The Most (+) (ယူနီကုတ်)
*ဒုန်း*
ကားတံခါးကိုဆောင့်ပိတ်သွားပါသော သူက ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲတွေနှင့် ဝင်သွားလေပြီ။ ကျွန်တော့်လွယ်အိတ်ရော၊ သူ့လက်ကိုင်အိတ်ပါ ဆွဲယူပြီး အနောက်မှ အပြေးလိုက်ဝင်သွားလေတော့ ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်နေလေသည်။ ကျွန်တော် အိတ်နှစ်လုံးကိုပိုက်ရင်း သူ့ရှေ့သွားရပ်လေတော့
"ဘာကိစ္စ ရန်ဖြစ်ရတာလဲ?"
"ကျွန်တော်မပြောချင်ဘူး"
"မင်းမပြောချင်တာနဲ့ ငါက မသိရတော့ဘူးလား? သောက်ကြောတင်းတာ တော်ရုံပဲကောင်းတယ်နော်။ အခုက မင်းအမှားလုပ်ထားတာ သိတယ်မဟုတ်လား?"
"ဟုတ်၊ သိပါတယ်"
"ဟာကွာ! ငါ တခြားကနေ အဲဒီအကြောင်းအရင်းကို မကြားချင်ဘူး။ မင်းပြောစမ်း၊ ဘာကိစ္စဖြစ်တာလဲ?"
"................."
"ဘာလဲ၊ ဟိုတစ်ခေါက်ကလိုပဲ ..."
"မဟုတ်ပါဘူး"
"အဲဒါဆိုဘာလဲ?"
"မပြောချင်ဘူး"
"သေချင်လို့ ခေါင်းမာနေတာလား? မင်းမွှေထားတာတွေ မင်းသိတယ်နော်။ ငါက အရေးကြီးတဲ့အစည်းအဝေးကို ဖျက်ပစ်ခဲ့ရတယ်"
"ကျွန်တော် အကြောင်းမကြားဖို့ တားပါသေးတယ်။ မရလို့ မန်နေဂျာရဲ့ဖုန်းနံပါတ်ကိုပဲ ပေးလိုက်တာပါ"
"အဟက်၊ အဲဒီ မန်နေဂျာက ငါ့အတွင်းရေးမှူးကို ပိုးပန်းနေတာ မင်းမသိဘူးလား? ရဲစခန်းကလည်း မင်းရဲ့ဒုတိယအိမ်လိုဖြစ်နေတာကို အကြောင်းမကြားနဲ့လို့ ပြောလို့ရမလား? မသိစေချင်ရင် မလုပ်နဲ့လေ"
"သိမှာကြောက်လို့မဟုတ်ဘူး၊ အခုလို အစည်းအဝေးပျက်မှာစိုးလို့ပါဗျာ"
"ဆင်ခြင်လေ၊ အစတည်းက ဆင်ခြင်လေ။ ငါ မင်းအဖေဆီကို အကြောင်းကြားလိုက်ရမှာလား?"
"ဟာဗျာ၊ ခင်ဗျား ကျွန်တော့်အုပ်ထိန်းသူမဟုတ်ဘူးလား?"
"ဘာပြောတယ်? ဘယ်လိုလေသံနဲ့ ငါ့ကိုလာအော်နေတာလဲ? ခင်ဗျားဆိုတာက ပါသေးတယ်။ မင်းက သတ္တိသိပ်ကောင်းနေတာပဲ။ မင်းအဖေနဲ့ပဲ ပြောလိုက်တော့"
မတ်တပ်ထရပ်ပြီး ပြောဆိုသွားကာ အပေါ်ထပ်တက်ဖို့ လှည့်ထွက်သွားသည်ကြောင့်
"မဟုတ်ဘူးလေ၊ ဦး ... ကျွန်တော်တောင်းပန်ပါတယ်။ မှားသွားပါတယ်။ ကြိုက်တဲ့အပြစ်ပေးပါဗျာ၊ အဖေ့ဆီတော့ အကြောင်းမကြားပါနဲ့"
ရှေ့ကနေပိတ်ရပ်ပြီး ပျာပျာသလဲတောင်းပန်လိုက်လေတော့
"ဪ ... အမှားတော့ သိတယ်ပေါ့လေ။ ဘာတဲ့? ကြိုက်တဲ့အပြစ်ပေးပါလို့ ပြောလိုက်သလား?"
ပြောရင်းရှေ့တိုးလာသော သူ့မျက်နှာခပ်ချောချောဆီမှ ကျွန်တော်သိပ်သဘောကျရသည့် မဲ့ပြုံးနှင့်အတူ ခပ်ရေးရေးပေါ်လာသော သူ့ပါးချိုင့်ကြောင့် လူကငေးခနဲဖြစ်သွားမိချိန် သူက အနားကပ်လာပါသည်။ ရင်တွေလည်း ဝုန်းဒိုင်းကျဲလှုပ်ခုန်နေပြီ။ သူ၏ကျွဲလူးအိုင်လေး ကျွန်တော့်မျက်နှာအနားသို့ နီးကပ်လာသည်ကြောင့် မည်သို့မှစိတ်မထိန်းနိုင်ဘဲ
*Chu*
သူ့ပါးချိုင့်လေးသည် ကျွန်တော်အစွဲလမ်းဆုံး မူးယစ်ဆေးတစ်မျိုး။
ကျွန်တော့်အနမ်းတစ်ပွင့်နှင့်အတူ သူ့လှုပ်ရှားမှုများရပ်တန့်သွားပြီး မဲ့ပြုံးတွေပျောက်ကာ မျက်မှောင်ကျုံ့သွားလေပြီ။
"အား"
ညို့သကျည်းကို ဖြတ်ကန်ခံလိုက်ရသောကြောင့် လက်ထဲကအိတ်တွေကို ပြုတ်မကျစေရန်ထိန်းရင်း ခြေထောက်ကိုဖိကိုင်လိုက်မိသည်။
"ငါ့အိတ်ပြုတ်ကျရင် သေဖို့ပြင်။ သေမလိုဖြစ်နေတာတောင် နှာဘူးကထနိုင်သေးတယ်။ အခုချက်ချင်း အခန်းထဲလိုက်ခဲ့။ မင်းကို အလွတ်ပေးလို့မရတော့ဘူး"
ပြောပြီး လှေကားပေါ်ရောက်သွားသည့်သူ့ကို လှမ်းကြည့်ကာ နောက်ကလိုက်ဖို့ပြင်ရင်း
"ကိုယ့်ယောက်ျားကိုယ်ဘူးတာ ဘယ်ပုဒ်မနဲ့တရားစွဲမှာလဲ?"
"သူများယောက်ျားကို ဆွဲလားရမ်းလားသွားလုပ်နေရင်တော့ ဟိုက မင်းကို တရားစွဲတော့မယ်"
လှည့်မကြည့်ဘဲပြောလာသော သူ့စကား၏ဆိုလိုရင်းကို ကျွန်တော်နားမလည်လိုက်ပါ။
"အဲဒါ ဘာကိုပြောတာလဲ? ဦး၊ ခဏနေဦးလေ။ ဟာဗျာ၊ အဲဒီလှေကားကို အထစ်တွေကျော်တက်ပြန်ပြီ"
*သူ့ခြေလှမ်းကျဲကြီးနဲ့ ကျော်တက်သွားလိုက်တာ အပေါ်ထပ်ကိုချက်ချင်းရောက်သွားပြီထင်တယ်။ ဒီမှာ အိတ်တွေနဲ့မို့ အဲဒီလိုလိုက်လို့မရဘူးဗျ*
"ဟိုကောင်လေး၊ ဘာတွေပွစိပွစိပြောနေတာလဲ? အခုချက်ချင်း အပေါ်ထပ်တက်ခဲ့"
အော်နေပြန်ပါပြီ။
ဟုတ်တယ်၊ အဲဒါ ကျွန်တော့်ယောက်ျားပါ။ ကျွန်တော်က နှစ်ဆယ့်တစ်နှစ်၊ ဦးက သုံးဆယ့်ငါးနှစ်။ အဖေ့ရဲ့လုပ်ငန်းပါတနာ ဦးကို ကျွန်တော့်အသက်ဆယ့်ခြောက်နှစ်မှာ စတွေ့ကတည်းက သဘောကျခဲ့ရတာ။ အစကတည်းကအနေတည်တဲ့ Crush ခံလူတန်းစား ဦးတစ်ယောက်ကတော့ ကျွန်တော့်လိုချာတိတ်ကို အဖက်မလုပ်ခဲ့ပါဘူး။ အဖေ့ကိုအပူကပ်၊ ဦးနဲ့ရင်းနှီးအောင်လုပ်၊ ဦးရဲ့နောက်ကို တကောက်ကောက်လိုက်ခဲ့ရတာ။
"ဦး"
ခုတင်ပေါ်ခြေချိတ်ထိုင်နေသောသူ့ရှေ့သို့ မသွားမီ အိတ်တွေကို ခုံပေါ်တင်လိုက်ရသည်။ ပြီးမှ သူ့ရှေ့သွားရပ်လိုက်သည်။ အပြစ်လုပ်ထားပြီးလျှင် သူ့ရှေ့ မည်သည့်နေရာတွင်ဖြစ်ဖြစ် ထိုင်၍မရပါ။
"ခုနက ဦးပြောသွားတာဘာလဲ?"
"ဟိုချာတိတ်မကပြောနေတယ်။ ကိုကို့ယောက်ျားက သမီးရဲ့ရည်းစားကို ဖက်လဲတကင်းနဲ့တဲ့။ အလကားနေ အပြင်ထွက်ဖို့ပဲချိန်းနေတယ်တဲ့။ ဖုန်းတွေတဂွမ်ဂွမ်ဆက်ပြီး သဖန်းပိုးတွေလုပ်တယ်တဲ့"
"ဟား ... သောက်ကောင်မလေး။ သူ့အကောင်ကိုဖြတ်ခုတ်စရာလား? ငါ့ယောက်ျားခြေဖျားတောင် မမီတဲ့ကောင်ကို။ ဦးနော်၊ ဦးညီမဝမ်းကွဲဆိုတိုင်း သူ့စကားပဲအတည်ယူမနေနဲ့။ အဲဒါ မနာလိုလို့ သွေးထိုးနေတာဗျ"
"မနာလိုလို့?"
