Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (3)
နံနက္မိုးလင္းစ.. ေက်းငွက္တို႔၏ ေတးသီက်ဴးသံသည္ အမ်ားအဖို႔ရာ သာယာဖြယ္ဟု ထင္ေကာင္း‌ထင္‌နိုင္လိမ့္မည္။ သို႔ေသာ္ ထိုသို႔ထင္ျမင္သူမ်ားထဲတြင္ ညမ်ား၌ အိပ္သည့္အခါ ေနာက္က်တတ္သည့္ အလင္းဖြဲ႕တစ္ေယာက္မပါခဲ့။

“ က်စ္... စိတ္ရႈပ္စရာေကာင္းလိုက္တာ။ ငါ့အခန္းထဲကို ဘယ္အေပါက္ကေန အဲ့ဒီငွက္စုတ္ေတြကဝင္လာရတာလဲ "

အခန္း.. သီးသန႔္ကိုယ္ပိုင္အခန္းေလးလား.. ဪ.. ဟုတ္သားပဲ.. အဲ့ဒီအခန္းေလးက မရွိေတာ့တာ ၾကာခဲ့ၿပီပဲ..။ အရင္ကလို တိုက္အိမ္မွမဟုတ္ေတာ့ပဲ..။ ထရံကားထားတဲ့ ပ်ဥ္ေထာင္‌အိမ္ေလးပဲေလ..။ ငါလည္း ဘဝေမ့တတ္လိုက္တာ လြန္ပါေရာ..။

“ ဟက္.."

ျပည့္စုံမႈမရွိသည့္ မနက္ခင္းေပါင္းမ်ားစြာကို ကြၽန္ေတာ္ျဖတ္သန္းခဲ့ရသည္မွာ ၾကာခဲ့ၿပီျဖစ္သည္။ ႏွစ္လိုမႈအျပည့္မပါသည့္ ထိုအၿပဳံး.. ထိုရယ္သံတို႔သည္ မိမိအားလႊမ္းမိုးခဲ့ေလသည္မွာ ၾကာၿပီျဖစ္သည္။ ယခင္ကကဲ့သို႔ ႏွစ္လိုစြာ‌ၿပဳံးခ်င္ပါသည္။ ေပ်ာ္႐ႊင္မႈအျပည့္ျဖင့္ ရယ္ေမာခ်င္ပါသည္။ သို႔ေသာ္.. မျဖစ္နိုင္ေတာ့ေပ။

ဟုတ္တယ္ေလ ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ ေနခဲ့ရတဲ့သူေဌးသားတစ္ေယာက္က ေန႕တြင္းခ်င္း ညတြင္းခ်င္း ဆင္းရဲသြားခဲ့တာေလ။ ဒီလိုအခ်ိန္မွာ ဘယ္သူက ၿပဳံးေပ်ာ္နိုင္မွာတဲ့လဲ..။ ကြၽန္ေတာ္လည္း လူသားပဲ ေပ်ာ္ခ်င္တာေပါ့။ အဲ့ဒါေၾကာင့္လည္း အေပ်ာ္ကိုရွာေဖြတယ္။ တခ်ိဳ႕တခ်ိဳ႕ေသာ မိန္းကေလးေတြနဲ႕ေပါ့..။ ဒါေပမဲ့လည္း အလကားပါ.. တြဲခဲ့တဲ့ မိန္းကေလးေတြသာေပ်ာ္ေနၾကတယ္။ ကြၽန္ေတာ္ကေတာ့ အရင္လို အၿပဳံးေတြမဲ့ေနဆဲပဲ။ တစ္ခါတေလ တြဲဖူးတဲ့ေကာင္မေလးေတြက ေတာင္ဆိုဖူးတယ္.. သူတို႔ကို ၿပဳံးျပပါလားတဲ့..။ ေတာင္းဆိုမႈေၾကာင့္ ‌ၿပဳံးျပခဲ့တယ္ ဒါေပမဲ့.. အဓိပၸာယ္က မဲ့ေနဆဲပဲ။

ေသြးသစ္ဦးေျပာတဲ့စကားက တကယ္ပဲမွန္ေနသလား..။ သူကြၽန္ေတာ့္ကိုေျပာဖူးတယ္ ‘မင္းက အခ်စ္နဲ႕မေတြ႕ေသးလို႔ မေပ်ာ္နိုင္ေသးတာပါ'တဲ့ေလ..။ ကြၽန္ေတာ္လည္းရည္းစားေတြထားေနတာပဲ.. ဘာလို႔အခ်စ္ကို အခုခ်ိန္ထိမေတြ႕နိုင္ေသးတာလဲ..။ အခ်စ္ဆိုတဲ့အရာႀကီးကေရာ.. ေပ်ာ္႐ႊင္မႈေတြကို တကယ္ေပးနိုင္ရဲ႕လား။ လူေတြေၾကာင့္ မေပ်ာ္နိုင္ မၿပဳံးနိုင္ခဲ့တာၾကာေပါ့..။

ခြၽင္းခ်က္ တစ္ခုေတာ့ရွိတယ္။ အဲ့ဒါက ဖဲခ်ပ္ေလးေတြပဲ။ လူေတြေၾကာင့္ မေပ်ာ္နိုင္ေပမဲ့ ဖဲခ်ပ္ေလးေတြကေတာ့ ကြၽန္ေတာ့္ကိုေပ်ာ္႐ႊင္ေစတယ္.. ၿပဳံးေစတယ္။ ေခ်ာေမြ႕ေနတဲ့ဖဲခ်ပ္ေလးေတြကို ကိုင္ရတာက ကြၽန္ေတာ့္ရဲ႕စိတ္ထဲက အဆင္မ‌ေျပမႈဆိုတဲ့ အဖုအထစ္ေလးေတြကို ေခ်ာေမြ႕ေစတယ္။ ေသြးသစ္ဦးေျပာတဲ့ အခ်စ္ဆိုတာ ကြၽန္ေတာ့္အတြက္ေတာ့ ဖဲခ်ပ္ေလးေတြမ်ားလား..။ တကယ္ကို ႐ူးေၾကာင္ေၾကာင္နိုင္တဲ့အေတြးပါ။

အလင္းဖြဲ႕သည္ ဤသို႔႐ူးေၾကာင္ေၾကာင္အေတြးတို႔ျဖင့္ အိပ္ရာထဲတြင္လွဲေနစဥ္ သူ၏ဖုန္းထဲသို႔ messageတစ္ေစာင္ဝင္လာခဲ့သည္။ ဝင္လာေသာ messageကို ဖုန္းေလးဖြင့္၍ ဖတ္လိုက္ေသာအခါ အေရာင္ေတာက္လာသည့္ သူ၏မ်က္ဝန္းမ်ားသည္ ၾကယ္ပြင့္ေလးသဖြယ္..။

အဓိပၸာယ္မဲ့လွပါတယ္ဆိုတဲ့ သူ႕ရဲ႕မနက္ခင္းေတြမွာ သူ႕ကိုသေဘာက်ေစတဲ့အေၾကာင္းအရာက ဘာမ်ားျဖစ္မလဲ။
ေသခ်ာေပါက္ ဖဲဝိုင္းတစ္ခုေပါ့။

“ ဟယ္လို.. ေသြးသစ္ဦးေရ.. မဂၤလာသတင္း "

“ ဘယ္မွာဝိုင္းရွိလို႔လဲ "

“ ဇြဲထက္တို႔အိမ္မွာ "

“ ဘာဝိုင္းလဲ "

“ ၁၃ခ်ပ္ "

“ အဲ့ဒီကိုလစ္မယ္ေပါ့။ ေက်ာင္းေရာ မသြားေတာ့ဘူးလား "

“ တစ္ရက္တေလပ်က္တာ ဘာမွမျဖစ္ပါဘူးကြာ။ မင္းလိုက္မွာလား "

“ ဝိုင္းတစ္ခုမွာ မင္းတစ္ေယာက္တည္းကိုပဲျမင္ရရင္ ဘယ္အဓိပၸာယ္ရွိမလဲ။ ေသခ်ာေပါက္ကို လိုက္ရမွာေပါ့ "

