းခွင်အတွင်းတွင် ဖြစ်နေ၍လား မသေချာသော်လည်း Suda က ယခင်နေ့များထက်ပို၍ တည်ငြိမ်နေသည်ကို Draven ခံစားမိလေသည်။ အေးစက်နေသည်ဟုပင် ထင်မှတ်မိပေသည်။

.

"ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်။"

"ရပါတယ်ဗျာ။ ဒါနဲ့ အချိန်တောင်တော်တော်နောက်ကျနေပြီ။ Suda တစ်ခုခုစားဖို့ ကျွန်တော် ..."

"ရပါတယ်။ အားလုံးလည်းအလုပ်ရှုပ်နေတော့ ခဏနေမှပဲ စားလိုက်ပါ့မယ်။"

"ကောင်းပါပြီ။ ဒါဆို ကျွန်တော်ပြန်တော့မယ်နော်။"

"ဟုတ်ကဲ့ပါ။"

"ခွင့်ပြုပါဦး၊ နောက်မှတွေ့မယ်။"

Suda ခေါင်းညိတ်ပြလာသည်။ Draven လက်ပြကာ ထွက်လာပြီးမှ နောက်လှည့်ကြည့်မိသည်။ ကျောခိုင်းလှည့်ထွက်သွားပြီဖြစ်သည့် Suda ၏ကျောပြင်ရှင်းရှင်းကပင် အေးစက်နေသယောင်။

••••••

အတန်ငယ်အလှမ်းဝေးသည့်နေရာတစ်ခုတွင် မပီဝိုးတဝါးပန်းတိုင်တစ်ခု ရှိနေသည်ဟူသော အသိနှင့်အတူ သူမလှမ်းလျှောက်နေမိသည်။ အသိစိတ်မှဦးတည်ရာသည် သူမအဖို့ နှစ်မြို့ဖွယ်ရာမရှိသည်ကိုလည်း မသိစိတ်တွင်ခံစားနေရသည်။ သို့ရာတွင် သူမ၏ပန်းတိုင်ကို သူမနှစ်သက်မိသည်။ ထို့ကြောင့် ဆက်၍လှမ်းလာခဲ့သည့်အခါ တစ်စုံတစ်ခုသောအင်အားက ဟန့်တားထား၏။

မီးခိုးနက်များကြားမှ သူမ၏ပန်းတိုင်သို့ ရှေ့ဆက်တိုးမိစဉ် စိတ်ကျေနပ်ဖွယ်ရာ အငွေ့အသက်များကြောင့် သူမအားအင်တို့ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရ၍ ရှေ့သို့သာအာရုံစူးစိုက်လိုက်၏။ သူမ၏အာရုံစူးစိုက်မှုကြောင့်ပင် အခိုးအငွေ့များပျောက်ကွယ်သွားပြီး အလင်းသဲ့သဲ့ကြားသို့ သူမဝင်ရောက်သွားခဲ့သည်။

သူမ၏လုပ်ဆောင်ချက်များကို သူမကျေနပ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဖြစ်တည်လာသည့် ဤအကျိုးဆက်သည် သူမအဖို့ရာ ကျေနပ်စဖွယ်ချည်းသာ။ ဤသို့သောအခြေအနေတွင် သူမကို အမြဲတစေစိတ်အနှောင့်အယှက်ဖြစ်စေသည့် ဖြစ်တည်မှုတစ်ခုသည်လည်း ရှိနေပေသည်။ သူမအားနည်းချိန်တိုင်းတွင် ထိုဖြစ်တည်မှုက အားကောင်းလာတတ်သည်။ သူမကိုယ်ကိုသူမ မပိုင်ဆိုင်တော့သည့်အခါ ထိုဖြစ်တည်မှုကိုသာ အသိအမှတ်ပြုရပေတော့သည်။

