Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (4)
မ်က္ရည္လား.. က်မိတယ္။ အိမ္ျပန္တဲ့လမ္းမွာ တိတ္တဆိတ္ေလးေပါ့။ ဘယ္သူမွမျမင္ပါေစနဲ႕လို႔ ဆုေတာင္းခဲ့မိတယ္။ ဆုေတာင္းျပည့္တယ္။ လမ္းေလွ်ာက္ေနတဲ့တစ္ေလွ်ာက္လုံး ဘယ္သူ႕ကိုမွမေတြ႕မိဘူး။ က်လာတဲ့မ်က္ရည္ေတြက ဘာေၾကာင့္မွန္း ေရေရရာရာမသိဘူး။ ငိုခ်င္မိတာလြဲရင္ က်န္တာကိုေရေရရာရာ မသိခဲ့တာအမွန္ပါ။

အမွန္... ဟုတ္ရဲ႕လား။ ေရရာတဲ့အေၾကာင္းျပခ်က္ေတြကို ေဝဝါးေနေအာင္ တမင္ဖုံးကြယ္လိုက္တာေရာ.. မျဖစ္နိုင္ဘူးလား။

ဝန္ခံရမလား..။ ဟုတ္တယ္ ေရရာတဲ့အေၾကာင္းျပခ်က္ရွိတယ္။ သန္မာပါတယ္ဆိုတဲ့ သိကၡာတရားေလးေၾကာင့္ ဖုံးကြယ္ထားမိတယ္။ ဟုတ္တယ္.. အဓိကက သူေၾကာင့္.. မၾကာခင္ကမွသိလိုက္ရတဲ့ သူစိမ္းလူတစ္ေယာက္ေၾကာင့္ပဲ။ ဘာလို႔လဲ.. ဘာလို႔ လူတစ္ေယာက္ကို အဆုံးအစြန္ထိ အထင္အျမင္ေသးနိုင္ရတာလဲ။ ကြၽန္ေတာ္က မေကာင္းမႈလုပ္ေနတာ သိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္က မိုက္မဲေနတာမဟုတ္ဘူးေလ.. အေျခအေနအေၾကာင္း‌ေၾကာင္းေၾကာင့္ ကြၽန္ေတာ္ဖဲေဆာ့တာပါ။ ကြၽန္ေတာ့္ရဲ႕အေျခအေနအမွန္ကို မသိဘဲနဲ႕ ဘာလို႔မ်ား.. ဘာလို႔မ်ား.. လူတစ္ေယာက္ရဲ႕စိတ္ကို အဆုံးစြန္ထိက်သြားေအာင္ လုပ္ရက္နိုင္တာလဲ။ ခင္ဗ်ားဟာေလ.. တကယ္သိပ္မုန္းစရာေကာင္းတယ္။ ကြၽန္ေတာ့္ကို ပထမဆုံးစိတ္ဓာတ္က်ေအာင္ ခင္ဗ်ားလုပ္နိုင္တယ္။ သိပ္ေတာ္တယ္။ သိပ္ေတာ္တဲ့ခင္ဗ်ားကိုလည္း ကြၽန္ေတာ္က သိပ္မုန္းတယ္။ ထိန္းသိမ္းထားတဲ့ သိကၡာတရားေလးကို နင္းေျခသြားတဲ့ခင္ဗ်ားကို သိပ္မုန္းတယ္။

တဖြဲဖြဲက်ေနေသာမိုးစက္တို႔သည္ အလင္းဖြဲ႕ကို မေအးခ်မ္းေစနိုင္။ ရင္ထဲမွ ေလာင္ၿမိဳက္ေနသာအမုန္းမီးတို႔ေၾကာင့္ မိုးစက္တို႔၏ ေအးျမမႈအရသာကို သူမသိ။ မဲေမွာင္ေနေသာ ေကာင္းကင္တစ္ခြင္သည္ အလင္းဖြဲ႕၏စိတ္ခံစားမႈကို ကိုယ္စားျပဳေနဟန္။ အလင္းဖြဲ႕၏စိတ္အေျခအေနႏွင့္လိုက္ဖက္ရန္ သဘာဝတရားႀကီးမွ ဖန္တီးေပးထားေသာ လက္ေဆာင္တစ္ခုႏွယ္.. အလြန္လိုက္ဖက္လွပါသည္။ ‌ေပတရာလမ္းမေပၚမွ ဂ်စ္ကန္ကန္ေကာင္ေလးထံသို႔ တဖြဲဖြဲက်ေနေသာမိုးစက္တို႔သည္ ညွာတာျခင္းမရွိ က်ဆင္းေနၿမဲ။ ထို႔နည္းတူ.. ဂ်စ္ကန္ကန္ေကာင္ေလး၏ အမုန္းတို႔သည္လည္း ဧကမာန္အေပၚသို႔ ညွာတာျခင္းမရွိ ေရာက္ရွိေနၿမဲ။

လမ္းမထက္မွ ဗြက္အိုင္မ်ားကို ေျချဖင့္ကန္ရင္း သူ၏စိတ္မေက်နပ္မႈမ်ားကို ဗြက္အိုင္ထဲရွိ ေရမ်ားထံသို႔ အျပစ္ပုံခ်ေနမိသည္။ ထိုစဥ္.. ‌ကားတစ္စီးသည္ အရွိန္ျဖင့္ ျဖတ္သြားေသာေၾကာင့္ ဗြက္အိုင္ထဲမွေရမ်ားသည္ ထိုေကာင္ေလးထံသို႔ လြင့္စင္လာေလသည္။ ႐ုတ္တရက္ျဖစ္၍ ထိုေကာင္ေလးသည္လည္း ေရွာင္ခ်ိန္မရ..။ ေကာင္ေလး၏မေက်နပ္ခ်က္တို႔သည္ ထိုကားေမာင္းသူထံသို႔ တစ္ဖန္က်ေရာက္သြားျပန္သည္။ ထိုသို႔က်ေရာက္သြားေသာအခါ ေကာင္ေလး၏အမုန္းစိတ္တို႔သည္ ပို၍ႀကီးထြားလာသည္။ အေၾကာင္းမွာ.. ကားေမာင္းသူသည္ ဧကမာန္ျဖစ္ေန၍သာ..။

အရွိန္ျဖင့္ေမာင္းသြားေသာထိုကားသည္ အလင္းဖြဲ႕ႏွင့္ ခပ္လွမ္းလွမ္းေရာက္ေသာအခါ ရပ္တန႔္လိုက္ပါသည္။ သို႔ေသာ္.. လူသည္ကဆင္းမလာ။ ေခတၱမွ်ၾကာေသာအခါ ကားထြက္သြားျပန္သည္။

သူ႕ေၾကာင့္ ငါ့ကိုဗြက္ေတြစင္သြားတာ.. သူကနည္းနည္းေလးေတာင္ မေတာင္းပန္နိုင္ဘူးလား။ ဘာလဲ.. ငါမွန္းသိလို႔ တမင္တကာလုပ္တာေပါ့ေလ။ ကားရပ္ၿပီးေတာင္ၾကည့္လိုက္ေသးတာဆိုေတာ့.. ဟက္.. သိပ္မွေက်နပ္သြားရဲ႕လား။ တကယ္ နည္းနည္းေလးေတာင္ စာနာမႈမရွိတာပဲ..။ ခင္ဗ်ားလို လူမ်ိဳးနဲ႕ဆုံေတြ႕ခြင့္ရတာကိုက ကြၽန္ေတာ့္အတြက္ေတာ့ တကယ္အကုသိုလ္ဝင္တာပဲ။

မည္သူသိမည္နည္း။ ‌ကားေမာင္းေနေသာသူသည္ သူေၾကာင့္ဗြက္မ်ားေပသြားေသာ ထိုေကာင္ေလးကို ျမင္ပါသည္။ ကားေပၚမွဆင္း၍ ကူညီမည္ျပဳေသာ္လည္း ဖုန္းမွတစ္ဆင့္ၾကားေနရေသာ ကုမၸဏီမွအေရးႀကီးကိစၥေၾကာင့္ အခ်ိန္မရျဖစ္ကာ မကူညီနိုင္ခဲ့။ စိတ္ထဲတြင္မူ အားနာမႈအျပည့္ႏွင့္။ ဤသည္ကို ကာယကံရွင္သူမွတစ္ပါး မည္သူမွ်မသိနိုင္..။

တစ္ဦးစီ၏စိတ္ထဲတြင္မူ ခံစားမႈကိုယ္စီျဖင့္..။ ထပ္တူေတာ့မက်ႏိုင္ေပ။ တစ္ဦးမွာအမုန္း တစ္ဦးမွာ အားနာမႈ.. ၎ခံစားမႈတို႔သည္ အေရာင္ေျပာင္းနိုင္သည္ေလာ..။ မည္သူမွ်အတပ္မသိ။

စိတ္ညစ္မႈတို႔ႀကီးစိုးေနေသာေကာင္ေလးသည္ အိမ္သို႔ျပန္ေရာက္ေသာအခါ အိမ္ထဲသို႔မဝင္မီ ႀကိဳးစား၍ၿပဳံးထားျပန္သည္။

အင္း.. ကြၽန္ေတာ္ၿပဳံးရမယ္.. ဟန္ေဆာင္သည္ျဖစ္ေစ လိမ္ညာသည္ျဖစ္ေစ ကြၽန္ေတာ္ၿပဳံးရမယ္။ ဘာလို႔လဲ.. ကြၽန္ေတာ့္ရဲ႕အၿပဳံးေတြကို ေစာင့္ေနသူရွိလို႔ေပါ့။

“ ေမေမ.. "

“ သားေလး.. ေက်ာင္းကျပန္လာၿပီလား "

“ ဟုတ္.. "

“ ေက်ာင္းမွာ အဆင္ေရာေျပရဲ႕လား.. သုံးဖို႔စြဲဖို႔ေရာ ရွိရဲ႕လား "

“ အဆင္လည္းေျပတယ္ သုံးဖို႔စြဲဖို႔လည္းရွိတယ္ မမက လုံလုံေလာက္ေလာက္ေပးထားပါတယ္။ ေမေမစိတ္မပူနဲ႕ေနာ္ "

“ အိမ္မွာလည္း သမီးႀကီးရွိလို႔ေတာ္ေသးတာေပါ့။ မဟုတ္ရင္ မင္းေဖေဖရဲ႕မိုက္မဲမႈေတြ ေမေမ့ရဲ႕အျပစ္ေတြေၾကာင့္ ငါ့သားသမီးေတြ အေတာ္ကိုစိတ္ဆင္းရဲရမွာ "