“ ဒါမွ ငါ့သူငယ္ခ်င္း "

“ ဒါနဲ႕.. မင္းမွာ ရွိေသးလို႔လား။ ဟိုတစ္ေန႕ကနိုင္တာေတြကို စာအုပ္ဝယ္လိုက္တယ္မဟုတ္လား "

“ အင္း.. "

“ ထားပါ ငါရင္းေပးမယ္။ အဆင္ေျပလား "

“ သိပ္ေျပတာေပါ့ "

“ အိုေခေလ.. ဇြဲထက္တို႔အိမ္ကို ၁၀နာရီအေရာက္သြားမယ္ "

“ အင္း.. အဲ့ဒါဆို ဖုန္းခ်လိုက္ၿပီေနာ္ "

ဖုန္းေျပာၿပီးေနာက္ အလင္းဖြဲ႕တစ္‌ေယာက္သည္ အလြန္တက္ႂကြစြာပင္ ဇြဲထက္၏အိမ္သို႔သြားရန္ျပင္ဆင္ေနသည္။ ေက်ာင္းသြားမည္ဟုေျပာ၍ ထြက္ရသည္ျဖစ္ရာ uniformကိုသာဝတ္ဆင္ရသည္။

ခ်ိန္းဆိုထားသည့္အတိုင္းပင္ မနက္ဆယ္နာရီထိုးေသာအခါ ဇြဲထက္၏အိမ္သို႔ အလင္းဖြဲ႕ႏွင့္ေသြးသစ္ဦးေရာက္လာခဲ့ၾကသည္။ ထိုသူႏွစ္ဦးေရာက္ေသာအခါ pokerဝိုင္းေလးသည္လည္း ပို၍အသက္ဝင္လာသည္။

“ ဘယ္ေလာက္ပါလဲ "

“ သုံးပုံး။ မင္းႏွစ္ပုံး ငါတစ္ပုံး။ ေရာ့ ယူထား.. "

“ မင္းလည္းေဆာ့မွာမဟုတ္လား..။ တစ္ေယာက္ကို တစ္ပုံးခြဲဆိုရင္ရၿပီေလ "

“ ငါက သိပ္မေဆာ့ဘူး..။ ပိုကာက ဖင္ေညာင္းတယ္။ မင္းပဲေဆာ့ "

“ အင္းပါ.. ေက်းဇူး.. ငါနိုင္ရင္အတိုးပါေပးမယ္ "

“ လာျပန္ၿပီလား ဒီေက်းဇူး "

“ ဟဲဟဲ.. "

“ ဟဲဟဲလုပ္မေနနဲ႕။ မင္းနဲ႕ငါနဲ႕ အိမ္ခြဲထိုင္မယ္။ ေတာ္ၾကာ ငါတို႔ကႏွစ္အိမ္ပူးထိုင္ၿပီး ပိုကာဝိုင္းမွာ ႏွစ္ေယာက္ေပါင္း လုပ္စားေနပါတယ္ျဖစ္ေနဦးမယ္။ အဲ့ဒါေၾကာင့္မင္းကို ပိုက္ဆံႀကိဳေပးထားတာ "

“ မင္းသေဘာ မင္းသေဘာ "

ဤသည္မွာ အလင္းဖြဲ႕ႏွင့္ေသြးသစ္ဦး၏ရိုးသားမႈ။ မေကာင္းမႈ၌ ရိုးသားသည္ဟူေသာ စကားလုံးသည္ အနည္းငယ္ ကသိကေအာက္နိုင္လွသည္။ သို႔ေသာ္ျငား ထိုသူႏွစ္ဦးမွာမူ အမွန္ပင္ ရိုးသားစြာကစားသည္။ လိမ္ျခင္းမရွိ ဖဲခိုးျခင္းမရွိ။ မေကာင္းမႈ၌ေမြ႕ေလ်ာ္ေသာလည္း ရိုးသားေနဆဲ။

Pokerဝိုင္း၏ ရိုးရာအရာအတိုင္းပင္ တိတ္ဆိတ္ေနလ်က္ ဖင္ပူေအာင္ပင္ ထိုင္ရသည္။ ထိုင္ရျခင္းႏွင့္တန္ေအာင္ပင္ ဖဲခ်ပ္မ်ားကို အစြန္းအစေလးသာေဖာ္၍ ပြတ္ေနရသည္ကလည္း ထူးကဲသည့္အရသာတစ္ခု။ တစ္ဦးပစ္လိုက္သည့္ ဖဲခ်ပ္ကိုၾကည့္၍ ၎လက္ထဲတြင္ကိုင္ထားေသာ ဖဲခ်ပ္ကိုခန႔္မွန္းရသည့္ pokerကစားသမားတို႔၏ ဉာဏ္ကြန႔္ျမဴးမႈတစ္ခု။

ထို႔သို႔ ခန႔္မွန္းရာ၌ ကစားဝိုင္းရွိလူမ်ားထဲတြင္ အလင္းဖြဲ႕သည္က အေတာ္ဆုံးျဖစ္သည္။ nicknameျဖစ္သည့္ luckyဟူေသာ အမည္ျဖင့္လိုက္ဖက္စြာပင္ အလင္းဖြဲ႕သည့္ မေကာင္းမႈတို႔၌ ကံေကာင္းေနၿမဲ။

လက္ေဖ်ာက္ေလးတစ္ခ်က္တီးၿပီးေနာက္ ႏႈတ္ခမ္းတစ္ဖက္ေကြး႐ုံမွ် ၿပဳံးလိုက္သည့္ သူ၏အၿပဳံးမ်ားကို ကစားဝိုင္းရွိလူအမ်ား မက္ေမာေနၾကသည္။

“ ကဲ.. ဆြဲလိုက္တဲ့ဖဲကေဂ်ာ္တက္လာလို႔ ေဒါင္းသြားပါၿပီဗ်ာ။ အလုံးေတြလည္းပါပါတယ္ေနာ္ "

“ ဘယ္ႏွလုံးလဲ "

“ ေဒါင့္၇ရယ္ ေဂ်ာ္ႏွစ္ေကာင္ရယ္ စပိတ္၁ရယ္.. တစ္လုံးကိုငါးေထာင္ဆိုေတာ့.. စုစုေပါင္း ႏွစ္ေသာင္းပါဗ်ာ "

“ ေဂ်ာ္ႏွစ္ေကာင္နဲ႕ေဒါင္းရတယ္လို႔.. တကယ္ luckyပါကြာ "

တစ္ဝိုင္းလုံးရွိ ထိုးေၾကးမ်ားကို ယူၿပီး၍ ေနာက္တစ္ပြဲစရန္ဖဲခ်ပ္ေဝေန‌စဥ္ အဖ်က္အဆီးတစ္ခုက ထိုကစားဝိုင္းထံသို႔ေရာက္လာသည္။ လူတစ္ေယာက္သည္ ထိုအိမ္ထဲသို႔အေလာတႀကီး ေျပးဝင္လာခဲ့သည္။

“ ဟိတ္‌ေကာင္ေတြ သိမ္းေတာ့.. ဘယ္ေကာင္ ေညွာ္လိုက္လည္းမသိဘူး။ ရဲေတြေရာက္လာၿပီ။ သိမ္း.. သိမ္း "

ထိုစကားကိုၾကားၿပီးေနာက္ အလင္းဖြဲ႕ႏွင့္ေသြးသစ္ဦးသည္ အနိုင္ရထားေသာပိုက္ဆံမ်ားကိုအိတ္ထဲထည့္ကာ အေနာက္ဘက္ၿခံစည္းရိုးမွေက်ာ္၍ ထြက္ေျပးခဲ့သည္။ ကံေကာင္းသည္ေလာ ကံဆိုး‌သည္ေလာမသိ။ ထိုသို႔ထြက္ေျပးေနစဥ္ ကားတစ္စီးသည္ ထိုသူတို႔၏အေရွ႕တြင္ ရပ္လိုက္ၿပီးေနာက္ ကားေမာင္းသူက အလင္းဖြဲ႕ႏွင့္ေသြးသစ္ဦးကို ကားေပၚသို႔ တက္ခိုင္း‌ေစသည္။ ကားေမာင္းေနသူမွာ တျခားလူမဟုတ္.. ဧကမာန္ျဖစ္သည္။

..............
[ Author note- အိမ္ဆိုတာက ကစားသမားထိုင္တဲ့ေနရာကိုေျပာတာပါ။ အလုံးဆိုတာက ပိုက္ဆံဖဲကိုေျပာတာပါ။ ေဂ်ာ္ဆိုတာက ဂ်ိဳကာ‌ဖဲကိုေျပာတာပါ။ ေနရာေဒသအေလွ်ာက္အေခၚအေဝၚေတြ ကြဲျပားနိုင္ပါတယ္။

Han MuYar Thway ]
..............

