Demon
@Demon_One
Taste the Loneliness & Enjoy the Depression
Вірші
Invalid
တခ်ိဳ႕ေန႔ေတြက ညေတြနဲ႔တူတယ္။ (ကၽြန္ေတာ္ႏိုးမေနခဲ့ဘူး) တခ်ိဳ႕ညေတြက အိပ္မက္ေတြလိုပဲ။ (အစအဆံုးမရွိခဲ့ဘူး) တခ်ိဳ႕အိပ္မက္ေတြက အတိတ္ေတြ။ (အသစ္ျပန္မျဖစ္ေတာ့ဘူး) တခ်ိဳ႕အတိတ္ေတြက တိမ္တုိက္လို။ (လြင့္ၿပီးရင္းလြင့္ေနတယ္) တခ်ိဳ႕တိမ္တိုက္ေတြက မိုးေရေတြ။ (ျမင္ေနရင္းကို ၿပိဳက်သြားၿပီ) တခ်ိဳ႕မိုးေရေတြက တစ္ေန႔လံုးမႈိင္း။ (သက္တန္႔ေတာင္ မထြက္ႏိုင္ဘူး) ကၽြန္ေတာ့္အတြက္ အရာရာတိုင္းက ေရတြက္လို႔မရတဲ့အေျခအေန။ ••••••••••••••••••••••••••••••• တချို့နေ့တွေက ညတွေနဲ့တူတယ်။ (ကျွန်တော်နိုးမနေခဲ့ဘူး) တချို့ညတွေက အိပ်မက်တွေလိုပဲ။ (အစအဆုံးမရှိခဲ့ဘူး) တချို့အိပ်မက်တွေက အတိတ်တွေ။ (အသစ်ပြန်မဖြစ်တော့ဘူး) တချို့အတိတ်တွေက တိမ်တိုက်လို။ (လွင့်ပြီးရင်းလွင့်နေတယ်) တချို့တိမ်တိုက်တွေက မိုးရေတွေ။ (မြင်နေရင်းကို ပြိုကျသွားပြီ) တချို့မိုးရေတွေက တစ်နေ့လုံးမှိုင်း။ (သက်တန့်တောင် မထွက်နိုင်ဘူး) ကျွန်တော့်အတွက် အရာရာတိုင်းက ရေတွက်လို့မရတဲ့အခြေအနေ။
1
0
600
အိပ္မက္ဆိုးထက္ ပိုေသာ / အိပ်မက်ဆိုးထက် ပိုသော
က်ိဳးေၾကလြယ္တဲ့ ေမၽွာ္လင့္ခ်က္ေတြေပၚ ကိုယ္တိုင္ဆင့္ေခၚခဲ့တဲ့ က်ိန္စာေတြက သူ႔ဖိတ္စာသူကမ္းၿပီး ငါ့အလြမ္းေတြထဲ က်ဴးေက်ာ္လာလိုက္တာ ရင္ခြင္တစ္စံုမွာလည္း ေမွာင္မိုက္လို႔ ...။ ■ ကျိုးကြေလွယ်တဲ့ မျှော်လင့်ချက်တွေပေါ် ကိုယ်တိုင်ဆင့်ခေါ်ခဲ့တဲ့ ကျိန်စာတွေက သူ့ဖိတ်စာသူကမ်းပြီး ငါ့အလွမ်းတွေထဲ ကျူးကျော်လာလိုက်တာ ရင်ခွင်တစ်စုံမှာလည်း မှောင်မိုက်လို့ ...။
1
0
646
Depends on
အခ်စ္က ေခ်ာကလက္လို ရာခိုင္ႏႈန္းေပၚမူတည္ၿပီး အရသာကြာတယ္။ ဝိုင္တစ္လံုးလို သက္တမ္းေပၚမူတည္ၿပီး တန္ဖိုးခ်င္းကြာတယ္။ ေရခဲလို အပူခ်ိန္ေပၚမူတည္ၿပီး ေအးခဲမႈကြာတယ္။ ■■■ အချစ်က ချောကလက်လို ရာခိုင်နှုန်းပေါ်မူတည်ပြီး အရသာကွာတယ်။ ဝိုင်တစ်လုံးလို သက်တမ်းပေါ်မူတည်ပြီး တန်ဖိုးချင်းကွာတယ်။ ရေခဲလို အပူချိန်ပေါ်မူတည်ပြီး အေးခဲမှုကွာတယ်။
2
0
779
Let me be with you
