Zay
@Zay_306
I like myself. So I don't care anymore.
Вірші
ကိုယ်ပေးတဲ့အကြံ
မင်းဘာလိုချင်ချင် ကိုယ်ပေးဖို့ အဆင့်သင့်ရယ်။ ကိုယ့်အသက်တောင်ပေးရပေးရ။ ဒါမယ့် လမ်းတော့မခွဲပေးနိုင်ဘူး။ ဒီတစ်ခုတော့လိုက်မလျော့ပေးနိုင်ဘူး အချစ်ရယ်။ တကယ်လို့များ မုန်းတယ်လို့ မင်းပြောလိုက်ရင်တော့ ကိုယ် နေရာမှာကို ရင်ကွဲသေလောက်တယ်ထင်ပါရဲ့။ အဲအချိန်ဆိုရင်တော့ လမ်းခွဲပေးနိုင်လောက်တယ်။ သေခြင်းတရားနဲ့ပေါ့။ အင်း... ကိုယ့်သေခြင်းလေ။
1
0
337
သေတမ်းစာ
သို့ အချစ် နေရောကောင်းရဲ့လား။ အင်း...... ဟိုတစ်ခါက ငါ စျေးကို သွားတော့ မင်းကိုတွေ့လိုက်သေးတယ်။ မင်းကတော့ မြင်မယ်မထင်ဘူး။ မင်းရဲ့ဘယ်ဘက်လက်မောင်းလေးကိုဆုပ်ကိုင်ထားတဲ့ မိန်းကလေးကို ပြုံးပြနေလို့လေ။ မင်းပျော်နေတာသိရတော့ ငါဝမ်းသာပါတယ်။ အဲ့တုန်းက ငါ့ရဲ့ နှုတ်ဆက်အပြုံးကို မင်းအတွက် ပေးလိုက်သေးတယ်။ မင်းမသိဘူးမဟုတ်လား။ ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါ မရှိလောက်တော့ဘူးဆိုတာ မင်းသိရင် ငိုနေမလား၊ ဝမ်းနည်းနေမလား၊ ဒါမှမဟုတ် ပျော်နေမလားဟင်။ ငါ မသိရလောက်တော့ဘူးပေါ့။ မင်းအတွက် ငါရဲ့နာကျင်နေတဲ့ အသည်းနှလုံးကို ထားခဲ့ရတာ ငါ စိတ်မကောင်းပါဘူး။ မင်းပြောခဲ့တဲ့အတိုင်း ငါသေမှလက်လွတ်နိုင်မယ်ဆိုတာလေ။ ခုငါလက်လွတ်နိုင်ပြီ။ နှုတ်ဆက်ပါတယ်......အချစ်။
9
0
364
စိတ္တဇအချစ်
မင်းလေးကို ဘယ်သူ့လက်ထဲ မထည့်ပေးချင်ဘူး။ အို.....ကိုပြောလိုက်တဲ့အတိုင်းပဲ။ မင်းရဲ့ အစိတ်အပိုင်း အားလုံးကို ကိုထည့်သိမ်းလိုက်ပြီ။ သေတ္တာတစ်လုံးထဲကိုပေါ့။ ကို သတိရတဲ့အခါတိုင်း ထုတ်ကြည့်မိတဲ့အခါ မင်းက ရှိနေတုန်းပဲ။ ကိုဆန္ဒအတိုင်း မင်းက ကို့နားမှာရှိနေတယ်။ ကို ဘယ်လောက်တောင်ပျော်လိုက်လဲ။ အာ...တစ်ခုရှိတာက မင်းမကြားနိုင်တော့တာတစ်ခုပဲ။ ဒါမယ့်လည်း ရပါတယ်။ မင်းရှိနေရင် ရပြီ။ မင်းလုံးဝ မထင်ထားတဲ့ ကို့ရဲ့အချစ်တွေကို မင်းဘယ်လိုများ ဝေဖန်မလဲ ကိုသိပ်သိချင်လိုက်တာ။ ကို့ရဲ့အချစ်တွေက အင်း....... စိတ္တဇဆန်တယ်လို့များ မင်းပြောလိမ့်မလား။ အင်း...... ပြောလောက်တယ်မလားဟင်။