ထိုသားအမိႏွစ္ဦး၏စကားေျပာမႈအလုံးစုံကို အလုပ္မွျပန္လာေသာ ခ်ယ္ရီလင္းတစ္ေယာက္ ၾကားခဲ့ပါသည္။

“ ေမာင္ေလး.. နင့္ကိုငါ.. မုန႔္ဖိုး.. "

“ မမ.. "

ထိုစကားႏွင့္အတူ အလင္းဖြဲ႕ျပလိုက္ေသာ မ်က္ႏွာအရိပ္အကဲကို ခ်ယ္ရီလင္းနားလည္ပါသည္။ ထို႔ေၾကာင့္ ေရွ႕မဆက္ခဲ့..။

“ ၿပီးသြားရင္ နင္နဲ႕ငါ စကားခဏေျပာရေအာင္ "

“ အင္း "

အလင္းဖြဲ႕၏စကားၾကားၿပီးေနာက္ သူ၏အခန္းထဲသို႔ဝင္သြားေသာ ခ်ယ္ရီလင္း..။ စိတ္ထဲတြင္မူ မသာယာမႈမ်ားစြာျဖင့္..။

သူျပတဲ့အရိပ္အကဲကိုနားလည္သလို သူလုပ္ေနတဲ့လုပ္ရက္ကိုလည္း နားလည္တယ္။ ဖဲပဲမဟုတ္လား..။ ဒီဖဲေၾကာင့္ ဘဝပ်က္သြားတဲ့ သာဓကေတြက ကိုယ့္အေရွ႕မွာ အမ်ားႀကီး.. ဒါကိုဒီကေလး ဘာလို႔စိတ္မနာနိုင္တာလဲ။ ဆူခ်င္တာေပါ့ ရိုက္လိုက္ခ်င္တာေပါ့..။ ဒါေပမဲ့ ေမေမရွိေနေသးတယ္ေလ။

“ ‌သားကိုသာေမးေနတာ ေမေမကေရာ သုံးဖို႔စြဲဖို႔ ရွိရဲ႕လား.. ေဈးဖိုးေရာ ရွိေသးလား "

“ ေဈးဖိုးကေတာ့ရွိပါေသးတယ္.. ေမေမသုံးဖို႔ကေတာ့ မရွိေတာ့ဘူး။ ေဈးဖိုးထဲကလည္း မသုံးရက္ဘူး "

ေမေမသုံးဖို႔.. သားတစ္ေယာက္အေနနဲ႕ ေမေမရဲ႕စကားကိုနားလည္ပါတယ္။

“ ဘယ္ေလာက္ပါသြားလို႔လဲ "

“ နည္းနည္းပါးပါးပါ။ အိမ္ေဘးနားက အသိေတြနဲ႕‌ေဆာ့တာပါ "

“ ထားပါ ထားပါ..။ ေမေမသုံးစရာမရွိရင္ သားထဲက ပိုက္ဆံယူထား။ ေမေမလိုအပ္ရင္သုံးေပါ့ "

“ အို.. မဟုတ္တာကြယ္.. သားဘာသာသုံးပါ "

“ သားက အသုံးမလိုေသးဘူးေမေမရဲ႕ ေမေမသာယူထား။ သားလိုအပ္ရင္ ျပန္ေတာင္းမယ္ေလ.. ေနာ္ "

“ ေအးပါ ေအးပါ "

“ မမ မသိေစနဲ႕ေနာ္ "

“ ေအးပါဆို "

“ အဲ့ဒါဆို.. သူေခၚထားလို႔ သြားလိုက္ဦးမယ္ "

ဒီလိုနဲ႕ စကားေျပာလက္စေလး ရပ္ခဲ့လိုက္တဲ့ သားအမိႏွစ္ဦးရဲ႕စကားဝိုင္းတစ္ခု။ တစ္ဦးကမေကာင္းမႈျပဳေနတာကို တစ္ဦးက အားေပးေနတာလား။ ဟုတ္ပါ့မလား။

“ ေျပာမမ.. "

“ ဒီလအတြက္.. နင့္ကိုငါ မုန႔္ဖိုးမေပးရေသးဘူးေလ အလင္းဖြဲ႕။ နင္ဘယ္က‌ေန ပိုက္ဆံရတာလဲ။ နင္ ဖဲေတြေဆာ့ေနျပန္ၿပီလား "

“ အင္း "

“ ငါနင့္ကို အဲ့ဒါေတြထပ္မလုပ္ပါနဲ႕လို႔ေျပာထားတာကို နင္နားမေထာင္ဘူးလား။ ဘဝပ်က္ခ်င္ေနတာလား "

“ ဘဝက ပ်က္ၿပီးသားပဲမဟုတ္ဘူးလား "

“ အလင္းဖြဲ႕.. "

“ မမအသံကို နည္းနည္းေလာက္ေလွ်ာ့လို႔ရမလား။ ေမေမၾကားသြားမယ္။ သားဘာလို႔ေဆာ့လဲ မမ မသိဘူးလား ဟမ္..။ မမေပးတဲ့မုန႔္ဖိုးက တစ္လကိုဘယ္ေလာက္လဲ။ သုံးေသာင္းေလ.. သုံးေသာင္းမမရဲ႕။ သုံးသိန္းမဟုတ္ဘူးဟ။ အဲ့ဒီပိုက္ဆံနဲ႕ စာအုပ္ဖိုးေတာင္မေလာက္ဘူးမမရဲ႕ "

“ မေလာက္ရင္ ထပ္ေတာင္းလို႔ ငါမေျပာထားဘူးလား "

“ တစ္အိမ္လုံးအသုံးစရိတ္ကို ရွာေနရတဲ့မမဆီက သားကဘယ္လိုလုပ္ ပိုက္ဆံထပ္ေတာင္းရက္မွာလဲမမရဲ႕။ တစ္လတစ္လ ေမေမ့ေဆးဖိုးေတြ အိမ္ငွားခေတြ အိမ္သုံးစရိတ္ေတြနဲ႕ မမေတာင္ အကၤ်ီေကာင္းေကာင္းတစ္ထည္ဝယ္ဝတ္ခဲ့လို႔လား "

ဘယ္လိုလဲ နာက်င္သြားလားမမ။ မမကိုနာက်င္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္မရွိေပမဲ့ ဒါအမွန္တရားပဲမို႔လို႔ သားေျပာမိပါတယ္။

“ ငါ.. ငါဝယ္မဝတ္ဘူးဆိုတာက အရင္ကဝယ္ထားတဲ့ အကၤ်ီေတြက အေကာင္းႀကီးရွိေသးလို႔ပါ "

ဒါအေျဖလား.. စကားေတြကအေျဖမဟုတ္ဘူး.. တုန္ရီေနတဲ့မမရဲ႕အသံေတြက ရစ္ဝန္းလာတဲ့မ်က္ရည္ေတြက အေျဖပဲ.. မမဘယ္ေလာက္ေတာင္ ခက္ခဲေနမလဲ။

“ မမ.. သားဖဲေဆာ့တာကို ဝန္ခံပါတယ္။ သားရဲ႕အသုံးစရိတ္ကို သားရွာတာပါ။ မိုက္မဲေနတာ မဟုတ္ပါဘူးမမရဲ႕ "

“ ငါက.. ငါက ငါ့ေမာင္ေလး အဲ့ဒီဖဲ‌ေဆာ့တာႀကီးေၾကာင့္ပ်က္စီးသြားမွာကို စိတ္ပူတာပါဟာ "

“ အဲ့ဒီအတြက္ စိတ္မပူနဲ႕မမ။ သားကိုယ္သား ဖ်က္ဆီးပစ္မွာမဟုတ္ဘူး "

“ တတ္နိုင္ရင္ ငါကေတာ့ မေဆာ့ေစခ်င္ဘူး ေမာင္ေလးရယ္။ အသုံးလိုတာရွိရင္ ငါ့ကိုေျပာပါ‌ေနာ္ "

“ အဲ့ဒါေတာ့ လက္မခံဘူးမမ။ သားရဲ႕အပူကို မမကိုထပ္မေပးခ်င္ဘူး။ အခုက သားအဆင္ေျပပါတယ္။ မမ မေဆာ့ေစခ်င္ရင္ ေက်ာင္းၿပီးရင္ သားမေဆာ့ေတာ့ဘူးေလ..။ အခုေလာေလာဆယ္ေတာ့ သေဘာထားႀကီးေပးပါဦး မမရယ္ "

ေခါင္းမာလြန္းသည့္ သူ၏ေမာင္ေလးအေၾကာင္းကို သူနားလည္ပါသည္။ ကတိေပးၿပီးလွ်င္လည္း ကတိတည္တတ္သည့္အေၾကာင္းအား ခ်ယ္ရီလင္း သိပါသည္။

“ ေက်ာင္းၿပီးရင္မေဆာ့ဘူးဆိုတာ ကတိေနာ္ "

“ ဟုတ္.. ကတိ "

“ အရမ္းႀကီးေတာ့ မေဆာ့နဲ႔ေပါ့ဟာ.. "

“ အင္းပါ အင္းပါ.. မမလည္းေရခ်ိဳးၿပီး နားေတာ့ေလ။ သားလည္းနားေတာ့မယ္ "

“ အင္း.. "

ဤသို႔ျဖင့္အဆုံးသတ္သြားသည့္ ေမာင္ႏွမႏွစ္ဦး၏ စကားဝိုင္း။ နာက်င္မႈ.. ၿမိဳသိပ္မႈမ်ား အျပည့္ႏွင့္..။

ေဖေဖ.. ေဖေဖေမြးထားတဲ့သားက ေဖေဖ့ေသြးအျပည့္ပါတယ္။ ဖဲေဆာ့တာကို မက္ေမာသလို လူႀကီးမိဘေတြအေပၚကိုလည္း သိပ္သိတတ္ေနျပန္တယ္။ မေကာင္းမႈနဲ႔ေကာင္းမႈ.. ဒြန္တြဲေနတဲ့ေမာင္ေလးကို မေကာင္းမႈေတြႀကီးစိုးသြားမွာ သိပ္စိုးရိမ္မိတယ္။ ေဖေဖေျပာဖူးတယ္‌ေနာ္.. လူႀကီးမိဘေတြအေပၚ သိတတ္တဲ့သားသမီးက ဘယ္ေတာ့မွစိတ္မဆင္းရဲရဘူးဆို။ ေဖေဖေျပာတဲ့စကားႀကီးက မွန္ေရာမွန္ရဲ႕လားဟင္။ အခု ေမာင္ေလးက စိတ္ခ်မ္းသာေနတယ္လို႔ ေဖေဖထင္လား။ ပင္ပန္းေနတဲ့သမီးကို သူမၾကည့္ရက္သလို သမီးကလည္း စိတ္ဆင္းရဲေနတဲ့ေမာင္ေလးကို မၾကည့္ရက္ဘူး။ သမီးရဲ႕အသုံးမက်မႈေၾကာင့္ သူ႕ကိုလည္း အျပစ္မတင္ရဲဘူးေဖေဖရယ္။ ဘယ္သူ႕ကိုမွအျပစ္မတင္နိုင္တဲ့အဆုံး ေဖေဖအေပၚကိုပဲ အျပစ္ပုံခ်ပါရေစ။ သမီးကိုခြင့္လႊတ္ေနာ္။ အရာအားလုံးက အခ်ိန္မတန္ခင္.. ေစာေစာထြက္ခြာသြားတဲ့ ေဖေဖရဲ႕အျပစ္ပဲ။
..........
HanMuYarThway
..........