"အင်းလေ၊ သူများတကာလင်လင်တွေချစ်တာကို သူကမနာလိုနေတာ"
"တော်ပြီ၊ ပေါက်ကရတွေရပ်တော့။ မင်း ဘာဖြစ်လို့ရန်ဖြစ်တာလဲ?"
"မပြောပါဘူး"
"သွား၊ ကြိမ်လုံးသွားယူ"
"ဒီအရွယ်ကြီးအထိ ရန်ဖြစ်တိုင်း ကလေးလိုအရိုက်ခံနေရဦးမှာလား? ကျွန်တော့်အသက် နှစ်ဆယ့်တစ်နော်"
"အင်း၊ မင်းကလေးမဟုတ်တာ မင်းယောက်ျားငါက အသိဆုံးလေ။ ဘာတွေလာကြော်ငြာနေတာလဲ? ဟုတ်ပြီလေ၊ ဒါဆိုလည်း ခြံဝန်းကို အခေါက်သုံးဆယ်ပတ်ပြေး"
°°သူအသိဆုံးတဲ့၊ ပြောပုံကိုက။ ငါ့ကျနှာဘူးလို့ပြောပြီး သူကျ မဘူးတာကျနေတာပဲ။ နေဦး!°°
"ဗျာ၊ အခေါက်သုံးဆယ်?"
"ဘာကြောင့်ရန်ဖြစ်ရသလဲဆိုတာ ပြောမယ်ဆိုရင် တစ်ဝက်လျှော့ပေးမယ်"
"တစ်ဝက်? အာ ... မဖြစ်ဘူး။ ရတယ်လေ၊ သုံးဆယ်ဆိုလည်း သုံးဆယ်ပေါ့"
"သွား၊ ငါ ပြတင်းပေါက်ကကြည့်နေမယ်"
°°အသည်းနှလုံးမရှိတဲ့လူ၊ မချစ်တတ်တဲ့လူ၊ နှိပ်စက်ဖို့ပဲ တွေးတဲ့လူ°°
ကျွန်တော်ဆင်းလာလိုက်ပြီး သူ့အခန်းပြတင်းပေါက်ကိုလှမ်းကြည့်သည်တွင် ခပ်တည်တည်စောင့်ကြည့်နေသည်ကို တွေ့ရလေသည်။
"တကယ်ကြီးကို အလျှော့မပေးဘူး"
ဆယ့်တစ်ပတ်ပြည့်လို့ သူ့ဆီသို့ကြည့်မိချိန် သူဖုန်းပြောနေသည်။ ဆယ့်သုံးပတ်ပြည့်တော့ သူဖုန်းချသွားလေပြီ။
ဆယ့်ငါးပတ်။ တစ်ဝက်ကျိုးပြီဖြစ်၍ ဆက်ပြေးရန် အားတင်းလိုက်သည်။
"ဟေး! ပြန်တက်ခဲ့တော့"
"အဲ၊ နှလုံးသားတော့ ရှိသေးသားပဲ"
သူ့ရှေ့ပြန်ရောက်လာသည့်ကျွန်တော် ချွေးတစ်လုံးလုံးနှင့် အသက်ပြင်းပြင်းရှူနေရသော အနေအထား။
"ရေလေးတော့ ပေးသောက်ပါ"
ခေါင်းညိတ်ပြသောကြောင့် စားပွဲခုံပေါ်ရှိရေဘူးမှ ရေငှဲ့သောက်လိုက်သည်။
"အဲဒီတော့ အရင်တစ်ခေါက်က မင်းကိုဈေးမေးလို့ ရန်ဖြစ်တယ်။ အခုတစ်ခေါက်က ငါ့ကို ရအောင်ယူပြမယ်ပြောလို့ ထသတ်ကြတယ်ပေါ့"
"သိသွားပြီလား? အဲဒီကောင်တွေက မိုက်ရိုင်းတာလေ။ သူများယောက်ျားကိုလည်း ပစ်မှားသေးတယ်၊ ရစရာမရှိအောင်လည်း ပြောသေးတယ်လေ"
"တိတ်စမ်း။ သူတို့အဆင့်အတန်းနဲ့သူတို့ မိုက်ရိုင်းနေတာကို မင်းကရှောင်ထွက်ခဲ့လေ။ ရှေ့တစ်ခေါက်ကလည်း ဟိုဘက်ကရန်စလို့ဖြစ်တာမို့ ငါကျော်သွားလိုက်တာ။ အခုလို ဆတ်ဆတ်ထိမခံဖြစ်နေတာ ရန်များလွန်းတယ်"
"ဟာဗျာ၊ ငြိမ်ခံနေရင် ကြောက်လို့ဖြစ်မှာပေါ့"
"အခေါက်ခေါက်အခါခါလည်း ပြောပြပြီးပြီ။ အေးကွာ၊ လုပ်ချင်ရာလုပ်ပါတော့။ နောက်တစ်ခေါက် စခန်းရောက်ရင် မင်းအဖေကိုသာအကြောင်းကြားဖို့ စခန်းမှူးကိုငါမှာခဲ့တယ်"
"ဟာဗျာ၊ အဲဒါတော့ မဖြစ်သင့်ဘူး"
"ရန်မဖြစ်အောင်နေပေါ့။ ကြာရင် ငါလည်း စခန်းမှူးနဲ့ညားတော့မယ်"
"လူသတ်မှုတွေဖြစ်ကုန်မယ်နော်"
"အလကားနေ လက်ယားနေတာ"
"ခင်ဗျားကြီးကိုချစ်လွန်းလို့ အချေအမိုးခံ၊ အောက်ကျခံပြီး ရအောင်လိုက်ထားရတာ ဘယ်သူ့ကိုပေးဖို့မှ မဟုတ်ဘူးလေ။ အင်းပေါ့၊ ခင်ဗျားက ဘယ်ခံစားတတ်မလဲ?"
"ချာတိတ်၊ ငါမချစ်ဘဲနဲ့ မင်းကိုလက်ထပ်ခဲ့တာမဟုတ်ဘူးနော်။ စကားကိုကြည့်ပြော"
"ဒါပေမဲ့ ဦးက စချစ်ခဲ့တာမဟုတ်ဘူးလေ"
"အေးပါ၊ မင်းက ပိုချစ်တတ်တာကိုး"
"အဟီး၊ အဲဒီလိုဝန်ခံမှပေါ့"
"ဟ! ဖယ်စမ်းပါကွာ။ တစ်ကိုယ်လုံးနံစော်နေပြီးတော့"
သူ့ခြေထောက်တစ်ဖက်စီကြားတွင် ကျွန်တော့်ခြေတစ်ချောင်းစီကိုထားကာ မတ်တပ်ရပ်လျက် သူ့ကိုဖက်လိုက်သည့်အခါ ထအော်ပါတော့သည်။
"ချစ်လို့ဟာကို"
"ငါ ထချစ်လိုက်ရလို့ နာဦးမယ်"
"အဲဒီကိစ္စ နောက်မှရှင်းရဦးမယ်။ အခု ရေချိုးဦးမယ်"
"နေဦး၊ အဲဒီမှာ ဓာတ်ဆားဖျော်ထားတယ်။ ချွေးတွေထွက်ထားတာ အဲဒါသောက်ပြီး ခဏနားဦး။ ပြီးမှချိုး"
ကျွန်တော့်ဦးသည် ဤကဲ့သို့ ချစ်တတ်ပါ၏။ ခုနကပြောခဲ့သည်ကို ပြန်ရုတ်သိမ်းလိုက်ပါပြီ။
¤
"ဦး၊ မင်္ဂလာမဆောင်ခင် ဝတ်စုံရွေးတုန်းက ကျွန်တော့်ကို ဘာပြောခဲ့လဲ?"
"ဘာပြောလို့လဲ?"
"ကိုယ်နဲ့အရပ်ချင်းတူမှ Role လာညှိပါဆို?"
"အဲဒီတော့?"
"ပြီးတော့ 2nd Anniversary မှာ လိုချင်တာတောင်းပါဆို?"
"ဟာဟ၊ မှတ်ဉာဏ်တွေကောင်းနေတာ"
"ကောင်းတယ်လေ။ အခု ကျွန်တော် ဦးနဲ့အရပ်ချင်းတူပြီ။ အဖေ့အလုပ်တွေကိုလည်း ဝိုင်းကူနိုင်ပြီ"
"ခြေရာချင်းတိုင်းတာလား?"
"မဟုတ်ပါဘူး။ ဦးအရည်အချင်းတွေကို ကျွန်တော်မမီပါဘူး။ ဒါပေမဲ့ ကတိကကတိပဲ။ အိမ်ထောင်ဦးစီးက ကတိတော့တည်သင့်တယ်မဟုတ်ဘူးလား?"
"Anniversary နေ့မှ ပြောလေ"
"တကယ်နော်? မှတ်ထားပြီဗျာ"
"မှတ်ထားလိုက်၊ အခုတော့လာခဲ့"
"ဟာ၊ ဟေ့လူ။ မဟုတ်ဘူးလေ၊ လွှတ်ဦး"
"ဘာလဲကွာ?"
"ကျွန်တော်မေးစရာရှိတယ်။ မယုံကြည်လို့မေးတာမဟုတ်ဘူး။ သိချင်လို့မေးတာ"
"ဘာကိုလဲ?"
"ဟိုတလောက Party မှာ ကျွန်တော်နဲ့မိတ်ဆက်ပေးတဲ့ Lady လေ။ တစ်နေ့က စက်ရုံဖွင့်ပွဲတစ်ခုမှာ ခင်ဗျားနဲ့တွဲတွေ့ရတယ်။ တခြားလူတွေကို လိုက်မိတ်ဆက်နေတော့လည်း အတူတူ၊ ထိုင်နေတော့လည်း အတူတူ၊ ပြန်ထွက်လာတော့လည်း အတူတူပဲ။ ပုံတွေတွေ့ရတာတော့ အပြုံးတွေက ဝေနေလိုက်တာ"
"သဝန်တိုတယ်ပေါ့?"
