Announcement
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Zawgyi)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Zawgyi)
3.အတိတ်မေ့ခြင်း(Zawgyi)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Zawgyi)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Zawgyi)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Zawgyi)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Zawgyi)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Zawgyi)
1.အရန်ဇာတ်ကောင်က ငါ့နာမည်နဲ့တူနေတယ်(Unicode)
2.အရန်ဇာတ်ကောင်နေရာသို့ ရောက်ရှိခြင်း(Unicode)
3.အတိတ်မေ့ခြင်း(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
6.မူလခန္ဓာကိုယ်ရဲ့ Crush က ဇာတ်လိုက်ကောင်! ! !(Unicode)
7.ပြောင်းလဲလာတဲ့ ခံစားချက်တွေ(Unicode)
8.မူလစစ်သွေးမြူရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စ(Unicode)
4.တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!(Unicode)
Part 4

တကယ်တော့ ဒီအရန်ဇာတ်ကောင်က Gay!!!

စစ်သွေးမြူ အပြည့်အဝ နေပြန်ကောင်းစေရန်အတွက် နှစ်ပတ်နီးပါး အချိန်သုံးလိုက်ရသည်။ သူမဟုတ်သော သူရဲ့ မမှတ်မိချင်ယောင်ဆောင်ထားတဲ့ သူလုံးဝမသိသော အတိတ်ကို သူ့ရဲ့ မိသားစုဝင်များက လာပြောပြကြသည်။

စစ်သွေးမြူ လုံးဝမထင်ထားမိတာက ဒီအရန်ဇာတ်ကောင်နဲ့ သူ့အစ်ကိုက အမေတူပေမယ့် အဖေမတူဘူး ဆိုတာပဲ။ ဒါကြောင့်လည်း သူ့အစ်ကိုကို သိပ်မရင်းနှီးတာ ဖြစ်နိုင်သည်။ အသက်ကွာတာလည်း ပါလိမ့်မည်။ သူ့အစ်ကိုပြောသော အကြောင်းအရာများအရဆိုလျှင် သူ့ပါပါးမှာ ဒီအရန်ဇာတ်ကောင်အသက်၁၀နှစ်အရွယ်တွင် သေဆုံးသွားခဲ့ပြီး မာမားက ယောက်ျားမရှိတော့ဘဲ တစ်ယောက်တည်းသာ Six sense group ကို ဦးဆောင်ခဲ့ရခြင်းဖြစ်သည်။

စစ်နေခ အသက် 22 နှစ်ပြည့်တွင် Six sense group ၏ လုပ်ငန်းများအား လေ့လာပြီး Group မှ လုပ်ငန်းတစ်ခုဖြစ်သော Six Shopping Mall၏ CEO အဖြစ်တာဝန်ယူခဲ့သည်။ ယခု နှစ်နှစ်ကြာပြီးနောက် စစ်နေခက Six sense group ၏ သုံးပုံနှစ်ပုံကို အုပ်ချုပ်နိုင်နေပြီ ဖြစ်သည်။

စစ်သွေးမြူ ​ဆေးရုံမှ ဆင်းပြီး အိမ်သို့ ပြန်ရောက်​တော့ စစ်နေခကပဲ အခန်းထဲသို့ လိုက်ပို့သည်။ စစ်သွေးမြူက အတိတ်မေ့နေတယ် မလား? ။ မာမားကတော့ အစည်းအဝေးရှိ၍ တက်ရမည်လို့ ပြောသွားသည်။ အခန်းထဲ ရောက်တော့ စစ်နေခက လိုအပ်တာ​တွေ အကုန်လုပ်ပေးပြီး ကုတင်ပေါ်တွင် ထိုင်ခိုင်းကာ

" အားလုံးအဆင်ပြေတယ်မလား ? နေရထိုင်ရရော သက်သာရဲ့လား သွေးသွေး လိုအပ်တာ ရှိရင် ကိုကြီးကို လာပြောနော်..ညီလေးဘေးက အခန်းက ကိုကြီးအခန်းပဲ"

"ကျေးဇူးပါ ကိုကြီး..ဒါနဲ့လေ ကျွန်တော်တစ်ခုလောက် ပြောလို့ရလား.."