ေနာက္မွလိုက္ထြက္လာေသာ အလင္းဖြဲ႕ ကားကိုပတ္ေရွာင္ကာ ထြက္သြားသည္ကို  ဧကမာန္လိုက္ၾကည့္ေနမိသည္။ ျခံထဲကထြက္သြားသည့္အခါမွ ကားေမာင္းထြက္လာခဲ့လိုက္သည္။
ယေန႔အတြက္အလုပ္တို႔သည္ ယခင္လိုအစီအစဥ္တက် ျဖစ္မေနခဲ့ေတာ့ပါ။
ေျမကြက္သြားၾကည့္ၿပီးအျပန္ အစည္းအေဝးအတြက္ျပင္ဆင္စရာမ်ား အတြင္းေရးမွဴးႏွင့္ျပင္ဆင္ၾကမည္။ ညေနသံုးနာရီ အစည္းအေဝးလုပ္မည္။ ညေနငါးနာရီ႐ံုးဆင္းသည္ဆိုေသာ္လည္း အလုပ္မၿပီးေသးလၽွင္ ဆက္လုပ္ရင္းျဖင့္ ေျခာက္နာရီဆိုက္ေရာက္မည့္ေလယာဥ္ကို ေစာင့္ရမည္။ မာမီ့ကိုႀကိဳရမည္မဟုတ္ပါလား။

အလင္းဖြဲ႕တို႔ႏွင့္ဆံုၿပီး ဧကမာန္တစ္ေယာက္ ႐ံုးသို႔ခ်က္ခ်င္းမျပန္ျဖစ္၍ အစည္းအေဝးအတြက္လိုအပ္သည္မ်ားကို အတြင္းေရးမႉးကိုသာ စီစဥ္ခိုင္းရေတာ့သည္။ ယခုလည္း အတြင္းေရးမႉးမွဖုန္းေခၚၿပီး လိုအပ္သည္မ်ားကို အစီရင္ခံေန၍ ကားေမာင္းရင္း နားၾကပ္တပ္ေျပာလာရသည္။

ကားေမာင္းထြက္လာသည့္အခ်ိန္ မိုးေတြရြာေနၿပီး လမ္းေဘးတြင္ေတာ့ ဗြက္အိုင္ငယ္မ်ားကိုရန္သူထင္ေနသည့္ ေကာင္ေလးငယ္ကို ဧကမာန္ေတြ႕လိုက္ရသည္။ မိုးေတြရြာေနသည္ေၾကာင့္ ကားႏွင့္လိုက္ပို႔ေပးရန္ အေတြးေပၚလာကာ အလင္းဖြဲ႕နားတြင္ ကားရပ္ရန္ျပင္ေသာ္လည္း ဖုန္းေျပာလက္စႏွင့္ေမာင္းလာသည္မို႔ ဗြက္အိုင္ကိုျဖတ္ေမာင္းမိသြားၿပီး အလင္းဖြဲ႕ကိုစင္ကုန္ေလၿပီ။ ဗြက္အိုင္ႏွင့္လြတ္ရာတြင္ ကားကိုရပ္ကာ အလင္းဖြဲ႕ကိုလွမ္းေခၚရန္ျပင္ေလမွ

"MD, အဲဒီစာခ်ဳပ္ဆိုရင္က MD ရဲ႕လက္မွတ္လိုတယ္ေလ။ ေရွ႕ေနအဖြဲ႕ကလည္း MD လက္မွတ္ပါမွ ထုတ္ေပးမွာ။ MD အခု ဘယ္ေရာက္ေနၿပီလဲ။ BOD အစည္းအေဝးကကပ္ေနၿပီဆိုေတာ့ ေနာက္မိနစ္ႏွစ္ဆယ္ေလာက္အတြင္း ႐ံုးကိုေရာက္ႏိုင္မလား MD?"

MD ခ်င္းထပ္၍ အေရးႀကီးေနသည္ေၾကာင့္ အလင္းဖြဲ႕ကိုလွည့္ၾကည့္မိသည္။ ရႊံ႕ေရေတြစင္ကုန္၍ ေဒါသထြက္ေနပံုရၿပီး ကိုယ့္ေၾကာင့္ျဖစ္ရသည္မို႔ ေတာင္းပန္ခ်င္ပါေသာ္လည္း မိနစ္ႏွစ္ဆယ္အတြင္း ႐ံုးကိုေရာက္ဖို႔ရာ ဧကမာန္တြင္ အခ်ိန္နည္းေနေလၿပီ။

'Sorry, ေကာင္ေလးေရ။ ကိုယ္အခ်ိန္မရေတာ့ဘူး။ အဲဒီစာခ်ဳပ္မပါရင္ အစည္းအေဝးမွာ ဒါရိုက္တာေတြက ကပ္သီးကပ္ဖဲ့ေတြလုပ္ၾကဦးမွာ။ ေနာက္မွေတြ႕ၾကတာေပါ့ ငဂ်စ္ေလး'

ဧကမာန္ ကားကိုေမာင္းထြက္လာခဲ့ရေတာ့သည္။

¤

"ကဲ၊ ရၿပီလား"

"ဟုတ္ကဲ့ MD, ဆက္လုပ္လိုက္ပါ့မယ္။ MD အဝတ္အစားလဲမယ္ဆိုရင္ ကၽြန္ေတာ္ ထုတ္ထားၿပီးၿပီေနာ္။ Lawyer ေတြဆီ ေျပးလိုက္ဦးမယ္"

"Ok"

အတြင္းေရးမႉး၊ ဧကမာန္ထက္ ႏွစ္ႏွစ္ငယ္သည့္သူ႔ကို မည္ကဲ့သို႔နာမ္စားသံုးရမည္မသိ။ ေရွ႕က အတြင္းေရးမႉးအစ္ကိုတစ္ေယာက္ အလုပ္မထြက္မီ သူ႔ကိုအစားထိုးေပးပါမည္ဟု ဆိုလာ၍ အစမ္းခန္႔ရန္ေရာက္လာခ်ိန္ အနည္းငယ္အံ့ဩမိသည္။ မိန္းကေလးဟုသိထားသည့္သူမက ကၽြန္ေတာ္ဆိုသည့္နာမ္စားႏွင့္အတူ ေယာက္်ားေလးတစ္ေယာက္ကဲ့သို႔ သြက္လက္ပြင့္လင္းစြာ မိတ္ဆက္လာခဲ့သည္။ အတြင္းေရးမႉးအလုပ္မထြက္မီ တစ္ပတ္အတြင္း အလုပ္မ်ားကို အလ်င္အျမန္ပင္ သင္ယူလႊဲေျပာင္းႏိုင္ခဲ့ၿပီး တစ္ခါတရံ နားမလည္သည္မ်ားကို ဧကမာန္အား ေမးျမန္းေနေသးသည္။

"ရွင္းျပေပးလို႔ ေက်းဇူးတင္ပါတယ္ MD. အဲဒီလိုေမးလို႔ရတယ္မဟုတ္လား"

ဤသို႔လည္း ကေမာက္ကမေျပာတတ္ေသးသည္။ အားလံုးရွင္းျပၿပီးခါမွ ေမးလို႔ရတယ္မဟုတ္လားဟု ခြင့္ေတာင္းတတ္သည့္ထိုကေလးကို ဧကမာန္ သေဘာက်သည္။ သူမသိလၽွင္ သန္႔ရွင္းေရးအစ္မႀကီးကိုပါ ဆရာတင္တတ္သည့္သူ႔ကို လူတိုင္းကလည္း ခ်စ္ၾကပါသည္။ အျမဲအတူရွိေနရ၍လည္း မိန္းကေလးတစ္ေယာက္ရွိေန၍ မလြတ္မလပ္မခံစားရ။ ေယာက္်ားေလးမ်ားကဲ့သို႔လည္း လြတ္ခ်င္တိုင္းလြတ္မေနပါ။ ပြဲတက္ရသည့္အခါမ်ားတြင္

"MD, မ်ားေနၿပီ။ ကၽြန္ေတာ္မတြဲႏိုင္ဘူးေနာ္။ ၾကည့္ေသာက္"

ထိုသို႔သတိေပးလၽွင္ ဧကမာန္မွာ ဘာျပန္ေျပာရမည္မသိ။ သူကမိန္းကေလးပါဟု ေမ့သြားမိသည့္ဦးေႏွာက္ကိုပဲ အျပစ္တင္ရမလိုလို။ မည္သို႔ဆိုေစ Tom boy လည္းမဟုတ္သည့္ ထိုေယာက္်ားမေလးက အလုပ္ကိစၥမ်ားတြင္အားကိုးရ၍ ဧကမာန္ႏွင့္တြဲျမင္ရဖန္မ်ားလာေသာအခါ ေမြးသမိခင္၏မာန္မဲျခင္း ခံခဲ့ရေသးသည္။ ေနာက္မွသာ အတြင္းေရးမႉးေလးက မည္မၽွအဆင္ေျပေၾကာင္း မာမီၾကားသိလက္ခံသြားခဲ့သည္။

ယခုလည္း ဧကမာန္အတြက္ အဝတ္အစားကအဆင္သင့္။ ႐ံုးခန္းႏွင့္တြဲလ်က္ နားေနခန္းေလးအတြင္းသို႔ဝင္ကာ အဝတ္လဲလိုက္သည္။ ျပန္ထြက္လာေတာ့

"ခဏေနရင္ စာခ်ဳပ္လာပို႔ၾကပါလိမ့္မယ္။ ခဏနားလိုက္ပါဦးလား။ အခ်ိန္နည္းနည္းပိုေနေသးတယ္"

"အင္း၊ ရတယ္"

"ညေန MD မာမီျပန္လာမွာဆိုေတာ့ ဘာလိုအပ္ေသးလဲ MD?"

