Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (5)
မေန႔က ေရအိုင္ေလးေတြကိုအျပစ္ေပးမိတဲ့ ကြၽန္ေတာ့္ကို မိုးစက္ေလး‌ေတြကျပန္ၿပီးအျပစ္ေပးတယ္။ ေပးပုံကေတာ့ သိပ္မထူးဆန္းပါဘူး... အေအးမိၿပီးဖ်ားတယ္ဆိုပါေတာ့။ ဖ်ားေနတယ္ဆိုတိုင္း သူမ်ားလို အိပ္ရာထဲမွာေခြေနလို႔မွမရပဲ..။ ေက်ာင္းကရွိေသးတယ္ေလ။ ပ်က္ကြက္တာေတြ သိပ္မ်ားခဲ့ၿပီမဟုတ္လား။ ဆက္ၿပီးသာပ်က္ရင္ေတာ့ တိုင္စာသ၀ဏ္လႊာက အိမ္ေတာ္ကိုေရာက္လာေတာ့မယ္။ ကြၽန္ေတာ္က မိသားစုကိုေပ်ာ္႐ႊင္ေအာင္ မထားႏိုင္ရင္ေတာင္မွ စိတ္ဆင္းရဲေစတာမ်ိဳးေတာ့ မျဖစ္ေစခ်င္တာ အမွန္ပါ။ ခ်စ္ေသာကတ္ကေလးေတြေဆာ့တာကိုေတာ့ ခြၽင္းခ်က္ေပါ့ေလ။ ဆိုေတာ့ကာ... ‌‌ဖ်ားေနရင္ေတာင္ ေက်ာင္းကိုေတာ့ သြားရဦးမွာေပါ့။ ဒါနဲ႔ပဲ အေႏြး‌ထည္ေလးတစ္ထည္ကို ေကာက္ဆြဲၿပီး အျပင္ထြက္လာခဲ့တယ္။

“ သားေလး.. ေနမေကာင္းဘူးဆို.. ေက်ာင္းမသြားပါနဲ႕လား "

“ အရမ္းႀကီးဖ်ားေနတာမွ မဟုတ္ဘဲ.. ကိုယ္ပူ႐ုံ ေခါင္းကိုက္႐ုံပါေမေမရယ္။ ဒီေလာက္ေတာ့ခံႏိုင္ရည္ရွိပါတယ္ "

ဒီေလာက္ေလးဖ်ားတာကိုေတာ့ သားခံႏိုင္ရည္ရွိပါတယ္ေမေမ။ မိုးက်ေ႐ႊကိုယ္မွမဟုတ္ေတာ့ပဲ။ အရင္လိုမိဘကိုခြၽဲေနဖို႔ အဆင္မေျပေတာ့ဘူးေလ။

“ သားကဖ်ားေနတယ္ဆိုလို႔ ေမေမက ၾကက္သားဆန္ျပဳတ္ေလးျပဳတ္ေပးမယ္ဆိုၿပီး စီစဥ္ထားတာ "

“ ဟင့္အင္း... မျပဳတ္နဲ႕ေတာ့ေမေမ.. သားကဘာမွမျဖစ္ဘူး။ ေမေမပဲ အားရွိေအာင္တစ္ခုခုဝယ္စား.. ေနာ္ "

“ ေအးပါကြယ္.. ေျပာမရရင္လည္း သားသေဘာပါ "

“ သားကိုစိတ္မပူပါနဲ႕ေမေမရဲ႕.. အခုေတာ့ သားေက်ာင္းသြားလိုက္ဦးမယ္ေနာ္ "

အိမ္အျပင္သို႔ေရာက္သည္ႏွင့္ နားၾကပ္ေလးတပ္ကာ ေလာကကိုမ်က္ကြယ္ျပဳခဲ့သည့္ ထိုေကာင္ေလး..။ ထိုေကာင္ေလးကိုပတ္ဝန္းက်င္မွ သတိထားမိေသာ္လည္း ေကာင္ေလးမွာမူ ‌ပတ္ဝန္းက်င္ကို သတိမရ..။ ‌နားေထာင္ေနသည့္သီခ်င္းျဖင့္ ‌စိတ္တို႔သည္ ေလဟာနယ္ထဲသို႔ ေရာက္ေနသေယာင္..။

‌‌အေတြးဟူ၍ ေရေရရာရာမရွိသည့္ထိုေကာင္ေလးသည္ သီခ်င္းတစ္ပုဒ္ျဖင့္ ေခါင္းစြပ္ပါသည့္အေႏြးထည္ကိုဝတ္ဆင္ကာ ကားဂိတ္တြင္မတ္တတ္ရပ္ေနခဲ့သည္။ ထိုေကာင္ေလးအား ကား‌ေမာင္းေနသည့္ ‌ဧကမာန္တစ္ေယာက္ ျမင္မိပါသည္။

ဟိုငဂ်စ္ေလးမဟုတ္လား.. ‌အေႏြးထည္ေတြဘာေတြနဲ႕ ဖ်ားေနတာမ်ားလား..။ ႏွာေခါင္းကလည္းရဲေနေသးတယ္။ လက္မွာလည္း တစ္သၽွဴးနဲ႕.. ေသခ်ာပါတယ္ သူဖ်ားေနတာပါ။

ခဏ.. ကား‌ေမာင္းရင္းျဖတ္သြားမိတဲ့ခဏေလးမွာ ငဂ်စ္ေလးရဲ႕မ်က္ႏွာကို အဲ့ဒီေလာက္ အေသးစိတ္သတိထားမိတာလား။ လူဆိုးေလးေတြကို ၾကည့္မရတဲ့ ဧကမာန္မဟုတ္ေတာ့သလိုပါလား။ ထားပါ.. သူဖ်ားေနတာ ငါနဲ႕မွမသက္ဆိုင္တာ.. ဘာကိစၥဂ႐ုစိုက္ရမွာတဲ့လဲ..။

မသက္ဆိုင္တာ.. ငါနဲ႕မသက္ဆိုင္တာေသခ်ာရဲ႕လား..။ မေန႕က ငဂ်စ္ကေလးငါ့ေၾကာင့္မိုးေရထဲမွာ ဗြက္ေတြစင္သြားေသးတယ္မဟုတ္လား။

ဟာ.. ဗြက္ေပ႐ုံနဲ႕ဖ်ားမွမဖ်ားႏိုင္တာ။ မိုးေရထဲမွာလမ္းေလၽွာက္တဲ့သူ႕အျပစ္ပါ..။

ဟုတ္ပါ့မလား။ ငါ့ကိုစိတ္တိုၿပီးမ်ား မိုးေရထဲအၾကာႀကီးရပ္ေနေလာက္မလား..။

မဟုတ္ဘူး ဧကမာန္.. အဲ့ဒီကေလးအေၾကာင္းမေတြးနဲ႔စမ္း။ သူ႔အေၾကာင္းေတြးမိတိုင္း ပုံမွန္မဟုတ္ေတာ့တဲ့ ငါ့စိတ္က ရယ္စရာသိပ္ေကာင္းတယ္။ တစ္ခ်ိန္တုန္းက ‌ဧကမာန္ဆိုတာ ဟန္ေဆာင္အၿပဳံးေတြနဲ႕ ေအးစက္စက္လူသားတစ္ေယာက္.. ဘယ္ေႏြးေထြးမႈေလးကိုမွ မလိုအပ္သလို ေပးလည္းမေပးႏိုင္တဲ့ လူသားပါ။ ဒီကေလးကိုမွ မေႏြးေထြးခ်င္စမ္းနဲ႕။ ယုတၱိမရွိလိုက္တာ..။

ယုတၱိတန္၏ မတန္၏.. ဒါကိုဘာနဲ႕တိုင္းတာမလဲ..။ ဝတၳဳေတြထဲကလို ဒိ႒ဓမၼေလာကရဲ႕ အျဖစ္အပ်က္ဆိုတာေတြရဲ႕စံႏႈန္းေတြနဲ႕တိုင္းတာမလား။ ဒါဆိုရင္ေတာ့ သိပ္ယုတၱိတန္ေလမလား..။ အခ်စ္နဲ႔ေတြ႕တိုင္း ေျပာင္းလဲတတ္ၾကတာ လူသားတိုင္းရဲ႕သဘာဝမို႔... ဧကမာန္.. မင္းရဲ႕ေျပာင္းလဲမႈေတြက အခ်စ္နဲ႔ပတ္သက္ၿပီး သိပ္ယုတၱိတန္ပါတယ္။ ဒါကို.. သူမသိေရာ့ေလသလား..။ လြယ္မေယာင္ႏွင့္ ခက္ပါဘိ..။

ဧကမာန္တစ္ေယာက္ မိမိတစ္ကိုယ္တည္း၏အတြင္းစိတ္အားၿပိဳင္မႈျဖင့္ ကားေမာင္းေနစဥ္ ေရေသာက္ခ်င္လာသည္ျဖစ္၍ လမ္းတြင္ေတြ႕သည့္ ABC storeေလးထံသို႔ ဝင္ခဲ့မိသည္။ မသိစိတ္အရ ေရာက္သြားမိသည္က ေရသန႔္ဘူးမ်ားထားသည့္ ေနရာသို႔္မဟုတ္.. ေဆးကတ္မ်ားထားသည့္ ေနရာတစ္ခု။ ကိုင္ထားမိသည္က ဒီကိုဂ်င္ေဆးကတ္..။ ေဘးမွ လူပိုတစ္ဦးပါလာလွ်င္ ဤသို႔ေမးေကာင္းေမးနိုင္မည္။

“ ဧကမာန္.. မင္းဖ်ားေနလို႔လား.. "

ကြၽန္ေတာ္ကလည္း ျပန္၍ေျဖနိုင္သည္။

“ မဟုတ္ဘူး.. "

ဤသို႔ေျဖလွ်င္လူပိုမွာ မိမိအားတစ္မ်ိဳးထင္ႏိုင္သည္။ လိုခ်င္သည္က တျခား.. ဝယ္မိသည္ကတျခားႏွင့္ စိတ္ဂေယာက္ဂယက္ႏိုင္ေနေသာ အ႐ူးဟူ၍သာ...။ မိမိအား အ႐ူးဟူ၍ထင္ျမင္ေနမည္ကို မိမိလက္မခံပါ...။ ထို႔ေၾကာင့္ ဝကၤဝုတၱိအလကၤာေျမာက္စြာ.. ဤသို႔သာ ေျဖလိုက္မည္။

“ ဧကမာန္.. မင္းေနမေကာင္းလို႔လား "

“ အင္း.. ေျပာင္းလဲမႈရဲ႕အစိတ္အပိုင္းေလး ေနမေကာင္းျဖစ္ေနလို႔ "

ဝယ္လာမိတဲ့ေဆးကတ္ေလးက အသုံးဝင္ပါ့မလား။ ရည္႐ြယ္သူကေရာ.. သတိထားမိပါ့မလား။

ဤသို႔.. တစ္ဖက္တြင္ စိတ္မခ်မႈျဖင့္ေနမေကာင္းျဖစ္ေနသူအား စိတ္ပူေနသကဲ့သို႔ က်န္တစ္ဖက္တြင္လည္း အားနာမႈျဖင့္ ေနမေကာင္းသူအား စိတ္ပူေနသူရွိေနသည္။

“ ငါ့ေၾကာင့္ပါ.. ငါေၾကာင့္ျဖစ္တာ "