'ဘယ္လိုျဖစ္လို႔ ဒီလူႀကီးနဲ႔မွ တည့္တည့္တိုးျပန္တာလဲ'

ရုတ္တရက္ေၾကာင္ၾကည့္ေနမိၿပီးမွ သူငယ္ခ်င္းႏွစ္ေယာက္ ကားေပၚသို႔ အလုအယက္တက္လိုက္ၾကသည္။ ေမာင္းထြက္လာခဲ့ၿပီးသည့္အခါ ေသြးသစ္က

"ဘယ္လိုျဖစ္ၿပီး ..."

"ေျမကြက္လာၾကည့္တာ။ ရဲကားေတြ ေတြ႕လိုက္သားပဲ။ ျခံေနာက္ကေန အေပအေတလိုထြက္လာတာ မင္းတို႔ျဖစ္ေနမယ္လို႔ေတာ့ ထင္မထားဘူးေပါ့"

"ခင္ဗ်ား၊ ေခၚတင္လာခဲ့ရတယ္ဆိုၿပီး ေျပာခ်င္တာေျပာလို႔ရမလား"

"ကားရပ္ေပးမယ္၊ ဆင္းမလား"

"ခင္ဗ်ားႀကီး ..."

"ေတာ္ေတာ့ အလင္း"

ဧကမာန္၏အေျပာကိုမခံႏိုင္၍ ခြန္းတံု႔ျပန္ေနေသာအလင္းဖြဲ႕ကို ေသြးသစ္ဦး ထိန္းလိုက္ရသည္။ အေျခအေနအရ ဧကမာန္၏အကူအညီကို ယူထားရသည္မဟုတ္ပါလား။

"ဘာေျပာခ်င္ေသးလို႔လဲ"

ကားရပ္သည့္ဘက္အျခမ္း လြတ္သည့္ေနရာတြင္ အလ်င္စလိုဝင္ထိုင္လိုက္ရ၍ ကားေမာင္းလာသည့္ဧကမာန္ေဘးတြင္ အလင္းဖြဲ႕ထိုင္ေနၿပီး သူ၏ေနာက္ဘက္တြင္ ေသြးသစ္ဦးရွိေနသည္။ ေသြးသစ္ဦးက ေနာက္ဘက္မွေန၍ အလင္းဖြဲ႕လက္ေမာင္းကိုလွမ္းဆြဲကာ တားဆီးေလေတာ့ ဧကမာန္ တစ္ခ်က္ရယ္လိုက္မိေသးသည္။ ဧကမာန္၏ေမးခြန္းကိုေတာ့ အလင္းဖြဲ႕ျပန္မေျဖေတာ့ပါ။

"Hello, ခန္႔ထည္၊ မင္းဘာလုပ္ေနလဲ"

".............."

"အေရးႀကီးကိစၥမရွိေသးရင္ မင္းအိမ္ကိုခဏျပန္လာပါဦးကြာ။ မင္းတူကိစၥ ေျပာစရာရွိလို႔"

".............."

"အခုက ငါကားေမာင္းေနတယ္။ မင္းအိမ္ကေန ေစာင့္ေနမယ္"

ဧကမာန္ဖုန္းခ်လိုက္ၿပီးခ်ိန္ ေသြးသစ္မ်က္ႏွာပ်က္ေနေလၿပီ။ အလင္းဖြဲ႕သည္က အေျပးအလႊားေရွာင္တိမ္းခဲ့ရသည္မွာ သူမဟုတ္သကဲ့သို႔ပင္။

.

"ဘာျဖစ္တာလဲ ဧက။ သူတို႔ကေရာ ဘာလို႔ မင္းနဲ႔အတူရွိေနတာလဲ"

"ဘာျဖစ္တာလဲဆိုတာေတာ့ မင္းတူကိုေမးၾကည့္ေလ"

ဧကမာန္ ခပ္ေအးေအးပင္ဆိုလာသည္။ ေသြးသစ္တို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ခန္႔ထည္ဝင္ထိုင္လိုက္ၿပီး

"ဘာျဖစ္တာလဲ ေသြးသစ္ဦး"

"ဟို ... ဟို ... ဖဲဝိုင္း ..."

"ဘာျဖစ္တယ္။ မင္း ေက်ာင္းသြားတာမဟုတ္ဘူးလား။ ဘာကိစၥ ဖဲဝိုင္းက ပါလာတာလဲ။ ပံုစံကလည္း ဘာျဖစ္ေနတာလဲ"

"ဖဲဝိုင္းကို ... ေရာက္သြားတာပါ"

"ဟား ... မင္းက ေတာ္ေတာ္ေလးအက်င့္ပ်က္ေနတာပဲ။ ဧကနဲ႔ ဘယ္လိုဆံုလာတာလဲ"

"အဲဒါက ... ဟိုေလ ... ဖဲဝိုင္းမွာ ... ဟို ..."

"ေသြးသစ္ဦး၊ မင္း စကားကို ေသခ်ာေျပာစမ္း"

"ဦးခန္႔၊ အဲဒီဝိုင္းဆီ ငသစ္ကို ကၽြန္ေတာ္ေခၚသြားတာ"

"မင္းက ..."

"ဟုတ္၊ အဲဒီကို ရဲေတြေရာက္လာလို႔ ..."

*ဒုန္း*

အလင္းဖြဲ႕စကားမဆံုးမီ ေရွ႕မွစားပြဲေပၚသို႔ ခန္႔ထည္လက္သီးက က်သြားခဲ့သည္။ ေသြးသစ္ကိုၾကည့္ေနသည့္ အၾကည့္တို႔သည္လည္း ေဒါသအျပည့္။

"မင္းက ေလာင္းကစားမႈနဲ႔ ေထာင္ထဲေရာက္မွ မွတ္မွာလား။ မင္းအသက္က ဘယ္အရြယ္ရွိေသးလို႔ ဒီေလာက္အထိ ျဖစ္ပ်က္ေနတာလဲ"

ခန္႔ထည္၏စကားမ်ားကို ေသြးသစ္ျပန္မေျဖႏိုင္ေပ။ အျပစ္ရွိသူျဖစ္သည့္အေလၽွာက္ ေျပာသမၽွကို ေခါင္းငံု႔ခံ႐ံုသာ။
ခန္႔ထည္က စိတ္ေလၽွာ့လိုက္ဟန္ သက္ျပင္းရွည္တစ္ခ်က္ခ်ၿပီး ေမးလိုက္သည္။

"ဘာဆက္ျဖစ္လဲ"

ေသြးသစ္ဆီမွ အသံထြက္မလာေသာေၾကာင့္ အလင္းဖြဲ႕က

"ကၽြန္ေတာ္တို႔ ..."

