No Other
ကိုယ် စိတ်တွေရှုပ်ပြီး လစ်လျူရှုမိတိုင်း
အပြစ်မမြင်ဘဲ
ကိုယ့်ဘေးနားမှာရှိနေပေးတဲ့ မင်းကို
တကယ်ကျေးဇူးတင်တယ်...
စိတ်ညစ်စရာတွေဖွင့်ဟပြီးတိုင်း
ကိုယ့်ဆီမှာ မင်းတစ်ယောက်လုံးရှိသေးတယ်လို့
ပြောပေးတဲ့ နွေးထွေးတဲ့စကားလုံးတွေအတွက်
ကျေးဇူးတင်တယ်...
ကိုယ့်စိတ်ပျော်ရွှင်အောင် လုပ်ပေးတဲ့
မင်းရဲ့အပြုအမူလေးတွေအတွက်
ကျေးဇူးတင်တယ်...
ကိုယ်တိတ်ဆိတ်သွားတိုင်း
သတိတရရှိနေပေးတဲ့မင်းကို
ကျေးဇူးတင်တယ်...
နောက််ဆုံး ကိုယ်လွှတ်ချတိုင်း ဖြုတ်မချတဲ့
မင်းလက်ကလေးတွေကို
ကိုယ်တကယ်ကျေးဇူးတင်တယ်...
ကိုယ့်ကိုဖမ်းဆွဲထားပေးလို့.....
2021-12-28 14:56:53
2
0