Another Story Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (5)
ေဆး႐ံုသို႔ေရာက္လာခဲ့သည့္ Draven တစ္ေယာက္ Suda ကို ရွာၾကည့္ေနမိသည္။ မေန႔က မေတာ္တဆမႈေၾကာင့္ေတြ႕ခဲ့ရၿပီး ယေန႔သည္ Suda တာဝန္က်သည့္ရက္ ဟုတ္၏၊ မဟုတ္၏ကို သူမသိပါ။ ႐ုတ္တရက္ဆန္စြာျဖစ္ေပၚလာသည့္ သိခ်င္စိတ္၏ရလဒ္သည္ ယခုအခါတြင္ သူ၏လက္ထဲသို႔ေရာက္လာခဲ့သည္။ ယခုအခ်ိန္က Suda နားရမည့္အခ်ိန္။ အေဆာင္ကိုျပန္ဖို႔ရန္သာရွိသည္ဟူေသာ တစ္ထစ္ခ်အေတြးအျပင္ အျခားေသာ မည္သည့္စိတ္ကူးရွိသည္ကို ကိုယ္တိုင္လည္းမဆန္းစစ္မိပါ။

"Suda"

ရွာေနသည့္သူကိုေတြ႕၍ လွမ္းေခၚလိုက္ၿပီးမွ စကားစတို႔က ေပ်ာက္ဆံုးေနေလသည္။ ေနာက္ဆံုးေတြ႕ခဲ့စဥ္ကပံုစံႏွင့္ Suda သည္ အျပံဳးတစ္စႏွင့္လွည့္ၾကည့္လာသည္။ ယေန႔ သူမ၏ကမ႓ာငယ္ စိမ္းလန္းေနသည့္အလား။ ထိုေနရာႏွင့္အနီးတစ္ဝိုက္ရွိ အျပံဳးျဖာကူးျခင္းျဖစ္စဥ္သည္ Suda မွ Draven ထံသို႔သာမက ေဘးတြင္ရွိေနသူတို႔ထံပါ သက္ေရာက္သြားခဲ့သည္။

"ဆရာမေလး"

Suda အနီးသို႔ Draven ေရာက္မသြားႏိုင္မီမွာပင္ အဘြားအိုတစ္ဦးက Suda ကိုေခၚလိုက္ျခင္းျဖစ္သည္။

"ဟုတ္ကဲ့ အဘြား"

"ဆရာမေလးက တကယ္မ်က္ႏွာခ်ိဳတာပဲ။ ဒါေၾကာင့္ အဘြားေျမးမကေျပာတာ၊ အဘြားသြားၾကည့္ရင္ တန္းၿပီးသိမွာပါတဲ့။ အဘြားေျမးဆိုတာ မေန႔က လက္က်ိဳးသြားတဲ့ကေလးေလ။ ဆရာမေလး ပတ္တီးစည္းေပးတာျမန္လို႔ အေပ်ာက္ျမန္ေတာ့မွာတဲ့။ အဲဒါ အဘြားက ဆရာမေလးကိုေတြ႕ခ်င္လို႔ဆိုေတာ့ ေျမးကေျပာတယ္၊ Hall ထဲမွာ အလွဆံုးျပံဳးေနရင္ အဲဒါသူ႔ဆရာမေလးပဲတဲ့။ Suda ဆိုတာ ဆရာမေလးမဟုတ္လား။"

"ေက်းဇူးတင္ပါတယ္ရွင့္။ ကၽြန္မ Suda ပါ အဘြား။"

"အဘြားက ေက်းဇူးတင္ရမွာပါကြယ္။ တကယ္ ေက်းဇူးတင္ပါတယ္။"

"အိုး၊ ရပါတယ္ အဘြားရယ္။ ကၽြန္မတို႔တာဝန္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္ေပးရမွာပါ။"

"ဘယ္လိုပဲေျပာေျပာပါ၊ ေက်းဇူးတင္တယ္ေနာ္ ဆရာမေလး။"

"ဟုတ္ကဲ့ပါ။"

ယေန႔အတြက္ Draven ၏အေတြးမွန္ကန္ေၾကာင္းကို အဘြားကသက္ေသျပသြားသည္။ အမွန္တကယ္ပင္ Suda ၏အျပံဳးတို႔ လွပလြန္းသည္။ ဤသို႔ဆိုလၽွင္ ယမန္ေန႔က Suda ၏အေျခကို Draven အျမင္မွားသည္လား။ သူႏွင့္ဆံုစဥ္က Suda သည္ ေအးစက္လြန္းေနခဲ့သည္မွာ ေသခ်ာလွေပသည္။

"Draven, Last Step မွာ အလုပ္မ်ားေနျပန္ၿပီလား။"

"မေန႔ကကိစၥနဲ႔ နည္းနည္းေတာ့အလုပ္မ်ားေနတယ္ဗ်ာ။ ဒါေပမဲ့လည္း တကယ္စိတ္မေကာင္းဘူး။"

"အဲဒီေနရာမွာရွိေနခဲ့တာဆိုေတာ့ ျပန္ျမင္ေယာင္ေနမွာေပါ့။"

"ဟုတ္တယ္ဗ်။"

"အခု ဘယ္လဲ Draven?"

"ေအာက္ထပ္ဆင္းရမွာ။ အလုပ္အပ္ထားတဲ့လူက ေအာက္ထပ္မွာေစာင့္ေနတယ္ဆိုၿပီး ဖုန္းဆက္လို႔။"

"ကၽြန္မလည္း ေအာက္ဆင္းမလို႔။"

ႏွစ္ဦးသား ေလွကားထစ္မ်ားအတိုင္း ဆင္းလာၾကၿပီး အမ်ိဳးသမီးႀကီးတစ္ဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္ဆံုၾကရာတြင္

"မင္း ... မေန႔ကသူငယ္မဟုတ္လား။"

"ဟုတ္ကဲ့ ခင္ဗ်။ ကၽြန္ေတာ္ body သယ္ဖို႔ ..."

"ထြက္သြား၊ မင္းကိုမျမင္ခ်င္ဘူး။"

"ကၽြန္ေတာ္က ..."

"မင္းေၾကာင့္၊ နိမိတ္မေကာင္းတဲ့ မင္းေၾကာင့္ ငါ့ေမာင္ေလးေသရတာ။"

Dravenကိုတြန္းထုတ္ေနသည့္ ထိုအမ်ိဳးသမီးမွာ မ်က္လံုးမ်ားေဖာင္းအစ္၍ အခ်ိန္အေတာ္ၾကာငိုေႂကြးထားဟန္ အတိုင္းသားေပၚေနသည္။ Suda က အေျခအေနကိုဝင္ထိန္းလို၍

"လူနာရွင္ရွင့္၊ စိတ္ထိန္းပါဦးေနာ္။ ဘာျဖစ္သြား ..."

"နင္က ဘာသိလို႔ဝင္ေျပာေနတာလဲ။"

ေျပာရင္းမွပင္ သူမအနားကပ္ရန္ျပင္သည့္ Suda ကို တြန္းလိုက္ရာ Draven ရွိရာဘက္သို႔ယိုင္က်သြား၍ Draven က Suda ေက်ာျပင္ကို လက္ႏွင့္ထိန္းေပးလိုက္ေသာ္လည္း ထိုအမ်ိဳးသမီးက Suda အား ထပ္မံတြန္းတိုက္သည့္အခါ Suda ၏ေနာက္ဘက္တြင္ရပ္ေနေသာ၊ Landing အစြန္နားေရာက္ေနသည့္ Draven ဟန္ခ်က္ပ်က္သြားသည္။ Suda ကို ေက်ာျပင္မွတြန္းထုတ္လိုက္၍ Suda ထိုအမ်ိဳးသမီးရွိရာသို႔ တိုးကပ္သြားေသာ္လည္း Draven မွာ ေလွကားထစ္မ်ားအတိုင္း ျပဳတ္က်ေလေတာ့သည္။

Suda ေရွ႕သို႔တိုးကပ္လာ၍ ေနာက္ဆုတ္လိုက္သည့္ အမ်ိဳးသမီးမွာ နံရံႏွင့္ကပ္သြားၿပီး ထိုေနရာတြင္ပင္ ေၾကာင္လ်က္သားၾကည့္ေနေပသည္။ Suda ခ်က္ခ်င္းပင္ျပန္လွည့္ကာ ေလွကားထစ္မ်ားအတိုင္း ေျပးဆင္းသြားသည္။

"Draven"

ေျမညီထပ္ၾကမ္းျပင္တြင္လဲက်သြားေသာ Draven ကို လူႀကီးတစ္ဦးမွ ကူညီ၍ထူေပးေနသည္။

"ေမာင္ရင္ ဘာျဖစ္သြားေသးလဲ။"

"ေျခေထာက္နည္းနည္းနာသြားတာပါ။ အရမ္းမဆိုးပါဘူး၊ ရပါတယ္။"

"ေထာက္လို႔ရလား Draven? ဘယ္နားက နာတာလဲ။"

အနားေရာက္လာေသာ Suda ၏အေမးကို Draven မေျဖမီ

"မိန္းမ၊ မင္းလား။ မင္းလုပ္လိုက္တာလား။"

ကူညီေပးသည့္လူႀကီးသည္ ေလွကားထိပ္သို႔လွမ္းၾကည့္ကာ အံ့အားသင့္စြာျဖင့္ ေမးေနသည္။ ထိုအခါမွ Draven မွတ္မိလိုက္သည္က ထိုလူႀကီးမွာ ေသဆံုးသူ၏ေယာက္ဖေတာ္စပ္သူျဖစ္ၿပီး ေသသူ၏ခႏၶာကိုယ္ကိုလာသယ္ရန္ Draven ကို ဖုန္းဆက္ေျပာ၍ အလုပ္အပ္ခဲ့သူပင္ျဖစ္သည္။ အမ်ိဳးသမီးႀကီးက ေလွကားမွျဖည္းညင္းစြာဆင္းလာၿပီး Draven ကိုၾကည့္ေနခဲ့သည္။

"မိန္းမရာ၊ မင္း ဘယ္လိုလုပ္လိုက္တာလဲ။ တကယ္ဆို ဒီေကာင္ေလးက မင္းရဲ႕ေမာင္ကို ကူညီေပးခဲ့တာပါ။ အနည္းဆံုးေတာ့ သူကူညီေပးခဲ့လို႔ ငါတို႔ေတြ ေယာက္ဖရဲ႕အသက္ေတာ့ မီလိုက္ေသးတယ္ေလကြာ။"

"ဘာကိုကူညီတာလဲ။ အသုဘအလုပ္နဲ႔ နိမိတ္မေကာင္းတဲ့ေကာင္။ သူ႔ေၾကာင့္ ေမာင္ေလးက ..."

