Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (1)
ေအးခ်မ္းလွသည့္ ၿခံဝန္းက်ယ္တြင္ ေက်းငွက္တို႔၏ေတးသံသာထက္ အသက္ႏွစ္ဆယ္ေက်ာ္လူငယ္တစ္စု၏ကစားဝိုင္းအသံက ထိုၿခံဝန္းက်ယ္အား တန္ဆာဆင္ေနသည္။ ‌အနည္းငယ္သာတန္ဆာဆင္ေနျခင္းမဟုတ္.. ေလာဘတခ်ိဳ႕ျဖင့္ က်ယ္က်ယ္ေလာင္ေလာင္သာ..။

“ ဒီတစ္လွည့္ၿပီးရင္warning ေခၚၿပီေနာ္.. "

“ ဟုတ္ၿပီဗ်ာ.. "

ထိုစကားဆုံးၿပီးေနာက္ ကစားဝိုင္းရွိ လူေျခာက္ေယာက္ကို လင္းဖြဲ႕ေဝလိုက္သည့္ ဖဲခ်ပ္ႏွစ္ခ်ပ္စီ..။ ရလာေသာ ဖဲခ်ပ္ႏွစ္ခ်ပ္အားပြတ္ေနရသည္က အလင္ဖြဲ႕အဖို႔ရာ ထူးကဲေသာအရသာတစ္ခု..။ ပထမဦးဆုံးကတ္တြင္ေပၚလာသည္က Spade8..။ ၎ဖဲခ်ပ္အား ၾကည့္ေနခ်ိန္တြင္ အေရာင္‌ေတာက္လာသည့္ သူ၏မ်က္ဝန္းမ်ားသည္ ေလာဘတခ်ိဳ႕အေရာင္လႊမ္းေနသည့္ သူ၏ဘဝ၌အလွအပဆုံးေသာမ်က္ဝန္းမ်ား..။ ေနာက္ဆုံးဖဲခ်ပ္၏အစြန္းအစအား ၾကည့္လိုက္၍ ျဖစ္ေပၚလာေသာ သူ၏အၿပဳံးသည္ သူ၏ဘဝတြင္ အခ်ိဳမိန္ဆုံး..။ ထိုသို႔လွပသည့္ အၿပဳံးတစ္ပြင့္အား ဖန္တီးနိုင္သည့္ ဖဲခ်ပ္ေလးသည္ မည္မွ်လွေနသနည္း။

သိပ္လွတာေပါ့.. ေသခ်ာေပါက္အရမ္းလွတဲ့ ဖဲခ်ပ္ေလးေလ.. Spade A..။ တစ္ေလာကလုံးမွ အလွဆုံးေသာ သူေလးေပါ့..။ ဒီေလာက္လွတဲ့သူေလးကို ကြၽန္ေတာ္က ဆုမခ်ပဲေနနိုင္ေရာလား..။ ေသခ်ာေပါက္ အနမ္းလွလွေလးနဲ႕ ဆုေပးရတာေပါ့..။

“ အလင္းဖြဲ႕တို႔ကေတာ့ ဖဲခ်ပ္ေလးကိုဆုခ်ေနျပန္ၿပီ။ အရမ္းကံေကာင္းေနၿပီထင္တယ္ "

“ သူကိုင္ထားတဲ့ ဖဲခ်ပ္ေလး ျဖစ္ခ်င္လိုက္တာေနာ္ "

ကံေကာင္းသည္..။ ကံေကာင္းေနသည္က အလင္းဖြဲ႕ေလာ.. ဖဲခ်ပ္ေလာ..။ ပ်ိဳတိုင္းႀကိဳက္သည့္ ႏွင္းဆီခိုင္အသြင္ရွိသည့္ အလင္းဖြဲ႕မွ ဖဲခ်ပ္ကိုနမ္းလိုက္ျခင္းသည္ ထိုဖဲခ်ပ္ေလးအဖို႔ရာ အလြန္ကံေကာင္းလြန္းေနဟန္။ လိုခ်င္သူတိုင္းမရနိုင္သည့္ သူ၏အနမ္းတစ္ပြင့္ကို ဖဲခ်ပ္ေလးမွ မေတာင္းဆိုရဘဲ လိုလိုလားလားရလိုက္သည္။ မည္မွ်ကံေကာင္းလိုက္သနည္း။ ကံေလာင္းလွသည့္ ဖဲခ်ပ္ေလးအား ကစားဝိုင္းရွိ မိန္းမပ်ိဳတစ္ဦးက မနာလိုေနျပန္သည္။ မနာလိုခ်င္စဖြယ္ ေကာင္းလွစြာပင္.. အလင္းဖြဲ႕မွထိုဖဲခ်ပ္ေလးအား ပါးျပင္ထက္တြင္ ကပ္ထားေသးသည္။

“ ကဲ.. ကဲ.. ဆြဲလို႔ဝၿပီလား.. မင္းေလးတို႔ဆြဲလို႔ဝရင္.. ဒီကအလင္းဖြဲ႕ကလည္း တစ္ဝိုင္းလုံးရဲ႕ ေလာင္းေၾကးေလးေတြကို အပိုင္သိမ္းဖို႔ေစာင့္ေနပါတယ္ေနာ္ "

“ အို.. အလာသားပါလားကြ.. မင္းေလးရဲ႕ဖဲက ဘယ္ေလာက္လွေနလို႔လဲ.. "

“ ငါတြဲဖူးတဲ့ မိန္းမပ်ိဳလွလွေလးေတြထက္ကို ပိုလွတယ္.. "

“ တို႔ထက္လည္း လွတယ္ေပါ့ "

“ ေသခ်ာတာေပါ့.. "

“ အို.. မနာလိုလိုက္တာကြာ "

“ ဟက္.. ေအးေဆးေပါ့ "

“ ကဲပါ.. ထားေတာ့ မင္းေလးရဲ႕ ဖဲကိုျပေတာ့ "

“ အိုေခေလ.. ဒိုပါသတဲ့ဗ်ာ.. ဆေလးနဲ႕ေနာ္ "

တစ္ဝိုင္းလုံးရွိ ပိုက္ဆံမ်ားကို အၿပဳံးလွလွေလးႏွင့္ အပိုင္းသိမ္းေနသည့္အလင္းဖြဲ႕အား ဝမ္းသာေနသည့္ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ေနသူမွာ ေသြးသစ္ဦးပင္ျဖစ္သည္..။

“ မင္းက တကယ္ကို Luckyေလးပါကြာ "

“ တျခားလူေတြအဖို႔က မေကာင္းမႈမွာ ကံေကာင္းေနရတာက ႏြံနစ္ေနသလိုပဲ။ ဘယ္လိုပဲႀကိဳးစား ႀကိဳးစား.. အဲ့ဒီအေကာင္းမႈ‌ေတြမွာပဲ ဆက္ေနေနရဦးမွာပဲတဲ့။ ငါေလးအတြက္ကေတာ့ ေခ်ာကလက္ႏြံထဲ နစ္ေနရလိုပဲ..။ ခ်ိဳမိန္တယ္.. အရသာရွိတယ္။ ဘာလုပ္ဖို႔ ႀကိဳးစားၿပီး ႐ုန္းထြက္ေနေတာ့မွာလဲ..။ ၿငိမ္ၿငိမ္ေလးေနၿပီး အရသာထူးေတြကို ခံစားေန႐ုံေပါ့.. "

“ ဟုတ္ပါၿပီ.. မင္းအဆင္ေျပရင္ၿပီးေရာ "

“ ေျပတာမွ သိပ္.. သိပ္.. သိပ္ကို ေျပတာ "

“ ေအးပါကြာ "

မင္းၿပဳံးေနရင္ရၿပီ.. မင္းေပ်ာ္ေနရင္ရၿပီ.. ဒီေငြေတြက မင္းအတြက္လုံေလာက္ၿပီဆိုရင္ ငါေက်နပ္ၿပီ။

