Announcement
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Zawgyi)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Zawgyi)
3.အတိတ်မေ့ခြင်း(Zawgyi)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Zawgyi)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Zawgyi)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Zawgyi)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Zawgyi)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Zawgyi)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
Part 3

အတိတ်မေ့ခြင်း

ML နဲ့ ဒီဇာတ်ကောင်လေးက ကျောင်းတူတယ်။ ခဏ Wait! ML နဲ့ FML ရဲ့ နာမည်တွေက ဘာတွေပါလိမ့်...တွေးစမ်း...အော် သိပြီ မင်းဧကရာဇ် နဲ့ နှောင်းအိမ့်ခြယ်. ... သူတို့နာမည်တွေကျ ရှယ်တွေရေးပြီးတော့ ဒီအရန်ဇာတ်ကောင်​နေရာကျမှ ငါ့နာမည်ကြီးနဲ့...တွေးရင် ဝမ်းနည်းလာပြီ။ ပြီးတော့ ဟိုဘက်က ငါ့ခန္ဓာကိုယ်လည်း ဘယ်လိုတွေ ဖြစ်နေမလဲ မသိဘူး။

ငါသေတော့ မသေလောက်သေးဘူးမလား...။ မေမေနဲ့ ဖေဖေ့ကို လွမ်းလိုက်တာ...ဟိုဘက်ပြန်မရောက်ခင်အထိတော့ ငါလည်း အခြေအနေအရ ကြည့်ကြပ်လုပ်ရမှာပဲ..။

စစ်သွေးမြူ တွေးနေချိန်မှာပဲ ဆိုဖာပေါ်မှာအိပ်နေတဲ့ အစ်ကိုက နိုးလာသည်။ စစ်နေခကို ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစား​နေတုန်း အစ်ကိုက သူ့ဘေးလာရပ်သည်။

"ခုနက ပင်ပန်းနေလို့ မပြောဖြစ်လိုက်တဲ့ စကားလေးဆက်ရအောင်... တကယ် ဘာမှမမှတ်မိတော့ဘူးလား"

စစ်သွေးမြူ ခေါင်းညှိမ့်လိုက်မိပြီးမှ ချက်ချင်းပဲ ခေါင်းပြန်ခါရပြန်သည်။  သူ့အစ်ကိုကတော့ စိတ်မရှည်စွာဖြင့် "အခုခေါင်းညှိမ့်လိုက် ခေါင်းခါလိုက်နဲ့ ဘာဖြစ်ချင်နေတာလဲ "

"ကျွန်တော့်နာမည်နဲ့ တခြားသိပ်အရေးမကြီးတဲ့ အချက်တွေတွေပဲ မှတ်မိတော့တယ်... ဥပမာ- ကျွန်တော်က Loyal academy က အထက်တန်းကျောင်းသား ပြီးတော့ Six sense group ရဲ့ သားအငယ်ဆိုတာမျိုးပေါ့.. ပြီးတော့ ဒီမြို့က Aမြို့ဆိုတာလည်း သိသေးတယ် နောက်တော့..."

စစ်သွေးမြူ မဖြစ်သေးတဲ့ တခြားအဖြစ်အပျက်တွေ ပြောလိုက်ချင်ပေမယ့် အခုသူ့ပုံစံနဲ့ မယုံမှာ သိနေလို့ ခေါင်းစဉ်ပြောင်းလိုက်ကာ

"ကျွန်တော်အဲ့ဒါတွေပဲ မှတ်မိတော့တယ်... တခြားမသိတော့ဘူး"

စစ်နေခ မျက်မှောင်ကြုံ့မိပေမယ့် ဘာမှဆက်မပြောတော့ဘဲ

"ဟုတ်ပြီ ခဏနေဦး..ကိုကြီး သွေးသွေးကို ကြည့်ပေးဖို့ ဆရာဝန် သွားခေါ်လိုက်ဦးမယ်နော်..."

