Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (2)
အလုပ္ကိစၥေတြမျပတ္၍ သူငယ္ခ်င္း၏အိမ္အထိ လိုက္ရွင္းေပးရမည္။ လိုက္သာလိုက္လာရသည္၊ ခန္႔ထည္ဆိုသည့္ သူငယ္ခ်င္းႀကီး၏ တူအရင္းမဟုတ္သည့္တူေလးကို အျမင္ၾကည္သည္မဟုတ္။ လူငယ္တစ္ေယာက္ျဖစ္၍ အေပ်ာ္အပါးမက္သည္ကို လက္ခံႏိုင္ေသာ္လည္း ေလာင္းကစားကိုစြဲလမ္းေနသည္ဟု ျမင္မိသည္။ ကိုယ့္သူငယ္ခ်င္းကိုယ္တိုင္ကပင္ တူျဖစ္သူကိုထိန္းေက်ာင္းသည္က ေလ်ာ့ရဲလြန္းသည္လား၊ ကိုယ္တိုင္ကပင္ ငယ္စဥ္ကတည္းက စည္းကမ္းေတြႏွင့္ အသားက်ခဲ့၍လား မေတြးတတ္ပါ။

ယခုလည္း ဝိုင္းေကာင္းေနၾကသည္မွာ ေယာက္်ားေလး၊ မိန္းကေလး၊ လူစံုတက္စံုႏွင့္။ အားလံုးၾကားတြင္ ေငြစကၠဴအထပ္ေတြကိုၾကည့္လိုက္၊ က်န္လူေတြကိုၾကည့္လိုက္ႏွင့္ ျပံဳးေပ်ာ္ေနသည့္ေကာင္ေလးတစ္ေယာက္။ မိန္းကေလးမ်ားကလည္း ထိုေကာင္ေလးထံတြင္သာ ဈာန္ဝင္ေနၾကသေယာင္။ ဂ်င္းအျပဲႏွင့္ Hoodie အနက္ၾကား အသားအေရာင္ကဝင္းေနၿပီး ေလာဘအျပည့္ႏွင့္အၾကည့္တို႔က လင္းလက္ေနသည့္ ထိုေကာင္ေလးက အရြယ္ႏွင့္မလိုက္ေအာင္ ေလာင္းကစားႏွင့္အကၽြမ္းတဝင္ရွိလွသည္။

"ေနာက္ၿပီးေတာ့... ဟိုကေလး၊ အလင္းဖြဲ႕"

"ဗ်ာ"

"မင္းလည္း မျပန္နဲ႔ဦး"

"ဟုတ္ကဲ့ ဦးခန႔္"

အလင္းဖြဲ႕။ နာမည္ႏွင့္လူပံုစံသည္ လိုက္ဖက္ပါလ်က္ အက်င့္ဆိုးေလးရေနသည့္ ထိုေကာင္ေလးကို ဧကမာန္ အလိုမက်သည္မွာ အျခားအေၾကာင္းျပခ်က္မရွိပါ။
ခန္႔ထည္၏စကားအဆံုးတြင္ က်န္ေနခဲ့သည္မွာ ေသြးသစ္ဦးႏွင့္ အလင္းဖြဲ႕တို႔ ႏွစ္ဦးတည္းသာ။
ခန္႔ထည္ကိုျပန္ေျဖေနသည့္ အလင္းဖြဲ႕၏ အလိုမက်ဟန္အၾကည့္တို႔က ဧကမာန္ဆီသို႔ဦးတည္ေနသည္ကို ကာယကံရွင္ကိုယ္တိုင္လည္း သိသည္။
အံု႔မႈိင္းမႈိင္းရာသီဥတုႏွင့္အနီးတစ္ဝိုက္မွ ဧကမာန္ႏွင့္အလင္းဖြဲ႕တို႔ မည္သူကစ၍ အၾကည့္ႏွင့္စစ္ထိုးမိသည္ကို ႏွစ္ဦးလံုးသိေနေသာ္လည္း မည္သူကမွ ေနာက္မဆုတ္မိၾကပါ။

'ဘယ္လိုေကာင္ေလးလဲ။ ေလာင္းကစားကမေကာင္းလို႔ မေကာင္းဘူးေျပာတာကို လူဆိုးေလးက ကတ္ကတ္လန္ရန္ေတြ႕ခ်င္ေသးတာပဲ။ ကိုယ္ကလည္း တစ္စက္ကေလးမွ မေလၽွာ့ႏိုင္ဘူး။ ေက်ာင္းမၿပီးခင္ Master of Gambling ဆိုၿပီး အရင္ဘြဲ႕ရမယ့္အမ်ိဳး။ ရွိတဲ့မာနကို ေကာင္းတဲ့ေနရာမွာ အသံုးခ်ပါေတာ့လား ေကာင္ေလးရာ'

¤

"ဟုတ္ၿပီ၊ ဒါဆို သူလုခ်င္ေနတဲ့ေျမကြက္ကို ငါအသာေလး လႊတ္ေပးလိုက္မယ္"

"အင္း၊ မင္းဘက္က ႐ုတ္တရက္ရပ္သြားရင္ သူတို႔ဘက္ကလည္း ေလၽွာ့သြားမယ္ထင္တယ္။ သူ႔အတြက္က တကယ္လိုတာမွမဟုတ္တာ၊ သက္သက္မဲ့ လိုက္ၿငိေနတာ"

"အင္း၊ ငါက တကယ္ပါသြားမွာေၾကာက္လို႔"

"မပါဘူးကြာ။ ငါေသခ်ာစံုစမ္းၿပီးၿပီ၊ သူ မလိုဘူး။ သက္သက္ေႏွာင့္ယွက္တာ"

"ေအးပါကြာ၊ အဲဒီလို သတင္းအတိအက်သိရေတာ့ စိတ္ေအးရတာေပါ့။ မင္းကေတာ့ တကယ္ကို ဧကပါပဲ။ တစ္ဦးတည္းေသာပဲ"

"ရၿပီ၊ မေျမႇာက္နဲ႔။ ပံုမွန္ဆက္ဆံ"

"ဟား ဟား၊ တကယ္ေက်းဇူးတင္လို႔ပါ။ အဲဒီေျမကြက္ ငါ့လက္ထဲေရာက္ရင္ မင္းစိတ္ႀကိဳက္တစ္ဝိုင္းဝိုင္းမယ္"

"ေသခ်ာေနၿပီပဲကို၊ ငါ ေနရာေရြးထားလိုက္ေတာ့မယ္"

ခန္႔ထည္က လက္မႏွင့္လက္ညႇိဳးထိကပ္ကာ ဝိုင္းျပေလေတာ့ ဧကမာန္ လက္မေထာင္ျပလိုက္သည္။

"ဟိုငဂ်စ္ေကာင္ေလး၊ အလင္းဖြဲ႕။ သူက ေသြးသစ္နဲ႔ေတာ္ေတာ္တြဲျဖစ္တာလား"

"အင္း၊ အတြဲညီၾကတယ္။ ဘာျဖစ္လို႔လဲ"

"ေမးၾကည့္တာေလ၊ အရင္ကမေတြ႕ဖူးလို႔"

"အင္း၊ မင္းနဲ႔မတိုက္ဆိုင္တာ"

"သူ႔မွာ အေမနဲ႔အစ္မပဲ ရွိတာလား"