တိမ္ေတြလိုပဲ ေလညင္းထဲမွာ အတူတူပ်ံဝဲခဲ့ၾကတယ္။ ျပာေတြလိုပဲ မီးလၽွံထဲမွာ အတူတူေလာင္ၿမိဳက္ခဲ့ၾကတယ္။ အခ်ိန္ေတြလိုပဲ ပစၥဳပၸန္မွာ အတူတူတိုက္စားခံၾကတယ္။ အရင္လိုပဲ ခ်စ္ျခင္းထဲမွာ ကိုယ္တို႔ေပ်ာ္ဝင္ၾကရေအာင္။ ျမတ္ႏိုးလြန္းလို႔ပါ Darling! ■ တိမ်တွေလိုပဲ လေညင်းထဲမှာ အတူတူပျံဝဲခဲ့ကြတယ်။ ပြာတွေလိုပဲ မီးလျှံထဲမှာ အတူတူလောင်မြိုက်ခဲ့ကြတယ်။ အချိန်တွေလိုပဲ ပစ္စုပ္ပန်မှာ အတူတူတိုက်စားခံကြတယ်။ အရင်လိုပဲ ချစ်ခြင်းထဲမှာ ကိုယ်တို့ပျော်ဝင်ကြရအောင်။ မြတ်နိုးလွန်းလို့ပါ Darling!
2
0
554
ရွင္သန္ျခင္း / ရှင်သန်ခြင်း
သိလား Honey... ငါ့ရဲ႕ first love ကို မင္းအနမ္းနဲ႔ လႈပ္ႏႈိးေတာ့ ငါ့ရဲ႕ first kiss ဟာ မင္းႏႈတ္ခမ္းမွာ အသက္ဝင္တယ္။ ■■■ သိလား Honey... ငါ့ရဲ့ first love ကို မင်းအနမ်းနဲ့ လှုပ်နှိုးတော့ ငါ့ရဲ့ first kiss ဟာ မင်းနှုတ်ခမ်းမှာ အသက်ဝင်တယ်။
3
0
616
နက္႐ႈိင္းစြာ / နက်ရှိုင်းစွာ
ႏွလံုးသားႏွင့္ရင္း၍ ခ်စ္မိသည့္အတြက္ ဦးေႏွာက္ကိုရင္း၍ ယစ္မူးမိေသာအခါ ဘဝႏွင့္ရင္း၍ ရူးသြပ္ခဲ့သည္။ ရည္ရြယ္သူ မသိေစခ်င္။ ■■■ နှလုံးသားနှင့်ရင်း၍ ချစ်မိသည့်အတွက် ဦးနှောက်ကိုရင်း၍ ယစ်မူးမိသောအခါ ဘဝနှင့်ရင်း၍ ရူးသွပ်ခဲ့သည်။ ရည်ရွယ်သူ မသိစေချင်။
2
0
575
Its End
"Rainbow! သူ႔အဆံုးမွာ ဘာရွိလဲ" "ေရႊအိုးတဲ့လား" "သူ႔အဆံုးမွာ မင္းရွိတယ္... သူက ငါ့ႏွလံုးသားကေန စထြက္လာလို႔ေပါ့" ■■■ "Rainbow! သူ့အဆုံးမှာ ဘာရှိလဲ" "ရွှေအိုးတဲ့လား" "သူ့အဆုံးမှာ မင်းရှိတယ်... သူက ငါ့နှလုံးသားကနေ စထွက်လာလို့ပေါ့"
4
0
748
Please don't
ႀကိဳးေတြဟာ ျပတ္တတ္မွန္း သိလိုက္တဲ့အခ်ိန္မွာ အရာရာလြတ္ထြက္သြားသလို လစ္ဟာဖူးတာမို႔ ကၽြန္ေတာ့္လက္ကိုတြဲမယ္ဆိုရင္ ျဖဳတ္ထြက္မသြားဖို႔ေတာ့ ေမတၱာရပ္ခံခ်င္တယ္။ ထပ္ၿပီး မနာက်င္ႏိုင္ေတာ့လို႔ပါ Darling. ■■■ ကြိုးတွေဟာ ပြတ်တတ်မှန်း သိလိုက်တဲ့အချိန်မှာ အရာရာလွတ်ထွက်သွားသလို လစ်ဟာဖူးတာမို့ ကျွန်တော့်လက်ကိုတွဲမယ်ဆိုရင် ဖြုတ်ထွက်မသွားဖို့တော့ မေတ္တာရပ်ခံချင်တယ်။ ထပ်ပြီး မနာကျင်နိုင်တော့လို့ပါ Darling.
