Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (8)
"Cheers!"

ခန္႔ထည္မွ ခြက္ခ်င္းလာတိုက္၍သာ ဧကမာန္တံု႔ျပန္လိုက္ရသည္။ အဘယ္ေၾကာင့္ Cheers လုပ္ေနသည္ကိုမူ မသိပါ။ ေၾကာင္အအျဖစ္သြားသည့္ ဧကမာန္ကိုၾကည့္ၿပီး ခန္႔ထည္ကဆက္ေျပာလာသည္မွာ

"မိန္းမရေတာ့မယ့္ ငါ့သူငယ္ခ်င္းႀကီးအတြက္ေလ။"

"မင္းဘိုးေအပဲ မိန္းမရ။"

"ငါ့ဘိုးေအက ေနာက္ဘဝမွာ မိန္းမထပ္ရေလာက္ေရာေပါ့။ ေနဦး၊ ငါ့အဘိုးက ငါ့ကိုမေမြးခင္ႏွစ္ဝက္အလိုမွာ ဆံုးသြားတာကြ။ အဲဒီေတာ့ ငါ့ထက္ေလးလငယ္တဲ့မင္းက ငါ့ဘိုးေအဝင္စားတာလည္း ျဖစ္ႏိုင္တယ္။"

"ခန္႔ထည္ေရ၊ ဝိုင္ကို ဆဲသံဆိုသံေလးနဲ႔ ျမည္းခ်င္တာလား။"

"ဟဲဟဲ၊ ပန္းပ်ိဳးၾကယ္က ဘာအျပစ္ေျပာစရာရွိလို႔လဲ။"

"ငါမွမခ်စ္တာ။"

ဧကမာန္၏မဆိုင္းမတြေျဖသံတြင္ ခန္႔ထည္၏အျပံဳးအခ်ိဳ႕သည္ လက္ခနဲ။ ဤသည္ကို ဝိုင္ခြက္ထံသို႔အၾကည့္ပို႔ထားသည့္ ဧကမာန္က မျမင္လိုက္ပါ။

"အဲဒီေတာ့ မင္းခ်စ္ရတဲ့တျခားလူ ရွိတာက်လို႔။"

"အင္း၊ ငါလည္းမသိဘူး။"

Cheese sandwich တစ္ကိုက္စာအပိုင္းေလးကို ခက္ရင္းငယ္ႏွင့္ထိုးယူကာ ဧကမာန္ေျဖလိုက္သည္။ ထို႔ေနာက္ sandwich ကိုေသခ်ာၾကည့္ကာ မစားဘဲျပန္ခ်လိုက္ၿပီး

"ဒါကို sandwich လို႔ေျပာေပမဲ့ တကယ္ေတာ့ cheese အရသာပဲရေနတာ ဒိန္ခဲကိုက္ရသလိုပဲေလ။ အျမင္နဲ႔ပဲဆံုးျဖတ္လို႔မရတာေတြ ရွိတာပဲ။"

"Cheesy ျဖစ္ေနလို႔ cheese sandwich ပါလို႔ ေျပာထားတာပဲ။ မသိသာဘူးလား။"

"Cheesy, but it's just a sandwich."

"ဟုတ္ၿပီ၊ ဒါက သတ္မွတ္ခ်က္တစ္ခုပဲ။ မႀကိဳက္ရင္ မစားနဲ႔၊ ျငင္းလိုက္။"

"Seafood စားမလားလို႔။"

"မင္းအတြက္ steak ရွိတယ္ေလ။ မတည့္တာကို ဘာလို႔စားခ်င္တာလဲ။"

"အဲဒါကို လူလို႔ေခၚတယ္။"

'မင္းအတြက္ seafood က ဘယ္သူလဲလို႔ ငါေမးခ်င္လိုက္တာ ဧကရာ။'

ဧကမာန္ steak ကိုျဖတ္ယူ၍ တစ္ကိုက္ဝါးလိုက္သည္ကို ခန္႔ထည္ေငးေနမိသည္။ ထို႔ေနာက္ ဝိုင္တစ္ငံုေမာ့ကာ အရသာခံၾကည့္ေနသည့္ ဧကမာန္က steak ထည့္ထားသည့္ပန္းကန္ကိုေမးေငါ့၍ မွတ္ခ်က္ျပဳလာသည္။

"သူကလည္း ဝိုင္နဲ႔ေတာ့ လိုက္တာပါပဲ။"

"အဟား၊ လိုက္ဖက္လို႔ပဲ ဒီစားပြဲေပၚ သူေရာက္ေနတာေပါ့။"

"မင္းကေတာ့ seafood နဲ႔တည့္ေနတာပဲေနာ္။"

"ေဟာဗ်ာ၊ ဘာလို႔ ဒါကိုရန္လုပ္ေနတာလဲ။ အရင္လည္း ဒီလိုပဲစားေနတာပဲကို။ မင္းမျမင္ခ်င္ရင္ ငါဖယ္ေပးမယ္္၊ ဟုတ္ၿပီလား။"

ခန္႔ထည္က ပန္းကန္ကိုကိုင္၍ ထမည္ျပင္သည့္အခါ

"ေနပါေစ၊ မင္းနဲ႔တည့္လို႔စားတာ ငါကဘာလို႔ မနာလိုျဖစ္ရမွာလဲ။ ဒီအတိုင္း စကားအျဖစ္ေျပာတာ။"

ထိုအခါမွ ခန္႔ထည္ျပန္ထိုင္လိုက္ၿပီး

"မင္း ဘာျဖစ္ေနတာလဲ ဧက။"

"ဘာျဖစ္ေနလို႔လဲ။"

"မင္းပံုစံက မိန္းကေလးေတြ တစ္လတစ္ခါစိတ္အလိုမက်တဲ့အခ်ိန္ ေတြ႕သမၽွပတ္ရမ္းေနသလိုပဲ။"

"လခြမ္း၊ ႏႈိင္းခ်က္ႀကီးက ငါကပဲ အေတာင္ပံေလးနဲ႔ဟာ ေျပးဝယ္ရေတာ့မလို။ မင္းက အေတြ႕အၾကံဳသိပ္မ်ားလို႔ ေျပာေနတာလား။"

"မသိရင္ ငါကပဲ ရည္းစားမထားဖူးတာက်လို႔။"

"အဲဒီေကာင္မေလးနဲ႔ ဘာလို႔ျပတ္တာလဲ။"

"ဒီလိုပဲ သေဘာထားမတိုက္ဆိုင္လို႔။"

"အဲဒီလိုပဲ အျမဲေျဖတယ္။ ဘယ္လိုမ်ိဳး အဆင္မေျပတာလဲ။ မင္းအႀကိဳက္နဲ႔မကိုက္တာလား၊ တျခားျပႆနာတစ္ခုခု ရွိတာမ်ိဳးလား။"

"မင္းက အိမ္ကေပးစားတဲ့မိန္းမကို မယူခ်င္လို႔ ရည္းစားထားေတာ့မလို႔လား။ အထူးအဆန္းေတြလာေမးေနတယ္။"

"ဒီလိုပဲ ေမးၾကည့္တာ။"

"ဘယ္လိုပဲလဲ။"

"ေအးကြာ၊ မင္းေျပာသလိုအခ်ိန္မို႔ စိတ္ကေယာက္ကယက္ျဖစ္တာကြာ။ OK?"

"ဟား ဟား ဟား ... အခ်စ္ေလးက စိတ္မၾကည္လို႔ လာရစ္ေနတာလား။ အဲဒါဆို ဒီကိုကိုက အဲဒီ seafood ကို တစ္သက္လံုးလွည့္မၾကည့္ေတာ့ဘူး။ ေက်နပ္လား။"

ဧကမာန္ ခန္႔ထည္ကိုၾကည့္လိုက္ေသာ္လည္း သူျမင္ေယာင္မိသည္မွာ ...

"ဦးခန္႔"

အသံတစ္ခုႏွင့္အတူ မ်က္ႏွာခ်င္းဆိုင္တြင္ထိုင္ေနေသာ ဧကမာန္၏အၾကည့္သည္ အျခားတစ္ေနရာတြင္ရွိေန၍ ခန္႔ထည္တစ္ေယာက္ လည္ျပန္လွည့္ၾကည့္လိုက္ရာ

"အလင္းဖြဲ႕၊ ေသြးသစ္က အိမ္မွာမရွိဘူး။ မင္းနဲ႔အတူရွိမယ္ထင္တာ။"

"ဟုတ္၊ သူျပန္လာၿပီတဲ့။ အိမ္မွာေစာင့္ပါဆိုလို႔။"

"ဪ၊ ေအး။ အထဲမွာေစာင့္ေနလိုက္ေလ။"

"ဟုတ္"

အလင္းဖြဲ႕လွည့္ထြက္သြြားရာသို႔ ဧကမာန္လိုက္ၾကည့္ေနမိၿပီးမွ ခန္႔ထည္ျပန္လွည့္လာ၍ အာရံုေျပာင္းလိုက္၏။ သို႔ေသာ္ စိတ္ထဲတြင္ေတြးသည္မွာ

'ေသြးသစ္မရွိရင္ ခန္႔ထည္တစ္ေယာက္တည္းျဖစ္ေနမွာကို သူက အိမ္မွာလာေစာင့္တယ္လား။ ၿပီးေတာ့လည္း ေသာက္ေနတာျမင္ရဲ႕သားနဲ႔ အနားေရာက္လာေသးတာ။ အာ ... သူ႔ဘာသာ ဘာလုပ္လုပ္ေပါ့ကြာ။ ငါက သူ႔ေၾကာင့္နဲ႔ စိတ္အေႏွာင့္အယွက္ျဖစ္စရာလား။'

"ဧက၊ သူငယ္ခ်င္း၊ အဲဒီဝိုင္ခြက္က မင္းကိုေျပာင္ျပေနလို႔ ၿဂိဳဟ္ၾကည့္ၾကည့္ေနတာလား။"

"မင္းအိမ္ကဟာေတြအကုန္ ခပ္ေျပာင္ေျပာင္ေတြခ်ည္းပဲ။"

"ဘယ္တုန္းက လာေခ်ာင္းသြားတာလဲ။"

"မင္းေတာ့ေနာ္ ..."

