Announcement
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Zawgyi)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Zawgyi)
3.အတိတ်မေ့ခြင်း(Zawgyi)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Zawgyi)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Zawgyi)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Zawgyi)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Zawgyi)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Zawgyi)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
Part 5

အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း

ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ဘာလို့ စာအုပ်ထဲကနဲ့ မတူရတာလဲ...။

စစ်သွေးမြူ နောက်ဆုံးဖတ်လိုက်ရသော စာအုပ်ကြောင့် ခေါင်းခြောက်သွားသည်။ စာရေးဆရာမပြောတော့ အရန်ဇာတ်ကောင်က ဇာတ်လိုက်မကို ချစ်လွန်းလို့ ဇာတ်လိုက်ကောင်ကို ထိမယ့်ဓားနေရာကို အစားဝင်တဲ့အချိန် သူက ဝင်ခံလိုက်ရင်း သေရတာဆို...။

ဒီကောင် Gay နေတာက ကိစ္စမရှိဘူး... ခက်တာက ငါက ဖြောင့်နေတာပဲ...ဟွင်းဟွင်း.. ဒါနဲ့ ဆေးရုံက ဆင်းပြီးမှ တစ်ခါမှ မှန်မကြည့်ရသေးဘူး..ဒီကောင်လေး ဘယ်လောက်ချောမလဲ ကြည့်ရသေးတာပေါ့။

စစ်သွေးမြူ တွေးရင်းနှင့်ပင် အခန်းထောင့်မှာ ထောင်ထားတဲ့ မှန်ရှိရာသို့ သွားကြည့်လိုက်သည်။

မှန်ထဲက ရုပ်ကို မြင်ချိန်မှာတော့ စစ်သွေးမြူ အံသြလွန်းလို့ ပါးစပ်တောင် စေ့မရတော့။ မှန်ထဲမှာ သူမြင်နေရတာက မျက်လုံးဝိုင်းဝိုင်းနက်နက်ကလေးတွေနဲ့ ဖြောင်းစင်းပြီး ထိပ်ဖျားမှာ လုံးဝန်းနေတဲ့ နှာတံလေး။ ပြီးတော့ မိန်းကလေးတွေမှာရှိတတ်တဲ့ နှုတ်ခမ်းပါးပါးလေး။

ဒီ​ကောင်​လေးကို တခြားသူ​တွေ ဘာလို့ အနိုင်ကျင့်ချင်ကြလဲ ငါသိပြီထင်တယ်...တကယ်အနိုင်ကျင့်ချင်စရာ​လေး..ငါမြင်နေရတာ ယောက်ျားလေးရော ဟုတ်ရဲ့လား ။

စစ်သွေးမြူ သေချင်သွားသည်။ ဒီမိန်းကလေးလို လှနေတဲ့ ကောင်လေးသာ သူ့ခန္ဓာကိုယ်မဟုတ်ရင်တော့ စစ်သွေးမြူလည်း ကွေးသွားနိုင်ပါသည်။ ဒီကောင်လေးက ထိုမျှထိတောင် လှသည်။ ညာဘက်မျက်လုံးလေးရဲ့ အောက်မှာ မှဲ့နက်လေးတောင်ပါလိုက်သေး။

မိန်းကလေးဖြစ်လိုက်ပါလား ကောင်စုတ်လေးရဲ့။ ငါတကယ် စိတ်ဆင်းရဲတယ် ။ ဒီလိုရုပ်မျိုးက စော်ကြည်တာထက် ဘဲကြည်တာက ပိုများမယ်မှန်း စဉ်းစားစရာမလိုအောင်ကို သိတယ်။

အခုအချိန်မှတော့ စစ်သွေးမြူ မကျေနပ်ဖြစ်နေလို့လည်း မရတော့ပေ။ အိပ်ယာပေါ်သို့ ပြန်လာပြီးသာ အိပ်လိုက်တော့သည်။

......