"ရပါတယ္။ ဘာလို႔ ႐ုတ္တရက္ႀကီး ျပန္လာလဲမသိပါဘူး"

"မိန္းမေပးစားမလို႔မ်ားလား"

"လာျပန္ၿပီ။ ခန္႔ထည္နဲ႔ တစ္ေလသံတည္း"

"ထင္မိတာေလ။ အဲဒီလိုအာရံုရေနတယ္ MD ရဲ႕။ အခ်စ္မပါဘဲေတာ့ လူႏွစ္ေယာက္ေပါင္းစပ္ရမွာ ဝန္ေလးစရာႀကီးပါ။ ကၽြန္ေတာ့္အေတြးေျပာပါတယ္ေလ"

"အင္း၊ ငါလည္း အဲဒီလိုပဲေတြးတယ္"

"ေကာင္းတယ္ MD. မႀကိဳက္ရင္ ျငင္းသာျငင္း၊ ကၽြန္ေတာ္ေျမႇာက္ေပးတာေတာ့ MD မာမီမသိေစနဲ႔၊ အဟီး"

"မိုးရိပ္ညိဳ၊ မင္းကေလ တကယ့္ဟာေလး။ မင္းနဲ႔စကားေျပာရတာ အဆင္ေျပတယ္။ ငါ တစ္ေန႔လယ္လံုး စိတ္မၾကည္တာ မင္းနဲ႔မွ ဘာေတြစားမိမွန္းလည္းမသိဘူး၊ အလုပ္လုပ္ရင္း အစားမစားတတ္တဲ့ငါလည္း အက်င့္ေတြပ်က္ေနၿပီ"

"ဘာမွမစားဘဲ အစည္းအေဝးတတ္ေတာ့မွာ သိေနတယ္"

႐ံုးခန္းထဲျပန္ေရာက္ေရာက္ခ်င္း ေန႔လယ္စာမစားရေသးသည္ကို သိသြားသည့္အခါ အလုပ္ေတြကိုသူကလုပ္ရင္း ေၾကးအိုးဆီခ်က္တစ္ပြဲ ျပင္ေပးသည္။ အျပင္မွဖုန္းဆက္စဥ္က စိတ္ရႈပ္ေနပံုရ၍ အစားမစားျဖစ္မွာသိေနသည္ဟုဆိုကာ အတင္းစားခိုင္းခဲ့သည္။ အႀကိဳက္ကိုသိသည့္ထိုကေလးက သူစားေနက်ဆိုင္မွမွာထားပံုပင္။ စိတ္ကအဆင္မေျပေသာ္လည္း အစာမရွိသည့္ဗိုက္က မျငင္းႏိုင္ခဲ့။ အလုပ္လုပ္ရင္း စားရင္းႏွင့္ တစ္ပြဲကုန္သြားခဲ့ရသည္။

"စာခ်ဳပ္ရၿပီ MD, အစည္းအေဝးခ်ိန္လည္းနီးၿပီ"

"သြားစို႔"

¤

"အလုပ္ဆင္းလိုက္ေတာ့ မိုးရိပ္ညိဳ။ ငါးနာရီခြဲေနၿပီ။ ငါလည္း ေလဆိပ္သြားေတာ့မယ္"

"ဟုတ္ကဲ့၊ ေနာက္ေန႔မွေတြ႕ပါမယ္။ ဂ႐ုစိုက္သြားပါ MD"

သူေျပာေနက်စကားႏွင့္ ႏႈတ္ဆက္ၿပီး ႐ံုးဆင္းသြားေတာ့မွ ဧကမာန္လည္း ဒရိုင္ဘာေမာင္းပို႔ေသာကားႏွင့္ ေလဆိပ္သို႔ေရာက္လာခဲ့ရသည္။

'ဒီေန႔က တကယ္အလုပ္႐ႈပ္တာပဲ။ ကေလးစုတ္ေတြရႈပ္တာနဲ႔ ငါ့အခ်ိန္ေတြလည္း ကက်ိဳးကေၾကာင္ေတြျဖစ္လို႔။ အဲဒီကေလး အိမ္ကိုေရာ တန္းတန္းမတ္မတ္ျပန္ရဲ႕လား။ ဟာ ... ဘာကိစၥ ေတြးပူမိျပန္ၿပီလဲ။ ငါ့ေၾကာင့္ေရနည္းနည္းစင္တာကို ငါလည္းဘာျဖစ္ေနမွန္းမသိ'

ေတြးေနရင္း Arrival ဂိတ္ေပါက္မွ ခရီးသည္မ်ားဝင္လာသည္ကို ေတြ႕လိုက္ရ၍ ထရပ္ကာ မိခင္ျဖစ္သူထြက္အလာကို ေစာင့္ၾကည့္ေနလိုက္ေတာ့သည္။

"မာမီ"

"သားေလး၊ တစ္ေယာက္တည္းလား။ မင္းအတြင္းေရးမႉးေရာ မပါဘူးလား"

"မာမီကလည္း မိုးပဲခ်ဳပ္ေတာ့မယ္။ အလုပ္ဆင္းခ်ိန္ေလဗ်ာ"

"မသိဘူးေလ။ တစ္ေကာက္ေကာက္လိုက္ေနတာမို႔ ေမးၾကည့္တာ"

"႐ံုးဆင္းသြားၿပီ။ ဒါနဲ႔ မာမီက လန္းလွခ်ည္လား"

"ေဒၚေမနန္းထိုက္ေလကြယ္"

"ဟား ဟား ဟား။ လာေလ မာမီ၊ သြားၾကစို႔။ ေပးပါ၊ ဒါေတြ ကၽြန္ေတာ္ဆြဲခဲ့မယ္"

"OK, my son"

¤

"မာမီရယ္၊ ဘယ္လိုျဖစ္လို႔ ဆိုင္းမဆင့္၊ ဗံုမဆင့္ႀကီး အေတြးေပါက္သလဲဗ်ာ။ အဲဒီကိစၥက ကၽြန္ေတာ္ေျပာၿပီးသားေလေနာ္"

"အခု ဆိုင္းေတြ၊ ဗံုေတြဆင့္ၿပီး အရင္ေျပာျပေနတယ္ေလ။ သားကို မာမီ့ဆႏၵကိုေျပာျပတာ။ သားလည္း ႀကိဳေတြးထား။ မိန္းကေလးကိုေလ့လာၿပီး အကဲခတ္ၾကည့္ဦးေပါ့။ မာမီက အခုစီစဥ္မယ္လို႔ မေျပာပါဘူး။ သူ႔ကို မာမီသေဘာက်တယ္လို႔ပဲ ေျပာျပတာ"

"ဟုတ္ကဲ့ပါဗ်ာ။ အခုမွျပန္ေရာက္တာကို အဲဒါေတြမေတြးပါနဲ႔ဦး။ နားမွေပါ့ မာမီရယ္"

မာမီက လက္ထပ္ေပးဖို႔ေတြးျပန္ၿပီလား။
တစ္ဘဝလံုး မာမီ့စိတ္ႀကိဳက္ေနလာခဲ့တာ အရင္က ဘာမွမျဖစ္ခဲ့ဘူးဆိုရင္ေတာင္ အခုကေတာ့ မဂၤလာကိစၥဆိုရင္ ေခါင္းမညိတ္ခ်င္ဘူး။

ငယ္ငယ္ကတည္းက တစ္ဦးတည္းေသာသားအတြက္ အျပည့္စံုဆံုးျဖစ္မယ့္ Plan ေတြနဲ႔ ပ်ိဳးေထာင္ေပးခဲ့တာ၊ အနားကေန ဂ႐ုစိုက္ေပးခဲ့တာေတြကို ကိုယ္တိုင္သာအသိဆံုးပါ။ ဒယ္ဒီဆံုးတဲ့အခ်ိန္ အလုပ္ကိစၥေတြကို ဦးေဆာင္ဖို႔ျဖစ္လာတဲ့ မာမီေၾကာင့္ ဝါသနာပါရာ Landscaping ပိုင္းကို ေလ့လာသင္ယူဖို႔ကိစၥ ေမ့ပစ္လိုက္ရၿပီး မာမီ့ကို တစ္ဖက္တစ္လမ္းကကူညီႏိုင္ဖို႔ စီးပြားေရးနဲ႔ပတ္သက္တာေတြကို မာမီလႊတ္တဲ့ ႏိုင္ငံျခားတကၠသိုလ္ေတြအထိ သြားတက္ခဲ့ရတယ္။ စိတ္ဝင္စားရာဘာသာရပ္ မဟုတ္ခဲ့ေပမဲ့ မာမီ့ကိုကူညီမယ္ဆိုတဲ့စိတ္နဲ႔ အေကာင္းဆံုးမဟုတ္ရင္ေတာင္ ရလဒ္ေကာင္းေတြရေအာင္ ႀကိဳးစားႏိုင္ခဲ့တယ္။

ကုမၸဏီကိုဝင္တဲ့အခ်ိန္ မာမီ့အတြင္းေရးမႉးရာထူးကေန စဝင္ခဲ့ေပမဲ့ ဦးမာန္လင္း၊ ေဒၚေမနန္းထိုက္တို႔ရဲ႕သားမို႔ မိုးက်ေရႊကိုယ္လို ဘြားခနဲေပၚလာတဲ့သူေဌးသားလို႔ အေျပာေတြၾကား မာမီမ်က္ႏွာမပ်က္ရေအာင္ ႀကိဳးစားေပးခဲ့တယ္။ ေနရာတစ္ခုရဖို႔ အဆင္သင့္ျဖစ္လာခ်ိန္မွာ မာမီနဲ႔အတူအလုပ္ေတြလုပ္၊ မာမီ မ်က္ႏွာလႊဲႏိုင္တဲ့အထိ ေနေပးခဲ့တာမို႔ သူကသားလိမၼာတစ္ေယာက္လို႔ သမုတ္ခံရရင္ အဲဒီသားလိမၼာေလးက ကိုယ့္အိမ္ေထာင္ေရးကိုေတာ့ ကိုယ္တိုင္ဆံုးျဖတ္ခြင့္ မရသင့္ဘူးလား။