"အင်း"
"ကိုယ့်ဘက်က သူ့အပေါ် မရိုးမသားစိတ်မရှိတာ ယုံလား?"
"ယုံတယ်"
"ချာတိတ်အပေါ်ထားတဲ့ ကိုယ့်အချစ်နဲ့သစ္စာကို ယုံလား?"
"အင်း"
"အဲဒါဆို ဘာလိုသေးလို့လဲ?"
"သူ့ကိုမယုံဘူး"
"အဲ၊ ကိုယ့်ဘက်က လိုအပ်တာထက်ပိုမပတ်သက်ရအောင် ရှောင်လိုက်ပါမယ်။ မင်းလေးနဲ့တော့ ပြဿနာအဖြစ်မခံနိုင်ဘူး"
"လိမ္မာလိုက်တာ"
"ဟုတ်တယ်။ ပြဿနာဖြစ်ရင် တစ်ဖက်လူတွေ အထိနာလွန်းလို့"
"ဘာ! ခင်ဗျားကြီး ... ခင်ဗျားကြီးက ကျုပ်ကို လူဆိုးလို့ပြောတာပေါ့။ တွေ့မယ်"
ကျွန်တော် သူ့အပေါ်ခုန်အုပ်လေတော့ ခုတင်တစ်ဖက်စွန်းသို့ လှိမ့်ရှောင်သွားပြီး
"အဲဒီလိုဖမ်းရင် မိရောလား? ဟား ဟား ဟား"
ကျွန်တော် မရမကလိုက်ဆွဲဖမ်းတော့ ခုတင်ခြေရင်းမှ ဆင်းပြေးလေသည်။
ကျွန်တော်ကလိုက်ဖမ်းရင်း၊ သူက ပွတ်ကာသီကာပတ်ရှောင်ရင်းနှင့် နောက်ဆုံးတော့ သူ့ကိုလှမ်းဖမ်းသည့်ကျွန်တော်သာ ခုတင်ပေါ်ပစ်လဲသွားသည်။ ချက်ချင်းပင် အနားရောက်လာကာ ကျွန်တော့်အပေါ်အုပ်မိုးလာပြီး
"Bambino, you're so cute."
"စိတ်ကောင်းဝင်နေလို့ ကျော်သွားပေးလိုက်မယ်။ ကျွန်တော့်ကိုများ ချစ်စရာလေးတဲ့လား? ကျောင်းမှာဆို လူလွတ်မဟုတ်လို့ King မဖြစ်လိုက်ပေမဲ့ King ထက်နာမည်ကြီးတယ်ဗျ။ ခင်ဗျားကြီးသိဖို့"
"လူပျိုမှမဟုတ်တော့ဘဲ King ချင်သေးတာလား? အဟင်း၊ လူပျိုမဟုတ်တာလေး မမေ့ရအောင် သတိပေးရသေးတာပေါ့"
"အွန်း၊ ဟင်း"
"နှုတ်ခမ်းလေးက သေးလိုက်တာကွာ"
"မွေးကတည်း ... အမ်း ..."
သူသည်တော့ ပြောချင်ရာပြောပြီး ကျွန်တော့်ကိုတော့ စကားပေးမပြောပါဘဲ အတင်းနမ်းရှိုက်နေလေတော့ သူ့လည်ပင်းကိုသာ ဆွဲဖက်ထားလိုက်မိတော့သည်။
သူ့နှုတ်ခမ်းထူထူတွေသည် ကျွန်တော်အယစ်မူးဆုံး ယမကာတစ်ခွက်။
ဦးနှုတ်ခမ်းတွေ ကျွန်တော့်လည်ပင်းဆီသို့ရောက်လာပြီး နယ်မြေသတ်မှတ်နေတဲ့အခါ ကျွန်တော်သဘောကျမိသည်။ နောက်တစ်နေ့ ဦးနှင့်အတူ အပြင်ထွက်လျှင် ကျွန်တော်ကဦးအပိုင်ဆိုတာမျိုး ထိုအမှတ်အသားတွေက ပြောပြကြလိမ့်မည်။
ကျွန်တော့်ညဝတ်အင်္ကျီကို အပေါ်ကြယ်သီးနှစ်လုံးသာဖြုတ်ပြီး ခေါင်းပေါ်မှကျော်ကာ ဆွဲချွတ်ပစ်လိုက်သည့်ဦးက အဘယ်ကြောင့်အလျင်လိုနေပါသလဲ? ရင်ဘတ်ပေါ်တွင် ပြေးလွှားဆော့ကစားနေသည့် ဦးလက်တွေနှင့်နှုတ်ခမ်းနှစ်လွှာသည် သူတို့၏ဦးတည်ချက်နှစ်နေရာ၌ ကျောက်ချလာသည်။
"အင်း ..."
ကျွန်တော့်အသံကြားလိုက်သည့်ဦးက လက်တွေကို ကျွန်တော့်ဗိုက်သားပေါ်သို့ပို့လိုက်ပြီး ပွတ်သပ်ဆော့ကစားလာတော့ ကျွန်တော့်ကျောပြင် ခုတင်မှမြောက်တက်သွားတော့သည်။ တစ်ကိုယ်လုံးပူထူနေပြီး အောက်ပိုင်းတွင် သိသိသာသာတောင့်တင်းလာနေသည်။
ခါးနားသို့ရောက်နေသည့် ဦး၏နှာဖျားဆီမှ လေငွေ့နွေးနွေးကြောင့် ကြက်သီးထသွားသည်မှာ မည်သည့်အခါမှမပြောင်းသော ထုံးစံတစ်ခု။
တဖြည်းဖြည်းနှင့် ခါးပေါ်မှဘောင်းဘီစကို ဆွဲချနေသည့် ဦး၏လက်တွေကြောင့် လူကတရွရွ။ ညဝတ်ဘောင်းဘီအပွလေးက တစ်ချက်တည်းနှင့် ဦးလက်သို့ပါသွားလျှင်ပင် ယခုလိုဆိုးမည်မဟုတ်။ ဖြည်းဖြည်းချင်းဆွဲချနေသောကြောင့် မည်သည့်အချိန် ဗလာကျင်းသွားမလဲဆိုသည်ကို ရင်တမမနှင့်။ တောင့်တင်းနေသောနေရာ၏ အရင်းနားရောက်သည်အထိ ဆွဲချထားပြီးဖြစ်သော ဘောင်းဘီကြောင့် နေရခက်ဖြစ်နေစဉ် ခပ်နွေးနွေးလျှာဖျားက ဘောင်းဘီသားရေကြိုးနားကပ်ပြီး ပွတ်ဆွဲနေပြန်သည်။
"အား ဟ"
နေရခက်လွန်းသောကြောင့် လက်တွေသည်လည်း ဘယ်နားထားရမည်မသိတော့ပါ။ ဦးသည်ကတော့ အကျင့်ယုတ်ပြီး ချက်ဆီရောက်သည်အထိ အပေါ်သို့ပြန်ပြီး လျှာနှင့်ပွတ်ဆွဲလိုက်၊ အောက်ပြန်ဆင်းပြီး နမ်းလိုက်နှင့် လူကိုဆွနေလေပြီ။
"ဟင်း ... ဦး"
ခေါ်သံကိုလည်းမကြားသလိုနှင့် အပေါ်အောက်၊ စုန်ဆန်ပြေးလွှားနေသော လျှာဖျားကြောင့် ရူးချင်လာမိသည်။
"ဦးရေ ..."
ခေါ်လိုက်သည့်အခါတွင်မှ ဘောင်းဘီကို ထပ်ဆွဲချလိုက်ပြီး
"ဟာဟ၊ ဘယ်လောက်တောင် ထကြွနေလိုက်သလဲ Bambino"
"ဒီလောက်ဆွနေတာကိုဗျာ။ ကျွန်တော်က ဦးရဲ့အနမ်းတွေနဲ့တင် ထိန်းမရတော့တာ သိသားနဲ့"
"ငြိမ်စမ်း"
ပြောပြီး နမ်းပစ်လိုက်ခါမှ ပိုဆိုးသွားသောကြောင့်
"သူက ပြောစကားနားမထောင်ဘူး။ မင်းလေးနဲ့အတူတူပဲ"
°°ခက်ပြီ။ တော်ရုံပဲ ဆွပါတော့ ဦးရယ်°°
ထိပ်ဖျားလေးကို ဦးပါးစပ်ထဲ ငုံထွေးလိုက်၍ ကျွန်တော်ခါးကော့တက်သွားရသည်။ ပြန်ထုတ်လိုက်ပြီးနောက် ထိပ်ဖျားလေးကိုနမ်းလိုက်သည့်အခါ အလကားရသည့်အောက်ဆီဂျင်ကို တစ်ယောက်တည်းနှင့်ပင် အလုအယက်ရှူသွင်းလိုက်ရသည်။
သူ့အနမ်းတွေသည် ကျွန်တော်အလွင့်မျောဆုံး ဟင်းလင်းပြင်တစ်ခု။
အနမ်းတွေက ထိပ်ဖျားမှ အောက်ခြေသို့ဆင်းလာသည်။ ကျွန်တော်သည်တော့ သတိလစ်ချင်သည်အထိ ဦးနှင့်ပတ်သက်လျှင် ခံစားလွယ်နေခဲ့ပြီ။
"ဟား ..."
