Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (7)
သည္ပြဲတြင္ ဤမၽွစိတ္ရႈပ္ရမည္ကို ဧကမာန္ႀကိဳမသိခဲ့၍သာ ကိုယ္တိုင္စီစဥ္ေပးခဲ့မိျခင္းပင္။ မည္သူကမွ လိုက္လံ၍စိတ္ဒုကၡေပးေနသည္ မဟုတ္ပါေသာ္လည္း အလိုအေလ်ာက္ပင္ ေနရခက္လာရသည္။ အေၾကာင္းမွာ ေဒၚေမနန္းထိုက္ေခၚေန၍ ဧကမာန္ အိမ္ထဲသို႔ဝင္လာသည့္အခါ ဧည့္ခန္းက်ယ္ႀကီးေဘးမွ မွန္တံခါးႏွင့္ျခားထားသည့္ သီးသန္႔ဧည့္ခန္းတြင္ ေဒၚေမနန္းထိုက္တစ္ေယာက္ ဖုန္းေျပာေနေလသည္။

"ရပါတယ္ သမီးရယ္။ အဲဒီေလာက္အထိေျပာရမယ့္လူေတြလား။ ခဏေလးပဲ ေစာင့္ေနလိုက္ေနာ္။ တီေမ ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ သမီး။"

စကားတြင္သမီးခ်င္းထပ္၍ မ်က္ႏွာတြင္ပါ အျပံဳးေဝေနသည့္ ေဒၚေမနန္းထိုက္ကိုၾကည့္ကာ ဧကမာန္ျပံဳးမိသည္။

'မာမီက စိတ္တိုင္းက်လုပ္ေနရေတာ့ ျပံဳးေပ်ာ္ေနတာ။'

"သားေရ၊ ပ်ိဳးေလးကေလ လမ္းမွာ ကားဘီးေပါက္သြားလို႔တဲ့။ အဲဒါ သားသြားေခၚေပးပါဦး။ ညဘက္ဆိုေတာ့ လက္ဝတ္လက္စားေတြနဲ႔က မိန္းကေလးတစ္ေယာက္တည္း ကားငွားစီးဖို႔လည္း အဆင္မေျပဘူးေလ။ မာမီတို႔နဲ႔နီးေနၿပီဆိုေတာ့ သူ႔အိမ္ကိုမွာမွာထက္စာရင္ မာမီတို႔ကသြားေခၚေပးတာ ပိုျမန္မယ္။"

"ဒါဆို ကၽြန္ေတာ္ ဦးေလးေကာင္းကိုေျပာလိုက္မယ္ မာမီ။ ဘယ္ေနရာမွာ ပ်က္ေနတာတဲ့လဲ။"

"သားကိုယ္တိုင္သြားရမွာေလ။ ဘယ့္ႏွယ္ ကိုေကာင္းလဲ။"

"ကၽြန္ေတာ္က ..."

"ေရွ႕မွာလည္း အကုန္အဆင္သင့္ျဖစ္ေနၿပီမဟုတ္လား။ ပြဲမစခင္ေလး ပ်ိဳးေလးေရာက္လာေစခ်င္လို႔ကြယ္။ သြားလိုက္ပါ။"

ဗ်ဴဟာအျပည့္ႏွင့္ ေဒၚေမနန္းထိုက္ကို ဧကမာန္က ျငင္းရန္ျပင္ေသာ္လည္း

"ေရာ့ သား၊ ဒီမွာ ဖုန္းနံပါတ္။"

ကတ္ေလးတစ္ကတ္ကိုထုတ္ေပးလာၿပီး ကားရွိေနမည့္ေနရာႏွင့္ ကားနံပါတ္ကိုပါ ဆက္ရြတ္ျပလာသည့္ ေဒၚေမနန္းထိုက္ကို သားျဖစ္သူဧကမာန္ လြန္ဆန္၍မရႏိုင္ေတာ့ေပ။

"ကဲ၊ သြားလိုက္ေနာ္။ သူ႔ဒရိုင္ဘာကေတာ့ ကားဘီးလဲမလို႔လုပ္ေနတယ္ဆိုေပမဲ့ ၾကာေနမွာစိုးလို႔ အခုလာေခၚမယ္လို႔ မာမီေျပာထားတာ။ သြားလိုက္ သား။"

"ဟုတ္"

¤

"MD ရာ၊ ကၽြန္ေတာ္ေတာ့ အလုပ္ျပဳတ္ေတာ့မွာပဲ။"

"ဘာဆိုင္လို႔လဲ။"

"အဲဒီမမေလးကို ဒီကအကိုေလးက တစ္ေယာက္တည္းသြားႀကိဳမွ အိမ္ကေမေမႀကီးစီစဥ္သလို ျဖစ္မွာေလ။ အခုေတာ့ ဘာလို႔မ်ား ကၽြန္ေတာ္က ကန္႔လန္႔ႀကီးပါလာတာလဲ။ MD မာမီ၊ ဥကၠ႒ႀကီးသိရင္ ကၽြန္ေတာ့္ကိုၾကည္မလားလို႔။"

"မင္းက ငါ့ဝန္ထမ္းပါကြ။ ငါအလုပ္ခန္႔ထားတဲ့ ငါ့ဝန္ထမ္းကို ဥကၠ႒လည္းျဖဳတ္မရဘူး။ ၿပီးေတာ့ ငါကလည္း ျဖဳတ္ဖို႔အစီအစဥ္မရွိဘူး။ အခုလည္း မာမီမသိပါဘူးကြာ။"

"ေခါင္းက်ိန္းလိုက္တာေနာ္။"

ဧကမာန္ဆြဲေခၚလာ၍ မိုးရိပ္ညိဳတစ္ေယာက္ ပြစိပြစိေျပာကာ ပါလာခဲ့ျခင္းပင္။

"MD, ဟိုေရွ႕ကကားထင္တယ္။"

"ေအး"

ကားနံပါတ္မွန္သည္ျဖစ္၍ ဧကမာန္ ကားရပ္ကာ ထိုကားရွိရာသို႔ လွမ္းလာလိုက္သည္။ ခပ္လွမ္းလွမ္းမွ မိုးရိပ္ညိဳလည္း ပါလာေပသည္။ ထိုကားအနီးသို႔ ဧကမာန္ေရာက္လာသည့္အခါ ဒရိုင္ဘာဖြင့္ေပးသည့္ေနာက္ခန္းတံခါးမွ ပန္းပ်ိဳးၾကယ္ဆင္းလာ၏။

"ကၽြန္ေတာ္ ပန္းပ်ိဳးၾကယ္ကို လာႀကိဳတာပါ။"

"အားနာလိုက္တာ အရမ္းပဲ။ တီေမ့ကို ပ်ိဳး တားပါေသးတယ္။"

"ရပါတယ္ဗ်ာ။ အားမနာပါနဲ႔။ ဒီဘက္ႂကြပါဗ်။"

"ဟုတ္ကဲ့ရွင့္။"