3
0
573
တစ္ဦးတည္းေသာ / တစ်ဦးတည်းသော
ကိုယ္ခ်စ္မိသူဆိုတာ မင္းနဲ႔မေတြ႕ခင္က တစ္ေယာက္မွမရွိခဲ့။ ေနာက္ေနာင္လည္း ရွိလာမယ္လို႔မေတြးနဲ႔။ မင္းကသာ တစ္ဦးတည္းေသာမို႔ ရည္းစားဦးလို႔ေတာင္ မေျပာရက္ပါဘူး။ ■■■ ကိုယ်ချစ်မိသူဆိုတာ မင်းနဲ့မတွေ့ခင်က တစ်ယောက်မှမရှိခဲ့။ နောက်နောင်လည်း ရှိလာမယ်လို့မတွေးနဲ့။ မင်းကသာ တစ်ဦးတည်းသောမို့ ရည်းစားဦးလို့တောင် မပြောရက်ပါဘူး။
1
0
659
ရုပ္ေသး / ရုပ်သေး
တစ္ခါတေလ ႏွလံုးသားက ဟန္ေဆာင္ေကာင္းလို႔ ခ်စ္မိေနတာကို ဦးေႏွာက္က မသိလိုက္ရတာမ်ိဳး။ တစ္ခါတေလ ဦးေႏွာက္က ဟန္ေဆာင္ေကာင္းလို႔ သတိရေနတာကို ႏွလံုးသားက မသိလိုက္ရတာမ်ိဳး။ ေျမစာပင္ ခႏၶာကိုယ္ဟာ အလဲလဲအကြဲကြဲမို႔ ေန႔စဥ္နဲ႔အမၽွ လြမ္းမိမွာစိုး။ ■■■ တစ်ခါတလေ နှလုံးသားက ဟန်ဆောင်ကောင်းလို့ ချစ်မိနေတာကို ဦးနှောက်က မသိလိုက်ရတာမျိုး။ တစ်ခါတလေ ဦးနှောက်က ဟန်ဆောင်ကောင်းလို့ သတိရနေတာကို နှလုံးသားက မသိလိုက်ရတာမျိုး။ မြေစာပင် ခန္ဓာကိုယ်ဟာ အလဲလဲအကွဲကွဲမို့ နေ့စဉ်နဲ့အမျှ လွမ်းမိမှာစိုး။
2
0
690
Served you
ငါ့ႏွလံုးသားကို ျမည္းစမ္းၿပီး ငါ့အခ်စ္ေတြကို ပြဲေတာ္တည္ဖို႔ ရင္ခုန္သံေတြနဲ႔ တည္ခင္းထားတဲ့ ျမတ္ႏိုးျခင္း စားပြဲတစ္ဝိုင္း။ ■■■ ငါ့နှလုံးသားကို မြည်းစမ်းပြီး ငါ့အချစ်တွေကို ပွဲတော်တည်ဖို့ ရင်ခုန်သံတွေနဲ့ တည်ခင်းထားတဲ့ မြတ်နိုးခြင်း စားပွဲတစ်ဝိုင်း။
2
0
577
Filming
ငါတို႔ရဲ႕ရည္မွန္းခ်က္ေတြက Movie mistakes ၾကည့္ရသလို မပီျပင္မႈေတြ မ်ားလာတဲ့အခါ Cut လို႔ ေအာ္သံေတြၾကား Red carpet နဲ႔ ေဝးသြားတယ္။ ■■■ ငါတို့ရဲ့ရည်မှန်းချက်တွေက Movie mistakes ကြည့်ရသလို မပီပြင်မှုတွေ များလာတဲ့အခါ Cut လို့ အော်သံတွေကြား Red carpet နဲ့ ဝေးသွားတယ်။
2
0
602
အိပ္မရတာ မထူးဆန္းေပမဲ့ အေတြးေတြက ရူးႏွမ္းလြန္းတယ္။ ေလညင္းကလည္း မႏူးညံ့ခဲ့။ ■■■ အိပ်မရတာ မထူးဆန်းပေမဲ့ အတွေးတွေက ရူးနှမ်းလွန်းတယ်။ လေညင်းကလည်း မနူးညံ့ခဲ့။
2
0
637
Yearning
Sore at the heart? or Pain in the head? . Burst into the head and Break the heart into pieces.