“ ဘာကိုမင္းေၾကာင့္လဲ.. မင္းနဲ႔မဆိုင္ပါဘူးကြာ.. မိုးရာသီမွာ ထီးမပါဘဲေလၽွာက္သြားေနတာ ငါပါ "

“ မဟုတ္တာ.. မင္းသာငါ့အိမ္မွာ ခဏေလာက္ဆက္ေနခဲ့ရင္ အခုလိုျဖစ္မွာမဟုတ္ဘူး။ မင္းျပန္တာကိုမတားမိတဲ့ ငါ့အျပစ္ "

“ မဟုတ္ပါဘူးဆိုကြာ.. မင္းအျပစ္လည္းမဟုတ္သလို.. ငါ့အျပစ္လည္းမဟုတ္ဘူး..။ အဲ့ဒါ ငါတို႔ကိစၥကို တိုင္လိုက္တဲ့ ဟိုဘဲႀကီးအျပစ္..။ အဲ့ဒီဘဲႀကီးကကြာ.. တကယ္အျမင္ကပ္စရာေကာင္းတယ္။ မေန႕ကငါျပန္ေတာ့ လမ္းမွာ သူ႔ကိုေတြ႕ေသးတယ္။ ကားကို ပရမ္းပတာေမာင္းသြားတာကြာ ငါ့ကိုဗြက္ေတြေတာင္ စင္သြားေသးတယ္ "

“ ဦးမာန္လား... တမင္လုပ္တာေတာ့မဟုတ္ေလာက္ပါဘူး အလင္းရာ "

“ တမင္လုပ္တာမဟုတ္ရင္ အနည္းဆုံးေတာ့ အားနာမႈေလးနဲ႔ ေတာင္းပန္ရမွာေပါ့။ အခုက တမင္လုပ္တာမို႔လို႔ ကားကိုဆက္ေမာင္းသြားတာေလ "

“ ထားပါ.. သူ႔ကိစၥကိုခဏထား.. အရမ္းစိတ္တိုမေနနဲ႔ ေခါင္းကိုက္ေနမယ္ "

“ အခုလည္းကိုက္ေနတာပဲကို "

“ ေဆးေသာက္ထားလား "

“ No "

“ အဲ့ဒါဆို အခုေဆးေသာက္လိုက္ပါလား။ တစ္ခုခုစားလိုက္ေလ။ ငါမုန႔္သြားဝယ္ေပးမယ္။ ေဆးေရာ ပါရဲ႕လား "

“ ဟင့္အင္း "

“ ဟိတ္ေကာင္... အေပအေတ.. ေနမေကာင္းတာကို ေဆးလည္းမေသာက္ ေဆးလည္းမပါနဲ႔ မင္းဘယ္လိုေနေနလဲ "

“ အင္းေလ.. အေပအေတဘဝေရာက္ေနလို႔လည္း ေဆးေသာက္ၿပီးေခြေနတဲ့အထိ မႏုႏိုင္တာေပါ့ "

“ မင္းကလည္း ငါစိတ္မေကာင္းျဖစ္ေအာင္ေျပာျပန္ၿပီ။ အဲ့ဒီလိုေတြမေတြးနဲ႕.. ဒီေန႕အတန္းခ်ိန္နည္းတယ္။ မင္း.. ေစာေစာျပန္ၿပီးနားရမယ္ "

“ ေအးပါ "

လူပ်ိဳႀကီးနဲ႔ေနတာမ်ားသြားတဲ့ ကြၽန္ေတာ့္သူငယ္ခ်င္းကလည္း တျဖည္းျဖည္းနဲ႔ လူပ်ိဳႀကီးေပါက္စျဖစ္လာၿပီ။ အခုပဲၾကည့္ ပြစိပြစိနဲ႔..။ ဒါေပမဲ့ ကြၽန္ေတာ္အရမ္းခင္ရတဲ့ တစ္ဦးတည္းေသာသူငယ္ခ်င္း‌ေလးမို႔.. ဘယ္ေလာက္ပြားပြား အျပစ္မျမင္ႏိုင္ဘူးေလ။

စာသင္ခ်ိန္မ်ားအၿပီး၌ အိမ္ျပန္ေသာအခါ busတိုးမစီးခ်င္ဟုဆိုေသာ သူေဌးသားေမာင္‌ေသြးသစ္ဦးေၾကာင့္ အလင္းဖြဲ႕ပါ Taxiေပၚသို႔ေရာက္လာရသည္။ ဤသည္ကိုအခြင့္ေကာင္းယူကာ ကားေပၚတြင္ အိပ္ေပ်ာ္သြားသည့္ အလင္းဖြဲ႕အား ေသြးသစ္ဦးတစ္ေယာက္ သူ၏အိမ္သို႔ ေခၚလာခဲ့သည္။

“ ေသြးသစ္.. မေန႔ကမွ ဦးခန႔္ကငါတို႔ကို‌မေတြ႕ဖို႔ေျပာထားတာေလ..။ ဘာကိစၥနဲ႔ အခုငါ့ကို ေခၚလာရျပန္တာလဲ "

“ ေနမေကာင္းတဲ့ ငါ့သူငယ္ခ်င္းကို ငါကတစ္ေယာက္တည္း အိမ္ျပန္လႊတ္မယ္ထင္ေနလား "

“ အဲ့ဒါဆိုလည္း ငါ့ကိုအိမ္ျပန္ပို႔ရင္း မင္းပါ ငါ့အိမ္ကိုလိုက္ခဲ့ေလကြာ "

“ မလိုက္ပါဘူး။ မင္းကိုအိမ္ျပန္ပို႔ရင္ေရာ.. မင္းဖ်ားတာ သက္သာမွာလား။ အေမ့ကိုအားနာ အစ္မကိုအားနာနဲ႔.. မင္းအိမ္ကလူေတြကို ဘာမွလုပ္ခိုင္းမွာမဟုတ္ဘူးဆိုတာ ငါသိေနတယ္။ အဲ့ဒါေၾကာင့္ မင္းကိုငါျပဳစုမယ္ "

“ ဒါေပမဲ့ကြာ.. မင္းဦးေလးက ငါ့ကိုအျမင္မွမၾကည္တာ "

“ ေနမေကာင္းတဲ့လူကို ႏွင္လႊတ္တဲ့အထိ ဦးခန႔္ကလူမႈေရးမေခါင္းပါးပါဘူး။ မင္းကိုအဲ့ဒီေန႔ကေျပာလိုက္တာကလည္း ေစတနာေဒါသနဲ႔ပါ "

“ ဒါေပမဲ့... "

“ ဒါေပမဲ့ေနတာေတြေတာ္လိုက္ေတာ့။ အိမ္ထဲကိုအရင္ႂကြ.. လာစမ္းပါကြာ "

ေနမေကာင္းတဲ့အခ်ိန္ အႏိုင္က်င့္တာမ်ိဳးလား။ အားနည္းေနတဲ့သူကို သူ႔အားႀကီးနဲ႔ ေဆာင့္ဆြဲလိုက္တာမ်ား လဲပါက်ေတာ့မလိုပဲ။ ေမာင္ေခၚရာေနာက္ လိုက္ခဲ့ပါ ဆိုတဲ့အထိ ကဗ်ာမဆန္ရင္ေတာင္.. ဆရာဝန္ေခၚရာေနာက္ လူနာလိုက္ခဲ့ပါ ဆိုသလို နည္းနည္းေလး ညွာတာပါေတာ့လား။

ညွာတာေလျခင္းမရွိသည့္ ကံၾကမၼာသည္ ၿခံထဲတြင္ ဓားကိုင္၍ ေစာင့္ေနသေယာင္။ ျမင္ေတြ႕လိုက္ရသည္က ဦးဧကမာန္၏ကား။

“ ေတာ္ၿပီ.. ငါျပန္မယ္ "

“ ေတာ္ တိတ္.. လိုက္ဆို လိုက္ခဲ့ "

ေတြ႕ပါၿပီ ဧည့္ခန္းထဲမွာ တစ္ေလာကလုံးသူ႔လုပ္စာ ထိုင္စားေနတဲ့မ်က္ႏွာနဲ႔ အလုပ္ရႈပ္ေနတဲ့ လူႀကီးတစ္ေယာက္။

“ ဘာျဖစ္လာတာလဲ "

“ ဒီေကာင္ေနမေကာင္းလို႔ ျပဳစုဖို႔ေခၚလာတာ "

“ မင္းတို႔ကိုမေတြ႕ဖို႔ ခန႔္ထည္ေျပာထားတာ မေန႔ကပဲမဟုတ္လား "

ေတြ႕လား။ ဓားကိုင္ၿပီးေစာင့္ေနတဲ့ ကံၾကမၼာပါလို႔။ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္း ဆိုတာဒါမ်ိဳး။

“ ႏွင္မေနပါနဲ႕။ ျပန္မွာပါ "

“ ငဂ်စ္.. မင္းကိုျပန္ခိုင္းေနလို႔လား "

“ အလင္းဖြဲ႕ဗ်.. "

“ ေလာကမွာ ငါ့ကိုဂ်စ္တိုက္တာ မင္းပဲရွိတယ္။ ျပန္ခံမေျပာနဲ႕.. လာ.. ထိုင္ေန "

“ ခင္ဗ်ားေျပာတိုင္းလုပ္စရာလား "

ရန္ပြဲစေနသည့္ ထိုသူႏွစ္ဦး၏အၾကား ေသြးသစ္ဦး မဝင္၍မျဖစ္ေတာ့ေပ။

“ ထိုင္ေနလိုက္ပါကြာ.. ငါမင္းစားဖို႔ တစ္ခုခုလုပ္ေပးမယ္ "

“ ငါ့သူငယ္ခ်င္းအိမ္ေလးကို ျပာက်ေအာင္ လုပ္ေတာ့မလို႔လား ေသြးသစ္ဦး "

“ ဦးမာန္ကလည္း "

“ မင္းလုပ္တတ္တာ ဘာရွိလဲ။ မင္းပါထိုင္ေန "

ထမင္းစားခန္းထဲသို႔ ဝင္သြားသည့္ ဧကမာန္၏မ်က္ႏွာသည္ ပုံမွန္အတိုင္းသာ.. တည္ၾကည္ေနဆဲ..။

ဘယ္သူသိမွာတဲ့လဲ အားနာစိတ္ေလးနဲ႕ ျမန္သေယာင္ျဖစ္ေနတဲ့ ရင္ခုန္သံေလးကို။

ေခတၱမၽွၾကာေသာအခါ ေခါက္ဆြဲျပဳတ္ပန္းကန္ကိုင္၍ ျပန္ထြက္လာေသာသူ..။

“ စားလိုက္.. မေန႔ကကိစၥအတြက္ ေတာင္းပန္တဲ့အေနနဲ႔ "

ဘာရယ္.. နားၾကားမွားသလား။ သူကေတာင္းပန္တတ္တာလား။

“ မင္းငါ့ကိုမုန္းေနတယ္ဟုတ္..။ ဆက္မုန္းဖို႔ ခြန္အားေလးေတာ့လိုမွာေပါ့။ အဲ့ဒါေၾကာင့္ မင္းဒါေလးကိုစားသင့္တယ္ "

ထိုစကားအဆုံး၌ ေခါက္ဆြဲျပဳတ္ကိုလွမ္းယူလိုက္ေသာ သူ...။

တကယ့္ကေလးပဲ။ ကေလးေတြလို မင္းငါ့ကိုခ်စ္ရင္ စားလိုက္ဆိုတဲ့ပုံစံမ်ိဳး။ ဒါေပမဲ့ လူႀကီးျဖစ္ေနတဲ့ကြၽန္ေတာ္နဲ႔ ကေလးျဖစ္ေနတဲ့သူ႔အၾကား အခ်စ္နဲ႔ အမုန္းဆိုတဲ့ စကားေလးေတာ့ ကြာေနသား။

“ မင္းစားႏွင့္.. ငါေဆးသြားယူလိုက္မယ္ေနာ္ "

“ ‌ယူမေနနဲ႔။ မင္းရဲ႕ေမ့တတ္ပုံနဲ႔ ေဆးကိုဘယ္နားထားမွန္းမွတ္မိရဲ႕လား "

“ အဲ့ဒါေတာ့  မွတ္မိပါတယ္ "

“ လၽွာမရွည္နဲ႔ ဟိုမွာေဆးကတ္ခ်ထားတယ္။ တိုက္လိုက္ "

မဟုတ္ေသးပါဘူး။ ဂ႐ုစိုက္ဖို႔ေခၚလာတာက ငါပါ။ ဘာကိစၥဦးမာန္က ဂ႐ုစိုက္ေနရတာတဲ့လဲ။ နည္းနည္းမ်ားလြဲေနသလား။ ျမင္ေနက်မဟုတ္တဲ့ ဦးမာန္ရဲ႕ပုံရိပ္ေတြက ဒီေန႔မွေႏြးေထြးေနသလိုပါလား။

..........
HanMuYarThway
.........

