8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
Part 8
မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ
"အဲ့ဒီကောင်လေးရဲ့ အမေက အိမ်ထောင်နှစ်ဆက်တောင် ရှိခဲ့တာတဲ့"
"အဲ့ဒီကောင်လေးရဲ့ အဖေကလည်း မရှိတော့ဘူးလေ"
"အဖေမပေါ်ဘဲ မွေးတဲ့သား"
မဟုတ်ဘူး....။
စစ်သွေးမြူ မျက်ရည်တွေစီးကျလာပေမယ့် သုတ်ပစ်ကာ ငြင်းနေမိသည်။ မဟုတ်ပါဘူး.. မာမားက ...မာမားက သူ့ကို ဘယ်လောက်တောင် ချစ်လိုက်သလဲ...? ကိုကြီးကလည်း သူ့ကို အရမ်းဂရုစိုက်တယ်လေ...?
ဒါပေမယ့် ပါပါး...ပါပါးကလည်း သူ့ကို အရမ်းချစ်ခဲ့တာပါပဲ...အသက်ရှိစဉ်အချိန်တွေအထိပေါ့။..အဲ့ဒါကို သူတို့တွေက အထင်တွေနဲ့ ပြောရက်ကြတယ်... သူကရော...သူကရော ပျော်နေတာ မြင်ကြလို့လား..?
လူတွေက တကယ်ရက်စက်ကြတယ်..သူတို့ပြောချင်တဲ့ လူတစ်ယောက်အကြောင်းကို ဖြစ်ချင်ရာဖြစ် ပြောလိုက်ကြပြီး အဲ့ဒီလူ ဘယ်လောက် စိတ်ထိခိုက်သွားမလဲ ဘယ်သူမှ မတွေးကြည့်ကြဘူး...
"ဒါဘယ်သူများပါလိမ့်...?"
နောက်ကလိုက်လာကြသော ခြေလှမ်းတွေ..။ သူတကယ်ကြောက်ပါသည်..ထိုတစ်ချိန်က အခန်းတူ ကျောင်းသားတွေကိုပေါ့...။ ထို့ကြောင့် ခြေလှမ်းမြန်မြန်လှမ်းလိုက်ပေမယ့် အရှေ့ကနေပါ ပိတ်လာကြသော ထိုသူများ။
"နေပါဦးကွ...ငါတို့ကိုကြောက်လို့ အခန်းပြောင်းပြေးသွားတဲ့ ကောင်လေးရ.."
"Mama's boy လေး...ကိုကြီးရဲ့ အသည်းကျော်ညီငယ်လေး"
စစ်သွေးမြူ ခြေဖျားလက်ဖျားတွေပါ အေးစက်လာသည်။ ထိုသူတို့အား မဟုတ်ကြောင်း ပြန်ပြောလိုက်ချင်ပေမယ့်....သူ့နှုတ်က တစ်ခွန်းမှ ထွက််မလာ။
"မဟုတ်ဘူးလား.. ?မဟုတ်ရင်လည်း ပြန်ပြောလေကွာ ကောင်လေးရ.."
"မလုပ်ကြပါနဲ့ကွာ...သူ့အဖေနဲ့ပါ သွားတိုင်နေပါဦးမယ်...သြော် မေ့လို့ မင်းမှာ အဖေမှ မရှိတော့ဘဲ...အဖေမပေါ်ဘဲ မွေးတဲ့ကောင်လေး"
မဟုတ်ဘူး...မင်းတို့ပြောနေတာ တကယ်မဟုတ်ပါဘူး...မဟုတ်ဘူးလို့.....။
သူ လက်သီးကို တင်းတင်းဆုပ်ပြီး အော်လိုက်ချင်ပေမယ့်လည်း မလှုပ်ရဲခဲ့ပေ။
"မုန့်ဖိုး ဘယ်လောက်ပါလာလဲ... အကုန်ထုတ်ပေးစမ်း..."
သူ့ရှေ့သို့ တိုးလာကာ အတင်းတောင်းနေကြသော ထိုသူများ။
"ဒီလောက်ဆို အနိုင်ကျင့်တာ တော်သင့်ပြီ မဟုတ်ဘူးလား"
"သ....သခင်လေးဘုန်း! သခင်လေးဘုန်းက ဒီကို ဘယ်လိုဖြစ်ပြီး ရောက်..."
"ဘာဖြစ်လို့လဲ..ဒီနေရာက ငါလာလို့ မရတဲ့ နေရာမို့လို့လား"
"မဟုတ်ပါဘူး "
" ဒါဆို မင်းတို့ သွားတော့..နောက်တစ်ခါ တခြားသူတွေကို အနိုင်ကျင့်ရင် ငါနဲ့ တွေ့မယ်"
သူ့ကို မကျေမနပ်ကြည့်ကာ ထွက်သွားကြသော သူတွေ။ သူလည်း လွယ်အိတ်လေးကို တင်းတင်းကိုင်ပြီး ထွက်သွားဖို့ ခြေလှမ်းပြင်တော့...
"ခဏနေဦး..."