ေသာ္တာတစ္ေယာက္ ဒိုင္ကိုင္ေသာအခါတြင္လည္း ရိုးရာအတိုင္းသာ အလင္းဖြဲ႕ကပင္ ဆက္လက္နိုင္ေနၿမဲ။ ေငြေလးဝင္လာသည္မို႔ အရွိန္ေကာင္းေနခ်ိန္တြင္ ၿခံထဲသို႔ ေရာက္လာသည့္ BMW ကားတစ္စီး...။ ထိုကားေပၚမွဆင္းလာေသာ လူႏွစ္ဦးသည္လည္း ခန႔္ညားမႈအျပည့္ႏွင့္။ ထိုသူတို႔၏ခန႔္ညားမႈအရွိန္အဝါတို႔ေၾကာင့္ေလာ တည္ၿငိမ္ေအးစက္မႈေၾကာင့္ေလာ.. မသိ.. ၿခံဝန္းထဲရွိကစားဝိုင္းေလးသည္လည္း တိတ္ဆိတ္သြားေလသည္။ တိတ္ဆိတ္သြားေသာ ကစားဝိုင္းေလးအား ထိုလူႏွစ္ဦး၏ ေအးစက္စက္အၾကည့္တို႔ ေရာက္ေနေလၿပီ။ ထိုတိတ္ဆိတ္မႈကိုစတင္ၿဖိဳခြဲလိုက္သူက ေသြးသစ္ဦးသာ..။

“ ဦးေလး.. ဘယ္လိုၿပီး.. ေန႕လယ္ႀကီးျပန္ေရာက္လာတာတုံး "

“ ကိစၥရွိလို႔..။ မင္းတို႔ကစားဝိုင္းက ၿပီးၿပီလား "

“ ဗ်ာ.. ဟုတ္ ဟုတ္.. ၿပီးၿပီ "

“ ၿပီးရင္ သိမ္းေတာ့.. ငါ့အလုပ္ကိစၥေတြဝိုင္းကူေပးဦး "

“ ဟုတ္.. "

စင္စစ္ အလုပ္ကူရန္ေခၚျခင္းမဟုတ္။ အလိမၼာျဖင့္ ဆူရန္ေခၚေနျခင္းသာ။ ယခုအခ်ိန္တြင္ ဆူလိုက္လွ်င္ သူငယ္ခ်င္းမ်ားအၾကား တူေတာ္ေမာင္မ်က္ႏွာပ်က္သြားမည္ကို ခန႔္ထည္သိပါသည္။ ထို႔ေၾကာင့္ မဆူရက္ေပ။

“ ေနာက္ၿပီေတာ့.. ဟိုကေလး အလင္းဖြဲ႕ "

“ ဗ်ာ.. "

“ မင္းလည္း မျပန္နဲ႕ဦး "

“ ဟုတ္ကဲ့ ဦးခန႔္ "

အလင္းဖြဲ႕တစ္ေယာက္ ခန႔္ထည္ကိုသာစကားျပန္ေျပာေနေသာလည္း အၾကည့္တို႔ကမူ ခန႔္ထည္ႏွင့္ပါလာေသာလူႀကီးထံတြင္..။

ဘာလဲ.. ဘာလို႔အဲ့ဒီေလာက္စိုက္ၾကည့္ေနတာလဲ.. သူ႕ကိုလည္းဘာမွမလုပ္ပဲ ဘလိုင္းႀကီး ေဒါသထြက္ေနသလို‌လူကိုလာၾကည့္ေနတယ္..။ မ်က္ေမွာင္ေတာင္ၾကဳတ္ထားေသးတယ္..။ What..

ခန႔္ထည္ႏွင့္ သူ၏သူငယ္ခ်င္းတို႔ အိမ္ထဲသို႔ဝင္သြားသည့္အခါ ၿခံထဲတြင္ အလင္းဖြဲ႕ႏွင့္ေသြးသစ္ဦးတို႔သည္ ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္၍က်န္ေနခဲ့သည္။ က်န္ေသာသူမ်ားကမူ ထြက္ေျပးကုန္ၾကေလသည္။

“ သြားပါၿပီကြာ.. ငါပါအဆူခံရေတာ့မွာလား မသိဘူး "

“ ငါ့ဦးေလးဆူတာက ေတာ္ေသးတယ္.. သူ႕ေဘးနားက ပါလာတဲ့တစ္ေယာက္ဆူရင္ ပိုဆိုးတယ္ "

“ ဘယ္လို... "

“ ဟုတ္တယ္.. လူပ်ိဳႀကီးေတြ ပစိပစပ္မ်ားတယ္ေလ.. "

“ အပ်ိဳႀကီးေလာက္ေတာ့ လုပ္ပါကြာ "

“ အိမ္ေထာင္မက်တာျခင္းအတူတူပဲကြာ။ ပစိပစပ္မ်ားတယ္ဆို မ်ားတယ္ေပါ့ "

“ ေအးေအး.. ထားေတာ့။ ဆက္ေျပာ.. ဘယ္လိုမ်ားတာလဲ "

“ သူကဖဲေဆာ့တာကို လုံးဝမႀကိဳက္ဘူး။ အေလာင္းကစားဆို ဘယ္အေလာင္းကစားမွမႀကိဳက္တာ သူက "

“ ဟုတ္လို႔လားကြာ.. "

“ ဟုတ္ပါတယ္ဆို.. ဟိုတစ္ခါက ငါ့လြယ္အိတ္ထဲကဖဲထုပ္မိတုန္းကဆိုရင္ ငါ့ကိုဆူတာ ေနာက္တစ္ေန႕ပါကူးတယ္ေနာ္။ အဲ့ဒီတုန္းက ဦးေလးကငါ့လြယ္အိတ္ကိုဖြင့္လိုက္တာကြာ.. သူရွိေနတဲ့အခ်ိန္ႀကီးမွာေပါ့။ အိတ္ထဲက ဖဲထုပ္ကိုေတြ႕ေတာ့ အဲ့ဒီေန႕က ငါ့ဘဝႀကီး ဇာတ္သိမ္းေတာ့တာပဲ "

“ ဦးခန႔္က မင္းဦးေလးလား.. သူကမင္းဦးေလးလား "

“ ငါ့ဦးေလးက သူမနိုင္လို႔.. အဲ့ဒီဘဲႀကီးလက္ထဲ လႊဲထားတာကြာ "

“ ဪ.. ဪ "

“ ဒီေန႕ေတာ့ မင္းပါသူ႕လက္ထဲအလႊဲခံရၿပီ "

“ မဆိုင္တာ.. "

“ မင္းမယုံရင္ ေစာင့္ၾကည့္ေနလိုက္ "

“ အိုေခေလ.. "

အိမ္ထဲသို႔ဝင္လာေသာအခါ ဧည့္ခန္း‌ထဲတြင္ အခန႔္သားထိုင္ေနသူမွာ ခန႔္ထည္၏သူငယ္ခ်င္းျဖစ္သည္။ မ်က္ႏွာမွာမူ ေအးစက္လ်က္သာ။ ထမင္းစားခန္းမွထြက္လာသူမွာ ခန႔္ထည္ပင္..။ မ်က္ႏွာတြင္မူ အၿပဳံးခ်ိဳခ်ိဳတစ္ခုက ခ်ိတ္ဆြဲထားသည္။

“ ကဲ.. ႂကြ ကိုယ္ေတာ္ေလးတို႔.. ေျပာပါဦး..။ ဖဲဝိုင္းကိစၥ "

“ အေပ်ာ္ပါ ဦးေလးရာ "

“ ဘယ္သူနိုင္လဲ "

“ အလင္းဖြဲ႕ "

“ အင္း.. ၿပီးေရာ.. ကစားတာေလွ်ာ့ပါကြာ "

“ ဟုတ္ "

“ ဟိုေကာင္ေလး.. အလင္းဖြဲ႕.. မင္းလည္းေလွ်ာ့ေနာ္ "

“ ဟုတ္ကဲ့ "