1
0
536
မေလၽွာက္ခဲ့သင့္ေသာ လမ္း / မလျှောက်ခဲ့သင့်သောလမ်း
မေလာင္ခင္ကတည္းက ကၽြမ္းခဲ့တဲ့ အနမ္းေတြလိုပဲ အခ်စ္ဆိုတာကေလ ... မျမင္ခင္ကတည္းက ကန္းေနခဲ့တယ္။ ■■■ မလောင်ခင်ကတည်းက ကျွမ်းခဲ့တဲ့ အနမ်းတွေလိုပဲ အချစ်ဆိုတာကလေ ... မမြင်ခင်ကတည်းက ကန်းနေခဲ့တယ်။
2
0
527
All about LOVE All about HEART
You don't know about me. It's OK. You do know how much I love you, Baby.
1
0
549
သို႔
မင္းအျပံဳးမွာစၿပီး ငါ့အၾကည့္မွာဆံုးတဲ့ အဲဒီသက္တံႀကီးတစ္ခုလံုးက ငါတို႔အပိုင္။ ၾကယ္ေႂကြေတြေကာက္ၿပီး မိုးေပၚအေရာက္ပို႔ လမင္းရဲ႕ေနာက္မွာ တစ္လံုးခ်င္းစီၾကစို႔။ အခ်စ္က မင္းအတြက္ ဘဝအဆက္ဆက္ျပည့္စံုလို႔ နံရံအထပ္ထပ္မလိုဘူး။ ရင္ခြင္တစ္စံုနဲ႔ကို လံုျခံဳတယ္။ ■■■ မင်းအပြုံးမှာစပြီး ငါ့အကြည့်မှာဆုံးတဲ့ အဲဒီသက်တံကြီးတစ်ခုလုံးက ငါတို့အပိုင်။ ကြယ်ကြွေတွေကောက်ပြီး မိုးပေါ်အရောက်ပို့ လမင်းရဲ့နောက်မှာ တစ်လုံးချင်းစီကြစို့။ အချစ်က မင်းအတွက် ဘဝအဆက်ဆက်ပြည့်စုံလို့ နံရံအထပ်ထပ်မလိုဘူး။ ရင်ခွင်တစ်စုံနဲ့ကို လုံခြုံတယ်။
2
0
589
အာဒံ
ေအဒင္မွာသီးတဲ့ ပန္းသီးထက္ ကိုယ့္ႏွလံုးသားက ပိုခ်ိဳတယ္။ ဧဝေရ ... ျမည္းၾကည့္မလား။ 🍎🍎🍎 အေဒင်မှာသီးတဲ့ ပန်းသီးထက် ကိုယ့်နှလုံးသားက ပိုချိုတယ်။ ဧဝရေ ... မြည်းကြည့်မလား။
2
0
713
Creation
ကၽြန္ေတာ့္ရင္ဘတ္ထဲက ႏွလံုးသားကို အခ်စ္နတ္ဘုရားက ထုတ္ယူၿပီး လူသားတစ္ေယာက္ ဖန္ဆင္းသြားတယ္။ အဲဒါ ခင္ဗ်ားေပါ့။ ■■■ ကျွန်တော့်ရင်ဘတ်ထဲက နှလုံးသားကို အချစ်နတ်ဘုရားက ထုတ်ယူပြီး လူသားတစ်ယောက် ဖန်ဆင်းသွားတယ်။ အဲဒါ ခင်ဗျားပေါ့။
2
1
683
Incurable
အခ်စ္ဆိုတာ ... ရင္ပူမယ္လို႔မေတြးဘဲ ေအးမယ္ထင္ၿပီး ေရခဲေရေသာက္ခ်မိသလိုပဲ။ အခန္႔မသင့္ရင္ အာသီးေရာင္ၿပီး ဖ်ားတတ္ေသးတယ္။ ■■■ အချစ်ဆိုတာ ... ရင်ပူမယ်လို့မတွေးဘဲ အေးမယ်ထင်ပြီး ရေခဲရေသောက်ချမိသလိုပဲ။ အခန့်မသင့်ရင် အာသီးရောင်ပြီး ဖျားတတ်သေးတယ်။
2
0
569
Maintenance
We tried to fix, But it's not broken. Sometimes we missed. But we're not forgiven.