"ဟား ဟား ... ခ်စ္လို႔စတာပါ အခ်စ္ေလးရယ္။"

¤

ျခံထဲရွိ pavilion ေလးတြင္ စားေသာက္ရင္းရယ္ေမာေနၾကသည့္ သူငယ္ခ်င္းႏွစ္ေယာက္ကို ဧည္ခန္းလိုက္ကာအကြယ္မွေန၍ လွမ္းၾကည့္ေနသည့္ အလင္းဖြဲ႕တစ္ေယာက္မွာေတာ့

'ဦးခန္႔က အဲဒီလို စိတ္လြတ္လက္လြတ္ရယ္ေနေတာ့လည္း ေတာ္ေတာ္ေလးငယ္သြားသလိုပဲ။ အဲဒီလိုအေပ်ာ္ေတြက ကၽြန္ေတာ္ေၾကာင့္ျဖစ္လာတာဆိုရင္ သိပ္ၾကည္ႏူးဖို႔ေကာင္းမွာပဲ ဦးခန္႔ရယ္။'

ေငးရင္း၊ ေတြးရင္း၊ စိတ္ကူးရင္းမွ အလင္းဖြဲ႕အၾကည့္တို႔သည္ ဧကမာန္ထံသို႔ ေရာက္သြားသည့္အခါ

'သူက ဘာလို႔ရွိေနတာလဲ။ တကယ္ဆို ဦးခန္႔တစ္ေယာက္တည္း အိမ္မွာရွိေနရမွာကို။ ခင္ဗ်ားကေလ ေနရာတကာမွာ အက်ိဳးမေပးတဲ့လူပဲ၊ ဦးဧကမာန္။ ခုနကလည္း ဦးခန္႔ကသာ အခ်စ္ေလးေတြ၊ ကိုကိုေတြနဲ႔ စေနာက္ေနလိုက္တာ သင္းကေတာ့ အေခ်ရုပ္နဲ႔။ အား ... တကယ္စိတ္အေႏွာင့္အယွက္ေပးတဲ့လူ။'

ထိုစဥ္

"ဦးခန္႔ ကၽြန္ေတာ္ျပန္ေရာက္ၿပီ။"

ခန္႔ထည္တို႔ရွိရာဘက္သို႔ မေကြ႕ေတာ့ဘဲ အိမ္ေပါက္ဝသို႔လာရာလမ္းေပၚမွပင္ လွမ္းေအာ္လိုက္ၿပီး ဧကမာန္ကိုပါ လွမ္းျပံဳးျပလိုက္သည့္ေသြးသစ္။

"ေအး၊ အထဲမွာ အလင္းဖြဲ႕ေရာက္ေနတယ္။"

"ဟုတ္"

အလင္းဖြဲ႕ ဧည့္ခန္းဆက္တီေပၚ ခပ္တည္တည္ႏွင့္ထိုင္ေနလိုက္ၿပီး ဖုန္းထုတ္ၾကည့္ေနလိုက္သည္။ အျပင္ဘက္သို႔လွမ္းေခ်ာင္းေနသည္ကို ေသြးသစ္မိသြားလၽွင္ အလင္းဖြဲ႕၏ေသာတအာရံုတို႔ အဓမၼက်င့္ခံရဖြယ္ရွိ၏။

"အလင္း"

"မင္းက ျမန္လိုက္တာ။"

'ငါ ေခ်ာင္းလို႔မဝေသးဘူး။'

အလင္းဖြဲ႕၏ စကားႏွင့္အေတြးတို႔က အဆက္အစပ္ရွိလွသည္။

"အမ္၊ အဲဒါမေကာင္းဘူးလား။ မင္း အၾကာႀကီးေစာင့္မေနရဘူးေလ။"

"ေအးေလ၊ အဲဒါေၾကာင့္ေျပာတာေလ။ ငါ့သူငယ္ခ်င္းေလးက အလိုက္သိတယ္လို႔။"

"ဘာကိစၥလဲ။"

"Assignment ေတြ ကူးရမယ္ေလ။"

စားပြဲေပၚတြင္တင္ထားေသာ မိတၱဴစာရြက္အထပ္ကို လက္ႏွင့္ပုတ္၍ အလင္းဖြဲ႕က အေျဖေပးပါေသာ္လည္း ေသြးသစ္က မယံုသကၤာအၾကည့္ႏွင့္။

"ဘယ္တုန္းက အဲဒီေလာက္ႀကိဳးစားတတ္သြားတာလဲ။"

"မင္းက ဘာျဖစ္ေနတာလဲ။ ငါ့ကိုေတာင္ ၿငိဳျငင္ေနတဲ့အထာ။"

"ဟိုေန႔ညကတည္းက မင္းကို သိပ္ၾကည္ေနတာမဟုတ္ဘူးေနာ္။"

"ဟာ၊ အဲဒီဖုန္းေခၚတဲ့ကိစၥ ငါေသခ်ာရွင္းျပၿပီးတာ ဘယ္ႏွေခါက္ရွိေနၿပီလဲ။"

"ထားေတာ့။ သြားမယ္ ငါ့အခန္းထဲ။"

အလင္းဖြဲ႕ေခါင္းညိတ္ျပၿပီး ေသြးသစ္ေနာက္မွမလိုက္မီ ျခံထဲသို႔လွမ္းၾကည့္လိုက္ပါေသးသည္။ တိုက္ဆိုင္စြာပင္ ထိုအခ်ိန္တြင္မွ ဧကမာန္က ခန္႔ထည္ကို တစ္ရႉးဘူးႏွင့္ေကာက္ေပါက္လိုက္၍

'ဒီလူကြာ၊ ဘာျဖစ္ေနတာလဲမသိ။'

ၾကာၾကာလည္းမၾကည့္ရဲပါ။ ေရွ႕မွသြားသည့္ ေသြးသစ္ဦးေနာက္သို႔လည္း အလ်င္အျမန္လိုက္ရပါေသး၏။ အေပၚထပ္သို႔ အလင္းဖြဲ႕ေရာက္သြားသည့္အခါ pavilion ႏွင့္တည့္ေနသည့္ ျပတင္းေပါက္အနီးတြင္ ေသြးသစ္ဦးရပ္ေနသည္ကို ေတြ႕လိုက္ရ၍

"ဘာၾကည့္ေနတာလဲ။"

ေသြးသစ္ပခံုးကိုလွမ္းဖက္ကာ အလင္းဖြဲ႕ကပါ လိုက္ၾကည့္ရန္ျပင္ေသာ္လည္း

"ဘာမွမဟုတ္ဘူး။ လာေတာ့။"

ေသြးသစ္ဦးဆြဲေခၚရာေနာက္သို႔သာ ကန္႔လန္႔ႀကီးပါသြားပါေတာ့သည္။

စာလုပ္သည္ဟု ေခါင္းစဥ္တပ္ထားပါေသာ္လည္း အလင္းဖြဲ႕၏အာရံုတို႔မွာ စာထဲတြင္မရွိေပ။

"ေသြးသစ္"

"အင္း"

"မင္း ရည္းစားမထားဘူးလား။"

"ဟင့္အင္း"

"ဘာလဲ ခ်စ္ရတဲ့သူ မေတြ႕ေသးလို႔လား။"

"ခ်စ္ရတဲ့သူ ..."

