ကိုယ်ပေးတဲ့အကြံ
မင်းဘာလိုချင်ချင် ကိုယ်ပေးဖို့ အဆင့်သင့်ရယ်။
ကိုယ့်အသက်တောင်ပေးရပေးရ။
ဒါမယ့်
လမ်းတော့မခွဲပေးနိုင်ဘူး။
ဒီတစ်ခုတော့လိုက်မလျော့ပေးနိုင်ဘူး
အချစ်ရယ်။
တကယ်လို့များ
မုန်းတယ်လို့ မင်းပြောလိုက်ရင်တော့
ကိုယ်
နေရာမှာကို ရင်ကွဲသေလောက်တယ်ထင်ပါရဲ့။
အဲအချိန်ဆိုရင်တော့
လမ်းခွဲပေးနိုင်လောက်တယ်။
သေခြင်းတရားနဲ့ပေါ့။
အင်း...
ကိုယ့်သေခြင်းလေ။
2020-10-25 14:09:52
1
0