"ခဏ အလင္းဖြဲ႕။ ကိုယ့္တူကိုေမးတာ မင္းဝင္ေျဖဖို႔မလိုဘူးထင္တယ္။ ေသြးသစ္ဦး၊ မင္းေျပာ"

"ကၽြန္ေတာ္တို႔ ေနာက္ဘက္ျခံစည္း႐ိုးကေန ေက်ာ္ေျပးလာခဲ့တာပါ"

"အဲဒီမွာ ဧကနဲ႔ေတြ႕တာလား။ ဒီေန႔ ဧကက ေျမကြက္သြားၾကည့္မယ္ေျပာတာ"

"အင္း"

တစ္ခ်ိန္လံုးၿငိမ္ၿပီးၾကည့္ေနေသာ ဧကမာန္ ဝင္ေျပာလိုက္သည္။

"မင္း ရဲစခန္းလိုက္ရွင္းေနရမွာ စိုးလို႔ေလ"

"ေက်းဇူးတင္ပါတယ္။ တကယ္ေတာ့ ဒီတိုင္းထားခဲ့ရမွာ၊ မွတ္ေလာက္သားေလာက္ျဖစ္ေအာင္"

"ငါလည္းေတြးပါတယ္၊ ဒီအတိုင္းထားခဲ့ဖို႔။ မင္းမ်က္ႏွာေၾကာင့္ ေခၚလာခဲ့တာ။ လိုက္လည္းလိုက္ၾကတယ္ေနာ္။ တစ္ေယာက္ကအေဖာ္စပ္၊ တစ္ေယာက္ကလည္း ေကာက္ေကာက္ပါေအာင္လိုက္သြားတာ။ ကစားဖို႔ေငြက ဘယ္ကရလဲ"

တစ္ေယာက္မွအသံမထြက္ပါ။

"ေမးေနတာ ေျဖေလ"

"ကၽြန္ေတာ္ ဟိုေန႔ကႏိုင္တဲ့ပိုက္ဆံနဲ႔ ေဆာ့တာ"

အလင္းဖြဲ႕ေျဖလိုက္ေသာ္လည္း ခန္႔ထည္က

"ေသြးသစ္ဦး၊ သူေျပာတာ ဟုတ္လား။ ငါ့မ်က္ႏွာကိုၾကည့္ေျဖ"

ခန္႔ထည္မ်က္ႏွာကို မဝံ့မရဲၾကည့္ကာ ေသြးသစ္ဆြံ႕အေနမိသည္။

"အဟက္၊ မင္းယူသြားတာေပါ့။ ယံုၾကည္ခ်င္စရာ မေကာင္းဘူးပဲ"

"မဟုတ္ရပါဘူး။ ကၽြန္ေတာ္က ဒီအတိုင္း ၿပီးရင္ျပန္ထည့္ထားမယ္ဆိုၿပီး ခဏယူသြားတာပါ။ ေနာက္မျဖစ္ေစရပါဘူး"

ခန္႔ထည္၏ မယံုၾကည္ႏိုင္ေတာ့ဘူးဆိုသည့္စကား မည္မၽွထိေရာက္သည္မသိ။ အသံမထြက္သည့္ေသြးသစ္ဦး ပ်ာပ်ာသလဲေတာင္းပန္လာေလသည္။

"မင္းနဲ႔ ၿပီးမွရွင္းမယ္။ အလင္းဖြဲ႕၊ မင္းလည္းျပန္လိုက္ေတာ့။ မင္းတို႔ခ်င္း မေတြ႕ၾကတာပိုေကာင္းမယ္"

"ကၽြန္ေတာ္ ..."

"ခ်ာတိတ္၊ မင္းအထြန္႔မတက္တာ ေကာင္းမယ္ေနာ္။ ဘာတဲ့ ... ဟိုေန႔ကႏိုင္တဲ့ ပိုက္ဆံတဲ့လား။ မင္းက ေလာင္းကစားတင္မကဘူး၊ အလိမ္အညာပါတတ္တာပဲ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အတတ္ေကာင္းေတြ"

"ခင္ဗ်ား ကၽြန္ေတာ့္ကို အဲဒီေလာက္ေျပာစရာမလိုဘူး။ ခင္ဗ်ားနဲ႔ ဘာမွမပတ္သက္ဘူး။ ဦးခန္႔ေျပာတာ သူ႔တူနဲ႔ပတ္သက္တာမို႔ ထားပါေတာ့။ ခင္ဗ်ားက သူမ်ားသားသမီးကို အဲဒီေလာက္အထိ ခ်ိဳးဖဲ့ေျပာစရာမလိုဘူး"

"ဪ၊ မင္းက ဘယ္ေလာက္ေတာ္ေနလို႔ ငါ့ကိုျပန္ေအာ္ေနတာလဲ။ မင္းတို႔ကို ငါ့ကားနဲ႔တင္ေခၚလာတာေနာ္"

"ဒီလိုမွန္းသိရင္ မလိုက္ဘူး။ ကိုယ့္ဘာသာ ရဲစခန္းပဲေရာက္ေရာက္၊ ေထာင္ပဲက်က်၊ ခင္ဗ်ားအေျပာအဆိုခံရတာထက္ေတာ့ သာတယ္"

"မဂ်စ္နဲ႔ ခ်ာတိတ္။ အခုသြားခ်င္ရင္ ရဲစခန္းအထိလိုက္ပို႔ေပးၿပီး တရားလိုလုပ္ေပးမယ္"

"ခင္ဗ်ား ..."

"ဘာလဲ၊ သြားမလို႔လား။ လာ၊ ထ"

ဧကမာန္ မတ္တပ္ထရပ္ၿပီး အလင္းဖြဲ႕ကိုဆြဲေခၚသည့္အခါ အလင္းဖြဲ႕ထရပ္လိုက္သည္။ ေသြးသစ္မွာသာ ခပ္ျပတ္ျပတ္ဧကမာန္ႏွင့္ ဂ်စ္ကန္ကန္အလင္းဖြဲ႕အေၾကာင္း သိေနသူမို႔ အသည္းအသန္တားရေတာ့သည္။

"အလင္း၊ ဘာေတြေျပာေနတာလဲ။ ဦး၊ သူက အဲဒီလိုေျပာခ်င္တာမဟုတ္ပါဘူူး။ ကၽြန္ေတာ္ပဲ သူ႔အစားေတာင္းပန္ပါတယ္။ ကၽြန္ေတာ္တို႔ကို ကားနဲ႔တင္ေခၚလာတာလည္း ေက်းဇူးတင္ပါတယ္။ ေနာက္ကိုလည္း အဲဒီလိုမျဖစ္ေစရပါဘူး"

ဆြဲေခၚသည္ကို ထရပ္လာသည့္အလင္းဖြဲ႕ေၾကာင့္ ဧကမာန္အ့ံဩသြားသည္မွာ အမွန္ပင္။ ေသြးသစ္ဦးမွ တားလာသည့္အခါ ပို၍အံ့ဩမိသည္။ အလင္းဖြဲ႕သည္ အမွန္တကယ္ပင္ ရဲစခန္းပို႔လၽွင္လည္း လိုက္မည့္အေနအထားမ်ိဳးျဖစ္ေန၍သာ သူငယ္ခ်င္းျဖစ္သူက တားေနသည္ဟု ဧကမာန္ျမင္မိသည္။

'ဘယ္လိုကေလးလဲ။ အဲဒီေလာက္အထိ ဂ်စ္ကန္ကန္ႏိုင္သလား။ ဘယ္လိုအေျခအေနေတြကမ်ား မင္းကို ဒီေလာက္အထိ ဆိုးေနေစတာလဲကြာ'

ေသြးသစ္ဝင္တားသည့္အခါမွ လက္လႊတ္ေပးေသာ ထိုလူႀကီးေၾကာင့္ အလင္းဖြဲ႕ငိုခ်င္သြားမိသည္။ လူတစ္ေယာက္၏ အထင္ေသး၊ ႏွိမ့္ခ်မႈသည္ ဤမၽွေလာက္ခံရခက္လိမ့္မည္ဟု တစ္သက္ႏွင့္တစ္ကိုယ္ မေတြးမိပါ။

'ဘာလဲ၊ ဒီလူမို႔လား။ ဒီလူမို႔ ငါက ... ဟား ... မျဖစ္ႏိုင္တာေတြ။ သူ႔ဘာသာ ဘာထင္ထင္ ငါ့ဘဝနဲ႔ငါကို သူ႔ဂ႐ုစိုက္စရာလား။ အလင္းဖြဲ႕၊ မင္း အရင္ကေရာ ဘယ္သူ႔ကိုအေရးလုပ္ဖူးလို႔လဲ။ အခုလည္း ေသာက္ဂ႐ုစိုက္စရာမလိုဘူး'

