နောင်တ
ဘေးလူတွေပြောတာက နင်နောင်တရနေပြီမလားတဲ့။
အဖေကလည်းမေးတယ်။ အမေရောအဲလိုပဲ။
သားလေးနောင်တမရဘူးလားတဲ့။
ကျွန်တော်ရသင့်လားဟင်။
အကိုနောက်တစ်ယောက်ဆီသွားနေတဲ့အချိန်
ကျွန်တော်မတားခဲ့တာကိုနောင်တရသင့်လား။
ကျွန်တော့အချစ်က အကို့အတွက်မလုံလောက်ခဲ့တာကို ကျွန်တော်နောင်တရသင့်ပါလား။
ဒါမှမဟုတ်
အိမ်ကထွက်သွားလို့ အကိုပြောတဲ့အချိန်
တကယ်ထွက်လာမိတာကို နောင်တရသင့်လား။
အကို့ကိုရွေးချယ်မိလို့ ရတဲ့နောင်တကရော
ကျွန်တော်ရသင့်လားဟင်။
ကျွန်တော်မသိတော့ဘူးရယ်။
ကျွန်တော်
ဘယ်လို နောင်တမျိုးကိုရသင့်လဲဟင်။
အကို ပြောပါအုံး။
2020-10-19 12:07:44
1
0