သူ၏ကားဘက္သို႔လာႏိုင္ရန္ ဧကမာန္က ေဘးသို႔ကပ္ေပးၿပီး ပန္းပ်ိဳးၾကယ္ကို ေရွ႕မွသြားေစသည္။ စိမ္းျပာရင့္ရင့္အေရာင္ဝတ္စံုသည္ အေပၚပိုင္းတြင္ လက္ရွည္ျဖစ္ၿပီး လံုလံုျခံဳျခံဳရွိသကဲ့သို႔ ဒူးအထက္နားမွေန၍ ေအာက္ပိုင္းတြင္ဝဲေနသည့္ဂါဝန္စတြင္ မည္သည့္အကြဲရာမွမပါေပ။ ခႏၶာကိုယ္ေကာက္ေၾကာင္းတို႔သည္ကျဖင့္ ေပၚလြင္လွပလို႔ေနသည္။ ဆံပင္ရွည္မ်ားကို တစ္ဝက္စည္းကာ စိန္ေရာင္လက္ေနသည့္ ကလစ္ငယ္တစ္ခုျဖင့္ ခပ္ေလ်ာ့ေလ်ာ့ထိန္းထားၿပီး ႏွစ္လက္မခန္႔ရွည္သည့္ စိန္တန္းငယ္ေလးႏွစ္ခုသည္ နားႏွစ္ဖက္တြင္ တစ္လက္လက္ျဖင့္ခိုတြယ္လ်က္။ လည္တိုင္တြင္ ပလက္တီနမ္ႀကိဳးငယ္ႏွင့္ ၾကယ္ပံုစံဆြဲသီးေလးကို ဆြဲထားၿပီး လက္ေကာက္ဝတ္တစ္ဖက္တြင္ စိန္ပန္းႏြယ္ႏွစ္ခုယွက္ႏြယ္ေနသည့္ဟန္ လက္ေကာက္တစ္ကြင္းဆင္ယင္လ်က္ လက္ေခ်ာင္းဆယ္ေခ်ာင္းလံုးတြင္မွ သံုးကြင္းမျပည့္သည့္လက္စြပ္ေလးမ်ားႏွင့္ လက္သြယ္သြယ္တို႔တြင္ စိန္တစ္တန္းပါသည့္ ေငြေရာင္လက္ကိုင္အိတ္ကိုကိုင္ထားေသာ ထိုမိန္းမပ်ိဳ၏ ရိုးရိုးရွင္းရွင္းႏွင့္တန္ဖိုးႀကီးသည့္ အဆင္အယင္တို႔ကိုၾကည့္ကာ ခပ္လွမ္းလွမ္းတြင္ရပ္ေစာင့္ေနေသာ မိုးရိ္ပ္ညိဳက ကိုယ္ကိုရို႕၍ျပံဳးျပလိုက္ၿပီး ေဘးမွကပ္လိုက္ပါလာေလသည္။ ဧကမာန္သည္ကေတာ့ ေနာက္နားမွသာ လိုက္လာခဲ့၏။

မိုးရိပ္ညိဳဖြင့္ေပးသည့္ေနာက္ခန္းတြင္ ပန္းပ်ိဳးၾကယ္ဝင္ထိုင္ၿပီး ဧကမာန္ႏွင့္မိုးရိပ္ညိဳက ေရွ႕ခန္းတြင္ေနရာယူကာ အိမ္သို႔ေမာင္းလာသည့္လမ္းတစ္ေလၽွာက္တြင္ ပန္းပ်ိဳးၾကယ္ႏွင့္ မိုးရိပ္ညိဳကို မိတ္ဆက္ေပးၿပီး အမ်ိဳးသမီးအေဖာ္ရေစရန္ ေခၚလာေပးျခင္းျဖစ္ေၾကာင္း ေျပာျပေနသည့္တစ္ေခါက္မွလြဲ၍ ဧကမာန္၏စကားသံထြက္မလာခဲ့ေပ။
မိုးရိပ္ညိဳက ဟန္မပ်က္ေစရန္ စကားအနည္းငယ္ေျပာေပးရံုသာရွိခဲ့ၿပီး ဧကမာန္သည္ကေတာ့ လူႏွင့္အေတြးတို႔ လမိုင္းကပ္ဟန္မတူ။
အိမ္ႏွင့္မေဝးေသာေၾကာင့္ ခဏႏွင့္ေရာက္လာ၍သာ အဆင္ေျပေပေတာ့သည္။

'MD တို႔ကေတာ့ တကယ္ကို ေအးစက္စက္ပဲ။ ဟိုေရာက္ရင္ေတာ့ ၾကည့္လို႔လွဦးမယ္။'

.

"သမီး၊ ေရာက္လာၿပီေပါ့။"

"ဟုတ္ကဲ့ တီေမ။ ပ်ိဳး အားနာလိုက္တာ။"

"ေျပာစရာမဟုတ္တာ။ သား၊ ဘယ္သြားမွာလဲ။"

"ဧည့္သည္ေတြလာေတာ့မယ္ေလ မာမီ။ အျပင္ထြက္ရမယ္။"

"နည္းနည္းလိုပါေသးတယ္။ ထိုင္ဦး။"

ဧည့္ခန္းထဲအတင္းထိုင္ခိုင္းေနသည့္ ေဒၚေမနန္းထိုက္ေၾကာင့္ ဧကမာန္စိတ္ညစ္ေနစဥ္ ေရွ႕မွ ကားသံမ်ားကိုၾကားရေလသည္။

"လာၾကၿပီထင္တယ္ မာမီရဲ႕။"

"ေအးကြယ္၊ ဟုတ္ပါရဲ႕။ ဒါဆိုလည္း သြားၾကတာေပါ့။ လာ၊ သမီး။"

"ဟုတ္ကဲ့ တီေမ။"

ေဒၚေမနန္းထိုက္က ပန္းပ်ိဳးၾကယ္ကိုလက္ဆြဲထြက္သြားသည္မွာ ေထြေထြထူးထူးျပႆနာမရွိဟု ထင္ရပါေသာ္လည္း တကယ္တမ္းတြင္ ေဒၚေမနန္းထိုက္၏အနား၌ အခ်ိန္အေတာ္ၾကာေခၚထားသည့္အခါ အဆင္မေျပေတာ့ေပ။

"ေဒၚေမနန္းထိုက္တို႔က အစီအစဥ္ေတြရွိေနၿပီထင္တယ္။ လမ္းေဖာက္တာေတြ ထိေရာက္ၿပီဆိုရင္လည္း ႀကိဳေျပာဦးဗ်ေနာ္။"

"ဟုတ္ပါ့ရွင္။ မထိုက္တို႔အေရြးေတာ္တာ သိၿပီးသားေပမဲ့ ကၽြန္မတို႔ကလည္း နည္းနည္းေတာ့ စပ္စုခ်င္လို႔ပါ။"

ပန္းပ်ိဳးၾကယ္ကိုရည္ရြယ္ေသာ ေခၽြးမေလာင္းေရြးသည့္ကိစၥကို ေမးၾကျမန္းၾကသည္အထိ ျဖစ္လာသည့္အခါ ဧကမာန္ ေနရခက္လာသည္။

"ေမာင္ဧက၊ ေဒၚထိုက္က သူ႔အႀကိဳက္ေရြးေပးလို္က္ၿပီလားကြ။"

ျငင္းလၽွင္လည္း တစ္ဖက္မိန္းကေလး၏ဂုဏ္သိကၡာက ရွိေသးသကဲ့သို႔ ၿငိမ္ေနလၽွင္လည္း ဝန္ခံရာက်ေတာ့မည္။

"မာမီက သူ႔ရဲ႕ငယ္သူငယ္ခ်င္းနဲ႔ျပန္ဆံုရေတာ့ ဝမ္းသာေနတာ အန္ကယ္။ အခု မာမီ့သူငယ္ခ်င္းက မလာႏိုင္ေတာ့ လာႏိုင္တဲ့သမီးလုပ္သူကို မာမီတို႔က ရွယ္ေတြဧည့္ခံေနေတာ့တာ။"

"ေအးပါကြာ၊ အေၾကာင္းထူးရင္ေတာ့ ေျပာဦးကြေနာ္။"

ဧကမာန္ ျပံဳးျပရံုသာတတ္ႏိုင္သည္။ သူ၏အေတြးမ်ားသည္ကေတာ့ ေန႔လယ္ကျမင္ကြင္းကိုသာ အခါခါျမင္ေယာင္လ်က္ ေမြးေန႔ပြဲအျမန္ၿပီးရန္သာ ဆုေတာင္းေနမိပါေတာ့သည္။
ပြဲၿပီးခါနီးအခ်ိန္တြင္ေတာ့ ဧကမာန္ သည္းမခံႏိုင္ေတာ့ပါ။

"မာမီ၊ ကၽြန္ေတာ္ေတာ့မဟန္ေတာ့ဘူး။ ကိုျမတ္လင္းတို႔ ဝိုင္းတိုက္ၾကတာေလ။"

အတူတူဝိုင္းလိုက္မိသည့္ ကိုျမတ္လင္းဆိုသည့္ လုပ္ငန္းပါတနာကိုသာ အားနာပါးနာႏွင့္ ပံုခ်လိုက္မိသည္။ လူကေတာ့ အေတာ္ေလးမဟန္သည့္အေနအထားမ်ိဳး ပံုဖမ္းလ်က္။

"ေနပါဦး၊ ၿပီးတဲ့အထိ ..."

"မရေတာ့ဘူး။ အေျခအေနမေကာင္း ..."