ေသြးသစ္တစ္ေယာက္ အေတြးမ်ားႏွင့္အတူ ဧကမာန္ကို မသိမသာၾကည့္မိေလရာ ဧကမာန္အၾကည့္တို႔၏လားရာသည္ ေခါက္ဆြဲျပဳတ္စားေနေသာ အလင္းဖြဲ႕ဆီသို႔ မေရာက္တေရာက္အေနအထား။
ရုတ္တရက္ အနည္းငယ္လႈပ္ရွားသြားေသာ ဧကမာန္၏မ်က္ႏွာႂကြက္သားမ်ားက အဓိပၸါယ္ဖြင့္ဆိုၾကသည္မွာ အျပံဳးဟူ၍။

'ဘုရားေရ၊ အလင္းကိုၾကည့္ၿပီး ဦးမာန္ျပံဳးလိုက္သလား။'

စိတ္ထဲမွအေတြးေၾကာင့္ ေသြးသစ္၏အၾကည့္တို႔က အလင္းဖြဲ႕ဆီသို႔ အလ်င္အျမန္ေရြ႕လ်ားသြားသည္။ ေခါက္ဆြဲျပဳတ္ႏွင့္တစ္ကမ႓ာတည္ေနေသာ အလင္းဖြဲ႕တြင္လည္း ျပံဳးခ်င္စရာအမူအရာလုပ္ေနပံု မေတြ႕ရပါဘဲ ဧကမာန္ဟူသည့္ ေသြးေအးလူသားက ျပံဳးလိုက္သည္မွာ အေျဖေပၚၿပီးသား ပေဟဠိတစ္ပုဒ္ႏွင့္ပင္ တူေနေသးေတာ့သည္။

"အလင္း၊ ျဖည္းျဖည္းစားပါကြ။ ေခါက္ဆြဲျပဳတ္ဆိုေပမဲ့လည္း နည္းနည္းေတာ့ဝါးစားဦးမွေပါ့"

"ျဖည္းျဖည္းပဲစားတာပါ"

"ငါ ေသခ်ာႏူးအိေနေအာင္ ျပဳတ္ေပးထားတာ။ အစာမေၾကစရာမရွိဘူး"

"ဗ်ာ ... ဟုတ္၊ ဟုတ္ကဲ့ ဦးမာန္"

'ပါျပန္ၿပီ၊ ပါျပန္ပါၿပီ။ ထူးကိုထူးဆန္းေနတာေတာ့ အမွန္ပဲ။ အဲ ... ဦးခန္႔က ဘယ္ေရာက္ေနတာလဲ။'

"ဦးခန္႔ ဘယ္သြားတာလဲ။ အသံလည္းမၾကားဘူး"

"လာလိမ့္မယ္။ သူက ေရွ႕ေနနဲ႔စကားေျပာစရာရွိလို႔ ငါအရင္ထြက္လာလိုက္တာ"

အရင္ထြက္လာလိုက္တာ မွန္သြားတယ္ပဲေျပာရမယ္။ ဖ်ားေနတဲ့ေကာင္ေလးက အိမ္ထဲဝင္လာတာေတြ႕ေတာ့ စားပြဲအစြန္နားမွာခ်ထားမိတဲ့ ေဆးကတ္ကို လွမ္းၾကည့္လိုက္မိပါေသးသည္။ သည္ေဆးကတ္ကို သံုးျဖစ္ရပါဦးမည္။
ငဂ်စ္ေလးက ေခါက္ဆြဲျပဳတ္ကိုလည္း ရန္သူလိုပင္သေဘာထားသည္လားမသိ၊ ေဆာင့္ႀကီးေအာင့္ႀကီးႏွင့္ အတင္းမ်ိဳခ်ေနသည္က စိတ္ေကာက္ေနသည့္ကေလးကဲ့သို႔ပင္။ ႏူးအိေနသည္အထိျပဳတ္လိုက္မိ၍သာ ေတာ္ေတာ့သည္။ ေသြးသစ္ေျပာသည္ကိုေတာင္ အဖက္မလုပ္ဘဲ စားေနသည့္ပံုစံက သီးကုန္မွျဖင့္ ခက္ရခ်ည္ရဲ႕။

"အဟြတ္ ... ဟြတ္ ..."

"ဘယ္လိုစားေနတာလဲ။ ျဖည္းျဖည္းစားေလကြာ"

"အလင္း၊ ေရ ... ေရေသာက္လိုက္။ ေရာ့ ... ေရာ့"

ေသြးသစ္က ေရသန္႔ဘူးအဖံုးဖြင့္ေပးသည္ေၾကာင့္ အလင္းဖြဲ႕ ယူေသာက္လိုက္ၿပီး ဧကမာန္၏ ဘယ္လိုစားေနတာလဲဆိုသည့္ေမးခြန္းကို ျပန္ေျဖရန္အားယူလိုက္ေသာ္လည္း

"မင္းတို႔က ေက်ာင္းမတက္ၾကျပန္ဘူးလား"

"ဦးခန္႔၊ ကၽြန္ေတာ္တို႔ အတန္းခ်ိန္ေစာၿပီးလို႔ အလင္းလည္းေနမေကာင္းတာနဲ႔ ျပန္လာလိုက္တာပါ"

အလင္းဖြဲ႕မ်က္ႏွာသည္က အမွန္တကယ္ပင္ လူမမာ႐ုပ္ထြက္ေနသည္မို႔

"အဲဒါနဲ႔ ေခၚလာတယ္ေပါ့"

"ကၽြန္ေတာ္ျပန္ေတာ့မွာပါ ဦးခန္႔"

ကုန္ခါနီးေခါက္ဆြဲျပဳတ္ပန္းကန္ႏွင့္ အလင္းဖြဲ႕ေရွ႕မွေဆးကတ္ကို ခန္႔ထည္တစ္ခ်က္ၾကည့္လိုက္ၿပီး

"ေနပါ မင္းတို႔ဘာသာ။ စားၿပီးရင္ ေဆးေသာက္ၿပီး အခန္းထဲသြားနားၾက။ ငါတို႔အလုပ္ရွိေသးတယ္"

"ဟုတ္"

ကုန္သြားသည့္ပန္ကန္းအလြတ္ကို ေသြးသစ္ဦးကဆြဲယူလိုက္ၿပီး ေဆးကတ္ကို အလင္းဖြဲ႕လက္ထဲထည့္ကာ ေနာက္ေဖးဘက္ထထြက္သြားေလေတာ့ ေဆးကတ္ႏွင့္ေရသန္႔ဘူးကိုင္၍ အလင္းဖြဲ႕ထလိုက္သြားသည္။

"ဧက"

"ဟင္"

"မင္းက ဘာေတြလိုက္ၾကည့္ေနတာလဲ"

"ဘာျဖစ္လို႔လဲ"

"မသိဘူးေလ၊ ဘာမ်ားျဖစ္တာလဲလို႔"

"မျဖစ္ပါဘူး"

"အင္း၊ ငါေျပာမလို႔။ ဟိုဘက္က သူတို႔ဒီဇိုင္းကို အျပတ္ေရာင္းဖို႔အေရး ေဈးကိုင္ေနတယ္"

"အျပတ္မေရာင္းဘဲ ဒီဇိုင္းကိုယူသံုးတိုင္း သူတို႔ဆီေငြဝင္ေနေအာင္ လုပ္ခ်င္ေနတာေလ"

"အျပတ္ေရာင္းဖို႔ကမ္းလွမ္းတဲ့ Amount ကိုလည္း သူတို႔မျငင္းႏိုင္ဘဲနဲ႔ ရစ္ေနတာကြာ။ ေရွ႕ေနကေတာ့ သူေသခ်ာညႇိႏႈိင္းၿပီး အျမန္ဆံုးစာခ်ဳပ္ခ်ဳပ္ႏိုင္ေအာင္ လုပ္ေပးပါ့မယ္တဲ့"

"ၾကာၾကာမမူႏိုင္ပါဘူးကြာ"

"ေအးပါ။ အဲ ... မင္းအက်ႌလက္က ဆီေပထားတာလား။ ကေလးလားကြာ"

တေတာင္ဆစ္ေအာက္နားအထိ ဆြဲတင္ထားေသာ ဧကမာန္၏ ရွပ္လက္ရွည္အနားစြန္းတြင္ ဆီကြက္တစ္ကြက္က အထင္းသား။

"အာ ... ခုနက ... အင္း၊ ေပသြားတာမသိလိုက္လို႔။ သြားေဆးလိုက္ဦးမယ္"

"ခုနက? ခုနက ဟိုကေလးစားတဲ့ေခါက္ဆြဲျပဳတ္ ..."