“ ငါက သိပ္မဆူဘူးေနာ္။ ဟိုကထိုင္ေနတဲ့တစ္ေယာက္က မင္းတို႔ကို ပိုဆူမွာ သိလား..။ သူကငါထက္ ပိုၿပီးစည္းကမ္းႀကီးေသးတယ္။ ေနာက္.. သူ႕ေရွ႕မွာ ဖဲ‌မေဆာ့မိေစနဲ႕။ သူေတြ႕သြားရင္ေတာ့ မင္းတို႔ႏွစ္ေကာင္ေသၿပီပဲ "

“ ကြၽန္ေတာ္နဲ႕က ဘာမွမဆိုင္ဘူးေလ ဦးခန႔္ "

“ မင္းက ငါ့တူရဲ႕သူငယ္ခ်င္း။ အဲ့ဒီေတာ့ မင္းလည္း ငါ့တူပဲ။ ငါ့သူငယ္ခ်င္းကလည္း မင္းရဲ႕ဦးေလးပဲ "

“ ဟြန္... မဆိုင္တာႀကီးကို "

ေသြးသစ္ဦး၊ အလင္းဖြဲ႕ႏွင့္ ခန႔္ထည္တို႔၏ စကားေျပာဆိုမႈကို သေဘာမက်သဴမွာ ခန႔္ထည္၏သူငယ္ခ်င္းပင္။

“ ခန႔္ထည္.. ဒါလား မင္းတူကို ဆူတဲ့ပုံစံက။ ဆူေနတာလား ေခ်ာ့ေနတာလား "

“ ေခ်ာ့တစ္လွည့္ ေျခာက္တစ္လွည့္ေပါ့ကြာ "

“ ငါျမင္တာကေတာ့ ေခ်ာ့ေနတာႀကီးပါပဲ "

“ မဟုတ္ဘူးေလကြာ.. ဒါကတျခားကိစၥေလးေတြရွိတယ္ "

“ အဲ့ဒါမင္းကိစၥ.. သူတို႔ကို ငါေျပာမယ္.. "

ေသြးသစ္ဦးဆိုခဲ့သည့္အတိုင္းပင္.. ပြားေတာ္မူခန္း စတင္ေလၿပီ။

“ ေသြးသစ္ဦး.. မင္းအသက္မငယ္ေတာ့ဘူးေနာ္။ အေပ်ာ္အ‌ပါးလိုက္ေနတာမ်ားေနၿပီ။ မင္းဘဝႀကီးကို ဒီလိုပဲျဖတ္သန္းေတာ့မွာလား။ မေကာင္းတာေတြနဲ႕ေပါင္းၿပီး မေကာင္းတာလုပ္ေနတယ္ "

ထိုစကားသည္ ေသြးသစ္ဦးကိုၾကည့္၍ေျပာျခင္းမဟုတ္။ ဂ်င္းေဘာင္းဘီဒူးၿပဲအက်ပ္၊ Hoddieအမဲႏွင့္ နားကြင္းမ်ားဝတ္ထားသည့္ အလင္ဖြဲ႕ကိုၾကည့္၍ေျပာျခင္းသာျဖစ္သည္။ ဤသည္ကိုအလင္းဖြဲ႕သိပါသည္။

“ ဟ.. မဟုတ္ေသးပါဘူး.. အခုမွေတြ႕တဲ့လူကို ဘလိုင္းႀကီး.. "

အလင္းဖြဲ႕၏စကားတို႔သည္ ထိုေနရာတြင္ရပ္တန႔္ကုန္သည္။ အေၾကာင္းမွာ ၾကားထဲမွဝင္၍ေတာင္းပန္ေသာ ခန႔္ထည္ေၾကာင့္သာ။

“ ဟိုး.. ဟိုး.. အလင္းဖြဲ႕ေရ.. ဦးေလးသူငယ္ခ်င္းေျပာတာကို စိတ္မဆိုးပါနဲ႕ကြာ။ သူကမင္းတို႔ကိုေကာင္းေစခ်င္လို႔ေျပာတာပါ "

“ ဦးခန႔္.. သူက.. "

“ ဟုတ္ပါတယ္.. မင္းေျပာခ်င္တာကို ဦးေလးသိတယ္.. ဟုတ္ၿပီလား။ သူကစကားအေျပာမတတ္တာပါ။ စိတ္ထားေတာ့ေကာင္းပါတယ္။ နာမည္က ဧကမာန္တဲ့ မွတ္ထားေနာ္..။ အခုေတာ့ ထမင္းစားခန္းထဲသြားေတာ့..။ ၾကက္‌ေၾကာ္ဝယ္ထားတယ္။ သြားစားေတာ့ "

မၾကည္ၾကည့္ႏွင့္ၾကည့္တာ ထမင္းစားခန္းသို႔ဝင္သြားေသာ အလင္းဖြဲ႕အား ဧကမာန္ဂ႐ုမစိုက္ပါ။

“ ဒီတစ္ခါေတာ့ ခဏေလးမဆူပါနဲ႕ဦးကြာ.. တျခားကိစၥရွိလို႔ပါ.. ငါမင္းကိုေျပာျပမယ္ "

“ ဘာလဲကိစၥလဲ "

“ ဟိုကေလး အလင္းဖြဲ႕က.. အထည္ႀကီးပ်က္အသိုင္းအဝိုင္းကကြာ။ ေကာင္ေလးက စိတ္ေကာင္းေတာ့ရွိပါတယ္။ မိဘေတြေၾကာင့္ ကေလးက နည္းနည္းပ်က္စီးခ်င္တယ္ကြာ။ ပ်က္စီးခ်င္တယ္ဆိုတာကလည္း ဖဲရိုက္တာေလာက္ပါပဲ။ သူတို႔တစ္မ်ိဳးလုံးနီးပါးက အဲ့ဒါကစားတာ ဝါသနာပါၾကတယ္ေလ။ သူလည္းဖဲကစားတာကိုစြဲသြားတာ မထူးဆန္းေတာ့ပါဘူး "

“ အဲ့ဒီေတာ့ "

“ ဖဲေတာ့ကစားတယ္ေပါ့ကြာ။ ဒါကလည္း သူ႕ေက်ာင္းစရိတ္ကို တစ္မ်ိဳးရွာ‌တာေပါ့။ အရင္ကခ်မ္းသာခဲ့ေပမဲ့ အခုက်ေတာ့စီးပြားေရးေတြလည္းပ်က္.. အေမကလည္းေနမေကာင္း.. အစ္မလုပ္သူရဲ႕လစာတစ္ခုတည္းနဲ႕ သူတို႔အိမ္ကရပ္တည္ေနရတာေလ။ သူ႕ေက်ာင္းစရိတ္ကာမိေအာင္ေဆာ့တာပါ "

“ မင္းကို ဘယ္သူေျပာလဲ "

“ ငါ့တူေျပာျပတာကြာ။ အစက အဲ့ဒီကေလးကိုေထာက္ပံ့ေပးဖို႔ ငါစီစဥ္ပါေသးတယ္။ အထည္ႀကီးပ်က္ဆိုေတာ့ မာနေလးကလည္းရွိတယ္သား။ ငါေထာက္ပံ့ေပးတာကို လက္မခံဘူးတဲ့‌ေလ။ အဲ့ဒါနဲ႕ပဲ သူ႕ဘာသာသူ ဖဲေဆာ့တယ္။ ရတဲ့ပိုက္ဆံကို ေက်ာင္းစရိတ္သုံးတယ္။ တျခားသူငယ္ခ်င္းေတြကလည္း အဲ့ဒါကိုသိတယ္။ သူနဲ႕ဖဲေဆာ့မယ္ဆိုရင္ နိုင္နိုင္ရႈံးရႈံး.. လိုလိုလားလားနဲ႕ကိုေဆာ့တာ။ ငါ့တူအပါအဝင္ေပါ့ "

“ မာနရွိတယ္.. လက္မခံဘူးဆိုရင္လည္း တျခားအလုပ္တစ္ခုခုရွာေပါ့ကြာ "