အလင္းဖြဲ႕တစ္ေယာက္ တစ္ေယာက္တည္း အေတြးမ်ားေနမိေတာ့သည္။

"ကဲ၊ ေတာ္ေတာ့။ အလင္းဖြဲ႕လည္း အိမ္ကို တန္းတန္းမတ္မတ္ျပန္။ ဧက၊ မင္းလည္း အလုပ္ရွိေသးတယ္မဟုတ္လား။ ဒီေန႔ကိစၥ ငါတကယ္ေက်းဇူးတင္တယ္"

"အင္း၊ အဲဒါဆို ငါသြားေတာ့မယ္။ ညေနက် အစည္းအေဝးတစ္ခုရွိတာ နည္းနည္းျပင္ဆင္စရာရွိေသးတယ္"

"ေအး သူငယ္ခ်င္း"

"ကၽြန္ေတာ့္ကိုခြင့္ျပဳပါဦး။ ငသစ္၊ ငါျပန္ၿပီ"

"အင္း၊ အိမ္ကိုတန္းျပန္ေနာ္"

"ေအးပါ"

ဧကမာန္ထြက္သြားရာေနာက္မွ အလင္းဖြဲ႕ လိုက္ထြက္လာခဲ့ေတာ့သည္။

အခ်ိဳ႕ေသာလမ္းတို႔သည္ တစ္ထပ္တည္းမက်ေသာ္လည္း တူညီေနတတ္ၾကသည္ဆိုလၽွင္ ...

■■■
Demon

■■■■■ အပိုင္း (၄) ဆက္ရန္ ■■■■■

နံနက်မိုးလင်းစ.. ကျေးငှက်တို့၏ တေးသီကျူးသံသည် အများအဖို့ရာ သာယာဖွယ်ဟု ထင်ကောင်း‌ထင်‌နိုင်လိမ့်မည်။ သို့သော် ထိုသို့ထင်မြင်သူများထဲတွင် ညများ၌ အိပ်သည့်အခါ နောက်ကျတတ်သည့် အလင်းဖွဲ့တစ်ယောက်မပါခဲ့။

“ ကျစ်... စိတ်ရှုပ်စရာကောင်းလိုက်တာ။ ငါ့အခန်းထဲကို ဘယ်အပေါက်ကနေ အဲ့ဒီငှက်စုတ်တွေကဝင်လာရတာလဲ "

အခန်း.. သီးသန့်ကိုယ်ပိုင်အခန်းလေးလား.. ဪ.. ဟုတ်သားပဲ.. အဲ့ဒီအခန်းလေးက မရှိတော့တာ ကြာခဲ့ပြီပဲ..။ အရင်ကလို တိုက်အိမ်မှမဟုတ်တော့ပဲ..။ ထရံကားထားတဲ့ ပျဉ်ထောင်‌အိမ်လေးပဲလေ..။ ငါလည်း ဘဝမေ့တတ်လိုက်တာ လွန်ပါရော..။

“ ဟက်.."

ပြည့်စုံမှုမရှိသည့် မနက်ခင်းပေါင်းများစွာကို ကျွန်တော်ဖြတ်သန်းခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။ နှစ်လိုမှုအပြည့်မပါသည့် ထိုအပြုံး.. ထိုရယ်သံတို့သည် မိမိအားလွှမ်းမိုးခဲ့လေသည်မှာ ကြာပြီဖြစ်သည်။ ယခင်ကကဲ့သို့ နှစ်လိုစွာ‌ပြုံးချင်ပါသည်။ ပျော်ရွှင်မှုအပြည့်ဖြင့် ရယ်မောချင်ပါသည်။ သို့သော်.. မဖြစ်နိုင်တော့ပေ။

ဟုတ်တယ်လေ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေခဲ့ရတဲ့သူဌေးသားတစ်ယောက်က နေ့တွင်းချင်း ညတွင်းချင်း ဆင်းရဲသွားခဲ့တာလေ။ ဒီလိုအချိန်မှာ ဘယ်သူက ပြုံးပျော်နိုင်မှာတဲ့လဲ..။ ကျွန်တော်လည်း လူသားပဲ ပျော်ချင်တာပေါ့။ အဲ့ဒါကြောင့်လည်း အပျော်ကိုရှာဖွေတယ်။ တချို့တချို့သော မိန်းကလေးတွေနဲ့ပေါ့..။ ဒါပေမဲ့လည်း အလကားပါ.. တွဲခဲ့တဲ့ မိန်းကလေးတွေသာပျော်နေကြတယ်။ ကျွန်တော်ကတော့ အရင်လို အပြုံးတွေမဲ့နေဆဲပဲ။ တစ်ခါတလေ တွဲဖူးတဲ့ကောင်မလေးတွေက တောင်ဆိုဖူးတယ်.. သူတို့ကို ပြုံးပြပါလားတဲ့..။ တောင်းဆိုမှုကြောင့် ‌ပြုံးပြခဲ့တယ် ဒါပေမဲ့.. အဓိပ္ပာယ်က မဲ့နေဆဲပဲ။

သွေးသစ်ဦးပြောတဲ့စကားက တကယ်ပဲမှန်နေသလား..။ သူကျွန်တော့်ကိုပြောဖူးတယ် ‘မင်းက အချစ်နဲ့မတွေ့သေးလို့ မပျော်နိုင်သေးတာပါ'တဲ့လေ..။ ကျွန်တော်လည်းရည်းစားတွေထားနေတာပဲ.. ဘာလို့အချစ်ကို အခုချိန်ထိမတွေ့နိုင်သေးတာလဲ..။ အချစ်ဆိုတဲ့အရာကြီးကရော.. ပျော်ရွှင်မှုတွေကို တကယ်ပေးနိုင်ရဲ့လား။ လူတွေကြောင့် မပျော်နိုင် မပြုံးနိုင်ခဲ့တာကြာပေါ့..။

ချွင်းချက် တစ်ခုတော့ရှိတယ်။ အဲ့ဒါက ဖဲချပ်လေးတွေပဲ။ လူတွေကြောင့် မပျော်နိုင်ပေမဲ့ ဖဲချပ်လေးတွေကတော့ ကျွန်တော့်ကိုပျော်ရွှင်စေတယ်.. ပြုံးစေတယ်။ ချောမွေ့နေတဲ့ဖဲချပ်လေးတွေကို ကိုင်ရတာက ကျွန်တော့်ရဲ့စိတ်ထဲက အဆင်မ‌ပြေမှုဆိုတဲ့ အဖုအထစ်လေးတွေကို ချောမွေ့စေတယ်။ သွေးသစ်ဦးပြောတဲ့ အချစ်ဆိုတာ ကျွန်တော့်အတွက်တော့ ဖဲချပ်လေးတွေများလား..။ တကယ်ကို ရူးကြောင်ကြောင်နိုင်တဲ့အတွေးပါ။

အလင်းဖွဲ့သည် ဤသို့ရူးကြောင်ကြောင်အတွေးတို့ဖြင့် အိပ်ရာထဲတွင်လှဲနေစဉ် သူ၏ဖုန်းထဲသို့ messageတစ်စောင်ဝင်လာခဲ့သည်။ ဝင်လာသော messageကို ဖုန်းလေးဖွင့်၍ ဖတ်လိုက်သောအခါ အရောင်တောက်လာသည့် သူ၏မျက်ဝန်းများသည် ကြယ်ပွင့်လေးသဖွယ်..။

အဓိပ္ပာယ်မဲ့လှပါတယ်ဆိုတဲ့ သူ့ရဲ့မနက်ခင်းတွေမှာ သူ့ကိုသဘောကျစေတဲ့အကြောင်းအရာက ဘာများဖြစ်မလဲ။
သေချာပေါက် ဖဲဝိုင်းတစ်ခုပေါ့။

“ ဟယ်လို.. သွေးသစ်ဦးရေ.. မင်္ဂလာသတင်း "

“ ဘယ်မှာဝိုင်းရှိလို့လဲ "