မ်က္ရည္မ်ားစီးက်လာကာ ငိုေနျပန္ေသာ ထိုအမ်ိဳးသမီးေၾကာင့္ ေယာက္်ားျဖစ္သူက Draven ကို အားနာေသာအၾကည့္ျဖင့္ ၾကည့္လိုက္သည္။
Draven နားလည္စြာ အျပံဳးတစ္ခ်က္ျဖင့္တံု႔ျပန္ရင္း ေခါင္းညိတ္ျပလိုက္သည့္အခါ အမ်ိဳးသမီးကိုေခၚ၍ ထြက္သြားခဲ့ေလၿပီ။

"အဆင္ေျပလား Draven?"

"ရပါတယ္။"

"တံေတာင္ဆစ္မွာ ပြန္းသြားၿပီ။"

ေဘးတိုက္ျပဳတ္က်၍ ေျခေထာက္တစ္ဖက္ႏွင့္ လက္တစ္ဖက္က ကြန္ကရစ္ၾကမ္းခင္းႏွင့္ထိကာ ပြန္းပဲ့ရာအခ်ိဳ႕တြင္ ေသြးစို႔သြားခဲ့သည္။

"ေဆးသြားထည့္ရေအာင္ေနာ္။"

"ရပါတယ္၊ သိပ္မမ်ား ..."

ရွပ္လက္တိုဝတ္ထားေသာေၾကာင့္ အသားႏွင့္တိုက္ရိုက္ထိထား၍ တံေတာင္ဆစ္မွပြန္းရာသည္ အနည္းငယ္မၽွထက္ပိုသည္။

"မ်ားသြားလား။"

ရယ္ရင္းေမးလိုက္သည့္ Draven ၏စကားကို Suda က ေမးတတ္တယ္ေနာ္ ဆိုသည့္အၾကည့္ႏွင့္သာ တံု႔ျပန္လာ၏။ Draven ေျခက်င္းဝတ္ အနည္းငယ္နာသြား၍ ခပ္မွန္မွန္ေလၽွာက္လာခဲ့ၾကသည္။
Suda က Draven ကို ေဆးထည့္ေပးေနစဥ္

"ေက်းဇူးတင္ပါတယ္ Draven. ရွင္သာတြန္းမထုတ္ရင္ ကၽြန္မျပဳတ္က်မွာ။"

"အင္း၊ အဲဒီလိုဆို ကၽြန္ေတာ့္အတြက္အဆင္မေျပဘူးေလ။"

Suda က Draven ကိုေမာ့ၾကည့္သည္။

"ကၽြန္ေတာ္တို႔အတြက္ အဆင္မေျပဘူး။ မိန္းကေလးတစ္ေယာက္ေခ်ာ္လဲတာ အျမင္မေတာ္ဘူးေလ။ Suda လည္း ဒဏ္ရာရမယ္။ သူတို႔လင္မယားလည္း အရမ္းအားနာေနရမယ္။ ေဘးမွာ ကၽြန္ေတာ္ရွိသားနဲ႔ ရပ္ၾကည့္ေနရတာလည္း သိပ္မမိုက္ဘူး။"

ပံုမွန္အတိုင္း ေအးေဆးစြာရွင္းျပသြားသည့္ Draven ေၾကာင့္ Suda အာရံုျပန္ေျပာင္းလိုက္သည္။

"ေျခေထာက္ကို ေဆးလိမ္းရေအာင္။"

"ကၽြန္ေတာ့္ကိုေပး၊ ကိုယ့္ဘာသာလိမ္းလိုက္မယ္။"

Suda ၏လက္ထဲမွ လိမ္းေဆးေတာင့္ကို ဆတ္ခနဲဆြဲယူလိုက္ၿပီး သူ၏ေပါင္တစ္ဖက္ေပၚသို႔ ဒဏ္ရာရသည့္ေျခေထာက္ကို တင္လိုက္ကာ ေဆးလိမ္းရန္ျပင္ေနသည္ကို Suda ထိုင္ၾကည့္ေနလိုက္သည္။

"ဒီလိုမ်ိဳးၾကံဳရတာ မ်ားေနၿပီထင္တယ္။"

"ဘယ္တစ္ခုကိုေျပာတာလဲ။"

ေဆးလိမ္းေနရာမွေမာ့မၾကည့္ဘဲ Draven ျပန္ေမး၏။

"လုပ္ငန္းေၾကာင့္ အေျပာခံရတာ။"

"အဲဒါလား။ အယူသီးတဲ့လူေတြနဲ႔ ၾကံဳရင္ေပါ့ေလ။ တကယ္ေတာ့ ဘယ္လူသားမွ ေရွာင္လို႔မရမယ့္ေနရာပဲ။ ေမြးကတည္းက ေသရမွာေသခ်ာေနတာကိုက် ေမ့ထားၾကတာေနပါလိမ့္မယ္။ ဒါေတာင္ သက္တမ္းအရွည္ႀကီးမဟုတ္လို႔။"

"အင္း"

ေဆးဘူးကို Suda လက္ထဲျပန္ထည့္ေပးကာ လက္ကို တစ္သၽွဴးစႏွင့္သုတ္ရင္း Draven ဆက္ေျပာသည္က

"ကၽြန္ေတာ္ ဘာလို႔ ဒီေနရာကိုေရြးခ်ယ္ခဲ့သလဲဆိုေတာ့ ... အင္း ... အနည္းဆံုးေတာ့ လူေသေတြက ပါးစိပါးစပ္မမ်ားဘူးေပါ့ဗ်ာ။"

Draven သူ႔၏စကားကို သူျပန္ရယ္ေနသည္။

"အသုဘရွင္ေတြကေတာ့ ဆက္ဆံရခက္တဲ့လူရွိမွာေပါ့။"

"အပူေသာကတစ္ဖက္နဲ႔ဆိုေတာ့ နားလည္ေပးလို႔ရပါတယ္။ သူတို႔နဲ႔က အလုပ္အပ္တုန္းနဲ႔ အလုပ္ၿပီးခါနီးပဲ ဆက္ဆံေျပာဆိုရတာ။ လူေသေတြကေတာ့ ဘာေလးျပင္ေပးေပး ၿငိမ္ၿငိမ္ေလးပဲ။"

"အိုး ... မၿငိမ္လို႔ ထကေနရမွာလားေနာ္။"

"Halloween party နဲ႔မ်ား တူေနမလားပဲ။ ေသြးမရွိတဲ့ ေဖ်ာ့ေတာ့ေတာ့အသားအေရေတြရယ္၊ ေဖာ္မလင္နံ႔ေတြရယ္၊ မေတာ္တဆျဖစ္တဲ့လူဆို ခ်ဳပ္႐ိုးအရာေတြကလည္း မၿပီးေသးခင္မွာ တစ္ဝက္တစ္ပ်က္ျဖစ္ေနမွာရယ္၊ ထိမိရင္ ေအးစက္ေတာင့္ခဲေနမွာရယ္၊ ၿပီးေတာ့ ..."

"မိတ္ကပ္ျပင္ၿပီး လွပေနမယ့္အေျခအေနရယ္၊ တက္တူးလိုလိုနဲ႔ ခ်ဳပ္ရာလွလွရယ္၊ ေရေမႊးနံ႔၊ ပန္းနံ႔ေတြရယ္၊ အဝတ္အစားလွလွပပေတြရယ္။ အိုး၊ စံုလို႔ပဲ။ Party တက္ရင္း high boss နဲ႔ဆံုရင္ သူ႔ဆီကေန အေမြရသြားႏိုင္ေသး။ ရွင္ကလည္း အေကာင္းျမင္တတ္မွေပါ့။"

"ဟား ဟား ဟား၊ Suda က သူနာျပဳဆိုတာကို ခဏေမ့သြားလို႔ ေျပာမိတာ။"

"ဒါမ်ိဳး ဘယ္ရမလဲ။ အေလာင္းဆိုတာ ကၽြန္မနဲ႔မရင္းႏွီးတာလည္း မဟုတ္ပဲနဲ႔။"

"ေမ့သြားတယ္လို႔ ေျပာပါေရာဗ်ာ။"

"Suda won! Draven's defeated."

"ဟား ဟား ဟား"

••••••

မည္သည့္သတင္းဆိုးမၽွရွိမေနသည့္ ရာသီဥတုသာယာေသာ ေန႔ေလးတစ္ေန႔တြင္ျဖစ္သည္။

Draven တစ္ေယာက္ တစ္ေနကုန္ အလုပ္ထဲတြင္ရွိေနၿပီး ညေနအလုပ္ဆင္းခ်ိန္နီးခါမွ အေပၚထပ္အခန္းသို႔တက္၍ ေရခ်ိဳးအဝတ္လဲကာ ျပန္ဆင္းလာေလသည္။

"Boss, အိမ္မျပန္ဘဲ ဘယ္သြားမွာလဲ။"

"မင္းက ဘာကိုသိခ်င္ျပန္ၿပီလဲ။"

"အိမ္ျပန္၊ ေရမိုးခ်ိဳးၿပီးနား၊ ၿပီးေနၿပီေလ။ မဟုတ္လည္း ေရခ်ိဳးၿပီး ျပန္ထြက္လို႔ရတယ္။ အခုက အလုပ္ဆင္းခ်ိန္မတိုင္မီဆိုေတာ့ ဘယ္သူအလုပ္ဆင္းတာကို သြားေစာင့္မလို႔လဲ။"

"မင္းကလည္း ဘယ္သူ႔သြားႀကိဳမလို႔လဲလို႔ မေမးဘူး။"

ဝင္ေျပာလိုက္သည္က မိတ္ကပ္ဆရာမေလး Jennie.