"သူ႔အေဖ လုပ္ငန္းခြင္မွာမေတာ္တဆျဖစ္ၿပီး ေဆး႐ံုေရာက္ေတာ့ လုပ္ငန္းေတြပါ ကေမာက္ကမျဖစ္ကုန္တယ္။ သူ႔အေမကလည္း အိမ္ရွင္မပီသသူဆိုေတာ့ အိမ္တြင္းေရးသာစီမံႏိုင္တာ၊ လုပ္ငန္းကိစၥကို ေသခ်ာနားမလည္ဘူး။ လုပ္ငန္းေတြပိတ္ပစ္လိုက္ရၿပီး သူ႔အေဖလည္း နလန္မထူဘဲဆံုးသြားတယ္"

"ဪ၊ အဲဒါကို လိမ္လိမ္မာမာမေနဘူး"

"အရမ္းႀကီးဆိုးသြမ္းေနတာ မဟုတ္ေပမဲ့ သူေဌးသားဗီဇေလးကေတာ့ မေပ်ာက္ေသးဘူးေပါ့ကြာ"

"ဟုတ္မွမဟုတ္ေတာ့တဲ့ဘဝကို ဖက္တြယ္ထားလို႔မွမရတာ"

"ငယ္ေသးတယ္ေလ။ ေလာကဓံကို ေသခ်ာရင္မဆိုင္တတ္ေသးဘူးေပါ့။ ေနပါဦး၊ မင္းကဘာလို႔ စိတ္ဝင္တစားေမးေနရတာလဲ"

"မင္းတူနားမွာရွိေနတာဆိုေတာ့ တစ္ခုခုဆို မင္း ငါ့ကိုနားလာပူမွာပဲေလ။ မင္းတူကလည္း တံငါနားနီးေတာ့ တံငါပဲေပါ့။ ေရနစ္ပါၿပီ၊ ကယ္ပါဦးဆိုရင္ သူငယ္ခ်င္းေကာင္းျဖစ္တဲ့ငါက ကူရၿပီေလ။ ဆိုေတာ့၊ ေရလမ္းေၾကာင္းေတြ ႀကိဳေလ့လာထားတာ ငါ့အလြန္လား။ စီးခ်င္ရာစီးမယ့္ ေခ်ာင္းေပါက္ေလး"

"စကားတတ္တိုင္း မူးေအာင္မေျပာနဲ႔။ မင္းရဲ႕မၾကည္ၾကည့္ေတြလည္း ေလၽွာ့ဦး။ ဟိုကေလးက မင္းကို ဘုၾကည့္ေတြခ်ည္းေကၽြးေနၿပီ"

ဧကမာန္ ရယ္သာရယ္ေနလိုက္ပါသည္။
ဂ်စ္ကန္ကန္အမူအရာႏွင့္ ေဒါသရိပ္သန္းသည့္ မ်က္ဝန္းညိဳညိဳတို႔ကို ျပန္ျမင္ေယာင္မိသည္ေၾကာင့္။

¤

အလင္းဖြဲ႕။
အလင္းေရာင္မ်ားစုဖြဲ႕ထားသကဲ့သို႔ ေရာက္ရာအရပ္တြင္ ထင္းေနသည့္အသြင္အျပင္ႏွင့္ တစ္ဇြတ္ထိုးအမူအရာမ်ားေၾကာင့္ အလင္းဖြဲ႕ဆိုလၽွင္ လူသိမ်ားေနျခင္း။

ဖဲခ်ပ္ေတြကိုခံုမင္တတ္ၿပီး ကတ္ေတြႏွင့္ပတ္သက္လၽွင္ ကၽြမ္းက်င္လြန္းသူဟု အခ်ိဳ႕လူေတြၾကား ေရပန္းစားေသးသည္။ သြယ္လ်လ်လက္ေလးေတြႏွင့္ ရစ္ပတ္ေဆာ့ကစားကာ ရံဖန္ရံခါ ႏႈတ္ခမ္းပါးႏွင့္ထိေတြ႕ခံရတတ္ေသာ ထိုဖဲခ်ပ္ေလးမ်ားကို မနာလိုၾကသည့္ ဣတၳိယမ်ားလည္း မနည္းလွ။ ေလာင္းကစားတစ္မ်ိဳးတည္းမဟုတ္ဘဲ အခ်စ္ႏွင့္ႏွလံုးသားမ်ားကိုလည္း သူက ေဆာ့ကစားတတ္ေသးသည္။ သို႔ေသာ္ သူ၏လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္အတြက္သာ။

"ေမာင္၊ ဒီပြဲၿပီးရင္ ေတာ္လိုက္ေတာ့ေလ"

"အင္းပါ မရဲ႕။ ေမာင္က ႏိုင္ေနတုန္းယူထားခ်င္လို႔။ မရဲ႕ေငြေတြကို အဆတိုးၿပီး ျပန္ေပးမွာေပါ့"

"အို၊ မလိုပါဘူး။ တို႔ေငြကနည္းနည္းေလး၊ ေမာင့္ဘာသာပြားပစ္တာ။ အႏိုင္နဲ႔ပိုင္းခဲ့ေတာ့ ေမာင္"

"ဟုတ္ကဲ့ပါ ခင္ဗ်"

ေနာက္ထပ္ႏွစ္ပြဲခန္႔မွာ အနည္းငယ္ေငြျပန္ေပးလိုက္ရၿပီးေနာက္ အလင္းဖြဲ႕ထြက္လာခဲ့ေတာ့သည္။

"ေရာ့၊ မအတြက္"

"မလိုပါဘူး။ မ ထုတ္ေပးလိုက္တာလည္း မျဖစ္စေလာက္ေလးပါ"

"ဒါဆို တစ္ခုခုသြားစားရေအာင္ေလ"

"အဲဒါေကာင္းတယ္"

"Let's go."

ဆိုင္၏ကားပါကင္တြင္ ကားရပ္ကာ ဆင္းလာၾကရံုရွိေသးသည္။

"ဖြဲ႕၊ အဲဒါ ဘယ္လဲ"

"ဪ၊ နဒီ။ ဗိုက္သြားျဖည့္မလို႔၊ လိုက္ဦးမလား"

"နင္၊ အဲဒါ ဘယ္လိုအခ်ိဳးခ်ိဳးတာလဲ"

"မင္း ေျပာစရာမဟုတ္ဘူးထင္တယ္"

"ဘာလို႔မေျပာရမွာလဲ"

"ေျပာခ်င္ရင္ သီရိေႏြကို သြားေျပာပါလား"

"နင္ ... နင္ ... "

"နင္သြားလား"

"နင္ ငါ့ေရွ႕ေရာက္မလာေစနဲ႔"

"ဟုတ္ကဲ့ ခင္ဗ်။ ႂကြပါ"

"အဲဒါ ဘယ္သူလဲ ေမာင္"

"သူ႔သူငယ္ခ်င္းကို ခံစားရေအာင္လုပ္လို႔တဲ့။ ေမာင္က မခ်စ္ပါဘဲ ခ်စ္တယ္ေျပာဖူးလို႔လား။ အဲဒါသူ႔သူငယ္ခ်င္းအစား ေမာင့္အသည္းကို ခြဲမလို႔တဲ့"

"မင္းက ငါနဲ႔တြဲေနၿပီး တျခားမိန္းကေလးနဲ႔လည္း ဘာလိုလုိတဲ့လား"

"အာ ... မကလည္း သူ႔ဘာသာၿပီးသြားတဲ့ကိစၥေလ"

"ငါကေရာ? ငါတို႔အေၾကာင္းသိေနတဲ့လူေတြက ငါ့ကိုဘယ္လိုျမင္မလဲ"

"မရစ္ပါနဲ႔ဗ်ာ။ မရဲ႕ Silent Daddy ႀကီးသာ မျမင္ေစနဲ႔"

"ဘာေျပာတယ္"

"................"