"ဘာလဲ ပြောလေ.."

"ကျွန်တော့်ကို သွေးသွေးလို့ မခေါ်လို့ မရဘူးလားဟင်...ကျွန်တော်​နေရထိုင်ရခက်လို့"

"ငယ်ငယ်ထဲက ခေါ်လာခဲ့တာလေ သွေးသွေးရဲ့.. အဲ့လိုမခေါ်တော့ ကိုကြီးတို့က ဘယ်လိုခေါ်ရမလဲ..ဘာလဲ သွေးသွေးက ရှက်လို့လား"

စစ်နေခ တကယ်အံ့သြသွားတာပါ။ သွေးသွေးက အရင်ကထက်လည်း သူတို့နဲ့ ပိုရင်းနှီးလာသလို ခံစားရပြီး ယခု သွေးသွေးလို့ ခေါ်တာကိုတောင် တားမြစ်နေသည်လေ။

ဟုတ်သည်။ စစ်သွေးမြူ တကယ်ရှက်ပါ၏။ ကလေးမဟုတ်တော့သော အရွယ်တွင် ထိုကလေးဆန်သော နာမည်ကြီးနဲ့ ကလေးလို ဂရုစိုက်ခံနေရတာကြီးက တကယ်အဆင်ပြေမနေတာပါနော်။

နေပါဦး ဟိုကောင်ကလည်း.. မိသားစုနဲ့ ရင်းရင်းနှီးနှီးသာ မနေတယ်.. ဒါကျ ခေါ်ခွင့်ပြုထားတယ်။

စစ်သွေးမြူ တွေးရင်းနဲ့ စိတ်တိုလာသည်။ ဒါပေမယ့်လည်း သည်းခံရမည်လေ။

"စစ်သွေးလို့ ခေါ်ချင်ခေါ်လေဗျာ..နော်..ဟုတ်တယ်..ကျွန်တော် ရှက်လို့ပါ..နော်လို့ ကိုကြီး"

စစ်သွေးမြူ အိမ်မှာ မေမေတို့ကို ချွဲသလို ချွဲလိုက်တော့ စစ်နေခက အံ့အားသင့်စွာ ငေးကြည့်နေလေသည်။

"အင်း..ကိုကြီး မာမားကို ပြောပေးမယ်နော်..ညီလေး အခုတော့ ကိုကြီးသွားပြီ"

စစ်နေခ အခန်းထဲကနေ ထွက်သွားမှ စစ်သွေးမြူလည်း နေရာမှ ထကာ အခန်းအား စူးစမ်းတော့သည်။  စစ်​သွေးမြူရဲ့ အခန်းက မိုးပြာရောင်အနုလေးဖြင့် သေသပ်လှပစွာ ပြင်ဆင်ထားပြီး ရှင်းလင်းနေသည်။

........

သူလှည့်ပတ်ကြည့်ပြီးလို့ ကျေနပ်တော့မှ အိပ်ယာပေါ်လှဲလိုက်စဉ် တစ်စုံတစ်ရာကို စမ်းမိလိုက်သောကြောင့် အိပ်ယာအောက်ကို လှန်ကြည့်လိုက်သည်။ အပြာရောင်အဖုံးနဲ့ စာအုပ်လေးတစ်အုပ်။ ရှင်းရှင်းပြောရရင် Diary စာအုပ်လိုမျိုးလေးတစ်အုပ်။

စစ်သွေးမြူ စိတ်ဝင်စားသွားပြီး ဖွင့်ကြည့်လိုက်တော့ လှပသေသပ်စွာရေးထားတဲ့ ဝိုင်းစက်စက် လက်ရေးနဲ့ "ကိုကို"တဲ့။ ဘာလဲ။ ဘယ်က ကိုကိုလဲ။ နောက်တစ်မျက်နှာကို လှန်ကြည့်လိုက်တော့