"Jennie, အစ္မကလည္း ကၽြန္ေတာ္တို႔ Boss က အဲဒီေလာက္အျဖစ္ရွိၿပီလား။"

"ကိုယ္သိတာကသိတာ၊ သူမသိေစနဲ႔ေပါ့ဟယ္။"

"Yes. Sorry, boss. ကၽြန္ေတာ္တို႔ Boss က ဘယ္သူ႔ကိုသြားႀကိဳမလို႔ပါလဲ ခင္ဗ်ာ။"

Draven ၏ေရွ႕တြင္ပင္ သူတို႔ခ်င္း ေလသံတိုးတိုးႏွင့္အတင္းေျပာသေယာင္ စေနာက္ေျပာဆိုၿပီးမွ Draven ကိုဦးညႊတ္ေမးလာသည့္ ဝန္ထမ္းေကာင္ေလးသည္ အားလံုးထဲတြင္ အငယ္ဆံုးျဖစ္သည္။

"ၿပီးၿပီလား။ မင္း ငါ့ကိုေျပာလို႔ဆိုလို႔ ဝၿပီလား။"

"ေျပာစရာလား။ Boss ကို ေျပာစရာလားလို႔။ ဒါေပမဲ့ မေျပာမၿပီး၊ မတီးမျမည္မို႔ ေျပာရဦးမယ္။ အဲဒီလို မီးခိုးေရာင္ေတြ၊ အနက္ေတြခ်ည္း ဝတ္ေနတာ Boss လုပ္ငန္းကို လူမသိမွာစိုးလို႔လား။"

"ဟုတ္တယ္။ Jennie လည္းေျပာမလို႔။ ရွင္ တျခားအေရာင္ေလးမ်ား ေျပာင္းဝတ္သြားလို႔ မရဘူးလား။"

"တျခားအေရာင္လား။ ရွိေတာ့ရွိမယ္ထင္ပါတယ္။ မ်ားေသာအားျဖင့္က အလုပ္ကိစၥနဲ႔အျပင္ထြက္တာဆိုေတာ့ အေရာင္ေတာက္တာေတြလည္း မဝတ္ျဖစ္ဘူး။ ကၽြန္ေတာ္လည္းမႀကိဳက္ဘူး။"

"အေရာင္ေဖ်ာ့ေဖ်ာ့ေတြေရာ မရွိဘူးလား။ မိုးျပာတို႔၊ အစိမ္းႏုတို႔၊ မီးခိုးဆိုလည္း ခပ္ေဖ်ာ့ေဖ်ာ့ေပါ့ရွင္။"

"ရွိပါတယ္။ ဘာလို႔လဲ။"

"လဲဝတ္သြားလို႔ ေျပာမလို႔ေလ။ ဂ်င္းကိုလည္း အျပာတို႔၊ သံေခ်းေရာင္တို႔ေပါ့။"

"ငါတို႔အစ္မႀကီး ေတာ္တယ္။ အျပင္အဆင္ကၽြမ္းက်င္တယ္။"

"အဲဒီေတာ့ ငါက ဘာျဖစ္သြားလဲ။"

"ဖြဟ၊ လြဲပါေစဗ်ာ။ ကၽြန္ေတာ္ကရိုးရိုးေျပာတာကို Boss ကလည္း။"

"အဲဒီေတာ့ အခု မင္းတို႔က ကိုယ္ တစ္ေယာက္ေယာက္ကိုသြားေတြ႕မယ္လို႔ ခန္႔မွန္းၿပီး အဝတ္အစားလဲခိုင္းေနၾကတာေပါ့။"

"မဟုတ္ဘူးလား။"

ၿပိဳင္တူေမးလာၾကသည္။

"ဟား ဟား၊ ဟုတ္တယ္။"

"ဒါနဲ႔မ်ားဗ်ာ။"

"ဒီမွာထားတဲ့အထဲ ခုနက Jennie ေျပာတဲ့အေရာင္ေတြ ပါမလာဘူးထင္တာပဲ။"

"Boss, ဂ်င္းက အျပာရင့္ရင့္တစ္ထည္ လွမ္းထားတာေတြ႕ဖူးပါတယ္။ သြားရွာၾကည့္၊ ရွိမွာ။ ၿပီးရင္ လမ္းမွာ ခဲျပာေရာင္ရွပ္တစ္ထည္ဝင္ဝယ္ၿပီး လဲသြားဗ်ာ။ ေကာင္မေလးအတြက္ ဘာယူသြားမွာလဲ။"

"ရၿပီ။ အရမ္းတက္ႂကြမေနနဲ႔။ အဲဒီေလာက္မလိုေသးဘူး။"

"ေတြ႕လား၊ ကၽြန္ေတာ္ေျပာသားပဲ။ Boss က အဲဒီေလာက္ အျဖစ္မရွိေသးဘူးလို႔။"

ပါးစပ္ကို လက္ႏွင့္အသာကာၿပီး Jennie ဘက္သို႔ ခပ္တိုးတိုးကပ္ေျပာျပန္သည္။
Jennie က ရယ္ေနၿပီး Draven ကေတာ့ ထိုေကာင္ေလးေခါင္းကိုပုတ္ကာ ဆိုင္ခန္းအေရွ႕ဘက္ျခမ္းသို႔ ထြက္သြားေတာ့သည္။

"ကၽြန္ေတာ့္ကိုမ်ား ကေလးထင္ေနလားမသိ။ အားေန ေခါင္းလာလာပုတ္တယ္။"

"ဟဲ့၊ တစ္ဆိုင္လံုးမွာ နင့္ထက္ငယ္တာ ေၾကာင္နဲ႔ေခြးပဲရွိေတာ့တယ္။ ကိုႀကီးျဖစ္ခ်င္ေနတာေတြ ထိန္းစမ္း။ နင့္လိုအရြယ္ေတြ စာရင္းမဝင္ေသးဘူး။"

"ႏွိမ္လိုက္တာ။ ေကာင္မေလးငယ္ငယ္ တစ္ေယာက္ေလာက္ထားၿပီးမွ ေခၚလာျပမယ္။"

"မူလတန္းကေလးေတြလား။ ဟီဟိ၊ ျမင္ေယာင္မိ။"

"Yahhhh, ဒီအစ္မနဲ႔ေတာ့ဗ်ာ။"

•••

သူတို႔ေျပာသည္မွာ အမွန္ပင္။
Suda ၏ အလုပ္ခ်ိန္မ်ားကို Draven မွတ္မိသြားၿပီျဖစ္ၿပီး ယေန႔ညေန Suda အလုပ္ဆင္းခ်ိန္တြင္ သြားေတြ႕ရန္ရည္ရြယ္ျခင္းပင္။ အေၾကာင္းျပခ်က္သည္ကား သူေတြ႕ခ်င္၍ျဖစ္သည္။

"Suda"

"Draven, ေဆးရံုကိုလာတာလား။"

"ဆိုပါေတာ့။"

သူ မညာပါ။ Suda ရွိရာေဆးရံုသို႔ သူလာခဲ့သည္မွာလည္း အမွန္တရားပင္။

"Suda အိမ္ျပန္မွာလား။"

"မျပန္ေသးဘူး။ လူနာတစ္ေယာက္အိမ္ကို သြားၾကည့္ေပးရမယ္။"

"ဒီလိုမွန္းသိရင္ ကားယူလာပါတယ္။"

"ရွင္"

"ကၽြန္ေတာ္ လိုက္ပို႔ေပးလို႔ရေအာင္ေလ။"

"ဪ၊ ရပါတယ္။ ဟိုဘက္နားေလးတင္မို႔ ကၽြန္မ လမ္းေလၽွာက္သြားမွာ။"

"လမ္းေလၽွာက္သြားမွာလား။ ကၽြန္ေတာ္ အေဖာ္လုပ္ေပးလို႔ရလား။"

"ရွင္ အလုပ္အားလို႔လား။"

"အားတယ္ေလ။"

Suda ေခါင္းညိတ္ျပ၏။ Draven က ျပံဳးလိုက္ၿပီး Suda ၏ေဆးအိတ္ကို လက္ကမ္း၍ေတာင္းလိုက္သည္။ ထို႔ေနာက္ လမ္းဘက္သို႔ လက္ကိုဆန္႔တန္းျပရင္း Suda ႏွင့္အတူ ေဘးခ်င္းယွဥ္၍ လမ္းေလၽွာက္လာလိုက္ၾကသည္။

•••

"ဒီတိုက္ခန္းပဲ။ ရွစ္လႊာမွာ။"

"ကၽြန္ေတာ္ ဒီကပဲေစာင့္မယ္။"

"နည္းနည္းေတာ့ၾကာမယ္ထင္တယ္။ ရွင့္ကို အားနာလို႔။"

"ဟင့္အင္း၊ အားမနာပါနဲ႔။ ေအးေအးေဆးေဆးလုပ္ပါ။ ေစာင့္ေနမယ္။"