“ ဇွဲထက်တို့အိမ်မှာ "

“ ဘာဝိုင်းလဲ "

“ ၁၃ချပ် "

“ အဲ့ဒီကိုလစ်မယ်ပေါ့။ ကျောင်းရော မသွားတော့ဘူးလား "

“ တစ်ရက်တလေပျက်တာ ဘာမှမဖြစ်ပါဘူးကွာ။ မင်းလိုက်မှာလား "

“ ဝိုင်းတစ်ခုမှာ မင်းတစ်ယောက်တည်းကိုပဲမြင်ရရင် ဘယ်အဓိပ္ပာယ်ရှိမလဲ။ သေချာပေါက်ကို လိုက်ရမှာပေါ့ "

“ ဒါမှ ငါ့သူငယ်ချင်း "

“ ဒါနဲ့.. မင်းမှာ ရှိသေးလို့လား။ ဟိုတစ်နေ့ကနိုင်တာတွေကို စာအုပ်ဝယ်လိုက်တယ်မဟုတ်လား "

“ အင်း.. "

“ ထားပါ ငါရင်းပေးမယ်။ အဆင်ပြေလား "

“ သိပ်ပြေတာပေါ့ "

“ အိုခေလေ.. ဇွဲထက်တို့အိမ်ကို ၁၀နာရီအရောက်သွားမယ် "

“ အင်း.. အဲ့ဒါဆို ဖုန်းချလိုက်ပြီနော် "

ဖုန်းပြောပြီးနောက် အလင်းဖွဲ့တစ်‌ယောက်သည် အလွန်တက်ကြွစွာပင် ဇွဲထက်၏အိမ်သို့သွားရန်ပြင်ဆင်နေသည်။ ကျောင်းသွားမည်ဟုပြော၍ ထွက်ရသည်ဖြစ်ရာ uniformကိုသာဝတ်ဆင်ရသည်။

ချိန်းဆိုထားသည့်အတိုင်းပင် မနက်ဆယ်နာရီထိုးသောအခါ ဇွဲထက်၏အိမ်သို့ အလင်းဖွဲ့နှင့်သွေးသစ်ဦးရောက်လာခဲ့ကြသည်။ ထိုသူနှစ်ဦးရောက်သောအခါ pokerဝိုင်းလေးသည်လည်း ပို၍အသက်ဝင်လာသည်။

“ ဘယ်လောက်ပါလဲ "

“ သုံးပုံး။ မင်းနှစ်ပုံး ငါတစ်ပုံး။ ရော့ ယူထား.. "

“ မင်းလည်းဆော့မှာမဟုတ်လား..။ တစ်ယောက်ကို တစ်ပုံးခွဲဆိုရင်ရပြီလေ "

“ ငါက သိပ်မဆော့ဘူး..။ ပိုကာက ဖင်ညောင်းတယ်။ မင်းပဲဆော့ "

“ အင်းပါ.. ကျေးဇူး.. ငါနိုင်ရင်အတိုးပါပေးမယ် "

“ လာပြန်ပြီလား ဒီကျေးဇူး "

“ ဟဲဟဲ.. "

“ ဟဲဟဲလုပ်မနေနဲ့။ မင်းနဲ့ငါနဲ့ အိမ်ခွဲထိုင်မယ်။ တော်ကြာ ငါတို့ကနှစ်အိမ်ပူးထိုင်ပြီး ပိုကာဝိုင်းမှာ နှစ်ယောက်ပေါင်း လုပ်စားနေပါတယ်ဖြစ်နေဦးမယ်။ အဲ့ဒါကြောင့်မင်းကို ပိုက်ဆံကြိုပေးထားတာ "

“ မင်းသဘော မင်းသဘော "

ဤသည်မှာ အလင်းဖွဲ့နှင့်သွေးသစ်ဦး၏ရိုးသားမှု။ မကောင်းမှု၌ ရိုးသားသည်ဟူသော စကားလုံးသည် အနည်းငယ် ကသိကအောက်နိုင်လှသည်။ သို့သော်ငြား ထိုသူနှစ်ဦးမှာမူ အမှန်ပင် ရိုးသားစွာကစားသည်။ လိမ်ခြင်းမရှိ ဖဲခိုးခြင်းမရှိ။ မကောင်းမှု၌မွေ့လျော်သောလည်း ရိုးသားနေဆဲ။

Pokerဝိုင်း၏ ရိုးရာအရာအတိုင်းပင် တိတ်ဆိတ်နေလျက် ဖင်ပူအောင်ပင် ထိုင်ရသည်။ ထိုင်ရခြင်းနှင့်တန်အောင်ပင် ဖဲချပ်များကို အစွန်းအစလေးသာဖော်၍ ပွတ်နေရသည်ကလည်း ထူးကဲသည့်အရသာတစ်ခု။ တစ်ဦးပစ်လိုက်သည့် ဖဲချပ်ကိုကြည့်၍ ၎င်းလက်ထဲတွင်ကိုင်ထားသော ဖဲချပ်ကိုခန့်မှန်းရသည့် pokerကစားသမားတို့၏ ဉာဏ်ကွန့်မြူးမှုတစ်ခု။

ထို့သို့ ခန့်မှန်းရာ၌ ကစားဝိုင်းရှိလူများထဲတွင် အလင်းဖွဲ့သည်က အတော်ဆုံးဖြစ်သည်။ nicknameဖြစ်သည့် luckyဟူသော အမည်ဖြင့်လိုက်ဖက်စွာပင် အလင်းဖွဲ့သည့် မကောင်းမှုတို့၌ ကံကောင်းနေမြဲ။

လက်ဖျောက်လေးတစ်ချက်တီးပြီးနောက် နှုတ်ခမ်းတစ်ဖက်ကွေးရုံမျှ ပြုံးလိုက်သည့် သူ၏အပြုံးများကို ကစားဝိုင်းရှိလူအများ မက်မောနေကြသည်။

“ ကဲ.. ဆွဲလိုက်တဲ့ဖဲကဂျော်တက်လာလို့ ဒေါင်းသွားပါပြီဗျာ။ အလုံးတွေလည်းပါပါတယ်နော် "

“ ဘယ်နှလုံးလဲ "

“ ဒေါင့်၇ရယ် ဂျော်နှစ်ကောင်ရယ် စပိတ်၁ရယ်.. တစ်လုံးကိုငါးထောင်ဆိုတော့.. စုစုပေါင်း နှစ်သောင်းပါဗျာ "

“ ဂျော်နှစ်ကောင်နဲ့ဒေါင်းရတယ်လို့.. တကယ် luckyပါကွာ "

တစ်ဝိုင်းလုံးရှိ ထိုးကြေးများကို ယူပြီး၍ နောက်တစ်ပွဲစရန်ဖဲချပ်ဝေနေ‌စဉ် အဖျက်အဆီးတစ်ခုက ထိုကစားဝိုင်းထံသို့ရောက်လာသည်။ လူတစ်ယောက်သည် ထိုအိမ်ထဲသို့အလောတကြီး ပြေးဝင်လာခဲ့သည်။

“ ဟိတ်‌ကောင်တွေ သိမ်းတော့.. ဘယ်ကောင် ညှော်လိုက်လည်းမသိဘူး။ ရဲတွေရောက်လာပြီ။ သိမ်း.. သိမ်း "

ထိုစကားကိုကြားပြီးနောက် အလင်းဖွဲ့နှင့်သွေးသစ်ဦးသည် အနိုင်ရထားသောပိုက်ဆံများကိုအိတ်ထဲထည့်ကာ အနောက်ဘက်ခြံစည်းရိုးမှကျော်၍ ထွက်ပြေးခဲ့သည်။ ကံကောင်းသည်လော ကံဆိုး‌သည်လောမသိ။ ထိုသို့ထွက်ပြေးနေစဉ် ကားတစ်စီးသည် ထိုသူတို့၏အရှေ့တွင် ရပ်လိုက်ပြီးနောက် ကားမောင်းသူက အလင်းဖွဲ့နှင့်သွေးသစ်ဦးကို ကားပေါ်သို့ တက်ခိုင်း‌စေသည်။ ကားမောင်းနေသူမှာ တခြားလူမဟုတ်.. ဧကမာန်ဖြစ်သည်။

..............
[ Author note- အိမ်ဆိုတာက ကစားသမားထိုင်တဲ့နေရာကိုပြောတာပါ။ အလုံးဆိုတာက ပိုက်ဆံဖဲကိုပြောတာပါ။ ဂျော်ဆိုတာက ဂျိုကာ‌ဖဲကိုပြောတာပါ။ နေရာဒေသအလျှောက်အခေါ်အဝေါ်တွေ ကွဲပြားနိုင်ပါတယ်။ ]

HanMuYarThway
..............

