7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
Part 7
ပြောင်းလဲလာတဲ့ ခံစားချက်တွေ
"ကိုယ် ထိုင်ပြီနော် "
ဘုန်းမြတ် ထိုကောင်လေးထိုင်နေတဲ့ ထိုင်ခုံနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့ သူ့သူငယ်ချင်းတွေကပါ ဝင်ထိုင်ကြသည်။
မထိုင်နဲ့ပြောလည်း ခင်ဗျားက ထိုင်မှာပဲ မလား...?
စစ်သွေးမြူ မကျေနပ်သော်လည်း သူတို့ကို ဝိုင်းကြည့်နေကြသော သူများကြောင့် ဘာမှ ပြန်မပြောဘဲ ထိုဇာတ်လိုက်ကောင်တို့ အုပ်စုအား လျစ်လျူရှုလိုက်တော့သည်။
"ဂျူနီယာလေးက စီနီယာတွေကို မမိတ်ဆက်ပေမယ့် ဒီစီနီယာအစ်ကိုကြီးတွေကတော့ ညီလေးကို မိတ်ဆက်ပေးမယ်နော်.. အစ်ကိုက စိုင်းဆက် တွေ့ရတာ ဝမ်းသာတယ်နော်"
ဇာတ်လိုက်ကောင်ရဲ့ သူငယ်ချင်းတွေထဲက အရပ်အပုဆုံးအစ်ကိုကြီးက တဇွတ်ထိုးဆန်သော သူ့သူငယ်ချင်းအစား အားနာပြုံးနဲ့ စနှုတ်ဆက်သည်။
"ဒီတစ်ယောက်က တက်နေ ..ပြီးတော့ ဟိုအစ်ကိုကတော့ ခွန်းစစ်သာ.. ညီလေးကို စကားလာပြောတာကတော့ ဘုန်းမြတ်ဧက..မှတ်ထားနော် ညီလေး အကူအညီလိုရင်လည်း တောင်းလို့ရအောင်လို့"
"တွေ့ရတာ ဝမ်းသာတယ်နော် "
တခြားနှစ်ယောက်ကလည်း ပြုံးပြကာ နှုတ်ဆက်ပေမယ့် ဇာတ်လိုက်ကောင်ကတော့ ပြုံးရုံသာ ပြုံးကြည့်နေသည်။
" စိတ်မကောင်းပေမယ့် ကျွန်တော်ကတော့ တွေ့ရတာ ဝမ်းမသာပါဘူးနော်.. ပြီးတော့ အကူအညီလည်း မလိုပါဘူးခင်ဗျ..."
စစ်သွေးမြူတခြားသူတွေကို အားနာပေမယ့် ထိုဇာတ်လိုက်ကောင်၏ သူငယ်ချင်းတွေ ဖြစ်နေသောကြောင့် စိတ်ကိုထိန်းကာ အကန်တွေသာ ပြန်ပြောလိုက်သည်။
"ဒါနဲ့ စိတ်မရှိရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး"
"စိတ်ရှိတယ်...."
စစ်သွေးမြူသူတို့အား ထားခဲ့ကာ ထိုင်ခုံမှ ထမည်အလုပ် ခုနက သူတို့စကားပြောနေကြစဉ် တစ်လျှောက်လုံး တိတ်ဆိတ်နေတဲ့ ဘုန်းမြတ်ဧကဆီမှ အသံကြောင့် တန့်သွားရသည်။ စစ်သွေးမြူ စိတ်မရှည်စွာ လှည့်ကြည့်တော့
"နာမည်နဲ့ အတန်းပြော"
What the... ဒီဖေ.... သူ့ကိုယ်သူ ဘာများထင်နေလို့ ငါ့ကို လာပေးနေရတာလဲ...
အရင်တုန်းကလိုသာဆို သူ ဆွဲထိုးပြီးနေလောက်ပြီ ။ အခုကတော့ စိတ်လျှော့လိုက်ပါတယ်...အရပ်ချင်းမယှဉ်နိုင်လို့ ။
"စစ်သွေးမြူ အထက်တန်းပထမနှစ် သွားလို့ရပြီလား"
စစ်သွေးမြူ စူပုတ်ပုတ်နဲ့ ဖြေပြီး မေးတော့မှ ခေါင်းညိတ်ပြတယ်။ သွားတော့ဆိုတဲ့ သဘောမျိုးနဲ့။ ထိုအခါမှသာ သူလည်းထွက်လာရတော့သည်။
"စိတ်ဝင်စားဖို့ တကယ် ကောင်းတယ်"
နောက်နားဆီမှ တိုးလျစွာ ထွက်သော စကားသံကိုတော့ Canteen အပြင်ရောက်သွားပြီ ဖြစ်သော စစ်သွေးမြူတစ်ယောက် မကြားနိုင်တော့။
Canteen အပြင်ရောက်တော့ သူ့ကို အကုန်လုံးက ကြည့်နေကြတာကြောင့် စစ်သွေးမြူ စိတ်ညစ်ကာ လမ်းလျှောက်လာနေတုန်း ကျောင်းစာကြည့်တိုက်သို့ ဆိုသည့် ဆိုင်းဘုတ်တွေ့တာနဲ့ စာကြည့်တိုက်သို့သာ သွားလိုက်တော့သည်။
Library ထဲ ရောက်တော့ အကုန်လုံးက သူ့အာရုံနှင့်သူ တိတ်ဆိတ်စွာ စာဖတ်နေကြသည်။ စစ်သွေးမြူလည်း သူတို့လိုပဲ တွေ့ရာစာအုပ် နှစ်အုပ်လောက် ယူကာ နေရောင်ခြည်ကောင်းကောင်းရသော ပြတင်းပေါက်နားက စားပွဲသို့ သွားလိုက်သည်။ ပြီးတော့ အမြင်လှအောင် သူယူလာသော စာအုပ်ထဲက တစ်အုပ်ကို ဖွင့်ကာ ဖတ်ချင်ယောင်ဆောင်နေလိုက်သည်။
ဇာတ်လိုက်ကောင်က ထူးဆန်းနေတယ်...စာအုပ်ထဲမှာပြောတော့ ဇာတ်လိုက်ကောင်က အချေကောင်ဆို..အခု ပေါတောတောနဲ့ ဖြစ်နေတယ်လို့ ထင်နေတာ ငါတစ်ယောက်တည်းလား... ဒါနဲ့ စာအုပ်ထဲမှာ ဇာတ်လိုက်ကောင်ရဲ့ သူငယ်ချင်းတွေအကြောင်း သိပ်မပါဘူးကွာ..