0
0
531
Romantic Love
ေဆးလိပ္ေလး အတူတူဖြာ ကြမ္းယာေလး အတူတူစား ဘီယာ အတူတူေသာက္ ၿပီးေတာ့ ..... အခ်င္းခ်င္း ထ႐ိုက္ၾကရင္ ၾကည္ႏူးစရာႀကီး! ေနာ္ ... ခင္ဗ်ားရယ္? ¤ ဆေးလိပ်လေး အတူတူဖွာ ကွမ်းယာလေး အတူတူစား ဘီယာ အတူတူသောက် ပြီးတော့ ..... အချင်းချင်း ထရိုက်ကြရင် ကြည်နူးစရာကြီး! နော် ... ခင်ဗျားရယ်?
2
0
626
the meaning of YOU
When I can't sleep, I hate the sleepless nights. 🌙 When I fall asleep, I hate the nightmares. 😴 When I wake up at night, I hate the silence. 🔕 When you wake me up, I neglect all the hatred. 💘
3
3
706
Invitation
Would you come back to me? I miss you so bad, Honey. . I need you by my side for a little while. My tears will automatically be dry.
3
0
631
Independence
You are by my side, for me. This thought, this feeling make me weak. I can't drive the tears out. So ... Can you leave me? Or do I have to leave you?
4
0
755
ႏြံ / နွံ
ငါဆိုတာ မင္းအတြက္ .......... ပြဲတက္႐ံုသက္သက္ဆိုလည္း ေက်နပ္တယ္။ အပ်င္းေျပဆိုလည္း မင္းအနားပဲေနမယ္။ ႐ုပ္ေသး႐ုပ္ဆိုလည္း ဒူးတုပ္ေပးမယ္။ ေနာက္ဆံုး .......... ကၽြန္ ဆိုလည္း အဲဒီႏြံကိုေပ်ာ္တယ္။ . ဝဋ္ေႂကြးဆိုလည္း ဒီဘဝေတာ့ မေၾကခ်င္ေသးဘူး။ ■■■■■ ငါဆိုတာ မင်းအတွက် .......... ပွဲတက်ရုံသက်သက်ဆိုလည်း ကျေနပ်တယ်။ အပျင်းပြေဆိုလည်း မင်းအနားပဲနေမယ်။ ရုပ်သေးရုပ်ဆိုလည်း ဒူးတုပ်ပေးမယ်။ နောက်ဆုံး .......... ကျွန် ဆိုလည်း အဲဒီနွံကိုပျော်တယ်။ . ဝဋ်ကြွေးဆိုလည်း ဒီဘဝတော့ မကြေချင်သေးဘူး။
6
0
870
That Much
အဆိပ္ဆိုလည္း ႀကိဳေျပာလို႔ရပါတယ္။ မျငင္းဘူးမို႔ ဝိုင္တစ္ခြက္နဲ႔သာ ေရာခဲ့ပါ။ အမွန္တရားကို သိၿပီးသားမို႔ မုသားလွလွေလးနဲ႔သာ ဖံုးခဲ့ေပးပါ။ ကၽြန္ေတာ္သိပ္ခ်စ္လို႔ပါ Darling! ■■■■■ အဆိပ်ဆိုလည်း ကြိုပြောလို့ရပါတယ်။ မငြင်းဘူးမို့ ဝိုင်တစ်ခွက်နဲ့သာ ရောခဲ့ပါ။ အမှန်တရားကို သိပြီးသားမို့ မုသားလှလှလေးနဲ့သာ ဖုံးခဲ့ပေးပါ။ ကျွန်တော်သိပ်ချစ်လို့ပါ Darling!