"မင္းဟာေလ၊ ေတာ္ေတာ္အဆိပ္ျပင္းတယ္"

"မကစားမိေစနဲ႔ေပါ့"

"ဒါေပါ့ေလ၊ ရပ္လိုက္ၾကတာေပါ့"

"ေရာ့ပါဗ်ာ၊ ခုနက ခဏယူသံုးမိတဲ့ မုန္႔ဖိုး"

"ေနလိုက္ေတာ့"

"ေက်းဇူးတင္ပါတယ္။ ဂ႐ုစိုက္သြားပါ"

'အလင္းဖြဲ႕ပါ။ ဘာလို႔လာႏြယ္တယ္၊ ဘယ္သူလာႏြယ္တယ္ဆိုတာ မသိဘဲနဲ႔ေတာ့ ကိုယ္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္သလို အျဖစ္မခံႏိုင္ဘူး'

သည္လိုလူေတြႏွင့္ခ်ည္း ဆံုျဖစ္သည္ထက္ သည္လိုလူေတြဆီကသာ ယခုလိုပတ္သက္ရယူရသည္က ပိုအဆင္ေျပေန၍ မသိနားမလည္သည့္ အျဖဴထည္ေလးမ်ားကိုေတာ့ သူ မလွည့္စားခဲ့ဖူူးပါ။

¤

ေအးေအးေဆးေဆးေန႔လယ္စာစားရန္ တစ္ေယာက္တည္းထြက္လာၿပီး ဆိုင္ေရာက္ေတာ့မွ ကားပါကင္တြင္ေတြ႕လိုက္ရသည့္ ဇာတ္လမ္းတစ္ပုဒ္။
မိန္းကေလးႏွစ္ေယာက္ႏွင့္ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္၏ ဇာတ္လမ္းဆိုေသာ္ျငား ႐ုပ္ရွင္ေတြႏွင့္ျခားနားစြာ၊ မည္သူကမွ ပါး႐ိုက္မသြားသလို မည္သူကမွလည္း ပ်ာပ်ာသလဲရွင္းျပျခင္းမရွိပါ။

တစ္ခါသာဆံုဖူးေသးသည့္ Card King ေလး၊ အလင္းဖြဲ႕။ အတူလာသည့္အမ်ိဳးသမီးက သူမကားႏွင့္ျပန္ထြက္သြားၿပီး သူသည္ကေတာ့ ဆိုင္ထဲသို႔ဝင္သြားေလၿပီ။ မေမၽွာ္လင့္ဘဲ ပြဲၾကည့္ပရိသတ္ျဖစ္သြားသည့္ ဧကမာန္မွာသာ ကားထဲမွမထြက္ျဖစ္ေသး။

'ေတြ႕လိုက္တိုင္း အေနအထားကမလွဘူး။ မင္းက Bad Boy လား'

လာခဲ့စဥ္တုန္းက VIP room တြင္ထိုင္မည့္အေတြးသည္ ထိုကေလးႏွင့္မလွမ္းမကမ္းဝိုင္းတြင္ ေနရာယူလိုက္ျခင္းျဖင့္ ပ်က္ျပယ္သြားခဲ့ရၿပီ။
အစားအေသာက္ေတြကို စိတ္ႀကိဳက္မွာယူကာ ေရတစ္ခြက္ေသာက္ၿပီး အျပင္ကိုေငးေနသည့္အလင္းဖြဲ႕သည္ အျပင္တြင္ေတြ႕ခဲ့ရေသာအလင္းဖြဲ႕ႏွင့္ ျခားနားစြာ။ တစ္စံုတစ္ခုကို ေလးေလးနက္နက္ေတြးရင္း စိတ္ေမာစြာ သက္ျပင္းခ်လိုက္ပါေသးသည္။

.

မွာထားသည္မ်ားရသည့္အခ်ိန္ အလင္းဖြဲ႕တစ္ေယာက္ အေတြးမ်ားကိုခဏရပ္ကာ အစားဆီသို႔သာ စိတ္ပို႔လိုက္သည္။ သို႔ေသာ္ အၿငိမ္မေနမိေသာမ်က္စိေၾကာင့္ စိတ္တို႔က ဦးတည္ရာေျပာင္းသြားခဲ့သည္။

'ဒီလူႀကီးလည္း ဒီမွာ ေန႔လယ္စာလာစားတာပဲ။ အစားအေသာက္ကို ရန္သူထင္ေနတာလား။ ႐ုပ္ကိုက ေခ်မိုးေနတာ၊ တစ္ေလာကလံုးကို အလုပ္ေပးထားရတဲ့ အလုပ္ရွင္႐ုပ္'

အလင္းဖြဲ႕ အစားစားရင္းအကဲခတ္ေနစဥ္ ဆိုင္ထဲဝင္လာေသာအမ်ိဳးသမီးတစ္ဦးက

"ဧက"

"မႏြယ္၊ ေန႔လယ္စာလာစားတာလား"

"ဟုတ္ကဲ့ရွင္။ တစ္ေယာက္တည္းလား"

"ဟုတ္ကဲ့၊ တစ္ေယာက္တည္းဆို ထိုင္ေလဗ်ာ"

"အဆင္ေျပမလား"

"ကၽြန္ေတာ္က အဆင္ေျပပါတယ္"

"ေက်းဇူးတင္ပါတယ္။ တစ္ေယာက္တည္းဆို ၿငီးေငြ႕စရာႀကီး"

ထိုအမ်ိဳးသမီး အစားအေသာက္မွာၿပီးသည္အထိ ဧကမာန္ေစာင့္ေပးေနသည္။ ဤသည္ကို အလင္းဖြဲ႕ျမင္ၿပီး

'အခုက်ေတာ့ ႐ုပ္ကတစ္မ်ိဳး'

.

ႏြယ္ႏွင့္ စီးပြားေရး၊ လူမႈေရးကိစၥမ်ား ေျပာၾကရင္း၊ ေန႔လယ္စာစားၾကရင္းမွ အလင္းဖြဲ႕ကို ဧကမာန္ ခဏေမ့သြားခဲ့သည္။ စားပြဲထိုးေလး ထိုဝိုင္းဆီသို႔သြားေလမွ လွမ္းၾကည့္မိသည့္အခါ အလင္းဖြဲ႕ ေငြရွင္းေနသည္။ ၿပီးေနာက္ ...

'ဘာလဲ၊ ငါ့ကို ဘယ္လိုၾကည့္တာလဲ'

'အဟက္၊ ဒီလူႀကီးကေလ ေတာ္ေတာ္အေျပာင္းအလဲျမန္တာပဲ။ ခုနကေတာ့ ခ်ိဳသာေနၿပီး ငါ့ကိုျမင္တာနဲ႔ အထင္ေသးတဲ့႐ုပ္နဲ႔။ ေအးပါ၊ ခင္ဗ်ားႀကီး လူကိုႏွိမ္ေနလိုက္ပါ'

တစ္ေယာက္တစ္လွည့္ေဝဖန္ၿပီး အလင္းဖြဲ႕ထြက္သြားသလို ဧကမာန္လည္း အာ႐ံုျပန္စုလိုက္သည္။ အမွတ္တမဲ့ဆံုၾကသည့္အခိုက္တြင္ တစ္ေယာက္ကိုတစ္ေယာက္ မွတ္ခ်က္ေပးေနမိသည္မွာ စိတ္ဝင္စားမႈအျပည့္။

¤

"ငါ မေန႔က ဟိုလူႀကီးကိုေတြ႕တယ္။ ဆယ့္ႏွစ္ရာသီ ေခ်မိုးေနသလားမွတ္တာ ေလဒီေတြနဲ႔က် ခ်ိဳသာသား"

"ဘယ္လူႀကီး?"