အိမ္ေထာင္ဖက္။ အိိမ္ေထာင္ဖက္မိန္းကေလး။
မာမီသေဘာက်တဲ့ သူ႔အတြက္ အိမ္ေထာင္ဖက္မိန္းကေလးတဲ့။
အဲဒီလိုပဲ ပညတ္ခ်က္ေတြ ရွိတာတဲ့လား။
ဧကမာန္ရဲ႕ ပြဲတက္ဇနီးေခ်ာ ဆိုတာမ်ိဳးလား။

'ဘာေတြေတြးမလို႔လဲ ဧကမာန္။ မင္းဘာေတြေတြးမလို႔လဲ။
မူမမွန္တဲ့အေတြးေတြကို မေတြးတာေကာင္းလိမ့္မယ္ထင္ပါတယ္။
ဧကမာန္က ေဒၚေမနန္းထိုက္ရဲ႕သား၊ Blue Blood (ေတာ္ဝင္ေသြး) Group of Companies ရဲ႕ Managing Director.
မာမီသိပ္ဂုဏ္္ယူရတဲ့ ဒီဂုဏ္ပုဒ္ေတြကေန လမ္းလြဲသြားဖို႔ဆိုတာ ေနခုနစ္စင္းပြင့္ဖို႔ထက္ ခက္ေနမွာမို႔ အေတြးမလြဲပါနဲ႔ကြာ'

■■■
Demon

■■■■■ အပိုင္း (၅) ဆက္ရန္ ■■■■■

မျက်ရည်လား.. ကျမိတယ်။ အိမ်ပြန်တဲ့လမ်းမှာ တိတ်တဆိတ်လေးပေါ့။ ဘယ်သူမှမမြင်ပါစေနဲ့လို့ ဆုတောင်းခဲ့မိတယ်။ ဆုတောင်းပြည့်တယ်။ လမ်းလျှောက်နေတဲ့တစ်လျှောက်လုံး ဘယ်သူ့ကိုမှမတွေ့မိဘူး။ ကျလာတဲ့မျက်ရည်တွေက ဘာကြောင့်မှန်း ရေရေရာရာမသိဘူး။ ငိုချင်မိတာလွဲရင် ကျန်တာကိုရေရေရာရာ မသိခဲ့တာအမှန်ပါ။

အမှန်... ဟုတ်ရဲ့လား။ ရေရာတဲ့အကြောင်းပြချက်တွေကို ဝေဝါးနေအောင် တမင်ဖုံးကွယ်လိုက်တာရော.. မဖြစ်နိုင်ဘူးလား။

ဝန်ခံရမလား..။ ဟုတ်တယ် ရေရာတဲ့အကြောင်းပြချက်ရှိတယ်။ သန်မာပါတယ်ဆိုတဲ့ သိက္ခာတရားလေးကြောင့် ဖုံးကွယ်ထားမိတယ်။ ဟုတ်တယ်.. အဓိကက သူကြောင့်.. မကြာခင်ကမှသိလိုက်ရတဲ့ သူစိမ်းလူတစ်ယောက်ကြောင့်ပဲ။ ဘာလို့လဲ.. ဘာလို့ လူတစ်ယောက်ကို အဆုံးအစွန်ထိ အထင်အမြင်သေးနိုင်ရတာလဲ။ ကျွန်တော်က မကောင်းမှုလုပ်နေတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က မိုက်မဲနေတာမဟုတ်ဘူးလေ.. အခြေအနေအကြောင်း‌ကြောင်းကြောင့် ကျွန်တော်ဖဲဆော့တာပါ။ ကျွန်တော့်ရဲ့အခြေအနေအမှန်ကို မသိဘဲနဲ့ ဘာလို့များ.. ဘာလို့များ.. လူတစ်ယောက်ရဲ့စိတ်ကို အဆုံးစွန်ထိကျသွားအောင် လုပ်ရက်နိုင်တာလဲ။ ခင်ဗျားဟာလေ.. တကယ်သိပ်မုန်းစရာကောင်းတယ်။ ကျွန်တော့်ကို ပထမဆုံးစိတ်ဓာတ်ကျအောင် ခင်ဗျားလုပ်နိုင်တယ်။ သိပ်တော်တယ်။ သိပ်တော်တဲ့ခင်ဗျားကိုလည်း ကျွန်တော်က သိပ်မုန်းတယ်။ ထိန်းသိမ်းထားတဲ့ သိက္ခာတရားလေးကို နင်းခြေသွားတဲ့ခင်ဗျားကို သိပ်မုန်းတယ်။

တဖွဲဖွဲကျနေသောမိုးစက်တို့သည် အလင်းဖွဲ့ကို မအေးချမ်းစေနိုင်။ ရင်ထဲမှ လောင်မြိုက်နေသာအမုန်းမီးတို့ကြောင့် မိုးစက်တို့၏ အေးမြမှုအရသာကို သူမသိ။ မဲမှောင်နေသော ကောင်းကင်တစ်ခွင်သည် အလင်းဖွဲ့၏စိတ်ခံစားမှုကို ကိုယ်စားပြုနေဟန်။ အလင်းဖွဲ့၏စိတ်အခြေအနေနှင့်လိုက်ဖက်ရန် သဘာဝတရားကြီးမှ ဖန်တီးပေးထားသော လက်ဆောင်တစ်ခုနှယ်.. အလွန်လိုက်ဖက်လှပါသည်။ ‌ပေတရာလမ်းမပေါ်မှ ဂျစ်ကန်ကန်ကောင်လေးထံသို့ တဖွဲဖွဲကျနေသောမိုးစက်တို့သည် ညှာတာခြင်းမရှိ ကျဆင်းနေမြဲ။ ထို့နည်းတူ.. ဂျစ်ကန်ကန်ကောင်လေး၏ အမုန်းတို့သည်လည်း ဧကမာန်အပေါ်သို့ ညှာတာခြင်းမရှိ ရောက်ရှိနေမြဲ။

လမ်းမထက်မှ ဗွက်အိုင်များကို ခြေဖြင့်ကန်ရင်း သူ၏စိတ်မကျေနပ်မှုများကို ဗွက်အိုင်ထဲရှိ ရေများထံသို့ အပြစ်ပုံချနေမိသည်။ ထိုစဉ်.. ‌ကားတစ်စီးသည် အရှိန်ဖြင့် ဖြတ်သွားသောကြောင့် ဗွက်အိုင်ထဲမှရေများသည် ထိုကောင်လေးထံသို့ လွင့်စင်လာလေသည်။ ရုတ်တရက်ဖြစ်၍ ထိုကောင်လေးသည်လည်း ရှောင်ချိန်မရ..။ ကောင်လေး၏မကျေနပ်ချက်တို့သည် ထိုကားမောင်းသူထံသို့ တစ်ဖန်ကျရောက်သွားပြန်သည်။ ထိုသို့ကျရောက်သွားသောအခါ ကောင်လေး၏အမုန်းစိတ်တို့သည် ပို၍ကြီးထွားလာသည်။ အကြောင်းမှာ.. ကားမောင်းသူသည် ဧကမာန်ဖြစ်နေ၍သာ..။

အရှိန်ဖြင့်မောင်းသွားသောထိုကားသည် အလင်းဖွဲ့နှင့် ခပ်လှမ်းလှမ်းရောက်သောအခါ ရပ်တန့်လိုက်ပါသည်။ သို့သော်.. လူသည်ကဆင်းမလာ။ ခေတ္တမျှကြာသောအခါ ကားထွက်သွားပြန်သည်။

သူ့ကြောင့် ငါ့ကိုဗွက်တွေစင်သွားတာ.. သူကနည်းနည်းလေးတောင် မတောင်းပန်နိုင်ဘူးလား။ ဘာလဲ.. ငါမှန်းသိလို့ တမင်တကာလုပ်တာပေါ့လေ။ ကားရပ်ပြီးတောင်ကြည့်လိုက်သေးတာဆိုတော့.. ဟက်.. သိပ်မှကျေနပ်သွားရဲ့လား။ တကယ် နည်းနည်းလေးတောင် စာနာမှုမရှိတာပဲ..။ ခင်ဗျားလို လူမျိုးနဲ့ဆုံတွေ့ခွင့်ရတာကိုက ကျွန်တော့်အတွက်တော့ တကယ်အကုသိုလ်ဝင်တာပဲ။

မည်သူသိမည်နည်း။ ‌ကားမောင်းနေသောသူသည် သူကြောင့်ဗွက်များပေသွားသော ထိုကောင်လေးကို မြင်ပါသည်။ ကားပေါ်မှဆင်း၍ ကူညီမည်ပြုသော်လည်း ဖုန်းမှတစ်ဆင့်ကြားနေရသော ကုမ္ပဏီမှအရေးကြီးကိစ္စကြောင့် အချိန်မရဖြစ်ကာ မကူညီနိုင်ခဲ့။ စိတ်ထဲတွင်မူ အားနာမှုအပြည့်နှင့်။ ဤသည်ကို ကာယကံရှင်သူမှတစ်ပါး မည်သူမျှမသိနိုင်..။

တစ်ဦးစီ၏စိတ်ထဲတွင်မူ ခံစားမှုကိုယ်စီဖြင့်..။ ထပ်တူတော့မကျနိုင်ပေ။ တစ်ဦးမှာအမုန်း တစ်ဦးမှာ အားနာမှု.. ၎င်းခံစားမှုတို့သည် အရောင်ပြောင်းနိုင်သည်လော..။ မည်သူမျှအတပ်မသိ။

စိတ်ညစ်မှုတို့ကြီးစိုးနေသောကောင်လေးသည် အိမ်သို့ပြန်ရောက်သောအခါ အိမ်ထဲသို့မဝင်မီ ကြိုးစား၍ပြုံးထားပြန်သည်။

အင်း.. ကျွန်တော်ပြုံးရမယ်.. ဟန်ဆောင်သည်ဖြစ်စေ လိမ်ညာသည်ဖြစ်စေ ကျွန်တော်ပြုံးရမယ်။ ဘာလို့လဲ.. ကျွန်တော့်ရဲ့အပြုံးတွေကို စောင့်နေသူရှိလို့ပေါ့။