"ချစ်လိုက်တာ Bambino ရယ်။ အဲဒီနှုတ်ခမ်းလေး၊ ဒီလည်တိုင်လေး၊ ဒီမှတ်တိုင်လေးနှစ်ခု၊ ဒီချိုင့်ဝှမ်းလေး၊ ပြီးတော့ ဒီလူဆိုးကောင်လေးရော"
ပြောရင်း၊ နမ်းရင်းနှင့် အရင်နေရာပြန်ရောက်သွားသည့်အချိန်တွင် ကျွန်တော် အသက်ရှူရပ်သွားသည်။ ဦးပြောသောလူဆိုးလေးကို ဦးက အစအဆုံး လျှာနှင့်လျက်လိုက်ချိန်တွင်တော့
"အား ... အ ... ဟ! ဟင်း ....."
ပြောပါတယ်။ ကျွန်တော်ဟာ ဦးရဲ့အနမ်းနဲ့တင် ထိန်းမရနိုင်တော့ပါဘူးဆိုတာ။
"မောသွားပြီလား?"
ဦးက ကျွန်တော့်ကို သုံးစက္ကန့်ခန့်ကြည့်နေပြီး ဘောင်းဘီကိုဆွဲချွတ်ပစ်လိုက်သည်။ ဦးကိုကြည့်လိုက်သည်တွင်
"လှသွားပြီ။ ဘာမှမပါလေ လှလေပဲ"
ပြောလိုက်သည့်စကားတစ်ခွန်းနှင့်ပင် လူဆိုးကောင်လေးက ပြန်နိုးထလာပါပြီ။
"ဟား ဟား၊ ကိုယ့်ကိုသိပ်ချစ်တာပဲလား? စကားတစ်ခွန်းနဲ့တင် နိုးလာပြန်ပြီ"
ဦးပြောသည်ကမှန်နေလေတော့ ကျွန်တော် ခွန်းတုံ့မပြန်နိုင်တော့ပါ။
ဦးက ကျွန်တော့်ခြေထောက်နှစ်ချောင်းကို ဆွဲထောင်ကာ ပေါင်တွေကိုကားစေပြီး
"ဒီလိုလည်း လှတယ်"
ထပ်ပြောလေ၊ ထပ်ကြွလေဖြစ်နေသော လူဆိုးလေးကြောင့် ဦးကရယ်နေသည့်အခါ ကျွန်တော့်ကိုကျွန်တော်လည်း မကျေနပ်တော့ပါ။
ခါးအောက်သို့ ခေါင်းအုံးတစ်လုံးခုပေးပြီး လက်ညှိုးတစ်ချောင်းနှင့် မြောင်းကြားထဲပွတ်ဆွဲပြီး အဝနားသို့ရောက်လာသည်။ သို့သော် ဝင်မသွားဘဲ အပေါ်ပြန်တက်လာကာ လူဆိုးလေး၏ ထိပ်ပေါက်ဝနားအထိ လက်ညှိုးကပြန်ရောက်လာ၍
"တော်သင့်ပြီ။ ခင်ဗျားကြီး နှိပ်စက်နေတာ။ ကျွန်တော်မခံစားနိုင်မှန်းသိလို့ သက်သက်ဆွပြီး လှောင်ရယ်နေတာ"
ထထိုင်ပြီး အော်လိုက်သည့်ကျွန်တော့်ကို သူကပြုံးကြည့်နေပြီးမှ
"ဘာတွေများ နှိပ်စက်နေလို့လဲ? မင်းလေးက တစ်ခါတောင် ပြီးသွားပြီလေကွာ"
"ခင်ဗျားအထိအတွေ့တွေ မခံစားနိုင်မှန်းသိလို့ ကလိနေတာလေ။ သူကျတော့ အဝတ်အစားအပြည့်အစုံနဲ့၊ ကျွန်တော့်ကိုကျ အတင်းတွေဖြဲကြည့်ပြီး လှတယ်တဲ့။ ဘောမို့ လှတာလား?"
"အင်း၊ အဲဒါလည်းလှတာပဲ။ မြောင်းလေးလည်းလှတယ်။ ဟိုအဝလေးကလည်းလှတယ်"
"တော်တော့"
"ပါးစပ်ကသာ တော်ခိုင်းနေတာ။ ငုံ့လည်းကြည့်ဦး၊ အာကာသထဲရောက်တော့မယ်"
"အား ... ခင်ဗျားကြီးမလုပ်ရင် ကျွန်တော်လုပ်မှာနော်"
"အိုး ဟိုး ... ခြိမ်းခြောက်လိုက်တာကွာ။ အဲဒီတော့ ကိုယ့်ကိုလုပ်ခိုင်းတာပေါ့လေ"
"ညစ်စုတ်လိုက်တာ။ လာမထိနဲ့"
ထထွက်ရန်ပြင်သည့်ကျွန်တော် တွန်းလှဲခံလိုက်ရပြီးတစ်ဆက်တည်းတွင် မှောက်လျက်ဖြစ်သွားခဲ့သည်။
ခါးမှဆွဲကိုင်ကာ အောက်ပိုင်းကိုမတင်လိုက်ပြီး ဒူးနှစ်ဖက်ကိုလည်းဆွဲကားပစ်လိုက်ပြီးနောက် အသင့်အနေအထားသို့ရောက်သွားသည်။ မကြာသေးမီကပင် ငြင်းရန်တွေးနေသောကျွန်တော် သည်အနေအထားသို့ ပြုပြင်လိုက်သည်ကို အလိုက်သင့်ပါသွားမိသည်အထိ ကျွန်တော့်ကိုယ်ကျွန်တော် သစ္စာဖောက်မိနေပြီ။
"လိမ္မာလိုက်တာ"
"ချစ်တာဗျ၊ ချစ်တာ"
ကျွန်တော်အော်ပစ်လိုက်တော့ ဦးက အားပါးတရရယ်မောကာ သူ့ဘောင်းဘီအောက်မှ တင်းမာနေသောအသားစိုင်နှင့် မြောင်းကြားကိုတို့ထိလာသည်။
"အင်း"
သေချာမထိတွေ့ရသေးမီ ညည်းသံထွက်ကျသွားသောကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အသံတိတ်ဆဲရေးမိသည်။ ခဏအကြာ ကြားမှဘောင်းဘီစဖယ်သွားပြီး အသားချင်း ထိကပ်ဆော့ကစားလာသည်ကို ခံစားလိုက်ရ၍ လှည့်ကြည့်ရန်ပြင်သော်လည်း ကျောကိုဖိချလာသောကြောင့် ကြည့်၍မရ။ အပေါက်နားအထိ တို့ထိဆော့ကစားနေရင်း
*ဖြန်း*
"အွန်း"
*ဖြန်း ဖြန်း ဖြန်း*
"နာတယ်ဗျ၊ ဖြည်းဖြည်း"
ခါးကိုလှုပ်ယမ်းလိုက်ရင်းပြောမိလျှင်
"ကြိုက်တယ်မဟုတ်လား?"
"............"
*ဖြန်း*
"ကြိုက်လား?"
ကျွန်တော်မဖြေ၍ နောက်တစ်ချက်ရိုက်ရင်း ထပ်မေးလာသည်။ သည်လိုနှင့် မေးလိုက်၊ ရိုက်လိုက် လုပ်နေရင်းက
"မဖြေနဲ့လေ။ ကိုယ်က အဖြေမသိတာကျလို့ကွာ။ ဒီမှာတွင်းပေါက်လေးက ငိုနေပြီ"
What the f**k! ရိုက်နေတာကို သင်းကသာယာနေပြန်ပြီလား? ကျွန်တော့်ခန္ဓာကိုယ်က သစ္စာဖောက်လွန်းပါတယ်။
"သူက ... ပွစိပွစိနဲ့ဖြေနေတယ်။ ကြိုက်တယ်တဲ့"
"အာ ... ခင်ဗျားဗျာ"
"ရှူး၊ တိုးတိုး"
ပြောပြီး လက်တစ်ချောင်းထိုးထည့်လိုက်တာမို့
"အား ဟ"
"ဒါလည်းမတိတ်ဘူးနော်။ ပွစိပွစိနဲ့ ညှစ်နေတယ်"
သူက ဘယ်ပါးစပ်ကိုပိတ်နေတာလဲ? နောက်ထပ်လက်တစ်ချောင်း ထိုးထည့်နေပြန်ပြီ။
"ရဲနေတာ ပန်းသီးလေးလိုပဲ"
°°ခင်ဗျား ရိုက်ထားတာပဲလေ°°
စပ်ဖျဉ်းဖျဉ်းဖြစ်နေသောအသားစိုင်ပေါ် ပွတ်သပ်ပေးနေပြီး ချော့မြှူနေပြန်၍ အထပ်ထပ်အခါခါ ညည်းမိပါရဲ့။
ကျွန်တော်အာရုံပြောင်းနေစဉ် လက်သုံးချောင်းတိုးဝင်လာသည်။ ဝင်လိုက်ထွက်လိုက် အလုပ်များနေပြီး
"ဘယ်လိုလုပ်မလဲ Bambino? သူကဆာနေပြီ"
"အား ... ကျွေးလိုက်ပါတော့။ မရတော့ဘူး"
"ဪ ... အဲဒီလိုလား?"
ရန်စရင်းနှင့်ပင် ထိပ်ဖျားက အဝနားတိုးလာလေသည်။ သို့သော် ကျွန်တော့်ညည်းသံသည်သာ ပို၍ကျယ်လာပြီး ဦးက ရှေ့ဆက်တိုးမလာသည့်အခါ ကိုယ်တိုင်လှုပ်ရှားလိုက်မိသည်။
"အတင်းကို လိုက်ဟပ်နေတာပဲ"
"မနောက်နဲ့ဗျာ"
"ဟုတ်ပြီ၊ ဟုတ်ပြီ။ မနောက်တော့ဘူး။ ဒီတစ်ခါ တကယ်အတည်"
"အား၊ အား၊ သေပြီ။ ဖြည်းဖြည်းမလုပ်ဘူး။ ဘယ်လိုတွေဖြစ်နေတာလဲ?"