အလင္းဖြဲ႕၏အေျပာကို စာေရးမပ်က္တံု႔ျပန္ေနရာမွ ေသြးသစ္ရပ္သြားကာ တစ္စံုတစ္ခုကို ေတြးလိုက္မိၿပီးမွ

"စာလုပ္မယ့္ေကာင္က ဘာေတြေမးေနတာလဲ။"

"မင္း အိပ္ငိုက္မွာစိုးလို႔ စကားေျပာေပးတာကို။"

"ေက်းဇူးပဲ၊ ဒါေပမဲ့ မလိုဘူး။"

သူ႔ကိုၾကည့္ကာ ခပ္ေခ်ေခ်ေျပာလာသည့္ သူငယ္ခ်င္းေလးေၾကာင့္ အလင္းဖြဲ႕သြားျဖဲျပလိုက္ရသည္။

"ေသြးသစ္၊ အခ်စ္ဆိုတာေလ ဘယ္လိုလူနဲ႔မွျဖစ္တည္ရမယ္လို႔ သတ္မွတ္ခ်က္မလိုဘူးမလား။"

"အင္း"

"ဘယ္သူ႔ကိုျဖစ္ျဖစ္ ခ်စ္သြားႏိုင္တာပဲေနာ္။"

"အလင္းဖြဲ႕၊ မင္း ဘာျဖစ္ေနတာလဲ။"

"ဟ၊ မင္းကေရာ ဘာလို႔ အခုမွ အတည္ေပါက္ႀကီး စာေတြထလုပ္ေနတာလဲ။"

အလင္းဖြဲ႕၏စကားေၾကာင့္ ေသြးသစ္ၾကားေယာင္လာသည့္အသံမွာ

"မင္းတို႔ စာေမးပြဲနီးၿပီဆို။ စာလုပ္ဦးေနာ္။ ျမင္လိုက္ရရင္ အေလလိုက္ေနတာခ်ည္းပဲ။"

ေသြးသစ္ေရွ႕တြင္ရွိသည္မွာ အလင္းဖြဲ႕ျဖစ္ပါေသာ္လည္း ျမင္ေယာင္မိသည္က အျခားေသာတစ္စံုတစ္ေယာက္ကိုသာ။

"အေလမလိုက္ခ်င္ေတာ့လို႔။"

အလင္းဖြဲ႕ခမ်ာ ၿဂိဳဟ္သားေတြ႕လိုက္ရသည့္ႏွယ္ ပါးစပ္အေဟာင္းသားႏွင့္။

ယေန႔တြင္ စိတ္ႏွင့္လူႏွင့္ကပ္ကာ တက္ႂကြေနသည္မွာ ျခံထဲမွခန္႔ထည္ႏွင့္ အခန္းထဲမွေသြးသစ္ဦးတို႔သာ ျဖစ္ေလ၏။

¤

Demon

>>>>>

အခန္းရွိလူငယ္ႏွစ္ေယာက္သည္ နားလည္၏နားမလည္၏မ်ားႏွင့္ စာ႐ြက္အပုံထဲေခါင္းစိုက္ကာေနရသည္။ အလင္းဖြဲ႕ကမူ မရွိမဲ့ရွိမဲ့စိတ္ကေလးအား အတင္းစုစည္း၍ စာလုပ္ေနရေသာ္လည္း သူအနည္းငယ္စိတ္မသက္သာ..။

အျပင္မွာ ဦးခန႔္နဲ႔ဟိုဘဲႀကီးကႏွစ္ေယာက္တည္း..။ အခုခ်ိန္ဘာေတြလုပ္ေနလဲ..။ ဦးခန႔္မူးေနေလာက္ၿပီလား။ အဲဒါကိုဟိုဘဲႀကီးက အႏိုင္က်င့္‌ေနၿပီလား။

ပရမ္းပတာေတြမေတြးခ်င္ေပမဲ့ ဒီဘဲႀကီးက မထင္ရင္မထင္သလို ပရမ္းပတာေတြလုပ္တတ္လြန္းေတာ့ စိတ္ထဲတကယ္ေနလို႔မထိေတာ့တာ။ ဥပမာ၊ လူကိုေတြ႕တိုင္း ဘဝခုနစ္ဆယ္ကရန္သူႀကီးလိုၾကည့္တတ္ၿပီး အစားအစာေတြျပင္ဆင္ေပးတာမ်ိဳးေလ။ ဒီလိုတစ္ခ်က္တစ္ခ်က္ထထေဖာက္ပုံနဲ႔ အခုမူးေနပုံနဲ႔ဆို မေတာ္လို႔မ်ား အရမ္းေတြလြတ္ကုန္ရင္ ဦးခန႔္ဘဝဟာမေတြးရဲစရာ..။ အျဖစ္မခံႏိုင္ပါဘူးေနာ္။ ဦးခန႔္ကိုငါၾကံေနတာေတာင္ အထမေျမာက္ေသးတာ ဒီလူ႕လက္ထဲေပးစရာလား..။

အေတြးေပါင္းေယာင္ေျခာက္ဆယ္နဲ႔ စာ႐ြက္ေပၚမွလက္ေတြဟာလည္း ဟိုျခစ္ဒီျခစ္..။ ေဘးက အားကိုးရတဲ့စာႀကိဳးစားသူဟာလည္း စာ႐ြက္ေတြကိုေခါင္းအုံးၿပီး ျပန္ထမလာေတာ့..။ သူလိုခ်င္တဲ့စာအတိုင္းအတာအထိရၿပီးတဲ့အခါ ဦးေႏွာက္က Limit ျပည့္သြားတာမို႔ အနားေပးလိုက္တာမ်ိဳး။ သူကျပည့္ေနေပမဲ့ ကိုယ့္မွာက Limit မျပည့္ေသးေတာ့ ထမရျပဳမရ၊ ဦးခန႔္ကိုလည္းစိတ္မခ်။ ေမ်ာက္ကေလး မီးခဲဖင္ခုထိုင္ထားသလို..။

အျပင္ကလူႀကီးႏွစ္ေယာက္ဟာဆိုရင္ျဖင့္ ဝိုင္းကေလးအရွိန္ရလာတဲ့အခါ ဝိုင္ေတြကုန္ၿပီးဝီစကီေတြအထိ အဆင့္ေတြျမင့္လာၿပီ။

“ဧက..မိုး.. ႐ြာ.. ေတာ့မယ္ ထင္တယ္”

“႐ြာ..႐ြာေပါ့”

“အထဲ.. ဝင္မယ္..”

ဝင္မယ္သာသူေျပာတာ သူ႔ၾကည့္ေတာ့ စားပြဲေပၚက ေခါင္းေတာင္မေထာင္ႏိုင္..။

“ႏိုး..”

ျငင္းဆန္ေနသူကလည္း ကုလားထိုင္ကိုေက်ာမွီထားရာကမထႏိုင္။ အေတာ္ကိုကြဲျပဲေနၾကတာ..။

“အသည္းေတြယားတယ္..”

“ကုတ္ကြာ..”

“လူကိုျမင္ရင္ ဘူၾကည့္ၾကည့္ၿပီး ႏႈတ္ခမ္းေတြဆူဆူလာတာ ဘာအထာလဲ”

“အေနာ္ရထာ.. ဟဲဟဲ..”

“ငါနဲ႔ေတြ႕ရင္က် မျပံဳးႏိုင္ေပမဲ့.. သူမ်ားေတြနဲ႔ေတြ႕ရင္ေတာ့ မိမိုက္ေနတာကတစ္မ်ိဳး ျပံဳးေပ်ာ္ေနတာတစ္မ်ိဳးနဲ႔.. သူ.. ဘာေကာင္လား”

“ဘယ္ေကာင္လဲ ငါ့သူငယ္ခ်င္းကို ေခ်မိုးေနတာ..”

မူးေနတာ.. ဒါဟာငမူးႏွစ္ေယာက္ ေထြၿပီးေျပာေနတဲ့စကားေတြ။ သူငယ္ခ်င္းျဖစ္သူရဲ႕ခံစားခ်က္ကို နားေထာင္ေနတဲ့တစ္ေယာက္က ေခါင္းမေထာင္‌ႏိုင္ေသးေပမဲ့ တစ္ေယာက္ကေတာ့ ေဒါသေတြပါလာရင္း ပုလင္းေတြပါကိုင္လာၿပီ။

“ငဂ်စ္.. ဟိုငဂ်စ္ေသးေသးေလး.. လူႀကီးကိုလူႀကီးမွန္းမသိတဲ့ဟာေလး.. အဲဒါေလးကိုအသည္းေတြယား‌ေနတာ..”