•••

ပတ်ဝန်းကျင်အနေအထားကြောင့် Suda ၏စိတ်အစဉ်သည် မကြည်လင်နိုင်ပေ။ အနိဋ္ဌာရုံမြင်ကွင်းများသည် Suda အဖို့ မထူးဆန်းသော်ငြား အချို့သောအခြေအနေများတွင် နက်ရှိုင်းသည့်စိတ်အတွင်းပိုင်းတစ်နေရာမှ အသိစိတ်ကိုထိုးနှက်လာသည့် အချိန်အခါမျိုးတွင် မသိစိတ်သည် မိမိနှင့်အတူတကွ ပူးပေါင်းမနေတော့ပေ။
ကြည်လင်ထင်ရှားမနေတော့သည့် အသိဉာဏ်အချို့တွင် Suda သည် Suda မဟုတ်တော့သည့်နှယ်။

ကိုယ်ခန္ဓာအားနည်းသည်လား၊ စိတ်အင်အားချို့တဲ့သည်လားဟု မသေချာသည့်အချိန်များတွင် မိမိ၏ဦးတည်ချက်ကို ထိန်းသိမ်းရန်ခက်လှပေသည်။ မည်သို့ပင်ဖြစ်စေ လက်လွှတ်ပေးလိုက်၍လည်း မဖြစ်နိုင်သည်ကိုတော့ Suda သိနေခဲ့သည်။ ဤသည်ပင် Suda ၏ဘဝဖြစ်သည့်အတွက် မိမိဘဝအတိုင်း ဆက်လက်ရှင်သန်ရန်ပင် ရှိပေသည်။

Suda ဆိုသည့်ဖြစ်တည်မှုသည် မည်သည့်အနေအထားတွင်ရှိသနည်း။ အသင့်လျော်ဆုံးဖြစ်သည့်ဘဝတွင် နေထိုင်နိုင်ခြင်းသည် တစ်စုံတစ်ဦးအတွက် အခွင့်သာလာသည့်အခါ မိမိကိုယ်ကို ထိန်းချုပ်တည့်မတ်နိုင်ရန် ကြိုးစားရပေသည်။ မိမိ၏ဖြစ်တည်မှုကို ခြိမ်းခြောက်လာနိုင်သည်ဟု မိမိယူဆမိသောအရာသည် ထိုဖြစ်တည်မှုတွင် တစ်သားတည်းပါဝင်နေခဲ့ပြီးဖြစ်၍ အားနည်းချက်တစ်ခုအဖြစ်သတ်မှတ်ကာ ချိုးနှိမ်ထားဖို့ရန်သာရှိပေတော့သည်။

••••••

"Boss, ဘာဖြစ်လာတာလဲ။"

"ဘာမှမဖြစ်ဘူး။ နည်းနည်းပေလာတာပါ။"

"အမလေးဗျာ၊ လန့်သွားတာပဲ။ Accident မှာ ဝင်ကူပေးနေလို့ မလာအားဘူးပြောပြီး အခုက သွေးကွက်တွေနဲ့ရောက်လာတော့ စိုးရိမ်သွားတာပဲ။"

"ဝင်ကူလာလို့ ပေတာပေါ့ကွ။ ဒါတောင် ဆေးလာခဲ့သေးတာ။"

"ကျွန်တော်တို့ သတင်းမှာတွေ့တယ်။ တော်တော်ဆိုးတာပဲဗျာ။"

"အေး၊ တော်တော်ဆိုးတယ်။ ဒါတောင် အရမ်းဆိုးမသွားဘူးလို့ ပြောရမယ်။ Gas truck တစ်စီးလည်း အဲဒီအနားရှိနေတာ။ ဆင့်ပြီးတိုက်မိကြတဲ့အထဲ သူပါမသွားတာ ကံကောင်းတာ။"

"တွေ့တယ်၊ တွေ့တယ်။ ကျွန်တော်တို့တောင်ပြောနေကြတာ။ မီးလောင်ရာ gas ပင့်ရင် မလွယ်ဘူးလို့။"

"အေး၊ အဲဒီလိုပဲ။"

"အပေါ်ထပ်ကိုသွားမှာမဟုတ်လား။ ဘာစားပြီးပြီလဲ။ ဘာလုပ်ပေးရမလဲ။"

"ရေချိုးပြီး ခဏနားဦးမယ်ကွာ။ အိမ်ကို ဒီပုံစံနဲ့မပြန်ချင်လို့ ဒီဘက်လှည့်လာတာ။ ကိစ္စရှိရင် အပေါ်တက်လာပြီးခေါ်လိုက်။"

"Yes, boss."