Suda တက္သြားၿပီးေနာက္ တိုက္ခန္းေရွ႕အုတ္ခံုေလးတြင္ Draven ထိုင္ေစာင့္ေနလိုက္သည္။ ကားလမ္းမမဟုတ္၍ လမ္းသြားလမ္းလာမ်ားသာ ရွိေနၾကသည္။ ဟိုဟိုသည္သည္ၾကည့္ရင္း ခဏအၾကာတြင္ ဖုန္းကိုဖြင့္၍ အာရံုေျပာင္းလိုက္သည္။ ဆိုင္မွအငယ္ဆံုးေလး၏ Instagram account တြင္ post တစ္ခုေတြ႕ရ၍ ျပံဳးမိျပန္သည္။

*I deserve to be loved.*

ထိုစာသားႏွင့္အတူ ေကာင္မေလးတစ္ဦးႏွင့္ လက္ခ်င္းခ်ိတ္ထားသည့္ လက္ႏွစ္ဖက္ပံုကို ေတြ႕လိုက္ရ၍ျဖစ္သည္။ အလုပ္ဆင္းသည္ႏွင့္ ရည္းစားႏွင့္ေတြ႕သည္ကို ခ်က္ခ်င္းပံုတင္ႂကြားသည့္ထိုကေလးသည္ ရည္းစားအလြန္မ်ားလွၿပီး မိန္းကေလးမ်ားမွာ သူ႔ထက္ႀကီးသူႏွင့္ ရြယ္တူမ်ားျဖစ္ေနတတ္၍ ကေလးတစ္ေယာက္ေတာ့လိုခ်င္ေၾကာင္း မၾကာခဏေျပာတတ္သူျဖစ္သည္။ ထို႔သို႔ေျပာတိုင္းလည္း ဆိုင္မွလုပ္ေဖာ္ကိုင္ဖက္မ်ားက ကေလးအေဖျဖစ္ခ်င္တာလားဟု ေမးစျမဲ။

ဖုန္းၾကည့္ကာအခ်ိန္ျဖဳန္းေနစဥ္ ခပ္လွမ္းလွမ္းမွ ေယာက္်ားတစ္ေယာက္ခါးခန္႔ျမင့္မည့္ ျခံစည္း႐ိုးအလွပင္ငယ္ေလးကို Draven သတိထားမိသြားသည္။ ေလၿငိမ္ေနၿပီး လူရွင္းေနသည့္အေျခအေနတြင္ ထိုအပင္ေလးမွာ အနည္းငယ္လႈပ္ရမ္းေန၏။ Draven ၾကည့္လိုက္သည့္အခါ ၿငိမ္သြားျပန္သည္။
Draven အၾကည့္လဲႊကာ လမ္းမေဘးမွ ခဲလံုးေလးတစ္လံုးကို သြားေကာက္ယူ၍ ျပန္ထိုင္ေနလိုက္သည္။ ခဏအၾကာ ျပန္လႈပ္ရွားလာသည္ကို မ်က္လံုးေထာင့္မွျမင္လိုက္ရ၍ ခဲလံုးႏွင့္လွမ္းေပါက္လိုက္သည့္အခါ အပင္ေျခရင္းသို႔ ပုတ္သင္ညိဳအေသတစ္ေကာင္ျပဳတ္က်လာၿပီး အပင္ေလးၿငိမ္သြားခဲ့သည္။

"ရွင္ သိပ္လက္တည့္တာပဲ။"

"Suda, ၿပီးၿပီလား။"

"နည္းနည္းၾကာသြားတယ္။ ရွင္ ပ်င္းေနၿပီလား။"

"မပ်င္းပါဘူး။ သြားၾကစို႔ေလ။"

"အင္း၊ သြားၾကစို႔။"

Draven တို႔ ထြက္သြားၾကၿပီးေနာက္ အပင္ေအာက္မွအေသေကာင္မွာလည္း ရွိမေနေတာ့ေပ။

ကားလမ္းမဘက္သို႔ ထြက္လာခဲ့ၾကၿပီးေနာက္

"Suda ဘယ္သြားရဦးမွာလဲ။"

"ဟင့္အင္း၊ မရွိေတာ့ဘူး။"

"ဘာစားၿပီးၿပီလဲ။"

"ေန႔လယ္စာေနာက္က်လို႔ စားခ်င္စိတ္မရွိေသးပါဘူး။"

"အိမ္ျပန္ေတာ့မွာလား။ လမ္းေလၽွာက္မွာပဲမဟုတ္လား။"

"Yes to all."

"ဟား ဟား၊ ကၽြန္ေတာ္ ေမးခြန္းေတြသိပ္မ်ားသြားလား။"

"အင္း။ ဒါေပမဲ့ ကိစၥမရွိပါဘူး။ ေျပာစရာရတာေပါ့ေနာ္။"

"ေျပာစရာကေတာ့ မ်ားပါတယ္။ ေမးစရာလည္းမ်ားတယ္။"

"ေမးၾကည့္ေလ။"

"Suda မွာ မိသားစုမရွိေတာ့ဘူးလား။ ကၽြန္ေတာ့္မွာေတာ့ အရင္းအျခာမရွိေတာ့ဘူး။"

"ကၽြန္မမိသားစုက ရွိေတာ့ရွိတယ္။ ကိုယ့္ဘဝနဲ႔ကိုယ္ေနၾကတာ ေတာ္ေတာ္ေလးၾကာလာေတာ့ အခုလိုပဲျဖစ္သြားတယ္။ ကၽြန္မဘဝ ကၽြန္မပိုင္ရတာကို ပိုသေဘာက်တယ္။ အဲဒီလိုပဲေနခ်င္တယ္။"

"လြတ္လပ္တာေပါ့။ တျခားအတြယ္အတာေရာ မရွိဘူးလား။"

"ကၽြန္မတြယ္တာမိမွ ေပ်ာက္ဆံုးသြားမယ့္ျဖစ္တည္မႈေတြမွာ ၿငိမေနခ်င္ဘူး။"

"ဆံုး႐ႈံးမႈတိုင္းကေတာ့ နာက်င္ရမွာပဲ။ ပိုင္ဆိုင္တယ္လို႔ေတြးလိုက္ကတည္းက မက္ေမာသြားခဲ့ၿပီေလ။"

"ကၽြန္မ ဘာကိုမွမမက္ေမာဘူးလို႔ေတာ့ မေျပာပါဘူး။ ဒါေပမဲ့ မက္ေမာတဲ့အရာကို မရတဲ့အခါ ပူေလာင္ရတာက အဆင္မေျပဘူး။"

ပန္းျခံလမ္းေလးထိပ္ကို ေရာက္လာခဲ့ၾကၿပီး ခ်ိဳးေကြ႕ဝင္လိုက္ၾကသည့္အခါ ေလညင္းတစ္ျဖတ္သည္ ဟိုသည္ေျပးလႊားလ်က္။

"ဒါေတြက ႀကိဳေျပာလို႔ေတာ့ မရဘူးေပါ့ေလ။ ဒါေပမဲ့ ကိုယ္လိုခ်င္တာကို ပိုင္ဆိုင္ဖို႔မႀကိဳးစားဘဲ ရပ္ၾကည့္ေနဖို႔ေတာ့ ကၽြန္ေတာ္မေတြးခ်င္ဘူး။"

"အင္း၊ အတၱဆိုတဲ့စိတၱဇနာမ္ကို ကၽြန္မသေဘာက်တယ္။"

"ကၽြန္ေတာ္ကေတာ့ Suda ကို သေဘာက်တယ္။"

"ကၽြန္မကိုလား။"

လမ္းမတစ္ေလၽွာက္တြင္ တစ္လိမ့္လိမ့္လူးေနေသာ သစ္ရြက္ေႂကြအခ်ိဳ႕ကိုေငးကာ Suda က အေမးႏွင့္တံု႔ျပန္လိုက္၏။

"အင္း၊ စေတြ႕ခ်ိန္ကေန အခုအခ်ိန္အထိ Suda ရဲ႕အေျခအေနေတြအားလံုးကိုေပါ့။ အဲဒါေၾကာင့္ ဘယ္တုန္းက ဘာေၾကာင့္သေဘာက်တယ္ဆိုတာမ်ိဳး ကၽြန္ေတာ့္မွာ အေၾကာင္းျပခ်က္မရွိဘူး။ Suda သေဘာက်တဲ့ စိတၱဇနာမ္ကို အလိုလိုက္ၾကည့္တာ။"

ျပံဳးကာေျပာလိုက္သည့္ Draven ၏စကားေၾကာင့္ Suda လည္းျပံဳးလိုက္ၿပီး

"ကၽြန္မအေၾကာင္းကို မသိဘဲနဲ႔လည္း အဆင္ေျပတယ္ေပါ့။"

"သိခ်င္တယ္။ မသိရလည္း အဆင္ေျပတယ္။ စေတြ႕ခ်ိန္ကေန အခုအခ်ိန္အထိလို႔ ေျပာခဲ့တဲ့အေပၚ ေနာက္ျဖစ္လာမွာေတြအတြက္ကို ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္သေဘာမက်ျဖစ္ရမယ့္ အေနအထားမ်ိဳးေတြအတြက္လည္း လက္ခံေပးႏိုင္ဖို႔ အေကာင္းဆံုးႀကိဳးစားမယ္လို႔ ကၽြန္ေတာ္ဆံုးျဖတ္ထားတယ္။"

"ရွင္ကေလ ကၽြန္မေမးခြန္းေတြကို ႀကိဳၿပီးပိတ္ပစ္တယ္ေနာ္။ အဲဒီလိုေျပာရတာ သေဘာက်တယ္လား။"

"ကၽြန္ေတာ္ ပိတ္မပစ္ပါဘူး။ ႀကိဳေျဖထားမိ႐ံုပါ။"

"ကၽြန္မ ရွင့္ကိုသေဘာက်ပါတယ္။ ဒါေပမဲ့ ရွင္နဲ႔ မိတ္ေဆြသူငယ္ခ်င္းလိုပဲ ဆက္သြားခ်င္တယ္။"

"ဟုတ္ၿပီ။ ကၽြန္ေတာ္ဆက္ေျပာမယ္ေနာ္။ ကၽြန္ေတာ္ Suda ကို ခ်စ္တယ္။"