အားေတြပါလာတဲ့အခါ ဝီစကီပုလင္းႀကီးရိုက္ခြဲလိုက္တဲ့ ဦးဧကမာန္ဟာ ေတာ္ေတာ္ခရီးေရာက္ေနၿပီ။ ဒီလိုခရီးေရာက္မႈနဲ႔အသံႀကီးကိုၾကားလိုက္ရတဲ့ အလင္းဖြဲ႕ကလည္း မ်က္လုံးေလးေတြအဝိုင္းသားနဲ႔။

ေရေသာက္ဖို႔ထလာခဲ့တာ..။ ေရေသာက္ဖို႔ခရီးမေရာက္ခင္မွာ ၾကားလိုက္ရတဲ့အသံက ေခါင္းကိုမိုးႀကိဳးပစ္သလို..။ ဦးခန႔္ကို ဟိုလူဘာလုပ္လိုက္တာလဲ..။

ဖိနပ္ပင္စီးခ်ိန္မရ.. ဦးခန႔္ကိုသိပ္စိတ္ပူတတ္သည့္အလင္းဖြဲ႕သည္ သူ၏စိတ္ထဲတြင္ ဦးဧကမာန္အားႀကိတ္မည္တကဲကဲသာေတြးေနသည္။ ဖန္ကြဲစမ်ားကိုျမင္သည့္အခါ ေသြးမ်ားေျပာင္းျပန္စီးရသည္။ စားပြဲေပၚေခါင္းစိုက္ေနသည့္ဦးခန႔္ကိုျမင္သည့္အခါ ေဒါသတို႔သည္ငယ္ထိပ္တြင္..။

“ခင္ဗ်ားဖယ္.. ဦးခန႔္တစ္ခုခုျဖစ္ရင္ ခင္ဗ်ားကိုသတ္ၿပီပဲ”

တြန္းထုတ္လိုက္တဲ့အရွိန္ဟာမနည္း.. အေနာက္ကိုလဲက်သြားတဲ့ဦးဧကမာန္ဟာ ပုလင္းအစတခ်ိဳ႕အေပၚလက္ေထာက္မိလ်က္..။ မ်က္ႏွာတစ္ခ်က္ပ်က္သြားၿပီး သူ႔လက္ကိုျပန္ၾကည့္ေပမဲ့ ဦးဧကမာန္သည္ မူးေနသူမို႔ရီေဝေဝ..။

“ဦးခန႔္.. ဦးခန႔္ သတိထားပါဦး.. ဘယ္နား ထိသြားတာလဲ”

ျပဴးကာျပာကာနဲ႔ထိခိုက္မိတဲ့ေနရာရွာတဲ့အခါ တစိုးတစိမၽွမေတြ႕..။ ပုလင္းကြဲစမ်ားရွိရာကိုလွမ္းၾကည့္တဲ့အခါ ဦးခန႔္နဲ႔ေဝးေနတာကို သတိထားမိခဲ့ျပန္ေတာ့.. စိတ္ထဲ.. မွားၿပီလားလို႔ေတြးေနေပမဲ့ ဦးဧကမာန္ကိုမၾကည့္ရဲ။

အျပစ္ေၾကာင့္လား.. အားနာတာေၾကာင့္လား.. တကယ္ရဲရဲေတာင္မၾကည့္ခဲ့တာ။ ဦးခန႔္ကိုအတင္းဆြဲထူၿပီး အခန္းထဲကိုပို႔ဖို႔အျပင္မွာ ေသြးေတြရဲေနတဲ့ဦးဧကမာန္ရဲ႕လက္ကိုျမင္တဲ့အခါ ရင္ထဲမေကာင္း။ မိုး႐ြာေနၿပီမို႔ သယ္ထားတဲ့လူကိုအရင္ဆုံးပို႔ခဲ့ရတဲ့အခါ ဦးဧကမာန္သည္ မိုးဖြဲေလးမ်ားအၾကားတစ္ေယာက္တည္း။ ဦးခန႔္ကိုအခန္းထဲထား အလ်င္အျမန္ထြက္လာတဲ့အထိ ဦးဧကမာန္သည္ ေစာေစာကျမင္ခဲ့ရတဲ့ပုံစံအတိုင္းေလး ထိုင္ေနၿမဲ။

“အထဲဝင္ရေအာင္.. ကြၽန္ေတာ္တြဲေပးပါ့မယ္”

လက္ေတြလည္းမလွမ္း.. ဒဏ္ရာကိုၾကည့္ကာစိတ္ထိခိုက္ေနသလို..။ မေနႏိုင္တဲ့အဆုံး ကြၽန္ေတာ္ကပဲအတင္းဆြဲထူရေတာ့တာေပါ့။ ျငင္းဆန္ခဲ့တာမ်ိဳးမရွိသလို အသာတၾကည္လက္ခံတာမ်ိဳးလည္းမဟုတ္.. သူေအးစက္ေနတာ..။

ဧည့္ခန္းေလးထဲ ေနရာခ်ၿပီးသည့္အခါ ေကာင္းေကာင္းမထိုင္ႏိုင္ေသာဦးဧကမာန္သည္ ဆိုဖာေပၚမွာလွဲေနခဲ့သည္။ အလင္းဖြဲ႕သည္လည္း ဦးဧကမာန္ရဲ႕လက္ကိုေဆးထည့္ေပးရန္ ေဆးဘူးအခ်ိဳ႕ကိုျပင္ဆင္ေနခဲ့သည္။ ထို႔ေနာက္ ေဆးထည့္မည္အျပဳ ဦးဧကမာန္၏အၾကည့္စူးစူးသည္ အလင္းဖြဲ႕အေပၚသို႔ တိုက္ရိုက္က်ေရာက္ေနခဲ့သည္။

“စိတ္တိုေနတာလား.. ကြၽန္ေတာ္စိတ္ေလာသြားလို႔ပါ ေတာင္းပန္ပါတယ္”

ေတာင္းပန္စကားေတြဆိုေပမဲ့ ရဲရဲေတာင္မၾကည့္ရဲ။ တုံးလုံးလွဲေနတဲ့အေနအထားနဲ႔ ရင္ဘတ္ခပ္ဟဟေတြဟာ စူးစူးရွရွအၾကည့္ေတြနဲ႔ေပါင္းစပ္တဲ့အခါ လူတစ္ေယာက္ကိုအေငြ႕ျပန္ေစႏိုင္တဲ့အထိ ပူေလာင္ေနခဲ့တာ။

“ငါက.. ငါ့သူငယ္ခ်င္းကို အဲဒီေလာက္အထိလုပ္ရက္ႏိုင္တဲ့လူလို႔ ထင္ေနတာလား”

“မူးေနရင္းရန္ျဖစ္တယ္ပဲ ထင္ခဲ့လို႔ပါ”

ဒီအခ်ိန္မွာက်ဴးလြန္တဲ့မုသာဝါဒေတြဟာ တစ္ဖက္ကို‌စိတ္သက္သာေစမယ္ဆိုရင္ ငရဲက်ရလည္း ကြၽန္ေတာ္ဝန္ေလးေနမွာမဟုတ္ေလာက္ဘူးထင္တယ္..။

“မင္း ဘာလို႔ငါ့ကိုမုန္းေနတာလဲ အလင္းဖြဲ႕..”

မၾကည့္ရဲခဲ့ေပမဲ့လည္း လႈိက္ခါလာတဲ့အသံေၾကာင့္ ႐ုတ္တရက္ၾကည့္မိလိုက္တဲ့အခါ ေခ်ာက္နက္ထဲက်သြားသလို...။ မ်က္ဝန္းထဲမွာပဲရစ္သိုင္းၿပီး ျပင္ပသို႔စီးက်မလာတဲ့မ်က္ရည္ေတြဟာ မာနေၾကာင့္လား.. လူငယ္တစ္ေယာက္ရဲ႕အေရွ႕မွာ မ်က္ရည္က်ရဖို႔ ရွက္ေနတာလား.. ဒါမွမဟုတ္.. မ်က္စိအေရွ႕ကလူဟာ သူမ်က္ရည္က်ဖို႔မထိုက္တန္တဲ့လူလို႔ ေတြးေနတာလား..။

“မုန္းတယ္လို႔ မေျပာမိဖူးဘူးထင္တယ္..”

“မ်က္ဝန္းေတြေလ လိမ္လို႔မွမရပဲ..”

နားမလည္ျခင္းေပါင္းမ်ားစြာနဲ႔ ဒီေန႔ဟာ.. ဘာျဖစ္ေနတာလဲ.. ေသြးေလေခ်ာက္ခ်ားေနတာလားဟ..။ ဝမ္းနည္းျခင္းဆိုဝာာကလည္း ကူးစပ္တတ္တဲ့သဘာဝရွိဝာာလား..။

“စိတ္ထင္ေနလို႔ပါ.. အရမ္းမူးေနတာထင္တယ္.. နားသင့္ၿပီ..”