ခါးမှကိုင်ပြီး တစ်ချက်တည်းနှင့် အဆုံးအထိတိုးဝင်လိုက်၍ သတိလက်လွတ်ထအော်မိသည်အထိ နာကျင်သွားရပါသည်။
"စားချင်လို့ သွားရည်တွေယိုနေတာနဲ့ သေချာလေးခွံ့ကျွေးလိုက်တာ။ ကောင်းရဲ့လား? နည်းနည်းလေးတော့ ကွဲသွားတယ်။ Sorry"
"ခင်ဗျား ... ခင်ဗျားမခံရတိုင်း ..... ဟား၊ ဘယ်လောက်ကွဲသွားလဲ?"
"ပိစိသေးသေးလေးပဲ ကွဲတာပါ။ အကြိမ်ကြိမ်ကြုံဖူးနေပြီပဲ၊ အများကြီးကွဲစရာမှမလိုတာ"
"ချောင်နေပြီလို့ ပြောချင်တာလား?"
"အင်း"
"တကယ်လား? တကယ်အဆင်မပြေဘူးလား ဦး။ ကျွန်တော် အတတ်နိုင်ဆုံးဆွဲညှစ်ထားတာလေ"
°°ကျွန်တော်က တကယ်ပဲ ဦးအတွက် အဆင်မပြေတော့ဘူးလား? အဆင်ပြေအောင်လုပ်ပေးမှာမို့ စိတ်တော့မပျက်ပါနဲ့ ဦးရယ်°°
"အာ ... ကိုယ်ကနောက်တာလေကွာ။ အဲဒီသဘောမဟုတ်ဘူး။ ကျပ်လို့ပဲ ကွဲသွားတာလေ။ ကိုယ်နောက်တာပါ။ ဘာမှစိတ်ထဲမထားနဲ့။ ကိုယ်ဆက်သွားမယ်နော်"
"အင်း"
ဦးလက်တစ်ဖက် ရှေ့ဘက်ကိုလာကိုင်ကာ နောက်မှလည်း ဖြည်းဖြည်းချင်းလှုပ်ရှားနေ၍ ကျွန်တော် အလိုက်သင့်လိုက်လှုပ်နေရင်း သာယာလာသောကြောင့် ခပ်မြန်မြန်လှုပ်ရှားမိသည်။ ဦးကလည်း သိလိုက်ပြီး ခပ်မြန်မြန်လှုပ်ရှားလာသည်။ အတော်လေးကြာသည့်အခါ
"အပေါ်ကထိုင်ပေးကွာ"
ဦးကလှဲချလိုက်တော့ ကျွန်တော် ဦးခြေထောက်ကိုခွလိုက်သည်။
"No, ကိုယ့်ကိုကျောပေးလိုက်။ ဟုတ်ပြီ၊ ကိုယ့်ဘာသာထည့်လိုက်။ အား ... ထိုင်ချလိုက်တော့"
"အား၊ ခဏ။ မလှုပ်နဲ့ဦးနော်၊ ကျွန်တော်ပြန်စမယ်"
ထိုင်ချပြီးငြိမ်လိုက်သည့် ကျွန်တော့်ကျောပြင်ကို ဦးကပွတ်သပ်ပေးလာသည်။ တဖြည်းဖြည်းပြန်လှုပ်ရှားရင်း အရှိန်ရလာတော့ ဦးက တစ်ချက်တစ်ချက်ပင့်ပေးလာသည်။ ကျွန်တော့်ညည်းသံတွေကြား ဦးအသံကို မကြားရ၍ ကျွန်တော်မကျေနပ်နိုင်ပါ။
မြန်နိုင်သမျှမြန်အောင် လှုပ်ရှားပစ်လိုက်သည့်အခါတွင်
"အား ... Bambino, မိုက်တယ်။ အဆုံးထိထိုင်ချပစ်နေတာ ကောင်းတယ်"
ကျွန်တော်ပြုံးလိုက်မိသည်လား?
"ရှေ့ကိုလက်ထောက်လိုက်"
ကျွန်တော်လက်ထောက်လိုက်တော့ ဦးက အလိုက်သင့်ပင် ဒူးတစ်ဖက်ထောက်ကာ ကျွန်တော့်နောက်တွင် နေရာယူလိုက်သည်။ ဦးဘက်က ပြန်လှုပ်ရှားလာတော့ ကျွန်တော်ရှေ့ကိုငိုက်ကျမလိုဖြစ်သွား၍
"ညောင်းသွားပြီလား?"
ကျောပြင်ကိုငုံ့နမ်းကာ ဦးကဆက်ပြောလာသည်။
"ကိုယ်က မင်းလေးရဲ့အပြုအစုမှာ မျောသွားတာလေ။ မင်းအပေါ် စိတ်မရောက်လို့မဟုတ်ဘူး။ ဟိုးအတွင်းထဲအထိ အလည်သွားရင်း တစ်ခုချင်းစီကို လိုက်မှတ်နေမိတာ။ ခုန ချောင်နေပြီလို့ပြောတာလည်း သက်သက်မဲ့နောက်လိုက်တာ။ စိတ်မကောင်းဖြစ်သွားရရင် တောင်းပန်ပါတယ်"
ကျောပြင်တစ်လျှောက် ပွတ်သပ်နမ်းရှုံ့ကာ တဖွဖွပြောနေသည့်ဦးကြောင့် ကျွန်တော့်ရင်ထဲ နေလို့မကောင်းတော့ပါ။
"ဦး"
ဦးက လူချင်းခွာလိုက်ပြီး ခုတင်ပေါ်ထိုင်ချလိုက်ကာ ကျွန်တော့်ကိုဆွဲလှည့်၍ မျက်နှာချင်းဆိုင်စေသည်။
"ချစ်တယ်။ မင်းကိုပဲချစ်ချင်တယ်၊ မင်းအထိအတွေ့တွေကိုပဲ သာယာမိတယ်။ မင်းမှမဟုတ်ရင် ကိုယ့်အတွက်က တခြားအထိအတွေ့တွေမလိုဘူး။ အဲဒါ ချာတိတ်သိထားပေးပါ။ တကယ်ဆို ကိုယ်က ပိုစိတ်မချဖြစ်ရတာ"
ဦးကိုဆွဲဖက်လိုက်ပြီး ပခုံးပေါ်ခေါင်းတင်လိုက်တော့ ဦးက ပြန်လည်ပွေ့ဖက်လာသည်။
"Sorry, ကျွန်တော်အတွေးများသွားတာပါ။ ကျွန်တော်က စချစ်ခဲ့ရတော့ ကျွန်တော့ကို ဦးစိတ်ကုန်သွားမှာကို ကျွန်တော်သိပ်ကြောက်မိတာ ဦးကိုမယုံလို့မဟုတ်ပါဘူး။ ချစ်မိတဲ့လူတစ်ယောက်ရဲ့ စိုးရိမ်မှုသက်သက်ပဲဆိုတာ ဦးသိတယ်မဟုတ်လား?
ပြီးတော့ အခု ဦးစိတ်ပူနေတာက ဦးကို ကျွန်တော်ချဉ်းကပ်ခဲ့သလိုမျိုး တစ်ယောက်ယောက်က ကျွန်တော့်ဆီရောက်လာရင်၊ ကျွန်တော်နဲ့ သက်တူရွယ်တူတစ်ယောက်ယောက်ကသာ စိတ်ဝင်စားလာရင်၊ ဒါမှမဟုတ် ကျွန်တော့်ဆန္ဒကိုဖြည့်စည်းဖို့ မိန်းကလေးတစ်ယောက်ယောက်နဲ့ ဖြစ်သွားခဲ့ရင်၊ အဲ့ဒီလို အဲဒီလိုတွေ တွေးပူနေတာမဟုတ်လား?"
"ကိုယ်က ..."
"ဟင့်အင်း၊ အဲဒီလိုတွေးမိလို့လည်း ကျွန်တော့်ကိုမတောင်းပန်ပါနဲ့။ ကျွန်တော့်ကိုချစ်လို့ သဝန်တိုတာမို့ ကျွန်တော်ကျေနပ်တယ်။ ကျွန်တော့်ကိုလက်မလွှတ်ချင်လို့ တွေးပူတာမို့ ကျွန်တော်သဘောကျတယ်။ ဒါပေမဲ့ တွေးမပူပါနဲ့၊ ကျွန်တော်က ဦးတစ်ယောက်တည်းကိုပဲ မြင်တာပါ။ ကျွန်တော်ခြေလှမ်းမှားလို့ ကျွန်တော့်ကို လှောင်အိမ်ထဲထည့်ပိတ်ထားရင်တောင် ပျော်ပျော်ကြီး နေပစ်လိုက်မှာ။ ဘာလို့ဆို အဲဒီအမှားကို ကျွန်တော်သတိထားမိလာရင် ဦးအပေါ်ဖောက်ပြန်မိတယ်ဆိုတဲ့အတွေးက နောင်တတွေ တသီကြီးရတော့မှာလေ။ အဲဒီတော့ ကျွန်တော်ဖောက်ပြန်ချင်လာရင် လွှတ်မပေးလိုက်ပါနဲ့။ တင်းတင်းကျပ်ကျပ်ချည်နှောင်ပစ်လိုက်ပါ"
"I love you that much, Bambino."
"အ! အား ... ယုတ်မာလိုက်တာဗျာ။ အဲဒီလိုကြီး ထည့်ပစ်လိုက်ရသလား?"
"အင်းပေါ့၊ အခုက ကိုယ်တို့ချင်း နားလည်မှုရပြီးသွားပြီလေ။ ခုနကကိစ္စကို ပြန်စရမှာပေါ့။ Break time ကပြည့်ပြီကွ"
"အာ့ ... အာ့ ... အတင်းကြီး ... ပင့်လုပ်မနေ ... အ!"
"ခေါင်းအုံးပေါ်မှောက်လိုက် Bambino"
°°ဒီလူကြီး တော်တော်ကြာနေပြီ၊ မပြီးနိုင်သေးဘူးလား?°°
ပြောသာပြောရသည်။ ကျွန်တော်သည်လည်း ဦးလုပ်ပေး၍ပြီးသွားပြီးနောက် ပြန်မာလာသည်မှာ ဦးအဖက်မလုပ်သ၍ ပြေလျော့မည်မထင်ပေ။
"ဟင်း ..."