"ႏွစ္ေယာက္မရွိ မာန္တက္ေနတဲ့လူ။ ေန႔လယ္စာစားရင္း ဆိုင္မွာေတြ႕တာ"

"ဦးဧကမာန္လား။ သူက အလုပ္ထဲေတာ့ ခပ္တည္တည္ပါပဲတဲ့။ ဘယ္ကေလဒီနဲ႔လဲမွ မသိတာ။ မင္းက ၾကည့္မရဘူးေျပာၿပီး ေသခ်ာလိုက္ၾကည့္ထားတာပဲ"

"ဘာမွလိုက္မၾကည့္ဘူး။ သူ႔ဘာသာ ငါ့မ်က္စိေရွ႕ေရာက္လာတာ။ ငါ့ကိုျမင္ေတာ့ မၾကည္ၾကည့္နဲ႔ၾကည့္သြားေသး။ ဆြဲလုပ္ပစ္ခ်င္လိုက္တာ"

"ျဖည္းျဖည္း။ ဘာလုပ္ခ်င္တာလဲ၊ အသည္းယားေနတာလား"

"မင္းဘိုးေအ အသည္းယား။ လူကို မတူမတန္သလိုၾကည့္တာေလ၊ အထင္ေသးသလိုအၾကည့္နဲ႔"

"မင္းကေရာ အထင္ႀကီးစရာရွိလို႔လား"

"ေဟ့ေကာင္၊ မင္း နာခ်င္ၿပီလား"

"မဟုတ္လို႔လား။ စေတြ႕ေတာ့ ဖဲဝိုင္းမွာ။ ၿပီးေတာ့ ဟိုကဩဝါဒေႁခြမွာကို ဂ်စ္ကန္ကန္နဲ႔ရန္ေတြ႕ခ်င္ေနတာ။ သူအထင္ႀကီးစရာအရည္အခ်င္း မင္းမွာ တစ္ခုမွမရွိဘူး"

ေသြးသစ္စကားမွန္ေသာ္လည္း ထိုလူႀကီး၏ အထင္ေသးသည့္အၾကည့္ကို အလင္းဖြဲ႕မခံႏိုင္ပါ။ ဘာကိစၥေၾကာင့္မ်ား ယခုမွေတြ႕သည့္လူ၏ အသိအမွတ္ျပဳမႈကို လိုခ်င္မက္ေမာမိသည္မသိ။ ဤသည္က အလင္းဖြဲ႕၏စတိုင္လ္မဟုတ္ေပ။ အထည္ႀကီးပ်က္၊ ဘံုႀကိဳးျပတ္သူေဌးသားကို အထင္ေသးၾကသည္က မဆန္းေသာ္ျငား ထိုသူဆီမွေတာ့ လက္မခံလိုပါ။

¤

"ခန္႔ထည္၊ မေန႔က ဟိုငဂ်စ္ေကာင္ေလးကို ငါေတြ႕ခဲ့တယ္"

"အလင္းဖြဲ႕လား"

"အင္း၊ ေတာ္ေတာ္ရႈပ္မယ့္ေကာင္။ ေကာင္မေလးႏွစ္ေယာက္နဲ႔ ဘာျဖစ္တယ္မသိဘူး။ အတူတူလာတဲ့တစ္ေယာက္က သူ႔ကိုထားၿပီး ျပန္ထြက္သြားတယ္"

"ဘယ္မွာေတြ႕တာလဲ"

"ဆိုင္မွာ"

"ဪ"

"မင္းတူလည္း အဲဒီလိုပဲလား"

"သူလား မိန္းကေလး႐ႈပ္မွာ"

"အဟက္၊ ဒါတစ္ခုေတာ့ မင္းေျပာလို႔ႏိုင္တယ္ေပါ့။ အဲဒီဟာေလးနဲ႔ဆို ၾကာရင္ မင္းတူပါပ်က္စီးမယ္"

"အဲဒီေလာက္မဆိုးပါဘူးကြ။ လူငယ္ဆိုေတာ့ သူ႔ဇယားနဲ႔သူရွိမွာေပါ့"

"ငါေတာ့ သေဘာမက်ဘူး"

"မင္းကို ဘယ္သူက သေဘာက်ခိုင္းေနလို႔လဲ"

"ငါေျပာေနတာက မင္းတူနဲ႔ေပါင္းေနတာ သေဘာက်စရာမရွိဘူးလို႔"

"မင္း ႏွစ္ခါပဲျမင္ဖူးတာကိုကြာ။ ေနာက္ဆံုရင္ အကဲခတ္ၾကည့္ေပါ့၊ ေကာင္ေလးက ပ်က္စီးေနတာ၊ ဆိုးသြမ္းေနတာ၊ ရိုင္းစိုင္းေနတာမ်ိဳး မဟုတ္ဘူးေလ"

"အာမခံေနလိုက္ေတာ့"

"မင္းလည္း အထူးအဆန္းေနာ္။ ၾကည့္မရဘူးဆိုၿပီး အာ႐ံုေတြစိုက္ေနတာ"

"ငါက ... အဲဒီလိုျဖစ္သြားတာလား။ လံုးဝပဲ၊ အခ်ိဳးမေျပလို႔ မ်က္စိထဲခလုတ္တိုက္႐ံု"

တစ္ခ်က္မဲ့ျပၿပီး တစ္ဖက္လွည့္သြားေသာ ခန္႔ထည္ေၾကာင့္ စကားစျပတ္သြားၾကသည္။

*Ring ... Ring ... Ring*

"ဟယ္လို၊ မာမီ"

"..............."

"ဗ်ာ၊ ခ်က္ခ်င္းႀကီး။ ဘာအေရးႀကီးလို႔လဲ မာမီ"

" ..............."

"ဟုတ္ကဲ့ပါ၊ ကၽြန္ေတာ္လာႀကိဳမယ္ေနာ္"

"................"