"ကိုကို့အရပ်က 193cm တောင်ရှိတယ်"

what the hell.. ဘာတွေလဲ။ ဒီတစ်မျက်နှာလုံး ဒီစာကြောင်း တစ်ကြောင်းထဲတဲ့လား။ ပြီးတော့ ဘာ 193 cm? 6ပေ4လောက်တောင် ရှိတာပေါ့။ အဲ့စာကြောင်းကိုဖတ်ပြီး စစ်သွေးမြူ Depression တောင် ဝင်သွားရသည်။ အရင်ခန္ဓာကိုယ်မှာ စစ်သွေးမြူက 185cm ရှိပေမယ့် အခုခန္ဓာကိုယ်ကတော့ 178cm သာ ရှိသည်လေ။

"ကိုကိုက ညာဘက်ပါးပေါ်မှာ ပါးချိုင့်လေးနဲ့" ဘေးမှာ ဓာတ်ပုံအသေးလေးတစ်ပုံကပ်ထားကာ ထိုပုံမှာတော့ ပါးချိုင့်ရေးရေးထင်နေတဲ့ အပြုံးနဲ့ ညာဘက်ပါးတစ်ခြမ်း။ နေပါဦးဟေ..ခုခေတ်မှာ ဒီလိုဓာတ်ပုံတွေထုပ်ပြီး ကပ်ထားတတ်သေးတဲ့ လူမျိုးက ရှိသေးတာလား။

"ကိုကို့မျက်လုံးတွေက လှတယ်"ထပ်မံပြီးတော့ မျက်နှာအပေါ်ဘက်မျက်ခုံးနဲ့ မျက်လုံးပဲပါတဲ့ ပုံလေး။ တကယ်လည်း အဲ့လူမျက်လုံးက တော်တော်လှပါတယ်။ ဒီနိုင်ငံမှာ သိပ်မရှိတတ်တဲ့ အညိုဖျော့ဖျော့အရောင်လေးနဲ့ မျက်ခုံးတန်းထင်းထင်းလေး..မိန်းကလေးသာဆို ဘယ်လောက်လှမလဲ။

"ကိုကိုကတော့ ကျွန်တော့်ကို သိတောင်မသိဘူး "

"ကိုကို့ကို တွေ့ရဖို့ နေတိုင်း Canteen မှာ စောင့်နေမိတယ်"

"ကိုကိုက Guiter လည်း တီးတတ်တယ်"

"ကိုကိုက သီချင်းလည်း ဆိုတတ်တယ်"

"ကိုကို့ကို တွေ့ခဲ့တာ နှစ်နှစ်တောင် ရှိပြီ"

ဒီစာအုပ်တစ်အုပ်လုံး ကိုကိုနဲ့ စတဲ့ စာကြောင်းတွေချည်းပဲ ရှိတာလား..။ စစ်သွေးမြူ တွေးရင်း ဆက်ဖတ်နေတုန်း တွေ့လိုက်ရတဲ့ စာနဲ့ ဓာတ်ပုံကြောင့် စစ်သွေးမြူ ကြောင်သွားတော့သည်။

"ကိုကို့ကို ချစ်တယ် 💙"

အပြာရောင်အသည်းပုံတစ်ခုနဲ့ စာတန်းနဲ့ အတူ Loyal acedamy ရဲ့ ကျောင်းဝတ်စုံနဲ့ သစ်ပင်အောက်မှာ ထိုင်အိပ်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဓာတ်ပုံ။ အဝေးကနေ ခိုးရိုက်ထားတာတောင် အရမ်းချောကာ Handsome ဖြစ်မှန်းသိသာနေသော ရုပ်ရည်ရှိသော ထိုလူ့ပုံ။

နေပါဦး ။ ငါ့ကို မပြောနဲ့... ဒီအရန်ဇာတ်ကောင်က Gayပါလို့ ...။

~~~~~~~~~~~~~~~~~~~~~~~~~~~

To Be Continued

1st November 2020
© Felicia Kat,
книга «Rebirth As An Extra_character(Own Creation)».
5.အရန်ဇာတ်ကောင်ရဲ့ Crush နှင့် တွေ့ဆုံခြင်း(Unicode)
Коментарі