အတွေးမဆုံးမီ ခန္ဓာကိုယ်အောက်သို့ ဦးလက်ကရောက်လာပြီး လူဆိုးလေးကို ချော့မြှူလာသည်။ နောက်ဘက်တွင်လည်း အလှုပ်ရှားမပျက်ပါ။
"အား ... ပြီးတော့မှာလား?"
"ထင်တာပဲ၊ ဦးရော"
"ပြီးလိုက်ရတော့မလား?"
"ဘယ်လိုတွေထိန်းထားတာလဲ? ကြာနေပြီလေဗျာ"
"မကြိုက်ဘူးလား?"
"ကြိုက်တယ်။ ဒါပေမဲ့ မရတော့ဘူး။ အတူတူပြီးရအောင်၊ ကျွန်တော်ပြီးချင်နေပြီ"
"ဟုတ်ပြီလေ၊ စိတ်လျှော့လိုက်တော့မယ်နော်။ အား ... မင်းလေးက အရမ်းမိုက်တော့ မလွှတ်ပေးချင်ဘူး"
"ဟမ့် ... ကျိန်းနေပြီဗျ။ မိန်းကလေးသာဆို အဲဒီလောက်ကြမ်းနေရင် မခံနိုင်လောက်ဘူး"
"ကိုယ်ယောက်ျားယူထားတာလေ။ အ ... ဟား ... ကိုယ့်ယောက်ျားလေးက အရမ်း ... အရမ်းကောင်းတယ်"
"ဟား ... ခင်ဗျား တော်တော်ဆိုးတာ။ အွန်း ... မြန်မြန်လေး ... မြန်မြန် ..."
စိတ်လျှော့လိုက်တော့မည့်လူသည် နောက်ဆယ်မိနစ်ခန့်ကြာ၍ သူ့လက်ထဲကျွန်တော်ပြီးသွားသည်အထိ ပက်လက်ဖြစ်နေသည့်ကျွန်တော့်ကိုယ်ပေါ်တွင် သောင်းကျန်း၍ ကောင်းနေဆဲ။
လက်ထောက်ကာ ထထိုင်ရန်ကြိုးစားသည့်အခါ အတွင်းသို့ပိုရောက်သွား၍ ကျွန်တော့်ကျောပြင်ကိုဖက်ကာ ရင်ချင်းအပ်ပြီးလှုပ်ရှားလိုက်ရင်းမှ မြန်သထက်မြန်လာသည်။
ခဏအကြာတွင် ကျွန်တော့်ကိုယ်အတွင်းသို့ အရည်တချို့ဝင်ရောက်လာပြီး ဦး၏လှုပ်ရှားမှုများက အရှိန်လျော့လာသည်။ သို့ပေမဲ့ တစ်ချက်တစ်ချက်ဆောင့်သွင်းပြီး အလုပ်ကိုလက်စသတ်နေသေးသည်။
အသံထွက်မညည်းချင်တော့သည့်အတွက် ဦးပခုံးကိုသာ ကိုက်ထားမိသည်။
အလုံးစုံရပ်တန့်သွားပြီးသည်အထိ ကျွန်တော့်ကိုဖက်ထားဆဲ။ ရုန်းထွက်ကာ ပက်လက်လှဲချလိုက်တော့ အုပ်မိုးလိုက်ပါလာပြီး
"မထုတ်ချင်သေးဘူး"
"ဟူး ... မထုတ်နဲ့ဗျာ"
ကျွန်တော့်ကိုပြုံးပြပြီး ပါးချိုင့်နှင့်ချွေးသိပ်ပြန်ပါသောကြောင့် အမှတ်မရှိသည့်ကျွန်တော် ပျော်ဝင်မြဲ ပျော်ဝင်ဆဲ။ သူ့အနမ်းတွေကိုတုံ့ပြန်နေရင်း ပိုမိုမွတ်သိပ်လာ၍ အငမ်းမရစွာနမ်းနေမိချိန် ကျွန်တော်ခံစားမိသည်က
°°ဟင့်အင်း၊ မဖြစ်ဘူး°°
ဦးကို အတင်းတွန်းပစ်လိုက်ပြီး
"ခင်ဗျားကြီး ... ခင်ဗျားကြီး အခုဖယ်။ ပြန်ထလာပြန်ပြီ၊ ဘူးနိုင်လွန်းတယ်။ ဖယ်တော့"
"ဟို ... မလှုပ်ဘူးလေ။ ထပ်မလုပ်ဘူးလေနော်။ ဒါပေမဲ့ ဒီတိုင်းလေးအိပ်ပါရစေကွာ"
"ရမလား? မနက်ကျရင် ကျွန်တော်သေလိမ့်မယ်။ ဖယ်"
"ခွင့်ပြုပါကွာ။ လိမ္မာပါတယ်"
"အဲဒါဆို မနက်ကျ Morning Exercise လို့ လာမလုပ်နဲ့"
"အမ်၊ မနက်ဖြန် အလုပ်ပိတ်တယ်လေ"
"အဲဒါဆို အေးဆေးနားလေ။ ကျွန်တော့်ကိုတော့ အလွတ်ပေးလိုက်"
"အဲဒါဆို အခု နောက်တစ်ခေါက်"
"ကျွန်တော်လုပ်ရမယ်ဆို နောက်တစ်ခေါက်စတာပေါ့"
"ကိုယ့်ထက်အကြီးကိုကွာ၊ အနိုင်မကျင့်ချင်စမ်းနဲ့။ ငရဲကြီးလိမ့်မယ်"
"ဘောလုံးမို့ ငရဲကြီးမှာလား? အိမ်ဦးနတ်က Bottom မထိုင်ရဘူးလို့ ဘယ်ကဥပဒေရှိလဲ?"
"သိတတ်လိမ္မာတဲ့ကလေးတွေက အဲဒီလိုတွေ လိုက်နာတယ်"
"I'm good at being bad guy."
"တော်တယ်ဆိုတော့ ဆုချရတာပေါ့"
"အား ... Shit! ဖယ်တော့"
အတင်းတွန်းထုတ်ကာ ဖယ်ပစ်လိုက်ပြီး ထထိုင်လိုက်မိသည်က ကျွန်တော့်အမှား။
"ဟာ့၊ ကျိန်းစပ်နေပြီ။ သောင်းကျန်းလွန်းတယ်"
"လာပါ၊ ဆေးထည့်ပေးမယ်"
"Don't touch me."
"ချာတိတ်ကလည်းကွာ"
"ဦးကလည်းဗျာ"
"ဟား ဟား ... ဘာလဲ?"
"တစ်ခါလောက်ပေးလုပ်ပါ"
"ခက်နေပြီ"
"မခက်ဘူးလို့။ အခု အိမ်ထောင်သက်နှစ်နှစ်အတွင်း ဦး ဘယ်နှဂိုးတောင်သွင်းပြီးပြီလဲ? တစ်ခါလေးတော့ ငြိမ်ငြိမ်လေးနေပေးပါလား?"
"မင်းလေးက လုပ်ဖူးလို့လား?"
"မလုပ်ဖူးလို့လေ"
"အဲဒါဆို လုပ်မနေနဲ့"
"ကိုယ်ချင်းမစာတာ"
"အေးကွာ၊ Anni ကျမှဆက်ပြော"
"တကယ်လား? သေချာလား? ကတိလား?"
"အင်း"
"အင်းမနေနဲ့။ ကတိပေးလား?"
"ဟာကွာ"
"ပြောစမ်းပါ"
"အေးဆို"
"မရဘူး။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ ကတိပေးလား?"
"တကယ်ပါပဲ ချာတိတ်ရာ"
"ကတိပေး"
"ဟား ... ကတိကွာ၊ ကတိ"
"ရေး ဟေး ..."
ကျွန်တော်ဘာကြောင့်ထခုန်မိသလဲ သိကြလား? ကျွန်တော့်ရဲ့ဦးကလေ သူမလုပ်ပေးနိုင်ရင် ဘယ်တော့မှ ကတိမပေးဘူး။ တွေ့ကြသေးတာပေါ့ အိမ်ဦးနတ်ကြီးရေ။
"အခုလာတော့"
°°လူလည်ကြီး တစ်ချက်မှအလွတ်မပေးဘူး။ ဘယ်တတ်နိုင်မလဲ? ဒီညတော့ ခင်ဗျားသဘောအတိုင်းပေါ့ဗျာ°°
သူ့အချစ်တို့သည် ကျွန်တော်အမက်မောဆုံး ရတနာတစ်ပါး။
¤
"ဦး"
"ချာတိတ်"
"အဲဒါဘာဖြစ်နေကြတာလဲ?"
"ဘာဖြစ်လို့လဲ? စာရင်းစစ်နေတာလေ။ ဘယ်ကလှည့်လာတာလဲ ချာတိတ်?"
"အားနေလို့ ဒီကိုပဲလာတာ"
"ကဲ၊ မောင်လေးလည်း ရောက်လာပြီဆိုတော့ အေးအေးဆေးဆေးစကားပြောကြပါ။ စာရင်းလည်း ပြီးပြီဆိုတော့ ကျွန်မကိုခွင့်ပြုပါဦး MD. အစည်းအဝေးကိစ္စတော့ စိတ်ချလိုက်ပါ"
"ကျေးဇူးတင်ပါတယ်ဗျာ"
စာရင်းစစ်နေသည်က ဤမျှလောက်ပူးကပ်နေစရာလိုသည်လားဟု ကျွန်တော်မေးလိုက်ချင်ပါသည်။ သို့သော်
"ကိုယ် အခုပဲ နေ့လယ်စာသွားစားတော့မလို့။ အတူသွားရအောင်လေ"
"အင်း"
"ကဲ၊ အစားအသောက်တွေကို ဒီတိုင်းထိုင်ကြည့်နေတော့မှာလား?"
"စားမှာပေါ့ဗျ"
"ဘာပြောစရာရှိလို့ ရုံးကိုလိုက်လာတာလဲ?"