"See you tomorrow, Mommy"

ခန္႔ထည္ လွည့္ၾကည့္လာသည္ေၾကာင့္

"ငါ့မာမီက မနက္ျဖန္ ဒီကိုေရာက္မယ္တဲ့"

"ခ်က္ခ်င္းႀကီး။ အဲဒါ မင္းအတြက္ေတာ့ ရာသီဥတုမေကာင္းလွဘူးေနာ္"

"မဟုတ္ေလာက္ပါဘူး။ အဲဒီကိစၥက ငါေသခ်ာေျပာျပထားၿပီးသားပဲ။ စီးပြားတြက္တြက္ၿပီး အိမ္ေထာင္ျပဳရမယ္ဆိုရင္ေတာင္ အနည္းဆံုးေတာ့ ငါသေဘာက်တဲ့အရည္အခ်င္းမ်ိဳး ရွိရမွာေပါ့။ မာမီနဲ႔ယူမွာမွ မဟုတ္တာကြာ။ ငါ့စိတ္ႀကိဳက္ေလးရွာဖို႔ အခ်ိန္ေလးေတာ့ေပးပါလို႔ ေျပာၿပီးသား"

"ဆုေတာင္းျပည့္ပါေစ ဧက။ ဟား ဟား ဟား"

ေမြးလာကတည္းက သားတစ္ေယာက္တာဝန္ေက်ဖို႔ သင္ေပးသလိုေန၊ သင္ခိုင္းသမၽွေလ့လာၿပီး မိဘေတြဆြဲေပးသည့္အခ်ိန္ဇယားႏွင့္ ယႏၲရားတစ္ခုလို လည္ပတ္ခဲ့သည့္သူ႔ဘဝတြင္ မိဘစကားနားေထာင္ေသာေၾကာင့္ မွားခဲ့ဖူးသည္ဟူ၍ မၾကံဳခဲ့ဖူးေသာ္လည္း သူ၏အိမ္ေထာင္ေရးကိုေတာ့ျဖင့္ မာမီႏွင့္ညႇိယူထားခဲ့ရသည္။
အခ်စ္မပါလၽွင္ေတာင္ ေသခ်ာအေၾကာင္းမသိပါဘဲ မိဘစီမံရာလက္ခံရမည့္ အိမ္ေထာင္ေရးမ်ိဳး မလိုခ်င္ခဲ့ပါ။

■■■
Demon
■■■■■ အပိုင္း (၃) ဆက္ရန္ ■■■■■

အလုပ်ကိစ္စတွေမပြတ်၍ သူငယ်ချင်း၏အိမ်အထိ လိုက်ရှင်းပေးရမည်။ လိုက်သာလိုက်လာရသည်၊ ခန့်ထည်ဆိုသည့် သူငယ်ချင်းကြီး၏ တူအရင်းမဟုတ်သည့်တူလေးကို အမြင်ကြည်သည်မဟုတ်။ လူငယ်တစ်ယောက်ဖြစ်၍ အပျော်အပါးမက်သည်ကို လက်ခံနိုင်သော်လည်း လောင်းကစားကိုစွဲလမ်းနေသည်ဟု မြင်မိသည်။ ကိုယ့်သူငယ်ချင်းကိုယ်တိုင်ကပင် တူဖြစ်သူကိုထိန်းကျောင်းသည်က လျော့ရဲလွန်းသည်လား၊ ကိုယ်တိုင်ကပင် ငယ်စဉ်ကတည်းက စည်းကမ်းတွေနှင့် အသားကျခဲ့၍လား မတွေးတတ်ပါ။

ယခုလည်း ဝိုင်းကောင်းနေကြသည်မှာ ယောက်ျားလေး၊ မိန်းကလေး၊ လူစုံတက်စုံနှင့်။ အားလုံးကြားတွင် ငွေစက္ကူအထပ်တွေကိုကြည့်လိုက်၊ ကျန်လူတွေကိုကြည့်လိုက်နှင့် ပြုံးပျော်နေသည့်ကောင်လေးတစ်ယောက်။ မိန်းကလေးများကလည်း ထိုကောင်လေးထံတွင်သာ ဈာန်ဝင်နေကြသယောင်။ ဂျင်းအပြဲနှင့် Hoodie အနက်ကြား အသားအရောင်ကဝင်းနေပြီး လောဘအပြည့်နှင့်အကြည့်တို့က လင်းလက်နေသည့် ထိုကောင်လေးက အရွယ်နှင့်မလိုက်အောင် လောင်းကစားနှင့်အကျွမ်းတဝင်ရှိလှသည်။

"နောက်ပြီးတော့... ဟိုကလေး၊ အလင်းဖွဲ့"

"ဗျာ"

"မင်းလည်း မပြန်နဲ့ဦး"

"ဟုတ်ကဲ့ ဦးခန့်"

အလင်းဖွဲ့။ နာမည်နှင့်လူပုံစံသည် လိုက်ဖက်ပါလျက် အကျင့်ဆိုးလေးရနေသည့် ထိုကောင်လေးကို ဧကမာန် အလိုမကျသည်မှာ အခြားအကြောင်းပြချက်မရှိပါ။
ခန့်ထည်၏စကားအဆုံးတွင် ကျန်နေခဲ့သည်မှာ သွေးသစ်ဦးနှင့် အလင်းဖွဲ့တို့ နှစ်ဦးတည်းသာ။
ခန့်ထည်ကိုပြန်ဖြေနေသည့် အလင်းဖွဲ့၏ အလိုမကျဟန်အကြည့်တို့က ဧကမာန်ဆီသို့ဦးတည်နေသည်ကို ကာယကံရှင်ကိုယ်တိုင်လည်း သိသည်။
အုံ့မှိုင်းမှိုင်းရာသီဥတုနှင့်အနီးတစ်ဝိုက်မှ ဧကမာန်နှင့်အလင်းဖွဲ့တို့ မည်သူကစ၍ အကြည့်နှင့်စစ်ထိုးမိသည်ကို နှစ်ဦးလုံးသိနေသော်လည်း မည်သူကမှ နောက်မဆုတ်မိကြပါ။

'ဘယ်လိုကောင်လေးလဲ။ လောင်းကစားကမကောင်းလို့ မကောင်းဘူးပြောတာကို လူဆိုးလေးက ကတ်ကတ်လန်ရန်တွေ့ချင်သေးတာပဲ။ ကိုယ်ကလည်း တစ်စက်ကလေးမှ မလျှော့နိုင်ဘူး။ ကျောင်းမပြီးခင် Master of Gambling ဆိုပြီး အရင်ဘွဲ့ရမယ့်အမျိုး။ ရှိတဲ့မာနကို ကောင်းတဲ့နေရာမှာ အသုံးချပါတော့လား ကောင်လေးရာ'

¤

"ဟုတ်ပြီ၊ ဒါဆို သူလုချင်နေတဲ့မြေကွက်ကို ငါအသာလေး လွှတ်ပေးလိုက်မယ်"

"အင်း၊ မင်းဘက်က ရုတ်တရက်ရပ်သွားရင် သူတို့ဘက်ကလည်း လျှော့သွားမယ်ထင်တယ်။ သူ့အတွက်က တကယ်လိုတာမှမဟုတ်တာ၊ သက်သက်မဲ့ လိုက်ငြိနေတာ"

"အင်း၊ ငါက တကယ်ပါသွားမှာကြောက်လို့"

"မပါဘူးကွာ။ ငါသေချာစုံစမ်းပြီးပြီ၊ သူ မလိုဘူး။ သက်သက်နှောင့်ယှက်တာ"

"အေးပါကွာ၊ အဲဒီလို သတင်းအတိအကျသိရတော့ စိတ်အေးရတာပေါ့။ မင်းကတော့ တကယ်ကို ဧကပါပဲ။ တစ်ဦးတည်းသောပဲ"

"ရပြီ၊ မမြှောက်နဲ့။ ပုံမှန်ဆက်ဆံ"

"ဟား ဟား၊ တကယ်ကျေးဇူးတင်လို့ပါ။ အဲဒီမြေကွက် ငါ့လက်ထဲရောက်ရင် မင်းစိတ်ကြိုက်တစ်ဝိုင်းဝိုင်းမယ်"

"သေချာနေပြီပဲကို၊ ငါ နေရာရွေးထားလိုက်တော့မယ်"