"ဖယ္ကြာ၊ သြားေဆးမလို႔။ မင္းေျခေထာက္ကို တက္နင္းသြားရမွာလား"

ခန္႔ထည္ကို အတင္းတြန္းတိုက္၍ထြက္သြားသည့္ ဧကမာန္ေၾကာင့္

"ဘာလဲ၊ ငါဘာေတြေတြးမိတာပါလိမ့္"

ခန္႔ထည္ ေခါင္းတစ္ခ်က္ရမ္းၿပီးသာ အလုပ္ဆီသို႔ အာ႐ံုပို႔ထားလိုက္ေတာ့သည္။
တစ္နာရီခန္႔ၾကာၿပီးေနာက္ ေရခ်ိဳးအဝတ္လဲထားေသာပံုစံႏွင့္ ေသြးသစ္ဦး ခန္႔ထည္နားေရာက္လာၿပီး

"ဦးခန္႔ ညေနစာလုပ္မလို႔ လမ္းထိပ္က Mart မွာ ဝယ္စရာေလးသြားဝယ္မလို႔"

"အင္း၊ မင္းခ်က္မလို႔လား"

"ဟုတ္၊ အလင္းအတြက္လည္း ဆန္ျပဳတ္ေလးျပဳတ္ေပးမလို႔ေလ။ အျပင္စာမေကၽြးခ်င္လို႔။ အခုေတာ့ အိပ္ေပ်ာ္ေနတယ္"

ေနာက္ဆံုးတစ္ခြန္းကိုေတာ့ ဧကမာန္ကိုၾကည့္ရင္း ေျပာျဖစ္လိုက္သည္။ Laptop ဆီအာ႐ံုပို႔ထားပံုရေသာ ဧကမာန္က ဘာအမူအရာမွေျပာင္းမသြား။

"ေရာ့"

ခန္႔ထည္ထုတ္ေပးေသာကတ္ကိုယူ၍ ေသြးသစ္ဦးထြက္လာခဲ့သည္။

'အခုက်ေတာ့လည္း ဘာမွမထူးျခားပါဘူး။ ခုနက သူျပံဳးလိုက္တာေသခ်ာပါတယ္။ ငါ အျမင္မွားတာမ်ားလား။'

ေသြးသစ္တစ္ေယာက္ အေတြးေတြခဏရပ္ၿပီး ေဈးဝယ္ရမည့္စာရင္းကိုသာ စိတ္ထဲစီစဥ္ေနလိုက္ေတာ့သည္။

▪︎

"ဦးခန္႔၊ ထမင္းပြဲျပင္ထားၿပီးၿပီ။ ကၽြန္ေတာ္ အလင္းကိုသြားႏႈိးလိုက္ဦးမယ္"

"ေအး ေအး"

ေခၽြးေတြစိုကာႏိုးလာသည့္ အလင္းဖြဲ႕ အဝတ္အစားေတြလဲကာဆင္းလာခ်ိန္ ခန္႔ထည္ႏွင့္ဧကမာန္တို႔ ထမင္းစားပြဲတြင္ေရာက္ေနၾကေလၿပီ။

"ဆန္ျပဳတ္ကို ဘာစပ္စုေနတာလဲ ဧက"

"ဘာမွမဟုတ္ပါဘူး။ ေသြးသစ္လက္ရာဆို ငါလန္႔လို႔"

"ေအး၊ နည္းနည္းစီ အရင္ျမည္းၾကည့္ရမယ္"

ေသြးသစ္တို႔ ေအာက္ထပ္ေရာက္လာၾကသည္ကို မသိေသးဘဲ ထမင္းစားခန္းထဲတြင္ ေျပာခ်င္ရာေျပာေနသည့္ သူငယ္ခ်င္းႏွစ္ေယာက္ေၾကာင့္ ေသြးသစ္ရယ္မိသည္။ ေျပာခ်င္စရာေကာင္းေအာင္ပင္ ေသြးသစ္ဦးတို႔က လက္စြမ္းထက္လွေပသည္။
ဟင္းတစ္တံုးခပ္ႏိုင္ဖို႔အေရး ဆီပင္လယ္ထဲ လက္ပစ္ကူးရႏိုင္သကဲ့သို႔ ေသြးတိုးေရာဂါရွိသူအဖို႔ ေခါက္ခနဲလဲေအာင္လုပ္ႏိုင္စြမ္းလည္း ရွိေနတတ္သည္။
အေပၚယံမက်က္တက်က္ၾကက္ဥသည္ ေအာက္တစ္ျခမ္းအေမွာင္က်ေနႏိုင္ၿပီး အစိမ္းေၾကာ္သည္လည္း ပါဝင္ပစၥည္းမ်ားမသဲကြဲသည္အထိ ႏူးအိေပ်ာ့ေျပာင္းေနတတ္ေသးသည္။

"ဦးမာန္ကလည္း ကၽြန္ေတာ့္လက္ရာ အရင္ေလာက္မဆိုးေတာ့ပါဘူး"

"မင္းဟာေလးကို အျပင္စာမေကၽြးခ်င္ဘူးေျပာလို႔ မင္းလက္ရာကို ႀကိတ္မွိတ္ယံုေပးလိုက္တာေနာ္။ ငါ့သူငယ္ခ်င္းေတာ့ မင္းနဲ႔ ဘယ္လိုေတြႏွစ္ပါးသြားတယ္မသိ။ သနားစရာပဲ"

စားပြဲတြင္ဝင္ထိုင္လိုက္ၾကၿပီး ဧကမာန္စကားေၾကာင့္ အလင္းဖြဲ႕က ေမာ့ၾကည့္လာသည္။ သူ႔ေၾကာင့္ ေသြးသစ္လက္ရာကို မစားခ်င္ဘဲစားရသည္ဟု ဧကမာန္ ေျပာလိုက္သည္မဟုတ္ပါလား။ ေသြးသစ္ကေတာ့ ရယ္ေနသည္မို႔ အလင္းဖြဲ႕ ဘာမွေျပာမေနေတာ့ပါ။ ဖ်ားေန၍ ၿငိမ္ၿငိမ္ေလးသာေနခ်င္သည္လည္း ပါသည္။ ပံုမွန္ဆိုလၽွင္ ျပန္ေျပာမိေနဦးမည္။
ယခုေတာ့ ေရွ႕ကဆန္ျပဳတ္ပန္းကန္ကိုသာ ေမႊေနလိုက္ေတာ့သည္။

"အလင္း၊ မင္းအဆင္ေျပလား"

"ပါးစပ္ေတြခါးေနလို႔ပါ၊ ရပါတယ္"

"ခါးလည္း ဆန္ျပဳတ္ေလးေတာ့ ဝင္ေအာင္ေသာက္လိုက္"

"အင္းပါ"

ဆန္ျပဳတ္တစ္ဝက္ကုန္ၿပီးေနာက္

"ငါ ဆက္ေသာက္လို႔မရေတာ့ဘူး"

မအီမလည္မ်က္ႏွာေပးေၾကာင့္ ေသြးသစ္စိတ္ပူသြားမိသည္။

"အဲဒါဆို ဘာစားခ်င္လဲ"

အလင္းဖြဲ႕ ေခါင္းခါျပၿပီးမွ မီးဖိုခန္းမွေဘစင္ဆီသို႔ ထေျပးျပန္သည္။ ေသြးသစ္ပါလိုက္သြားၿပီး ခဏၾကာေသာအခါ

"ဦးခန္႔ စားၿပီးရင္ ေဘစင္ထဲသာထည့္ထားလိုက္ေနာ္။ သူ႔ကို အဝတ္အစားလဲဖို႔ လုပ္ေပးလိုက္ဦးမယ္။ ေခၽြးေတြအရမ္းထြက္လာလို႔"

"ေအး၊ ငါ ပန္းကန္ေတြေဆးလိုက္မယ္"

▪︎

"မင္းတူက ဆင္းမလာပါလား"

"ဘာလို႔လဲ။ ဟိုကေလးနားေနေပးေနတာ ျဖစ္မွာေပါ့"

"ငါျပန္ေတာ့မယ္ေလ"

"အင္း၊ ျပန္ေလ"

"အဲဒီကေလးကို ေဆးခန္းဝင္ပို႔ေပးခဲ့မလားလို႔"

"ေအး၊ ေကာင္းသားပဲ။ ၿပီးရင္ အိမ္အထိလိုက္ပို႔ေပးလိုက္ပါကြာ။ အစားပါမဝင္ေအာင္ဖ်ားေနတာ အဆင္မေျပဘူး"

"အင္း၊ အဲဒီလိုေျပာခ်င္တာပဲ"

"ငါေခၚလိုက္မယ္။ ေသြးသစ္ေရ၊ ေသြးသစ္၊ ခဏဆင္းခဲ့ဦး"

"ဟုတ္၊ လာၿပီ"

"အလင္းဖြဲ႕ ဘယ္လိုေနလဲ"

"ေခၽြးထြက္ေတာ့ ကိုယ္ပူနည္းနည္းေလ်ာ့သြားၿပီ ဦးခန္႔"

"အေႏြးထည္ဝတ္ေပးၿပီး ေခၚခဲ့လိုက္။ ငါျပန္ရင္းနဲ႔ ေဆးခန္းျပေပးၿပီး အိမ္လိုက္ပို႔လိုက္မယ္"

"ဗ်ာ"

ဝင္ေျပာလိုက္သည့္ ဧကမာန္၏အစီအစဥ္ေၾကာင့္ ေသြးသစ္တစ္ေယာက္ ေခတၱဆြံ႕အသြားသည္။

'ဦးမာန္က အလင္းကို ေဆးခန္းျပဖို႔ေခၚသြားေပးမယ္တဲ့။'

"ေသြးသစ္၊ ဘာျဖစ္ေနတာလဲ။ ေခၚေပးလိုက္ေလ ဟိုကေလးကို။ ေဆးခန္းျပမယ့္အခ်ိန္နဲ႔၊ အိမ္ျပန္ပို႔ဖို႔နဲ႔၊ အရမ္းေနာက္က်ရင္မေကာင္းဘူး"

"ဟုတ္ ... ဟုတ္ကဲ့ ဦးခန္႔"

ဧကမာန္စီစဥ္သည္ကို အလင္းဖြဲ႕မျငင္းႏိုင္ပါ။ ေတာ္ေတာ္ေလးေနရခက္သည္က ေဆးခန္းျပမွသာ အဆင္ေျပလိမ့္မည္။ ဧကမာန္ေမာင္းသည့္ကားေပၚ သူ႔ေဘးတြင္ ၿငိမ္ၿငိမ္ေလးပါလာသည့္ေကာင္ေလးက သူျမင္ေနက်ငဂ်စ္ေလး မဟုတ္ေတာ့သည့္အလား။ အဲဒီေလာက္အထိကို ဖ်ားေနခဲ့သည္လား။

အဖ်ား ၁၀၂၊ ေဆးထိုးေပးၿပီး ေသာက္ေဆးေတြကို ေကာင္တာတြင္ ဧကမာန္သြားထုတ္ခ်ိန္ ထိုင္ခံုတြင္ထိုင္ေစာင့္ေနသည့္အလင္းက မ်က္စိမပြင့္ခ်င္။

"အိပ္ခ်င္ေနတာလား။ ကားေပၚေရာက္မွအိပ္။ ျပန္ၾကမယ္"

ကားေပၚေရာက္ေတာ့ အလင္းဖြဲ႕အိပ္ေပ်ာ္သြားၿပီး ဧကမာန္က လိပ္စာအတိုင္းကားေမာင္းလာခဲ့သည္။

"အလင္းဖြဲ႕၊ အလင္းဖြဲ႕။ ထဦးကြ၊ လမ္းထဲေရာက္ၿပီ။ အိမ္နံပါတ္ေတြက အိမ္တိုင္းမတပ္ထားလို႔ မင္းအိမ္ကိုမရွာတတ္ဘူး"

"ဟင္ ... ေရာက္ၿပီလား။ အာ ... ေက်ာ္ခဲ့ၿပီ။ ကားေကြ႕ဖို႔မလြယ္ဘူး၊ လမ္းဆင္းေလၽွာက္လိုက္မယ္။ ကားကို ေရွ႕ဆက္ေမာင္းသြားလိုက္ၿပီး ပတ္ထြက္လိုက္ေလ"

အလင္းဖြဲ႕ ကားေပၚမွဆင္းရန္ျပင္ေသာ္လည္း ကားကေနာက္ျပန္ဆုတ္ေန၍

"အိမ္ကမေဝး ..."