ထထြက္မယ္အလုပ္ လွမ္းယူလိုက္တဲ့သူ႔လက္တစ္စုံဟာ လ်င္လ်င္ျမန္ျမန္။ ႐ုတ္တရက္မို႔ ခႏၶာကိုယ္ကိုဟန္ခ်က္မထိန္းႏိုင္တဲ့အခါ အလင္းဖြဲ႕ခႏၶာကိုယ္ဟာ ဦးဧကမာန္ရဲ႕ခႏၶာကိုယ္အေပၚသို႔ထပ္လ်က္သား..။

ျပဴးတူးျပဲတဲနဲ႔မ်က္ဝန္းေလးေတြဟာ သူခါးနာသြားတာကိုစိတ္မဝင္စားဘဲ ဦးဧကမာန္လက္ကအနာကိုစိတ္ပူၿပီး လိုက္ၾကည့္ေနေသးတာ။

“လုပ္လိုက္ရင္အရမ္းအရမ္း.. အနာထိသြားရင္ ဘယ္လိုလုပ္မလဲ”

ဘာကိုမွမဆို မ်က္ဝန္းေတြထဲအထိ ေငးစိုက္ၾကည့္လာတဲ့သူဟာ ဘာေတြျဖစ္ေနတာတဲ့လဲ။

ႏႈတ္ခမ္းေတြကို ႐ုတ္တရက္ဆန္ဆန္ေမာ့နမ္းလာတဲ့သူဟာ သူအနာတရ ရသမၽွကို လက္စားေခ်လို႔ တန္ဖိုးအရွိဆုံးဆိုတာကို ရယူသြားတာလား။

သူ႔ရင္ဘတ္ေတြကိုတြန္းထုတ္ရင္း ထြက္ေျပးမိတဲ့ကြၽန္ေတာ္ဟာ သူ႔ကိုရင္ခုန္ေနတာမ်ိဳးလား.. တန္ဖိုးႀကီးအရာကိုလုယူသြားလို႔ ေဒါသထြက္ခဲ့တာမ်ိဳးလား..။ ဒီအခ်ိန္မွာ မူးေနသူဟာ သူလား ကြၽန္ေတာ္လား..။ အနမ္းေလးတစ္ခုနဲ႔တင္ ခ်ာခ်ာလည္ရင္းထြက္ေျပးလာခဲ့တဲ့ကြၽန္ေတာ္ သူ႔ကိုရန္မမူမိခဲ့..။ “ခင္ဗ်ား..” ဆိုတာပဲ ေျပာႏိုင္ခဲ့တဲ့ကြၽန္ေတာ္ဟာ ႐ူးေၾကာင္ေၾကာင္ရယ္ပါ..။

¤

HanMuYarThway

■■■■■

"Cheers!"

ခန့်ထည်မှ ခွက်ချင်းလာတိုက်၍သာ ဧကမာန်တုံ့ပြန်လိုက်ရသည်။ အဘယ်ကြောင့် Cheers လုပ်နေသည်ကိုမူ မသိပါ။ ကြောင်အအဖြစ်သွားသည့် ဧကမာန်ကိုကြည့်ပြီး ခန့်ထည်ကဆက်ပြောလာသည်မှာ

"မိန်းမရတော့မယ့် ငါ့သူငယ်ချင်းကြီးအတွက်လေ။"

"မင်းဘိုးအေပဲ မိန်းမရ။"

"ငါ့ဘိုးအေက နောက်ဘဝမှာ မိန်းမထပ်ရလောက်ရောပေါ့။ နေဦး၊ ငါ့အဘိုးက ငါ့ကိုမမွေးခင်နှစ်ဝက်အလိုမှာ ဆုံးသွားတာကွ။ အဲဒီတော့ ငါ့ထက်လေးလငယ်တဲ့မင်းက ငါ့ဘိုးအေဝင်စားတာလည်း ဖြစ်နိုင်တယ်။"

"ခန့်ထည်ရေ၊ ဝိုင်ကို ဆဲသံဆိုသံလေးနဲ့ မြည်းချင်တာလား။"

"ဟဲဟဲ၊ ပန်းပျိုးကြယ်က ဘာအပြစ်ပြောစရာရှိလို့လဲ။"

"ငါမှမချစ်တာ။"

ဧကမာန်၏မဆိုင်းမတွဖြေသံတွင် ခန့်ထည်၏အပြုံးအချို့သည် လက်ခနဲ။ ဤသည်ကို ဝိုင်ခွက်ထံသို့အကြည့်ပို့ထားသည့် ဧကမာန်က မမြင်လိုက်ပါ။

"အဲဒီတော့ မင်းချစ်ရတဲ့တခြားလူ ရှိတာကျလို့။"

"အင်း၊ ငါလည်းမသိဘူး။"

Cheese sandwich တစ်ကိုက်စာအပိုင်းလေးကို ခက်ရင်းငယ်နှင့်ထိုးယူကာ ဧကမာန်ဖြေလိုက်သည်။ ထို့နောက် sandwich ကိုသေချာကြည့်ကာ မစားဘဲပြန်ချလိုက်ပြီး

"ဒါကို sandwich လို့ပြောပေမဲ့ တကယ်တော့ cheese အရသာပဲရနေတာ ဒိန်ခဲကိုက်ရသလိုပဲလေ။ အမြင်နဲ့ပဲဆုံးဖြတ်လို့မရတာတွေ ရှိတာပဲ။"

"Cheesy ဖြစ်နေလို့ cheese sandwich ပါလို့ ပြောထားတာပဲ။ မသိသာဘူးလား။"

"Cheesy, but it's just a sandwich."

"ဟုတ်ပြီ၊ ဒါက သတ်မှတ်ချက်တစ်ခုပဲ။ မကြိုက်ရင် မစားနဲ့၊ ငြင်းလိုက်။"

"Seafood စားမလားလို့။"

"မင်းအတွက် steak ရှိတယ်လေ။ မတည့်တာကို ဘာလို့စားချင်တာလဲ။"

"အဲဒါကို လူလို့ခေါ်တယ်။"

'မင်းအတွက် seafood က ဘယ်သူလဲလို့ ငါမေးချင်လိုက်တာ ဧကရာ။'

ဧကမာန် steak ကိုဖြတ်ယူ၍ တစ်ကိုက်ဝါးလိုက်သည်ကို ခန့်ထည်ငေးနေမိသည်။ ထို့နောက် ဝိုင်တစ်ငုံမော့ကာ အရသာခံကြည့်နေသည့် ဧကမာန်က steak ထည့်ထားသည့်ပန်းကန်ကိုမေးငေါ့၍ မှတ်ချက်ပြုလာသည်။

"သူကလည်း ဝိုင်နဲ့တော့ လိုက်တာပါပဲ။"

"အဟား၊ လိုက်ဖက်လို့ပဲ ဒီစားပွဲပေါ် သူရောက်နေတာပေါ့။"

"မင်းကတော့ seafood နဲ့တည့်နေတာပဲနော်။"

"ဟောဗျာ၊ ဘာလို့ ဒါကိုရန်လုပ်နေတာလဲ။ အရင်လည်း ဒီလိုပဲစားနေတာပဲကို။ မင်းမမြင်ချင်ရင် ငါဖယ်ပေးမယ်၊ ဟုတ်ပြီလား။"

ခန့်ထည်က ပန်းကန်ကိုကိုင်၍ ထမည်ပြင်သည့်အခါ

"နေပါစေ၊ မင်းနဲ့တည့်လို့စားတာ ငါကဘာလို့ မနာလိုဖြစ်ရမှာလဲ။ ဒီအတိုင်း စကားအဖြစ်ပြောတာ။"

ထိုအခါမှ ခန့်ထည်ပြန်ထိုင်လိုက်ပြီး

"မင်း ဘာဖြစ်နေတာလဲ ဧက။"

"ဘာဖြစ်နေလို့လဲ။"

"မင်းပုံစံက မိန်းကလေးတွေ တစ်လတစ်ခါစိတ်အလိုမကျတဲ့အချိန် တွေ့သမျှပတ်ရမ်းနေသလိုပဲ။"

"လခွမ်း၊ နှိုင်းချက်ကြီးက ငါကပဲ အတောင်ပံလေးနဲ့ဟာ ပြေးဝယ်ရတော့မလို။ မင်းက အတွေ့အကြုံသိပ်များလို့ ပြောနေတာလား။"

"မသိရင် ငါကပဲ ရည်းစားမထားဖူးတာကျလို့။"

"အဲဒီကောင်မလေးနဲ့ ဘာလို့ပြတ်တာလဲ။"

"ဒီလိုပဲ သဘောထားမတိုက်ဆိုင်လို့။"

"အဲဒီလိုပဲ အမြဲဖြေတယ်။ ဘယ်လိုမျိုး အဆင်မပြေတာလဲ။ မင်းအကြိုက်နဲ့မကိုက်တာလား၊ တခြားပြဿနာတစ်ခုခု ရှိတာမျိုးလား။"

"မင်းက အိမ်ကပေးစားတဲ့မိန်းမကို မယူချင်လို့ ရည်းစားထားတော့မလို့လား။ အထူးအဆန်းတွေလာမေးနေတယ်။"

"ဒီလိုပဲ မေးကြည့်တာ။"

"ဘယ်လိုပဲလဲ။"

"အေးကွာ၊ မင်းပြောသလိုအချိန်မို့ စိတ်ကယောက်ကယက်ဖြစ်တာကွာ။ OK?"

"ဟား ဟား ဟား ... အချစ်လေးက စိတ်မကြည်လို့ လာရစ်နေတာလား။ အဲဒါဆို ဒီကိုကိုက အဲဒီ seafood ကို တစ်သက်လုံးလှည့်မကြည့်တော့ဘူး။ ကျေနပ်လား။"

ဧကမာန် ခန့်ထည်ကိုကြည့်လိုက်သော်လည်း သူမြင်ယောင်မိသည်မှာ ...

