2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
Part 2
အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း
"သား သွေးသွေး သတိရလာပြီလား...ဆရာမ Doctor ကို ခေါ်ပေးပါဦး..."
အခန်းထဲ ဝင်လာတဲ့ အန်တီကြီးက သူ့ကို သွေးသွေးတဲ့။ ကယ်ကြပါဦး ဒါက ဘယ်လို နာမည်ကြီးလဲ။
" သားက သတိမရသေးတော့ မေမေတို့က ဆရာဝန်နဲ့ သွားပြီး တွေ့နေတာ..သားရယ် မသေကောင်း မပျောက်ကောင်း ဘယ်လိုဖြစ်ပြီး လှေကားပေါ်က ပြုတ်ကျရတာလဲ"
သူတစ်ခါမှ မမြင်ဖူးတဲ့ အန်တီကြီးက သူ့ကိုယ်သူ မေမေလို့ ပြောပြီး ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြနေသည်။ ဦးလေးကြီးကတော့ သူ့ကို ကြည့်ရုံသာကြည့်ပြီး ဘာမှမပြောပေ။
"သွေးသွေး ဘာဖြစ်နေတာလဲ....မေမေတို့ကို ပြန်ပြောဦးလေ.."
စစ်သွေးမြူခေါင်းခြောက်သွားသည် ။ မဟုတ်သေးပါဘူး...ဒီအန်တီကြီးက ငါ့အမေနဲ့လည်း မတူဘဲနဲ့ ...လူမှားနေတာ နေမှာ..။ အိပ်ချင်နေတဲ့ ကြားထဲ... စစ်သွေးမြူ မျက်လုံးတွေကို မှိတ်ပြီး ပြန်အိပ်လိုက်တော့သည်။
....................
စစ်သွေးမြူ နောက်တစ်ခါ ပြန်နိုးလာချိန်တွင်တော့ အပြင်ဘက်တွင် နေတောင် ထွက်စပြုနေပြီ ဖြစ်သည်။ သူ သူ့လက်ကို မြှောက်ပြီး နှဖူးကို ကိုင်ရန်အလုပ် သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က လှမ်းကိုင်လိုက်သည်။ ထို့နောက်တွင်တော့ အမျိုးသားတစ်ယောက်ရဲ့ တည်ငြိမ်တဲ့ အသံကို ကြားလိုက်ရသည်။
"မလှုပ်နဲ့ဦး မင်းလက်မှာ ဆေးသွင်းထားတယ်.."
အချိန်အနည်းငယ် စဉ်းစားပြီးသောအခါ ဘေးက လူကို သူမသိဘူးဆိုတာ စစ်သွေးမြူ သေချာသိလိုက်သည်။ ထိုသူအား မော့ကြည့်လိုက်လေရင်း
"ခင်ဗျားက ဘယ်သူလဲ?"
သူမေးလိုက်တော့ ထိုသူက အံအားသင့်သွားဟန်ပေါ်လေသည် ။
"ကိုကြီး ဘယ်သူလဲ မသိတော့ဘူးလား...ကိုကြီးက မင်းရဲ့ အစ်ကိုလေ "
"အစ်ကို? "
မဟုတ်သေးပါဘူး ငါက တစ်ဦးတည်းသောသားလေ...မှာ ဝမ်းကွဲညီမတစ်ယောက်ကလွဲရင် အမျိုးထဲမှာ ယောက်ျားလေးဆိုလို့ ငါပဲ ပါတာကို...ဘယ်က အစ်ကိုက ကောက်ကာငင်ကာရသွားရပြန်တာလဲ...
စစ်သွေးမြူ ထိုတစ်ခဏမှာ တော်တော်ကို ခေါင်းနောက်သွားနေသည်။ ထိုလူက စစ်သွေးမြူ၏ စိတ်ရှုပ်ထွေးနေပုံကို မြင်တော့
"မင်း တကယ်ပဲ မသိတော့ဘူးလား "
"ဗျာ?"