'ဘယ်လိုဖြစ်လို့ ဒီလူကြီးနဲ့မှ တည့်တည့်တိုးပြန်တာလဲ'

ရုတ်တရက်ကြောင်ကြည့်နေမိပြီးမှ သူငယ်ချင်းနှစ်ယောက် ကားပေါ်သို့ အလုအယက်တက်လိုက်ကြသည်။ မောင်းထွက်လာခဲ့ပြီးသည့်အခါ သွေးသစ်က

"ဘယ်လိုဖြစ်ပြီး ..."

"မြေကွက်လာကြည့်တာ။ ရဲကားတွေ တွေ့လိုက်သားပဲ။ ခြံနောက်ကနေ အပေအတေလိုထွက်လာတာ မင်းတို့ဖြစ်နေမယ်လို့တော့ ထင်မထားဘူးပေါ့"

"ခင်ဗျား၊ ခေါ်တင်လာခဲ့ရတယ်ဆိုပြီး ပြောချင်တာပြောလို့ရမလား"

"ကားရပ်ပေးမယ်၊ ဆင်းမလား"

"ခင်ဗျားကြီး ..."

"တော်တော့ အလင်း"

ဧကမာန်၏အပြောကိုမခံနိုင်၍ ခွန်းတုံ့ပြန်နေသောအလင်းဖွဲ့ကို သွေးသစ်ဦး ထိန်းလိုက်ရသည်။ အခြေအနေအရ ဧကမာန်၏အကူအညီကို ယူထားရသည်မဟုတ်ပါလား။

"ဘာပြောချင်သေးလို့လဲ"

ကားရပ်သည့်ဘက်အခြမ်း လွတ်သည့်နေရာတွင် အလျင်စလိုဝင်ထိုင်လိုက်ရ၍ ကားမောင်းလာသည့်ဧကမာန်ဘေးတွင် အလင်းဖွဲ့ထိုင်နေပြီး သူ၏နောက်ဘက်တွင် သွေးသစ်ဦးရှိနေသည်။ သွေးသစ်ဦးက နောက်ဘက်မှနေ၍ အလင်းဖွဲ့လက်မောင်းကိုလှမ်းဆွဲကာ တားဆီးလေတော့ ဧကမာန် တစ်ချက်ရယ်လိုက်မိသေးသည်။ ဧကမာန်၏မေးခွန်းကိုတော့ အလင်းဖွဲ့ပြန်မဖြေတော့ပါ။

"Hello, ခန့်ထည်၊ မင်းဘာလုပ်နေလဲ"

".............."

"အရေးကြီးကိစ္စမရှိသေးရင် မင်းအိမ်ကိုခဏပြန်လာပါဦးကွာ။ မင်းတူကိစ္စ ပြောစရာရှိလို့"

".............."

"အခုက ငါကားမောင်းနေတယ်။ မင်းအိမ်ကနေ စောင့်နေမယ်"

ဧကမာန်ဖုန်းချလိုက်ပြီးချိန် သွေးသစ်မျက်နှာပျက်နေလေပြီ။ အလင်းဖွဲ့သည်က အပြေးအလွှားရှောင်တိမ်းခဲ့ရသည်မှာ သူမဟုတ်သကဲ့သို့ပင်။

.

"ဘာဖြစ်တာလဲ ဧက။ သူတို့ကရော ဘာလို့ မင်းနဲ့အတူရှိနေတာလဲ"

"ဘာဖြစ်တာလဲဆိုတာတော့ မင်းတူကိုမေးကြည့်လေ"

ဧကမာန် ခပ်အေးအေးပင်ဆိုလာသည်။ သွေးသစ်တို့နှင့် မျက်နှာချင်းဆိုင်တွင် ခန့်ထည်ဝင်ထိုင်လိုက်ပြီး

"ဘာဖြစ်တာလဲ သွေးသစ်ဦး"

"ဟို ... ဟို ... ဖဲဝိုင်း ..."

"ဘာဖြစ်တယ်။ မင်း ကျောင်းသွားတာမဟုတ်ဘူးလား။ ဘာကိစ္စ ဖဲဝိုင်းက ပါလာတာလဲ။ ပုံစံကလည်း ဘာဖြစ်နေတာလဲ"

"ဖဲဝိုင်းကို ... ရောက်သွားတာပါ"

"ဟား ... မင်းက တော်တော်လေးအကျင့်ပျက်နေတာပဲ။ ဧကနဲ့ ဘယ်လိုဆုံလာတာလဲ"

"အဲဒါက ... ဟိုလေ ... ဖဲဝိုင်းမှာ ... ဟို ..."

"သွေးသစ်ဦး၊ မင်း စကားကို သေချာပြောစမ်း"

"ဦးခန့်၊ အဲဒီဝိုင်းဆီ ငသစ်ကို ကျွန်တော်ခေါ်သွားတာ"

"မင်းက ..."

"ဟုတ်၊ အဲဒီကို ရဲတွေရောက်လာလို့ ..."

*ဒုန်း*

အလင်းဖွဲ့စကားမဆုံးမီ ရှေ့မှစားပွဲပေါ်သို့ ခန့်ထည်လက်သီးက ကျသွားခဲ့သည်။ သွေးသစ်ကိုကြည့်နေသည့် အကြည့်တို့သည်လည်း ဒေါသအပြည့်။

"မင်းက လောင်းကစားမှုနဲ့ ထောင်ထဲရောက်မှ မှတ်မှာလား။ မင်းအသက်က ဘယ်အရွယ်ရှိသေးလို့ ဒီလောက်အထိ ဖြစ်ပျက်နေတာလဲ"

ခန့်ထည်၏စကားများကို သွေးသစ်ပြန်မဖြေနိုင်ပေ။ အပြစ်ရှိသူဖြစ်သည့်အလျှောက် ပြောသမျှကို ခေါင်းငုံ့ခံရုံသာ။
ခန့်ထည်က စိတ်လျှော့လိုက်ဟန် သက်ပြင်းရှည်တစ်ချက်ချပြီး မေးလိုက်သည်။

"ဘာဆက်ဖြစ်လဲ"

သွေးသစ်ဆီမှ အသံထွက်မလာသောကြောင့် အလင်းဖွဲ့က

"ကျွန်တော်တို့ ..."