"ဦးခန့်"

အသံတစ်ခုနှင့်အတူ မျက်နှာချင်းဆိုင်တွင်ထိုင်နေသော ဧကမာန်၏အကြည့်သည် အခြားတစ်နေရာတွင်ရှိနေ၍ ခန့်ထည်တစ်ယောက် လည်ပြန်လှည့်ကြည့်လိုက်ရာ

"အလင်းဖွဲ့၊ သွေးသစ်က အိမ်မှာမရှိဘူး။ မင်းနဲ့အတူရှိမယ်ထင်တာ။"

"ဟုတ်၊ သူပြန်လာပြီတဲ့။ အိမ်မှာစောင့်ပါဆိုလို့။"

"ဪ၊ အေး။ အထဲမှာစောင့်နေလိုက်လေ။"

"ဟုတ်"

အလင်းဖွဲ့လှည့်ထွက်သွားရာသို့ ဧကမာန်လိုက်ကြည့်နေမိပြီးမှ ခန့်ထည်ပြန်လှည့်လာ၍ အာရုံပြောင်းလိုက်၏။ သို့သော် စိတ်ထဲတွင်တွေးသည်မှာ

'သွေးသစ်မရှိရင် ခန့်ထည်တစ်ယောက်တည်းဖြစ်နေမှာကို သူက အိမ်မှာလာစောင့်တယ်လား။ ပြီးတော့လည်း သောက်နေတာမြင်ရဲ့သားနဲ့ အနားရောက်လာသေးတာ။ အာ ... သူ့ဘာသာ ဘာလုပ်လုပ်ပေါ့ကွာ။ ငါက သူ့ကြောင့်နဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာလား။'

"ဧက၊ သူငယ်ချင်း၊ အဲဒီဝိုင်ခွက်က မင်းကိုပြောင်ပြနေလို့ ဂြိုဟ်ကြည့်ကြည့်နေတာလား။"

"မင်းအိမ်ကဟာတွေအကုန် ခပ်ပြောင်ပြောင်တွေချည်းပဲ။"

"ဘယ်တုန်းက လာချောင်းသွားတာလဲ။"

"မင်းတော့နော် ..."

"ဟား ဟား ... ချစ်လို့စတာပါ အချစ်လေးရယ်။"

¤

ခြံထဲရှိ pavilion လေးတွင် စားသောက်ရင်းရယ်မောနေကြသည့် သူငယ်ချင်းနှစ်ယောက်ကို ဧည်ခန်းလိုက်ကာအကွယ်မှနေ၍ လှမ်းကြည့်နေသည့် အလင်းဖွဲ့တစ်ယောက်မှာတော့

'ဦးခန့်က အဲဒီလို စိတ်လွတ်လက်လွတ်ရယ်နေတော့လည်း တော်တော်လေးငယ်သွားသလိုပဲ။ အဲဒီလိုအပျော်တွေက ကျွန်တော်ကြောင့်ဖြစ်လာတာဆိုရင် သိပ်ကြည်နူးဖို့ကောင်းမှာပဲ ဦးခန့်ရယ်။'

ငေးရင်း၊ တွေးရင်း၊ စိတ်ကူးရင်းမှ အလင်းဖွဲ့အကြည့်တို့သည် ဧကမာန်ထံသို့ ရောက်သွားသည့်အခါ

'သူက ဘာလို့ရှိနေတာလဲ။ တကယ်ဆို ဦးခန့်တစ်ယောက်တည်း အိမ်မှာရှိနေရမှာကို။ ခင်ဗျားကလေ နေရာတကာမှာ အကျိုးမပေးတဲ့လူပဲ၊ ဦးဧကမာန်။ ခုနကလည်း ဦးခန့်ကသာ အချစ်လေးတွေ၊ ကိုကိုတွေနဲ့ စနောက်နေလိုက်တာ သင်းကတော့ အချေရုပ်နဲ့။ အား ... တကယ်စိတ်အနှောင့်အယှက်ပေးတဲ့လူ။'

ထိုစဉ်

"ဦးခန့် ကျွန်တော်ပြန်ရောက်ပြီ။"

ခန့်ထည်တို့ရှိရာဘက်သို့ မကွေ့တော့ဘဲ အိမ်ပေါက်ဝသို့လာရာလမ်းပေါ်မှပင် လှမ်းအော်လိုက်ပြီး ဧကမာန်ကိုပါ လှမ်းပြုံးပြလိုက်သည့်သွေးသစ်။

"အေး၊ အထဲမှာ အလင်းဖွဲ့ရောက်နေတယ်။"

"ဟုတ်"

အလင်းဖွဲ့ ဧည့်ခန်းဆက်တီပေါ် ခပ်တည်တည်နှင့်ထိုင်နေလိုက်ပြီး ဖုန်းထုတ်ကြည့်နေလိုက်သည်။ အပြင်ဘက်သို့လှမ်းချောင်းနေသည်ကို သွေးသစ်မိသွားလျှင် အလင်းဖွဲ့၏သောတအာရုံတို့ အဓမ္မကျင့်ခံရဖွယ်ရှိ၏။

"အလင်း"

"မင်းက မြန်လိုက်တာ။"

'ငါ ချောင်းလို့မဝသေးဘူး။'

အလင်းဖွဲ့၏ စကားနှင့်အတွေးတို့က အဆက်အစပ်ရှိလှသည်။

"အမ်၊ အဲဒါမကောင်းဘူးလား။ မင်း အကြာကြီးစောင့်မနေရဘူးလေ။"

"အေးလေ၊ အဲဒါကြောင့်ပြောတာလေ။ ငါ့သူငယ်ချင်းလေးက အလိုက်သိတယ်လို့။"

"ဘာကိစ္စလဲ။"

"Assignment တွေ ကူးရမယ်လေ။"

စားပွဲပေါ်တွင်တင်ထားသော မိတ္တူစာရွက်အထပ်ကို လက်နှင့်ပုတ်၍ အလင်းဖွဲ့က အဖြေပေးပါသော်လည်း သွေးသစ်က မယုံသင်္ကာအကြည့်နှင့်။

"ဘယ်တုန်းက အဲဒီလောက်ကြိုးစားတတ်သွားတာလဲ။"

"မင်းက ဘာဖြစ်နေတာလဲ။ ငါ့ကိုတောင် ငြိုငြင်နေတဲ့အထာ။"

"ဟိုနေ့ညကတည်းက မင်းကို သိပ်ကြည်နေတာမဟုတ်ဘူးနော်။"

"ဟာ၊ အဲဒီဖုန်းခေါ်တဲ့ကိစ္စ ငါသေချာရှင်းပြပြီးတာ ဘယ်နှခေါက်ရှိနေပြီလဲ။"

"ထားတော့။ သွားမယ် ငါ့အခန်းထဲ။"

အလင်းဖွဲ့ခေါင်းညိတ်ပြပြီး သွေးသစ်နောက်မှမလိုက်မီ ခြံထဲသို့လှမ်းကြည့်လိုက်ပါသေးသည်။ တိုက်ဆိုင်စွာပင် ထိုအချိန်တွင်မှ ဧကမာန်က ခန့်ထည်ကို တစ်ရှူးဘူးနှင့်ကောက်ပေါက်လိုက်၍

'ဒီလူကွာ၊ ဘာဖြစ်နေတာလဲမသိ။'

ကြာကြာလည်းမကြည့်ရဲပါ။ ရှေ့မှသွားသည့် သွေးသစ်ဦးနောက်သို့လည်း အလျင်အမြန်လိုက်ရပါသေး၏။ အပေါ်ထပ်သို့ အလင်းဖွဲ့ရောက်သွားသည့်အခါ pavilion နှင့်တည့်နေသည့် ပြတင်းပေါက်အနီးတွင် သွေးသစ်ဦးရပ်နေသည်ကို တွေ့လိုက်ရ၍

"ဘာကြည့်နေတာလဲ။"

သွေးသစ်ပခုံးကိုလှမ်းဖက်ကာ အလင်းဖွဲ့ကပါ လိုက်ကြည့်ရန်ပြင်သော်လည်း

"ဘာမှမဟုတ်ဘူး။ လာတော့။"

သွေးသစ်ဦးဆွဲခေါ်ရာနောက်သို့သာ ကန့်လန့်ကြီးပါသွားပါတော့သည်။

စာလုပ်သည်ဟု ခေါင်းစဉ်တပ်ထားပါသော်လည်း အလင်းဖွဲ့၏အာရုံတို့မှာ စာထဲတွင်မရှိပေ။

"သွေးသစ်"

"အင်း"

"မင်း ရည်းစားမထားဘူးလား။"

"ဟင့်အင်း"

"ဘာလဲ ချစ်ရတဲ့သူ မတွေ့သေးလို့လား။"

"ချစ်ရတဲ့သူ ..."