ရပ်တန့်သွားသော ခြေလှမ်းများ...။
"မဟုတ်တာပြောနေတာဆိုရင်လည်း ဘာလို့ ငြိမ်ခံနေရတာလဲ"
သူဘာမှ မပြောဘဲ ငြိမ်နေမိတော့
" ကျစ်စ် "
စုတ်တစ်ချက်သပ်သည်။
"..ထားတော့..နောက်တစ်ခါ မင်းကို အနိုင်ကျင့်ရင် ငါ့နာမည်ပြောလိုက်...ငါ့နာမည် ဘုန်းမြတ်ဧက"
ထို့နောက် သူ့ကို ထားခဲ့ကာ လှည့်ထွက်သွားသော စီနီယာအစ်ကို။
"အဲ့ကိစ္စဖြစ်တော့မှ ကျွန်တော် ကိုကို့ကို စသိတာ။ ကိုကိုတဲ့။ ဘယ်လောက်ရယ်စရာ ကောင်းလိုက်သလဲ။ ကိုကိုသာ သိရင်တော့ အံ့သြသွားမှာ။ ကိုကို့အကြောင်းစုံစမ်းကြည့်တော့ ကိုကိုက ကျွန်တော်တို့ကျောင်းတည်ထောင်သူရဲ့ သားတဲ့လေ။
အဲ့ဒီနေ့နောက်ပိုင်း ကျွန်တော့်ကို အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသားတွေကို မတွေ့ရတော့သလို ကိုကို့ကိုလည်း မတွေ့ရတော့ဘူး။ ကျွန်တော်အလယ်တန်းနောက်ဆုံးနှစ်ကျောင်းစဖွင့်တဲ့နေ့မှ ကျောင်းစာကြည့်တိုက်ထဲမှာ မှောက်အိပ်နေတဲ့ ကိုကို့ကို ပြန်တွေ့ခဲ့ရတာ။
ကိုကို့ကို သွားနှုတ်ဆက်ပေမယ့် ကိုကိုက ကျွန်တော့်ကို မမှတ်မိတော့ဘူး။ ကျွန်တော့်ကို တစ်ခါမှ မမြင်ဖူးသလို စိတ်ရှုပ်သလိုပုံစံမျိုးနဲ့ ကြည့်နေလို့ တောင်းပန်ပြီး လှည့်ထွက်ခဲ့ရတယ်။ အဲ့ဒါကြောင့် ကျွန်တော်ကိုကို့ရှေ့ကို မလာတော့ဘဲ နောက်ကွယ်ကနေပဲ တိတ်တိတ်လေး ခိုးချစ်နေပါတော့မယ်..."
Diary လေး အဆုံးသတ်တော့ သူငိုမိသည်။ ကိုကို့ရှေ့သူတကယ်မလာရတော့ဘူးပဲ...
......
စစ်သွေးမြူ မျက်ရည်တွေနဲ့ နိုးလာတော့ အိပ်ယာပေါ်မှာ။ သူက ဘာလို့ မူလစစ်သွေးမြူရဲ့ အနိုင်ကျင့်ခံခဲ့ရတဲ့ အတိတ်ကို မက်ရတာလဲ...ပြီးတော့ အရန်ဇာတ်ကောင်က ဘာလို့ အဲ့လို အနိုင်ကျင့်ခံခဲ့ရတာလဲ...
သူဒီဘက်ကို ရောက်လာတုန်းက လှေကားပေါ်က ပြုတ်ကျတယ်ဆိုတာမှာရော ထို အနိုင်ကျင့်ခံခဲ့ရတဲ့ အတိတ်တွေနဲ့များ ဆိုင်နေမလား..? သူကရော ဘာဖြစ်လို့ အဲ့ကောင်လေးခံစားရတဲ့ အတိတ်ကို သူကိုယ်တိုင်ဖြစ်ခဲ့သလို အရမ်းနာကျင်နေရတာလဲ?
ပြီးတော့ အရန်ဇာတ်ကောင်နဲ့ ဇာတ်လိုက်ကလည်း အဲ့တုန်းထဲက တွေ့ဖူးတယ်ပေါ့...ဘာလို့ စာအုပ်ထဲမှာ တစ်ခုမှ မပါတာလဲ။ အရန်ဇာတ်ကောင်က ဇာတ်လိုက်ကောင်ကို သဘောကျသွားရတာကလည်း သူ့ကို ကယ်ပေးခဲ့လို့ပေါ့။
နေဦး..Diary ရော..Diary ထဲမှာ အဲ့စာတွေ မတွေ့ခဲ့ဖူးဘူး...။
စစ်သွေးမြူ Diary စာအုပ်ကို သွားယူပြီး တစ်မျက်နှာချင်းစီ သေချာကြည့်ပေမယ့် အိမ်မက်ထဲမှာ အရန်ဇာတ်ကောင်ရေးနေတဲ့ စာရွက်ကို မတွေ့ရပြန်ဘူး။ စာအုပ်နောက်ဆုံးကို ရောက်တော့...စာအုပ်အဖုံးက အရမ်းထူနေသလိုပဲ။
စစ်သွေးမြူ အဲ့စာအုပ်အဖုံးကို ခွာကြည့်လိုက်မှ အိမ်မက်ထဲမှာ အရန်ဇာတ်ကောင်ရေးနေတဲ့ Diary စာရွက်လေး။ သူတစ်ကြောင်းချင်းပြန်ဖတ်ကြည့်လိုက်ပြီး အရန်ဇာတ်ကောင်ကို အရမ်းသနားလာမိသည်။ ပြီးတော့ ရင်တွေပါ နာလာသလိုပဲ။
စစ်သွေးမြူ အဲ့စာဖတ်ပြီး ပြန်အိပ်မပျော်တော့တာနဲ့ Laptop ဖွင့်ပြီးသာ Game ရေးနေလိုက်တော့သည်။ ဒီကမ္ဘာမှာ အထက်တန်းကျောင်းသားပဲ ရှိသေးပေမယ့် ဟိုဘက်မှာတော့ သူဟာ ကွန်ပျူတာတက္ကသိုလ်က စတုတၳနှစ်ကျောင်းသားတစ်ယောက်ဖြစ်သည်လေ။
~~~~~~~~~~~~~~~~~~~~~~~~~~
To Be Continued
1st November 2020

Коментарі