"ဘယ္အိမ္လဲပဲေျပာ"

ဒီလူေတာ့ သူ႔စိတ္ခ်ည္းပဲ။

"ရၿပီ၊ အဲဒီမွာ"

"ျခံတံခါးနီညိဳေရာင္နဲ႔လား"

"ဟုတ္"

"ေဆးေတြက ဘယ္အခ်ိန္ေသာက္ရမလဲဆိုတာ ေရးထားတယ္"

"ေက်းဇူးတင္ပါတယ္"

"မလိုပါဘူး။ မေန႔ကအေႂကြးကို ျပန္ဆပ္တာ။ ငါသြားေတာ့မယ္။ အစာစားၿပီးမွ ေဆးေသာက္"

'ဟား ... မေန႔ကအေႂကြးျပန္ဆပ္တာတဲ့။ ေက်းဇူးတင္မိတာကို ငါမွားတာ။ က်ဳပ္ကလည္း ေျပာသင့္တယ္ထင္လို႔ေျပာတာပါ။ ခင္ဗ်ားကို မဟားတရားေတြ ေက်းဇူးတင္လြန္းလို႔ေတာ့ ထင္မေနနဲ႔။ အလကားေန ဘဝင္ေလဟပ္ၿပီး အကုန္လံုးကို အထက္စီးကေနပဲေျပာေနတဲ့လူ။ ေတာ္ၿပီ၊ ေတြးလိုက္ရင္ အဖ်ားပိုတက္ခ်င္တယ္။'

.

အစာစားၿပီးမွေဆးေသာက္တဲ့လား။ ငါ ဘာေတြသြားေျပာမိတာလဲ။ အပိုေတြလုပ္မိေနတာပဲ။ မဟုတ္ဘူး၊ မေန႔ကကိစၥေၾကာင့္မ်ား ဖ်ားတာလားလို႔ ငါေဆးခန္းလိုက္ပို႔တာပဲကို။ အခု ဘာမွအားနာေနစရာမလိုေတာ့ဘူး။ ငါအေႂကြးဆပ္ၿပီးၿပီပဲ။ သင္းေလးအေၾကာင္း ေတြးေနစရာမရွိေတာ့ဘူး။

■■■
Demon
■■■■■ အပိုင္း (၆) ဆက္ရန္ ■■■■■

မနေ့က ရေအိုင်လေးတွေကိုအပြစ်ပေးမိတဲ့ ကျွန်တော့်ကို မိုးစက်လေး‌တွေကပြန်ပြီးအပြစ်ပေးတယ်။ ပေးပုံကတော့ သိပ်မထူးဆန်းပါဘူး... အအေးမိပြီးဖျားတယ်ဆိုပါတော့။ ဖျားနေတယ်ဆိုတိုင်း သူများလို အိပ်ရာထဲမှာခွေနေလို့မှမရပဲ..။ ကျောင်းကရှိသေးတယ်လေ။ ပျက်ကွက်တာတွေ သိပ်များခဲ့ပြီမဟုတ်လား။ ဆက်ပြီးသာပျက်ရင်တော့ တိုင်စာသဝဏ်လွှာက အိမ်တော်ကိုရောက်လာတော့မယ်။ ကျွန်တော်က မိသားစုကိုပျော်ရွှင်အောင် မထားနိုင်ရင်တောင်မှ စိတ်ဆင်းရဲစေတာမျိုးတော့ မဖြစ်စေချင်တာ အမှန်ပါ။ ချစ်သောကတ်ကလေးတွေဆော့တာကိုတော့ ချွင်းချက်ပေါ့လေ။ ဆိုတော့ကာ... ‌‌ဖျားနေရင်တောင် ကျောင်းကိုတော့ သွားရဦးမှာပေါ့။ ဒါနဲ့ပဲ အနွေး‌ထည်လေးတစ်ထည်ကို ကောက်ဆွဲပြီး အပြင်ထွက်လာခဲ့တယ်။

“ သားလေး.. နေမကောင်းဘူးဆို.. ကျောင်းမသွားပါနဲ့လား "

“ အရမ်းကြီးဖျားနေတာမှ မဟုတ်ဘဲ.. ကိုယ်ပူရုံ ခေါင်းကိုက်ရုံပါမေမေရယ်။ ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ် "

ဒီလောက်လေးဖျားတာကိုတော့ သားခံနိုင်ရည်ရှိပါတယ်မေမေ။ မိုးကျရွှေကိုယ်မှမဟုတ်တော့ပဲ။ အရင်လိုမိဘကိုချွဲနေဖို့ အဆင်မပြေတော့ဘူးလေ။

“ သားကဖျားနေတယ်ဆိုလို့ မေမေက ကြက်သားဆန်ပြုတ်လေးပြုတ်ပေးမယ်ဆိုပြီး စီစဉ်ထားတာ "

“ ဟင့်အင်း... မပြုတ်နဲ့တော့မေမေ.. သားကဘာမှမဖြစ်ဘူး။ မေမေပဲ အားရှိအောင်တစ်ခုခုဝယ်စား.. နော် "

“ အေးပါကွယ်.. ပြောမရရင်လည်း သားသဘောပါ "

“ သားကိုစိတ်မပူပါနဲ့မေမေရဲ့.. အခုတော့ သားကျောင်းသွားလိုက်ဦးမယ်နော် "

အိမ်အပြင်သို့ရောက်သည်နှင့် နားကြပ်လေးတပ်ကာ လောကကိုမျက်ကွယ်ပြုခဲ့သည့် ထိုကောင်လေး..။ ထိုကောင်လေးကိုပတ်ဝန်းကျင်မှ သတိထားမိသော်လည်း ကောင်လေးမှာမူ ‌ပတ်ဝန်းကျင်ကို သတိမရ..။ ‌နားထောင်နေသည့်သီချင်းဖြင့် ‌စိတ်တို့သည် လေဟာနယ်ထဲသို့ ရောက်နေသယောင်..။

‌‌အတွေးဟူ၍ ရေရေရာရာမရှိသည့်ထိုကောင်လေးသည် သီချင်းတစ်ပုဒ်ဖြင့် ခေါင်းစွပ်ပါသည့်အနွေးထည်ကိုဝတ်ဆင်ကာ ကားဂိတ်တွင်မတ်တတ်ရပ်နေခဲ့သည်။ ထိုကောင်လေးအား ကား‌မောင်းနေသည့် ‌ဧကမာန်တစ်ယောက် မြင်မိပါသည်။

ဟိုငဂျစ်လေးမဟုတ်လား.. ‌အနွေးထည်တွေဘာတွေနဲ့ ဖျားနေတာများလား..။ နှာခေါင်းကလည်းရဲနေသေးတယ်။ လက်မှာလည်း တစ်သျှူးနဲ့.. သေချာပါတယ် သူဖျားနေတာပါ။

ခဏ.. ကား‌မောင်းရင်းဖြတ်သွားမိတဲ့ခဏလေးမှာ ငဂျစ်လေးရဲ့မျက်နှာကို အဲ့ဒီလောက် အသေးစိတ်သတိထားမိတာလား။ လူဆိုးလေးတွေကို ကြည့်မရတဲ့ ဧကမာန်မဟုတ်တော့သလိုပါလား။ ထားပါ.. သူဖျားနေတာ ငါနဲ့မှမသက်ဆိုင်တာ.. ဘာကိစ္စဂရုစိုက်ရမှာတဲ့လဲ..။

မသက်ဆိုင်တာ.. ငါနဲ့မသက်ဆိုင်တာသေချာရဲ့လား..။ မနေ့က ငဂျစ်ကလေးငါ့ကြောင့်မိုးရေထဲမှာ ဗွက်တွေစင်သွားသေးတယ်မဟုတ်လား။

ဟာ.. ဗွက်ပေရုံနဲ့ဖျားမှမဖျားနိုင်တာ။ မိုးရေထဲမှာလမ်းလျှောက်တဲ့သူ့အပြစ်ပါ..။

ဟုတ်ပါ့မလား။ ငါ့ကိုစိတ်တိုပြီးများ မိုးရေထဲအကြာကြီးရပ်နေလောက်မလား..။

မဟုတ်ဘူး ဧကမာန်.. အဲ့ဒီကလေးအကြောင်းမတွေးနဲ့စမ်း။ သူ့အကြောင်းတွေးမိတိုင်း ပုံမှန်မဟုတ်တော့တဲ့ ငါ့စိတ်က ရယ်စရာသိပ်ကောင်းတယ်။ တစ်ချိန်တုန်းက ‌ဧကမာန်ဆိုတာ ဟန်ဆောင်အပြုံးတွေနဲ့ အေးစက်စက်လူသားတစ်ယောက်.. ဘယ်နွေးထွေးမှုလေးကိုမှ မလိုအပ်သလို ပေးလည်းမပေးနိုင်တဲ့ လူသားပါ။ ဒီကလေးကိုမှ မနွေးထွေးချင်စမ်းနဲ့။ ယုတ္တိမရှိလိုက်တာ..။

ယုတ္တိတန်၏ မတန်၏.. ဒါကိုဘာနဲ့တိုင်းတာမလဲ..။ ဝတ္ထုတွေထဲကလို ဒိဋ္ဌဓမ္မလောကရဲ့ အဖြစ်အပျက်ဆိုတာတွေရဲ့စံနှုန်းတွေနဲ့တိုင်းတာမလား။ ဒါဆိုရင်တော့ သိပ်ယုတ္တိတန်လေမလား..။ အချစ်နဲ့တွေ့တိုင်း ပြောင်းလဲတတ်ကြတာ လူသားတိုင်းရဲ့သဘာဝမို့... ဧကမာန်.. မင်းရဲ့ပြောင်းလဲမှုတွေက အချစ်နဲ့ပတ်သက်ပြီး သိပ်ယုတ္တိတန်ပါတယ်။ ဒါကို.. သူမသိရော့လေသလား..။ လွယ်မယောင်နှင့် ခက်ပါဘိ..။

ဧကမာန်တစ်ယောက် မိမိတစ်ကိုယ်တည်း၏အတွင်းစိတ်အားပြိုင်မှုဖြင့် ကားမောင်းနေစဉ် ရေသောက်ချင်လာသည်ဖြစ်၍ လမ်းတွင်တွေ့သည့် ABC storeလေးထံသို့ ဝင်ခဲ့မိသည်။ မသိစိတ်အရ ရောက်သွားမိသည်က ရေသန့်ဘူးများထားသည့် နေရာသို့်မဟုတ်.. ဆေးကတ်များထားသည့် နေရာတစ်ခု။ ကိုင်ထားမိသည်က ဒီကိုဂျင်ဆေးကတ်..။ ဘေးမှ လူပိုတစ်ဦးပါလာလျှင် ဤသို့မေးကောင်းမေးနိုင်မည်။

“ ဧကမာန်.. မင်းဖျားနေလို့လား.. "

ကျွန်တော်ကလည်း ပြန်၍ဖြေနိုင်သည်။

“ မဟုတ်ဘူး.. "

ဤသို့ဖြေလျှင်လူပိုမှာ မိမိအားတစ်မျိုးထင်နိုင်သည်။ လိုချင်သည်က တခြား.. ဝယ်မိသည်ကတခြားနှင့် စိတ်ဂယောက်ဂယက်နိုင်နေသော အရူးဟူ၍သာ...။ မိမိအား အရူးဟူ၍ထင်မြင်နေမည်ကို မိမိလက်မခံပါ...။ ထို့ကြောင့် ဝင်္ကဝုတ္တိအလင်္ကာမြောက်စွာ.. ဤသို့သာ ဖြေလိုက်မည်။