“ ေက်ာင္းမွမၿပီးေသးတာကြာ။ ေက်ာင္းၿပီးရင္လည္းတစ္မ်ိဳးေပါ့။ အခုတက္ေနတဲ့တကၠသိုလ္ကလည္း စက္မႈဆိုေတာ့.. အလုပ္ခ်ိန္နဲ႕ ေက်ာင္းအခ်ိန္နဲ႕က အဆင္မေျပဘူးေလကြာ "

“ ေနပါကြာ.. သက္သက္ အေၾကာင္းျပခ်က္ရွာတာ "

“ ထားပါကြာ.. ဒီေန႕ေတာ့မဆူနဲ႕ေတာ့.. ဟုတ္ၿပီလား..။ ငါတို႔အလုပ္ကိစၥေလးပဲ ဆက္ရေအာင္ "

“ ၿပီးတာပဲ "

ဤသည္မွာ ဧည့္ခန္းထဲရွိစကားဝိုင္း။ က်န္ရွိေနသည္က ထမင္းစားခန္းထဲရွိစကားဝိုင္း။

“ အဲ့ဒီဘဲႀကီး နည္းနည္းမွမမိုက္ဘူးကြာ "

“ ေအး.. ငါလည္းၾကည့္မရဘူး "

“ ငါတို႔သာ ၾကည့္မရတာ မင္းဦးေလးက ၾကည့္လို႔ရေနတယ္ေလ "

“ သူကေတာ့ရမွာေပါ့ကြာ။ ဦးေလးတို႔ကုမၸဏီကို အဲ့ဒီဘဲႀကီးက အမ်ားႀကီးကူညီထားတာ "

“ အဲ့ဒါက ဦးခန႔္ကိုကူညီတာေလ။ ငါနဲ႕ဘာဆိုင္လဲ။ ငါ့ကို သက္သက္ႀကီး ခြပ္သြားတာ "

“ ေအးပါကြာ စိတ္ေလွ်ာ့။ ဒါနဲ႕ ဒီေန႕ဘယ္ေလာက္ေပါက္သြားလဲ.. "

“ ႏွစ္သိန္း... "

“ မဆိုးဘူးပဲ.. "

“ အင္း.. စာအုပ္ဖိုးကာမိၿပီ "

“ အင္းပါ မင္းအဆင္ေျပရင္ ၿပီးေရာ.. အခုေတာ့ ဆက္စားလိုက္ဦး "

“ ၾကက္ေၾကာ္ေလးက ေမႊးေနတာပဲ.. အဲ့ဒါေတြေၾကာင့္ ဦးခန႔္ကိုခ်စ္တာ "

“ ဟာ.. ဟိတ္ေကာင္.. မင္းေနာ္.. ငါ့ဦးေလးကို "

“ ဘာျဖစ္လို႔လဲ.. ဦးခန႔္က တကယ္ခ်စ္စရာႀကီးပါကြာ..။ ဒီလိုလုပ္ပါလား ဖိတ္ခ်င္းဖိတ္ ကိုယ့္အိတ္ထဲဖိတ္ရေအာင္ မင္းဦးေလးကို ငါယူလိုက္ရမလား... "

“ မင္းေနာ္.. ငါ့ဦးေလးကို ေဂးဇာတ္မသြင္းနဲ႕ "

ဦးေလးျဖစ္သူကိုထိလွ်င္ နည္းနည္းမွ်ၿငိမ္မခံတတ္သည္က ေသြးသစ္ဦး၏ဗီဇ။ ေသြးသစ္ဦး၏ ေဒါသေၾကာင့္နီရဲလာေသာမ်က္ႏွာကို ျမင္ခ်င္သည္ကလည္း အလင္းဖြဲ႕၏ဗီဇ။

“ ဟား.. ဟား.. စတာပါကြာ။ ငါလည္း အဲ့ဒီဇာတ္ႀကီးကို စိတ္မဝင္စားပါဘူး..။ စိတ္မဆိုးနဲ႕ စိတ္မဆိုးနဲ႕.. "

“ ေအး.. ၿပီးတာပဲ "

“ ဒါနဲ႕... အဲ့ဒီလူပ်ိဳႀကီးမွာ ရည္းစားရွိလား "

“ အဲ့ဒါေတာ့ ငါလည္းမေမးမိဘူး..။ မင္းက ဘာျဖစ္လို႔ေမးတာလဲ "

“ ဒီအတိုင္း.. သိခ်င္လို႔ပါကြာ။ သူ႕ေကာင္မေလးဆိုရင္ ေတာ္ေတာ္အခ်ဳပ္အခ်ယ္ခံရမွာေနာ္။ သနားစရာ "

“ မင္းက ဘယ္လိုလုပ္သိလဲ..။ ဘာလဲ.. မင္းက သူ႕ရည္းစားျဖစ္ဖူးလို႔လား "

“ WTF.. ဘာကိစၥ ငါကသူရည္းစားျဖစ္ဖူးရမွာလဲ။ လြဲပါေစ ဖယ္ပါေစ "

“ ဒဲ့တိုးပါေစ "

“ ေသြးသစ္ဦး.. "

“ ေအး.. ေျပာ.. ငါရွိတယ္ "

“ ေအးေလ.. မင္းရွိ‌ေနတာပဲ.. မင္းယူလိုက္ပါလား "

“ အလကားေပးေတာင္မယူဘူး.. ျပန္ပါအမ္းမွာ.. တစ္စက္မွကို ၾကည့္မရတာ..။ ငါ့ဦးေလးအနားကပ္ကိုတာေတာင္ သိပ္ၾကည္တာမဟုတ္ဘူး "

“ ဘာလို႔တုံး.. "

“ ငါ့‌ဦးေလးကို နိုင္စားလို႔ေလ။ ငါ့ဦးေလးကလည္း သူတိတ္ဆို တိတ္ပဲ..။ ငါ့ကိုေတာင္ သူ႕လက္ထဲထိုးေပးထားတာကိုပဲ ၾကည့္လိုက္ေတာ့။ တအားစည္းကမ္းႀကီးၿပီး ဇီဇာေၾကာင္တယ္ "

“ ဪ... "

“ ငါ့ဦးေလးေတာင္ ငါ့ကိုအဲ့ဒီေလာက္မဆူဘူး။ သူပဲဆူေနတာ "

“ မင္းကလည္း ၿငိမ္ခံတာပဲလား "

“ ဦးေလးမ်က္ႏွာရွိလို႔ေပါ့ကြာ "

“ ထားေတာ့ ထားေတာ့။ သူ႕အေၾကာင္းေျပာရင္ မုန႔္စားရတာ အရသာပ်က္တယ္ "

“ ေအး.. ဟုတ္တယ္ "

“ ဦးခန႔္အေၾကာင္းပဲေျပာမယ္ေလ "

စပ္ၿဖဲၿဖဲႏွင့္ေျပာလာေသာ အလင္းဖြဲ႕၏စကားသည္ အေႏွာင့္အသြားမလြတ္ေၾကာင္း ေသြးသစ္ဦးသိပါသည္။

“ အလင္းဖြဲ႕.. မင္းေတာ္ေတာ္ျဖစ္ေနတာလား.. ဟမ္.. "

“ ေအး.. "

“ အာ... ဒီနားမွာထားတဲ့ ဓားေတြ ဘယ္ေရာက္ကုန္ၿပီလဲ "

“ ဘာလဲ.. ငါနဲ႕ဦးခန႔္မဂၤလာေဆာင္မွာ ကိတ္ခြဲေပးမလို႔လား..။ အို.. ငါ့သူငယ္ခ်င္းေလးက ခ်စ္ဖို႔ေကာင္းလိုက္တာကြာ။ ဒါမွငါ့တူေလး.. "

“ မင္းကို အဲ့ဒီဓားနဲ႕ထိုးမလို႔..။ ဘာရယ္.. ကိတ္.. ဟုတ္လား.. လူသားကိတ္မုန႔္ စားမလား.. မင္းအသားေလးနဲ႕လုပ္မွာေလ.. "