"အဲ၊ ရွင္က ဘယ္လိုလူပါလိမ့္။"

ပန္းျခံေလးကိုလြန္လာသည့္ေနရာေလးတြင္ Suda ေခတၱခဏေျခလွမ္းရပ္လိုက္ၿပီး Draven ကိုၾကည့္၍ တအံ့တဩေမးမိသည္။ အရယ္အျပံဳးမျပတ္ Draven ျပန္ေျဖသည္မွာ

"ကၽြန္ေတာ့္စိတ္ကလည္း တစ္ဆင့္ခ်င္းသြားတာေလ။ Suda ကို သေဘာက်မိတဲဲ့အခ်ိန္ ကၽြန္ေတာ့္အေတြးေတြကို ေျပာျပခဲ့ၿပီးၿပီေနာ္။ ေနာက္ေတာ့ ကၽြန္ေတာ္ Suda ကိုခ်စ္ေနတာ ေသခ်ာသြားတဲ့အထိ ကိုယ့္ကိုယ္ကို confirm လုပ္ၾကည့္ၿပီးေတာ့ ကၽြန္ေတာ္ဘာဆက္ေတြးလဲဆိုတာ Suda မသိခ်င္ဘူးလား။"

"အိုးဟိုး၊ ရွင္က ... အင္း ... စိတ္ဝင္စားဖို႔ေကာင္းတယ္။"

Suda ေရွ႕ဆက္လွမ္းလိုက္သည့္အခါ Draven လည္း ထပ္တူလွမ္းလိုက္သည္။ တူညီေသာေျခလွမ္းမ်ားေနာက္တြင္ ေျခရာအခ်ိဳ႕ထင္က်န္ခဲ့ၾကသည္။

အခ်ိဳ႕ေသာေျခလွမ္းတို႔သည္ သက္ေသအျဖစ္ ေျခရာတို႔ကိုခ်န္ထားရစ္ခဲ့၏။

■■■■■ Part (6) ဆက္ရန္ ■■■■■

ဆေးရုံသို့ရောက်လာခဲ့သည့် Draven တစ်ယောက် Suda ကို ရှာကြည့်နေမိသည်။ မနေ့က မတော်တဆမှုကြောင့်တွေ့ခဲ့ရပြီး ယနေ့သည် Suda တာဝန်ကျသည့်ရက် ဟုတ်၏၊ မဟုတ်၏ကို သူမသိပါ။ ရုတ်တရက်ဆန်စွာဖြစ်ပေါ်လာသည့် သိချင်စိတ်၏ရလဒ်သည် ယခုအခါတွင် သူ၏လက်ထဲသို့ရောက်လာခဲ့သည်။ ယခုအချိန်က Suda နားရမည့်အချိန်။ အဆောင်ကိုပြန်ဖို့ရန်သာရှိသည်ဟူသော တစ်ထစ်ချအတွေးအပြင် အခြားသော မည်သည့်စိတ်ကူးရှိသည်ကို ကိုယ်တိုင်လည်းမဆန်းစစ်မိပါ။

"Suda"

ရှာနေသည့်သူကိုတွေ့၍ လှမ်းခေါ်လိုက်ပြီးမှ စကားစတို့က ပျောက်ဆုံးနေလေသည်။ နောက်ဆုံးတွေ့ခဲ့စဉ်ကပုံစံနှင့် Suda သည် အပြုံးတစ်စနှင့်လှည့်ကြည့်လာသည်။ ယနေ့ သူမ၏ကမ္ဘာငယ် စိမ်းလန်းနေသည့်အလား။ ထိုနေရာနှင့်အနီးတစ်ဝိုက်ရှိ အပြုံးဖြာကူးခြင်းဖြစ်စဉ်သည် Suda မှ Draven ထံသို့သာမက ဘေးတွင်ရှိနေသူတို့ထံပါ သက်ရောက်သွားခဲ့သည်။

"ဆရာမလေး"

Suda အနီးသို့ Draven ရောက်မသွားနိုင်မီမှာပင် အဘွားအိုတစ်ဦးက Suda ကိုခေါ်လိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ အဘွား"

"ဆရာမလေးက တကယ်မျက်နှာချိုတာပဲ။ ဒါကြောင့် အဘွားမြေးမကပြောတာ၊ အဘွားသွားကြည့်ရင် တန်းပြီးသိမှာပါတဲ့။ အဘွားမြေးဆိုတာ မနေ့က လက်ကျိုးသွားတဲ့ကလေးလေ။ ဆရာမလေး ပတ်တီးစည်းပေးတာမြန်လို့ အပျောက်မြန်တော့မှာတဲ့။ အဲဒါ အဘွားက ဆရာမလေးကိုတွေ့ချင်လို့ဆိုတော့ မြေးကပြောတယ်၊ Hall ထဲမှာ အလှဆုံးပြုံးနေရင် အဲဒါသူ့ဆရာမလေးပဲတဲ့။ Suda ဆိုတာ ဆရာမလေးမဟုတ်လား။"

"ကျေးဇူးတင်ပါတယ်ရှင့်။ ကျွန်မ Suda ပါ အဘွား။"

"အဘွားက ကျေးဇူးတင်ရမှာပါကွယ်။ တကယ် ကျေးဇူးတင်ပါတယ်။"

"အိုး၊ ရပါတယ် အဘွားရယ်။ ကျွန်မတို့တာဝန်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမှာပါ။"

"ဘယ်လိုပဲပြောပြောပါ၊ ကျေးဇူးတင်တယ်နော် ဆရာမလေး။"

"ဟုတ်ကဲ့ပါ။"

ယနေ့အတွက် Draven ၏အတွေးမှန်ကန်ကြောင်းကို အဘွားကသက်သေပြသွားသည်။ အမှန်တကယ်ပင် Suda ၏အပြုံးတို့ လှပလွန်းသည်။ ဤသို့ဆိုလျှင် ယမန်နေ့က Suda ၏အခြေကို Draven အမြင်မှားသည်လား။ သူနှင့်ဆုံစဉ်က Suda သည် အေးစက်လွန်းနေခဲ့သည်မှာ သေချာလှပေသည်။

"Draven, Last Step မှာ အလုပ်များနေပြန်ပြီလား။"

"မနေ့ကကိစ္စနဲ့ နည်းနည်းတော့အလုပ်များနေတယ်ဗျာ။ ဒါပေမဲ့လည်း တကယ်စိတ်မကောင်းဘူး။"

"အဲဒီနေရာမှာရှိနေခဲ့တာဆိုတော့ ပြန်မြင်ယောင်နေမှာပေါ့။"

"ဟုတ်တယ်ဗျ။"

"အခု ဘယ်လဲ Draven?"

"အောက်ထပ်ဆင်းရမှာ။ အလုပ်အပ်ထားတဲ့လူက အောက်ထပ်မှာစောင့်နေတယ်ဆိုပြီး ဖုန်းဆက်လို့။"

"ကျွန်မလည်း အောက်ဆင်းမလို့။"

နှစ်ဦးသား လှေကားထစ်များအတိုင်း ဆင်းလာကြပြီး အမျိုးသမီးကြီးတစ်ဦးနှင့် မျက်နှာချင်းဆိုင်ဆုံကြရာတွင်

"မင်း ... မနေ့ကသူငယ်မဟုတ်လား။"

"ဟုတ်ကဲ့ ခင်ဗျ။ ကျွန်တော် body သယ်ဖို့ ..."

"ထွက်သွား၊ မင်းကိုမမြင်ချင်ဘူး။"

"ကျွန်တော်က ..."

"မင်းကြောင့်၊ နိမိတ်မကောင်းတဲ့ မင်းကြောင့် ငါ့မောင်လေးသေရတာ။"

Dravenကိုတွန်းထုတ်နေသည့် ထိုအမျိုးသမီးမှာ မျက်လုံးများဖောင်းအစ်၍ အချိန်အတော်ကြာငိုကြွေးထားဟန် အတိုင်းသားပေါ်နေသည်။ Suda က အခြေအနေကိုဝင်ထိန်းလို၍

"လူနာရှင်ရှင့်၊ စိတ်ထိန်းပါဦးနော်။ ဘာဖြစ်သွား ..."

"နင်က ဘာသိလို့ဝင်ပြောနေတာလဲ။"

ပြောရင်းမှပင် သူမအနားကပ်ရန်ပြင်သည့် Suda ကို တွန်းလိုက်ရာ Draven ရှိရာဘက်သို့ယိုင်ကျသွား၍ Draven က Suda ကျောပြင်ကို လက်နှင့်ထိန်းပေးလိုက်သော်လည်း ထိုအမျိုးသမီးက Suda အား ထပ်မံတွန်းတိုက်သည့်အခါ Suda ၏နောက်ဘက်တွင်ရပ်နေသော၊ Landing အစွန်နားရောက်နေသည့် Draven ဟန်ချက်ပျက်သွားသည်။ Suda ကို ကျောပြင်မှတွန်းထုတ်လိုက်၍ Suda ထိုအမျိုးသမီးရှိရာသို့ တိုးကပ်သွားသော်လည်း Draven မှာ လှေကားထစ်များအတိုင်း ပြုတ်ကျလေတော့သည်။

Suda ရှေ့သို့တိုးကပ်လာ၍ နောက်ဆုတ်လိုက်သည့် အမျိုးသမီးမှာ နံရံနှင့်ကပ်သွားပြီး ထိုနေရာတွင်ပင် ကြောင်လျက်သားကြည့်နေပေသည်။ Suda ချက်ချင်းပင်ပြန်လှည့်ကာ လှေကားထစ်များအတိုင်း ပြေးဆင်းသွားသည်။

"Draven"

မြေညီထပ်ကြမ်းပြင်တွင်လဲကျသွားသော Draven ကို လူကြီးတစ်ဦးမှ ကူညီ၍ထူပေးနေသည်။

"မောင်ရင် ဘာဖြစ်သွားသေးလဲ။"