“ ဧကမာန်.. မင်းနေမကောင်းလို့လား "

“ အင်း.. ပြောင်းလဲမှုရဲ့အစိတ်အပိုင်းလေး နေမကောင်းဖြစ်နေလို့ "

ဝယ်လာမိတဲ့ဆေးကတ်လေးက အသုံးဝင်ပါ့မလား။ ရည်ရွယ်သူကရော.. သတိထားမိပါ့မလား။

ဤသို့.. တစ်ဖက်တွင် စိတ်မချမှုဖြင့်နေမကောင်းဖြစ်နေသူအား စိတ်ပူနေသကဲ့သို့ ကျန်တစ်ဖက်တွင်လည်း အားနာမှုဖြင့် နေမကောင်းသူအား စိတ်ပူနေသူရှိနေသည်။

“ ငါ့ကြောင့်ပါ.. ငါကြောင့်ဖြစ်တာ "

“ ဘာကိုမင်းကြောင့်လဲ.. မင်းနဲ့မဆိုင်ပါဘူးကွာ.. မိုးရာသီမှာ ထီးမပါဘဲလျှောက်သွားနေတာ ငါပါ "

“ မဟုတ်တာ.. မင်းသာငါ့အိမ်မှာ ခဏလောက်ဆက်နေခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး။ မင်းပြန်တာကိုမတားမိတဲ့ ငါ့အပြစ် "

“ မဟုတ်ပါဘူးဆိုကွာ.. မင်းအပြစ်လည်းမဟုတ်သလို.. ငါ့အပြစ်လည်းမဟုတ်ဘူး..။ အဲ့ဒါ ငါတို့ကိစ္စကို တိုင်လိုက်တဲ့ ဟိုဘဲကြီးအပြစ်..။ အဲ့ဒီဘဲကြီးကကွာ.. တကယ်အမြင်ကပ်စရာကောင်းတယ်။ မနေ့ကငါပြန်တော့ လမ်းမှာ သူ့ကိုတွေ့သေးတယ်။ ကားကို ပရမ်းပတာမောင်းသွားတာကွာ ငါ့ကိုဗွက်တွေတောင် စင်သွားသေးတယ် "

“ ဦးမာန်လား... တမင်လုပ်တာတော့မဟုတ်လောက်ပါဘူး အလင်းရာ "

“ တမင်လုပ်တာမဟုတ်ရင် အနည်းဆုံးတော့ အားနာမှုလေးနဲ့ တောင်းပန်ရမှာပေါ့။ အခုက တမင်လုပ်တာမို့လို့ ကားကိုဆက်မောင်းသွားတာလေ "

“ ထားပါ.. သူ့ကိစ္စကိုခဏထား.. အရမ်းစိတ်တိုမနေနဲ့ ခေါင်းကိုက်နေမယ် "

“ အခုလည်းကိုက်နေတာပဲကို "

“ ဆေးသောက်ထားလား "

“ No "

“ အဲ့ဒါဆို အခုဆေးသောက်လိုက်ပါလား။ တစ်ခုခုစားလိုက်လေ။ ငါမုန့်သွားဝယ်ပေးမယ်။ ဆေးရော ပါရဲ့လား "

“ ဟင့်အင်း "

“ ဟိတ်ကောင်... အပေအတေ.. နေမကောင်းတာကို ဆေးလည်းမသောက် ဆေးလည်းမပါနဲ့ မင်းဘယ်လိုနေနေလဲ "

“ အင်းလေ.. အပေအတေဘဝရောက်နေလို့လည်း ဆေးသောက်ပြီးခွေနေတဲ့အထိ မနုနိုင်တာပေါ့ "

“ မင်းကလည်း ငါစိတ်မကောင်းဖြစ်အောင်ပြောပြန်ပြီ။ အဲ့ဒီလိုတွေမတွေးနဲ့.. ဒီနေ့အတန်းချိန်နည်းတယ်။ မင်း.. စောစောပြန်ပြီးနားရမယ် "

“ အေးပါ "

လူပျိုကြီးနဲ့နေတာများသွားတဲ့ ကျွန်တော့်သူငယ်ချင်းကလည်း တဖြည်းဖြည်းနဲ့ လူပျိုကြီးပေါက်စဖြစ်လာပြီ။ အခုပဲကြည့် ပွစိပွစိနဲ့..။ ဒါပေမဲ့ ကျွန်တော်အရမ်းခင်ရတဲ့ တစ်ဦးတည်းသောသူငယ်ချင်း‌လေးမို့.. ဘယ်လောက်ပွားပွား အပြစ်မမြင်နိုင်ဘူးလေ။

စာသင်ချိန်များအပြီး၌ အိမ်ပြန်သောအခါ busတိုးမစီးချင်ဟုဆိုသော သူဌေးသားမောင်‌သွေးသစ်ဦးကြောင့် အလင်းဖွဲ့ပါ Taxiပေါ်သို့ရောက်လာရသည်။ ဤသည်ကိုအခွင့်ကောင်းယူကာ ကားပေါ်တွင် အိပ်ပျော်သွားသည့် အလင်းဖွဲ့အား သွေးသစ်ဦးတစ်ယောက် သူ၏အိမ်သို့ ခေါ်လာခဲ့သည်။

“ သွေးသစ်.. မနေ့ကမှ ဦးခန့်ကငါတို့ကို‌မတွေ့ဖို့ပြောထားတာလေ..။ ဘာကိစ္စနဲ့ အခုငါ့ကို ခေါ်လာရပြန်တာလဲ "

“ နေမကောင်းတဲ့ ငါ့သူငယ်ချင်းကို ငါကတစ်ယောက်တည်း အိမ်ပြန်လွှတ်မယ်ထင်နေလား "

“ အဲ့ဒါဆိုလည်း ငါ့ကိုအိမ်ပြန်ပို့ရင်း မင်းပါ ငါ့အိမ်ကိုလိုက်ခဲ့လေကွာ "

“ မလိုက်ပါဘူး။ မင်းကိုအိမ်ပြန်ပို့ရင်ရော.. မင်းဖျားတာ သက်သာမှာလား။ အမေ့ကိုအားနာ အစ်မကိုအားနာနဲ့.. မင်းအိမ်ကလူတွေကို ဘာမှလုပ်ခိုင်းမှာမဟုတ်ဘူးဆိုတာ ငါသိနေတယ်။ အဲ့ဒါကြောင့် မင်းကိုငါပြုစုမယ် "

“ ဒါပေမဲ့ကွာ.. မင်းဦးလေးက ငါ့ကိုအမြင်မှမကြည်တာ "

“ နေမကောင်းတဲ့လူကို နှင်လွှတ်တဲ့အထိ ဦးခန့်ကလူမှုရေးမခေါင်းပါးပါဘူး။ မင်းကိုအဲ့ဒီနေ့ကပြောလိုက်တာကလည်း စေတနာဒေါသနဲ့ပါ "

“ ဒါပေမဲ့... "

“ ဒါပေမဲ့နေတာတွေတော်လိုက်တော့။ အိမ်ထဲကိုအရင်ကြွ.. လာစမ်းပါကွာ "

နေမကောင်းတဲ့အချိန် အနိုင်ကျင့်တာမျိုးလား။ အားနည်းနေတဲ့သူကို သူ့အားကြီးနဲ့ ဆောင့်ဆွဲလိုက်တာများ လဲပါကျတော့မလိုပဲ။ မောင်ခေါ်ရာနောက် လိုက်ခဲ့ပါ ဆိုတဲ့အထိ ကဗျာမဆန်ရင်တောင်.. ဆရာဝန်ခေါ်ရာနောက် လူနာလိုက်ခဲ့ပါ ဆိုသလို နည်းနည်းလေး ညှာတာပါတော့လား။

ညှာတာလေခြင်းမရှိသည့် ကံကြမ္မာသည် ခြံထဲတွင် ဓားကိုင်၍ စောင့်နေသယောင်။ မြင်တွေ့လိုက်ရသည်က ဦးဧကမာန်၏ကား။

“ တော်ပြီ.. ငါပြန်မယ် "

“ တော် တိတ်.. လိုက်ဆို လိုက်ခဲ့ "

တွေ့ပါပြီ ဧည့်ခန်းထဲမှာ တစ်လောကလုံးသူ့လုပ်စာ ထိုင်စားနေတဲ့မျက်နှာနဲ့ အလုပ်ရှုပ်နေတဲ့ လူကြီးတစ်ယောက်။

“ ဘာဖြစ်လာတာလဲ "

“ ဒီကောင်နေမကောင်းလို့ ပြုစုဖို့ခေါ်လာတာ "

“ မင်းတို့ကိုမတွေ့ဖို့ ခန့်ထည်ပြောထားတာ မနေ့ကပဲမဟုတ်လား "

တွေ့လား။ ဓားကိုင်ပြီးစောင့်နေတဲ့ ကံကြမ္မာပါလို့။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုတာဒါမျိုး။

“ နှင်မနေပါနဲ့။ ပြန်မှာပါ "

“ ငဂျစ်.. မင်းကိုပြန်ခိုင်းနေလို့လား "

“ အလင်းဖွဲ့ဗျ.. "

“ လောကမှာ ငါ့ကိုဂျစ်တိုက်တာ မင်းပဲရှိတယ်။ ပြန်ခံမပြောနဲ့.. လာ.. ထိုင်နေ "

“ ခင်ဗျားပြောတိုင်းလုပ်စရာလား "

ရန်ပွဲစနေသည့် ထိုသူနှစ်ဦး၏အကြား သွေးသစ်ဦး မဝင်၍မဖြစ်တော့ပေ။

“ ထိုင်နေလိုက်ပါကွာ.. ငါမင်းစားဖို့ တစ်ခုခုလုပ်ပေးမယ် "

“ ငါ့သူငယ်ချင်းအိမ်လေးကို ပြာကျအောင် လုပ်တော့မလို့လား သွေးသစ်ဦး "

“ ဦးမာန်ကလည်း "

“ မင်းလုပ်တတ်တာ ဘာရှိလဲ။ မင်းပါထိုင်နေ "

ထမင်းစားခန်းထဲသို့ ဝင်သွားသည့် ဧကမာန်၏မျက်နှာသည် ပုံမှန်အတိုင်းသာ.. တည်ကြည်နေဆဲ..။

ဘယ်သူသိမှာတဲ့လဲ အားနာစိတ်လေးနဲ့ မြန်သယောင်ဖြစ်နေတဲ့ ရင်ခုန်သံလေးကို။

ခေတ္တမျှကြာသောအခါ ခေါက်ဆွဲပြုတ်ပန်းကန်ကိုင်၍ ပြန်ထွက်လာသောသူ..။

“ စားလိုက်.. မနေ့ကကိစ္စအတွက် တောင်းပန်တဲ့အနေနဲ့ "

ဘာရယ်.. နားကြားမှားသလား။ သူကတောင်းပန်တတ်တာလား။

“ မင်းငါ့ကိုမုန်းနေတယ်ဟုတ်..။ ဆက်မုန်းဖို့ ခွန်အားလေးတော့လိုမှာပေါ့။ အဲ့ဒါကြောင့် မင်းဒါလေးကိုစားသင့်တယ် "

ထိုစကားအဆုံး၌ ခေါက်ဆွဲပြုတ်ကိုလှမ်းယူလိုက်သော သူ...။

တကယ့်ကလေးပဲ။ ကလေးတွေလို မင်းငါ့ကိုချစ်ရင် စားလိုက်ဆိုတဲ့ပုံစံမျိုး။ ဒါပေမဲ့ လူကြီးဖြစ်နေတဲ့ကျွန်တော်နဲ့ ကလေးဖြစ်နေတဲ့သူ့အကြား အချစ်နဲ့ အမုန်းဆိုတဲ့ စကားလေးတော့ ကွာနေသား။

“ မင်းစားနှင့်.. ငါဆေးသွားယူလိုက်မယ်နော် "

“ ‌ယူမနေနဲ့။ မင်းရဲ့မေ့တတ်ပုံနဲ့ ဆေးကိုဘယ်နားထားမှန်းမှတ်မိရဲ့လား "

“ အဲ့ဒါတော့  မှတ်မိပါတယ် "

“ လျှာမရှည်နဲ့ ဟိုမှာဆေးကတ်ချထားတယ်။ တိုက်လိုက် "

မဟုတ်သေးပါဘူး။ ဂရုစိုက်ဖို့ခေါ်လာတာက ငါပါ။ ဘာကိစ္စဦးမာန်က ဂရုစိုက်နေရတာတဲ့လဲ။ နည်းနည်းများလွဲနေသလား။ မြင်နေကျမဟုတ်တဲ့ ဦးမာန်ရဲ့ပုံရိပ်တွေက ဒီနေ့မှနွေးထွေးနေသလိုပါလား။

..........
HanMuYarThway
.........