“ ဦးခန႔္က သေဘာတူပါ့မလား.. "

“ အ လင္း ဖြဲ႕.. ဒီေခြးေကာင္ကေတာ့.. ငါေဒါသထြက္လာၿပီေနာ္ "

“ ဟား ဟား.. စတာပါကြာ စတာပါ စိတ္ေလွ်ာ့။ စိတ္ေလွ်ာ့ "

“ ေအး.. ေနာက္မစနဲ႕ကြာ "

“ ေအးပါ ေဒါသအိုးေလးရာ "

ဤသည္က ထမင္းစားခန္းရွိ ေပ်ာ္႐ႊင္ေနေသာ သူငယ္ခ်င္းႏွစ္ဦး၏စကားဝိုင္း။ ဧည့္ခန္းထဲရွိ အလုပ္ကိစၥႏွင့္ တည္ၿငိမ္ေနေသာ စကားဝိုင္း။ ေပ်ာ္‌႐ႊင္မႈႏွင့္ တည္ၿငိမ္မႈအၾကား ျခားနားေနသည္က အသက္႐ြယ္သာ။ သို႔ေသာ္ျငား.. ႏွလုံးသားတို႔တြင္ အသက္အ႐ြယ္အပိုင္းအျခား ရွိနိုင္ပါ့မည္ေလာ..။

■■■■■ အပိုင္း (၂) ဆက္ရန္ ■■■■■

@HanMuYarThway
25.6.2021

■■■■■

အေးချမ်းလှသည့် ခြံဝန်းကျယ်တွင် ကျေးငှက်တို့၏တေးသံသာထက် အသက်နှစ်ဆယ်ကျော်လူငယ်တစ်စု၏ကစားဝိုင်းအသံက ထိုခြံဝန်းကျယ်အား တန်ဆာဆင်နေသည်။ ‌အနည်းငယ်သာတန်ဆာဆင်နေခြင်းမဟုတ်.. လောဘတချို့ဖြင့် ကျယ်ကျယ်လောင်လောင်သာ..။

“ ဒီတစ်လှည့်ပြီးရင်warning ခေါ်ပြီနော်.. "

“ ဟုတ်ပြီဗျာ.. "

ထိုစကားဆုံးပြီးနောက် ကစားဝိုင်းရှိ လူခြောက်ယောက်ကို လင်းဖွဲ့ဝေလိုက်သည့် ဖဲချပ်နှစ်ချပ်စီ..။ ရလာသော ဖဲချပ်နှစ်ချပ်အားပွတ်နေရသည်က အလင်ဖွဲ့အဖို့ရာ ထူးကဲသောအရသာတစ်ခု..။ ပထမဦးဆုံးကတ်တွင်ပေါ်လာသည်က Spade8..။ ၎င်းဖဲချပ်အား ကြည့်နေချိန်တွင် အရောင်‌တောက်လာသည့် သူ၏မျက်ဝန်းများသည် လောဘတချို့အရောင်လွှမ်းနေသည့် သူ၏ဘဝ၌အလှအပဆုံးသောမျက်ဝန်းများ..။ နောက်ဆုံးဖဲချပ်၏အစွန်းအစအား ကြည့်လိုက်၍ ဖြစ်ပေါ်လာသော သူ၏အပြုံးသည် သူ၏ဘဝတွင် အချိုမိန်ဆုံး..။ ထိုသို့လှပသည့် အပြုံးတစ်ပွင့်အား ဖန်တီးနိုင်သည့် ဖဲချပ်လေးသည် မည်မျှလှနေသနည်း။

သိပ်လှတာပေါ့.. သေချာပေါက်အရမ်းလှတဲ့ ဖဲချပ်လေးလေ.. Spade A..။ တစ်လောကလုံးမှ အလှဆုံးသော သူလေးပေါ့..။ ဒီလောက်လှတဲ့သူလေးကို ကျွန်တော်က ဆုမချပဲနေနိုင်ရောလား..။ သေချာပေါက် အနမ်းလှလှလေးနဲ့ ဆုပေးရတာပေါ့..။

“ အလင်းဖွဲ့တို့ကတော့ ဖဲချပ်လေးကိုဆုချနေပြန်ပြီ။ အရမ်းကံကောင်းနေပြီထင်တယ် "

“ သူကိုင်ထားတဲ့ ဖဲချပ်လေး ဖြစ်ချင်လိုက်တာနော် "

ကံကောင်းသည်..။ ကံကောင်းနေသည်က အလင်းဖွဲ့လော.. ဖဲချပ်လော..။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်အသွင်ရှိသည့် အလင်းဖွဲ့မှ ဖဲချပ်ကိုနမ်းလိုက်ခြင်းသည် ထိုဖဲချပ်လေးအဖို့ရာ အလွန်ကံကောင်းလွန်းနေဟန်။ လိုချင်သူတိုင်းမရနိုင်သည့် သူ၏အနမ်းတစ်ပွင့်ကို ဖဲချပ်လေးမှ မတောင်းဆိုရဘဲ လိုလိုလားလားရလိုက်သည်။ မည်မျှကံကောင်းလိုက်သနည်း။ ကံလောင်းလှသည့် ဖဲချပ်လေးအား ကစားဝိုင်းရှိ မိန်းမပျိုတစ်ဦးက မနာလိုနေပြန်သည်။ မနာလိုချင်စဖွယ် ကောင်းလှစွာပင်.. အလင်းဖွဲ့မှထိုဖဲချပ်လေးအား ပါးပြင်ထက်တွင် ကပ်ထားသေးသည်။

“ ကဲ.. ကဲ.. ဆွဲလို့ဝပြီလား.. မင်းလေးတို့ဆွဲလို့ဝရင်.. ဒီကအလင်းဖွဲ့ကလည်း တစ်ဝိုင်းလုံးရဲ့ လောင်းကြေးလေးတွေကို အပိုင်သိမ်းဖို့စောင့်နေပါတယ်နော် "

“ အို.. အလာသားပါလားကွ.. မင်းလေးရဲ့ဖဲက ဘယ်လောက်လှနေလို့လဲ.. "

“ ငါတွဲဖူးတဲ့ မိန်းမပျိုလှလှလေးတွေထက်ကို ပိုလှတယ်.. "

“ တို့ထက်လည်း လှတယ်ပေါ့ "

“ သေချာတာပေါ့.. "

“ အို.. မနာလိုလိုက်တာကွာ "

“ ဟက်.. အေးဆေးပေါ့ "

“ ကဲပါ.. ထားတော့ မင်းလေးရဲ့ ဖဲကိုပြတော့ "

“ အိုခေလေ.. ဒိုပါသတဲ့ဗျာ.. ဆလေးနဲ့နော် "

တစ်ဝိုင်းလုံးရှိ ပိုက်ဆံများကို အပြုံးလှလှလေးနှင့် အပိုင်းသိမ်းနေသည့်အလင်းဖွဲ့အား ဝမ်းသာနေသည့် မျက်ဝန်းများဖြင့် ကြည့်နေသူမှာ သွေးသစ်ဦးပင်ဖြစ်သည်..။

“ မင်းက တကယ်ကို Luckyလေးပါကွာ "

“ တခြားလူတွေအဖို့က မကောင်းမှုမှာ ကံကောင်းနေရတာက နွံနစ်နေသလိုပဲ။ ဘယ်လိုပဲကြိုးစား ကြိုးစား.. အဲ့ဒီအကောင်းမှု‌တွေမှာပဲ ဆက်နေနေရဦးမှာပဲတဲ့။ ငါလေးအတွက်ကတော့ ချောကလက်နွံထဲ နစ်နေရလိုပဲ..။ ချိုမိန်တယ်.. အရသာရှိတယ်။ ဘာလုပ်ဖို့ ကြိုးစားပြီး ရုန်းထွက်နေတော့မှာလဲ..။ ငြိမ်ငြိမ်လေးနေပြီး အရသာထူးတွေကို ခံစားနေရုံပေါ့.. "