စကားစျဖတ္၊ ပါးစပ္ကိုလက္ႏွင့္အုပ္လိုက္သည္က ဟန္ေဆာင္ရံုသက္သက္သာ။ မဟုတ္လၽွင္ ပြဲၿပီးသည့္အခါ ပန္းပ်ိဳးၾကယ္ကို အိမ္လိုက္ပို႔ခိုင္းပါလိမ့္ဦးမည္။

"ဟယ္၊ ဘယ္လိုေတြျဖစ္။"

ဧကမာန္ လက္ကာျပၿပီး အိမ္ထဲသို႔ဝင္ခဲ့သည့္အခါ ေနာက္နားဆီမွ ေဒၚေမနန္းထိုက္၏အသံက လိုက္ပါလာပါေသး၏။

"ဪ၊ ဒီေကာင္ေလးေတာ့ ဘယ္ေလာက္ေတာင္ ေသာက္လိုက္လဲမသိ။ ခက္ေတာ့တာပဲ။"

'မသိဘူး မာမီ။ ကၽြန္ေတာ္ ဒီတစ္ခါေတာ့ ကိုယ့္စိတ္နဲ႔ကိုယ့္ကိုယ္ ေနပါရေစလား။'

¤

Demon

>>>>>

ျမင္ခဲ့ရတဲ့ပုံရိပ္ေလးဟာ အေတြးေလးထဲ တဝဲလည္လည္နဲ႔..။ ျမင္ေယာင္မိတိုင္း ဟာလာဟင္းလင္းႀကီးျဖစ္သြားတဲ့ ဒီရင္ခြင္ဟာ သာယာေနတာမ်ိဳးမဟုတ္။ မႈန္မႈိင္းေနတဲ့စိတ္ဟာလည္း ဒီပုံရိပ္ေလးေၾကာင့္လား..။

ရိုးရိုးရွင္းရွင္းနဲ႔ သူတို႔ဆိုင္ထဲကထြက္လာခဲ့တာပါ။ အမ်ားအျမင္မွာ ခန႔္ထည္ရဲ႕မ်က္ႏွာကလည္း ပုံမွန္လိုၾကည္ၾကည္လင္လင္ပါပဲ။ ငဂ်စ္ေလးကလည္း သာမာန္အတိုင္း ရိုးရွင္းစြာဆူပုတ္ေနတာပါပဲ။ ဒါေပမဲ့ ကၽြန္ေတာ့္အျမင္ေတြထဲမယ္ သာမာန္နဲ႔မတူပဲ ဆူေနတာေလးမ်ိဳး။ ကၽြန္ေတာ္ျမင္တိုင္း နဂါးလိုမ်က္ေစာင္းထိုးရင္း အသည္းေတြဗေလာင္ဆူေအာင္လုပ္တတ္တဲ့သူက ခန႔္ထည္ေဘးမွာက်ေတာ့ ယုန္ကေလးလိုမ်က္ေစာင္းထိုးရင္း အသည္းေတြယားေအာင္ခ်စ္ဖို႔ေကာင္းေနတာမ်ိဳး။

ေပြေပြလိလိနဲ႔႐ႈပ္ေပြတတ္တဲ့ဒီေကာင္ေလးမွာ ဒီလိုခ်စ္ဖို႔ေကာင္းတဲ့ စာမ်က္ႏွာလွလွေလးေတြလည္းရွိေနတာလား။ ကေဝေလးလိုမာယာေတြေရာ မ်ားတတ္ေသးလား။ ခ်စ္စရာအျပဳအမူေလးေတြနဲ႔ လူတကာကိုေရာ ျပဳစားတတ္တာလား။

ဘယ္သူယုံမလဲ.. ဒီအေတြးေတြဟာ တစ္ေနကုန္လုံး ေဈးႏႈန္းနဲ႔ေျမကြက္ေလးေတြအၾကား ဉာဏ္ကြန႔္ျမဴးစြာ ခပ္တည္တည္ေလးနဲ႔ကစားေနတတ္တဲ့ MD ဦးဧကမာန္ရဲ႕အေတြးပါတဲ့ေလ။ ဘုရားစူး‌ သူ႔အေတြးေတြပါလို႔က်ိန္ေျပာရင္ေတာင္ ယုံရဲပါ့မလား။ အိမ္ႀကီးရဲ႕ အလွပဆုံးေနရာတစ္ခုျဖစ္တဲ့ ဝရန္တာ‌‌ေလးမယ္.. ခပ္နီနီဝိုင္ခြက္ကေလးနဲ႔ ညေလညင္းရဲ႕စည္းစိမ္ကို အျပည့္အဝခံစားေနတဲ့သူဟာ ဆံပင္ေတြကိုလွန္တင္လ်က္ ခပ္မိုက္မိုက္နဲ႔..။ ဟာလာဟင္းလင္းဖြင့္ထားတဲ့ရင္ဘတ္ဟာ အျပင္ဘက္မွာေအးစက္ေနေပမဲ့ ရင္ထဲမွာလႈိက္ေလာင္ေနတာ ဘယ္သူသိမလဲ။

ဒီညရဲ႕ဝိုင္ေတြက မခ်ိဳဘူး.. ဒီညရဲ႕ၾကယ္ေတြက မလင္းလက္ဘူး..။

ရိပ္ခနဲျမင္လိုက္ရတဲ့ျမင္ကြင္းဟာ ဒီေလာက္ေလာင္စရာေကာင္းေနတာ.. ယုတၱိရွိပါ့မလား။

ဟူး... ဧကမာန္မပီသလိုက္တာ..။

သက္ျပင္းတစ္ခ်က္ခ်.. ဝိုင္ပုလင္းကိုျဖတ္ခနဲဆြဲယူရင္း အိပ္ခန္းထဲဝင္သြားတဲ့သူဟာ စိတ္မရွည္သလို။ စိတ္ပ်က္စြာ အိပ္‌ရာေပၚလွဲခ်လိုက္တဲ့သူဟာ စိတ္ၾကည္လင္မႈကိုမရွိခဲ့တာ..။ ၾကားထဲက ၾကားလာတဲ့ဖုန္းသံေၾကာင့္ ဦးဧကမာန္တို႔ ညစ္ရျပန္ၿပီ။

"အင္း.. ေျပာ"

"ငါ.. ဝိုင္ေကာင္းေကာင္းေလးရထားတယ္.. မနက္ျဖန္ကစ္က်မယ္။ အလုပ္ကိစၥေတြရွိေနရင္ မင္း.. ဒီညကတည္းက ႀကိဳျဖတ္"

"ဝိုင္ေလးအတြက္နဲ႔မ်ား"

"မျငင္းစမ္းနဲ႔ကြာ လာမွာသာလာခဲ့"

မျငင္းခ်င္ပါ.. သူသိပ္ႀကိဳက္တဲ့ဝိုင္ေတြေလ။ ဒါေတြနဲ႔မၽွားတိုင္း မျငင္းႏိုင္တာသိလို႔ ဦးခန႔္ထည္တို႔က သက္သက္အႏိုင္က်င့္ေနတာ။

"အင္း ၿပီးေရာ"

"ၿပီးေရာ.. ဒါပဲ.. ဟိုကေလးဖုန္းေခၚေနလို႔ ဘာျဖစ္ေနလို႔လဲမသိဘူး"

"ဘယ္ကေလးလဲ.."