စစ်သွေးမြူ သူတို့နဲ့ အတူနေထိုင်ရင်း မိသားစုများ၏ ဖူးဖူးမှုတ်အလိုလိုက်ခံရသော က​လေးငယ်တစ်ယောက်လို ခံစားလာရသည်။ ပြီးတော့ မူလစစ်သွေးမြူနဲ့ မတူတဲ့ အပြုအမူများကို ထိုသူတို့နှင့် ရင်းနှီးစေရန် အသုံးပြုတော့သည်။ ဥပမာ- ချွဲတာမျိုး စကားများတာမျိုး​တွေ​ပေါ့။

ဟုတ်သည်လေ။ သူကတော့ နဂိုကောင်ပုံစံမပြောင်းနိုင်ပါဘူး။ ဘယ်လောက်ကြာကြာနေရမယ်မှန်းမသိဘဲနဲ့။ သူ့မာမားနဲ့ ကိုကြီးကတော့ စစ်သွေးမြူ ထိုသို့​ပြောင်းလဲလာသည်ကို သဘောကျနေကြသည်။ အခုမှ ကလေးနဲ့ တူသွားလို့တဲ့လေ။

သူအလိုရှိသမျှ ဘယ်အရာမဆို ဆောင်ကျဉ်းပေးသည်အထိ အလိုလိုက်ကာ ဖြည့်ဆည်းပေးကြသည်။ သူ့အစ်ကိုကတော့ တစ်ခါတစ်ရံ စိတ်ရှုပ်သည့် ပုံစံမျိုး ပြတတ်ပေမယ့် သူ့ရဲ့တစ်ဦးတည်းသော ညီငယ်လေးကို အမှန်တကယ်ဂရုစိုက်တာကို သူသိသည်လေ။ သူက နည်းနည်းရှက်တာပဲ ရှိတာ။

စစ်သွေးမြူ တစ်ယောက်တည်းနေသည့် အချိန်တွေဆို ဒီနေရာဟာ တကယ့်ကမ္ဘာအစစ်လို့ပင် ခံစားရလေသည်။ နိုင်ငံတွေနဲ့ မြို့တွေက အင်္ဂလိပ်အက္ခရာတွေဖြစ်နေတာက လွဲရင်ပေါ့။ စစ်သွေးမြူတို့ အခုနေတဲ့မြို့ဆိုလျှင် ရန်ကုန်နဲ့ အကုန်တူပေမယ့် မြို့နယ်နာမည်တွေ ခန်းမနာမည်တွေ အစရှိသဖြင့် ထိုနာမည်များဟာ အဓိပ္ပါယ်မရှိသည်များ ဖြစ်နေတတ်သည်။

ပြီးတော့ သူ့မိသားစုဆီမှ သိလိုက်ရတာက သူက အခု အထက်တန်းပထမနှစ်သို့ တက်ရောက်ရမည်ဆိုတာပင်။ ကျောင်းမသွားခင် တစ်ပတ်အလိုမှာတော့ ကိုကြီးက စစ်သွေးမြူကိုခေါ်ပြီးတော့ Kingdom Shopping Mall သို့ သွားခဲ့ကြသည်။

Shopping Mall သို့ ရောက်တော့ စစ်နေခနောက်မှ လိုက်လာရင်း ​ခေါင်းကို ​မော့လိုက်ရာ ခပ်လှမ်းလှမ်းအကွာအဝေးတစ်ခုမှ လာနေသော သူတို့နဲ့ တဖြည်းဖြည်းနီးလာတဲ့ လူတစ်ယောက်အား သတိပြုမိသွားသည်။

ထိုသူမှာ အပြာရောင်ရှပ်လက်ရှည်အား ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်တွေထဲ ထည့်ထားပြီး ဘယ်သူ့ကိုမှ ဂရုစိုက်မနေဘဲ ရှေ့တည့်တည့်သို့ ကြည့်ရင်းသာ လမ်းလျှောက်လာနေသည်။ ခြေတစ်ဖဝါးမျှ ရွေ့လိုက်သည်နှင့် ထွက်ပေါ်လာနေသော ထိုသခင်လေး၏ အရှိန်အဝါများအား မငြင်းဆန်နိုင်ပေ။

စစ်သွေးမြူ ထိုလူသား၏ဘေးမှ ဖြတ်သွားရင်း သူထိုလူသားအား မြင်ဖူးနေသည်လို့ ထင်နေသည်။ သူလိုက်ငေးကြည့်နေရင်း Diary ထဲမှ ဓာတ်ပုံအား ပြန်မြင်ယောင်မိသွားသည်။

"what the hell!"

ဒီလူက အရန်ဇာတ်ကောင်ရဲ့ Crushကြီးပဲ။

စစ်သွေးမြူ ရုတ်တရက် ထအော်မိသွားတော့ စစ်နေခရော ထိုလူကြီးကပါ လှမ်းကြည့်လာသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued

1st November 2020
© Felicia Kat,
книга «Rebirth As An Extra_character(Own Creation)».
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
Коментарі