“ ဟုတ်ပါပြီ.. မင်းအဆင်ပြေရင်ပြီးရော "

“ ပြေတာမှ သိပ်.. သိပ်.. သိပ်ကို ပြေတာ "

“ အေးပါကွာ "

မင်းပြုံးနေရင်ရပြီ.. မင်းပျော်နေရင်ရပြီ.. ဒီငွေတွေက မင်းအတွက်လုံလောက်ပြီဆိုရင် ငါကျေနပ်ပြီ။

သော်တာတစ်ယောက် ဒိုင်ကိုင်သောအခါတွင်လည်း ရိုးရာအတိုင်းသာ အလင်းဖွဲ့ကပင် ဆက်လက်နိုင်နေမြဲ။ ငွေလေးဝင်လာသည်မို့ အရှိန်ကောင်းနေချိန်တွင် ခြံထဲသို့ ရောက်လာသည့် BMW ကားတစ်စီး...။ ထိုကားပေါ်မှဆင်းလာသော လူနှစ်ဦးသည်လည်း ခန့်ညားမှုအပြည့်နှင့်။ ထိုသူတို့၏ခန့်ညားမှုအရှိန်အဝါတို့ကြောင့်လော တည်ငြိမ်အေးစက်မှုကြောင့်လော.. မသိ.. ခြံဝန်းထဲရှိကစားဝိုင်းလေးသည်လည်း တိတ်ဆိတ်သွားလေသည်။ တိတ်ဆိတ်သွားသော ကစားဝိုင်းလေးအား ထိုလူနှစ်ဦး၏ အေးစက်စက်အကြည့်တို့ ရောက်နေလေပြီ။ ထိုတိတ်ဆိတ်မှုကိုစတင်ဖြိုခွဲလိုက်သူက သွေးသစ်ဦးသာ..။

“ ဦးလေး.. ဘယ်လိုပြီး.. နေ့လယ်ကြီးပြန်ရောက်လာတာတုံး "

“ ကိစ္စရှိလို့..။ မင်းတို့ကစားဝိုင်းက ပြီးပြီလား "

“ ဗျာ.. ဟုတ် ဟုတ်.. ပြီးပြီ "

“ ပြီးရင် သိမ်းတော့.. ငါ့အလုပ်ကိစ္စတွေဝိုင်းကူပေးဦး "

“ ဟုတ်.. "

စင်စစ် အလုပ်ကူရန်ခေါ်ခြင်းမဟုတ်။ အလိမ္မာဖြင့် ဆူရန်ခေါ်နေခြင်းသာ။ ယခုအချိန်တွင် ဆူလိုက်လျှင် သူငယ်ချင်းများအကြား တူတော်မောင်မျက်နှာပျက်သွားမည်ကို ခန့်ထည်သိပါသည်။ ထို့ကြောင့် မဆူရက်ပေ။

“ နောက်ပြီတော့.. ဟိုကလေး အလင်းဖွဲ့ "

“ ဗျာ.. "

“ မင်းလည်း မပြန်နဲ့ဦး "

“ ဟုတ်ကဲ့ ဦးခန့် "

အလင်းဖွဲ့တစ်ယောက် ခန့်ထည်ကိုသာစကားပြန်ပြောနေသောလည်း အကြည့်တို့ကမူ ခန့်ထည်နှင့်ပါလာသောလူကြီးထံတွင်..။

ဘာလဲ.. ဘာလို့အဲ့ဒီလောက်စိုက်ကြည့်နေတာလဲ.. သူ့ကိုလည်းဘာမှမလုပ်ပဲ ဘလိုင်းကြီး ဒေါသထွက်နေသလို‌လူကိုလာကြည့်နေတယ်..။ မျက်မှောင်တောင်ကြုတ်ထားသေးတယ်..။ What..

ခန့်ထည်နှင့် သူ၏သူငယ်ချင်းတို့ အိမ်ထဲသို့ဝင်သွားသည့်အခါ ခြံထဲတွင် အလင်းဖွဲ့နှင့်သွေးသစ်ဦးတို့သည် ခြေဖျားလက်ဖျားများ အေးစက်၍ကျန်နေခဲ့သည်။ ကျန်သောသူများကမူ ထွက်ပြေးကုန်ကြလေသည်။

“ သွားပါပြီကွာ.. ငါပါအဆူခံရတော့မှာလား မသိဘူး "

“ ငါ့ဦးလေးဆူတာက တော်သေးတယ်.. သူ့ဘေးနားက ပါလာတဲ့တစ်ယောက်ဆူရင် ပိုဆိုးတယ် "

“ ဘယ်လို... "

“ ဟုတ်တယ်.. လူပျိုကြီးတွေ ပစိပစပ်များတယ်လေ.. "

“ အပျိုကြီးလောက်တော့ လုပ်ပါကွာ "

“ အိမ်ထောင်မကျတာခြင်းအတူတူပဲကွာ။ ပစိပစပ်များတယ်ဆို များတယ်ပေါ့ "

“ အေးအေး.. ထားတော့။ ဆက်ပြော.. ဘယ်လိုများတာလဲ "

“ သူကဖဲဆော့တာကို လုံးဝမကြိုက်ဘူး။ အလောင်းကစားဆို ဘယ်အလောင်းကစားမှမကြိုက်တာ သူက "

“ ဟုတ်လို့လားကွာ.. "

“ ဟုတ်ပါတယ်ဆို.. ဟိုတစ်ခါက ငါ့လွယ်အိတ်ထဲကဖဲထုပ်မိတုန်းကဆိုရင် ငါ့ကိုဆူတာ နောက်တစ်နေ့ပါကူးတယ်နော်။ အဲ့ဒီတုန်းက ဦးလေးကငါ့လွယ်အိတ်ကိုဖွင့်လိုက်တာကွာ.. သူရှိနေတဲ့အချိန်ကြီးမှာပေါ့။ အိတ်ထဲက ဖဲထုပ်ကိုတွေ့တော့ အဲ့ဒီနေ့က ငါ့ဘဝကြီး ဇာတ်သိမ်းတော့တာပဲ "

“ ဦးခန့်က မင်းဦးလေးလား.. သူကမင်းဦးလေးလား "

“ ငါ့ဦးလေးက သူမနိုင်လို့.. အဲ့ဒီဘဲကြီးလက်ထဲ လွှဲထားတာကွာ "

“ ဪ.. ဪ "

“ ဒီနေ့တော့ မင်းပါသူ့လက်ထဲအလွှဲခံရပြီ "

“ မဆိုင်တာ.. "

“ မင်းမယုံရင် စောင့်ကြည့်နေလိုက် "

“ အိုခေလေ.. "

အိမ်ထဲသို့ဝင်လာသောအခါ ဧည့်ခန်း‌ထဲတွင် အခန့်သားထိုင်နေသူမှာ ခန့်ထည်၏သူငယ်ချင်းဖြစ်သည်။ မျက်နှာမှာမူ အေးစက်လျက်သာ။ ထမင်းစားခန်းမှထွက်လာသူမှာ ခန့်ထည်ပင်..။ မျက်နှာတွင်မူ အပြုံးချိုချိုတစ်ခုက ချိတ်ဆွဲထားသည်။

“ ကဲ.. ကြွ ကိုယ်တော်လေးတို့.. ပြောပါဦး..။ ဖဲဝိုင်းကိစ္စ "

“ အပျော်ပါ ဦးလေးရာ "

“ ဘယ်သူနိုင်လဲ "

“ အလင်းဖွဲ့ "

“ အင်း.. ပြီးရော.. ကစားတာလျှော့ပါကွာ "

“ ဟုတ် "

“ ဟိုကောင်လေး.. အလင်းဖွဲ့.. မင်းလည်းလျှော့နော် "

“ ဟုတ်ကဲ့ "