“ မေမေ.. "

“ သားလေး.. ကျောင်းကပြန်လာပြီလား "

“ ဟုတ်.. "

“ ကျောင်းမှာ အဆင်ရောပြေရဲ့လား.. သုံးဖို့စွဲဖို့ရော ရှိရဲ့လား "

“ အဆင်လည်းပြေတယ် သုံးဖို့စွဲဖို့လည်းရှိတယ် မမက လုံလုံလောက်လောက်ပေးထားပါတယ်။ မေမေစိတ်မပူနဲ့နော် "

“ အိမ်မှာလည်း သမီးကြီးရှိလို့တော်သေးတာပေါ့။ မဟုတ်ရင် မင်းဖေဖေရဲ့မိုက်မဲမှုတွေ မေမေ့ရဲ့အပြစ်တွေကြောင့် ငါ့သားသမီးတွေ အတော်ကိုစိတ်ဆင်းရဲရမှာ "

ထိုသားအမိနှစ်ဦး၏စကားပြောမှုအလုံးစုံကို အလုပ်မှပြန်လာသော ချယ်ရီလင်းတစ်ယောက် ကြားခဲ့ပါသည်။

“ မောင်လေး.. နင့်ကိုငါ.. မုန့်ဖိုး.. "

“ မမ.. "

ထိုစကားနှင့်အတူ အလင်းဖွဲ့ပြလိုက်သော မျက်နှာအရိပ်အကဲကို ချယ်ရီလင်းနားလည်ပါသည်။ ထို့ကြောင့် ရှေ့မဆက်ခဲ့..။

“ ပြီးသွားရင် နင်နဲ့ငါ စကားခဏပြောရအောင် "

“ အင်း "

အလင်းဖွဲ့၏စကားကြားပြီးနောက် သူ၏အခန်းထဲသို့ဝင်သွားသော ချယ်ရီလင်း..။ စိတ်ထဲတွင်မူ မသာယာမှုများစွာဖြင့်..။

သူပြတဲ့အရိပ်အကဲကိုနားလည်သလို သူလုပ်နေတဲ့လုပ်ရက်ကိုလည်း နားလည်တယ်။ ဖဲပဲမဟုတ်လား..။ ဒီဖဲကြောင့် ဘဝပျက်သွားတဲ့ သာဓကတွေက ကိုယ့်အရှေ့မှာ အများကြီး.. ဒါကိုဒီကလေး ဘာလို့စိတ်မနာနိုင်တာလဲ။ ဆူချင်တာပေါ့ ရိုက်လိုက်ချင်တာပေါ့..။ ဒါပေမဲ့ မေမေရှိနေသေးတယ်လေ။

“ ‌သားကိုသာမေးနေတာ မေမေကရော သုံးဖို့စွဲဖို့ ရှိရဲ့လား.. ဈေးဖိုးရော ရှိသေးလား "

“ ဈေးဖိုးကတော့ရှိပါသေးတယ်.. မေမေသုံးဖို့ကတော့ မရှိတော့ဘူး။ ဈေးဖိုးထဲကလည်း မသုံးရက်ဘူး "

မေမေသုံးဖို့.. သားတစ်ယောက်အနေနဲ့ မေမေရဲ့စကားကိုနားလည်ပါတယ်။

“ ဘယ်လောက်ပါသွားလို့လဲ "

“ နည်းနည်းပါးပါးပါ။ အိမ်ဘေးနားက အသိတွေနဲ့‌ဆော့တာပါ "

“ ထားပါ ထားပါ..။ မေမေသုံးစရာမရှိရင် သားထဲက ပိုက်ဆံယူထား။ မေမေလိုအပ်ရင်သုံးပေါ့ "

“ အို.. မဟုတ်တာကွယ်.. သားဘာသာသုံးပါ "

“ သားက အသုံးမလိုသေးဘူးမေမေရဲ့ မေမေသာယူထား။ သားလိုအပ်ရင် ပြန်တောင်းမယ်လေ.. နော် "

“ အေးပါ အေးပါ "

“ မမ မသိစေနဲ့နော် "

“ အေးပါဆို "

“ အဲ့ဒါဆို.. သူခေါ်ထားလို့ သွားလိုက်ဦးမယ် "

ဒီလိုနဲ့ စကားပြောလက်စလေး ရပ်ခဲ့လိုက်တဲ့ သားအမိနှစ်ဦးရဲ့စကားဝိုင်းတစ်ခု။ တစ်ဦးကမကောင်းမှုပြုနေတာကို တစ်ဦးက အားပေးနေတာလား။ ဟုတ်ပါ့မလား။

“ ပြောမမ.. "

“ ဒီလအတွက်.. နင့်ကိုငါ မုန့်ဖိုးမပေးရသေးဘူးလေ အလင်းဖွဲ့။ နင်ဘယ်က‌နေ ပိုက်ဆံရတာလဲ။ နင် ဖဲတွေဆော့နေပြန်ပြီလား "

“ အင်း "

“ ငါနင့်ကို အဲ့ဒါတွေထပ်မလုပ်ပါနဲ့လို့ပြောထားတာကို နင်နားမထောင်ဘူးလား။ ဘဝပျက်ချင်နေတာလား "

“ ဘဝက ပျက်ပြီးသားပဲမဟုတ်ဘူးလား "

“ အလင်းဖွဲ့.. "

“ မမအသံကို နည်းနည်းလောက်လျှော့လို့ရမလား။ မေမေကြားသွားမယ်။ သားဘာလို့ဆော့လဲ မမ မသိဘူးလား ဟမ်..။ မမပေးတဲ့မုန့်ဖိုးက တစ်လကိုဘယ်လောက်လဲ။ သုံးသောင်းလေ.. သုံးသောင်းမမရဲ့။ သုံးသိန်းမဟုတ်ဘူးဟ။ အဲ့ဒီပိုက်ဆံနဲ့ စာအုပ်ဖိုးတောင်မလောက်ဘူးမမရဲ့ "

“ မလောက်ရင် ထပ်တောင်းလို့ ငါမပြောထားဘူးလား "

“ တစ်အိမ်လုံးအသုံးစရိတ်ကို ရှာနေရတဲ့မမဆီက သားကဘယ်လိုလုပ် ပိုက်ဆံထပ်တောင်းရက်မှာလဲမမရဲ့။ တစ်လတစ်လ မေမေ့ဆေးဖိုးတွေ အိမ်ငှားခတွေ အိမ်သုံးစရိတ်တွေနဲ့ မမတောင် အင်္ကျီကောင်းကောင်းတစ်ထည်ဝယ်ဝတ်ခဲ့လို့လား "

ဘယ်လိုလဲ နာကျင်သွားလားမမ။ မမကိုနာကျင်စေချင်တဲ့ ရည်ရွယ်ချက်မရှိပေမဲ့ ဒါအမှန်တရားပဲမို့လို့ သားပြောမိပါတယ်။

“ ငါ.. ငါဝယ်မဝတ်ဘူးဆိုတာက အရင်ကဝယ်ထားတဲ့ အင်္ကျီတွေက အကောင်းကြီးရှိသေးလို့ပါ "

ဒါအဖြေလား.. စကားတွေကအဖြေမဟုတ်ဘူး.. တုန်ရီနေတဲ့မမရဲ့အသံတွေက ရစ်ဝန်းလာတဲ့မျက်ရည်တွေက အဖြေပဲ.. မမဘယ်လောက်တောင် ခက်ခဲနေမလဲ။

“ မမ.. သားဖဲဆော့တာကို ဝန်ခံပါတယ်။ သားရဲ့အသုံးစရိတ်ကို သားရှာတာပါ။ မိုက်မဲနေတာ မဟုတ်ပါဘူးမမရဲ့ "

“ ငါက.. ငါက ငါ့မောင်လေး အဲ့ဒီဖဲ‌ဆော့တာကြီးကြောင့်ပျက်စီးသွားမှာကို စိတ်ပူတာပါဟာ "

“ အဲ့ဒီအတွက် စိတ်မပူနဲ့မမ။ သားကိုယ်သား ဖျက်ဆီးပစ်မှာမဟုတ်ဘူး "

“ တတ်နိုင်ရင် ငါကတော့ မဆော့စေချင်ဘူး မောင်လေးရယ်။ အသုံးလိုတာရှိရင် ငါ့ကိုပြောပါ‌နော် "

“ အဲ့ဒါတော့ လက်မခံဘူးမမ။ သားရဲ့အပူကို မမကိုထပ်မပေးချင်ဘူး။ အခုက သားအဆင်ပြေပါတယ်။ မမ မဆော့စေချင်ရင် ကျောင်းပြီးရင် သားမဆော့တော့ဘူးလေ..။ အခုလောလောဆယ်တော့ သဘောထားကြီးပေးပါဦး မမရယ် "

ခေါင်းမာလွန်းသည့် သူ၏မောင်လေးအကြောင်းကို သူနားလည်ပါသည်။ ကတိပေးပြီးလျှင်လည်း ကတိတည်တတ်သည့်အကြောင်းအား ချယ်ရီလင်း သိပါသည်။

“ ကျောင်းပြီးရင်မဆော့ဘူးဆိုတာ ကတိနော် "

“ ဟုတ်.. ကတိ "

“ အရမ်းကြီးတော့ မဆော့နဲ့ပေါ့ဟာ.. "

“ အင်းပါ အင်းပါ.. မမလည်းရေချိုးပြီး နားတော့လေ။ သားလည်းနားတော့မယ် "

“ အင်း.. "

ဤသို့ဖြင့်အဆုံးသတ်သွားသည့် မောင်နှမနှစ်ဦး၏ စကားဝိုင်း။ နာကျင်မှု.. မြိုသိပ်မှုများ အပြည့်နှင့်..။

ဖေဖေ.. ဖေဖေမွေးထားတဲ့သားက ဖေဖေ့သွေးအပြည့်ပါတယ်။ ဖဲဆော့တာကို မက်မောသလို လူကြီးမိဘတွေအပေါ်ကိုလည်း သိပ်သိတတ်နေပြန်တယ်။ မကောင်းမှုနဲ့ကောင်းမှု.. ဒွန်တွဲနေတဲ့မောင်လေးကို မကောင်းမှုတွေကြီးစိုးသွားမှာ သိပ်စိုးရိမ်မိတယ်။ ဖေဖေပြောဖူးတယ်‌နော်.. လူကြီးမိဘတွေအပေါ် သိတတ်တဲ့သားသမီးက ဘယ်တော့မှစိတ်မဆင်းရဲရဘူးဆို။ ဖေဖေပြောတဲ့စကားကြီးက မှန်ရောမှန်ရဲ့လားဟင်။ အခု မောင်လေးက စိတ်ချမ်းသာနေတယ်လို့ ဖေဖေထင်လား။ ပင်ပန်းနေတဲ့သမီးကို သူမကြည့်ရက်သလို သမီးကလည်း စိတ်ဆင်းရဲနေတဲ့မောင်လေးကို မကြည့်ရက်ဘူး။ သမီးရဲ့အသုံးမကျမှုကြောင့် သူ့ကိုလည်း အပြစ်မတင်ရဲဘူးဖေဖေရယ်။ ဘယ်သူ့ကိုမှအပြစ်မတင်နိုင်တဲ့အဆုံး ဖေဖေအပေါ်ကိုပဲ အပြစ်ပုံချပါရစေ။ သမီးကိုခွင့်လွှတ်နော်။ အရာအားလုံးက အချိန်မတန်ခင်.. စောစောထွက်ခွာသွားတဲ့ ဖေဖေရဲ့အပြစ်ပဲ။
..........
HanMuYarThway
..........