ခန့်ထည်က လက်မနှင့်လက်ညှိုးထိကပ်ကာ ဝိုင်းပြလေတော့ ဧကမာန် လက်မထောင်ပြလိုက်သည်။

"ဟိုငဂျစ်ကောင်လေး၊ အလင်းဖွဲ့။ သူက သွေးသစ်နဲ့တော်တော်တွဲဖြစ်တာလား"

"အင်း၊ အတွဲညီကြတယ်။ ဘာဖြစ်လို့လဲ"

"မေးကြည့်တာလေ၊ အရင်ကမတွေ့ဖူးလို့"

"အင်း၊ မင်းနဲ့မတိုက်ဆိုင်တာ"

"သူ့မှာ အမေနဲ့အစ်မပဲ ရှိတာလား"

"သူ့အဖေ လုပ်ငန်းခွင်မှာမတော်တဆဖြစ်ပြီး ဆေးရုံရောက်တော့ လုပ်ငန်းတွေပါ ကမောက်ကမဖြစ်ကုန်တယ်။ သူ့အမေကလည်း အိမ်ရှင်မပီသသူဆိုတော့ အိမ်တွင်းရေးသာစီမံနိုင်တာ၊ လုပ်ငန်းကိစ္စကို သေချာနားမလည်ဘူး။ လုပ်ငန်းတွေပိတ်ပစ်လိုက်ရပြီး သူ့အဖေလည်း နလန်မထူဘဲဆုံးသွားတယ်"

"ဪ၊ အဲဒါကို လိမ်လိမ်မာမာမနေဘူး"

"အရမ်းကြီးဆိုးသွမ်းနေတာ မဟုတ်ပေမဲ့ သူဌေးသားဗီဇလေးကတော့ မပျောက်သေးဘူးပေါ့ကွာ"

"ဟုတ်မှမဟုတ်တော့တဲ့ဘဝကို ဖက်တွယ်ထားလို့မှမရတာ"

"ငယ်သေးတယ်လေ။ လောကဓံကို သေချာရင်မဆိုင်တတ်သေးဘူးပေါ့။ နေပါဦး၊ မင်းကဘာလို့ စိတ်ဝင်တစားမေးနေရတာလဲ"

"မင်းတူနားမှာရှိနေတာဆိုတော့ တစ်ခုခုဆို မင်း ငါ့ကိုနားလာပူမှာပဲလေ။ မင်းတူကလည်း တံငါနားနီးတော့ တံငါပဲပေါ့။ ရေနစ်ပါပြီ၊ ကယ်ပါဦးဆိုရင် သူငယ်ချင်းကောင်းဖြစ်တဲ့ငါက ကူရပြီလေ။ ဆိုတော့၊ ရေလမ်းကြောင်းတွေ ကြိုလေ့လာထားတာ ငါ့အလွန်လား။ စီးချင်ရာစီးမယ့် ချောင်းပေါက်လေး"

"စကားတတ်တိုင်း မူးအောင်မပြောနဲ့။ မင်းရဲ့မကြည်ကြည့်တွေလည်း လျှော့ဦး။ ဟိုကလေးက မင်းကို ဘုကြည့်တွေချည်းကျွေးနေပြီ"

ဧကမာန် ရယ်သာရယ်နေလိုက်ပါသည်။
ဂျစ်ကန်ကန်အမူအရာနှင့် ဒေါသရိပ်သန်းသည့် မျက်ဝန်းညိုညိုတို့ကို ပြန်မြင်ယောင်မိသည်ကြောင့်။

¤

အလင်းဖွဲ့။
အလင်းရောင်များစုဖွဲ့ထားသကဲ့သို့ ရောက်ရာအရပ်တွင် ထင်းနေသည့်အသွင်အပြင်နှင့် တစ်ဇွတ်ထိုးအမူအရာများကြောင့် အလင်းဖွဲ့ဆိုလျှင် လူသိများနေခြင်း။

ဖဲချပ်တွေကိုခုံမင်တတ်ပြီး ကတ်တွေနှင့်ပတ်သက်လျှင် ကျွမ်းကျင်လွန်းသူဟု အချို့လူတွေကြား ရေပန်းစားသေးသည်။ သွယ်လျလျလက်လေးတွေနှင့် ရစ်ပတ်ဆော့ကစားကာ ရံဖန်ရံခါ နှုတ်ခမ်းပါးနှင့်ထိတွေ့ခံရတတ်သော ထိုဖဲချပ်လေးများကို မနာလိုကြသည့် ဣတ္ထိယများလည်း မနည်းလှ။ လောင်းကစားတစ်မျိုးတည်းမဟုတ်ဘဲ အချစ်နှင့်နှလုံးသားများကိုလည်း သူက ဆော့ကစားတတ်သေးသည်။ သို့သော် သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်သာ။

"မောင်၊ ဒီပွဲပြီးရင် တော်လိုက်တော့လေ"

"အင်းပါ မရဲ့။ မောင်က နိုင်နေတုန်းယူထားချင်လို့။ မရဲ့ငွေတွေကို အဆတိုးပြီး ပြန်ပေးမှာပေါ့"

"အို၊ မလိုပါဘူး။ တို့ငွေကနည်းနည်းလေး၊ မောင့်ဘာသာပွားပစ်တာ။ အနိုင်နဲ့ပိုင်းခဲ့တော့ မောင်"

"ဟုတ်ကဲ့ပါ ခင်ဗျ"

နောက်ထပ်နှစ်ပွဲခန့်မှာ အနည်းငယ်ငွေပြန်ပေးလိုက်ရပြီးနောက် အလင်းဖွဲ့ထွက်လာခဲ့တော့သည်။

"ရော့၊ မအတွက်"

"မလိုပါဘူး။ မ ထုတ်ပေးလိုက်တာလည်း မဖြစ်စလောက်လေးပါ"

"ဒါဆို တစ်ခုခုသွားစားရအောင်လေ"

"အဲဒါကောင်းတယ်"

"Let's go."

ဆိုင်၏ကားပါကင်တွင် ကားရပ်ကာ ဆင်းလာကြရုံရှိသေးသည်။

"ဖွဲ့၊ အဲဒါ ဘယ်လဲ"

"ဪ၊ နဒီ။ ဗိုက်သွားဖြည့်မလို့၊ လိုက်ဦးမလား"

"နင်၊ အဲဒါ ဘယ်လိုအချိုးချိုးတာလဲ"

"မင်း ပြောစရာမဟုတ်ဘူးထင်တယ်"

"ဘာလို့မပြောရမှာလဲ"

"ပြောချင်ရင် သီရိနွေကို သွားပြောပါလား"

"နင် ... နင် ... "

"နင်သွားလား"

"နင် ငါ့ရှေ့ရောက်မလာစေနဲ့"

"ဟုတ်ကဲ့ ခင်ဗျ။ ကြွပါ"

"အဲဒါ ဘယ်သူလဲ မောင်"

"သူ့သူငယ်ချင်းကို ခံစားရအောင်လုပ်လို့တဲ့။ မောင်က မချစ်ပါဘဲ ချစ်တယ်ပြောဖူးလို့လား။ အဲဒါသူ့သူငယ်ချင်းအစား မောင့်အသည်းကို ခွဲမလို့တဲ့"

"မင်းက ငါနဲ့တွဲနေပြီး တခြားမိန်းကလေးနဲ့လည်း ဘာလိုလိုတဲ့လား"

"အာ ... မကလည်း သူ့ဘာသာပြီးသွားတဲ့ကိစ္စလေ"

"ငါကရော? ငါတို့အကြောင်းသိနေတဲ့လူတွေက ငါ့ကိုဘယ်လိုမြင်မလဲ"

"မရစ်ပါနဲ့ဗျာ။ မရဲ့ Silent Daddy ကြီးသာ မမြင်စေနဲ့"

"ဘာပြောတယ်"

"................"