3
0
840
Please
"လမ္းခြဲရေအာင္" လို႔ အေျပာခံရခ်ိန္ကစၿပီး မိုးရြာလိုက္၊ ေနပူလိုက္၊ ေလျပင္းတိုက္လိုက္နဲ႔ ကိုယ္နဲ႔အနီးတဝိုက္ ရာသီဥတုဆိုးဝါးေနတယ္။ လက္ခ်င္းတြဲထားေပးပါ Baby! ■■■■■ "လမ်းခွဲရအောင်" လို့ အပြောခံရချိန်ကစပြီး မိုးရွာလိုက်၊ နေပူလိုက်၊ လေပြင်းတိုက်လိုက်နဲ့ ကိုယ်နဲ့အနီးတဝိုက် ရာသီဥတုဆိုးဝါးနေတယ်။ လက်ချင်းတွဲထားပေးပါ Baby!
3
0
858
Investigation
You sentenced my Heart to death again and again Not because every murderer can't be the criminal But because nobody can be punished twice for the same crime.
3
0
850
Insecticide
အခ်စ္ ရင္ဘတ္ထဲပစ္ဝင္လာရင္ ေနမထိ၊ ထိုင္မသာျဖစ္လည္း ဘယ္ပိုးသတ္ေဆးထဲမွ ႏွစ္မသတ္နဲ႔။ အနာနဲ႔ေဆး မေတြ႕ရင္ေတာ့ နာတာရွည္ဦးမွာေပါ့။ ■ အချစ် ရင်ဘတ်ထဲပစ်ဝင်လာရင် နေမထိ၊ ထိုင်မသာဖြစ်လည်း ဘယ်ပိုးသတ်ဆေးထဲမှ နှစ်မသတ်နဲ့။ အနာနဲ့ဆေး မတွေ့ရင်တော့ နာတာရှည်ဦးမှာပေါ့။
4
0
696
Inactive
Memory? .•° Dairy? 📒 Dreams? ☆ Happy ending? ♡ All are done by the pain. </3
4
0
747
Informal
"ေရွ႕သြားေနာက္လိုက္ညီညီ" တဲ့။ "ေနနဲ႔လ၊ ေရႊနဲ႔ျမ" တဲ့။ "႐ိုးေျမက်ေပါင္းဖက္ခြင့္" တဲ့။ မဟုတ္ဘူး။ ေတာင္းဆိုခ်င္တာ ... ကၽြန္ေတာ္က ေက်ာခိုင္းလိုက္ရင္ ခင္ဗ်ားက လက္လႊတ္ေပးပါ။ ■ "ရှေ့သွားနောက်လိုက်ညီညီ" တဲ့။ "နေနဲ့လ၊ ရွှေနဲ့မြ" တဲ့။ "ရိုးမြေကျ ပေါင်းဖက်ခွင့်" တဲ့။ မဟုတ်ဘူး။ တောင်းဆိုချင်တာ ... ကျွန်တော်က ကျောခိုင်းလိုက်ရင် ခင်ဗျားက လက်လွှတ်ပေးပါ။
4
3
578
Intelligence
အၾကည့္တစ္ခ်က္မွာလည္း ၿပိဳလဲေပးမယ္။ ပါးခ်ိဳင့္တစ္ဖက္မွာလည္း ရစ္ဝဲေပးမယ္။ အလြမ္းေတြနင့္လည္း ဆက္ျပံဳးေပးမယ္။ အနမ္းေတြပြင့္လည္း က်႐ႈံးေပးမယ္။ ••••••••••••••••••••••••••••••••• အကြည့်တစ်ချက်မှာလည်း ပြိုလဲပေးမယ်။ ပါးချိုင့်တစ်ဖက်မှာလည်း ရစ်ဝဲပေးမယ်။ အလွမ်းတွေနင့်လည်း ဆက်ပြုံးပေးမယ်။ အနမ်းတွေပွင့်လည်း ကျရှုံးပေးမယ်။
6
0
683
Influence