"အလင္းဖြဲ႕ေလ.. ဘာျဖစ္လို႔လဲမသိဘူး.. ဒါပဲကြာ.. မနက္ျဖန္မွဆက္ေျပာၾကမယ္"

နာမည္‌ေသးေသးေလးဟာလည္း ေလာင္စာတစ္မ်ိဳး။ ဒီအခ်ိန္ႀကီး ဘာလို႔ဖုန္းဆက္တာလဲ.. ဘာကိစၥရွိလို႔တဲ့လဲ..။ ဘာခ်င္းထပ္ေနတဲ့ေခါင္းထဲ ပူထူေနတာေၾကာင့္ မ်က္လုံးမွိတ္ခ်လိုက္လည္း အိပ္မေပ်ာ္..။

တစ္ဖက္က ဒီလိုေတြႀကိတ္ေလာင္ေနခ်ိန္မွာ တစ္ဖက္ကေတာ့ သာသာယာယာေလးရယ္...။

စကားေတြအမ်ားႀကီးေျပာခ်င္တာ.. မသိမသာေပးတဲ့ေႏြးေထြးမႈေတြဟာ ေဆာင္းကိုေတာင္အံ့တုေပးႏိုင္တဲ့အထိ အစြမ္းသတၱိရွိေနတာ။ သူငယ္ခ်င္းရဲ႕ဦးေလးေတာ္စပ္သူမို႔ ခံစားခ်က္တခ်ိဳ႕ကိုဖုံးဖိေနေပမဲ့လည္း တစ္ခ်က္တစ္ခ်က္႐ုန္းကန္လာတဲ့အခ်ိန္မွာ သိသိသာသာႀကီးကို လႈိက္ေမာရတာ။ သူျပံဳးလိုက္တိုင္း ပန္းေတြပြင့္လာသလိုခံစားရဖူးတယ္။ သူဂ႐ုစိုက္ျပတိုင္း ဗိုက္ထဲကလိပ္ျပာေတြကအၿငိမ္မေန။ ထထပ်ံသန္းတဲ့အခါ အခ်စ္ဆိပ္က ႏွလုံးသားထဲတျဖည္းျဖည္းစိမ့္ဝင္လာၿပီ..။ ဒီလိုစိမ့္ဝင္မႈကို တားျမစ္လိုက္ရမွာလား ေရွ႕ဆက္တိုးခိုင္းလိုက္ရမလား.. ေဝခြဲမရပါ..။

မေဝခြဲရဲတာဆို ပိုမွန္ေလမလား.. အဆင့္အတန္းေတြ အသက္အရြယ္ေတြ သိပ္ကြာဟေနတာမို႔ ပိုင္ဆိုင္လိုစိတ္ျပင္းျပေနလည္း သိပ္အဆင္မေျပပါ..။

ဒဏ္ရာဒဏ္ခ်က္ေတြမ်ားလြန္းတဲ့ ပန္းကေလးကို ဘယ္သူကဦးထက္ပန္မွာတဲ့လဲ..။

တုန္တုန္ယင္ယင္ျဖစ္ေနတဲ့လက္ကေလးဟာ ဖုန္းေလးကိုမရဲတရဲေလးကိုင္ထားၿပီးၿပီ။

လြမ္းပါတယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔ အသံေလးၾကားရၾကားရ ေက်နပ္ပါတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖုန္းဆက္ပါမယ္လို႔ျပဳမူေနစဥ္မွာ ေတြးထဲဝင္လာတဲ့အရိပ္မဲေတြက သိပ္မ်ားလြန္းတာမို႔ နိဂုံးေလးကိုလွလွပပမသိမ္းရဲပါ။

စားပြဲခုံေပၚဖုန္းေလးခ် ပူေလာင္ေနတဲ့ဒီရင္ကို ေအးလိုေအးျငား ေရေသာက္တဲ့အခါ အေတြးလြန္သူမို႔ ေရထသီးတဲ့အခါ ေရစက္တခ်ိဳ႕က ဖုန္းေပၚကိုေနရာယူရင္း မိုက္မိုက္မဲမဲနဲ႔ အဆက္ဖို႔အဆုံးသတ္ထားတဲ့နိဂုံး ပုဒ္မကိုျဖတ္လိုက္ၿပီ။ တန္းတန္းမတ္မတ္ဝင္သြားတဲ့ဖုန္းဟာ ဦးခန႔္ဆီ..။

"သြားပါၿပီကြာ"

ဖုန္းအစုတ္ကေလးမို႔ ေရထိတဲ့အခါ Screen က ေတာ္ေတာ္နဲ႔ခိုင္းေစရာကိုမလုပ္။

"ဟိုကေလး.. ဘာျဖစ္လို႔လဲ.. ဖုန္းေခၚတာ"

တစ္ဖက္ကအသံၾကားတဲ့အခါ အလင္းဖြဲ႕တို႔ နဖူးကို တိုင္နဲ႔ေခါင္းနဲ႔ေျပးေစာင့္ခ်င္လာၿပီ။

"ဟိုေလ.. ဟို.. ေသြးသစ္ဆီဖုန္းေခၚတာ မရလို႔.. သူ႔ကို.. သူ႔ကို စာေမးစရာရွိလို႔ပါ"

"ဪ.. ေအးေအး.. သြားေပးေပးမယ္ေနာ္.. ဖုန္းခဏကိုင္ထား"

မတိုက္ထားတဲ့ဇာတ္ကေလး အဆင္ေျပေစဖို႔ အလင္းဖြဲ႕တို႔ ဖုန္းကိုင္ရင္းဆုေတာင္းေနရၿပီ။

"ေသြးသစ္ဦး.. အလင္းဖြဲ႕ဖုန္းေခၚတယ္ မင္းကိုစာေမးမလို႔တဲ့။ အခန္းထဲကထြက္ခဲ့ဦး"

အာ႐ုံေတြလား.. ပ်က္ရတာေပါ့.. ကိုယ့္ဘာသာကိုယ္သီခ်င္းနားေထာင္ရင္း feel ေနတာကို.. ဒင္းကဘာတဲ့လဲ..။ စာ.. စာဆိုတာ ဘာေကာင္လဲ.. အေတာင္ပံပါလား..။

"ဟုတ္.. လာၿပီ"

နားၾကပ္ကိုျဖဳတ္ရင္း အခန္းတံခါးဆြဲဖြင့္လိုက္တဲ့အခါ ျမင္လိုက္ရတဲ့ျမင္ကြင္းဟာ ရင္ထဲလႈိက္ခနဲ..။ အေပၚပိုင္းဗလာနဲ႔ဦးေလးျဖစ္သူဟာ ဝိုင္ပုလင္းကိုဆြဲထားရင္း သိပ္ေဟာ့ေနသလို..။ ျမင္ေနက်ပါ.. ျမင္ေနက်ျဖစ္တဲ့ဒီရင္ဘတ္ေတြက ဘာလို႔ဒီေန႔မွာ ႏွလုံးသားကိုလႈပ္ခါေစရတာလဲ..။ တံေတြးမ်ိဳခ်ရင္း ဖုန္းဆီအၾကည့္မေရာက္ႏိုင္။

"ေသြးသစ္.. ေဟ့.. ငါ့တူ.. ဖုန္းယူေလ"

အသံက်ယ္က်ယ္ၾကားခါမွ အသိျပန္ဝင္လာတဲ့သူဟာ.. လိပ္ျပာလြင့္ေနသလို။

"ဟုတ္..ဟုတ္"

ဖုန္းေပးၿပီး အခန္းေရွ႕ကထြက္သြားတဲ့သူဟာ သိပ္ကိုသဒၶါတရားႀကီးမားတာ။ ျမင္ေနရတဲ့ေနာက္ေက်ာဆီက ခပ္သိမ္သိမ္အေၾကာင္းေလးေၾကာင့္ ေသြးသစ္ဦးတို႔ မ်ိဳခ်ရတဲ့တံေတြးပါထသီးရၿပီ။

"ဟိတ္ေကာင္.. ဖုန္းကိုျပန္မ‌ေျဖဘဲေသေနၿပီလား.."

တစ္ဖက္ကဖုန္းေခၚသူသည္လည္း အေတာ္စိတ္ရွည္ပုံရကာ ဆဲ‌ဆိုေနၿပီျဖစ္သည္။

"ဘာလဲကြာ.."

"ဦးခန႔္ေရာ.."