“ ငါက သိပ်မဆူဘူးနော်။ ဟိုကထိုင်နေတဲ့တစ်ယောက်က မင်းတို့ကို ပိုဆူမှာ သိလား..။ သူကငါထက် ပိုပြီးစည်းကမ်းကြီးသေးတယ်။ နောက်.. သူ့ရှေ့မှာ ဖဲ‌မဆော့မိစေနဲ့။ သူတွေ့သွားရင်တော့ မင်းတို့နှစ်ကောင်သေပြီပဲ "

“ ကျွန်တော်နဲ့က ဘာမှမဆိုင်ဘူးလေ ဦးခန့် "

“ မင်းက ငါ့တူရဲ့သူငယ်ချင်း။ အဲ့ဒီတော့ မင်းလည်း ငါ့တူပဲ။ ငါ့သူငယ်ချင်းကလည်း မင်းရဲ့ဦးလေးပဲ "

“ ဟွန်... မဆိုင်တာကြီးကို "

သွေးသစ်ဦး၊ အလင်းဖွဲ့နှင့် ခန့်ထည်တို့၏ စကားပြောဆိုမှုကို သဘောမကျသူမှာ ခန့်ထည်၏သူငယ်ချင်းပင်။

“ ခန့်ထည်.. ဒါလား မင်းတူကို ဆူတဲ့ပုံစံက။ ဆူနေတာလား ချော့နေတာလား "

“ ချော့တစ်လှည့် ခြောက်တစ်လှည့်ပေါ့ကွာ "

“ ငါမြင်တာကတော့ ချော့နေတာကြီးပါပဲ "

“ မဟုတ်ဘူးလေကွာ.. ဒါကတခြားကိစ္စလေးတွေရှိတယ် "

“ အဲ့ဒါမင်းကိစ္စ.. သူတို့ကို ငါပြောမယ်.. "

သွေးသစ်ဦးဆိုခဲ့သည့်အတိုင်းပင်.. ပွားတော်မူခန်း စတင်လေပြီ။

“ သွေးသစ်ဦး.. မင်းအသက်မငယ်တော့ဘူးနော်။ အပျော်အ‌ပါးလိုက်နေတာများနေပြီ။ မင်းဘဝကြီးကို ဒီလိုပဲဖြတ်သန်းတော့မှာလား။ မကောင်းတာတွေနဲ့ပေါင်းပြီး မကောင်းတာလုပ်နေတယ် "

ထိုစကားသည် သွေးသစ်ဦးကိုကြည့်၍ပြောခြင်းမဟုတ်။ ဂျင်းဘောင်းဘီဒူးပြဲအကျပ်၊ Hoddieအမဲနှင့် နားကွင်းများဝတ်ထားသည့် အလင်ဖွဲ့ကိုကြည့်၍ပြောခြင်းသာဖြစ်သည်။ ဤသည်ကိုအလင်းဖွဲ့သိပါသည်။

“ ဟ.. မဟုတ်သေးပါဘူး.. အခုမှတွေ့တဲ့လူကို ဘလိုင်းကြီး.. "

အလင်းဖွဲ့၏စကားတို့သည် ထိုနေရာတွင်ရပ်တန့်ကုန်သည်။ အကြောင်းမှာ ကြားထဲမှဝင်၍တောင်းပန်သော ခန့်ထည်ကြောင့်သာ။

“ ဟိုး.. ဟိုး.. အလင်းဖွဲ့ရေ.. ဦးလေးသူငယ်ချင်းပြောတာကို စိတ်မဆိုးပါနဲ့ကွာ။ သူကမင်းတို့ကိုကောင်းစေချင်လို့ပြောတာပါ "

“ ဦးခန့်.. သူက.. "

“ ဟုတ်ပါတယ်.. မင်းပြောချင်တာကို ဦးလေးသိတယ်.. ဟုတ်ပြီလား။ သူကစကားအပြောမတတ်တာပါ။ စိတ်ထားတော့ကောင်းပါတယ်။ နာမည်က ဧကမာန်တဲ့ မှတ်ထားနော်..။ အခုတော့ ထမင်းစားခန်းထဲသွားတော့..။ ကြက်‌ကြော်ဝယ်ထားတယ်။ သွားစားတော့ "

မကြည်ကြည့်နှင့်ကြည့်တာ ထမင်းစားခန်းသို့ဝင်သွားသော အလင်းဖွဲ့အား ဧကမာန်ဂရုမစိုက်ပါ။

“ ဒီတစ်ခါတော့ ခဏလေးမဆူပါနဲ့ဦးကွာ.. တခြားကိစ္စရှိလို့ပါ.. ငါမင်းကိုပြောပြမယ် "

“ ဘာလဲကိစ္စလဲ "

“ ဟိုကလေး အလင်းဖွဲ့က.. အထည်ကြီးပျက်အသိုင်းအဝိုင်းကကွာ။ ကောင်လေးက စိတ်ကောင်းတော့ရှိပါတယ်။ မိဘတွေကြောင့် ကလေးက နည်းနည်းပျက်စီးချင်တယ်ကွာ။ ပျက်စီးချင်တယ်ဆိုတာကလည်း ဖဲရိုက်တာလောက်ပါပဲ။ သူတို့တစ်မျိုးလုံးနီးပါးက အဲ့ဒါကစားတာ ဝါသနာပါကြတယ်လေ။ သူလည်းဖဲကစားတာကိုစွဲသွားတာ မထူးဆန်းတော့ပါဘူး "

“ အဲ့ဒီတော့ "

“ ဖဲတော့ကစားတယ်ပေါ့ကွာ။ ဒါကလည်း သူ့ကျောင်းစရိတ်ကို တစ်မျိုးရှာ‌တာပေါ့။ အရင်ကချမ်းသာခဲ့ပေမဲ့ အခုကျတော့စီးပွားရေးတွေလည်းပျက်.. အမေကလည်းနေမကောင်း.. အစ်မလုပ်သူရဲ့လစာတစ်ခုတည်းနဲ့ သူတို့အိမ်ကရပ်တည်နေရတာလေ။ သူ့ကျောင်းစရိတ်ကာမိအောင်ဆော့တာပါ "

“ မင်းကို ဘယ်သူပြောလဲ "

“ ငါ့တူပြောပြတာကွာ။ အစက အဲ့ဒီကလေးကိုထောက်ပံ့ပေးဖို့ ငါစီစဥ်ပါသေးတယ်။ အထည်ကြီးပျက်ဆိုတော့ မာနလေးကလည်းရှိတယ်သား။ ငါထောက်ပံ့ပေးတာကို လက်မခံဘူးတဲ့‌လေ။ အဲ့ဒါနဲ့ပဲ သူ့ဘာသာသူ ဖဲဆော့တယ်။ ရတဲ့ပိုက်ဆံကို ကျောင်းစရိတ်သုံးတယ်။ တခြားသူငယ်ချင်းတွေကလည်း အဲ့ဒါကိုသိတယ်။ သူနဲ့ဖဲဆော့မယ်ဆိုရင် နိုင်နိုင်ရှုံးရှုံး.. လိုလိုလားလားနဲ့ကိုဆော့တာ။ ငါ့တူအပါအဝင်ပေါ့ "

“ မာနရှိတယ်.. လက်မခံဘူးဆိုရင်လည်း တခြားအလုပ်တစ်ခုခုရှာပေါ့ကွာ "

“ ကျောင်းမှမပြီးသေးတာကွာ။ ကျောင်းပြီးရင်လည်းတစ်မျိုးပေါ့။ အခုတက်နေတဲ့တက္ကသိုလ်ကလည်း စက်မှုဆိုတော့.. အလုပ်ချိန်နဲ့ ကျောင်းအချိန်နဲ့က အဆင်မပြေဘူးလေကွာ "

“ နေပါကွာ.. သက်သက် အကြောင်းပြချက်ရှာတာ "

“ ထားပါကွာ.. ဒီနေ့တော့မဆူနဲ့တော့.. ဟုတ်ပြီလား..။ ငါတို့အလုပ်ကိစ္စလေးပဲ ဆက်ရအောင် "