"ခြေထောက်နည်းနည်းနာသွားတာပါ။ အရမ်းမဆိုးပါဘူး၊ ရပါတယ်။"

"ထောက်လို့ရလား Draven? ဘယ်နားက နာတာလဲ။"

အနားရောက်လာသော Suda ၏အမေးကို Draven မဖြေမီ

"မိန်းမ၊ မင်းလား။ မင်းလုပ်လိုက်တာလား။"

ကူညီပေးသည့်လူကြီးသည် လှေကားထိပ်သို့လှမ်းကြည့်ကာ အံ့အားသင့်စွာဖြင့် မေးနေသည်။ ထိုအခါမှ Draven မှတ်မိလိုက်သည်က ထိုလူကြီးမှာ သေဆုံးသူ၏ယောက်ဖတော်စပ်သူဖြစ်ပြီး သေသူ၏ခန္ဓာကိုယ်ကိုလာသယ်ရန် Draven ကို ဖုန်းဆက်ပြော၍ အလုပ်အပ်ခဲ့သူပင်ဖြစ်သည်။ အမျိုးသမီးကြီးက လှေကားမှဖြည်းညင်းစွာဆင်းလာပြီး Draven ကိုကြည့်နေခဲ့သည်။

"မိန်းမရာ၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ တကယ်ဆို ဒီကောင်လေးက မင်းရဲ့မောင်ကို ကူညီပေးခဲ့တာပါ။ အနည်းဆုံးတော့ သူကူညီပေးခဲ့လို့ ငါတို့တွေ ယောက်ဖရဲ့အသက်တော့ မီလိုက်သေးတယ်လေကွာ။"

"ဘာကိုကူညီတာလဲ။ အသုဘအလုပ်နဲ့ နိမိတ်မကောင်းတဲ့ကောင်။ သူ့ကြောင့် မောင်လေးက ..."

မျက်ရည်များစီးကျလာကာ ငိုနေပြန်သော ထိုအမျိုးသမီးကြောင့် ယောက်ျားဖြစ်သူက Draven ကို အားနာသောအကြည့်ဖြင့် ကြည့်လိုက်သည်။
Draven နားလည်စွာ အပြုံးတစ်ချက်ဖြင့်တုံ့ပြန်ရင်း ခေါင်းညိတ်ပြလိုက်သည့်အခါ အမျိုးသမီးကိုခေါ်၍ ထွက်သွားခဲ့လေပြီ။

"အဆင်ပြေလား Draven?"

"ရပါတယ်။"

"တံတောင်ဆစ်မှာ ပွန်းသွားပြီ။"

ဘေးတိုက်ပြုတ်ကျ၍ ခြေထောက်တစ်ဖက်နှင့် လက်တစ်ဖက်က ကွန်ကရစ်ကြမ်းခင်းနှင့်ထိကာ ပွန်းပဲ့ရာအချို့တွင် သွေးစို့သွားခဲ့သည်။

"ဆေးသွားထည့်ရအောင်နော်။"

"ရပါတယ်၊ သိပ်မများ ..."

ရှပ်လက်တိုဝတ်ထားသောကြောင့် အသားနှင့်တိုက်ရိုက်ထိထား၍ တံတောင်ဆစ်မှပွန်းရာသည် အနည်းငယ်မျှထက်ပိုသည်။

"များသွားလား။"

ရယ်ရင်းမေးလိုက်သည့် Draven ၏စကားကို Suda က မေးတတ်တယ်နော် ဆိုသည့်အကြည့်နှင့်သာ တုံ့ပြန်လာ၏။ Draven ခြေကျင်းဝတ် အနည်းငယ်နာသွား၍ ခပ်မှန်မှန်လျှောက်လာခဲ့ကြသည်။
Suda က Draven ကို ဆေးထည့်ပေးနေစဉ်

"ကျေးဇူးတင်ပါတယ် Draven. ရှင်သာတွန်းမထုတ်ရင် ကျွန်မပြုတ်ကျမှာ။"

"အင်း၊ အဲဒီလိုဆို ကျွန်တော့်အတွက်အဆင်မပြေဘူးလေ။"

Suda က Draven ကိုမော့ကြည့်သည်။

"ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ မိန်းကလေးတစ်ယောက်ချော်လဲတာ အမြင်မတော်ဘူးလေ။ Suda လည်း ဒဏ်ရာရမယ်။ သူတို့လင်မယားလည်း အရမ်းအားနာနေရမယ်။ ဘေးမှာ ကျွန်တော်ရှိသားနဲ့ ရပ်ကြည့်နေရတာလည်း သိပ်မမိုက်ဘူး။"

ပုံမှန်အတိုင်း အေးဆေးစွာရှင်းပြသွားသည့် Draven ကြောင့် Suda အာရုံပြန်ပြောင်းလိုက်သည်။

"ခြေထောက်ကို ဆေးလိမ်းရအောင်။"

"ကျွန်တော့်ကိုပေး၊ ကိုယ့်ဘာသာလိမ်းလိုက်မယ်။"

Suda ၏လက်ထဲမှ လိမ်းဆေးတောင့်ကို ဆတ်ခနဲဆွဲယူလိုက်ပြီး သူ၏ပေါင်တစ်ဖက်ပေါ်သို့ ဒဏ်ရာရသည့်ခြေထောက်ကို တင်လိုက်ကာ ဆေးလိမ်းရန်ပြင်နေသည်ကို Suda ထိုင်ကြည့်နေလိုက်သည်။

"ဒီလိုမျိုးကြုံရတာ များနေပြီထင်တယ်။"

"ဘယ်တစ်ခုကိုပြောတာလဲ။"

ဆေးလိမ်းနေရာမှမော့မကြည့်ဘဲ Draven ပြန်မေး၏။

"လုပ်ငန်းကြောင့် အပြောခံရတာ။"

"အဲဒါလား။ အယူသီးတဲ့လူတွေနဲ့ ကြုံရင်ပေါ့လေ။ တကယ်တော့ ဘယ်လူသားမှ ရှောင်လို့မရမယ့်နေရာပဲ။ မွေးကတည်းက သေရမှာသေချာနေတာကိုကျ မေ့ထားကြတာနေပါလိမ့်မယ်။ ဒါတောင် သက်တမ်းအရှည်ကြီးမဟုတ်လို့။"

"အင်း"

ဆေးဘူးကို Suda လက်ထဲပြန်ထည့်ပေးကာ လက်ကို တစ်သျှူးစနှင့်သုတ်ရင်း Draven ဆက်ပြောသည်က

"ကျွန်တော် ဘာလို့ ဒီနေရာကိုရွေးချယ်ခဲ့သလဲဆိုတော့ ... အင်း ... အနည်းဆုံးတော့ လူသေတွေက ပါးစိပါးစပ်မများဘူးပေါ့ဗျာ။"

Draven သူ့၏စကားကို သူပြန်ရယ်နေသည်။

"အသုဘရှင်တွေကတော့ ဆက်ဆံရခက်တဲ့လူရှိမှာပေါ့။"

"အပူသောကတစ်ဖက်နဲ့ဆိုတော့ နားလည်ပေးလို့ရပါတယ်။ သူတို့နဲ့က အလုပ်အပ်တုန်းနဲ့ အလုပ်ပြီးခါနီးပဲ ဆက်ဆံပြောဆိုရတာ။ လူသေတွေကတော့ ဘာလေးပြင်ပေးပေး ငြိမ်ငြိမ်လေးပဲ။"

"အိုး ... မငြိမ်လို့ ထကနေရမှာလားနော်။"

"Halloween party နဲ့များ တူနေမလားပဲ။ သွေးမရှိတဲ့ ဖျော့တော့တော့အသားအရေတွေရယ်၊ ဖော်မလင်နံ့တွေရယ်၊ မတော်တဆဖြစ်တဲ့လူဆို ချုပ်ရိုးအရာတွေကလည်း မပြီးသေးခင်မှာ တစ်ဝက်တစ်ပျက်ဖြစ်နေမှာရယ်၊ ထိမိရင် အေးစက်တောင့်ခဲနေမှာရယ်၊ ပြီးတော့ ..."

"မိတ်ကပ်ပြင်ပြီး လှပနေမယ့်အခြေအနေရယ်၊ တက်တူးလိုလိုနဲ့ ချုပ်ရာလှလှရယ်၊ ရေမွှေးနံ့၊ ပန်းနံ့တွေရယ်၊ အဝတ်အစားလှလှပပတွေရယ်။ အိုး၊ စုံလို့ပဲ။ Party တက်ရင်း high boss နဲ့ဆုံရင် သူ့ဆီကနေ အမွေရသွားနိုင်သေး။ ရှင်ကလည်း အကောင်းမြင်တတ်မှပေါ့။"

"ဟား ဟား ဟား၊ Suda က သူနာပြုဆိုတာကို ခဏမေ့သွားလို့ ပြောမိတာ။"

"ဒါမျိုး ဘယ်ရမလဲ။ အလောင်းဆိုတာ ကျွန်မနဲ့မရင်းနှီးတာလည်း မဟုတ်ပဲနဲ့။"

"မေ့သွားတယ်လို့ ပြောပါရောဗျာ။"

"Suda won! Draven's defeated."