"ေအာက္ထပ္ဆင္းသြားၿပီ"

"ဟူး.. ေတာ္ပါေသးရဲ႕"

"မေတာ္နဲ႔.. ငါေမးပါရေစ.. မင္းကဘာကိစၥ ငါ့ဦးေလးဖုန္းကိုဆက္တာလဲ။ ငါ့ဖုန္းကအေကာင္းႀကီးရွိေနေသးတာ ငါ့ဖုန္းကိုဆက္ပါလား"

"ဒါကဒီလိုကြာ"

"မင္း ငါ့ဦးေလးကိုႀကံေနတာလား။ သူငယ္ခ်င္း‌ကေနရန္သူျဖစ္ဖို႔ ဝန္မေလးဘူးေနာ္ ငါ့ေကာင္"

"ဇြတ္ေတြသေဘာတူမေနနဲ႔.. ေရေသာက္ရင္း ေရက်သြားလို႔ ဖုန္းေၾကာင္သြားတာ"

"ေအး.. ဖုန္းပဲေၾကာင္.. လူမေၾကာင္နဲ႔။ လူေၾကာင္ရင္ ရွိသမၽွအခန္း အကုန္ျပတ္ၿပီမွတ္"

"ေၾကာက္ပါရဲ႕"

"ဒါပဲ.. အိပ္ေတာ့မယ္"

"ဪ.. ဟုတ္ကဲ့.. ေသေတာ္မူပါဗ်ာ"

ဒါပဲ.. ဒါႀကီးက ဦးခန႔္နဲ႔ကၽြန္ေတာ္နဲ႔ၾကားက အႀကီးဆုံးေသာျပႆနာပဲ..။ ဦးေလးကိုႀကံဖို႔က တူမ်က္ႏွာကိုေထာက္ထားရင္း အခ်စ္ေတြမ်ိဳသိပ္ေနရတာ သိပ္ေတာ့ဟန္မေနဘူး..။

ဦးခန႔္ကိုသေဘာက်‌တယ္..။ တစ္ဦးေသာသူငယ္ခ်င္းေလး ေသြးသစ္ဦးကိုလည္း ခင္မင္ရတဲ့အျပင္ အားနာေသးတယ္။ သားေရေပၚအိပ္ သားေရနားစားျဖစ္ေနသလို သူျမင္မွာလည္း စိုးမိတယ္..။

¤

HanMuYarThway

■■■■■

သည်ပွဲတွင် ဤမျှစိတ်ရှုပ်ရမည်ကို ဧကမာန်ကြိုမသိခဲ့၍သာ ကိုယ်တိုင်စီစဉ်ပေးခဲ့မိခြင်းပင်။ မည်သူကမှ လိုက်လံ၍စိတ်ဒုက္ခပေးနေသည် မဟုတ်ပါသော်လည်း အလိုအလျောက်ပင် နေရခက်လာရသည်။ အကြောင်းမှာ ဒေါ်မေနန်းထိုက်ခေါ်နေ၍ ဧကမာန် အိမ်ထဲသို့ဝင်လာသည့်အခါ ဧည့်ခန်းကျယ်ကြီးဘေးမှ မှန်တံခါးနှင့်ခြားထားသည့် သီးသန့်ဧည့်ခန်းတွင် ဒေါ်မေနန်းထိုက်တစ်ယောက် ဖုန်းပြောနေလေသည်။

"ရပါတယ် သမီးရယ်။ အဲဒီလောက်အထိပြောရမယ့်လူတွေလား။ ခဏလေးပဲ စောင့်နေလိုက်နော်။ တီမေ ဖုန်းချလိုက်တော့မယ်နော် သမီး။"

စကားတွင်သမီးချင်းထပ်၍ မျက်နှာတွင်ပါ အပြုံးဝေနေသည့် ဒေါ်မေနန်းထိုက်ကိုကြည့်ကာ ဧကမာန်ပြုံးမိသည်။

'မာမီက စိတ်တိုင်းကျလုပ်နေရတော့ ပြုံးပျော်နေတာ။'

"သားရေ၊ ပျိုးလေးကလေ လမ်းမှာ ကားဘီးပေါက်သွားလို့တဲ့။ အဲဒါ သားသွားခေါ်ပေးပါဦး။ ညဘက်ဆိုတော့ လက်ဝတ်လက်စားတွေနဲ့က မိန်းကလေးတစ်ယောက်တည်း ကားငှားစီးဖို့လည်း အဆင်မပြေဘူးလေ။ မာမီတို့နဲ့နီးနေပြီဆိုတော့ သူ့အိမ်ကိုမှာမှာထက်စာရင် မာမီတို့ကသွားခေါ်ပေးတာ ပိုမြန်မယ်။"

"ဒါဆို ကျွန်တော် ဦးလေးကောင်းကိုပြောလိုက်မယ် မာမီ။ ဘယ်နေရာမှာ ပျက်နေတာတဲ့လဲ။"

"သားကိုယ်တိုင်သွားရမှာလေ။ ဘယ့်နှယ် ကိုကောင်းလဲ။"

"ကျွန်တော်က ..."

"ရှေ့မှာလည်း အကုန်အဆင်သင့်ဖြစ်နေပြီမဟုတ်လား။ ပွဲမစခင်လေး ပျိုးလေးရောက်လာစေချင်လို့ကွယ်။ သွားလိုက်ပါ။"

ဗျူဟာအပြည့်နှင့် ဒေါ်မေနန်းထိုက်ကို ဧကမာန်က ငြင်းရန်ပြင်သော်လည်း

"ရော့ သား၊ ဒီမှာ ဖုန်းနံပါတ်။"

ကတ်လေးတစ်ကတ်ကိုထုတ်ပေးလာပြီး ကားရှိနေမည့်နေရာနှင့် ကားနံပါတ်ကိုပါ ဆက်ရွတ်ပြလာသည့် ဒေါ်မေနန်းထိုက်ကို သားဖြစ်သူဧကမာန် လွန်ဆန်၍မရနိုင်တော့ပေ။

"ကဲ၊ သွားလိုက်နော်။ သူ့ဒရိုင်ဘာကတော့ ကားဘီးလဲမလို့လုပ်နေတယ်ဆိုပေမဲ့ ကြာနေမှာစိုးလို့ အခုလာခေါ်မယ်လို့ မာမီပြောထားတာ။ သွားလိုက် သား။"

"ဟုတ်"

¤

"MD ရာ၊ ကျွန်တော်တော့ အလုပ်ပြုတ်တော့မှာပဲ။"

"ဘာဆိုင်လို့လဲ။"

"အဲဒီမမလေးကို ဒီကအကိုလေးက တစ်ယောက်တည်းသွားကြိုမှ အိမ်ကမေမေကြီးစီစဉ်သလို ဖြစ်မှာလေ။ အခုတော့ ဘာလို့များ ကျွန်တော်က ကန့်လန့်ကြီးပါလာတာလဲ။ MD မာမီ၊ ဥက္ကဋ္ဌကြီးသိရင် ကျွန်တော့်ကိုကြည်မလားလို့။"

"မင်းက ငါ့ဝန်ထမ်းပါကွ။ ငါအလုပ်ခန့်ထားတဲ့ ငါ့ဝန်ထမ်းကို ဥက္ကဋ္ဌလည်းဖြုတ်မရဘူး။ ပြီးတော့ ငါကလည်း ဖြုတ်ဖို့အစီအစဉ်မရှိဘူး။ အခုလည်း မာမီမသိပါဘူးကွာ။"

"ခေါင်းကျိန်းလိုက်တာနော်။"

ဧကမာန်ဆွဲခေါ်လာ၍ မိုးရိပ်ညိုတစ်ယောက် ပွစိပွစိပြောကာ ပါလာခဲ့ခြင်းပင်။

"MD, ဟိုရှေ့ကကားထင်တယ်။"

"အေး"

ကားနံပါတ်မှန်သည်ဖြစ်၍ ဧကမာန် ကားရပ်ကာ ထိုကားရှိရာသို့ လှမ်းလာလိုက်သည်။ ခပ်လှမ်းလှမ်းမှ မိုးရိပ်ညိုလည်း ပါလာပေသည်။ ထိုကားအနီးသို့ ဧကမာန်ရောက်လာသည့်အခါ ဒရိုင်ဘာဖွင့်ပေးသည့်နောက်ခန်းတံခါးမှ ပန်းပျိုးကြယ်ဆင်းလာ၏။

"ကျွန်တော် ပန်းပျိုးကြယ်ကို လာကြိုတာပါ။"

"အားနာလိုက်တာ အရမ်းပဲ။ တီမေ့ကို ပျိုး တားပါသေးတယ်။"

"ရပါတယ်ဗျာ။ အားမနာပါနဲ့။ ဒီဘက်ကြွပါဗျ။"

"ဟုတ်ကဲ့ရှင့်။"