"ကိစ္စမရှိရင် မလာရဘူးလား?"
"ချာတိတ်ရေ၊ ညနေပို့ရမယ့်စာရင်းတွေလွဲနေလို့ အသည်းအသန်ပြန်ပြင်နေရလို့ပါကွာ။ အဲဒီလောက်လည်း နီးကပ်မနေပါဘူး"
"အင်း၊ အကျင့်ပါနေတာနေမှာပေါ့"
"အမ်၊ ဘယ်လိုရှင်းပြရပါ့"
"နေပါတော့ဗျာ။ စားစရာရှိတာ စားပါတော့"
နေ့လယ်စာစားပြီး ကျွန်တော်တစ်ယောက်တည်း အိမ်ပြန်လာခဲ့သည်။ ဘာကိုစိတ်တိုမိသလဲဆိုသည်ကို သေချာမသိပါ။ ကျွန်တော်သိသည်က နေ့လယ်ပိုင်းတွင် ဟိုတစ်ရက်က Lady နှင့် ချိန်းထားသည်ဟုသာ။ တကယ်တမ်း ရုံးခန်းထဲတွင်တွေ့ရသည်မှာ ဦးက ဒါရိုက်တာအဖွဲ့ဝင်မမတစ်ယောက်နှင့် ခေါင်းချင်းဆိုင်နေခြင်း။
အဘယ့်ကြောင့်များ သည်လူကြီးအနားတွင် အမျိုးသမီးလှလှများ ရှိနေရသနည်း?
*Ring Ring*
"ဘာလဲကွာ?"
"ဟ! အသားလွတ်ကြီး အော်နေရသလား? ဟိုတစ်ပတ်ကထွက်တဲ့ Shoes လေ၊ အဲဒါသွားကြည့်မလို့ မင်းကိုခေါ်တာ"
°°ဟုတ်တယ်၊ သွားကြည့်မယ်။ သဘောကျသမျှ ဟိုလူကြီးကတ်နဲ့ဝယ်မယ်။ အိမ်ကယောက်ျားကို သတိမထားမိတဲ့လူ၊ တွေ့ကြသေးတာပေါ့°°
¤
"ချာတိတ်၊ မင်းဘယ်မှာလဲ? လာခဲ့စမ်းပါဦး ဒီကို"
"ဘာတွေဖြစ်လာတာလဲ ဦး။ အလုပ်ဆင်းတာကလည်း နောက်ကျလိုက်တာ။ ကျွန်တော်ဖုန်းခေါ်တာလည်း မကိုင်ဘူး"
"မင်းက ဖုန်းခေါ်ဖို့အားသေးတယ်ပေါ့"
"ဘာကိစ္စ မအားရမှာလဲ? ခင်ဗျားသာ ဖုန်းမကိုင်နိုင်အောင် အလုပ်များနေတာ"
"ငါ အလုပ်လုပ်နေတာ။ မင်းလို လူတကာနဲ့အလေလိုက်နေတာမဟုတ်ဘူး"
"ဘာဖြစ်တယ်? ကားပေါ်မှာ Lady အလန်းစားတစ်ယောက်တင်ပြီး ဘာအလုပ်ကိုသွားလုပ်နေတာလဲ?"
"အေး၊ အလုပ်ကိစ္စစကားပြောရင်း ညနေစာသွားစားကြတာကို မင်းကိုယ်မင်းနဲ့နှိုင်းပြီး မရိုင်းနဲ့ကွ"
"ကျွန်တော်က ဘာရိုင်းလို့လဲ?"
"ဘောင်းဘီဝယ်ကြတာလား၊ လူကြားထဲ ကလိနေကြတာလား မသဲကွဲဘူးလေ"
"အဟက်၊ ခင်ဗျားက အဲဒီမျက်စိနဲ့ကြည့်မှတော့ အဲဒီလိုပဲမြင်မှာပေါ့"
"ဘယ်မျက်စိနဲ့ကြည့်ကြည့် မင်းတို့အနေအထိုင်တွေကိုက မဟုတ်တာကွ"
"ကျွန်တော်တို့က လူမြင်ကွင်းမှာ ဘာမှဖြစ်စရာမရှိဘူး။ ခင်ဗျားတို့သာ သီးသန့်ခန်းထဲမှာ ဘာဖြစ်နေမှန်းမသိရတာ"
"မမိုက်ရိုင်းနဲ့။ မင်း ငါ့သိက္ခာကို မစော်ကားနဲ့"
"ခင်ဗျားပြောနေတာကျ ကောင်းသလား? အဲဒီအမျိုးသမီးတွေနဲ့ ပလူးနေတာ ကောင်းသလား?"
"မင်း!"
"ဆက်ပြောလေ၊ ခင်ဗျားကိုကြည့်လိုက်ရင် တစ်ယောက်မဟုတ်တစ်ယောက်နဲ့ ပူးကပ်နေတော့တာ"
ညနေက အပြင်မှာမြင်လာသမျှကို တစ်ယောက်တစ်ခွန်းအပြစ်တင်ကာ ကျွန်တော်သည်လည်း ဘာမှမမြင်တော့ဘဲ စွပ်စွဲပြောဆိုနေမိသည်။ သို့သော် ဦးဘက်က လက်နှင့်ရွယ်လိုက်ချိန်တွင်တော့
"ထိုးမလို့လား? အဟင်း၊ လုပ်လိုက်လေ"
"တောက်၊ စိတ်ပျက်စရာ"
ပြောပြီး လက်ပြန်ရုတ်သွားသည့် ဦး။
"စိတ်ပျက်တယ်? ငြီးငွေ့နေပြီပေါ့။ ဟုတ်ပါတယ်၊ သူတို့လို ကောက်ကြောင်းလှလှတွေနဲ့ မဆွဲဆောင်နိုင်ဘူး။ သူတို့လိုလည်း လုပ်ငန်းကိစ္စတွေမှာ အကူအညီမရဘူး။ ပွဲတက်ဖို့လည်း မတင့်တယ်ဘူး၊ လူကြားထဲလည်း ထုတ်ပြလို့မကောင်းဘူး။ ဒီကြားထဲက မထင်ရင်မထင်သလို ရုံးရောက်ဂတ်ရောက်နဲ့ ပြဿနာရှာ အရှက်ခွဲသေးတယ်။ သူများတွေလို မိသားစုသိုက်သိုက်ဝန်းဝန်း ..."
"တော်တော့ ချာတိတ်"
"မတော်နိုင်ဘူး။ ကျွန်တော့်လိုအပ်ချက်တွေကို နားလည်ပေးနိုင်မယ်လို့ပဲ ထင်ထားခဲ့မိတာ။ အတင်းတွယ်ကပ်နေတဲ့ကလေးတစ်ယောက်လို မဖြစ်ချင်တော့ဘူး။ ခင်ဗျားဆုံးဖြတ်ချင်သလို ဆုံးဖြတ်တော့"
"ဘာကိုဆုံးဖြတ်ရမှာလဲ? မင်းပဲစခဲ့တဲ့ဇာတ်လမ်းလေ။ အခုမှ ငါ့ကိုရမယ်မရှာနဲ့"
"ဟုတ်ပါတယ်၊ ကျွန်တော်စခဲ့တာ၊ ကျွန်တော်ကပဲ မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်တာပါ"
ကျွန်တော့်ကိုငေးကြည့်နေသော ဦးရှေ့မှ ထွက်လာခဲ့လိုက်သည်။
ခြံထဲကခုံတွင် ထိုင်နေမိသည်မှာ မည်မျှကြာသွားသည်မသိ။ ဖုန်းက Alarm မြည်လေမှ ညဆယ့်နှစ်နာရီကျော်ပြီကို သတိထားမိရသည်။
ယနေ့သည် နှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ပင်။
ညသန်းခေါင်ကျော်၍ နောက်တစ်ရက်ကူးချိန်တွင် ဦးကို Surprise လုပ်မည့်အစီအစဉ်တွေသည် ကြက်ပျောက်ငှက်ပျောက်။ ရေခဲသေတ္တာထဲမှ ကိတ်မုန့်သည်လည်း ခဲတောင့်နေပေတော့မည်။ ညနေကမှဝယ်လာသည့် Couple Watches တို့သည်လည်း ဝယ်လာသည့်အထုပ်ထဲတွင်ပင် ကလေးတစ်ယောက်မွေးနေလောက်ပြီ။ ခြံထဲထွက်ထိုင်နေသည့် ကျွန်တော့်ကိုတော့ ဦးက အဖက်လုပ်ပြီး ထွက်မခေါ် .....
"Bambino"
မဟုတ်ဘူး။ ကျွန်တော်မှားပြောတာ၊ ဦးထွက်လာခေါ်တယ်။
"ကိုယ်တောင်းပန်ပါတယ်၊ လက်နဲ့မရွယ်လိုက်သင့်ဘူး။ ကိုယ် လူကြီးမဆန်ဘူးဖြစ်သွားတယ်"
အဝတ်အစားမလဲရသေးဘဲ ရှပ်ကြယ်သီးသုံးလုံးဖြုတ်ထားပြီး အင်္ကျီစတွေက ဘောင်းဘီအပြင်ဘက်ရောက်နေသည်။ ပွယောင်းယောင်းဆံပင်တွေနှင့် ဦးမျက်ဝန်းများက နီစွေးစွေး။
သူ့မျက်လုံးကိုသူပွတ်သပ်လိုက်သည့် ဦးလက်တွေမှာ သွေးစများ။
"ချာတိတ်၊ ကိုယ်တောင်းပန်ပါတယ်။ အိမ်ထဲဝင်ရအောင်ကွာ။ သန်းခေါင်ကျော်နေပြီ"
ကျောခိုင်းလိုက်တဲ့ကျွန်တော့်ကို နောက်ကနေသိုင်းဖက်လိုက်တဲ့ဦးရင်ခွင်ထဲ ကျွန်တော့်ခန္ဓာကိုယ်က အရင်လိုအံဝင်ခွင်ကျဖြစ်မနေပါ။
"အိမ်ထဲဝင်ကြမယ်လေ"
အတောင့်လိုက်ငြိမ်နေသည့်ကျွန်တော့်ကို ဦးကဆွဲလှည့်ရန်ပြင်သော်လည်း
"မဝင်ချင်သေးဘူး"
"အပြင်မှာထိုင်နေတာ ကြာပြီလေကွာ။ လာပါ၊ အထဲဝင်ကြစို့။ အထဲရောက်မှ ဆက်ပြီးစိတ်ကောက်ပါ"
"ဘာကိစ္စ စိတ်ကောက်ရမှာလဲ?"