"မင်းကိုယ်မင်းရော မှတ်မိလား မင်းနာမည်ရော သိသေးရဲ့လား"
"စစ်သွေးမြူမဟုတ်ဘူးလား"
"ကောင်းတယ်...မင်းက လုံးဝ ထိခိုက်သွားတာမဟုတ်ဘူးပဲ...ကိုကြီးက မင်းရဲ့ အစ်ကို စစ်နေခပဲ"
စစ်နေခ! ဒီနာမည်ကြီးကို ရင်းရင်းနှီးနှီးသိနေသလိုပဲ...နေဦး ငါ့ကို သောက်ကျိုးနည်း ဝတၳုထဲ ရောက်လာတယ်လို့တော့ မပြောနဲ့...What the hell ဘာတွေလဲ..နေပါဦး ဇာတ်လိုက်မနဲ့ ဇာတ်လိုက်ကောင်နေတာ ဘာမြို့ပါလိမ့်...
"ဧကန်န ဒီမြို့က Aမြို့လား "
"ဟုတ်တယ်လေ... ဘာလို့ ပြန်မေးနေတာလဲ"
သူမေးနေတာကို ပြန်ဖြေရင်းနဲ့ အဲ့ဒီသူ့အစ်ကိုဆိုတဲ့ လူကြီးရဲ့ အကြည့်တွေက စူးရှလာပြီး သူ့ကို သေသေချာချာ စူးစမ်းကြည့်နေသည်။ သူအနေခက်လာတာနဲ့
"ကျွန်တော် သိပ်မမှတ်မိတော့လို့ "
သူ့မျက်နှာလေးကို ငယ်ထားလိုက်ရင်း ပြန်ဖြေလိုက်သည်။
"အခု ကျွန်တော့်အသက်က ဘယ်လောက်ရှိပြီလဲ "
"ဒီလထဲ 16 နှစ်ပြည့်တော့မှာလေ ဘာလဲ ဒါလည်း မမှတ်မိပြန်ဘူးလား"
စစ်နေခ သိပ်မအံသြတော့ပါဘူး ။ သူ့ညီလေး နည်းနည်းချောင်သွားတာနေမှာပါလို့ပဲ စဉ်းစားလိုက်ပြီး
"တွေးမနေနဲ့တော့ နားလိုက်ဦး ..အိပ်ရေးဝအောင် အိပ်လိုက်.. ကိုကြီးလည်း မင်းကိုစောင့်နေရတာမို့လို့ မနားရသေးဘူး.. နားလိုက်ဦးမယ်"
သူပြောလိုက်ကာ အခန်းထဲရှိ ဆိုဖာပေါ်သို့ သွား၍ တစ်ညလုံး သွေးသွေးကို စောင့်ပေးနေရသဖြင့် အနားမပေးရသေးတဲ့ မျက်လုံးတွေကို အနားပေးလိုက်တော့သည်။
...........
စစ်သွေးမြူကတော့ ခုနကမှ အိပ်ရာက နိုးတာဖြစ်၍ ပြန်အိပ်၍လည်း မပျော်သေးပါ။ ဆိုဖာပေါ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ စစ်နေခက အိပ်ပျော်နေပြီ။ ဒီတော့မှ စစ်သွေးမြူ သူဘာတွေဆက်လုပ်ရမလဲ ပြန်စဉ်းစားရတော့သည်။
သူဘာလုပ်သင့်လဲ...အသက်16 ဆိုတော့ ဇာတ်လိုက်မနဲ့ တွေ့ဖို့ 1နှစ်လောက်ကျန်သေးတယ်...ပြီးတော့ အဲ့မိန်းမအတွက်နဲ့လည်း သူအသေမခံနိုင်ပါဘူး....အခုမှ သူ့အသက်က ငယ်ငယ်လေးရှိသေးတာကို။
နေဦး... ဇာတ်လမ်းကို ပြန်စဉ်းစားရတော့မယ်...ဒီစာအုပ်ထဲမှာက ML(Male Lead)က FML(Female Lead)ထက် 1နှစ်ကြီးတယ်... FML က ငါ့ထက် 1နှစ်ကြီးတယ်...အခု FML က 17 ရှိနေပြီ...။ FML 18 နှစ်ပြည့်လို့ ဒီအရန်ဇာတ်ကောင်တက်နေတဲ့ ကျောင်းကို ပြောင်းလာတဲ့အချိန် ဒီအရန်ကောင်လေးနှိပ်စက်ခံနေရတာကို မြင်သွားပြီး ကူညီလိုက်တယ်...။
~~~~~~~~~~~~~~~~~~~~~
To Be Continued
1st November 2020

Коментарі