သူ၏ကားဘက်သို့လာနိုင်ရန် ဧကမာန်က ဘေးသို့ကပ်ပေးပြီး ပန်းပျိုးကြယ်ကို ရှေ့မှသွားစေသည်။ စိမ်းပြာရင့်ရင့်အရောင်ဝတ်စုံသည် အပေါ်ပိုင်းတွင် လက်ရှည်ဖြစ်ပြီး လုံလုံခြုံခြုံရှိသကဲ့သို့ ဒူးအထက်နားမှနေ၍ အောက်ပိုင်းတွင်ဝဲနေသည့်ဂါဝန်စတွင် မည်သည့်အကွဲရာမှမပါပေ။ ခန္ဓာကိုယ်ကောက်ကြောင်းတို့သည်ကဖြင့် ပေါ်လွင်လှပလို့နေသည်။ ဆံပင်ရှည်များကို တစ်ဝက်စည်းကာ စိန်ရောင်လက်နေသည့် ကလစ်ငယ်တစ်ခုဖြင့် ခပ်လျော့လျော့ထိန်းထားပြီး နှစ်လက်မခန့်ရှည်သည့် စိန်တန်းငယ်လေးနှစ်ခုသည် နားနှစ်ဖက်တွင် တစ်လက်လက်ဖြင့်ခိုတွယ်လျက်။ လည်တိုင်တွင် ပလက်တီနမ်ကြိုးငယ်နှင့် ကြယ်ပုံစံဆွဲသီးလေးကို ဆွဲထားပြီး လက်ကောက်ဝတ်တစ်ဖက်တွင် စိန်ပန်းနွယ်နှစ်ခုယှက်နွယ်နေသည့်ဟန် လက်ကောက်တစ်ကွင်းဆင်ယင်လျက် လက်ချောင်းဆယ်ချောင်းလုံးတွင်မှ သုံးကွင်းမပြည့်သည့်လက်စွပ်လေးများနှင့် လက်သွယ်သွယ်တို့တွင် စိန်တစ်တန်းပါသည့် ငွေရောင်လက်ကိုင်အိတ်ကိုကိုင်ထားသော ထိုမိန်းမပျို၏ ရိုးရိုးရှင်းရှင်းနှင့်တန်ဖိုးကြီးသည့် အဆင်အယင်တို့ကိုကြည့်ကာ ခပ်လှမ်းလှမ်းတွင်ရပ်စောင့်နေသော မိုးရိပ်ညိုက ကိုယ်ကိုရို့၍ပြုံးပြလိုက်ပြီး ဘေးမှကပ်လိုက်ပါလာလေသည်။ ဧကမာန်သည်ကတော့ နောက်နားမှသာ လိုက်လာခဲ့၏။

မိုးရိပ်ညိုဖွင့်ပေးသည့်နောက်ခန်းတွင် ပန်းပျိုးကြယ်ဝင်ထိုင်ပြီး ဧကမာန်နှင့်မိုးရိပ်ညိုက ရှေ့ခန်းတွင်နေရာယူကာ အိမ်သို့မောင်းလာသည့်လမ်းတစ်လျှောက်တွင် ပန်းပျိုးကြယ်နှင့် မိုးရိပ်ညိုကို မိတ်ဆက်ပေးပြီး အမျိုးသမီးအဖော်ရစေရန် ခေါ်လာပေးခြင်းဖြစ်ကြောင်း ပြောပြနေသည့်တစ်ခေါက်မှလွဲ၍ ဧကမာန်၏စကားသံထွက်မလာခဲ့ပေ။
မိုးရိပ်ညိုက ဟန်မပျက်စေရန် စကားအနည်းငယ်ပြောပေးရုံသာရှိခဲ့ပြီး ဧကမာန်သည်ကတော့ လူနှင့်အတွေးတို့ လမိုင်းကပ်ဟန်မတူ။
အိမ်နှင့်မဝေးသောကြောင့် ခဏနှင့်ရောက်လာ၍သာ အဆင်ပြေပေတော့သည်။

'MD တို့ကတော့ တကယ်ကို အေးစက်စက်ပဲ။ ဟိုရောက်ရင်တော့ ကြည့်လို့လှဦးမယ်။'

.

"သမီး၊ ရောက်လာပြီပေါ့။"

"ဟုတ်ကဲ့ တီမေ။ ပျိုး အားနာလိုက်တာ။"

"ပြောစရာမဟုတ်တာ။ သား၊ ဘယ်သွားမှာလဲ။"

"ဧည့်သည်တွေလာတော့မယ်လေ မာမီ။ အပြင်ထွက်ရမယ်။"

"နည်းနည်းလိုပါသေးတယ်။ ထိုင်ဦး။"

ဧည့်ခန်းထဲအတင်းထိုင်ခိုင်းနေသည့် ဒေါ်မေနန်းထိုက်ကြောင့် ဧကမာန်စိတ်ညစ်နေစဉ် ရှေ့မှ ကားသံများကိုကြားရလေသည်။

"လာကြပြီထင်တယ် မာမီရဲ့။"

"အေးကွယ်၊ ဟုတ်ပါရဲ့။ ဒါဆိုလည်း သွားကြတာပေါ့။ လာ၊ သမီး။"

"ဟုတ်ကဲ့ တီမေ။"

ဒေါ်မေနန်းထိုက်က ပန်းပျိုးကြယ်ကိုလက်ဆွဲထွက်သွားသည်မှာ ထွေထွေထူးထူးပြဿနာမရှိဟု ထင်ရပါသော်လည်း တကယ်တမ်းတွင် ဒေါ်မေနန်းထိုက်၏အနား၌ အချိန်အတော်ကြာခေါ်ထားသည့်အခါ အဆင်မပြေတော့ပေ။

"ဒေါ်မေနန်းထိုက်တို့က အစီအစဉ်တွေရှိနေပြီထင်တယ်။ လမ်းဖောက်တာတွေ ထိရောက်ပြီဆိုရင်လည်း ကြိုပြောဦးဗျနော်။"

"ဟုတ်ပါ့ရှင်။ မထိုက်တို့အရွေးတော်တာ သိပြီးသားပေမဲ့ ကျွန်မတို့ကလည်း နည်းနည်းတော့ စပ်စုချင်လို့ပါ။"

ပန်းပျိုးကြယ်ကိုရည်ရွယ်သော ချွေးမလောင်းရွေးသည့်ကိစ္စကို မေးကြမြန်းကြသည်အထိ ဖြစ်လာသည့်အခါ ဧကမာန် နေရခက်လာသည်။

"မောင်ဧက၊ ဒေါ်ထိုက်က သူ့အကြိုက်ရွေးပေးလိုက်ပြီလားကွ။"

ငြင်းလျှင်လည်း တစ်ဖက်မိန်းကလေး၏ဂုဏ်သိက္ခာက ရှိသေးသကဲ့သို့ ငြိမ်နေလျှင်လည်း ဝန်ခံရာကျတော့မည်။

"မာမီက သူ့ရဲ့ငယ်သူငယ်ချင်းနဲ့ပြန်ဆုံရတော့ ဝမ်းသာနေတာ အန်ကယ်။ အခု မာမီ့သူငယ်ချင်းက မလာနိုင်တော့ လာနိုင်တဲ့သမီးလုပ်သူကို မာမီတို့က ရှယ်တွေဧည့်ခံနေတော့တာ။"

"အေးပါကွာ၊ အကြောင်းထူးရင်တော့ ပြောဦးကွနော်။"

ဧကမာန် ပြုံးပြရုံသာတတ်နိုင်သည်။ သူ၏အတွေးများသည်ကတော့ နေ့လယ်ကမြင်ကွင်းကိုသာ အခါခါမြင်ယောင်လျက် မွေးနေ့ပွဲအမြန်ပြီးရန်သာ ဆုတောင်းနေမိပါတော့သည်။
ပွဲပြီးခါနီးအချိန်တွင်တော့ ဧကမာန် သည်းမခံနိုင်တော့ပါ။

"မာမီ၊ ကျွန်တော်တော့မဟန်တော့ဘူး။ ကိုမြတ်လင်းတို့ ဝိုင်းတိုက်ကြတာလေ။"

အတူတူဝိုင်းလိုက်မိသည့် ကိုမြတ်လင်းဆိုသည့် လုပ်ငန်းပါတနာကိုသာ အားနာပါးနာနှင့် ပုံချလိုက်မိသည်။ လူကတော့ အတော်လေးမဟန်သည့်အနေအထားမျိုး ပုံဖမ်းလျက်။

"နေပါဦး၊ ပြီးတဲ့အထိ ..."

"မရတော့ဘူး။ အခြေအနေမကောင်း ..."