"ခဏ အလင်းဖွဲ့။ ကိုယ့်တူကိုမေးတာ မင်းဝင်ဖြေဖို့မလိုဘူးထင်တယ်။ သွေးသစ်ဦး၊ မင်းပြော"

"ကျွန်တော်တို့ နောက်ဘက်ခြံစည်းရိုးကနေ ကျော်ပြေးလာခဲ့တာပါ"

"အဲဒီမှာ ဧကနဲ့တွေ့တာလား။ ဒီနေ့ ဧကက မြေကွက်သွားကြည့်မယ်ပြောတာ"

"အင်း"

တစ်ချိန်လုံးငြိမ်ပြီးကြည့်နေသော ဧကမာန် ဝင်ပြောလိုက်သည်။

"မင်း ရဲစခန်းလိုက်ရှင်းနေရမှာ စိုးလို့လေ"

"ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီတိုင်းထားခဲ့ရမှာ၊ မှတ်လောက်သားလောက်ဖြစ်အောင်"

"ငါလည်းတွေးပါတယ်၊ ဒီအတိုင်းထားခဲ့ဖို့။ မင်းမျက်နှာကြောင့် ခေါ်လာခဲ့တာ။ လိုက်လည်းလိုက်ကြတယ်နော်။ တစ်ယောက်ကအဖော်စပ်၊ တစ်ယောက်ကလည်း ကောက်ကောက်ပါအောင်လိုက်သွားတာ။ ကစားဖို့ငွေက ဘယ်ကရလဲ"

တစ်ယောက်မှအသံမထွက်ပါ။

"မေးနေတာ ဖြေလေ"

"ကျွန်တော် ဟိုနေ့ကနိုင်တဲ့ပိုက်ဆံနဲ့ ဆော့တာ"

အလင်းဖွဲ့ဖြေလိုက်သော်လည်း ခန့်ထည်က

"သွေးသစ်ဦး၊ သူပြောတာ ဟုတ်လား။ ငါ့မျက်နှာကိုကြည့်ဖြေ"

ခန့်ထည်မျက်နှာကို မဝံ့မရဲကြည့်ကာ သွေးသစ်ဆွံ့အနေမိသည်။

"အဟက်၊ မင်းယူသွားတာပေါ့။ ယုံကြည်ချင်စရာ မကောင်းဘူးပဲ"

"မဟုတ်ရပါဘူး။ ကျွန်တော်က ဒီအတိုင်း ပြီးရင်ပြန်ထည့်ထားမယ်ဆိုပြီး ခဏယူသွားတာပါ။ နောက်မဖြစ်စေရပါဘူး"

ခန့်ထည်၏ မယုံကြည်နိုင်တော့ဘူးဆိုသည့်စကား မည်မျှထိရောက်သည်မသိ။ အသံမထွက်သည့်သွေးသစ်ဦး ပျာပျာသလဲတောင်းပန်လာလေသည်။

"မင်းနဲ့ ပြီးမှရှင်းမယ်။ အလင်းဖွဲ့၊ မင်းလည်းပြန်လိုက်တော့။ မင်းတို့ချင်း မတွေ့ကြတာပိုကောင်းမယ်"

"ကျွန်တော် ..."

"ချာတိတ်၊ မင်းအထွန့်မတက်တာ ကောင်းမယ်နော်။ ဘာတဲ့ ... ဟိုနေ့ကနိုင်တဲ့ ပိုက်ဆံတဲ့လား။ မင်းက လောင်းကစားတင်မကဘူး၊ အလိမ်အညာပါတတ်တာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အတတ်ကောင်းတွေ"

"ခင်ဗျား ကျွန်တော့်ကို အဲဒီလောက်ပြောစရာမလိုဘူး။ ခင်ဗျားနဲ့ ဘာမှမပတ်သက်ဘူး။ ဦးခန့်ပြောတာ သူ့တူနဲ့ပတ်သက်တာမို့ ထားပါတော့။ ခင်ဗျားက သူများသားသမီးကို အဲဒီလောက်အထိ ချိုးဖဲ့ပြောစရာမလိုဘူး"

"ဪ၊ မင်းက ဘယ်လောက်တော်နေလို့ ငါ့ကိုပြန်အော်နေတာလဲ။ မင်းတို့ကို ငါ့ကားနဲ့တင်ခေါ်လာတာနော်"

"ဒီလိုမှန်းသိရင် မလိုက်ဘူး။ ကိုယ့်ဘာသာ ရဲစခန်းပဲရောက်ရောက်၊ ထောင်ပဲကျကျ၊ ခင်ဗျားအပြောအဆိုခံရတာထက်တော့ သာတယ်"

"မဂျစ်နဲ့ ချာတိတ်။ အခုသွားချင်ရင် ရဲစခန်းအထိလိုက်ပို့ပေးပြီး တရားလိုလုပ်ပေးမယ်"

"ခင်ဗျား ..."

"ဘာလဲ၊ သွားမလို့လား။ လာ၊ ထ"

ဧကမာန် မတ်တပ်ထရပ်ပြီး အလင်းဖွဲ့ကိုဆွဲခေါ်သည့်အခါ အလင်းဖွဲ့ထရပ်လိုက်သည်။ သွေးသစ်မှာသာ ခပ်ပြတ်ပြတ်ဧကမာန်နှင့် ဂျစ်ကန်ကန်အလင်းဖွဲ့အကြောင်း သိနေသူမို့ အသည်းအသန်တားရတော့သည်။

"အလင်း၊ ဘာတွေပြောနေတာလဲ။ ဦး၊ သူက အဲဒီလိုပြောချင်တာမဟုတ်ပါဘူူး။ ကျွန်တော်ပဲ သူ့အစားတောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ကားနဲ့တင်ခေါ်လာတာလည်း ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း အဲဒီလိုမဖြစ်စေရပါဘူး"

ဆွဲခေါ်သည်ကို ထရပ်လာသည့်အလင်းဖွဲ့ကြောင့် ဧကမာန်အံ့ဩသွားသည်မှာ အမှန်ပင်။ သွေးသစ်ဦးမှ တားလာသည့်အခါ ပို၍အံ့ဩမိသည်။ အလင်းဖွဲ့သည် အမှန်တကယ်ပင် ရဲစခန်းပို့လျှင်လည်း လိုက်မည့်အနေအထားမျိုးဖြစ်နေ၍သာ သူငယ်ချင်းဖြစ်သူက တားနေသည်ဟု ဧကမာန်မြင်မိသည်။

'ဘယ်လိုကလေးလဲ။ အဲဒီလောက်အထိ ဂျစ်ကန်ကန်နိုင်သလား။ ဘယ်လိုအခြေအနေတွေကများ မင်းကို ဒီလောက်အထိ ဆိုးနေစေတာလဲကွာ'

သွေးသစ်ဝင်တားသည့်အခါမှ လက်လွှတ်ပေးသော ထိုလူကြီးကြောင့် အလင်းဖွဲ့ငိုချင်သွားမိသည်။ လူတစ်ယောက်၏ အထင်သေး၊ နှိမ့်ချမှုသည် ဤမျှလောက်ခံရခက်လိမ့်မည်ဟု တစ်သက်နှင့်တစ်ကိုယ် မတွေးမိပါ။

'ဘာလဲ၊ ဒီလူမို့လား။ ဒီလူမို့ ငါက ... ဟား ... မဖြစ်နိုင်တာတွေ။ သူ့ဘာသာ ဘာထင်ထင် ငါ့ဘဝနဲ့ငါကို သူ့ဂရုစိုက်စရာလား။ အလင်းဖွဲ့၊ မင်း အရင်ကရော ဘယ်သူ့ကိုအရေးလုပ်ဖူးလို့လဲ။ အခုလည်း သောက်ဂရုစိုက်စရာမလိုဘူး'

အလင်းဖွဲ့တစ်ယောက် တစ်ယောက်တည်း အတွေးများနေမိတော့သည်။

"ကဲ၊ တော်တော့။ အလင်းဖွဲ့လည်း အိမ်ကို တန်းတန်းမတ်မတ်ပြန်။ ဧက၊ မင်းလည်း အလုပ်ရှိသေးတယ်မဟုတ်လား။ ဒီနေ့ကိစ္စ ငါတကယ်ကျေးဇူးတင်တယ်"

"အင်း၊ အဲဒါဆို ငါသွားတော့မယ်။ ညနေကျ အစည်းအဝေးတစ်ခုရှိတာ နည်းနည်းပြင်ဆင်စရာရှိသေးတယ်"

"အေး သူငယ်ချင်း"

"ကျွန်တော့်ကိုခွင့်ပြုပါဦး။ ငသစ်၊ ငါပြန်ပြီ"

"အင်း၊ အိမ်ကိုတန်းပြန်နော်"

"အေးပါ"

ဧကမာန်ထွက်သွားရာနောက်မှ အလင်းဖွဲ့ လိုက်ထွက်လာခဲ့တော့သည်။

အချို့သောလမ်းတို့သည် တစ်ထပ်တည်းမကျသော်လည်း တူညီနေတတ်ကြသည်ဆိုလျှင် ...

■■■
Demon

■■■■■ အပိုင်း (၄) ဆက်ရန် ■■■■■
© Demon ,
книга «Love Cards».
Коментарі