"မင်းဟာလေ၊ တော်တော်အဆိပ်ပြင်းတယ်"

"မကစားမိစေနဲ့ပေါ့"

"ဒါပေါ့လေ၊ ရပ်လိုက်ကြတာပေါ့"

"ရော့ပါဗျာ၊ ခုနက ခဏယူသုံးမိတဲ့ မုန့်ဖိုး"

"နေလိုက်တော့"

"ကျေးဇူးတင်ပါတယ်။ ဂရုစိုက်သွားပါ"

'အလင်းဖွဲ့ပါ။ ဘာလို့လာနွယ်တယ်၊ ဘယ်သူလာနွယ်တယ်ဆိုတာ မသိဘဲနဲ့တော့ ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို အဖြစ်မခံနိုင်ဘူး'

သည်လိုလူတွေနှင့်ချည်း ဆုံဖြစ်သည်ထက် သည်လိုလူတွေဆီကသာ ယခုလိုပတ်သက်ရယူရသည်က ပိုအဆင်ပြေနေ၍ မသိနားမလည်သည့် အဖြူထည်လေးများကိုတော့ သူ မလှည့်စားခဲ့ဖူူးပါ။

¤

အေးအေးဆေးဆေးနေ့လယ်စာစားရန် တစ်ယောက်တည်းထွက်လာပြီး ဆိုင်ရောက်တော့မှ ကားပါကင်တွင်တွေ့လိုက်ရသည့် ဇာတ်လမ်းတစ်ပုဒ်။
မိန်းကလေးနှစ်ယောက်နှင့် ခပ်ချောချောကောင်လေးတစ်ယောက်၏ ဇာတ်လမ်းဆိုသော်ငြား ရုပ်ရှင်တွေနှင့်ခြားနားစွာ၊ မည်သူကမှ ပါးရိုက်မသွားသလို မည်သူကမှလည်း ပျာပျာသလဲရှင်းပြခြင်းမရှိပါ။

တစ်ခါသာဆုံဖူးသေးသည့် Card King လေး၊ အလင်းဖွဲ့။ အတူလာသည့်အမျိုးသမီးက သူမကားနှင့်ပြန်ထွက်သွားပြီး သူသည်ကတော့ ဆိုင်ထဲသို့ဝင်သွားလေပြီ။ မမျှော်လင့်ဘဲ ပွဲကြည့်ပရိသတ်ဖြစ်သွားသည့် ဧကမာန်မှာသာ ကားထဲမှမထွက်ဖြစ်သေး။

'တွေ့လိုက်တိုင်း အနေအထားကမလှဘူး။ မင်းက Bad Boy လား'

လာခဲ့စဉ်တုန်းက VIP room တွင်ထိုင်မည့်အတွေးသည် ထိုကလေးနှင့်မလှမ်းမကမ်းဝိုင်းတွင် နေရာယူလိုက်ခြင်းဖြင့် ပျက်ပြယ်သွားခဲ့ရပြီ။
အစားအသောက်တွေကို စိတ်ကြိုက်မှာယူကာ ရေတစ်ခွက်သောက်ပြီး အပြင်ကိုငေးနေသည့်အလင်းဖွဲ့သည် အပြင်တွင်တွေ့ခဲ့ရသောအလင်းဖွဲ့နှင့် ခြားနားစွာ။ တစ်စုံတစ်ခုကို လေးလေးနက်နက်တွေးရင်း စိတ်မောစွာ သက်ပြင်းချလိုက်ပါသေးသည်။

.

မှာထားသည်များရသည့်အချိန် အလင်းဖွဲ့တစ်ယောက် အတွေးများကိုခဏရပ်ကာ အစားဆီသို့သာ စိတ်ပို့လိုက်သည်။ သို့သော် အငြိမ်မနေမိသောမျက်စိကြောင့် စိတ်တို့က ဦးတည်ရာပြောင်းသွားခဲ့သည်။

'ဒီလူကြီးလည်း ဒီမှာ နေ့လယ်စာလာစားတာပဲ။ အစားအသောက်ကို ရန်သူထင်နေတာလား။ ရုပ်ကိုက ချေမိုးနေတာ၊ တစ်လောကလုံးကို အလုပ်ပေးထားရတဲ့ အလုပ်ရှင်ရုပ်'

အလင်းဖွဲ့ အစားစားရင်းအကဲခတ်နေစဉ် ဆိုင်ထဲဝင်လာသောအမျိုးသမီးတစ်ဦးက

"ဧက"

"မနွယ်၊ နေ့လယ်စာလာစားတာလား"

"ဟုတ်ကဲ့ရှင်။ တစ်ယောက်တည်းလား"

"ဟုတ်ကဲ့၊ တစ်ယောက်တည်းဆို ထိုင်လေဗျာ"

"အဆင်ပြေမလား"

"ကျွန်တော်က အဆင်ပြေပါတယ်"

"ကျေးဇူးတင်ပါတယ်။ တစ်ယောက်တည်းဆို ငြီးငွေ့စရာကြီး"

ထိုအမျိုးသမီး အစားအသောက်မှာပြီးသည်အထိ ဧကမာန်စောင့်ပေးနေသည်။ ဤသည်ကို အလင်းဖွဲ့မြင်ပြီး

'အခုကျတော့ ရုပ်ကတစ်မျိုး'

.

နွယ်နှင့် စီးပွားရေး၊ လူမှုရေးကိစ္စများ ပြောကြရင်း၊ နေ့လယ်စာစားကြရင်းမှ အလင်းဖွဲ့ကို ဧကမာန် ခဏမေ့သွားခဲ့သည်။ စားပွဲထိုးလေး ထိုဝိုင်းဆီသို့သွားလေမှ လှမ်းကြည့်မိသည့်အခါ အလင်းဖွဲ့ ငွေရှင်းနေသည်။ ပြီးနောက် ...

'ဘာလဲ၊ ငါ့ကို ဘယ်လိုကြည့်တာလဲ'

'အဟက်၊ ဒီလူကြီးကလေ တော်တော်အပြောင်းအလဲမြန်တာပဲ။ ခုနကတော့ ချိုသာနေပြီး ငါ့ကိုမြင်တာနဲ့ အထင်သေးတဲ့ရုပ်နဲ့။ အေးပါ၊ ခင်ဗျားကြီး လူကိုနှိမ်နေလိုက်ပါ'

တစ်ယောက်တစ်လှည့်ဝေဖန်ပြီး အလင်းဖွဲ့ထွက်သွားသလို ဧကမာန်လည်း အာရုံပြန်စုလိုက်သည်။ အမှတ်တမဲ့ဆုံကြသည့်အခိုက်တွင် တစ်ယောက်ကိုတစ်ယောက် မှတ်ချက်ပေးနေမိသည်မှာ စိတ်ဝင်စားမှုအပြည့်။

¤

"ငါ မနေ့က ဟိုလူကြီးကိုတွေ့တယ်။ ဆယ့်နှစ်ရာသီ ချေမိုးနေသလားမှတ်တာ လေဒီတွေနဲ့ကျ ချိုသာသား"

"ဘယ်လူကြီး?"