စကားစဖြတ်၊ ပါးစပ်ကိုလက်နှင့်အုပ်လိုက်သည်က ဟန်ဆောင်ရုံသက်သက်သာ။ မဟုတ်လျှင် ပွဲပြီးသည့်အခါ ပန်းပျိုးကြယ်ကို အိမ်လိုက်ပို့ခိုင်းပါလိမ့်ဦးမည်။

"ဟယ်၊ ဘယ်လိုတွေဖြစ်။"

ဧကမာန် လက်ကာပြပြီး အိမ်ထဲသို့ဝင်ခဲ့သည့်အခါ နောက်နားဆီမှ ဒေါ်မေနန်းထိုက်၏အသံက လိုက်ပါလာပါသေး၏။

"ဪ၊ ဒီကောင်လေးတော့ ဘယ်လောက်တောင် သောက်လိုက်လဲမသိ။ ခက်တော့တာပဲ။"

'မသိဘူး မာမီ။ ကျွန်တော် ဒီတစ်ခါတော့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် နေပါရစေလား။'

¤

Demon

>>>>>

မြင်ခဲ့ရတဲ့ပုံရိပ်လေးဟာ အတွေးလေးထဲ တဝဲလည်လည်နဲ့..။ မြင်ယောင်မိတိုင်း ဟာလာဟင်းလင်းကြီးဖြစ်သွားတဲ့ ဒီရင်ခွင်ဟာ သာယာနေတာမျိုးမဟုတ်။ မှုန်မှိုင်းနေတဲ့စိတ်ဟာလည်း ဒီပုံရိပ်လေးကြောင့်လား..။

ရိုးရိုးရှင်းရှင်းနဲ့ သူတို့ဆိုင်ထဲကထွက်လာခဲ့တာပါ။ အများအမြင်မှာ ခန့်ထည်ရဲ့မျက်နှာကလည်း ပုံမှန်လိုကြည်ကြည်လင်လင်ပါပဲ။ ငဂျစ်လေးကလည်း သာမာန်အတိုင်း ရိုးရှင်းစွာဆူပုတ်နေတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်အမြင်တွေထဲမယ် သာမာန်နဲ့မတူပဲ ဆူနေတာလေးမျိုး။ ကျွန်တော်မြင်တိုင်း နဂါးလိုမျက်စောင်းထိုးရင်း အသည်းတွေဗလောင်ဆူအောင်လုပ်တတ်တဲ့သူက ခန့်ထည်ဘေးမှာကျတော့ ယုန်ကလေးလိုမျက်စောင်းထိုးရင်း အသည်းတွေယားအောင်ချစ်ဖို့ကောင်းနေတာမျိုး။

ပွေပွေလိလိနဲ့ရှုပ်ပွေတတ်တဲ့ဒီကောင်လေးမှာ ဒီလိုချစ်ဖို့ကောင်းတဲ့ စာမျက်နှာလှလှလေးတွေလည်းရှိနေတာလား။ ကဝေလေးလိုမာယာတွေရော များတတ်သေးလား။ ချစ်စရာအပြုအမူလေးတွေနဲ့ လူတကာကိုရော ပြုစားတတ်တာလား။

ဘယ်သူယုံမလဲ.. ဒီအတွေးတွေဟာ တစ်နေကုန်လုံး ဈေးနှုန်းနဲ့မြေကွက်လေးတွေအကြား ဉာဏ်ကွန့်မြူးစွာ ခပ်တည်တည်လေးနဲ့ကစားနေတတ်တဲ့ MD ဦးဧကမာန်ရဲ့အတွေးပါတဲ့လေ။ ဘုရားစူး‌ သူ့အတွေးတွေပါလို့ကျိန်ပြောရင်တောင် ယုံရဲပါ့မလား။ အိမ်ကြီးရဲ့ အလှပဆုံးနေရာတစ်ခုဖြစ်တဲ့ ဝရန်တာ‌‌လေးမယ်.. ခပ်နီနီဝိုင်ခွက်ကလေးနဲ့ ညလေညင်းရဲ့စည်းစိမ်ကို အပြည့်အဝခံစားနေတဲ့သူဟာ ဆံပင်တွေကိုလှန်တင်လျက် ခပ်မိုက်မိုက်နဲ့..။ ဟာလာဟင်းလင်းဖွင့်ထားတဲ့ရင်ဘတ်ဟာ အပြင်ဘက်မှာအေးစက်နေပေမဲ့ ရင်ထဲမှာလှိုက်လောင်နေတာ ဘယ်သူသိမလဲ။

ဒီညရဲ့ဝိုင်တွေက မချိုဘူး.. ဒီညရဲ့ကြယ်တွေက မလင်းလက်ဘူး..။

ရိပ်ခနဲမြင်လိုက်ရတဲ့မြင်ကွင်းဟာ ဒီလောက်လောင်စရာကောင်းနေတာ.. ယုတ္တိရှိပါ့မလား။

ဟူး... ဧကမာန်မပီသလိုက်တာ..။

သက်ပြင်းတစ်ချက်ချ.. ဝိုင်ပုလင်းကိုဖြတ်ခနဲဆွဲယူရင်း အိပ်ခန်းထဲဝင်သွားတဲ့သူဟာ စိတ်မရှည်သလို။ စိတ်ပျက်စွာ အိပ်‌ရာပေါ်လှဲချလိုက်တဲ့သူဟာ စိတ်ကြည်လင်မှုကိုမရှိခဲ့တာ..။ ကြားထဲက ကြားလာတဲ့ဖုန်းသံကြောင့် ဦးဧကမာန်တို့ ညစ်ရပြန်ပြီ။

"အင်း.. ပြော"

"ငါ.. ဝိုင်ကောင်းကောင်းလေးရထားတယ်.. မနက်ဖြန်ကစ်ကျမယ်။ အလုပ်ကိစ္စတွေရှိနေရင် မင်း.. ဒီညကတည်းက ကြိုဖြတ်"

"ဝိုင်လေးအတွက်နဲ့များ"

"မငြင်းစမ်းနဲ့ကွာ လာမှာသာလာခဲ့"

မငြင်းချင်ပါ.. သူသိပ်ကြိုက်တဲ့ဝိုင်တွေလေ။ ဒါတွေနဲ့မျှားတိုင်း မငြင်းနိုင်တာသိလို့ ဦးခန့်ထည်တို့က သက်သက်အနိုင်ကျင့်နေတာ။

"အင်း ပြီးရော"

"ပြီးရော.. ဒါပဲ.. ဟိုကလေးဖုန်းခေါ်နေလို့ ဘာဖြစ်နေလို့လဲမသိဘူး"

"ဘယ်ကလေးလဲ.."

"အလင်းဖွဲ့လေ.. ဘာဖြစ်လို့လဲမသိဘူး.. ဒါပဲကွာ.. မနက်ဖြန်မှဆက်ပြောကြမယ်"

နာမည်‌သေးသေးလေးဟာလည်း လောင်စာတစ်မျိုး။ ဒီအချိန်ကြီး ဘာလို့ဖုန်းဆက်တာလဲ.. ဘာကိစ္စရှိလို့တဲ့လဲ..။ ဘာချင်းထပ်နေတဲ့ခေါင်းထဲ ပူထူနေတာကြောင့် မျက်လုံးမှိတ်ချလိုက်လည်း အိပ်မပျော်..။

တစ်ဖက်က ဒီလိုတွေကြိတ်လောင်နေချိန်မှာ တစ်ဖက်ကတော့ သာသာယာယာလေးရယ်...။

စကားတွေအများကြီးပြောချင်တာ.. မသိမသာပေးတဲ့နွေးထွေးမှုတွေဟာ ဆောင်းကိုတောင်အံ့တုပေးနိုင်တဲ့အထိ အစွမ်းသတ္တိရှိနေတာ။ သူငယ်ချင်းရဲ့ဦးလေးတော်စပ်သူမို့ ခံစားချက်တချို့ကိုဖုံးဖိနေပေမဲ့လည်း တစ်ချက်တစ်ချက်ရုန်းကန်လာတဲ့အချိန်မှာ သိသိသာသာကြီးကို လှိုက်မောရတာ။ သူပြုံးလိုက်တိုင်း ပန်းတွေပွင့်လာသလိုခံစားရဖူးတယ်။ သူဂရုစိုက်ပြတိုင်း ဗိုက်ထဲကလိပ်ပြာတွေကအငြိမ်မနေ။ ထထပျံသန်းတဲ့အခါ အချစ်ဆိပ်က နှလုံးသားထဲတဖြည်းဖြည်းစိမ့်ဝင်လာပြီ..။ ဒီလိုစိမ့်ဝင်မှုကို တားမြစ်လိုက်ရမှာလား ရှေ့ဆက်တိုးခိုင်းလိုက်ရမလား.. ဝေခွဲမရပါ..။