"ဟား ဟား ဟား"

••••••

မည်သည့်သတင်းဆိုးမျှရှိမနေသည့် ရာသီဥတုသာယာသော နေ့လေးတစ်နေ့တွင်ဖြစ်သည်။

Draven တစ်ယောက် တစ်နေကုန် အလုပ်ထဲတွင်ရှိနေပြီး ညနေအလုပ်ဆင်းချိန်နီးခါမှ အပေါ်ထပ်အခန်းသို့တက်၍ ရေချိုးအဝတ်လဲကာ ပြန်ဆင်းလာလေသည်။

"Boss, အိမ်မပြန်ဘဲ ဘယ်သွားမှာလဲ။"

"မင်းက ဘာကိုသိချင်ပြန်ပြီလဲ။"

"အိမ်ပြန်၊ ရေမိုးချိုးပြီးနား၊ ပြီးနေပြီလေ။ မဟုတ်လည်း ရေချိုးပြီး ပြန်ထွက်လို့ရတယ်။ အခုက အလုပ်ဆင်းချိန်မတိုင်မီဆိုတော့ ဘယ်သူအလုပ်ဆင်းတာကို သွားစောင့်မလို့လဲ။"

"မင်းကလည်း ဘယ်သူ့သွားကြိုမလို့လဲလို့ မမေးဘူး။"

ဝင်ပြောလိုက်သည်က မိတ်ကပ်ဆရာမလေး Jennie.

"Jennie, အစ်မကလည်း ကျွန်တော်တို့ Boss က အဲဒီလောက်အဖြစ်ရှိပြီလား။"

"ကိုယ်သိတာကသိတာ၊ သူမသိစေနဲ့ပေါ့ဟယ်။"

"Yes. Sorry, boss. ကျွန်တော်တို့ Boss က ဘယ်သူ့ကိုသွားကြိုမလို့ပါလဲ ခင်ဗျာ။"

Draven ၏ရှေ့တွင်ပင် သူတို့ချင်း လေသံတိုးတိုးနှင့်အတင်းပြောသယောင် စနောက်ပြောဆိုပြီးမှ Draven ကိုဦးညွှတ်မေးလာသည့် ဝန်ထမ်းကောင်လေးသည် အားလုံးထဲတွင် အငယ်ဆုံးဖြစ်သည်။

"ပြီးပြီလား။ မင်း ငါ့ကိုပြောလို့ဆိုလို့ ဝပြီလား။"

"ပြောစရာလား။ Boss ကို ပြောစရာလားလို့။ ဒါပေမဲ့ မပြောမပြီး၊ မတီးမမြည်မို့ ပြောရဦးမယ်။ အဲဒီလို မီးခိုးရောင်တွေ၊ အနက်တွေချည်း ဝတ်နေတာ Boss လုပ်ငန်းကို လူမသိမှာစိုးလို့လား။"

"ဟုတ်တယ်။ Jennie လည်းပြောမလို့။ ရှင် တခြားအရောင်လေးများ ပြောင်းဝတ်သွားလို့ မရဘူးလား။"

"တခြားအရောင်လား။ ရှိတော့ရှိမယ်ထင်ပါတယ်။ များသောအားဖြင့်က အလုပ်ကိစ္စနဲ့အပြင်ထွက်တာဆိုတော့ အရောင်တောက်တာတွေလည်း မဝတ်ဖြစ်ဘူး။ ကျွန်တော်လည်းမကြိုက်ဘူး။"

"အရောင်ဖျော့ဖျော့တွေရော မရှိဘူးလား။ မိုးပြာတို့၊ အစိမ်းနုတို့၊ မီးခိုးဆိုလည်း ခပ်ဖျော့ဖျော့ပေါ့ရှင်။"

"ရှိပါတယ်။ ဘာလို့လဲ။"

"လဲဝတ်သွားလို့ ပြောမလို့လေ။ ဂျင်းကိုလည်း အပြာတို့၊ သံချေးရောင်တို့ပေါ့။"

"ငါတို့အစ်မကြီး တော်တယ်။ အပြင်အဆင်ကျွမ်းကျင်တယ်။"

"အဲဒီတော့ ငါက ဘာဖြစ်သွားလဲ။"

"ဖွဟ၊ လွဲပါစေဗျာ။ ကျွန်တော်ကရိုးရိုးပြောတာကို Boss ကလည်း။"

"အဲဒီတော့ အခု မင်းတို့က ကိုယ် တစ်ယောက်ယောက်ကိုသွားတွေ့မယ်လို့ ခန့်မှန်းပြီး အဝတ်အစားလဲခိုင်းနေကြတာပေါ့။"

"မဟုတ်ဘူးလား။"

ပြိုင်တူမေးလာကြသည်။

"ဟား ဟား၊ ဟုတ်တယ်။"

"ဒါနဲ့များဗျာ။"

"ဒီမှာထားတဲ့အထဲ ခုနက Jennie ပြောတဲ့အရောင်တွေ ပါမလာဘူးထင်တာပဲ။"

"Boss, ဂျင်းက အပြာရင့်ရင့်တစ်ထည် လှမ်းထားတာတွေ့ဖူးပါတယ်။ သွားရှာကြည့်၊ ရှိမှာ။ ပြီးရင် လမ်းမှာ ခဲပြာရောင်ရှပ်တစ်ထည်ဝင်ဝယ်ပြီး လဲသွားဗျာ။ ကောင်မလေးအတွက် ဘာယူသွားမှာလဲ။"

"ရပြီ။ အရမ်းတက်ကြွမနေနဲ့။ အဲဒီလောက်မလိုသေးဘူး။"

"တွေ့လား၊ ကျွန်တော်ပြောသားပဲ။ Boss က အဲဒီလောက် အဖြစ်မရှိသေးဘူးလို့။"

ပါးစပ်ကို လက်နှင့်အသာကာပြီး Jennie ဘက်သို့ ခပ်တိုးတိုးကပ်ပြောပြန်သည်။
Jennie က ရယ်နေပြီး Draven ကတော့ ထိုကောင်လေးခေါင်းကိုပုတ်ကာ ဆိုင်ခန်းအရှေ့ဘက်ခြမ်းသို့ ထွက်သွားတော့သည်။

"ကျွန်တော့်ကိုများ ကလေးထင်နေလားမသိ။ အားနေ ခေါင်းလာလာပုတ်တယ်။"

"ဟဲ့၊ တစ်ဆိုင်လုံးမှာ နင့်ထက်ငယ်တာ ကြောင်နဲ့ခွေးပဲရှိတော့တယ်။ ကိုကြီးဖြစ်ချင်နေတာတွေ ထိန်းစမ်း။ နင့်လိုအရွယ်တွေ စာရင်းမဝင်သေးဘူး။"

"နှိမ်လိုက်တာ။ ကောင်မလေးငယ်ငယ် တစ်ယောက်လောက်ထားပြီးမှ ခေါ်လာပြမယ်။"

"မူလတန်းကလေးတွေလား။ ဟီဟိ၊ မြင်ယောင်မိ။"

"Yahhhh, ဒီအစ်မနဲ့တော့ဗျာ။"

•••

သူတို့ပြောသည်မှာ အမှန်ပင်။
Suda ၏ အလုပ်ချိန်များကို Draven မှတ်မိသွားပြီဖြစ်ပြီး ယနေ့ညနေ Suda အလုပ်ဆင်းချိန်တွင် သွားတွေ့ရန်ရည်ရွယ်ခြင်းပင်။ အကြောင်းပြချက်သည်ကား သူတွေ့ချင်၍ဖြစ်သည်။

"Suda"

"Draven, ဆေးရုံကိုလာတာလား။"

"ဆိုပါတော့။"

သူ မညာပါ။ Suda ရှိရာဆေးရုံသို့ သူလာခဲ့သည်မှာလည်း အမှန်တရားပင်။

"Suda အိမ်ပြန်မှာလား။"

"မပြန်သေးဘူး။ လူနာတစ်ယောက်အိမ်ကို သွားကြည့်ပေးရမယ်။"

"ဒီလိုမှန်းသိရင် ကားယူလာပါတယ်။"

"ရှင်"

"ကျွန်တော် လိုက်ပို့ပေးလို့ရအောင်လေ။"

"ဪ၊ ရပါတယ်။ ဟိုဘက်နားလေးတင်မို့ ကျွန်မ လမ်းလျှောက်သွားမှာ။"

"လမ်းလျှောက်သွားမှာလား။ ကျွန်တော် အဖော်လုပ်ပေးလို့ရလား။"

"ရှင် အလုပ်အားလို့လား။"

"အားတယ်လေ။"

Suda ခေါင်းညိတ်ပြ၏။ Draven က ပြုံးလိုက်ပြီး Suda ၏ဆေးအိတ်ကို လက်ကမ်း၍တောင်းလိုက်သည်။ ထို့နောက် လမ်းဘက်သို့ လက်ကိုဆန့်တန်းပြရင်း Suda နှင့်အတူ ဘေးချင်းယှဉ်၍ လမ်းလျှောက်လာလိုက်ကြသည်။

•••

"ဒီတိုက်ခန်းပဲ။ ရှစ်လွှာမှာ။"

"ကျွန်တော် ဒီကပဲစောင့်မယ်။"

"နည်းနည်းတော့ကြာမယ်ထင်တယ်။ ရှင့်ကို အားနာလို့။"

"ဟင့်အင်း၊ အားမနာပါနဲ့။ အေးအေးဆေးဆေးလုပ်ပါ။ စောင့်နေမယ်။"

Suda တက်သွားပြီးနောက် တိုက်ခန်းရှေ့အုတ်ခုံလေးတွင် Draven ထိုင်စောင့်နေလိုက်သည်။ ကားလမ်းမမဟုတ်၍ လမ်းသွားလမ်းလာများသာ ရှိနေကြသည်။ ဟိုဟိုသည်သည်ကြည့်ရင်း ခဏအကြာတွင် ဖုန်းကိုဖွင့်၍ အာရုံပြောင်းလိုက်သည်။ ဆိုင်မှအငယ်ဆုံးလေး၏ Instagram account တွင် post တစ်ခုတွေ့ရ၍ ပြုံးမိပြန်သည်။