စိုင်းဆက်နဲ့ တက်နေကတော့ ဘုန်းမြတ်ဧကကျောင်းပြီးလို့ တက္ကသိုလ်တက်တဲ့အထိ တတွဲတွဲနဲ့လို့ ပြောတာပဲ.. စာအုပ်ထဲမှာတော့...စိုင်းဆက်က စော်ဘွားမျိုးနွယ်ရဲ့ သားအကြီး..တက်နေကတော့ Sun Group ရဲ့ တစ်ဦးတည်းသော သား...ခွန်းစစ်သာအကြောင်း သိပ်မပါဘူး...
ခွန်းစစ်သာကိုတော့ ဇာတ်လိုက်မ ဒီကျောင်းကို ရောက်လာတဲ့နှစ်မှာ ထည့်ရေးတာတွေ့ပေမယ့် နောက်ပိုင်းတွင်တော့ မတွေ့ရတော့ပေ။
စစ်သွေးမြူစာဖတ်ချင်ယောင်ဆောင်နေရင်း ဇာတ်လမ်းအကြောင်းတွေးနေရာမှ အိပ်ချင်လာသဖြင့် ဘေးဘီတစ်ချက်ကြည့်ကာ စာအုပ်ပိတ်ပြီး ထိုပေါ်သို့ ခေါင်းတင်ကာ အိပ်လိုက်တော့သည်။
.......
ဘုန်းမြတ်ဧက ထိုစစ်သွေးမြူဆိုသော ကောင်လေးကို အရင်က မတွေ့ဖူးပေမယ့် သူ့ပုံစံလေးကို ရင်းနှီးနေသလို ခံစားရသည်။ ထို့ကြောင့်သာ ဘုန်းမြတ်ဧကဆိုသည့် သူက ထိုကောင်လေးချေနေတာကို ဘာမှပြန်မလုပ်ဘဲ သည်းခံနေခဲ့တာပေါ့။
"အဟမ်း "
ဘုန်းမြတ်ဧက ထိုကောင်လေးအကြောင်း တွေးရင်း ပြုံးလိုက်မိတော့ သူ့သူငယ်ချင်းတွေဆီမှ ချောင်းဟန့်သံတစ်ချက်။
"ပြောစမ်း..ဒီနေ့ကျမှ မင်းက ဘယ်လိုဖြစ်ပြီး တခြားသူနဲ့ တူနေရတာလဲ"
"အေး... အမြဲချေနေတဲ့ သခင်လေးဘုန်းက ဒီလို အချေခံရလည်း ရယ်နိုင်သေးတာပဲ...Amazing ပါပဲ အစ်ကိုဘုန်းရေ.."
စိုင်းဆက်နဲ့ တက်နေတို့ဆီက အံ့အားသင့်တဲ့ အသံတွေထွက်လာတော့ ဘုန်းမြတ်ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူတို့မှ မဟုတ် သူကိုယ်တိုင်တောင် အံ့သြနေမိတာ။ ဒီကောင်လေးကို စိတ်မဆိုးမိတာ သူ့ကိုယ်သူတောင် ဘာဖြစ်လို့မှန်း မသိပေ။
သူအဲ့ကောင်လေးကို Shopping Mallမှာ စတွေ့ကတည်းက သတိထားနေမိတာ ။ ဒီနေ့တွေ့လိုက်ရတော့လည်း သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘဲ အဲ့ကောင်လေးကို သွားစမိပြန်ရော။
အရင်က ဘုန်းမြတ်ဧကသည် ထိုသို့ မလုပ်တတ်ပေမယ့် ထိုကောင်လေး၏ စူပုတ်နေတဲ့ မျက်နှာလေးကို မြင်တာနဲ့ စချင်မိနေတာတော့ ဘုန်းမြတ်လည်း မတတ်နိုင်ပေ။ သူ ထိုကောင်လေးအား လိုချင်သည်။ ညီလေးတစ်ယောက်လိုပေါ့ ။
~~~~~~~~~~~~~~~~~~~~~~~~~
To Be Continued
1st November 2020

Коментарі