နောက်မှလိုက်ထွက်လာသော အလင်းဖွဲ့ ကားကိုပတ်ရှောင်ကာ ထွက်သွားသည်ကို  ဧကမာန်လိုက်ကြည့်နေမိသည်။ ခြံထဲကထွက်သွားသည့်အခါမှ ကားမောင်းထွက်လာခဲ့လိုက်သည်။
ယနေ့အတွက်အလုပ်တို့သည် ယခင်လိုအစီအစဉ်တကျ ဖြစ်မနေခဲ့တော့ပါ။
မြေကွက်သွားကြည့်ပြီးအပြန် အစည်းအဝေးအတွက်ပြင်ဆင်စရာများ အတွင်းရေးမှူးနှင့်ပြင်ဆင်ကြမည်။ ညနေသုံးနာရီ အစည်းအဝေးလုပ်မည်။ ညနေငါးနာရီရုံးဆင်းသည်ဆိုသော်လည်း အလုပ်မပြီးသေးလျှင် ဆက်လုပ်ရင်းဖြင့် ခြောက်နာရီဆိုက်ရောက်မည့်လေယာဉ်ကို စောင့်ရမည်။ မာမီ့ကိုကြိုရမည်မဟုတ်ပါလား။

အလင်းဖွဲ့တို့နှင့်ဆုံပြီး ဧကမာန်တစ်ယောက် ရုံးသို့ချက်ချင်းမပြန်ဖြစ်၍ အစည်းအဝေးအတွက်လိုအပ်သည်များကို အတွင်းရေးမှူးကိုသာ စီစဉ်ခိုင်းရတော့သည်။ ယခုလည်း အတွင်းရေးမှူးမှဖုန်းခေါ်ပြီး လိုအပ်သည်များကို အစီရင်ခံနေ၍ ကားမောင်းရင်း နားကြပ်တပ်ပြောလာရသည်။

ကားမောင်းထွက်လာသည့်အချိန် မိုးတွေရွာနေပြီး လမ်းဘေးတွင်တော့ ဗွက်အိုင်ငယ်များကိုရန်သူထင်နေသည့် ကောင်လေးငယ်ကို ဧကမာန်တွေ့လိုက်ရသည်။ မိုးတွေရွာနေသည်ကြောင့် ကားနှင့်လိုက်ပို့ပေးရန် အတွေးပေါ်လာကာ အလင်းဖွဲ့နားတွင် ကားရပ်ရန်ပြင်သော်လည်း ဖုန်းပြောလက်စနှင့်မောင်းလာသည်မို့ ဗွက်အိုင်ကိုဖြတ်မောင်းမိသွားပြီး အလင်းဖွဲ့ကိုစင်ကုန်လေပြီ။ ဗွက်အိုင်နှင့်လွတ်ရာတွင် ကားကိုရပ်ကာ အလင်းဖွဲ့ကိုလှမ်းခေါ်ရန်ပြင်လေမှ

"MD, အဲဒီစာချုပ်ဆိုရင်က MD ရဲ့လက်မှတ်လိုတယ်လေ။ ရှေ့နေအဖွဲ့ကလည်း MD လက်မှတ်ပါမှ ထုတ်ပေးမှာ။ MD အခု ဘယ်ရောက်နေပြီလဲ။ BOD အစည်းအဝေးကကပ်နေပြီဆိုတော့ နောက်မိနစ်နှစ်ဆယ်လောက်အတွင်း ရုံးကိုရောက်နိုင်မလား MD?"

MD ချင်းထပ်၍ အရေးကြီးနေသည်ကြောင့် အလင်းဖွဲ့ကိုလှည့်ကြည့်မိသည်။ ရွှံ့ရေတွေစင်ကုန်၍ ဒေါသထွက်နေပုံရပြီး ကိုယ့်ကြောင့်ဖြစ်ရသည်မို့ တောင်းပန်ချင်ပါသော်လည်း မိနစ်နှစ်ဆယ်အတွင်း ရုံးကိုရောက်ဖို့ရာ ဧကမာန်တွင် အချိန်နည်းနေလေပြီ။

'Sorry, ကောင်လေးရေ။ ကိုယ်အချိန်မရတော့ဘူး။ အဲဒီစာချုပ်မပါရင် အစည်းအဝေးမှာ ဒါရိုက်တာတွေက ကပ်သီးကပ်ဖဲ့တွေလုပ်ကြဦးမှာ။ နောက်မှတွေ့ကြတာပေါ့ ငဂျစ်လေး'

ဧကမာန် ကားကိုမောင်းထွက်လာခဲ့ရတော့သည်။

¤

"ကဲ၊ ရပြီလား"

"ဟုတ်ကဲ့ MD, ဆက်လုပ်လိုက်ပါ့မယ်။ MD အဝတ်အစားလဲမယ်ဆိုရင် ကျွန်တော် ထုတ်ထားပြီးပြီနော်။ Lawyer တွေဆီ ပြေးလိုက်ဦးမယ်"

"Ok"

အတွင်းရေးမှူး၊ ဧကမာန်ထက် နှစ်နှစ်ငယ်သည့်သူ့ကို မည်ကဲ့သို့နာမ်စားသုံးရမည်မသိ။ ရှေ့က အတွင်းရေးမှူးအစ်ကိုတစ်ယောက် အလုပ်မထွက်မီ သူ့ကိုအစားထိုးပေးပါမည်ဟု ဆိုလာ၍ အစမ်းခန့်ရန်ရောက်လာချိန် အနည်းငယ်အံ့ဩမိသည်။ မိန်းကလေးဟုသိထားသည့်သူမက ကျွန်တော်ဆိုသည့်နာမ်စားနှင့်အတူ ယောက်ျားလေးတစ်ယောက်ကဲ့သို့ သွက်လက်ပွင့်လင်းစွာ မိတ်ဆက်လာခဲ့သည်။ အတွင်းရေးမှူးအလုပ်မထွက်မီ တစ်ပတ်အတွင်း အလုပ်များကို အလျင်အမြန်ပင် သင်ယူလွှဲပြောင်းနိုင်ခဲ့ပြီး တစ်ခါတရံ နားမလည်သည်များကို ဧကမာန်အား မေးမြန်းနေသေးသည်။

"ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် MD. အဲဒီလိုမေးလို့ရတယ်မဟုတ်လား"

ဤသို့လည်း ကမောက်ကမပြောတတ်သေးသည်။ အားလုံးရှင်းပြပြီးခါမှ မေးလို့ရတယ်မဟုတ်လားဟု ခွင့်တောင်းတတ်သည့်ထိုကလေးကို ဧကမာန် သဘောကျသည်။ သူမသိလျှင် သန့်ရှင်းရေးအစ်မကြီးကိုပါ ဆရာတင်တတ်သည့်သူ့ကို လူတိုင်းကလည်း ချစ်ကြပါသည်။ အမြဲအတူရှိနေရ၍လည်း မိန်းကလေးတစ်ယောက်ရှိနေ၍ မလွတ်မလပ်မခံစားရ။ ယောက်ျားလေးများကဲ့သို့လည်း လွတ်ချင်တိုင်းလွတ်မနေပါ။ ပွဲတက်ရသည့်အခါများတွင်

"MD, များနေပြီ။ ကျွန်တော်မတွဲနိုင်ဘူးနော်။ ကြည့်သောက်"

ထိုသို့သတိပေးလျှင် ဧကမာန်မှာ ဘာပြန်ပြောရမည်မသိ။ သူကမိန်းကလေးပါဟု မေ့သွားမိသည့်ဦးနှောက်ကိုပဲ အပြစ်တင်ရမလိုလို။ မည်သို့ဆိုစေ Tom boy လည်းမဟုတ်သည့် ထိုယောက်ျားမလေးက အလုပ်ကိစ္စများတွင်အားကိုးရ၍ ဧကမာန်နှင့်တွဲမြင်ရဖန်များလာသောအခါ မွေးသမိခင်၏မာန်မဲခြင်း ခံခဲ့ရသေးသည်။ နောက်မှသာ အတွင်းရေးမှူးလေးက မည်မျှအဆင်ပြေကြောင်း မာမီကြားသိလက်ခံသွားခဲ့သည်။

ယခုလည်း ဧကမာန်အတွက် အဝတ်အစားကအဆင်သင့်။ ရုံးခန်းနှင့်တွဲလျက် နားနေခန်းလေးအတွင်းသို့ဝင်ကာ အဝတ်လဲလိုက်သည်။ ပြန်ထွက်လာတော့

"ခဏနေရင် စာချုပ်လာပို့ကြပါလိမ့်မယ်။ ခဏနားလိုက်ပါဦးလား။ အချိန်နည်းနည်းပိုနေသေးတယ်"

"အင်း၊ ရတယ်"

"ညနေ MD မာမီပြန်လာမှာဆိုတော့ ဘာလိုအပ်သေးလဲ MD?"