*I deserve to be loved.*

ထိုစာသားနှင့်အတူ ကောင်မလေးတစ်ဦးနှင့် လက်ချင်းချိတ်ထားသည့် လက်နှစ်ဖက်ပုံကို တွေ့လိုက်ရ၍ဖြစ်သည်။ အလုပ်ဆင်းသည်နှင့် ရည်းစားနှင့်တွေ့သည်ကို ချက်ချင်းပုံတင်ကြွားသည့်ထိုကလေးသည် ရည်းစားအလွန်များလှပြီး မိန်းကလေးများမှာ သူ့ထက်ကြီးသူနှင့် ရွယ်တူများဖြစ်နေတတ်၍ ကလေးတစ်ယောက်တော့လိုချင်ကြောင်း မကြာခဏပြောတတ်သူဖြစ်သည်။ ထို့သို့ပြောတိုင်းလည်း ဆိုင်မှလုပ်ဖော်ကိုင်ဖက်များက ကလေးအဖေဖြစ်ချင်တာလားဟု မေးစမြဲ။

ဖုန်းကြည့်ကာအချိန်ဖြုန်းနေစဉ် ခပ်လှမ်းလှမ်းမှ ယောက်ျားတစ်ယောက်ခါးခန့်မြင့်မည့် ခြံစည်းရိုးအလှပင်ငယ်လေးကို Draven သတိထားမိသွားသည်။ လေငြိမ်နေပြီး လူရှင်းနေသည့်အခြေအနေတွင် ထိုအပင်လေးမှာ အနည်းငယ်လှုပ်ရမ်းနေ၏။ Draven ကြည့်လိုက်သည့်အခါ ငြိမ်သွားပြန်သည်။
Draven အကြည့်လွဲှကာ လမ်းမဘေးမှ ခဲလုံးလေးတစ်လုံးကို သွားကောက်ယူ၍ ပြန်ထိုင်နေလိုက်သည်။ ခဏအကြာ ပြန်လှုပ်ရှားလာသည်ကို မျက်လုံးထောင့်မှမြင်လိုက်ရ၍ ခဲလုံးနှင့်လှမ်းပေါက်လိုက်သည့်အခါ အပင်ခြေရင်းသို့ ပုတ်သင်ညိုအသေတစ်ကောင်ပြုတ်ကျလာပြီး အပင်လေးငြိမ်သွားခဲ့သည်။

"ရှင် သိပ်လက်တည့်တာပဲ။"

"Suda, ပြီးပြီလား။"

"နည်းနည်းကြာသွားတယ်။ ရှင် ပျင်းနေပြီလား။"

"မပျင်းပါဘူး။ သွားကြစို့လေ။"

"အင်း၊ သွားကြစို့။"

Draven တို့ ထွက်သွားကြပြီးနောက် အပင်အောက်မှအသေကောင်မှာလည်း ရှိမနေတော့ပေ။

ကားလမ်းမဘက်သို့ ထွက်လာခဲ့ကြပြီးနောက်

"Suda ဘယ်သွားရဦးမှာလဲ။"

"ဟင့်အင်း၊ မရှိတော့ဘူး။"

"ဘာစားပြီးပြီလဲ။"

"နေ့လယ်စာနောက်ကျလို့ စားချင်စိတ်မရှိသေးပါဘူး။"

"အိမ်ပြန်တော့မှာလား။ လမ်းလျှောက်မှာပဲမဟုတ်လား။"

"Yes to all."

"ဟား ဟား၊ ကျွန်တော် မေးခွန်းတွေသိပ်များသွားလား။"

"အင်း။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ပြောစရာရတာပေါ့နော်။"

"ပြောစရာကတော့ များပါတယ်။ မေးစရာလည်းများတယ်။"

"မေးကြည့်လေ။"

"Suda မှာ မိသားစုမရှိတော့ဘူးလား။ ကျွန်တော့်မှာတော့ အရင်းအခြာမရှိတော့ဘူး။"

"ကျွန်မမိသားစုက ရှိတော့ရှိတယ်။ ကိုယ့်ဘဝနဲ့ကိုယ်နေကြတာ တော်တော်လေးကြာလာတော့ အခုလိုပဲဖြစ်သွားတယ်။ ကျွန်မဘဝ ကျွန်မပိုင်ရတာကို ပိုသဘောကျတယ်။ အဲဒီလိုပဲနေချင်တယ်။"

"လွတ်လပ်တာပေါ့။ တခြားအတွယ်အတာရော မရှိဘူးလား။"

"ကျွန်မတွယ်တာမိမှ ပျောက်ဆုံးသွားမယ့်ဖြစ်တည်မှုတွေမှာ ငြိမနေချင်ဘူး။"

"ဆုံးရှုံးမှုတိုင်းကတော့ နာကျင်ရမှာပဲ။ ပိုင်ဆိုင်တယ်လို့တွေးလိုက်ကတည်းက မက်မောသွားခဲ့ပြီလေ။"

"ကျွန်မ ဘာကိုမှမမက်မောဘူးလို့တော့ မပြောပါဘူး။ ဒါပေမဲ့ မက်မောတဲ့အရာကို မရတဲ့အခါ ပူလောင်ရတာက အဆင်မပြေဘူး။"

ပန်းခြံလမ်းလေးထိပ်ကို ရောက်လာခဲ့ကြပြီး ချိုးကွေ့ဝင်လိုက်ကြသည့်အခါ လေညင်းတစ်ဖြတ်သည် ဟိုသည်ပြေးလွှားလျက်။

"ဒါတွေက ကြိုပြောလို့တော့ မရဘူးပေါ့လေ။ ဒါပေမဲ့ ကိုယ်လိုချင်တာကို ပိုင်ဆိုင်ဖို့မကြိုးစားဘဲ ရပ်ကြည့်နေဖို့တော့ ကျွန်တော်မတွေးချင်ဘူး။"

"အင်း၊ အတ္တဆိုတဲ့စိတ္တဇနာမ်ကို ကျွန်မသဘောကျတယ်။"

"ကျွန်တော်ကတော့ Suda ကို သဘောကျတယ်။"

"ကျွန်မကိုလား။"

လမ်းမတစ်လျှောက်တွင် တစ်လိမ့်လိမ့်လူးနေသော သစ်ရွက်ကြွေအချို့ကိုငေးကာ Suda က အမေးနှင့်တုံ့ပြန်လိုက်၏။

"အင်း၊ စတွေ့ချိန်ကနေ အခုအချိန်အထိ Suda ရဲ့အခြေအနေတွေအားလုံးကိုပေါ့။ အဲဒါကြောင့် ဘယ်တုန်းက ဘာကြောင့်သဘောကျတယ်ဆိုတာမျိုး ကျွန်တော့်မှာ အကြောင်းပြချက်မရှိဘူး။ Suda သဘောကျတဲ့ စိတ္တဇနာမ်ကို အလိုလိုက်ကြည့်တာ။"

ပြုံးကာပြောလိုက်သည့် Draven ၏စကားကြောင့် Suda လည်းပြုံးလိုက်ပြီး

"ကျွန်မအကြောင်းကို မသိဘဲနဲ့လည်း အဆင်ပြေတယ်ပေါ့။"

"သိချင်တယ်။ မသိရလည်း အဆင်ပြေတယ်။ စတွေ့ချိန်ကနေ အခုအချိန်အထိလို့ ပြောခဲ့တဲ့အပေါ် နောက်ဖြစ်လာမှာတွေအတွက်ကို ပြောရမယ်ဆိုရင် ကျွန်တော်သဘောမကျဖြစ်ရမယ့် အနေအထားမျိုးတွေအတွက်လည်း လက်ခံပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။"

"ရှင်ကလေ ကျွန်မမေးခွန်းတွေကို ကြိုပြီးပိတ်ပစ်တယ်နော်။ အဲဒီလိုပြောရတာ သဘောကျတယ်လား။"

"ကျွန်တော် ပိတ်မပစ်ပါဘူး။ ကြိုဖြေထားမိရုံပါ။"

"ကျွန်မ ရှင့်ကိုသဘောကျပါတယ်။ ဒါပေမဲ့ ရှင်နဲ့ မိတ်ဆွေသူငယ်ချင်းလိုပဲ ဆက်သွားချင်တယ်။"

"ဟုတ်ပြီ။ ကျွန်တော်ဆက်ပြောမယ်နော်။ ကျွန်တော် Suda ကို ချစ်တယ်။"

"အဲ၊ ရှင်က ဘယ်လိုလူပါလိမ့်။"

ပန်းခြံလေးကိုလွန်လာသည့်နေရာလေးတွင် Suda ခေတ္တခဏခြေလှမ်းရပ်လိုက်ပြီး Draven ကိုကြည့်၍ တအံ့တဩမေးမိသည်။ အရယ်အပြုံးမပြတ် Draven ပြန်ဖြေသည်မှာ

"ကျွန်တော့်စိတ်ကလည်း တစ်ဆင့်ချင်းသွားတာလေ။ Suda ကို သဘောကျမိတဲ့အချိန် ကျွန်တော့်အတွေးတွေကို ပြောပြခဲ့ပြီးပြီနော်။ နောက်တော့ ကျွန်တော် Suda ကိုချစ်နေတာ သေချာသွားတဲ့အထိ ကိုယ့်ကိုယ်ကို confirm လုပ်ကြည့်ပြီးတော့ ကျွန်တော်ဘာဆက်တွေးလဲဆိုတာ Suda မသိချင်ဘူးလား။"

"အိုးဟိုး၊ ရှင်က ... အင်း ... စိတ်ဝင်စားဖို့ကောင်းတယ်။"

Suda ရှေ့ဆက်လှမ်းလိုက်သည့်အခါ Draven လည်း ထပ်တူလှမ်းလိုက်သည်။ တူညီသောခြေလှမ်းများနောက်တွင် ခြေရာအချို့ထင်ကျန်ခဲ့ကြသည်။

အချို့သောခြေလှမ်းတို့သည် သက်သေအဖြစ် ခြေရာတို့ကိုချန်ထားရစ်ခဲ့၏။

■■■■■ Part (6) ဆက်ရန် ■■■■■
© Demon ,
книга «We are the Synonyms ᴴⁱᵃᵗᵘˢ».
Коментарі