သွေးသစ်တစ်ယောက် အတွေးများနှင့်အတူ ဧကမာန်ကို မသိမသာကြည့်မိလေရာ ဧကမာန်အကြည့်တို့၏လားရာသည် ခေါက်ဆွဲပြုတ်စားနေသော အလင်းဖွဲ့ဆီသို့ မရောက်တရောက်အနေအထား။
ရုတ်တရက် အနည်းငယ်လှုပ်ရှားသွားသော ဧကမာန်၏မျက်နှာကြွက်သားများက အဓိပ္ပါယ်ဖွင့်ဆိုကြသည်မှာ အပြုံးဟူ၍။

'ဘုရားရေ၊ အလင်းကိုကြည့်ပြီး ဦးမာန်ပြုံးလိုက်သလား။'

စိတ်ထဲမှအတွေးကြောင့် သွေးသစ်၏အကြည့်တို့က အလင်းဖွဲ့ဆီသို့ အလျင်အမြန်ရွေ့လျားသွားသည်။ ခေါက်ဆွဲပြုတ်နှင့်တစ်ကမ္ဘာတည်နေသော အလင်းဖွဲ့တွင်လည်း ပြုံးချင်စရာအမူအရာလုပ်နေပုံ မတွေ့ရပါဘဲ ဧကမာန်ဟူသည့် သွေးအေးလူသားက ပြုံးလိုက်သည်မှာ အဖြေပေါ်ပြီးသား ပဟေဠိတစ်ပုဒ်နှင့်ပင် တူနေသေးတော့သည်။

"အလင်း၊ ဖြည်းဖြည်းစားပါကွ။ ခေါက်ဆွဲပြုတ်ဆိုပေမဲ့လည်း နည်းနည်းတော့ဝါးစားဦးမှပေါ့"

"ဖြည်းဖြည်းပဲစားတာပါ"

"ငါ သေချာနူးအိနေအောင် ပြုတ်ပေးထားတာ။ အစာမကြေစရာမရှိဘူး"

"ဗျာ ... ဟုတ်၊ ဟုတ်ကဲ့ ဦးမာန်"

'ပါပြန်ပြီ၊ ပါပြန်ပါပြီ။ ထူးကိုထူးဆန်းနေတာတော့ အမှန်ပဲ။ အဲ ... ဦးခန့်က ဘယ်ရောက်နေတာလဲ။'

"ဦးခန့် ဘယ်သွားတာလဲ။ အသံလည်းမကြားဘူး"

"လာလိမ့်မယ်။ သူက ရှေ့နေနဲ့စကားပြောစရာရှိလို့ ငါအရင်ထွက်လာလိုက်တာ"

အရင်ထွက်လာလိုက်တာ မှန်သွားတယ်ပဲပြောရမယ်။ ဖျားနေတဲ့ကောင်လေးက အိမ်ထဲဝင်လာတာတွေ့တော့ စားပွဲအစွန်နားမှာချထားမိတဲ့ ဆေးကတ်ကို လှမ်းကြည့်လိုက်မိပါသေးသည်။ သည်ဆေးကတ်ကို သုံးဖြစ်ရပါဦးမည်။
ငဂျစ်လေးက ခေါက်ဆွဲပြုတ်ကိုလည်း ရန်သူလိုပင်သဘောထားသည်လားမသိ၊ ဆောင့်ကြီးအောင့်ကြီးနှင့် အတင်းမျိုချနေသည်က စိတ်ကောက်နေသည့်ကလေးကဲ့သို့ပင်။ နူးအိနေသည်အထိပြုတ်လိုက်မိ၍သာ တော်တော့သည်။ သွေးသစ်ပြောသည်ကိုတောင် အဖက်မလုပ်ဘဲ စားနေသည့်ပုံစံက သီးကုန်မှဖြင့် ခက်ရချည်ရဲ့။

"အဟွတ် ... ဟွတ် ..."

"ဘယ်လိုစားနေတာလဲ။ ဖြည်းဖြည်းစားလေကွာ"

"အလင်း၊ ရေ ... ရေသောက်လိုက်။ ရော့ ... ရော့"

သွေးသစ်က ရေသန့်ဘူးအဖုံးဖွင့်ပေးသည်ကြောင့် အလင်းဖွဲ့ ယူသောက်လိုက်ပြီး ဧကမာန်၏ ဘယ်လိုစားနေတာလဲဆိုသည့်မေးခွန်းကို ပြန်ဖြေရန်အားယူလိုက်သော်လည်း

"မင်းတို့က ကျောင်းမတက်ကြပြန်ဘူးလား"

"ဦးခန့်၊ ကျွန်တော်တို့ အတန်းချိန်စောပြီးလို့ အလင်းလည်းနေမကောင်းတာနဲ့ ပြန်လာလိုက်တာပါ"

အလင်းဖွဲ့မျက်နှာသည်က အမှန်တကယ်ပင် လူမမာရုပ်ထွက်နေသည်မို့

"အဲဒါနဲ့ ခေါ်လာတယ်ပေါ့"

"ကျွန်တော်ပြန်တော့မှာပါ ဦးခန့်"

ကုန်ခါနီးခေါက်ဆွဲပြုတ်ပန်းကန်နှင့် အလင်းဖွဲ့ရှေ့မှဆေးကတ်ကို ခန့်ထည်တစ်ချက်ကြည့်လိုက်ပြီး

"နေပါ မင်းတို့ဘာသာ။ စားပြီးရင် ဆေးသောက်ပြီး အခန်းထဲသွားနားကြ။ ငါတို့အလုပ်ရှိသေးတယ်"

"ဟုတ်"

ကုန်သွားသည့်ပန်းကန်အလွတ်ကို သွေးသစ်ဦးကဆွဲယူလိုက်ပြီး ဆေးကတ်ကို အလင်းဖွဲ့လက်ထဲထည့်ကာ နောက်ဖေးဘက်ထထွက်သွားလေတော့ ဆေးကတ်နှင့်ရေသန့်ဘူးကိုင်၍ အလင်းဖွဲ့ထလိုက်သွားသည်။

"ဧက"

"ဟင်"

"မင်းက ဘာတွေလိုက်ကြည့်နေတာလဲ"

"ဘာဖြစ်လို့လဲ"

"မသိဘူးလေ၊ ဘာများဖြစ်တာလဲလို့"

"မဖြစ်ပါဘူး"

"အင်း၊ ငါပြောမလို့။ ဟိုဘက်က သူတို့ဒီဇိုင်းကို အပြတ်ရောင်းဖို့အရေး ဈေးကိုင်နေတယ်"

"အပြတ်မရောင်းဘဲ ဒီဇိုင်းကိုယူသုံးတိုင်း သူတို့ဆီငွေဝင်နေအောင် လုပ်ချင်နေတာလေ"

"အပြတ်ရောင်းဖို့ကမ်းလှမ်းတဲ့ Amount ကိုလည်း သူတို့မငြင်းနိုင်ဘဲနဲ့ ရစ်နေတာကွာ။ ရှေ့နေကတော့ သူသေချာညှိနှိုင်းပြီး အမြန်ဆုံးစာချုပ်ချုပ်နိုင်အောင် လုပ်ပေးပါ့မယ်တဲ့"

"ကြာကြာမမူနိုင်ပါဘူးကွာ"

"အေးပါ။ အဲ ... မင်းအင်္ကျီလက်က ဆီပေထားတာလား။ ကလေးလားကွာ"

တတောင်ဆစ်အောက်နားအထိ ဆွဲတင်ထားသော ဧကမာန်၏ ရှပ်လက်ရှည်အနားစွန်းတွင် ဆီကွက်တစ်ကွက်က အထင်းသား။

"အာ ... ခုနက ... အင်း၊ ပေသွားတာမသိလိုက်လို့။ သွားဆေးလိုက်ဦးမယ်"

"ခုနက? ခုနက ဟိုကလေးစားတဲ့ခေါက်ဆွဲပြုတ် ..."

"ဖယ်ကွာ၊ သွားဆေးမလို့။ မင်းခြေထောက်ကို တက်နင်းသွားရမှာလား"

ခန့်ထည်ကို အတင်းတွန်းတိုက်၍ထွက်သွားသည့် ဧကမာန်ကြောင့်

"ဘာလဲ၊ ငါဘာတွေတွေးမိတာပါလိမ့်"

ခန့်ထည် ခေါင်းတစ်ချက်ရမ်းပြီးသာ အလုပ်ဆီသို့ အာရုံပို့ထားလိုက်တော့သည်။
တစ်နာရီခန့်ကြာပြီးနောက် ရေချိုးအဝတ်လဲထားသောပုံစံနှင့် သွေးသစ်ဦး ခန့်ထည်နားရောက်လာပြီး

"ဦးခန့်၊ ညနေစာလုပ်မလို့ လမ်းထိပ်က Mart မှာ ဝယ်စရာလေးသွားဝယ်မလို့"

"အင်း၊ မင်းချက်မလို့လား"

"ဟုတ်၊ အလင်းအတွက်လည်း ဆန်ပြုတ်လေးပြုတ်ပေးမလို့လေ။ အပြင်စာမကျွေးချင်လို့။ အခုတော့ အိပ်ပျော်နေတယ်"

နောက်ဆုံးတစ်ခွန်းကိုတော့ ဧကမာန်ကိုကြည့်ရင်း ပြောဖြစ်လိုက်သည်။ Laptop ဆီအာရုံပို့ထားပုံရသော ဧကမာန်က ဘာအမူအရာမှပြောင်းမသွား။

"ရော့"

ခန့်ထည်ထုတ်ပေးသောကတ်ကိုယူ၍ သွေးသစ်ဦးထွက်လာခဲ့သည်။

'အခုကျတော့လည်း ဘာမှမထူးခြားပါဘူး။ ခုနက သူပြုံးလိုက်တာသေချာပါတယ်။ ငါ အမြင်မှားတာများလား။'

သွေးသစ်တစ်ယောက် အတွေးတွေခဏရပ်ပြီး ဈေးဝယ်ရမည့်စာရင်းကိုသာ စိတ်ထဲစီစဉ်နေလိုက်တော့သည်။