မဝေခွဲရဲတာဆို ပိုမှန်လေမလား.. အဆင့်အတန်းတွေ အသက်အရွယ်တွေ သိပ်ကွာဟနေတာမို့ ပိုင်ဆိုင်လိုစိတ်ပြင်းပြနေလည်း သိပ်အဆင်မပြေပါ..။

ဒဏ်ရာဒဏ်ချက်တွေများလွန်းတဲ့ ပန်းကလေးကို ဘယ်သူကဦးထက်ပန်မှာတဲ့လဲ..။

တုန်တုန်ယင်ယင်ဖြစ်နေတဲ့လက်ကလေးဟာ ဖုန်းလေးကိုမရဲတရဲလေးကိုင်ထားပြီးပြီ။

လွမ်းပါတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ အသံလေးကြားရကြားရ ကျေနပ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းဆက်ပါမယ်လို့ပြုမူနေစဉ်မှာ တွေးထဲဝင်လာတဲ့အရိပ်မဲတွေက သိပ်များလွန်းတာမို့ နိဂုံးလေးကိုလှလှပပမသိမ်းရဲပါ။

စားပွဲခုံပေါ်ဖုန်းလေးချ ပူလောင်နေတဲ့ဒီရင်ကို အေးလိုအေးငြား ရေသောက်တဲ့အခါ အတွေးလွန်သူမို့ ရေထသီးတဲ့အခါ ရေစက်တချို့က ဖုန်းပေါ်ကိုနေရာယူရင်း မိုက်မိုက်မဲမဲနဲ့ အဆက်ဖို့အဆုံးသတ်ထားတဲ့နိဂုံး ပုဒ်မကိုဖြတ်လိုက်ပြီ။ တန်းတန်းမတ်မတ်ဝင်သွားတဲ့ဖုန်းဟာ ဦးခန့်ဆီ..။

"သွားပါပြီကွာ"

ဖုန်းအစုတ်ကလေးမို့ ရေထိတဲ့အခါ Screen က တော်တော်နဲ့ခိုင်းစေရာကိုမလုပ်။

"ဟိုကလေး.. ဘာဖြစ်လို့လဲ.. ဖုန်းခေါ်တာ"

တစ်ဖက်ကအသံကြားတဲ့အခါ အလင်းဖွဲ့တို့ နဖူးကို တိုင်နဲ့ခေါင်းနဲ့ပြေးစောင့်ချင်လာပြီ။

"ဟိုလေ.. ဟို.. သွေးသစ်ဆီဖုန်းခေါ်တာ မရလို့.. သူ့ကို.. သူ့ကို စာမေးစရာရှိလို့ပါ"

"ဪ.. အေးအေး.. သွားပေးပေးမယ်နော်.. ဖုန်းခဏကိုင်ထား"

မတိုက်ထားတဲ့ဇာတ်ကလေး အဆင်ပြေစေဖို့ အလင်းဖွဲ့တို့ ဖုန်းကိုင်ရင်းဆုတောင်းနေရပြီ။

"သွေးသစ်ဦး.. အလင်းဖွဲ့ဖုန်းခေါ်တယ် မင်းကိုစာမေးမလို့တဲ့။ အခန်းထဲကထွက်ခဲ့ဦး"

အာရုံတွေလား.. ပျက်ရတာပေါ့.. ကိုယ့်ဘာသာကိုယ်သီချင်းနားထောင်ရင်း feel နေတာကို.. ဒင်းကဘာတဲ့လဲ..။ စာ.. စာဆိုတာ ဘာကောင်လဲ.. အတောင်ပံပါလား..။

"ဟုတ်.. လာပြီ"

နားကြပ်ကိုဖြုတ်ရင်း အခန်းတံခါးဆွဲဖွင့်လိုက်တဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းဟာ ရင်ထဲလှိုက်ခနဲ..။ အပေါ်ပိုင်းဗလာနဲ့ဦးလေးဖြစ်သူဟာ ဝိုင်ပုလင်းကိုဆွဲထားရင်း သိပ်ဟော့နေသလို..။ မြင်နေကျပါ.. မြင်နေကျဖြစ်တဲ့ဒီရင်ဘတ်တွေက ဘာလို့ဒီနေ့မှာ နှလုံးသားကိုလှုပ်ခါစေရတာလဲ..။ တံတွေးမျိုချရင်း ဖုန်းဆီအကြည့်မရောက်နိုင်။

"သွေးသစ်.. ဟေ့.. ငါ့တူ.. ဖုန်းယူလေ"

အသံကျယ်ကျယ်ကြားခါမှ အသိပြန်ဝင်လာတဲ့သူဟာ.. လိပ်ပြာလွင့်နေသလို။

"ဟုတ်..ဟုတ်"

ဖုန်းပေးပြီး အခန်းရှေ့ကထွက်သွားတဲ့သူဟာ သိပ်ကိုသဒ္ဓါတရားကြီးမားတာ။ မြင်နေရတဲ့နောက်ကျောဆီက ခပ်သိမ်သိမ်အကြောင်းလေးကြောင့် သွေးသစ်ဦးတို့ မျိုချရတဲ့တံတွေးပါထသီးရပြီ။

"ဟိတ်ကောင်.. ဖုန်းကိုပြန်မ‌ဖြေဘဲသေနေပြီလား.."

တစ်ဖက်ကဖုန်းခေါ်သူသည်လည်း အတော်စိတ်ရှည်ပုံရကာ ဆဲ‌ဆိုနေပြီဖြစ်သည်။

"ဘာလဲကွာ.."

"ဦးခန့်ရော.."

"အောက်ထပ်ဆင်းသွားပြီ"

"ဟူး.. တော်ပါသေးရဲ့"

"မတော်နဲ့.. ငါမေးပါရစေ.. မင်းကဘာကိစ္စ ငါ့ဦးလေးဖုန်းကိုဆက်တာလဲ။ ငါ့ဖုန်းကအကောင်းကြီးရှိနေသေးတာ ငါ့ဖုန်းကိုဆက်ပါလား"

"ဒါကဒီလိုကွာ"

"မင်း ငါ့ဦးလေးကိုကြံနေတာလား။ သူငယ်ချင်း‌ကနေရန်သူဖြစ်ဖို့ ဝန်မလေးဘူးနော် ငါ့ကောင်"

"ဇွတ်တွေသဘောတူမနေနဲ့.. ရေသောက်ရင်း ရေကျသွားလို့ ဖုန်းကြောင်သွားတာ"

"အေး.. ဖုန်းပဲကြောင်.. လူမကြောင်နဲ့။ လူကြောင်ရင် ရှိသမျှအခန်း အကုန်ပြတ်ပြီမှတ်"

"ကြောက်ပါရဲ့"

"ဒါပဲ.. အိပ်တော့မယ်"

"ဪ.. ဟုတ်ကဲ့.. သေတော်မူပါဗျာ"

ဒါပဲ.. ဒါကြီးက ဦးခန့်နဲ့ကျွန်တော်နဲ့ကြားက အကြီးဆုံးသောပြဿနာပဲ..။ ဦးလေးကိုကြံဖို့က တူမျက်နှာကိုထောက်ထားရင်း အချစ်တွေမျိုသိပ်နေရတာ သိပ်တော့ဟန်မနေဘူး..။

ဦးခန့်ကိုသဘောကျ‌တယ်..။ တစ်ဦးသောသူငယ်ချင်းလေး သွေးသစ်ဦးကိုလည်း ခင်မင်ရတဲ့အပြင် အားနာသေးတယ်။ သားရေပေါ်အိပ် သားရေနားစားဖြစ်နေသလို သူမြင်မှာလည်း စိုးမိတယ်..။

¤

HanMuYarThway

■■■■
© Demon ,
книга «Love Cards».
Коментарі