"အာ ... စိတ်ဆိုးတာ"
"စိတ်မကောင်းတာ"
ပြောပြီး ဦးအနားမှခွာကာ အိမ်ထဲသို့ဝင်ခဲ့လိုက်သည်။ နောက်မှလိုက်လာသည့်ဦးက အိမ်ထဲရောက်သည်နှင့် ကျွန်တော့်ကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေပြီး
"တောင်းပန်ပါတယ်။ ကိုယ်က သဝန်တိုလို့ပြောမိတာပါ"
"ကျွန်တော်က စိတ်ပျက်စရာကောင်းတယ်လေ"
"မဟုတ်ဘူး၊ စိတ်ဆိုးလို့ပြောမိတာ"
"ကျွန်တော်က ရိုင်းတယ်"
"တစ်ခါတလေ ဒေါသကြီးတာပါ"
"ကျွန်တော်က အတင်းတွယ်ကပ်နေတာ"
"အဲဒါကြောင့်ပဲ ကိုယ်လည်း အချစ်ကိုရှာတွေ့ခဲ့တာ"
"ကျွန်တော်က ..."
"အဲဒီကျွန်တော်က ကိုယ့်အရပ်ကိုမီတော့မယ်။ ကိုယ့်အလုပ်တွေကို ကူညီနိုင်တော့မယ်လေ"
"မနှစ်သိမ့်ပါနဲ့။ ခင်ဗျားမလိုချင်တော့ရင် စကားလုံးလောက်နဲ့ နှစ်သိမ့်ဖို့ မတွေးပါနဲ့တော့"
"ဘယ်သူက မလိုချင်ဘူးပြောလို့လဲ?"
"စိတ်ပျက်တယ်ဆို?"
"အဲဒါကို စိတ်မကောင်းဖြစ်သွားတာ သိပါတယ်။ ကိုယ်ဘယ်လိုတောင်းပန်ရမလဲ?"
"စိတ်ရှိလက်ရှိ ရိုက်ပစ်ချင်တာ"
"အင်း၊ သဘော"
"အားရပါးရ ပိတ်ထိုးပစ်ချင်တာ"
"ရပါတယ်"
"ဟမ့်၊ ကျွန်တော်ငရဲကြီးမှာပေါ့။ ကျွန်တော့်ကိုအနိုင်ကျင့်ပါတယ်လို့ အဖေနဲ့သွားတိုင်မှာ"
"အင်း၊ ရတယ်"
"အဖေကစိတ်ဆိုးပြီး ရှယ်ယာတွေပြန်ထုတ်သွားရင် ကျွန်တော့်အသုံးစရိတ်ထိခိုက်မှာလေ"
°°ဦးကရယ်နေတယ်။ ကျွန်တော်စိတ်ပြေသွားပြီဆိုတာ ဦးလည်းရိပ်မိမှာပါ။ ဒါပေမဲ့ ကျွန်တော်ရစ်ချင်သေးတယ်°°
"တစ်ပတ်လောက် အိမ်ပြန်နေရမယ်"
"တစ်ပတ်လား? ရတယ်၊ ကိုယ်ပါလိုက်နေမယ်"
"မခေါ်ပါဘူး"
"အဲဒါ ယောက္ခမကြီးအိမ်လေ။ သူခွင့်ပြုရင် ကိုယ်နေလို့ရတယ်"
"အဲဒါ ကျွန်တော်အမွေရမှာပဲမို့ ကျွန်တော်လည်းပိုင်တယ်"
"လင်ပစ္စည်း၊ ယောက်ျားတစ်ဝက်ပိုင်လို့ ကိုယ်နဲ့လည်းဆိုင်တယ်"
"အဲဒါဆို ဒီအိမ်ကို ကျွန်တော်တစ်ဝက်ပိုင်လို့ အပေါ်ထပ်တစ်ထပ်ကျွန်တော်နေမယ်။ ခင်ဗျားက အောက်ထပ်မှာပဲနေ။ အပေါ်တက်မလာနဲ့"
"လှေကားလည်း တစ်ယောက်တစ်ဝက်မို့ တစ်ဆစ်ချိုးအထိ ကိုယ်တက်လို့ရတယ်"
ဒီလူကြီး စကားတတ်တိုင်း ပြိုင်ရစ်နေပါပြီ။
"ရတယ်လေ၊ နောက်တစ်ဆစ်ချိုးကို တက်မလာနဲ့"
"ရတယ်လေ၊ အောက်ထပ်ကမီးဖိုချောင်ထဲ ဝင်မလာနဲ့။ အပြင်ထွက်ရင်လည်း ဝရန်တာကဆင်းပေါ့"
ဒါတော့များသွားပြီ။
"ကျွန်တော်စိတ်ကောက်နေတာနော်"
"အာ ... ဒါဆိုချော့ရမှာပေါ့။ တစ်အိမ်လုံးအပိုင်ပေးတယ်ကွာ။ ကိုယ်တို့အိပ်ခန်းလေးပဲ ကိုယ့်ကိုဝင်ခွင့်ပေး"
ဪ၊ မှတ်သားစရာ ချော့နည်းကြီးပါပေ။
"မရသေးဘူးလား? ဟိုတလောကထွက်တဲ့ Notebook လေးနဲ့ ချော့ရင်ရော"
Notebook? သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ မသိသလိုပြန်နေလိုက်တော့
"ဟိုနေ့ကပြောတဲ့ ပြိုင်ကားနက်ပြာလေး"
ပြိုင်ကား? မရတော့ဘူး၊ အရည်ပျော်ကျတော့မယ်။ ဒါပေမဲ့ မူမယ်။
"Bambino, ဒီနေ့က Anniversary နေ့လေကွာ။ စိတ်ကောက်ပြေတော့နော်"
"................."
"စိတ်ကောက်နေတာဆိုတော့ ကိုယ်ပေးမယ့်လက်ဆောင်ကို မယူတော့ဘူးလား?"
"................"
"ကိုယ်ပေးထားပြီးသား အထူးလက်ဆောင်ကို တကယ်မယူဘူးလား?"
"ပေးထားပြီးသား?"
"အင်း၊ မယူလည်းနေပါတော့လေ"
ပြောပြီး အခန်းရှိရာသို့တက်သွားလေသော ဦးကိုကြည့်ကာ ကျွန်တော်အတွေးများသွားသည်။
ပေးပြီးသား ...
Anniversary အတွက် ...
အထူးလက်ဆောင် ...
ပေးပြီးသား ကတိတစ်ခု ...
"ဦး! ဟာ၊ နေဦးလေ။ ဦးရေ ..."
အခန်းထဲရောက်တော့ ရေချိုးခန်းဆီဦးတည်နေသောဦးကို ပြေးဖက်လိုက်ပြီး
"ယူမှာ၊ အဲဒီလက်ဆောင်ကို သဘောကျတယ်"
"ရေချိုးရဦးမယ်။ တစ်ကိုယ်လုံး ချွေးတွေချည်းပဲ"
"ပြီးတော့ လက်မှာသွေးတွေနဲ့။ ဘာလို့ နံရံကိုထိုးတာလဲ?"
ဦး၏ညာဘက်လက်ကိုကိုင်၍ ကျွန်တော်မေးလိုက်သည်။
"မင်းလေးကို လက်နဲ့ရွယ်မိလို့။ မင်းလေးကိုထိခိုက်အောင်လုပ်မယ့်သူဆို ကိုယ်ကိုယ်တိုင်ဆိုလည်း ခွင့်မလွှတ်ဘူး"
"အား ... ဖြည်းဖြည်းခြွေပါ ဦးရေ။ ကျွန်တော်က အစတည်းကကြွေပြီးသားမို့"
ခေါင်းကိုမော့ကာ မျက်တောင်တွေကိုပုတ်ခတ်လိုက်ပြီး ကျွန်တော်အော်လိုက်မိသည်။ ပျော်လွန်းလို့ မျက်ရည်တွေဝဲတက်လာသည်လေ။
ဦးက ကျွန်တော့်နဖူးကိုနမ်းပြီး ရေချိုးခန်းသို့ဝင်သွားလေပြီ။ မလှုပ်မယှက်နှင့်ကျန်နေခဲ့သူမှာ ကျွန်တော်သာ။
သူ့အကြင်နာတွေသည် ကျွန်တော့်ကိုအနှောင်ဖွဲ့ဆုံး ကြိုးတစ်ချောင်း။
"ဦး"
"အမ်း၊ ဘာဝင်လုပ်တာလဲ? စိုကုန်မယ်လေ"
"လက်ဆောင်လာယူတာ"
"ဟမ်? လောလိုက်တာ"
"မရတော့ဘူး"
"ဟား ဟား၊ Come here, Bambino"
"ကျွန်တော် မညှာဘူးနော် ဦး"
ထိုညက ရေချိုးခန်းထဲမှတေးသံသာများပြီးနောက် အခန်းထဲမှခုတင်ကြီးထက်၌ ဦး၏ Anniversary လက်ဆောင်နှင့်မကာမိအောင်ပင် ဦးလက်ထဲတွင် ကျွန်တော်ကျရှုံးခဲ့ရပြန်သည်။
ကျွန်တော့်အချစ်တို့သည် ဦးအမြတ်နိုးဆုံး သံစဉ်တစ်ပုဒ် ဖြစ်ပါရစေ။
~~~~~~~~~~ The End ~~~~~~~~~~

Коментарі