အလင်းဖွဲ့၏အပြောကို စာရေးမပျက်တုံ့ပြန်နေရာမှ သွေးသစ်ရပ်သွားကာ တစ်စုံတစ်ခုကို တွေးလိုက်မိပြီးမှ

"စာလုပ်မယ့်ကောင်က ဘာတွေမေးနေတာလဲ။"

"မင်း အိပ်ငိုက်မှာစိုးလို့ စကားပြောပေးတာကို။"

"ကျေးဇူးပဲ၊ ဒါပေမဲ့ မလိုဘူး။"

သူ့ကိုကြည့်ကာ ခပ်ချေချေပြောလာသည့် သူငယ်ချင်းလေးကြောင့် အလင်းဖွဲ့သွားဖြဲပြလိုက်ရသည်။

"သွေးသစ်၊ အချစ်ဆိုတာလေ ဘယ်လိုလူနဲ့မှဖြစ်တည်ရမယ်လို့ သတ်မှတ်ချက်မလိုဘူးမလား။"

"အင်း"

"ဘယ်သူ့ကိုဖြစ်ဖြစ် ချစ်သွားနိုင်တာပဲနော်။"

"အလင်းဖွဲ့၊ မင်း ဘာဖြစ်နေတာလဲ။"

"ဟ၊ မင်းကရော ဘာလို့ အခုမှ အတည်ပေါက်ကြီး စာတွေထလုပ်နေတာလဲ။"

အလင်းဖွဲ့၏စကားကြောင့် သွေးသစ်ကြားယောင်လာသည့်အသံမှာ

"မင်းတို့ စာမေးပွဲနီးပြီဆို။ စာလုပ်ဦးနော်။ မြင်လိုက်ရရင် အလေလိုက်နေတာချည်းပဲ။"

သွေးသစ်ရှေ့တွင်ရှိသည်မှာ အလင်းဖွဲ့ဖြစ်ပါသော်လည်း မြင်ယောင်မိသည်က အခြားသောတစ်စုံတစ်ယောက်ကိုသာ။

"အလေမလိုက်ချင်တော့လို့။"

အလင်းဖွဲ့ခမျာ ဂြိုဟ်သားတွေ့လိုက်ရသည့်နှယ် ပါးစပ်အဟောင်းသားနှင့်။

ယနေ့တွင် စိတ်နှင့်လူနှင့်ကပ်ကာ တက်ကြွနေသည်မှာ ခြံထဲမှခန့်ထည်နှင့် အခန်းထဲမှသွေးသစ်ဦးတို့သာ ဖြစ်လေ၏။

¤

Demon

>>>>>

အခန်းရှိလူငယ်နှစ်ယောက်သည် နားလည်၏နားမလည်၏များနှင့် စာရွက်အပုံထဲခေါင်းစိုက်ကာနေရသည်။ အလင်းဖွဲ့ကမူ မရှိမဲ့ရှိမဲ့စိတ်ကလေးအား အတင်းစုစည်း၍ စာလုပ်နေရသော်လည်း သူအနည်းငယ်စိတ်မသက်သာ..။

အပြင်မှာ ဦးခန့်နဲ့ဟိုဘဲကြီးကနှစ်ယောက်တည်း..။ အခုချိန်ဘာတွေလုပ်နေလဲ..။ ဦးခန့်မူးနေလောက်ပြီလား။ အဲဒါကိုဟိုဘဲကြီးက အနိုင်ကျင့်‌နေပြီလား။

ပရမ်းပတာတွေမတွေးချင်ပေမဲ့ ဒီဘဲကြီးက မထင်ရင်မထင်သလို ပရမ်းပတာတွေလုပ်တတ်လွန်းတော့ စိတ်ထဲတကယ်နေလို့မထိတော့တာ။ ဥပမာ၊ လူကိုတွေ့တိုင်း ဘဝခုနစ်ဆယ်ကရန်သူကြီးလိုကြည့်တတ်ပြီး အစားအစာတွေပြင်ဆင်ပေးတာမျိုးလေ။ ဒီလိုတစ်ချက်တစ်ချက်ထထဖောက်ပုံနဲ့ အခုမူးနေပုံနဲ့ဆို မတော်လို့များ အရမ်းတွေလွတ်ကုန်ရင် ဦးခန့်ဘဝဟာမတွေးရဲစရာ..။ အဖြစ်မခံနိုင်ပါဘူးနော်။ ဦးခန့်ကိုငါကြံနေတာတောင် အထမမြောက်သေးတာ ဒီလူ့လက်ထဲပေးစရာလား..။

အတွေးပေါင်းယောင်ခြောက်ဆယ်နဲ့ စာရွက်ပေါ်မှလက်တွေဟာလည်း ဟိုခြစ်ဒီခြစ်..။ ဘေးက အားကိုးရတဲ့စာကြိုးစားသူဟာလည်း စာရွက်တွေကိုခေါင်းအုံးပြီး ပြန်ထမလာတော့..။ သူလိုချင်တဲ့စာအတိုင်းအတာအထိရပြီးတဲ့အခါ ဦးနှောက်က Limit ပြည့်သွားတာမို့ အနားပေးလိုက်တာမျိုး။ သူကပြည့်နေပေမဲ့ ကိုယ့်မှာက Limit မပြည့်သေးတော့ ထမရပြုမရ၊ ဦးခန့်ကိုလည်းစိတ်မချ။ မျောက်ကလေး မီးခဲဖင်ခုထိုင်ထားသလို..။

အပြင်ကလူကြီးနှစ်ယောက်ဟာဆိုရင်ဖြင့် ဝိုင်းကလေးအရှိန်ရလာတဲ့အခါ ဝိုင်တွေကုန်ပြီးဝီစကီတွေအထိ အဆင့်တွေမြင့်လာပြီ။

“ဧက..မိုး.. ရွာ.. တော့မယ် ထင်တယ်”

“ရွာ..ရွာပေါ့”

“အထဲ.. ဝင်မယ်..”

ဝင်မယ်သာသူပြောတာ သူ့ကြည့်တော့ စားပွဲပေါ်က ခေါင်းတောင်မထောင်နိုင်..။

“နိုး..”

ငြင်းဆန်နေသူကလည်း ကုလားထိုင်ကိုကျောမှီထားရာကမထနိုင်။ အတော်ကိုကွဲပြဲနေကြတာ..။

“အသည်းတွေယားတယ်..”

“ကုတ်ကွာ..”

“လူကိုမြင်ရင် ဘူကြည့်ကြည့်ပြီး နှုတ်ခမ်းတွေဆူဆူလာတာ ဘာအထာလဲ”

“အနော်ရထာ.. ဟဲဟဲ..”

“ငါနဲ့တွေ့ရင်ကျ မပြုံးနိုင်ပေမဲ့.. သူများတွေနဲ့တွေ့ရင်တော့ မိမိုက်နေတာကတစ်မျိုး ပြုံးပျော်နေတာတစ်မျိုးနဲ့.. သူ.. ဘာကောင်လား”

“ဘယ်ကောင်လဲ ငါ့သူငယ်ချင်းကို ချေမိုးနေတာ..”

မူးနေတာ.. ဒါဟာငမူးနှစ်ယောက် ထွေပြီးပြောနေတဲ့စကားတွေ။ သူငယ်ချင်းဖြစ်သူရဲ့ခံစားချက်ကို နားထောင်နေတဲ့တစ်ယောက်က ခေါင်းမထောင်‌နိုင်သေးပေမဲ့ တစ်ယောက်ကတော့ ဒေါသတွေပါလာရင်း ပုလင်းတွေပါကိုင်လာပြီ။

“ငဂျစ်.. ဟိုငဂျစ်သေးသေးလေး.. လူကြီးကိုလူကြီးမှန်းမသိတဲ့ဟာလေး.. အဲဒါလေးကိုအသည်းတွေယား‌နေတာ..”

အားတွေပါလာတဲ့အခါ ဝီစကီပုလင်းကြီးရိုက်ခွဲလိုက်တဲ့ ဦးဧကမာန်ဟာ တော်တော်ခရီးရောက်နေပြီ။ ဒီလိုခရီးရောက်မှုနဲ့အသံကြီးကိုကြားလိုက်ရတဲ့ အလင်းဖွဲ့ကလည်း မျက်လုံးလေးတွေအဝိုင်းသားနဲ့။

ရေသောက်ဖို့ထလာခဲ့တာ..။ ရေသောက်ဖို့ခရီးမရောက်ခင်မှာ ကြားလိုက်ရတဲ့အသံက ခေါင်းကိုမိုးကြိုးပစ်သလို..။ ဦးခန့်ကို ဟိုလူဘာလုပ်လိုက်တာလဲ..။

ဖိနပ်ပင်စီးချိန်မရ.. ဦးခန့်ကိုသိပ်စိတ်ပူတတ်သည့်အလင်းဖွဲ့သည် သူ၏စိတ်ထဲတွင် ဦးဧကမာန်အားကြိတ်မည်တကဲကဲသာတွေးနေသည်။ ဖန်ကွဲစများကိုမြင်သည့်အခါ သွေးများပြောင်းပြန်စီးရသည်။ စားပွဲပေါ်ခေါင်းစိုက်နေသည့်ဦးခန့်ကိုမြင်သည့်အခါ ဒေါသတို့သည်ငယ်ထိပ်တွင်..။

“ခင်ဗျားဖယ်.. ဦးခန့်တစ်ခုခုဖြစ်ရင် ခင်ဗျားကိုသတ်ပြီပဲ”