▪︎

"ဦးခန့်၊ ထမင်းပွဲပြင်ထားပြီးပြီ။ ကျွန်တော် အလင်းကိုသွားနှိုးလိုက်ဦးမယ်"

"အေး အေး"

ချွေးတွေစိုကာနိုးလာသည့် အလင်းဖွဲ့ အဝတ်အစားတွေလဲကာဆင်းလာချိန် ခန့်ထည်နှင့်ဧကမာန်တို့ ထမင်းစားပွဲတွင်ရောက်နေကြလေပြီ။

"ဆန်ပြုတ်ကို ဘာစပ်စုနေတာလဲ ဧက"

"ဘာမှမဟုတ်ပါဘူး။ သွေးသစ်လက်ရာဆို ငါလန့်လို့"

"အေး၊ နည်းနည်းစီ အရင်မြည်းကြည့်ရမယ်"

သွေးသစ်တို့ အောက်ထပ်ရောက်လာကြသည်ကို မသိသေးဘဲ ထမင်းစားခန်းထဲတွင် ပြောချင်ရာပြောနေသည့် သူငယ်ချင်းနှစ်ယောက်ကြောင့် သွေးသစ်ရယ်မိသည်။ ပြောချင်စရာကောင်းအောင်ပင် သွေးသစ်ဦးတို့က လက်စွမ်းထက်လှပေသည်။
ဟင်းတစ်တုံးခပ်နိုင်ဖို့အရေး ဆီပင်လယ်ထဲ လက်ပစ်ကူးရနိုင်သကဲ့သို့ သွေးတိုးရောဂါရှိသူအဖို့ ခေါက်ခနဲလဲအောင်လုပ်နိုင်စွမ်းလည်း ရှိနေတတ်သည်။
အပေါ်ယံမကျက်တကျက်ကြက်ဥသည် အောက်တစ်ခြမ်းအမှောင်ကျနေနိုင်ပြီး အစိမ်းကြော်သည်လည်း ပါဝင်ပစ္စည်းများမသဲကွဲသည်အထိ နူးအိပျော့ပြောင်းနေတတ်သေးသည်။

"ဦးမာန်ကလည်း ကျွန်တော့်လက်ရာ အရင်လောက်မဆိုးတော့ပါဘူး"

"မင်းဟာလေးကို အပြင်စာမကျွေးချင်ဘူးပြောလို့ မင်းလက်ရာကို ကြိတ်မှိတ်ယုံပေးလိုက်တာနော်။ ငါ့သူငယ်ချင်းတော့ မင်းနဲ့ ဘယ်လိုတွေနှစ်ပါးသွားတယ်မသိ။ သနားစရာပဲ"

စားပွဲတွင်ဝင်ထိုင်လိုက်ကြပြီး ဧကမာန်စကားကြောင့် အလင်းဖွဲ့က မော့ကြည့်လာသည်။ သူ့ကြောင့် သွေးသစ်လက်ရာကို မစားချင်ဘဲစားရသည်ဟု ဧကမာန် ပြောလိုက်သည်မဟုတ်ပါလား။ သွေးသစ်ကတော့ ရယ်နေသည်မို့ အလင်းဖွဲ့ ဘာမှပြောမနေတော့ပါ။ ဖျားနေ၍ ငြိမ်ငြိမ်လေးသာနေချင်သည်လည်း ပါသည်။ ပုံမှန်ဆိုလျှင် ပြန်ပြောမိနေဦးမည်။
ယခုတော့ ရှေ့မှဆန်ပြုတ်ပန်းကန်ကိုသာ မွှေနေလိုက်တော့သည်။

"အလင်း၊ မင်းအဆင်ပြေလား"

"ပါးစပ်တွေခါးနေလို့ပါ၊ ရပါတယ်"

"ခါးလည်း ဆန်ပြုတ်လေးတော့ ဝင်အောင်သောက်လိုက်"

"အင်းပါ"

ဆန်ပြုတ်တစ်ဝက်ကုန်ပြီးနောက်

"ငါ ဆက်သောက်လို့မရတော့ဘူး"

မအီမလည်မျက်နှာပေးကြောင့် သွေးသစ်စိတ်ပူသွားမိသည်။

"အဲဒါဆို ဘာစားချင်လဲ"

အလင်းဖွဲ့ ခေါင်းခါပြပြီးမှ မီးဖိုခန်းမှဘေစင်ဆီသို့ ထပြေးပြန်သည်။ သွေးသစ်ပါလိုက်သွားပြီး ခဏကြာသောအခါ

"ဦးခန့် စားပြီးရင် ဘေစင်ထဲသာထည့်ထားလိုက်နော်။ သူ့ကို အဝတ်အစားလဲဖို့ လုပ်ပေးလိုက်ဦးမယ်။ ချွေးတွေအရမ်းထွက်လာလို့"

"အေး၊ ငါ ပန်းကန်တွေဆေးလိုက်မယ်"

▪︎

"မင်းတူက ဆင်းမလာပါလား"

"ဘာလို့လဲ။ ဟိုကလေးနားနေပေးနေတာ ဖြစ်မှာပေါ့"

"ငါပြန်တော့မယ်လေ"

"အင်း၊ ပြန်လေ"

"အဲဒီကလေးကို ဆေးခန်းဝင်ပို့ပေးခဲ့မလားလို့"

"အေး၊ ကောင်းသားပဲ။ ပြီးရင် အိမ်အထိလိုက်ပို့ပေးလိုက်ပါကွာ။ အစားပါမဝင်အောင်ဖျားနေတာ အဆင်မပြေဘူး"

"အင်း၊ အဲဒီလိုပြောချင်တာပဲ"

"ငါခေါ်လိုက်မယ်။ သွေးသစ်ရေ၊ သွေးသစ်၊ ခဏဆင်းခဲ့ဦး"

"ဟုတ်၊ လာပြီ"

"အလင်းဖွဲ့ ဘယ်လိုနေလဲ"

"ချွေးထွက်တော့ ကိုယ်ပူနည်းနည်းလျော့သွားပြီ ဦးခန့်"

"အနွေးထည်ဝတ်ပေးပြီး ခေါ်ခဲ့လိုက်။ ငါပြန်ရင်းနဲ့ ဆေးခန်းပြပေးပြီး အိမ်လိုက်ပို့လိုက်မယ်"

"ဗျာ"

ဝင်ပြောလိုက်သည့် ဧကမာန်၏အစီအစဉ်ကြောင့် သွေးသစ်တစ်ယောက် ခေတ္တဆွံ့အသွားသည်။

'ဦးမာန်က အလင်းကို ဆေးခန်းပြဖို့ခေါ်သွားပေးမယ်တဲ့။'

"သွေးသစ်၊ ဘာဖြစ်နေတာလဲ။ ခေါ်ပေးလိုက်လေ ဟိုကလေးကို။ ဆေးခန်းပြမယ့်အချိန်နဲ့၊ အိမ်ပြန်ပို့ဖို့နဲ့၊ အရမ်းနောက်ကျရင်မကောင်းဘူး"

"ဟုတ် ... ဟုတ်ကဲ့ ဦးခန့်"

ဧကမာန်စီစဉ်သည်ကို အလင်းဖွဲ့မငြင်းနိုင်ပါ။ တော်တော်လေးနေရခက်သည်က ဆေးခန်းပြမှသာ အဆင်ပြေလိမ့်မည်။

ဧကမာန်မောင်းသည့်ကားပေါ် သူ့ဘေးတွင် ငြိမ်ငြိမ်လေးပါလာသည့်ကောင်လေးက သူမြင်နေကျငဂျစ်လေး မဟုတ်တော့သည့်အလား။ အဲဒီလောက်အထိကို ဖျားနေခဲ့သည်လား။

အဖျား ၁၀၂၊ ဆေးထိုးပေးပြီး သောက်ဆေးတွေကို ကောင်တာတွင် ဧကမာန်သွားထုတ်ချိန် ထိုင်ခုံတွင်ထိုင်စောင့်နေသည့်အလင်းက မျက်စိမပွင့်ချင်။

"အိပ်ချင်နေတာလား။ ကားပေါ်ရောက်မှအိပ်။ ပြန်ကြမယ်"

ကားပေါ်ရောက်တော့ အလင်းဖွဲ့အိပ်ပျော်သွားပြီး ဧကမာန်က လိပ်စာအတိုင်းကားမောင်းလာခဲ့သည်။

"အလင်းဖွဲ့၊ အလင်းဖွဲ့။ ထဦးကွ၊ လမ်းထဲရောက်ပြီ။ အိမ်နံပါတ်တွေက အိမ်တိုင်းမတပ်ထားလို့ မင်းအိမ်ကိုမရှာတတ်ဘူး"

"ဟင် ... ရောက်ပြီလား။ အာ ... ကျော်ခဲ့ပြီ။ ကားကွေ့ဖို့မလွယ်ဘူး၊ လမ်းဆင်းလျှောက်လိုက်မယ်။ ကားကို ရှေ့ဆက်မောင်းသွားလိုက်ပြီး ပတ်ထွက်လိုက်လေ"

အလင်းဖွဲ့ ကားပေါ်မှဆင်းရန်ပြင်သော်လည်း ကားကနောက်ပြန်ဆုတ်နေ၍

"အိမ်ကမဝေး ..."

"ဘယ်အိမ်လဲပဲပြော"

ဒီလူတော့ သူ့စိတ်ချည်းပဲ။

"ရပြီ၊ အဲဒီမှာ"

"ခြံတံခါးနီညိုရောင်နဲ့လား"

"ဟုတ်"

"ဆေးတွေက ဘယ်အချိန်သောက်ရမလဲဆိုတာ ရေးထားတယ်"

"ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး။ မနေ့ကအကြွေးကို ပြန်ဆပ်တာ။ ငါသွားတော့မယ်။ အစာစားပြီးမှ ဆေးသောက်"

'ဟား ... မနေ့ကအကြွေးပြန်ဆပ်တာတဲ့။ ကျေးဇူးတင်မိတာကို ငါမှားတာ။ ကျုပ်ကလည်း ပြောသင့်တယ်ထင်လို့ပြောတာပါ။ ခင်ဗျားကို မဟားတရားတွေ ကျေးဇူးတင်လွန်းလို့တော့ ထင်မနေနဲ့။ အလကားနေ ဘဝင်လေဟပ်ပြီး အကုန်လုံးကို အထက်စီးကနေပဲပြောနေတဲ့လူ။ တော်ပြီ၊ တွေးလိုက်ရင် အဖျားပိုတက်ချင်တယ်။'

.

အစာစားပြီးမှဆေးသောက်တဲ့လား။ ငါ ဘာတွေသွားပြောမိတာလဲ။ အပိုတွေလုပ်မိနေတာပဲ။ မဟုတ်ဘူး၊ မနေ့ကကိစ္စကြောင့်များ ဖျားတာလားလို့ ငါဆေးခန်းလိုက်ပို့တာပဲကို။ အခု ဘာမှအားနာနေစရာမလိုတော့ဘူး။ ငါအကြွေးဆပ်ပြီးပြီပဲ။ သင်းလေးအကြောင်း တွေးနေစရာမရှိတော့ဘူး။

■■■
Demon
■■■■■ အပိုင်း (၆) ဆက်ရန် ■■■■■
© Demon ,
книга «Love Cards».
Коментарі