ခ်စ္ခဲ့တာေပါ့ ခရီးအဆံုးထိ ႐ူးခဲ့တာေပါ့ အိပ္မက္အဆံုးထိ လြမ္းခဲ့တာေပါ့ စိတ္ကူးအဆံုးထိ ☆ ဟုတ္ ရင္ကြဲခဲ့ပါတယ္ ဘဝအဆံုးထိ :'( •••••••••••••••••••••••••••••••••• ချစ်ခဲ့တာပေါ့ ခရီးအဆုံးထိ ရူးခဲ့တာပေါ့ အိပ်မက်အဆုံးထိ လွမ်းခဲ့တာပေါ့ စိတ်ကူးအဆုံးထိ ☆ ဟုတ် ရင်ကွဲခဲ့ပါတယ် ဘဝအဆုံးထိ :'(
4
2
595
Indeed
ရင္ခြင္ထဲဝင္ၿပီးနားစြင့္မွ ၾကားရတာမဟုတ္ဘူး။ ေက်ာျပင္မွာနားကပ္ထားရင္လည္း ရင္ခုန္သံေတြၾကားရလိမ့္မယ္။ အင္း ... အခ်စ္က ရင္ခုန္သံျပင္းတယ္။ ••••••••••••••••••••••••••••••••••• ရင်ခွင်ထဲဝင်ပြီးနားစွင့်မှ ကြားရတာမဟုတ်ဘူး။ ကျောပြင်မှာနားကပ်ထားရင်လည်း ရင်ခုန်သံတွေကြားရလိမ့်မယ်။ အင်း ... အချစ်က ရင်ခုန်သံပြင်းတယ်။
4
0
722
Infinity
It's just a single breath for you. But ..... It's the whole life for me. May your dreams come true! (A Dandelion)
6
0
730
Indirect
အခ်စ္ တဲ့။ ၾကားဖူးပါတယ္။ မ်က္ႏွာခ်င္းဆိုင္ေတြ႕ေတာ့ တစ္ဘက္ျခမ္းက ေရေငြ႕ေလးေၾကာင့္ ဒီဘက္ကမ႓ာမွာ မိုးသည္းေနၿပီ။ ရင္ခုန္သံေတြ Mute ထားေပးပါ။ ••••••••••••••••••••••••••••••••••• အချစ် တဲ့။ ကြားဖူးပါတယ်။ မျက်နှာချင်းဆိုင်တွေ့တော့ တစ်ဘက်ခြမ်းက ရေငွေ့လေးကြောင့် ဒီဘက်ကမ္ဘာမှာ မိုးသည်းနေပြီ။ ရင်ခုန်သံတွေ Mute ထားပေးပါ။
3
0
993
Insane
What's the sweetest one in the world? Cotton candy? Ice cream? Lollipop? Wine? *** No, they aren't. Your lips are the sweetest. 😗
3
4
795
Inferno
ၾကယ္ေရာင္ေတြနဲ႔ ေလာင္ကၽြမ္းခဲ့တဲ့ေနာက္ ႏွင္းေတြလည္း မခဲေတာ့ဘူး။ ေနေရာင္ေတြရြာခ်တဲ့ရာသီမွာ ႏွလံုးသားေတြ ေသြးမေလၽွာက္ေတာ့ဘူး။ Lucifer ပိုင္စိုးတဲ့နယ္ေျမကို က်ိန္စာတိုက္ပစ္တဲ့ မိုက္မဲမႈေတြအဆံုး ... ငါတို႔ဘယ္ေလာက္ထိ Control မဲ့သြားလဲဆိုတာ ဘယ္ေပတံနဲ႔မွ မေဖာ္ျပႏိုင္ဘူး။ •••••••••••••••••••••••••••••••••• ကြယ်ရောင်တွေနဲ့ လောင်ကျွမ်းခဲ့တဲ့နောက် နှင်းတွေလည်း မခဲတော့ဘူး။ နေရောင်တွေရွာချတဲ့ရာသီမှာ နှလုံးသားတွေ သွေးမလျှောက်တော့ဘူး။ Lucifer ပိုင်စိုးတဲ့နယ်မြေကို ကျိန်စာတိုက်ပစ်တဲ့ မိုက်မဲမှုတွေအဆုံး ... ငါတို့ဘယ်လောက်ထိ Control မဲ့သွားလဲဆိုတာ ဘယ်ပေတံနဲ့မှ မဖော်ပြနိုင်ဘူး။
2
0
767