"နှစ်ယောက်မရှိ မာန်တက်နေတဲ့လူ။ နေ့လယ်စာစားရင်း ဆိုင်မှာတွေ့တာ"

"ဦးဧကမာန်လား။ သူက အလုပ်ထဲတော့ ခပ်တည်တည်ပါပဲတဲ့။ ဘယ်ကလေဒီနဲ့လဲမှ မသိတာ။ မင်းက ကြည့်မရဘူးပြောပြီး သေချာလိုက်ကြည့်ထားတာပဲ"

"ဘာမှလိုက်မကြည့်ဘူး။ သူ့ဘာသာ ငါ့မျက်စိရှေ့ရောက်လာတာ။ ငါ့ကိုမြင်တော့ မကြည်ကြည့်နဲ့ကြည့်သွားသေး။ ဆွဲလုပ်ပစ်ချင်လိုက်တာ"

"ဖြည်းဖြည်း။ ဘာလုပ်ချင်တာလဲ၊ အသည်းယားနေတာလား"

"မင်းဘိုးအေ အသည်းယား။ လူကို မတူမတန်သလိုကြည့်တာလေ၊ အထင်သေးသလိုအကြည့်နဲ့"

"မင်းကရော အထင်ကြီးစရာရှိလို့လား"

"ဟေ့ကောင်၊ မင်း နာချင်ပြီလား"

"မဟုတ်လို့လား။ စတွေ့တော့ ဖဲဝိုင်းမှာ။ ပြီးတော့ ဟိုကဩဝါဒခြွေမှာကို ဂျစ်ကန်ကန်နဲ့ရန်တွေ့ချင်နေတာ။ သူအထင်ကြီးစရာအရည်အချင်း မင်းမှာ တစ်ခုမှမရှိဘူး"

သွေးသစ်စကားမှန်သော်လည်း ထိုလူကြီး၏ အထင်သေးသည့်အကြည့်ကို အလင်းဖွဲ့မခံနိုင်ပါ။ ဘာကိစ္စကြောင့်များ ယခုမှတွေ့သည့်လူ၏ အသိအမှတ်ပြုမှုကို လိုချင်မက်မောမိသည်မသိ။ ဤသည်က အလင်းဖွဲ့၏စတိုင်လ်မဟုတ်ပေ။ အထည်ကြီးပျက်၊ ဘုံကြိုးပြတ်သူဌေးသားကို အထင်သေးကြသည်က မဆန်းသော်ငြား ထိုသူဆီမှတော့ လက်မခံလိုပါ။

¤

"ခန့်ထည်၊ မနေ့က ဟိုငဂျစ်ကောင်လေးကို ငါတွေ့ခဲ့တယ်"

"အလင်းဖွဲ့လား"

"အင်း၊ တော်တော်ရှုပ်မယ့်ကောင်။ ကောင်မလေးနှစ်ယောက်နဲ့ ဘာဖြစ်တယ်မသိဘူး။ အတူတူလာတဲ့တစ်ယောက်က သူ့ကိုထားပြီး ပြန်ထွက်သွားတယ်"

"ဘယ်မှာတွေ့တာလဲ"

"ဆိုင်မှာ"

"ဪ"

"မင်းတူလည်း အဲဒီလိုပဲလား"

"သူလား မိန်းကလေးရှုပ်မှာ"

"အဟက်၊ ဒါတစ်ခုတော့ မင်းပြောလို့နိုင်တယ်ပေါ့။ အဲဒီဟာလေးနဲ့ဆို ကြာရင် မင်းတူပါပျက်စီးမယ်"

"အဲဒီလောက်မဆိုးပါဘူးကွ။ လူငယ်ဆိုတော့ သူ့ဇယားနဲ့သူရှိမှာပေါ့"

"ငါတော့ သဘောမကျဘူး"

"မင်းကို ဘယ်သူက သဘောကျခိုင်းနေလို့လဲ"

"ငါပြောနေတာက မင်းတူနဲ့ပေါင်းနေတာ သဘောကျစရာမရှိဘူးလို့"

"မင်း နှစ်ခါပဲမြင်ဖူးတာကိုကွာ။ နောက်ဆုံရင် အကဲခတ်ကြည့်ပေါ့၊ ကောင်လေးက ပျက်စီးနေတာ၊ ဆိုးသွမ်းနေတာ၊ ရိုင်းစိုင်းနေတာမျိုး မဟုတ်ဘူးလေ"

"အာမခံနေလိုက်တော့"

"မင်းလည်း အထူးအဆန်းနော်။ ကြည့်မရဘူးဆိုပြီး အာရုံတွေစိုက်နေတာ"

"ငါက ... အဲဒီလိုဖြစ်သွားတာလား။ လုံးဝပဲ၊ အချိုးမပြေလို့ မျက်စိထဲခလုတ်တိုက်ရုံ"

တစ်ချက်မဲ့ပြပြီး တစ်ဖက်လှည့်သွားသော ခန့်ထည်ကြောင့် စကားစပြတ်သွားကြသည်။

*Ring ... Ring ... Ring*

"ဟယ်လို၊ မာမီ"

"..............."

"ဗျာ၊ ချက်ချင်းကြီး။ ဘာအရေးကြီးလို့လဲ မာမီ"

" ..............."

"ဟုတ်ကဲ့ပါ၊ ကျွန်တော်လာကြိုမယ်နော်"

"................"

"See you tomorrow, Mommy"

ခန့်ထည် လှည့်ကြည့်လာသည်ကြောင့်

"ငါ့မာမီက မနက်ဖြန် ဒီကိုရောက်မယ်တဲ့"

"ချက်ချင်းကြီး။ အဲဒါ မင်းအတွက်တော့ ရာသီဥတုမကောင်းလှဘူးနော်"

"မဟုတ်လောက်ပါဘူး။ အဲဒီကိစ္စက ငါသေချာပြောပြထားပြီးသားပဲ။ စီးပွားတွက်တွက်ပြီး အိမ်ထောင်ပြုရမယ်ဆိုရင်တောင် အနည်းဆုံးတော့ ငါသဘောကျတဲ့အရည်အချင်းမျိုး ရှိရမှာပေါ့။ မာမီနဲ့ယူမှာမှ မဟုတ်တာကွာ။ ငါ့စိတ်ကြိုက်လေးရှာဖို့ အချိန်လေးတော့ပေးပါလို့ ပြောပြီးသား"

"ဆုတောင်းပြည့်ပါစေ ဧက။ ဟား ဟား ဟား"

မွေးလာကတည်းက သားတစ်ယောက်တာဝန်ကျေဖို့ သင်ပေးသလိုနေ၊ သင်ခိုင်းသမျှလေ့လာပြီး မိဘတွေဆွဲပေးသည့်အချိန်ဇယားနှင့် ယန္တရားတစ်ခုလို လည်ပတ်ခဲ့သည့်သူ့ဘဝတွင် မိဘစကားနားထောင်သောကြောင့် မှားခဲ့ဖူးသည်ဟူ၍ မကြုံခဲ့ဖူးသော်လည်း သူ၏အိမ်ထောင်ရေးကိုတော့ဖြင့် မာမီနှင့်ညှိယူထားခဲ့ရသည်။
အချစ်မပါလျှင်တောင် သေချာအကြောင်းမသိပါဘဲ မိဘစီမံရာလက်ခံရမည့် အိမ်ထောင်ရေးမျိုး မလိုချင်ခဲ့ပါ။

■■■
Demon
■■■■■ အပိုင်း (၃) ဆက်ရန် ■■■■■
© Demon ,
книга «Love Cards».
Коментарі