“ ပြီးတာပဲ "

ဤသည်မှာ ဧည့်ခန်းထဲရှိစကားဝိုင်း။ ကျန်ရှိနေသည်က ထမင်းစားခန်းထဲရှိစကားဝိုင်း။

“ အဲ့ဒီဘဲကြီး နည်းနည်းမှမမိုက်ဘူးကွာ "

“ အေး.. ငါလည်းကြည့်မရဘူး "

“ ငါတို့သာ ကြည့်မရတာ မင်းဦးလေးက ကြည့်လို့ရနေတယ်လေ "

“ သူကတော့ရမှာပေါ့ကွာ။ ဦးလေးတို့ကုမ္ပဏီကို အဲ့ဒီဘဲကြီးက အများကြီးကူညီထားတာ "

“ အဲ့ဒါက ဦးခန့်ကိုကူညီတာလေ။ ငါနဲ့ဘာဆိုင်လဲ။ ငါ့ကို သက်သက်ကြီး ခွပ်သွားတာ "

“ အေးပါကွာ စိတ်လျှော့။ ဒါနဲ့ ဒီနေ့ဘယ်လောက်ပေါက်သွားလဲ.. "

“ နှစ်သိန်း... "

“ မဆိုးဘူးပဲ.. "

“ အင်း.. စာအုပ်ဖိုးကာမိပြီ "

“ အင်းပါ မင်းအဆင်ပြေရင် ပြီးရော.. အခုတော့ ဆက်စားလိုက်ဦး "

“ ကြက်ကြော်လေးက မွှေးနေတာပဲ.. အဲ့ဒါတွေကြောင့် ဦးခန့်ကိုချစ်တာ "

“ ဟာ.. ဟိတ်ကောင်.. မင်းနော်.. ငါ့ဦးလေးကို "

“ ဘာဖြစ်လို့လဲ.. ဦးခန့်က တကယ်ချစ်စရာကြီးပါကွာ..။ ဒီလိုလုပ်ပါလား ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ရအောင် မင်းဦးလေးကို ငါယူလိုက်ရမလား... "

“ မင်းနော်.. ငါ့ဦးလေးကို ဂေးဇာတ်မသွင်းနဲ့ "

ဦးလေးဖြစ်သူကိုထိလျှင် နည်းနည်းမျှငြိမ်မခံတတ်သည်က သွေးသစ်ဦး၏ဗီဇ။ သွေးသစ်ဦး၏ ဒေါသကြောင့်နီရဲလာသောမျက်နှာကို မြင်ချင်သည်ကလည်း အလင်းဖွဲ့၏ဗီဇ။

“ ဟား.. ဟား.. စတာပါကွာ။ ငါလည်း အဲ့ဒီဇာတ်ကြီးကို စိတ်မဝင်စားပါဘူး..။ စိတ်မဆိုးနဲ့ စိတ်မဆိုးနဲ့.. "

“ အေး.. ပြီးတာပဲ "

“ ဒါနဲ့... အဲ့ဒီလူပျိုကြီးမှာ ရည်းစားရှိလား "

“ အဲ့ဒါတော့ ငါလည်းမမေးမိဘူး..။ မင်းက ဘာဖြစ်လို့မေးတာလဲ "

“ ဒီအတိုင်း.. သိချင်လို့ပါကွာ။ သူ့ကောင်မလေးဆိုရင် တော်တော်အချုပ်အချယ်ခံရမှာနော်။ သနားစရာ "

“ မင်းက ဘယ်လိုလုပ်သိလဲ..။ ဘာလဲ.. မင်းက သူ့ရည်းစားဖြစ်ဖူးလို့လား "

“ WTF.. ဘာကိစ္စ ငါကသူရည်းစားဖြစ်ဖူးရမှာလဲ။ လွဲပါစေ ဖယ်ပါစေ "

“ ဒဲ့တိုးပါစေ "

“ သွေးသစ်ဦး.. "

“ အေး.. ပြော.. ငါရှိတယ် "

“ အေးလေ.. မင်းရှိ‌နေတာပဲ.. မင်းယူလိုက်ပါလား "

“ အလကားပေးတောင်မယူဘူး.. ပြန်ပါအမ်းမှာ.. တစ်စက်မှကို ကြည့်မရတာ..။ ငါ့ဦးလေးအနားကပ်ကိုတာတောင် သိပ်ကြည်တာမဟုတ်ဘူး "

“ ဘာလို့တုံး.. "

“ ငါ့‌ဦးလေးကို နိုင်စားလို့လေ။ ငါ့ဦးလေးကလည်း သူတိတ်ဆို တိတ်ပဲ..။ ငါ့ကိုတောင် သူ့လက်ထဲထိုးပေးထားတာကိုပဲ ကြည့်လိုက်တော့။ တအားစည်းကမ်းကြီးပြီး ဇီဇာကြောင်တယ် "

“ ဪ... "

“ ငါ့ဦးလေးတောင် ငါ့ကိုအဲ့ဒီလောက်မဆူဘူး။ သူပဲဆူနေတာ "

“ မင်းကလည်း ငြိမ်ခံတာပဲလား "

“ ဦးလေးမျက်နှာရှိလို့ပေါ့ကွာ "

“ ထားတော့ ထားတော့။ သူ့အကြောင်းပြောရင် မုန့်စားရတာ အရသာပျက်တယ် "

“ အေး.. ဟုတ်တယ် "

“ ဦးခန့်အကြောင်းပဲပြောမယ်လေ "

စပ်ဖြဲဖြဲနှင့်ပြောလာသော အလင်းဖွဲ့၏စကားသည် အနှောင့်အသွားမလွတ်ကြောင်း သွေးသစ်ဦးသိပါသည်။

“ အလင်းဖွဲ့.. မင်းတော်တော်ဖြစ်နေတာလား.. ဟမ်.. "

“ အေး.. "

“ အာ... ဒီနားမှာထားတဲ့ ဓားတွေ ဘယ်ရောက်ကုန်ပြီလဲ "

“ ဘာလဲ.. ငါနဲ့ဦးခန့်မင်္ဂလာဆောင်မှာ ကိတ်ခွဲပေးမလို့လား..။ အို.. ငါ့သူငယ်ချင်းလေးက ချစ်ဖို့ကောင်းလိုက်တာကွာ။ ဒါမှငါ့တူလေး.. "

“ မင်းကို အဲ့ဒီဓားနဲ့ထိုးမလို့..။ ဘာရယ်.. ကိတ်.. ဟုတ်လား.. လူသားကိတ်မုန့် စားမလား.. မင်းအသားလေးနဲ့လုပ်မှာလေ.. "

“ ဦးခန့်က သဘောတူပါ့မလား.. "

“ အ လင်း ဖွဲ့.. ဒီခွေးကောင်ကတော့.. ငါဒေါသထွက်လာပြီနော် "

“ ဟား ဟား.. စတာပါကွာ စတာပါ စိတ်လျှော့။ စိတ်လျှော့ "

“ အေး.. နောက်မစနဲ့ကွာ "

“ အေးပါ ဒေါသအိုးလေးရာ "

ဤသည်က ထမင်းစားခန်းရှိ ပျော်ရွှင်နေသော သူငယ်ချင်းနှစ်ဦး၏စကားဝိုင်း။ ဧည့်ခန်းထဲရှိ အလုပ်ကိစ္စနှင့် တည်ငြိမ်နေသော စကားဝိုင်း။ ပျော်‌ရွှင်မှုနှင့် တည်ငြိမ်မှုအကြား ခြားနားနေသည်က အသက်ရွယ်သာ။ သို့သော်ငြား.. နှလုံးသားတို့တွင် အသက်အရွယ်အပိုင်းအခြား ရှိနိုင်ပါ့မည်လော..။

■■■■■ အပိုင်း (၂) ဆက်ရန် ■■■■■

HanMuYarThway
25.6.2021
© Demon ,
книга «Love Cards».
Коментарі