"ရပါတယ်။ ဘာလို့ ရုတ်တရက်ကြီး ပြန်လာလဲမသိပါဘူး"

"မိန်းမပေးစားမလို့များလား"

"လာပြန်ပြီ။ ခန့်ထည်နဲ့ တစ်လေသံတည်း"

"ထင်မိတာလေ။ အဲဒီလိုအာရုံရနေတယ် MD ရဲ့။ အချစ်မပါဘဲတော့ လူနှစ်ယောက်ပေါင်းစပ်ရမှာ ဝန်လေးစရာကြီးပါ။ ကျွန်တော့်အတွေးပြောပါတယ်လေ"

"အင်း၊ ငါလည်း အဲဒီလိုပဲတွေးတယ်"

"ကောင်းတယ် MD. မကြိုက်ရင် ငြင်းသာငြင်း၊ ကျွန်တော်မြှောက်ပေးတာတော့ MD မာမီမသိစေနဲ့၊ အဟီး"

"မိုးရိပ်ညို၊ မင်းကလေ တကယ့်ဟာလေး။ မင်းနဲ့စကားပြောရတာ အဆင်ပြေတယ်။ ငါ တစ်နေ့လယ်လုံး စိတ်မကြည်တာ မင်းနဲ့မှ ဘာတွေစားမိမှန်းလည်းမသိဘူး၊ အလုပ်လုပ်ရင်း အစားမစားတတ်တဲ့ငါလည်း အကျင့်တွေပျက်နေပြီ"

"ဘာမှမစားဘဲ အစည်းအဝေးတတ်တော့မှာ သိနေတယ်"

ရုံးခန်းထဲပြန်ရောက်ရောက်ချင်း နေ့လယ်စာမစားရသေးသည်ကို သိသွားသည့်အခါ အလုပ်တွေကိုသူကလုပ်ရင်း ကြေးအိုးဆီချက်တစ်ပွဲ ပြင်ပေးသည်။ အပြင်မှဖုန်းဆက်စဉ်က စိတ်ရှုပ်နေပုံရ၍ အစားမစားဖြစ်မှာသိနေသည်ဟုဆိုကာ အတင်းစားခိုင်းခဲ့သည်။ အကြိုက်ကိုသိသည့်ထိုကလေးက သူစားနေကျဆိုင်မှမှာထားပုံပင်။ စိတ်ကအဆင်မပြေသော်လည်း အစာမရှိသည့်ဗိုက်က မငြင်းနိုင်ခဲ့။ အလုပ်လုပ်ရင်း စားရင်းနှင့် တစ်ပွဲကုန်သွားခဲ့ရသည်။

"စာချုပ်ရပြီ MD, အစည်းအဝေးချိန်လည်းနီးပြီ"

"သွားစို့"

¤

"အလုပ်ဆင်းလိုက်တော့ မိုးရိပ်ညို။ ငါးနာရီခွဲနေပြီ။ ငါလည်း လေဆိပ်သွားတော့မယ်"

"ဟုတ်ကဲ့၊ နောက်နေ့မှတွေ့ပါမယ်။ ဂရုစိုက်သွားပါ MD"

သူပြောနေကျစကားနှင့် နှုတ်ဆက်ပြီး ရုံးဆင်းသွားတော့မှ ဧကမာန်လည်း ဒရိုင်ဘာမောင်းပို့သောကားနှင့် လေဆိပ်သို့ရောက်လာခဲ့ရသည်။

'ဒီနေ့က တကယ်အလုပ်ရှုပ်တာပဲ။ ကလေးစုတ်တွေရှုပ်တာနဲ့ ငါ့အချိန်တွေလည်း ကကျိုးကကြောင်တွေဖြစ်လို့။ အဲဒီကလေး အိမ်ကိုရော တန်းတန်းမတ်မတ်ပြန်ရဲ့လား။ ဟာ ... ဘာကိစ္စ တွေးပူမိပြန်ပြီလဲ။ ငါ့ကြောင့်ရေနည်းနည်းစင်တာကို ငါလည်းဘာဖြစ်နေမှန်းမသိ'

တွေးနေရင်း Arrival ဂိတ်ပေါက်မှ ခရီးသည်များဝင်လာသည်ကို တွေ့လိုက်ရ၍ ထရပ်ကာ မိခင်ဖြစ်သူထွက်အလာကို စောင့်ကြည့်နေလိုက်တော့သည်။

"မာမီ"

"သားလေး၊ တစ်ယောက်တည်းလား။ မင်းအတွင်းရေးမှူးရော မပါဘူးလား"

"မာမီကလည်း မိုးပဲချုပ်တော့မယ်။ အလုပ်ဆင်းချိန်လေဗျာ"

"မသိဘူးလေ။ တစ်ကောက်ကောက်လိုက်နေတာမို့ မေးကြည့်တာ"

"ရုံးဆင်းသွားပြီ။ ဒါနဲ့ မာမီက လန်းလှချည်လား"

"ဒေါ်မေနန်းထိုက်လေကွယ်"

"ဟား ဟား ဟား။ လာလေ မာမီ၊ သွားကြစို့။ ပေးပါ၊ ဒါတွေ ကျွန်တော်ဆွဲခဲ့မယ်"

"OK, my son"

¤

"မာမီရယ်၊ ဘယ်လိုဖြစ်လို့ ဆိုင်းမဆင့်၊ ဗုံမဆင့်ကြီး အတွေးပေါက်သလဲဗျာ။ အဲဒီကိစ္စက ကျွန်တော်ပြောပြီးသားလေနော်"

"အခု ဆိုင်းတွေ၊ ဗုံတွေဆင့်ပြီး အရင်ပြောပြနေတယ်လေ။ သားကို မာမီ့ဆန္ဒကိုပြောပြတာ။ သားလည်း ကြိုတွေးထား။ မိန်းကလေးကိုလေ့လာပြီး အကဲခတ်ကြည့်ဦးပေါ့။ မာမီက အခုစီစဉ်မယ်လို့ မပြောပါဘူး။ သူ့ကို မာမီသဘောကျတယ်လို့ပဲ ပြောပြတာ"

"ဟုတ်ကဲ့ပါဗျာ။ အခုမှပြန်ရောက်တာကို အဲဒါတွေမတွေးပါနဲ့ဦး။ နားမှပေါ့ မာမီရယ်"

မာမီက လက်ထပ်ပေးဖို့တွေးပြန်ပြီလား။
တစ်ဘဝလုံး မာမီ့စိတ်ကြိုက်နေလာခဲ့တာ အရင်က ဘာမှမဖြစ်ခဲ့ဘူးဆိုရင်တောင် အခုကတော့ မင်္ဂလာကိစ္စဆိုရင် ခေါင်းမညိတ်ချင်ဘူး။

ငယ်ငယ်ကတည်းက တစ်ဦးတည်းသောသားအတွက် အပြည့်စုံဆုံးဖြစ်မယ့် Plan တွေနဲ့ ပျိုးထောင်ပေးခဲ့တာ၊ အနားကနေ ဂရုစိုက်ပေးခဲ့တာတွေကို ကိုယ်တိုင်သာအသိဆုံးပါ။ ဒယ်ဒီဆုံးတဲ့အချိန် အလုပ်ကိစ္စတွေကို ဦးဆောင်ဖို့ဖြစ်လာတဲ့ မာမီကြောင့် ဝါသနာပါရာ Landscaping ပိုင်းကို လေ့လာသင်ယူဖို့ကိစ္စ မေ့ပစ်လိုက်ရပြီး မာမီ့ကို တစ်ဖက်တစ်လမ်းကကူညီနိုင်ဖို့ စီးပွားရေးနဲ့ပတ်သက်တာတွေကို မာမီလွှတ်တဲ့ နိုင်ငံခြားတက္ကသိုလ်တွေအထိ သွားတက်ခဲ့ရတယ်။ စိတ်ဝင်စားရာဘာသာရပ် မဟုတ်ခဲ့ပေမဲ့ မာမီ့ကိုကူညီမယ်ဆိုတဲ့စိတ်နဲ့ အကောင်းဆုံးမဟုတ်ရင်တောင် ရလဒ်ကောင်းတွေရအောင် ကြိုးစားနိုင်ခဲ့တယ်။

ကုမ္ပဏီကိုဝင်တဲ့အချိန် မာမီ့အတွင်းရေးမှူးရာထူးကနေ စဝင်ခဲ့ပေမဲ့ ဦးမာန်လင်း၊ ဒေါ်မေနန်းထိုက်တို့ရဲ့သားမို့ မိုးကျရွှေကိုယ်လို ဘွားခနဲပေါ်လာတဲ့သူဌေးသားလို့ အပြောတွေကြား မာမီမျက်နှာမပျက်ရအောင် ကြိုးစားပေးခဲ့တယ်။ နေရာတစ်ခုရဖို့ အဆင်သင့်ဖြစ်လာချိန်မှာ မာမီနဲ့အတူအလုပ်တွေလုပ်၊ မာမီ မျက်နှာလွှဲနိုင်တဲ့အထိ နေပေးခဲ့တာမို့ သူကသားလိမ္မာတစ်ယောက်လို့ သမုတ်ခံရရင် အဲဒီသားလိမ္မာလေးက ကိုယ့်အိမ်ထောင်ရေးကိုတော့ ကိုယ်တိုင်ဆုံးဖြတ်ခွင့် မရသင့်ဘူးလား။

အိမ်ထောင်ဖက်။ အိမ်ထောင်ဖက်မိန်းကလေး။
မာမီသဘောကျတဲ့ သူ့အတွက် အိမ်ထောင်ဖက်မိန်းကလေးတဲ့။
အဲဒီလိုပဲ ပညတ်ချက်တွေ ရှိတာတဲ့လား။
ဧကမာန်ရဲ့ ပွဲတက်ဇနီးချော ဆိုတာမျိုးလား။

'ဘာတွေတွေးမလို့လဲ ဧကမာန်။ မင်းဘာတွေတွေးမလို့လဲ။
မူမမှန်တဲ့အတွေးတွေကို မတွေးတာကောင်းလိမ့်မယ်ထင်ပါတယ်။
ဧကမာန်က ဒေါ်မေနန်းထိုက်ရဲ့သား၊ Blue Blood (တော်ဝင်သွေး) Group of Companies ရဲ့ Managing Director.
မာမီသိပ်ဂုဏ်ယူရတဲ့ ဒီဂုဏ်ပုဒ်တွေကနေ လမ်းလွဲသွားဖို့ဆိုတာ နေခုနစ်စင်းပွင့်ဖို့ထက် ခက်နေမှာမို့ အတွေးမလွဲပါနဲ့ကွာ'

■■■
Demon

■■■■■ အပိုင်း (၅) ဆက်ရန် ■■■■■
© Demon ,
книга «Love Cards».
Коментарі