"Okay"စစ်နေခ ခြေလှမ်းတုံ့သွားပေမယ့် နောက်ပြန်လှည့်မကြည့်တော့ဘဲ အခန်းထဲက ထွက်သွားတော့သည်။ 

ထူးဆန်းတယ်... လှေကားပေါ်က ပြုတ်ကျတာက အကျင့်တွေပါ ပြောင်းကုန်တာလား...အရင်က ငါ့ညီလေးက တခြားသူတွေကို လိုအပ်တာကလွဲရင် စကားတောင်ပြောလို့လား? ပြီးတော့ စကားပြောပုံလည်း ပြောင်းသွားတယ်...။

ထိုအတွေးနှင့်အတူ စစ်နေခဟာ ခြေလှမ်းကို လျင်မြန်စွာ လျှောက်လှမ်းသွားလေတော့သည်။

........

သူအဝေးသို့ လျှောက်သွားသည်ကို လိုက်ကြည့်နေရင်း စစ်သွေးမြူ သက်ပြင်းမောကိုသာ ချလိုက်တော့သည်။ မူလခန္ဓာကိုယ်က စစ်သွေးမြူက ယခုလက်ရှိသူနှင့် တခြားစီဖြစ်ကာ စကားကို နူးညံ့စွာသာ ပြောဆိုတတ်သူဖြစ်သည်။ အစ်ကိုဖြစ်သူနှင့်ဆက်ဆံရေး ကောင်းမွန်သော်လည်း အစ်ကိုဖြစ်သူနှင့် နီးနီးကပ်ကပ်သိပ်မနေဘဲ တစ်ယောက်တည်းသာ သီးသန့်နေတတ်လေသည်။

ဝတၳုထဲတွင် စစ်နေခအကြောင်း သိပ်မပါ​ပေမယ့် ကြည့်ရတာ စမတ်ကျ ဉာဏ်ကောင်းပြီး ထက်မြတ်သော လုပ်ရပ်များစွာနဲ့ Six sense group ရဲ့ စီးပွားရေးကိစ္စများအား ကောင်းမွန်စွာ ကိုင်တွယ်နိုင်သူ ဖြစ်လေသည်။ သို့သော်လည်း ဒီအရန်ဇာတ်ကောင်၏ သေဆုံးမှုကြောင့် ထို Six sense group တည်ထောင်သူမှာ စိတ်ထိခိုက်စွာဖြင့် A နိုင်ငံက ထွက်ခွာသွားကာ အခြားနိုင်ငံသို့ ပြောင်းရွှေ့သွားပြီး ခြေရာဖျောက်သွားကြသည်။

ထိုကိစ္စများအားတွေးတောရင်း စစ်သွေးမြူဟာ လျှင်မြန်စွာပဲ အိပ်ပျော်သွားသည်။ သူပြန်နိုးလာတော့ ညနေဘက်တောင်စောင်းနေပြီ ဖြစ်သည်။ အခုအချိန်မှာတော့ ကုတင်ဘေးတွင် ထိုင်နေသူမှာ အရန်ဇာတ်ကောင်၏ အမေပင်ဖြစ်သည်။

"သွေးသွေး....သားလေး ကျောင်းပြောင်းချင်လား...? အခုတက်နေတဲ့ ကျောင်းက စိတ်မချရဘူး...မားမားရဲ့ သနားစရာကောင်းတဲ့ သားငယ်လေး "

"မားမား...ကျွန်တော်က ဘယ်လိုဖြစ်ပြီး လှေကားပေါ်က ပြုတ်ကျတာလဲဟင်..."

စစ်သွေးမြူ လေသံဖျော့ဖျော့လေးနဲ့ မေးလိုက်သည်။ သူစဉ်းစားမရဘဲ တွေးနေတာ အဲ့ကိစ္စပဲ။ ဝတၳုထဲက ဇာတ်လမ်းတောင် မစသေးဘဲ ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး လှေကားပေါ်က ပြုတ်ကျရတာလဲ... မားမားက သူမသားလေးအား မယုံနိုင်စွာကြည့်ကာ

"သား အကုန်လုံး သတိမရတော့တာလား?"