.

Draven ဆိုဖာပေါ်တွင်လှဲကာ TV မှသတင်းကိုကြည့်နေမိသည်။ ယနေ့တစ်နေ့စာအစီအစဉ်သည် မနက်ကဖြစ်သည့်မတော်တဆမှု၏ Breaking News နှင့်ပင် ပြည့်နေတော့မည်။ မျက်မြင်ကြုံခဲ့ပြီးသည့်အဖြစ်အပျက်ကို ဖန်သားပြင်ပေါ်တွင်တွေ့နေရသည့်အခါ ကြည့်နေသော်လည်း မမြင်တော့ပါ။

Draven မြင်နေသည်က ဆေးရုံမှမြင်ကွင်းတစ်ခု။ လူနာတစ်ဦး၏ခြေထောက်ကို ချုပ်ပေးနေသည့် သူနာပြုလေးက တည်ငြိမ်စွာ။ များမကြာမီက ရှုပ်ထွေးသွားခဲ့သောအခြေအနေများ အနည်းငယ်ငြိမ်သက်သွားပြီးနောက်တွင် ကလေးငယ်တစ်ဦး၏မိဘများကို ရှာပေးရင်းနှင့် ရောက်လာခဲ့သောထိုနေရာတွင် ကလေးငယ်နှင့်မိသားစုပြန်ဆုံပြီးနောက် Draven သည်လည်း Suda နှင့် ဆုံပြန်လေသည်။

Draven ဘက်မှ လိုလိုလားလားပင် ကူညီပေးခဲ့သည်ကို Suda ၏တုံ့ပြန်မှုသည် ယခင်ထက်အေးစက်သည်ဟု Draven ထင်မိသည်။

'အထင်တဲ့။ ငါက ဘာတွေတွေးမိတာလဲ။ သူ့အလုပ်သူလုပ်နေတာကို ငါက ဘာတွေအကဲဖြတ်နေမိတာလဲ။'

အတွေးစကိုဖြတ်၍ ပုံရိပ်များပြေးလွှားနေသည့်ဖန်သားပြင်ကို အာရုံစိုက်မိလျှင် သတင်းပြီးသွားလေပြီ။ မည်သည့်အချိန်ပြီးသွားသည်ကိုပင် မသိလိုက်သည့်အတွက် အာရုံမကပ်ဖြစ်နေသည့် မိမိအခြေအနေကို Draven အံ့ဩမိသည်။ စိတ်စေရာအတိုင်းကို အကောင်းဆုံးဖြစ်မည့်အနေအထားနှင့် လုပ်တတ်သည့်အကျင့်အရ တွေဝေခြင်း၊ အတွေးများခြင်းဟူသည် Draven နှင့်မနီးစပ်သည်က အမှန်ပင်ဖြစ်သည်။ လူ့ဘဝသည် တစ်ခါတစ်ရံတွင် ထူးဆန်းလှသည်ဟု Draven မှတ်ချက်ချမိတော့သည်။

လေထုသို့ရိုက်ခတ်သည့် အသံလှိုင်းများကိုမမြင်ရသော်လည်း တည်ရှိနေသည်ကို ကြားသိနိုင်သကဲ့သို့ပင် အမှန်တကယ်မထူးခြားသော်လည်း တစ်ဦးတစ်ယောက်အဖို့ ဆန်းပြားနေသည့် ဖြစ်ရပ်အချို့၏ ချဉ်းကပ်ခံရခြင်းသည် သိမ်မွေ့လွန်းလှ၍ သတိမမူမိသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ။ မည်မျှနက်ရှိုင်းစွာ ကျူးကျော်ခံရသည်ကို အချိန်တန်လျှင် သိရပေလိမ့်မည်။

■■■■■ Part (5) ဆက်ရန် ■■■■■
© Demon ,
книга «We are the Synonyms ᴴⁱᵃᵗᵘˢ».
Коментарі