တွန်းထုတ်လိုက်တဲ့အရှိန်ဟာမနည်း.. အနောက်ကိုလဲကျသွားတဲ့ဦးဧကမာန်ဟာ ပုလင်းအစတချို့အပေါ်လက်ထောက်မိလျက်..။ မျက်နှာတစ်ချက်ပျက်သွားပြီး သူ့လက်ကိုပြန်ကြည့်ပေမဲ့ ဦးဧကမာန်သည် မူးနေသူမို့ရီဝေဝေ..။

“ဦးခန့်.. ဦးခန့် သတိထားပါဦး.. ဘယ်နား ထိသွားတာလဲ”

ပြူးကာပြာကာနဲ့ထိခိုက်မိတဲ့နေရာရှာတဲ့အခါ တစိုးတစိမျှမတွေ့..။ ပုလင်းကွဲစများရှိရာကိုလှမ်းကြည့်တဲ့အခါ ဦးခန့်နဲ့ဝေးနေတာကို သတိထားမိခဲ့ပြန်တော့.. စိတ်ထဲ.. မှားပြီလားလို့တွေးနေပေမဲ့ ဦးဧကမာန်ကိုမကြည့်ရဲ။

အပြစ်ကြောင့်လား.. အားနာတာကြောင့်လား.. တကယ်ရဲရဲတောင်မကြည့်ခဲ့တာ။ ဦးခန့်ကိုအတင်းဆွဲထူပြီး အခန်းထဲကိုပို့ဖို့အပြင်မှာ သွေးတွေရဲနေတဲ့ဦးဧကမာန်ရဲ့လက်ကိုမြင်တဲ့အခါ ရင်ထဲမကောင်း။ မိုးရွာနေပြီမို့ သယ်ထားတဲ့လူကိုအရင်ဆုံးပို့ခဲ့ရတဲ့အခါ ဦးဧကမာန်သည် မိုးဖွဲလေးများအကြားတစ်ယောက်တည်း။ ဦးခန့်ကိုအခန်းထဲထား အလျင်အမြန်ထွက်လာတဲ့အထိ ဦးဧကမာန်သည် စောစောကမြင်ခဲ့ရတဲ့ပုံစံအတိုင်းလေး ထိုင်နေမြဲ။

“အထဲဝင်ရအောင်.. ကျွန်တော်တွဲပေးပါ့မယ်”

လက်တွေလည်းမလှမ်း.. ဒဏ်ရာကိုကြည့်ကာစိတ်ထိခိုက်နေသလို..။ မနေနိုင်တဲ့အဆုံး ကျွန်တော်ကပဲအတင်းဆွဲထူရတော့တာပေါ့။ ငြင်းဆန်ခဲ့တာမျိုးမရှိသလို အသာတကြည်လက်ခံတာမျိုးလည်းမဟုတ်.. သူအေးစက်နေတာ..။

ဧည့်ခန်းလေးထဲ နေရာချပြီးသည့်အခါ ကောင်းကောင်းမထိုင်နိုင်သောဦးဧကမာန်သည် ဆိုဖာပေါ်မှာလှဲနေခဲ့သည်။ အလင်းဖွဲ့သည်လည်း ဦးဧကမာန်ရဲ့လက်ကိုဆေးထည့်ပေးရန် ဆေးဘူးအချို့ကိုပြင်ဆင်နေခဲ့သည်။ ထို့နောက် ဆေးထည့်မည်အပြု ဦးဧကမာန်၏အကြည့်စူးစူးသည် အလင်းဖွဲ့အပေါ်သို့ တိုက်ရိုက်ကျရောက်နေခဲ့သည်။

“စိတ်တိုနေတာလား.. ကျွန်တော်စိတ်လောသွားလို့ပါ တောင်းပန်ပါတယ်”

တောင်းပန်စကားတွေဆိုပေမဲ့ ရဲရဲတောင်မကြည့်ရဲ။ တုံးလုံးလှဲနေတဲ့အနေအထားနဲ့ ရင်ဘတ်ခပ်ဟဟတွေဟာ စူးစူးရှရှအကြည့်တွေနဲ့ပေါင်းစပ်တဲ့အခါ လူတစ်ယောက်ကိုအငွေ့ပြန်စေနိုင်တဲ့အထိ ပူလောင်နေခဲ့တာ။

“ငါက.. ငါ့သူငယ်ချင်းကို အဲဒီလောက်အထိလုပ်ရက်နိုင်တဲ့လူလို့ ထင်နေတာလား”

“မူးနေရင်းရန်ဖြစ်တယ်ပဲ ထင်ခဲ့လို့ပါ”

ဒီအချိန်မှာကျူးလွန်တဲ့မုသာဝါဒတွေဟာ တစ်ဖက်ကို‌စိတ်သက်သာစေမယ်ဆိုရင် ငရဲကျရလည်း ကျွန်တော်ဝန်လေးနေမှာမဟုတ်လောက်ဘူးထင်တယ်..။

“မင်း ဘာလို့ငါ့ကိုမုန်းနေတာလဲ အလင်းဖွဲ့..”

မကြည့်ရဲခဲ့ပေမဲ့လည်း လှိုက်ခါလာတဲ့အသံကြောင့် ရုတ်တရက်ကြည့်မိလိုက်တဲ့အခါ ချောက်နက်ထဲကျသွားသလို...။ မျက်ဝန်းထဲမှာပဲရစ်သိုင်းပြီး ပြင်ပသို့စီးကျမလာတဲ့မျက်ရည်တွေဟာ မာနကြောင့်လား.. လူငယ်တစ်ယောက်ရဲ့အရှေ့မှာ မျက်ရည်ကျရဖို့ ရှက်နေတာလား.. ဒါမှမဟုတ်.. မျက်စိအရှေ့ကလူဟာ သူမျက်ရည်ကျဖို့မထိုက်တန်တဲ့လူလို့ တွေးနေတာလား..။

“မုန်းတယ်လို့ မပြောမိဖူးဘူးထင်တယ်..”

“မျက်ဝန်းတွေလေ လိမ်လို့မှမရပဲ..”

နားမလည်ခြင်းပေါင်းများစွာနဲ့ ဒီနေ့ဟာ.. ဘာဖြစ်နေတာလဲ.. သွေးလေချောက်ချားနေတာလားဟ..။ ဝမ်းနည်းခြင်းဆိုဝာာကလည်း ကူးစပ်တတ်တဲ့သဘာဝရှိဝာာလား..။

“စိတ်ထင်နေလို့ပါ.. အရမ်းမူးနေတာထင်တယ်.. နားသင့်ပြီ..”

ထထွက်မယ်အလုပ် လှမ်းယူလိုက်တဲ့သူ့လက်တစ်စုံဟာ လျင်လျင်မြန်မြန်။ ရုတ်တရက်မို့ ခန္ဓာကိုယ်ကိုဟန်ချက်မထိန်းနိုင်တဲ့အခါ အလင်းဖွဲ့ခန္ဓာကိုယ်ဟာ ဦးဧကမာန်ရဲ့ခန္ဓာကိုယ်အပေါ်သို့ထပ်လျက်သား..။

ပြူးတူးပြဲတဲနဲ့မျက်ဝန်းလေးတွေဟာ သူခါးနာသွားတာကိုစိတ်မဝင်စားဘဲ ဦးဧကမာန်လက်ကအနာကိုစိတ်ပူပြီး လိုက်ကြည့်နေသေးတာ။

“လုပ်လိုက်ရင်အရမ်းအရမ်း.. အနာထိသွားရင် ဘယ်လိုလုပ်မလဲ”

ဘာကိုမှမဆို မျက်ဝန်းတွေထဲအထိ ငေးစိုက်ကြည့်လာတဲ့သူဟာ ဘာတွေဖြစ်နေတာတဲ့လဲ။

နှုတ်ခမ်းတွေကို ရုတ်တရက်ဆန်ဆန်မော့နမ်းလာတဲ့သူဟာ သူအနာတရ ရသမျှကို လက်စားချေလို့ တန်ဖိုးအရှိဆုံးဆိုတာကို ရယူသွားတာလား။

သူ့ရင်ဘတ်တွေကိုတွန်းထုတ်ရင်း ထွက်ပြေးမိတဲ့ကျွန်တော်ဟာ သူ့ကိုရင်ခုန်နေတာမျိုးလား.. တန်ဖိုးကြီးအရာကိုလုယူသွားလို့ ဒေါသထွက်ခဲ့တာမျိုးလား..။ ဒီအချိန်မှာ မူးနေသူဟာ သူလား ကျွန်တော်လား..။ အနမ်းလေးတစ်ခုနဲ့တင် ချာချာလည်ရင်းထွက်ပြေးလာခဲ့တဲ့ကျွန်တော် သူ့ကိုရန်မမူမိခဲ့..။ “ခင်ဗျား..” ဆိုတာပဲ ပြောနိုင်ခဲ့တဲ့ကျွန်တော်ဟာ ရူးကြောင်ကြောင်ရယ်ပါ..။

¤

HanMuYarThway

■■■■■
© Demon ,
книга «Love Cards».
Коментарі