"ကျွန်တော်မေ့သွားတာ"

ကောင်းတယ်မဟုတ်လား။ မကောင်းတဲ့ အတိတ်တွေအကုန် ချန်ထားခဲ့လို့ရပြီလေ။

စစ်သွေးမြူ၏ မားမားမှာ သူ့အား သံသယဖြစ်စွာ ကြည့်ကာ ဆရာဝန်အား ချက်ချင်းခေါ်လိုက်သည်။

သူ့ကို စစ်ဆေးစမ်းသပ်ပြီး ထိုဆရာဝန်ပြောသောစကားတွေမှာ ဇာတ်ကားတွေထဲကအတိုင်း ကွက်တိပင်။

"သူ့ရဲ့ အခုလက်ရှိအခြေအနေကို ပြောရရင်တော့ ပြင်းထန်တဲ့ ဦးခေါင်းပိုင်းထိခိုက်မှုကြောင့် လတ်တလော မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းပျောက်ဆုံးသွားတာပါ"

"ရှင်..ပြောချင်တာက?"

"ဟုတ်ပါတယ် ယာယီအတိတ်မေ့သွားတာမျိုးပါပဲ.."

မားမားမှာ သူမသားငယ်လေး၏ ပျော်ရွှင်နေပုံရသော မျက်နှာလေးအား ကြည့်လိုက်သည်။ စိတ်ထဲတွင်တော့ သူမသားငယ်လေးအတွက် ခံစားနေရလေသည်။

စစ်သွေးမြူမှာတော့ အပြစ်မကင်းသလို ခံစားရပြီး မားမားအား မကြည့်တော့ဘဲ သူ့ဟာသူသာ တွေးနေတော့သည်။ မားမားက ဘာကိုစိုးရိမ်နေတာလဲ...သူက ဒီတစ်နှစ်လေးပဲ မေ့နေမှာပါ.... ဇာတ်ကြောင်းကိုသိပေမယ့် ဇာတ်လမ်းက မစသေးတော့ ဒီလိုနေမှပဲ အဆင်ပြေမှာမို့လို့သာ ဟန်ဆောင်နေရခြင်းဖြစ်သည်။ စိတ်မပူပါနဲ့.. နောက်နှစ်ဆို အကုန်သိပါပြီ ။

စစ်သွေးမြူက​တော့ သူ၏ အတိတ်မေ့ဟန်ဆောင်ခြင်းအား အပြည့်အဝပင် သရုပ်ဆောင်တော့သည်။

"အိုက်ယား..မားမားက ဘာကိုစိတ်ပူနေတာလဲ...အချိန်ခဏလောက်လေးပဲ မေ့နေမှာပါ... နော် စိတ်မပူပါနဲ့ မားမားရဲ့.. သားအဆင်ပြေပါတယ်.."

စစ်သွေးမြူ အိမ်က မေမေတို့ကို ချွဲသလို ချွဲပြောလိုက်တော့ သူ့မားမား၏ အမူအယာမှာ အလွန်အမင်း အံ့အားသင့်သွားဟန်ပေါ်လေသည်။ သူမသားငယ်လေးက တစ်ယောက်တည်း​သီးသန့်​နေ​ချင်တယ်ဆိုပြီး ပြောနေရမယ့်အစား သူမကိုတောင် ပြန်ပြီး နှစ်သိမ့်ကာ ချွဲပြောနေသေးသည်။

ကြည့်ရတာ လှေကားပေါ်က ပြုတ်ကျပြီးနောက်ပိုင်း တခြားသူတွေကို ဂရုစိုက်ပေးဖို့ပါ သိလာတာလို့ပဲ သူမကိုယ်သူမ နှစ်သိမ့်လိုက်ရတော့သည်။

~~~~~~~~~~~~~~~~~~~~~~~

To Be Continued

1st November 2020
© Felicia Kat,
книга «Rebirth As An Extra_character(Own Creation)».
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
Коментарі