Announcement
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Zawgyi)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Zawgyi)
3.အတိတ်မေ့ခြင်း(Zawgyi)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Zawgyi)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Zawgyi)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Zawgyi)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Zawgyi)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Zawgyi)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
Part 1

အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်

'မဖြစ်နိုင်လိုက်တာ ဒါက ဘယ်လို ဇာတ်လမ်းမျိုးကြီးလဲ...သူက ဘာလို့အဲ့လိုမျိုး သေသွားရတာလဲ...အား....Author ရေ That's not fair. နော်....ပြီးတော့ ငါနဲ့တောင် နာမည်လာတူနေ​သေး...အဆင်မပြေချက်...'

စစ်​သွေးမြူ ဒီနေ့ကျောင်းကနေ ပြန်ရောက်တော့ အား​ယား​နေသဖြင့် အခုတ​လောကမှ အရမ်းနာမည်ကြီး​လာတဲ့ Authorရဲ့ အသစ်ထွက်ရှိလာတဲ့ စာအုပ်'အချစ်များ သူ့ဆီမှာ'ထဲမှာ သူနဲ့နာမည်တူတဲ့ Character ပါတယ်လို့ ​သူ့ညီမဝမ်းကွဲက​ လာ​ပြောတာနဲ့ ငှါးဖတ်ပြီး ဇာတ်လမ်းကို မကျေနပ်လို့ ဒေါသထွက်နေရသည်။

အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံ​နေရတဲ့ ကောင်လေးတစ်​ယောက်ကို စိတ်ထား​ကောင်းတဲ့ မင်းသမီးက ကယ်။ အဲ့တော့ ကောင်လေးက မင်းသမီးအတွက် သေဆိုသေ ရှင်ဆိုရှင် ဖြစ်သွား။ မင်းသားနဲ့ မင်းသမီးတွေ့တော့ ချစ်သွားကြပြီး ကောင်လေးက မင်းသမီးကို လူဆိုးတွေဆီက ကာကွယ်ရင်း​သေ။ ဒီဇာတ်လမ်းမျိုးက တကယ်တော့ ဒီတိုင်း ချစ်ကြိုက်ညားဆိုတဲ့ ဖန်တရာတေနေတဲ့ ဇာတ်လမ်းမျိုးပဲ။ ဒါဆို စစ်သေးမြူက ဘာကို မကျေနပ်တာလဲ ဆိုတော့ အဲ့လို ဖန်တရာတေနေတဲ့ ဇာတ်လမ်းမျိုးထဲမှာ အဲ့သေသွားတဲ့ ကောင်လေးနာမည်က သူနဲ့ တူနေတာပဲ။

မဖြစ်သင့်ဘူး... ငါ့နာမည်မျိုးက ဒီလောက်ရှားတာကို..တိုက်တိုက်ဆိုင်ဆိုင် ထည့်ရေးရတယ်လို့..။ပြီးတော့ သူ့ပုံစံနဲ့ ငါ့ပုံစံနဲ့ အကွာကြီးကို...ဗီလိန်လည်း မဟုတ်ပါဘဲ သူ့ကံက ဆိုးလိုက်တာ....။ ဇာတ်လိုက်ကောင်နဲ့ ဇာတ်လိုက်မကတော့ အားလုံးမျှော်လင့်ထားတဲ့ အတိုင်း ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ဆိုပြီး ဖြစ်သွားပေမယ့် ငါကတော့ အဆင်ပြေမနေဘူး... ။ရင်ဒေဘာဒေတောင် နာတယ်။ အရံကောင်လေးက ငါ့နာမည်နဲ့တူပြီး သေသွားရလို့..။ သူ့မှာ စိတ်နာလွန်းလို့ ထပ်တောင် မဖတ်နိုင်တော့ဘူး...။ 

Okay Calm down မေ့လိုက်တော့ ဖတ်ပြီး ပြီးပြီပေါ့ ..။ ဗိုက်တောင် ဆာလာပြီ.. ။

သူ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး စာအုပ်ကိုတော့ ဟိုကောင်မလေးကို ပြန်ပေးဖို့ လက်ကကိုင်ထားလိုက်သည်။ အခန်းထဲကနေ ထွက်ပြီး လှေကားထစ်တွေကို အလျင်စလိုဆင်းလာတုန်းမှာပဲ သူသတိမထားမိဘဲ လှေကားထစ်ပေါ်ကနေ ချော်သွားတာကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်က လှေကားပေါ်ကနေ ပြုတ်ကျသွားလေသည်။

အရှိန်ကို ထိန်းဖို့ စဉ်းစားမိသော်လည်း မထိန်းနိုင်ခဲ့ဘဲ လှေကားအဆုံးထိ ပြုတ်ကျသွားလေသည်။ မခံမရပ်နိုင်အောင် နာကျင်မှုက သူ့မျက်တောင်ဖျားတွေအထိ တဆက်ဆက်တုန်ရီနေစေပြီး သူ့လက်ကနေ လွတ်ကျသွားသည့် စာအုပ်၏ အဖုံးအား မြင်ရရုံသာရှိသည်။

'အချစ်များသူ့ဆီမှာ' ဆိုသည့် ခေါင်းစဉ်အား စိုစွတ်နေသောသွေးတွေ စွန်းထင်းနေခဲ့ပြီး စစ်သွေးမြူ သူ၏ ပျော်ရွှင်ခဲ့ရသော ဘဝအကြောင်းအား ပြန်မတွေးနိုင်ခင်မှာပဲ အမြင်အာရုံအားလုံး မှောင်အတိကျသွားခဲ့လေသည်။

.......

စစ်သွေးမြူဟာ မေ့မျောနေရာမှ သတိပြန်လည်လာခဲ့သည်။ သူခေါင်းတွေအရမ်းကိုက်နေသောကြောင့် မျက်လုံးတောင် ချက်ချင်းမဖွင့်နိုင်ဘဲ ခဏစောင့်လိုက်ရလေသည်။

အား...နာလိုက်တာ သေမလိုပဲ...ငါ့လိုကောင်မျိုးက လှေကားပေါ်က ပြုတ်ကျရတယ်လို့...။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ဆေးရုံခန်းတစ်ခုကို ရောက်နေတာ တွေ့ရသည်...။ ဘေးနားမှာတော့ တစ်ယောက်မှ မရှိပေ။

မဟုတ်သေးပါဘူး ငါဆေးရုံရောက်နေတာကို မေမေတို့က မသိဘူးလား..ငါ့ကိုလာလည်း မကြည့်ကြဘူး...။

သူတွေးနေစဉ်မှာပဲ အခန်းတံခါးက ပွင့်လာပြီး အထဲကို အန်တီကြီးတစ်ယောက်နဲ့ ဦးလေးကြီးတစ်ယောက်ရယ် သူနာပြုတစ်ယောက်ရယ် ဝင်လာသည်။


~~~~~~~~~~~~~

To be continued

1st November 2020
© Felicia Kat,
книга «Rebirth As An Extra_character(Own Creation)».
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
Коментарі