3
0
147
အဖြူရောင်လမ်းလေး
အိတ်အလေးကြီးတစ်ခု ဆွဲကိုင်ကာ ငါလမ်းလျှောက်နေမိတယ်။ အုပ်မှိုင်းနေတဲ့ သစ်ပင်ကြီးတွေရယ် အလေ့ကျပေါက်နေတဲ့ မြက်ပင်တွေရယ်ကို လမ်းတစ်လျှောက် ငါမြင်ခဲ့ပြီးပြီ။ ရှေ့မှာ ကြိုမြင်ရမှာက အုတ်ခဲအဖြူတွေနဲ့ ဆောက်ထားတဲ့ လမ်းလေးဆိုတာ ငါသိတယ်။ မင်းသိသင့်တာက အဲ့လမ်းလေးက ငါ့တစ်ဦးတည်းပိုင် လျှို့ဝှက်ချက်ဆိုတာလေ။ အိတ်ကိုချကာ အထဲကအရာကိုထုတ်ပြီး ရှိနေတဲ့ ကျွင်းထဲထည့်တယ်။ မိန်းမလှလေးရဲ့ ခန္ဓာကိုယ်နောက်တစ်ခုနဲ့ ငါ့လမ်းလေးကို အလှဆင်မယ်။ လူမသိသူမသိတဲ့ အဖြူရောင်လမ်းလေးက အလှဆုံးဖြစ်နေရမယ်။
3
0
263
ဓူဝံကြယ်ဆီသို့
မင်းရှိရာအရပ် ကိုယ်လာခဲ့မယ်။ ခဏတော့စောင့်ပေါ့ ချစ်သူရယ်။ အလင်းဆုံးကြယ်လေးတွေ့ရင် မင်း နာမည်ခေါ်ပြီး လှမ်းအော်မယ်။ နှုတ်ဆက်မယ်။ ကိုယ့်ရဲ့တစ်နေ့သာ ကိစ္စတွေအကြောင်း ပြောပြမယ်။ မင်းကို ဘယ်လောက်​တောင်ချစ်တယ်ဆိုတဲ့အကြောင်း ရှင်းပြမယ်။ ကိုယ်ရဲ့အချစ်တွေက မင်းဘေးနားက ကြယ်တွေထက်တောင်များတယ်ဆိုတာ မင်းသိအောင် တစ်နေ့တော့ ကိုယ်တိုင်ပြောဖြစ်မယ်ထင်ပါရဲ့။ အင်း.....တစ်နေ့ ကိုယ် လမင်းဖြစ်မယ့် တစ်နေ့ပေါ့။
1
0
170
နောင်တ
ဘေးလူတွေပြောတာက နင်နောင်တရနေပြီမလားတဲ့။ အဖေကလည်း​မေးတယ်။ အ​မေရောအဲလိုပဲ။ သားလေးနောင်တမရဘူးလားတဲ့။ ကျွန်တော်ရသင့်လားဟင်။ အကိုနောက်တစ်ယောက်ဆီသွားနေတဲ့အချိန် ကျွန်တော်မတားခဲ့တာကိုနောင်တရသင့်လား။ ကျွန်တော့အချစ်က အကို့အတွက်မလုံလောက်ခဲ့တာကို ကျွန်တော်နောင်တရသင့်ပါလား။ ဒါမှမဟုတ် အိမ်ကထွက်သွားလို့ အကိုပြောတဲ့အချိန် တကယ်ထွက်လာမိတာကို နောင်တရသင့်လား။ အကို့ကိုရွေးချယ်မိလို့ ရတဲ့နောင်တကရော ကျွန်တော်ရသင့်လားဟင်။ ကျွန်တော်မသိတော့ဘူးရယ်။ ကျွန်တော် ဘယ်လို နောင်တမျိုးကိုရသင့်လဲဟင်။ အကို ပြောပါအုံး။
1
0
362